Showing posts with label ရသ. Show all posts
Showing posts with label ရသ. Show all posts

Thursday, December 20, 2012

ဘယ်သူမပြု မိမိမှု




ကိုယ့်အိမ်မှာ ကိုယ်ဘာလုပ်နေလဲ၊
ကိုယ့်ရပ်ကွက်မှာ ကိုယ်ဘာလုပ်နေလဲ၊
ကိုယ့်မြို့ရွာမှာ ကိုယ်ဘာလုပ်နေလဲ၊
ကိုယ့်တိုင်းပြည်မှာ ကိုယ်ဘာလုပ်နေလဲ။

အုတ်တစ်ချပ် သဲတစ်ပွင့်



ဒီမိုကရေစီ… ဒီမိုကရေစီ…
ဒီမိုကရေစီ… ဒီမိုကရေစီ…
ဒီမိုကရေစီ… ဒီမိုကရေစီ…
အသံတွေကြားနေရတယ် ဘယ်ကလာတဲ့အသံတွေလဲ၊
လက်ဖက်ရည်သောက်ရင်း ဘီယာသောက်ရင်း၊
ကေတီဗွီဆိုရင်း မာဆတ်မှာဇိမ်ခံရင်း၊

Tuesday, November 6, 2012

ငါသိတယ်၊ ငါလုပ်နိုင်ရမယ်



သင်တတ်နိုင်မည် ထင်သလား
မတတ်နိုင်ဘူး ထင်သလား
မည်သို့ ထင်သည်ဖြစ်စေ
သင့်အထင် မှန်ပါလိမ့်မည်

ဟင်နရီဖို့ဒ်

အဲသည်တုန်းက ရော့ကီး အသက် ငါးနှစ်။

သူ့မိခင် ကယ်လီက ပစ်ကပ် ထရပ်ကားလေးကို မောင်းကာ သားအမိနှစ်ယောက် အယ်လဗားမား တောကျေးလက်ပိုင်းကို ဖြတ်သန်းလာခဲ့ကြသည်။ ရော့ကီးက သူ့အမေပေါင်ပေါ် ခြေတင်လျက် အိပ်ရင်း လိုက်ပါလာသည်။ လမ်းက ယာဉ်ကြောနှစ်ခုစာလောက်သာ ကျယ်သည့် တောလမ်း။ အကွေ့အ၀ိုက် တွေလည်း များသည်။ ကယ်လီက ကားကို ဂရုစိုက် မောင်းနှင်လာသည်။ သို့သော် တစ်နေရာတွင် လမ်းက ကွေ့သွားပြီး

Wednesday, October 24, 2012

မဟတ္တမဂန္ဓီရဲ့ဖိနပ်တစ်ရံ


တစ်နေ့ မဟတ္တမဂန္ဓီကြီး ခရီးသွားရန် ရထားပေါ်အတက်မှာ သူ၏ ဖိနပ်တစ်ဖက် ကျွတ်ပြီး အောက်ဘက်သံလမ်းပေါ်ကျသည်။ရထားကထွက်စပြုနေပြီဖြစ်ရာသူကောက်မယူနိုင်တော့။
                        ဘေးလူတွေ ငေးကြည့်နေကြဆဲ ဂန္ဓီက အေးအေးဆေးဆေးပင် သူ့မှာ ကျန်နေသေးသည့် ဖိနပ်တစ်ဖက်ကိုချွတ်ကာစောစောကကျွတ်ကျခဲ့သည့်နေရာဘက်ဆီသို့လှမ်းပစ်လိုက်သည်။

Monday, October 22, 2012

ဆပ်ကပ်



လူကောင်းတစ်ယောက်ရဲ့ဘ၀မှာ
အကောင်းဆုံးအစိတ်အပိုင်းဆိုတာ
မကြီးကျယ်တဲ့၊အမည်မဖော်တဲ့၊အမှတ်တရပြုမနေတဲ့
အကြင်နာ၊မေတ္တာအပြုအမူလေးများပါ။
ဝီလျံဝါ့ဒ်စဝပ်                      

ကျွန်တော် လူပျိုပေါက် အရွယ်လောက်က ဖြစ်သည်။ အဖေနှင့် ကျွန်တော် ဆပ်ကပ်ပွဲအတွက် လက်မှတ် တန်းစီနေကြသည်။ အတော်ကြာ စောင့်ဆိုင်းပြီးသည့် နောက်တွင် လက်မှတ်ပေါက်နှင့် ကျွန်တော်တို့ ကြားမှာ မိသားစုတစ်ခုသာကျန်လေသည်။

ညီအစ်ကိုနှစ်ယောက်



                        မိသားစုပိုင် ယာမြေတစ်ခုကို ညီအစ်ကိုနှစ်ယောက် အတူတကွ လုပ်ကိုင်ကြသည်။ တစ်ယောက်က အိမ်ထောင်သည်။သူ့မိသားစုကကြီးသည်။နောက်တစ်ယောက်ကလူပျိုလူလွတ်။
                        တစ်နေကုန် အလုပ်လုပ်ပြီးလျှင် လယ်ယာထွက် သီးနှံများနှင့် ရောင်းချရသည့် အမြတ်အစွန်းများကို ညီအစ်ကိုနှစ်ယောက်ညီတူညီမျှခွဲဝေယူကြသည်။