Wednesday, October 24, 2012

မဟတ္တမဂန္ဓီရဲ့ဖိနပ်တစ်ရံ


တစ်နေ့ မဟတ္တမဂန္ဓီကြီး ခရီးသွားရန် ရထားပေါ်အတက်မှာ သူ၏ ဖိနပ်တစ်ဖက် ကျွတ်ပြီး အောက်ဘက်သံလမ်းပေါ်ကျသည်။ရထားကထွက်စပြုနေပြီဖြစ်ရာသူကောက်မယူနိုင်တော့။
                        ဘေးလူတွေ ငေးကြည့်နေကြဆဲ ဂန္ဓီက အေးအေးဆေးဆေးပင် သူ့မှာ ကျန်နေသေးသည့် ဖိနပ်တစ်ဖက်ကိုချွတ်ကာစောစောကကျွတ်ကျခဲ့သည့်နေရာဘက်ဆီသို့လှမ်းပစ်လိုက်သည်။

                        “ဟာ…ဘာလုပ်တာလဲ” ခရီးသည်တစ်ယောက်က မေးသည့်အခါ ဂန္ဓီကြီးက ပြုံးပြီး “စောစောက တစ်ဖက်တည်း ကောက်ရမယ့်လူ အခုတော့ တစ်ရံ ရသွားမှာပေါ့ဗျာ၊ အဲဒါဆို သူ စီးလို့ရသွားပြီ” ဟုဖြေလေသည်။
[မူရင်း။ ။ The Little, Brown Book Anecdotes မှ အမည်မသိစာရေးသူ၏ Shoes] (ဖေမြင့် ဘာသာပြန်သည်။)


No comments: