Friday, January 31, 2014

အကြောတက် ခြင်းနှင့် ကန်စွန်းရွက်

 
မကြာခဏ ဇက်ကြောတက်ကြသူများ၊ ဇက်တောင့်တင်းခြင်း၊ ကိုယ်ငွေ့နွေးနွေးနှင့် ဖျားချင် သကဲ့သို့ ဖြစ်ပြီး ကိုယ်လက်များ လေးလံခြင်း၊ ချွေးငုပ် ခြင်းများ ခံစားရပါက

သိန္ဓောဆား အနည်းငယ်မျှကို ကန်စွန်းရွက် ကြိတ်ညှစ်ရည် စပ်ပေးပါ။
ထိုဆေးရည်ကို လူကြီး ဆေးတစ်ခွက်စာ အတွက် ဟင်းစာ စတီးဇွန်းနှင့် တစ်ခွန်းကို နံနက် တစ်ကြိမ်၊ နေ့လယ် တစ်ကြိမ်၊ ညတစ်ကြိမ် တစ်နေ့ သုံးကြိမ် တိုက်ကျွေးပေးပါ။ အဆိုပါ လက္ခာဏာများ အတွက် ဤဆေးရည် တစ်စက်ကို သန့်ရှင်းသော ရေဆယ်စက်နှင့် ရောစပ်၍ မျက်စဉ်း ဆေးရည် အဖြစ် ခပ်ပေး နိုင်ပါသည်။

ဟင်းလျာတစ်ခွက် ကျန်းမာရေးအတွက်

လတ်ဆက်သည့် ကန်စွန်းရိုးနီ၊ ရွက်ကျ ပန်းလိန်ရွက်ကို ရေးနွေးနှင့် ဖျောပါ။ ထို့နောက် ပါးပါးလှီး ဖြတ်တောက်၍ ငါးကျည်းခြောက်၊ ငရုတ်၊ ကြက်သွန်နီ၊ ဆီ၊ ဆား ထည့်၍ သံပရာရည် ဆမ်းကာ အသုပ်အဖြစ် စားသုံးပေးခြင်းဖြင့် အူလမ်းကြောင်းတွင် ဖြစ်ပေါ် နိုင်သော ဝမ်းကိုက် ရောဂါ၊ သွေးဝမ်း ကိုက်ရောဂါ၊ အမျိုးသမီးတို့တွင် ဖြစ်ပေါ်တတ်သော မီးယပ် သွေးပုပ် ကျန်သော ရောဂါ၊ မီးယပ် သွေးမမှန်သော ရောဂါ၊ သားအိမ်လျှောကျသော ရောဂါ၊ သားမြတ်နာ (နို့အုံနာ)၊ နို့ထွက်နည်းခြင်း၊ ဇက်ကြောထိုးခြင်း၊ ဇက်ကြောတက်ခြင်း၊ ချောင်းဆိုးခြင်း၊ အသားအရေနှင့် ပတ်သက်သော အရေပြား ရောဂါများ၊ အသံဝင် အသံပျက် ရောဂါအပြင် ဆီးအိမ်နှင့် ပတ်သက်သော ရောဂါတို့တွင် ကုသရာ၌ အသုံးဝင် စေပါသည်။

ကျန်းမာရေး

မကြာခဏ ကန်စွန်းရွက်ကို စားသုံး ပေးခြင်းဖြင့် ကျန်းမာမှုကို မြှင့်တင် ပေးနိုင်ပြီး ခွန်အား ဗလရှိခြင်း၊ ဝမ်းတွင်း ရောဂါကို သန့်စင်ပေးခြင်း၊ အပူဒဏ်၊ အအေးဒဏ်ကို ခံနိုင်ရည် ရှိ စေခြင်း၊ ရောဂါ တစ်စုံတစ်ရာ လွယ်ကူစွာ ဝင်ရောက်မှုကို တားဆီး ကာကွယ် စေနိုင်ပါသည်။ ထိုကဲ့သို့ အသုံးဝင်သော ကန်စွန်းရွက်နှင့် တိုင်းရင်းဆေး ခေါင်းစဉ်ဖြင့် စာဖတ် ပရိသတ်များ ထံသို့ ရေးသား တင်ပြ လိုက်ရပါသည်။

Ref: Health Digest
မြဝတီ

No comments: