Showing posts with label ရောဂါအမျိုးအစား. Show all posts
Showing posts with label ရောဂါအမျိုးအစား. Show all posts

Saturday, February 1, 2014

ခံတွင်း (အပူကန်) နာများအတွက် အိမ်တွင်းသုံးကုထုံး

အထူးသဖြင့် ခန္ဓာကိုယ်တွင်း အပူဓာတ်များသူတွေနဲ့ ဝမ်းချုပ်/ဝမ်းပုပ်ရှိသူများအဖို့ ယခုလို မိုးအကုန်ဆောင်းဦးစ ရာသီဥတု အကူးအပြောင်းမှာ အပြင်ကအပူအအေးနဲ့ ခန္ဓာကိုယ်တွင်းက အပူအအေးတို့တိုက်ပွဲဖြစ်လေ့ရှိပါတယ်။ ထို့နောက်မှာတော့ နှုတ်ခမ်းအတွင်းသာ အောက်ခြေ၊ လျှာအောက်ခြေ၊ နဲ့ နှုတ်ခမ်းအပေါ်တို့မှာ ခံတွင်း(အပူကန်)နာတွေ ထွက်လာပါတော့တယ်။
ခံတွင်း(အပူကန်)နာတွေကို ယေဘုယျအားဖြင့်အဆင့် (၃)ဆင့်ခွဲခြားထားပါတယ်။

(၁) အသေးစားအပူကန်နာက ရာသီဥတုအ ပြောင်းအလဲမှာ ဖြစ်လေ့ရှိပြီး၊ ၁-ပတ် (သို့မဟုတ်) ၁၀-ရက်လောက်အကြာမှာ သူ့အလိုလိုပျောက်သွားတတ်ပါတယ်။

(၂) အကြီးစားအပူကန်နာက ရံဖန်ရံခါမှဖြစ်တတ်ပြီး၊ သူက အသေးစာအနာထက်ပိုကြီးကာ ပိုလည်းနာကျင်လေ့ရှိပြီး ဆေးသိပ္ပံနည်း အရ stomatis အနာလို့ခေါ်ကြပါတယ်။

(၃) herpetiform ulcers (ခေါ်)ရေယုန်နာတမျိုးကတော့ ကူးစက်ရောဂါပိုး ကြောင့်ဖြစ်လာကာ အလွန်နာကျင် ယားယံလေ့ရှိပါတယ်။

ခံတွင်း(အပူကန်)နာရဲ့ရောဂါလက္ခဏာများမှာ ခံတွင်းထဲယားယံခြင်း၊ နီရဲရောင်ကိုင်းလာခြင်း၊ သွားတိုက်တဲ့အခါ (သို့မဟုတ်) အစာဝါးတဲ့အခါ နာကျင်ခြင်း၊ အစားစားချင်စိတ်မရှိခြင်း တို့ဖြစ်ပါတယ်။ ရောဂါဖြစ်ရတဲ့အဓိက အကြောင်းရင်းကတော့ ရာသီ ဥတုရုတ်တရက်ပြောင်းလဲလားခြင်းကြောင့် ခန္ဓာကိုယ်တွင်း အပူအအေးဓာတ်ဖောက်ပြန်လာခြင်းဖြစ်၍ ရာသီနာဖြစ်လို့မစိုးရိမ် ရဘဲ ရေ၀၀သောက် ဝမ်းနှုတ်ဆေးစားလိုက်ရုံနဲ့ အနာပျောက်ကင်းသွားပါတယ်။

အကယ်၍ ရာသီဥတုပြောင်းလဲခြင်းကြောင့် မဟုတ်ဘဲ သံဓာတ်-ဗီတာမင်စီ-ဗီတာမင်ဘီ၁၂ တို့ ချို့တဲ့ခြင်း၊ အစာဓာတ် မတဲ့ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ ဟိုမုန်းမျှတမှုမရှိခြင်း၊ ခံတွင်းသန့်ရှင်းမှုအားနည်းခြင်း၊ မတော်တဆသွားနဲ့ကိုက်မိခြင်း၊ ကူးစက် ရောဂါရခြင်း၊ သွားတိုက်စဉ် ထိခိုက်မိခြင်း စသည် တို့ကြောင့်လဲ ခံတွင်းနာဖြစ်တတ်ပါတယ်။

(၁)
အုန်းနို့ရည်က ခံတွင်းအပူကန်နာများနဲ့ ခံတွင်းနာအမျိုးမျိုးတို့အတွက် လွန်စွာဆေးဖက်ဝင်ပါတယ်။
အုန်းသီးကို ညှစ်၍ရ လာသော အုန်းနို့လတ်တ်ဆတ်ဆတ်ဖြင့် တနေ့ကို ၅-ကြိမ်လောက် ပလုပ်(အာလုပ်) ကျင်းပေးပါ။

(၂)
တရုပ်နံနံပင် လတ်လတ်ဆတ်ဆတ်ကိုပြုတ်၍ ခပ်နွေးနွေးအနေအထားမှာ တစ်နေ့လျှင် ၅-ကြိမ်လောက် ပလုပ်(အာလုပ်) ကျင်းပေးပါ။

(၃)
တိုင်းရင်းဆေးသမားတော်ကြီးတွေရဲ့အဆိုအမိန့်အရ၊ ပင်စိမ်းရွက်က ခံတွင်းပူနာများအတွက် အကောင်းဆုံးဆေးမြီးတို လေးပါ။
ပင်စိမ်းရွက်လတ်လတ်ဆတ်ဆတ် ၆-ရွက်ခန့်ကို တနေ့ ၄-ကြိမ်မျှဝါးစားပြီး ရေသောက်ပါ (သို့မ ဟုတ်) ပဲနံ့သာပင် အစေ့နဲ့ပင်စိမ်းရွက်တို့ကို ရော၍ဝါးစားပေးပါ (သို့မဟုတ်) ထို ၂-မျိုးကို ပြုတ်၍ ရလာသော ပြုတ်ရည်နွေးနွေးဖြင့် တနေ့ ၄-ကြိမ်လောက် ပလုပ်(အာလုပ်) ကျင်းပေးပါ။
(ပဲနံ့သာပင်အစေ့ ကို အိန္ဒိယ ပရဆေးဆိုင်တွေမှာ ရရှိနိုင်ပါတယ်)

(၄)
ခံတွင်းအပူနာများအတွက် အနီရောင်ခရမ်းချဉ်သီး လတ်လတ်ဆတ်ဆတ်ကို အစိမ်းလိုက်ဝါးစားပေးပါ။
(သို့မဟုတ်) ခရမ်း ချဉ်သီး သတ္တုရည်ဖြင့် အပူနာတို့ကို လိမ်းပေးပါ။

(၅)
နနွင်းမှုန့် ၂-ဆကို အလှဆီရည် ၁-ဆ နဲ့ခပ်ပျစ်ပျစ်ရောနယ်ပြီး ခံတွင်းနာပေါ်သို့လိမ်းပေးပါ။
(သို့မဟုတ်) နနွင်းမှုန့် လ္ဘက်ရည်ဇွန်း ၁-ဇွန်းပမာဏကို ပျားရည်စစ်စစ် ဇွန်းဝက်ခန့်မျှ ရောနယ်ပြီးတော့ ခံတွင်းနာပေါ်သို့လိမ်းပေးပါ။
(အလှဆီရည်ကို အလှကုန်ဆိုင်တွေမှာ အလွယ်တကူရရှိနိုင်ပါတယ်)

(၆)
ဇီးဖြူသီးကို အစေ့ဖယ်ကျိတ်ချေ၍ ရလာတဲ့ ဇီးဖြူသီးသတ္တုရည်က အပူကန်ခြင်းကြောင့်ဖြစ်လာတဲ့ ခံတွင်းနာများကို အမြန်ဆုံး သက်သာစေတာကြောင့် ၎င်းသတ္တုရည်ဖြင့် တစ်နေ့ ၂-ကြိမ်ကျ လိမ်းပေးပါ။

(၇)
ရေခပ်နွေးနွေး ၁-ဖန်ခွက်ထဲကို ဆား စားပွဲတင်ဇွန်း ၁-ဇွန်း ရော၍၊ ၂၅ -စက္ကန့်လောက် ခံတွင်းထဲ ငုံထားပါ။ ပြီးမှ ထွေးထုတ်ပေးပါ။
ဒီနည်းက အနာရောင်ကိုင်းခြင်းကို သက်သာစေတဲ့အပြင် ပိုးမဝင်အောင်လဲ အထောက်အကူဖြစ်စေပါတယ်။

(၈)
လ္ဘ္ဘက်ရွက်အဆီ(tea tree oil) ကို အပူကန်နာပေါ်သို့ အသာအယာပွတ်လိမ်းပေးခြင်းဖြင့် အနာနီရဲရောင်ကိုင်းခြင်းကို လျော့ပါးသွားစေပါတယ်။
(tea tree oil တွေကို City Mart ဆိုင်များမှာ ရရှိနိုင်ပါတယ်)

(၉)
cranberry (ခေါ်) အနီရောင်အချဉ်သီးဖျော်ရည်လေးက အပူကန်ခံတွင်းနာခြင်းတွေကို အချိန်တိုအတွင်းမှာ ပျောက်ကင်း သွားစေနိင်လို့၊ cranberry သီးဖျော်ရည် ငုံပေးပါ။
(အသင့်သောက် cranberry သီးဖျော်ရည်ဗူူူးလေးတွေကို City Mart ဆိုင်များ မှာ ရရှိနိုင်ပါတယ်)

(၁၀)
ရေအေး နဲ့ ရေခပ်နွေးနွေးတို့ကို တလှည့်စီ အာလုပ်(ပလုပ်)ကျင်းပါ။
လတ်ဆတ်တဲ့နွားနို့အစိမ်း(သို့မဟုတ်)အုန်းစိမ်းရည် တို့ဖြင့် တနေ့လျှင် ၄-ကြိမ် လောက် အာလုပ်(ပလုပ်)ကျင်းပါ။

(၁၁)
အပူကန်နာအပေါ် ရေခဲတုံးလေး ကပ်ပေးခြင်းက နာကျင်မှုကို သက်သာစေတဲ့အပြင်၊ ရောင်ကိုင်းခြင်းတို့ကိုပါ ပြေလျော့ သွားစေပါတယ်။

(၁၂)
အပူကန်နာများအတွက် ရှားစောင်းလက်ပပ်က လွန်စွာကောင်းကျိုးပြုပါတယ်။
ရှားစောင်းလက်ပပ်အနှစ်(ဂျယ်လီ) စားပွဲ တင်ဇွန်း ၂-ဇွန်းကို ခံတွင်းနာပေါ်သို့ အုံပေးလိုက်ရုံပါဘဲ။

(၁၃)
အစိမ်းရောင် ဟင်းသီးဟင်းရွက်များ ဥပမာ…ဟင်းနုနယ်/ ကန်စွန်းရွက်/ ပဲသီး(ခေါ်) ပဲတောင့်ရှည်/ ပဲစောင်းဝါးသီး.. စတာတွေကို ကြက်သွန်နီ များများထဲ့၍ သုပ်စားခြင်းက အပူကန်ခြင်းကြောင့်ဖြစ်တဲ့ ခံတွင်းနာတွေကို သက်သာစေပါတယ်။

(၁၄)
ဗီတာမင်စီ ပေါကြွယ်ဝတဲ့ ဒိန်ချဉ်က သွားဖုံးနဲ့ခံတွင်းနာ အမျိုးမျိုးတို့အတွက် အကောင်းဆုံး ဆေးတစ်ခွက်ပါဘဲ။

(၁၅)
ပင်စိမ်းရွက်အဆီကို အနာပေါ်သို့ ခပ်ဖွဖွစိမ့်ဝင်အောင် မကြာမကြာလိမ်းပေးခြင်းဖြင့် ထိုအပူနာ ရောင်ကိုင်း၍နာကျင် ခြင်းတို့ကို ကောင်းစွာကုသပေးနိုင်ပါတယ်။

(၁၆)
နွယ်ချို နဲ့သလဲသီးတို့ကလည်း အပူကန်ခြင်းကို ကုသပေးနိုင်ပါတယ်။
၎င်း တမျိုးစီကို စား၍သော်လည်းကောင်း၊ တမျိုး စီကို ခံတွင်းနာပေါ်သို့အုံပေး၍သော်လည်းကောင်း (သို့မဟုတ်) ၎င်း နှစ်မျိုးစလုံးကို ခပ်ပျစ်ပျစ်ရောနယ်၍ ခံတွင်းနာပေါ်သို့ အုံပေး၍သော်လည်းကောင်း စသည်ဖြင့် အဆင်ပြေသလို ပြုလုပ်ပေးပါ။

(၁၇)
အပူရှပ်၍ ဖျားချင်ချင်ခံစားနေရသူများအတွက် ကြံရည်ကကိုယ်တွင်းအပူငြိမ်းစေပြီး၊ ပရိုတင်းအားဖြည့် ဓာတ်စာအဖြစ် အသုံးဝင်တဲ့အပြင်၊ ခံတွင်းထဲမှာ ကြံရည်ငုံပေးခြင်း အပူနာတွေကို အချိန်တိုအတွင်းမှာ ချပ်ရပ်သွားစေနိုင်ပါတယ်။

အထက်ဖော်ပြပါ အိမ်တွင်းကုထုံးလေးတွေက ခံတွင်းအပူကန်နာဖြစ်ခြင်းကို ၈-ရက် (သို့မဟုတ်) ၁၀-ရက်ခန့်အကြာမှာ ပျောက်ကင်းသွားစေပါတယ်။ ကုထုံးလေးတွေသုံးနေတာတောင် ၁၀-ရက်ကြာတဲ့အထိ မပျောက်တဲ့ အပြင် အခြေအနေပိုဆိုး လာပါက၊ ဆရာဝန်နဲ့ဆေးကုသမှုခံယူသင့်ပါတယ်။ “အပ်နဲ့ထွင်းရမယ့်အနာကို ပေါက်ဆိန်နဲ့ထွင်းမခံရလေအောင် ” ကျမ္မာရေးအမြင်ရှိဖို့လိုပါကြောင်း။

(ပေါက်ပေါက်…မျှဝေသည်)

Thursday, June 20, 2013

ကင်ဆာကုသနိုင်မည့် ဆေးရွက်ကြီးပင်အကြောင်း




ဆေးလိပ်နှင့်ဆေးရွက်ကြီးသည် ကင်ဆာရောဂါဖြစ်စေသောအဓိကအကြောင်းရင်း ဖြစ်သည်။ နစ်ကိုတင်း
ကတ္တရာ၊ ကာဘွန်မိုနော့ဆိုက်စသည်ဖြင့်ဆေးလိပ်တွင်လူတို့အား အန္တရာယ်ပြုသည့် ဓါတ်ပစ္စည်း၄၀ကျော်ပါဝင် သည်ဟုဆိုပါသည်။
ကင်ဆာ ဖြစ်စေနိုင်သောဆေးရွက်ကြီးပင်မှာကင်ဆာကိုကုသနိုင်မည့် ဆေးကိုထုတ်ဖော် ရန် သုတေသနပညာရှင်များက ကြိုးပမ်းခဲ့ကြသည်။အမေရိကန်သိပ္ပံရှင်များသည် ဆေးရွက်ကြီးပင်ကိုကင်ဆာ
ကာကွယ်ဆေးဖော်ထုတ်ရန်စိုက်ပျိုးခဲ့ကြသည်။ Stand ford University in California မှသုတေသနပညာရှင် များကဆေးရွက်ကြီးပင်မှ ထုတ်လုပ်သောအင်တီဘော်လီပဋိပစ္စည်း (Antibody) သည် လင့်ကျိတ် ကင်ဆာ (Folliculor B-Cell Lymphoma or Non-Hodgkin's Lymphoma) ကိုတိုက်ဖျက်နိုင်စွမ်းရှိကြောင်းထုတ်ဖော် တင်ပြခဲ့ကြသည်။ လင့်ကျိတ်ကင်ဆာရောဂါများဆိုးဝါးပြင်းထန်သောကင်ဆာရောဂါတစ်မျိုးဖြစ်ပြီးကုသရာ၌ အခက်အခဲများစွာရှိသည်။ ယင်းကင်ဆာကိုကုသပေးနိုင်မည့် ပဋိပစ္စည်းကိုဆေးရွက်ကြီးပင်မှ ထုတ်လုပ်နိုင်မည် ဆိုခြင်းမှာဆေးပညာအတွက် အောင်မြင်မှု တစ်ရပ်ဟုဆိုရမည် ဖြစ်သည်။

http://futurestars-myanmar.ning.com/profiles/blog/show?id=6405389%3ABlogPost%3A515034&xgs=1&xg_source=msg_share_post

♥♥ရေးသားချိန်♥♥ 7:37 AM ♥♥ရေးသူ♥♥ ကိုဦး

B ပိုး C ပိုးသမားတွေ အတွက် သတင်းကောင်း *ဣဿရမူလီ*


ဒီပုံမှာပါတဲ့ အရွက်ကတော့ ဗိန္ဒောဆေးအခေါ် *ဣဿရမူလီ* လို့ခေါ်တယ်။
ဦးဟုတ်စိန်အဘိဓာန်မှာတော့ The Indian Brithwort (*Atistolochiaindica)* သာမညဣဿရီတဲ့။
ရှမ်းဘာသာကတော့ ဝမ်လီနုတ်ယုံး *(ဝ၊ခေ်လီခေူဂ့်ယုင်း*) လို့ခေါ်ပြီးတရုတ်အခေါ်ကတော့ *ခုံ့ရှော့တန်း* လို့ခေါ်တယ်။

အပင်ကတော့ အစိမ်းရောင် နွယ်ပင်တစ်မျိုးပါ။ ခွာညို၊ ခွာဖြူပန်းလိုအိမ်မှာအလှစိုက်ထားလေ့ရှိတယ်။
အပွင့်က ဥဒေါင်းငှက်နဲ့ ဆင်တူပြီးအဖြူ။ အဝါ၊ အစိမ်း၊ ခရမ်းရောင် အနဲငယ်သမ်းနေတယ်။
အသီးကတော့ ကင်းမွန်သီးလိုခပ်ဆင်ဆင်ဖြစ်ပြီးအရစ်(အရေးအကြောင်း) အမြောင့်ပါတယ်။ အရွက်ရဲ့ အရသာကတော့ နဲနဲဖန်သလိုလို၊ ကွမ်းရွက်ကဲ့သို့လဲအနည်းငယ် ရှိန်းသလိုလိုဖြစ်ပြီးအရသာပေါ့တယ်။
ဘီပိုးရောဂါ၊ စီပိုးရောဂါရှိသူများအတွက် မကြာခင်ကသိရတဲ့ ဆေးကောင်းတစ်လက်ပါ။
ဒီဆေးအကြောင်းကို မန ္တလေး၊ ကျွဲဆည်ကန်နေနန်းမွေဖေါင် (2nd Year Law) ကနေတဆင့် သိရခြင်းပါ။
သူမအဖေရဲ့ မန္တလေးမိတ်ဆွေတစ်ဦးဘီပိုးရောဂါဖြစ်ပြီးယိုးဒယား၊ စင်္ကာပူအထိသွားကုတာသိန်းပေါင်းများစွာကုန်ပေမယ့် ရောဂါကမပျောက်ဖြစ်နေတယ်။

စိတ်ပျက်ပျက်နဲ့ မန္တလေးကိုရောက်တော့ မိတ်ဆွေ တစ်ယောက်ကဣဿရမူလီကိုသုံးကြည့်ခိုင်းတယ်။
သူလည်း (၃)လလောက် အဲဒီအရွက်ကိုအစိမ်းလိုက် တစ်နေ့ (၃)ခါ၊ တစ်ခါ လေးရွက် ငါးရွက်လောက် ဝါးစားပြီး ရေသောက်လိုက်တယ်။
နောက်ပိုင်းသူ့ရဲ့ အသားအရေလည်းအရင်လိုနီကြောင်ကြောင် နီရဲရဲမဟုတ်တော့ပဲအသားအရည်တွေ ဝင်းလာတယ်။ ကြည်လာတယ်။
ကျန်းမာရေးလည်းတော်တော်ကောင်းလာတာတွေ့ရတယ်။ နောက် (၅)လ ကြာတော့ သူယိုးဒယားကိုဆေးစစ်သွားတော့ ဟိုကဆရာဝန်တွေက အံ့သြစွာနဲ့ သူ့ရဲ့ ဘီပိုးရောဂါ လုံးဝပျောက်သွားကြောင်း၊ ဘာဆေးတွေ သုံးကြောင်းမေးလာတော့ သူကတိုင်းရင်းဆေးဣဿရမူလီဆေးကိုသုံးကြောင်းပြောလိုက်တယ်။
အခုသူကျန်းကျန်းမာမာပါပဲ။
*ဆေးသုံးစွဲနည်း*
(၁) အကောင်းဆုံးကတော့ အရွက်စိမ်းကို ဝါးစားပြီး ရေသောက်တာပိုထိရောက်တယ်။ (၂) သုံးခွက် တစ်ခွက် ကြိုသောက်ရင်လည်းရပါတယ်။ (၃) အရွက်ကိုအခြောက်လှမ်းပြီးလက်ဖက်ရည် သောက်သလိုမျိုးသောက်ရင်လည်းရတယ်တဲ့။
ဓါတ်ပုံကိုလားရှိုးမြို့ ရပ်ကွက် (၆) ရွှေလီကျောင်းအနီး၊ ဒေါ်နန်းရွှေကျောင်းအိမ်မှာသွားရိုက်ထားခြင်းဖြစ်တယ်။
ဣဿရမူလီမှတဆင့် ဘီပိုးအတွက် စီပိုးအတွက် ဆေးကောင်းတစ်လက်အဖြစ် ဆက်လက် တိုးတက်အောင် ဖေါ်ဆောင်နိုင်ပါစေ။
*သင်ရဲ့ မိတ်ဆွေထံဆက်လက် လက်ဆင့်ကမ်းပြီးဘေသဇ္ဇဒါန (ဆေးအလှူ) အဖြစ် ကုသိုလ်ယူကြပါရန် . . . . *
မေတ္တာဖြင့်
တောင်တန်းသာသနာပြုဆရာတော်
စဝ်ဆုခမ်း (တန့်ယန်း)

Saturday, February 2, 2013

လျှာ၌ အနာ ၊ အဖုအပိမ့်များပေါက်လျှင်




ဇော်ဂျီ တောင်ဝှေ
၁။ လျှာ၌ အနာ ၊ အဖုအပိမ့်များပေါက်လျှင် ဇော်ဂျီ တောင်ဝှေး
မြစ်ကိုသွေး၍ ဆားအနည်းငယ်ထည့်ပြီး လျှာနာ ကို နှိုက်ပေးရ၏။

Thursday, January 31, 2013

နှလုံးရောဂါ ကာကွယ်ပေးမည့် သရေစာများ

နှလုံးရောဂါ မျိုးရိုးဗီဇကြောင့် နှလုံးကျန်းမာရေးကို ထိခိုက်မှုရှိနိုင်ပေမယ့်
အစားအသောက်နဲ့ လေ့ကျင့်ခန်း တွေလို
ဘဝနေထိုင်စားသောက်မှုပုံစံ တချို့ကလည်း
နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
အဆာပြေအဖြစ်စားလေ့ရှိတဲ့ သရေစာတွေကတောင် အာဟာရပြည့်ဝတာကို ရွေးရင် နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၁)ပန်းသီး
ပန်းသီးမှာပါဝင်တဲ့ အင်တီအောက်ဆီးဒင့်တွေကြောင့် နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ ပန်းသီးမှာ အမျှင်ဓာတ် ပက်တင်(Pectin) အပြည့်အဝပါဝင်တာကြောင့် နှလုံး သွေးကြောဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
 
ဘယ်လိုအကျိုးကျေးဇူးရရှိသလဲ
ပန်းသီးမှာပါတဲ့ ကာဆီတင်နဲ့ တခြားအင်တီအောက်ဆီးဒင့်တွေက သွေးကြောကျဉ်းစေတဲ့ ဓာတ်တိုးမှုတွေကို လျော့ကျစေတဲ့အပြင် နှလုံးသွေးကြောဆိုင်ရာပြဿနာတွေကိုလည်း လျော့ကျစေပါတယ်။ ပက်တင်ဟာ နှလုံးရောဂါဖြစ်စေတဲ့ သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောကို

လျော့နည်းစေပါတယ်။ ပန်းသီးမှာ ရောင်ရမ်းမှုလျော့ကျစေတဲ့အာနိသင် ရှိတာကြောင့် ခန္ဓာကိုယ်အနံှ့က သွေးကြောတွေကို ကျန်းမာစေပါတယ်။ အနီရောင်ပန်းသီးဟာ အင်တီအောက်ဆီးဒင့်အစွမ်းသတ္တိ အပြည့်အဝပါဝင်နေပါတယ်။ (၂)ကုလားပဲ
ဘော်ဒန်လေ့လာမှုတစ်ရပ်အရ အမျိုးသားနဲ့ အမျိုးသမီး တစ်သောင်းခန့်ကို လေ့လာခဲ့ရာ ကုလားပဲကိုပုံမှန် စားတဲ့သူတွေက နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေရဲ့ အန္တရာယ်ကို ၂၂-ရာခိုင်နှုန်း လျော့ကျစေတယ်လို့သိရပါတယ်။ ဘယ်လိုအကျိုးကျေးဇူးရရှိသလဲ
ပဲအားလုံးမှာ နှလုံးကျန်းမာရေးကိုကောင်းစေတဲ့ အစွမ်းရှိပါတယ်။ ကုလားပဲမှာ ပျော်ဝင်အမျှင်ဓာတ်တွေပါ ဝင်တာကြောင့် သွေးတွင်းကိုလက်စထရာအဆင့်ကို လျှော့ကျစေတဲ့အပြင် နှလုံးကိုကာကွယ်ပေးတဲ့ အင်တီအောက်ဆီးဒင့်၊ ပိုတက်စီယမ်နဲ့ အိုမီဂါ ၃, ဖက်တီးအက်စစ်တွေ ပါဝင်ပါတယ်။ ကုလားပဲကိုပြုတ်ပြီး တစ်ပတ်မှာ လေးကြိမ်စားပေးနိုင်ပါတယ်။ (၃) ဗာဒံစေ့နှင့် အရသာတူသောအစေ့
လေ့လာမှုကြီးတွေအရ အခွံမာသီးတွေကို ပုံမှန်စားတာက နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေရဲ့ ဖြစ်နိုင်ခြေကို ၃၇-ရာခိုင်နှုန်း လျော့ကျစေတယ်လို့ သိရပါတယ်။ အထူးသဖြင့် ဗာဒံစေ့နဲ့ အရသာတူတဲ့ Almond စေ့မှာ တခြားအခွံမာသီးတွေထက် နှလုံးကို ကာကွယ်ပေးနိုင်တဲ့ အာဟာရဓာတ်တွေ ပိုမိုပါဝင်နေပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေရရှိသလဲ
ဗာဓံစေ့မှာ အမျှင်ဓာတ်၊ ဗီတာမင်အီး၊ ပိုတက်စီယမ်နဲ့ မဂ္ဂနီဆီယမ်အပါအဝင် နှလုံးကျန်းမာစေတဲ့ အမျှင်ဓာတ်တွေ ပါဝင်နေပါတယ်။ မဂ္ဂနီဆီယမ်ဟာ သွေးဖိအားကို ကျန်းမာတဲ့အဆင့်မှာ ထိန်းထားပြီး ပိုတက်စီယမ်က နှလုံးကနေ သွေးညှစ်ထုတ်ရာမှာ ကောင်းအောင် ကူညီပေးပါတယ်။ (၄) စပျစ်သီး
စပျစ်သီးမှာ နှလုံးကိုကာကွယ်ပေးတဲ့ ဗီတာမင်စီ၊ ဗီတာမင်ဘီစစ်၊ ပိုတက်စီယမ်နဲ့ ဖလေဗိုးနွိုက်အပါအဝင်
အာဟာဓာတ်တွေပါဝင်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးရရှိသလဲ
စပျစ်သီးမှာ အင်တီအောက်ဆီးဒင့်နဲ့ ရောင်ရမ်းမှုကျစေတဲ့အာနိသင်တွေ ပါဝင်ပါတယ်။ စပျစ်သီးမှာပါတဲ့အာ ဟာရဓာတ်တွေကြောင့် သွေးဖိအားကောင်းစေပြီး မကောင်းတဲ့ ကိုလက်စထရောကို လျှော့ကျစေပါတယ်။ ဗီတာမင် ဘီစစ် ပါဝင်တာကြောင့် ရောင်ရမ်းမှုကိုလျှော့ကျစေပြီး နှလုံးသွေးကြောကျဉ်းတာနဲ့
သွေးတိုးတာကို လျှော့ကျစေပါတယ်။ (၅) အမဲရောင်ချောကလက်
တစ်နေ့မှာ ချောကလက်တစ်ကွက်စာပမာဏကို စားတာက နှလုံးရောဂါဖြစ်နိုင်ခြေကို ၇၅% လျှော့ကျစေပါတယ်လို့ လေ့လာသူတချို့က ဆိုထားပါတယ်။ ဘယ်လိုအကျိုးကျေးဇူးရရှိသလဲ
အမဲရောင် ချောကလက်မှာ ကိုကိုးပါဝင်မှုများပါတယ်။ ကိုကိုးမှာ ဖလေဗိုးနွိုက်ဓာတ်ပေါင်းတွေ ပါဝင်တာ ကြောင့် သွေးကြောပိတ်ဆို့မှုမဖြစ်အောင် ကာကွယ်ပေးပြီး နှလုံးရောဂါထတာနဲ့ လေဖြတ်တာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ သွေးဖိအားကိုလည်းလျှော့ကျစေပါတယ်။

ကြယ်စင်

သိထားသင့်တဲ့အသည်းရောဂါတွေ (အပိုင်း-၅)

အသည်းရောင်အသားဝါရောဂါ
(အသည်းရောင်အသားဝါရောဂါနဲ့လွဲနိုင်တဲ့ရောဂါတွေကို ပြောနေပါတယ်။)

ကျွန်တော့်ရဲ့လူနာ (၇)တန်းကျောင်းသူလေးဟာ မျက်လုံးက ဝါထိန်နေပါတယ်။ လူကတော့ လုံးဝအကောင်း ဒေါင်ဒေါင်မြည်ပဲ၊ ပြေးလွှားခုန်ပေါက်ဆော့နေတာ၊ သိပ်မဆော့ဖို့ မိဘတွေက တားရတယ်။ ဒီကလေးလေးကို သူ(၃)တန်းလောက်ကတည်းက ကျွန်တော် ကြည့်ပေးနေတာပါ၊ အသည်းရောင် အသားဝါ ရောဂါ မဟုတ်ပါဘူး။ မွေးရာပါ အသားဝါရောဂါပါ။ ဒီကလေးလေး ရင်ဆိုင်ရတဲ့ ပြဿနာကတော့ ကျောင်းဖွင့်လို့ အတန်းတစ်တန်းတက်လိုက်တိုင်း အတန်းပိုင်ဆရာမက အသားဝါရောဂါဆိုပြီး ကျောင်းမတက်ဖို့၊ နေကောင်းပြီး
အသားဝါပျောက်မှ ကျောင်းကိုလာဖို့ ပြောပါတယ်။ အဲဒီလိုဖြစ်တိုင်း သူ့အမေ ကျွန်တော့်ဆီပြေးလာတယ်။ "ဆရာလုပ်ပါဦး၊ သမီးလေး ကျောင်းဖွင့်လို့ အတန်းသစ် တက်ပြန်ပြီ၊ အသည်းရောင်အသားဝါရောဂါ မဟုတ်ဘူးဆိုတာ ထောက်ခံပေးပါ" လို့ လာပြောလေ့ ရှိပါတယ်။ ကျွန်တော်က သက်ဆိုင်ရာသို့ "ဤကလေးသည် မွေးရာပါ အသားဝါရောဂါရှိနေသူတစ်ဦး ဖြစ်ပါသည်။ မျက်လုံးများ ဝါနေသော်လည်း အသည်းရောင်အသားဝါရောဂါ လုံးဝမဟုတ်ပါ၊ ကူးစက်မှုလည်း မရှိပါ၊ လက်ရှိအခြေအနေအရ ကျန်းမာရေးနှင့်ပြည့်စုံပြီး ဆေးကုသမှုခံယူရန်မလိုဘဲ ကျောင်းတက်နိုင်ပါသည်" ဆိုပြီး ထောက်ခံစာထုတ်ပေးလိုက်မှ ကလေးလေးကျောင်းတက်လို့ ရပါတယ်။
ဒီလို အသည်းရောင်အသားဝါမဟုတ်ဘဲ မျက်လုံးတွေ၊ ဆီးတွေဝါထိန်ပြီး လူကကောင်းနေတဲ့ ရောဂါလည်း ရှိပါသေးတယ်။ မြန်မာနိုင်ငံမှာလည်း မကြာမကြာတွေ့ရပါတယ်။ မွေးရာပါ အသားဝါရောဂါ တွေပေါ့။ ဒီလိုမွေးရာပါအသားဝါရောဂါတွေထဲမှာ ပြီးခဲ့တဲ့အပတ်တွေက သွေးနီဥတွေပေါက်ကွဲပြီး ဖြစ်တတ် တဲ့ သာလာဆီးမီးယားရောဂါ (Thallasaemia) ရောဂါတွေအကြောင်းကို ရေးခဲ့ပါတယ်။ အခု ကျွန်တော် ပြောပြမယ့် ရောဂါစုကတော့ သွေးနီဥတွေပေါက်ကွဲတာမဟုတ်ဘဲ ဖြစ်တဲ့ အသားဝါရောဂါတွေအကြောင်း ဖြစ်ပါတယ်။

မွေးရာပါအသားဝါရောဂါများ(Familial non-haemolytic hyperbilirubinaemias)
ဒီရောဂါစုဖြစ်တဲ့ ဝေဒနာရှင်လူနာတွေမှာ ကိုယ်ခန္ဓာထဲမှာ ပုံမှန်ထွက်နေတဲ့ အဝါဓါတ် (Bilirubin)တွေကို စွန့်မထုတ်နိုင်တဲ့ မွေးရာပါချွတ်ယွင်းချက်ရှိလို့ ဖြစ်တာပဲ။ အဝါဓါတ်တွေကို အသည်း ထဲကနေတဆင့် အပြင်ကို မထုတ်ပြစ်နိုင်တော့ အဝါဓါတ်တွေ သွေးထဲမှာ လျှံတက်လာပြီး အသားဝါ ဖြစ်တာပေါ့။ အသားနဲ့ မျက်လုံးတွေ ဝါပေမယ့် အသည်းကတော့ လုံးဝကောင်းတယ်၊ အသည်းမရောင်ဘူး။ ဒါကြောင့် အသည်းရောင်အသားဝါ မဟုတ်ဘူး၊ မွေးရာပါ အသားဝါရောဂါလို့ပဲ ခေါ်ရပါမယ်။ အသည်းထဲ မှာ အဝါဓါတ်ကို ချေဖျက်စွန့်ပစ်တဲ့နေရာတစ်နေရာရာမှာ မွေးရာပါ ချို့ယွင်းနေတာပါ။ အဲဒီတော့ အဝါဓါတ် ချေဖျက်တဲ့နေရာ ဘယ်နားမှာ ဘယ်လောက်အထိ ချို့ယွင်းတယ်ဆိုတာပေါ်မူတည်ပြီး ရောဂါ အကောင်း၊ အဆိုး ကွာပါတယ်။ ငယ်ငယ်လေးနဲ့ သေသွားနိုင်တဲ့အဆင့်တွေရှိသလို အသက်ကြီးတဲ့အထိ ဘာမှမဖြစ်ဘဲ သက်တမ်းစေ့နေရတဲ့ ရောဂါသည်တွေလည်း ရှိပါတယ်။ အဲဒီလို မွေးရာပါ အသည်းရောင် အသားဝါ ရောဂါ ရှိတဲ့အထဲက အတွေ့ အများဆုံးရောဂါတစ်ခုကိုပဲ ပြောပြပါမယ်။

ဂေး(လ်)ဘတ်ရောဂါစု (Gilbert Syndrome)
အဲဒီလို မွေးရာပါအသားဝါရောဂါတွေ အဆင့်အမျိုးမျိုး ရှိနေတဲ့အထဲမှာ အများဆုံးတွေ့ရတဲ့ရောဂါ ကတော့ (၁၈၅၈)မှာမွေးပြီး (၁၉၂၇)ခုနှစ်မှာ ကွယ်လွန်သွားတဲ့ ပြင်သစ်နိုင်ငံ ပါရီမြို့က သမားတော်ကြီး အော်ဂတ်စတင်ဂေး(လ်)ဘတ (Augustin Gilbert) စပြီးတွေ့တဲ့ အမျိုးအစားပါ။ စတွေ့တဲ့လူနာမည်ပေါ် ယူပြီးတော့ ဂေး(လ်)ဘတ်ရောဂါစု (Gilbert's Syndrome) လို့ နာမည်ပေးထားပါတယ်။ မွေးရာပါ မျိုးရိုးလိုက်တဲ့ရောဂါ ဖြစ်ပါတယ်။

ဘာလို့ဖြစ်တာလဲ
ဒီရောဂါစုရဲ့ ဖြစ်ရတဲ့အကြောင်းကတော့ အသည်းထဲမှာ ဘီလီရူဘင် အဝါဓါတ်ကို အရည်ပျော်ပြီး စွန့်ထွက်သွားအောင် မလုပ်နိုင်တာပါ။ (deferiency in hepatic bilirubin glucuroinsation)
ရောဂါလက္ခဏာတွေ
၁။ အသားတွေ၊ မျက်လုံးတွေ ဝါနေပါတယ်။
၂။ သွေးထဲမှာ ဘီလီရူဘင် အဝါဓါတ် တက်နေပါမယ်၊ ဒါပေမယ့်လို့ ဘာရောဂါဝေဒနာမှ မခံစားရပါဘူး။
၃။ စမ်းသပ်ကြည့်မယ်ဆိုရင် အသည်းလည်း မကြီး၊ သရက်ရွက်လည်း မကြီးပါဘူး။
၄။ အသည်းရောဂါလက္ခဏာတွေ မတွေ့ရပါဘူး။

ဘယ်လိုခံစားရမှာလဲ
ဒီရောဂါရှိတဲ့လူတွေမှာ အသားဟာ ဝါလိုက်၊ လျော့လိုက်နဲ့ပါ၊ ဒါပေမယ့် ဝါတာကလွဲလို့ လူနာမှာ ဘာမှမခံစားရဘဲ ပုံမှန်သွားလာလှုပ်ရှားလို့ ရပါတယ်။
ဘယ်လိုကုမှာလဲ
ဘာမှကုစရာမလိုပါဘူး။ အမြဲတန်း ဝါနေတဲ့ရောဂါပါ။ လူနာနဲ့ သူ့ပတ်ဝန်းကျင်က လူတွေကို သဘောပေါက်အောင် ရှင်းပြထားရပါမယ်။

မှတ်သားရမယ့် အချက်တွေ
၁။ အသားနဲ့ မျက်လုံးတွေဝါတိုင်း အသည်းရောင်အသားဝါရောဂါ မဟုတ်ပါဘူး။
၂။ မွေးရာပါ ဘီလီရူဘင်ကို စွန့်မထုတ်နိုင်တဲ့ အသားဝါရောဂါတွေ ရှိပါတယ်။
၃။ အဲဒီလိုရောဂါတွေထဲမှာ ဂေး(လ်)ဘတ်ရောဂါ (Gilbert Syndrome) စုတွေက အတွေ့အများဆုံး မွေးရာပါ အသားဝါရောဂါပါ။
၄။ အသည်းရောဂါလက္ခဏာ လုံးဝမရှိပါ၊ ဘာမှလည်း မခံစားရပါ။
၅။ ကုစရာမလိုပါ။
 
ပါမောက္ခခင်မောင်ဝင်း(အသည်း)

သိထားသင့်တဲ့ အသည်းရောင် အသားဝါ ဘီ ရောဂါ (အပိုင်း ၄)

သိထားရမဲ့ အချက်တွေ (အနှစ်ချုပ်)

၁။ ဘယ်လို အသက်အရွယ်တွေဖြစ်မှာလဲ
မြန်မာနိုင်ငံမှာ အသက် (၁)နှစ်ကနေ အသက်(၃ဝ) အတွင်း ဖြစ်နိုင်ပါတယ်။

၂။ ဘာရောဂါ လက္ခဏာတွေ ရှိလဲ
ဖျားတာနဲ့ စတယ်။ တချို့လည်း ပျို့အန်ကြတယ်။ သုံး၊ လေးရက်ကြာမှ ဆီးဝါ၊ မျက်လုံးဝါလာတယ်။ ကလေးငယ်လေးတွေ အသားမဝါခင် ဖျားနေတုန်းမှာတော့၊ ငှက်ဖျား၊ တိုက်ဖွိုက်၊ သွေးလွန်တုတ်ကွေးဆိုပြီး လွဲမှား ထင်တတ်ကြတယ်။

၃။ ဘယ်ရာသီမှာ အဖြစ်များလဲ 
 ကျောင်းပိတ်ထားတဲ့ မတ်လကနေ မေလအတွင်းမှာ ကလေးငယ်တွေ အကြီးအကျယ် ဖြစ်ကြပါတယ်။

၄။ ဘယ်လိုသိမှာလဲ
အသားဝါလာပြီဆိုရင် (Anti-HAV lgM) ဆိုတဲ့ test ကို သွေးစစ်လိုက်လို့ Positive ဆိုရင် အသည်းရောင်အသားဝါ အေ ရောဂါ သေချာပြီပေါ့။

၅။ ဘယ်လိုကူးမှာလဲ
ရောဂါသည်နဲ့ နီးနီးစပ်စပ်နေရုံနဲ့လည်း ကူးနိုင်ပါတယ်။
မသန့်တဲ့အစားအသောက်နဲ့ ရေကလည်း ကူးနိုင်ပါတယ်။
သိပ်ကို ကူးလွယ်ပြီး အကူးမြန်တဲ့ ရောဂါတစ်ခုပါ။ ရောဂါသည်နဲ့ ပစ္စည်းအားလုံး လုံးဝခွဲထားဖို့ လိုပါမယ်။

၆။ ဘယ်လိုကုမှာလဲ
အနားယူ၊ လုံလောက်တဲ့ အရည်၊ ကယ်လိုရီ ကျွေးပြီးကု၊ နီးစပ်ရာ ဆရာဝန်နဲ့ ပြပါ။ မလိုအပ်ဘဲ ရေတွေအများကြီး ဇွတ်မသောက်ခိုင်းပါနဲ့။ ဂလူးကို့စ်တွေ မတန်တဆဖျော်မတိုက်ပါနဲ့။ မကြိုက်ဘဲ၊ မသောက်ချင်ဘဲနဲ့ သံပုရာသီး၊ ရှောက်သီး၊ အချဉ်ရည်တွေ မတိုက်ပါနဲ့ ဆေးမြီးတိုတွေ မသုံးပါနဲ့။

၇။ နောက်ဆက်တွဲ ဘာတွေဖြစ်နိုင်လဲ
အသည်းရောင် ဘီနဲ့ စီရောဂါပိုးတွေကတော့ ပိုးဝင်ပြီးရင် နာတာရှည်ပိုးသယ်ဆောင်တဲ့ အဆင့်ကို ရောက်သွားနိုင်ပြီး၊ နာတာရှည် အသည်းရောဂါတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အေရောဂါကတော့ ဖြစ်တုန်းပဲ ခံရပြီး ပျောက်သွားတာနဲ့ ပိုးလုံးဝ ကင်းစင်သွားပြီး နာတာရှည် အသည်းရောဂါ မဖြစ်နိုင်ပါဘူး။

၈။ ဘယ်လောက်အထိ အန္တရာယ်ရှိသလဲ၊ စိုးရိမ်ရသလဲ
ကလေးတစ်ယောက် အသည်းရောင်အသားဝါရောဂါ ဖြစ်ပြီဆိုကတည်းက မိဘ၊ ဆွေမျိုးအားလုံး ပူပင်သောက ဖြစ်ရပြီး၊ သိပ်ဝါလွန်းလို့ ရှိရင် ဆေးရုံတင်ကုရပါတယ်။
အခန့်မသင့်ရင် သည်းခြေလမ်းကြောင်းပိတ်ပြီး (Cholestasis)ရလို့ ဝါတာဟာ တော်တော်နဲ့ မကျဘဲ တစ်လကျော်လောက်အထိ ကြာသွားနိုင်တယ်။
တစ်ခါတလေ ပျောက်ပြီး တစ်လလောက်ကြာမှ ပြန်ဝါတတ်တယ် (relapse) ။
ရှားရှားပါးပါး တစ်ယောက်တလေဟာ သိပ်ဝါလွန်းပြီး သတိလစ် (Hepatic Coma) ရပြီး အသက်ဆုံးပါး တတ်ပါတယ်။

၉။ ဘယ်လိုကာကွယ်မလဲ
တစ်ကိုယ်ရေသန့်ရှင်းမှု၊ ကျန်းမာရေးနဲ့ ကိုက်ညီအောင် သန့်ပြန့်တဲ့ အစားအစာကို စားပါ။
ဖြစ်နိုင်ရင်တော့ အသက် (၃ဝ)နှစ်အောက် ကလေး၊ လူငယ်တွေဟာ အသည်းရောင် အသားဝါ အေကာကွယ်ဆေး (HAVRIX) ထိုးထားသင့်ပါတယ်။

ပါမောက္ခခင်မောင်ဝင်း (အသည်း)
ဌာနမှူး/အသည်းအထူးကုဆရာဝန်ကြီး
အသည်းရောဂါအထူးကုဌာန
ရန်ကုန်ဆေးရုံကြီး

သိထားသင့်တဲ့အသည်းရောင်အသားဝါဘီရောဂါ (အပိုင်း-၃)

 (အသည်းရောင် အသားဝါရောဂါနဲ့ လွဲနိုင်တဲ့ရောဂါတွေကို ပြောနေပါတယ်။)

မွေးရာပါသွေးအားနည်းရောဂါ (Thalassaemia)
အသည်းရောင်အသားဝါရောဂါနဲ့ မကြာမကြာလွဲတတ်ပြီး မြန်မာနိုင်ငံမှာလည်း အဖြစ်များတဲ့ ရောဂါတစ်ခုကတော့ သာလာဆီးမီးယား (Thalassaemia) လို့ခေါ်တဲ့ မွေးရာပါသွေးအားနည်းရောဂါပါပဲ။ သာလာ(စ်) (Thalas) ဆိုတာက ပင်လယ်လို့ အဓိပ္ပါယ်ရပါတယ်။ aemia ဆိုတာက သွေး။ ဒီရောဂါ ကို မြေထဲပင်လယ်တဝိုက်မှာ စတွေ့တော့ အဲဒီတုန်းကထင်တာက ဒီရောဂါဟာ ပင်လယ်တဝိုက်မှာပဲ တွေ့ရတဲ့ သွေးအားနည်းရောဂါလို့ နာမည်ပေးခဲ့တာပါ။

ဘာကြောင့်ဖြစ်တာလဲ
မွေးရာပါမျိုးရိုးဗီဇ ဂျင်း (Gene) တွေ ပြောင်းလွဲကုန်လို့ သာလာဆီးမီးယားရောဂါ ဖြစ်တာပါ။ (Gene) တွေပြောင်းလွဲတော့ ဘာဖြစ်သလဲဆိုတော့ ရောဂါသည်တွေရဲ့ သွေးနီဥတွေထဲမှာရှိတဲ့ ပရိုတိန်းတွေပြောင်းလွဲကုန် ပြီး၊ သွေးနီဥတွေပေါက်ကွဲပျက်စီးလွယ်ပြီး၊ သွေးအားနည်းရောဂါရတာပါ။ လူကောင်းတစ်ယောက်ရဲ့ သွေးနီဥတစ် လုံးဟာ သက်တမ်းအနေနဲ့ ရက် (၁၂ဝ)ရှိပေမယ့်လို့ သာလာဆီးမီးယားရောဂါသည်တွေရဲ့သွေးနီဥတွေ ကတော့ သက်တမ်း တိုသွားပြီး စောစောစီးစီး ပျက်ကုန်တာပေါ့။
ဘယ်လောက်ဆိုးသလဲ
သာလာဆီးမီးယားရောဂါဟာ တစ်ယောက်နဲ့တစ်ယောက် ရောဂါ အနု၊ အရင့် ကွာပါတယ်။ ဂျင်း (Gene) ပြောင်းလွဲမှုကြောင့် သွေးနီဥတွေထဲမှာ ပရိုတိန်းပြောင်းလွဲမှု အနည်း၊ အများ ဖြစ်တာပေါ်မူတည်ပြီး ရောဂါ အကောင်း၊အဆိုး ကွာပါတယ်၊ သိပ်ဆိုးရင် ကိုယ်ဝန်ဆောင်ဘဝမှာလည်း ကလေး ပျက်ကျသွားနိုင်တယ်။ တချို့ကျတော့ အသက် (၁ဝ)နှစ်လောက်အထိ နေရတယ်။ တချို့ကျတော့လည်း သက်တမ်းစေ့ ပုံမှန်နေရပါတယ်။

ရောဂါလက္ခဏာတွေ
အသည်းရောင်၊ အသားဝါရောဂါနဲ့ လွဲနိုင်တယ်လို့ ပြောထားတဲ့အတိုင်း မျက်လုံးနဲ့ အသားတွေ ဝါတတ် ပါတယ်။ သွေးနီဥတွေ ပေါက်ကွဲတယ်ဆိုကတည်းက သွေးနီးဥထဲကထွက်တဲ့ ဘီလီရူဘင် (Bilirubin) လို့ ခေါ်တဲ့ အဝါဓါတ်ဟာ သွေးထဲမှာ တက်လာတော့ အသားဝါဖြစ်တာပေါ့။
ပြီးတော့ သွေးနီဥတွေ ပျက်စီးကုန်လို့ဖြစ်တဲ့ သွေးအားနည်းတာ (Anaemia) ဖြစ်မယ်။ အသားအရေ က ဝါလည်းဝါ၊ သွေးအားလျှော့တော့ ဖြူဖတ်ဖြူရော်လည်းဖြစ်မယ်။
သွေးအား လိုသလောက်မရှိဘဲ ဟေမိုကလိုဘင် (Haemoglobin) ခေါ်တဲ့သွေးအားဟာ (၁ဝ)အောက်လောက်မှာ အမြဲဖြစ်နေတော့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေဟာ လိုအပ်တဲ့ အာဟာရတွေမရဘဲ ကိုယ်ခန္ဓာ မဖွံ့ဖြိုးတော့ဘူးပေါ့။ ရောဂါသိပ်ဆိုးတဲ့သူတွေဆိုရင် အရပ်ပုပုလေးတွေဖြစ်နေမယ်။
နောက်ထူးခြားတာတစ်ခုကတော့ မျက်နှာပုံပန်း၊ အရိုးတွေပြောင်းလွဲကုန်တာပဲ။ သာမန် လူကောင်းတွေ မှာ လက်ရိုး၊ ခြေရိုးတွေကနေ သွေးနီဥတွေထုတ်ပေးတယ်။ သာလာဆီးမီးယားရောဂါသည်တွေမှာတော့ မျက်နှာ အရိုး၊ ခါးဆစ်ရိုးတွေကလည်း သွေးနီဥတွေ ထုတ်ပေးရတယ်။ အဲဒီမှာတင် အရိုးတွေ ပုံပြောင်းကုန်တာပေါ့၊ မျက်နှာကိုကြည့်လိုက်ရင် နှာခေါင်းပြားမယ်၊ နဖူးနည်းနည်းမောက်မယ်၊ မျက်လုံးအောက်က အရိုးဖုကြီး နှစ်ခုဟာ ပိုကြီးကြီးလာမယ်၊ ကြည့်လိုက်ရင် သိပ်သိသာတယ်၊ ခါးရိုးတွေပါဝင်ပြီး သွေးနီဥတွေ ထုတ်ရရင်တော့ ခါးဆစ် တွေမှာ ဖုတွေထပြီး အခန့်မသင့်ရင် အောက်ပိုင်းပါ သေတတ်တယ်။
သွေးနီဥတွေ တဖြည်းဖြည်းနဲ့သိပ်နည်းလာရင် အရိုးတွေတင်မကဘူး၊ အသည်းနဲ့သရက်ရွက်ကပါကူပြီး ထုတ်ပေးရပါတယ်။ အဲဒီတော့ အသည်းကော၊ သရက်ရွက်ကော ကြီးလာပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ လူပိန်းတွေ နားလည်လွယ်အောင် သာလာဆီးမီးယားရောဂါကို ဓမွေးရာပါ အသည်းကြီး၊ သရက်ရွက်ကြီး၊ သွေးအားနည်း အသားဝါရောဂါဓ လို့ အမည်ပေးထားပါတယ်။

ဘယ်လိုအခါမျိုးမှာလွဲတတ်သလဲ
သာလာဆီးမီးယားအပြင်းစားရောဂါဆိုရင်တော့ ကြည့်လိုက်တာနဲ့ကို သိသာပါတယ်။ အရပ်ပုမယ်၊ မျက်နှာပုံပန်းသဏ္ဍာန်ကလည်း သိသာတယ်။ သွေးအားတွေနည်း၊ အသားဝါနေပြီး ဗိုက်ကိုစမ်းလိုက်လို့ အသည်း၊ သရက်ရွက် ကြီးနေတယ်ဆိုရင် သွေးတောင်စစ်စရာမလိုဘူး။ သာလာဆီးမီးယားရောဂါမှန်း တန်းသိပါတယ်။ သာလာဆီးမီးယားနဲ့ အသည်းရောင် အသားဝါ ဘယ်လိုအခြေအနေမျိုးမှာ လွဲတတ်သလဲဆိုတာ ပြောချင်ပါတယ်။ သာလာဆီမီးယားရောဂါ၊ အနုစား မျိူးမှာ လူပုံကလည်းမပြောင်း၊ သွေးအားလည်း သိပ် မနည်းဘဲ အပြင်ပန်းကြည့်ရုံနဲ့ သာလာဆီးမီးယားမှန်း လုံးဝ မသိသာလို့၊ မျက်လုံးတွေ ဝါနေတဲ့အခါမျိုးမှာ အသည်းရောင် အသားဝါနဲ့လွဲတတ်ပါတယ်။ ဒီလို လွဲတတ်တယ်ဆိုတာကို ဆရာဝန်ကသိဖို့ လိုပါလိမ့်မယ်၊ မသိ ရင်တော့ ဆေးကုတာလုံးဝလွဲမှားပြီး ဒုက္ခတွေ ရောက်ပါလိမ့်မယ်။

မှတ်သားရမည့်အချက်တွေ
၁။ အသည်းရောင် အသားဝါရောဂါနဲ့ သာလာဆီးမီးယား “မွေးရာပါ အသည်းကြီး၊ သရက်ရွက်ကြီး၊ သွေးအားနည်း အသားဝါရောဂါ” နဲ့လွဲတတ်ပါတယ်။
၂။ အထူးသဖြင့် အသားဝါရောဂါ ခဏ၊ ခဏ ဖြစ်တယ်ဆိုရင် ပိုပြီး ကရုစိုက်ပါ။
၃။ ဆရာဝန်တွေအနေနဲ့ မသိမဖြစ် အသည်းရောင် အသားဝါနဲ့ လွဲတတ်တဲ့ရောဂါတစ်ခုပါ။

ပါမောက္ခခင်မောင်ဝင်း (အသည်း)
ဌာနမှူး/အသည်းအထူးကုဆရာဝန်ကြီး
အသည်းရောဂါအထူးကုဌာန
ရန်ကုန်ဆေးရုံကြီး

သိထားသင့်တဲ့ အသည်းရောင် အသားဝါ ဘီ ရောဂါ (အပိုင်း ၂)


( ပြီးခဲ့တဲ့အပတ်က အသည်းရောင် အသားဝါ A ရောဂါရဲ့ ရောဂါလက္ခဏာတွေအကြောင်း ပြောခဲ့ပါတယ်။ ) (para)အသည်းရောင် အသားဝါ ဘီနဲ့စီရောဂါကိုတော့ လူသိများကြပြီး အသည်းရောင် အသားဝါ အေရောဂါ ကိုတော့ လူသိနည်းပါသေးတယ်။ ဘာလို့လည်းဆိုတော့ အေရောဂါဟာ ကလေးတွေမှာပဲ ဖြစ်လေ့ရှိပြီးတော့ များသောအားဖြင့်လည်း ခဏလေး အသားဝါပြီး သူ့ဘာသာသူ ပျောက်သွားတတ်တော့ သိပ်ပြီး ဂရုမစိုက်မိကြ ဘူးပေါ့။ (para)အသည်းရောင် အသားဝါ အေရောဂါပိုးဟာ ဗိုင်းရပ်စ်ပိုးဖြစ်ပါတယ်၊ အရမ်းပဲကူးစက်လွယ်ပါတယ်။ အဓိကအားဖြင့်တော့
အစားအစာနဲ့ရေကနေ ကူးပါတယ်။ သူ့ရဲ့ထူးခြားချက်ကတော့ အသက်ငယ်တဲ့သူတွေ မှာ အဖြစ်များပြီး တစ်ခါဖြစ်ပြီးရင် နောက်ထပ်ပြန်မဖြစ်တော့ပါဘူး။ ယခုလက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေအရ အသက် (၃ဝ)အထိ အသည်းရောင်အေရောဂါ ဖြစ်နိုင်ပါတယ်။ (၃ဝ)ကျော်သွားပြီဆိုရင်တော့ အေရောဂါမဖြစ် နိုင်တော့ဘူးလို့ ပြောရပါမယ်။ (para)အသည်းရောင် အေရောဂါပိုးဟာ ရောဂါရှိတဲ့သူရဲ့ မစင်ထဲကနေ ပတ်ဝန်းကျင်တစ်ခုလုံးကို ပျံ့ပါ တယ်၊ ရေခဲထဲမှာဆိုရင် မသေဘဲ တစ်နှစ်လောက်အထိ ခံပါတယ်။ လူ့မစင်တွေကို မြေသြဇာအဖြစ်နဲ့သုံးပြီး စိုက်ပျိုးထားတဲ့ ဂေါ်ဖီထုပ်၊ ပန်းမုန်လာ၊ ကန်ဇွန်းရွက် စတဲ့အသီးအနှံ လတ်လတ်ဆတ်ဆတ်တွေကို စားမယ်ဆိုရင် တော့ အေရောဂါပိုး ကူးစက်ဖို့ရာ များပါတယ်။ ရောဂါဖြစ်တဲ့ ကလေးတစ်ယောက်ဟာ အသားဝါပြီးနောက် (၃)ပတ်လောက် သူနဲ့နီးနီးစပ်စပ် နေတဲ့လူတွေကို ကူးနိုင်ပါတယ်။ သူကိုင်ထားတဲ့ပစ္စည်း၊ စားထားတဲ့ပန်းကန်၊ အဲဒီလို သူ့ပတ်ဝန်းကျင်မှာရှိတဲ့ပစ္စည်းအားလုံးဟာ အေပိုးတွေပျံ့နှံ့ပြီး ဘေးနားမှာ နေတဲ့သူအားလုံးကို ရောဂါ ကူးနိုင်တာပေါ့။ (para)ဒါကြောင့် ကိုယ့်ကလေး အသည်းရောင် အသားဝါ အေရောဂါဖြစ်လို့ ကျောင်းကိုလွှတ်မယ်ဆိုရင် သူများ ကလေးတွေကိုပါ ကူးစက်နိုင်တယ်ဆိုတာ သိထားဖို့လိုပါတယ်။ များသောအားဖြင့်တော့ ကလေးငယ်လေးတွေ မူကြိုကျောင်းမှာ၊ လူငယ်လေးတွေ ရေကူးသင်တန်းမှာ အဲဒီလို လူအများရှိတဲ့နေရာကနေ ကူးလာတာပါဘဲ။ (para)ရောဂါလက္ခဏာတွေကတော့ ဖျားတာနဲ့စလေ့ရှိပါတယ်၊ ဖျားခါစမှာ ငှက်ဖျား၊ တိုက်ဖွိုက်၊ သွေးလွန်တုပ် ကွေး၊ ရောဂါမျိုးစုံဆင်ကြပြီး အသားတွေဝါလာမှ အသည်းရောင် အသားဝါမှန်း သိလေ့ရှိပါတယ်။ (paraအနားယူ၊ လုံလောက်တဲ့ရေ၊ အချိုဓါတ် သောက်သုံးမယ်ဆိုရင် သူ့ဘာသာပျောက်သွားလေ့ရှိပါတယ်။ ရေတွေကို အလွန်အကျွံ (၆)ပုလင်း၊ (၇)ပုလင်း သောက်ဖို့မလိုပါ။ အချိုဓါတ်ရအောင်ဆိုပြီး ဂလူးကို့စ်တွေ (၁)ထုတ်လုံးကုန်အောင် နေ့စဉ် သောက်ဖို့လည်း မလိုပါဘူး။ အသည်းရောင် မြန်မြန်ပျောက်ဖို့အတွက် သံပုရာရည်တွေ မကြိုက်ဘဲ ဇွတ်မှိတ်မသောက်ပါနဲ့။ အာသီသရှိသလောက် ရေကိုသောက်ပြီး အရာရာကို သင့်တင့်လျောက်ပတ်စွာ လုံလုံလောက်လောက် စားသုံးရင် အလိုလိုပျောက်သွားမယ့် အသည်းရောင် A ရောဂါပါ။ ပါမောက္ခခင်မောင်ဝင်း (အသည်း)
ဌာနမှူး/အသည်းအထူးကုဆရာဝန်ကြီး
အသည်းရောဂါအထူးကုဌာန ရန်ကုန်ဆေးရုံကြီး

အသည်းရောင်အသားဝါ ဘီရောဂါ အပိုင်း(၁)

 အသည်းရောင် အသားဝါ ဘီရောဂါပိုး အကြောင်း၊ ကူးစက်ပုံ၊ ဖြစ်ပွားနှုန်း၊ ဘီပိုးဝင်ရင် ဘာဖြစ်မယ်၊ ဘီပိုးကြောင့် ဖြစ်လာနိုင်တဲ့ နာတာရှည် အသည်းရောဂါတွေ၊ ဘီရောဂါပိုးကို နောက်ဆုံးပေါ်နည်းတွေနဲ့ ဘယ်လိုကုမယ်၊ ဘီပိုးကို ဘယ်လိုကာကွယ်ရမယ်ဆိုတာ ပြည်သူတွေ၊ ဆေးဝန်ထမ်းတွေ သိသင့်တဲ့ ခေတ်မီအချက်အလက်တွေကို လစဉ်အခန်းဆက် ရေးသွားပါမယ်။ ကမ္ဘာ့ကျန်းမာရေးပြဿနာ အသည်းရောင် အသားဝါဘီ ဗိုင်းရပ်စ် ရောဂါပိုးဟာ ကမ္ဘာပေါ်မှာ အဖြစ်အများဆုံး အသည်းရောဂါပိုး တစ်မျိုးဖြစ်ပါတယ်။ သူ့ကြောင့်လည်း လူတွေမှာ အသည်းရောဂါ အများဆုံး ဖြစ်ပြီး တစ်ကမ္ဘာလုံးအတွက် ကျန်းမာရေး ပြဿနာကြီး တစ်ခုဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ လူသန်းပေါင်း ၂ဝဝဝ လောက်ဟာ ဘီရောဂါပိုး ကူးစက်ခံထားရပြီး လူသန်းပေါင်း ၃၆ဝ လောက်ကတော့ ပိုးပြန်မထွက်တော့ဘဲ နာတာရှည်ရောဂါပိုး သယ်ဆောင်သူတွေအဖြစ် ကျန်ခဲ့ ပါတယ်။

နှစ်စဉ် တစ်နှစ်ကို လူ ၅.၂ သန်းလောက်ဟာ ဘီပိုး ကူးစက်ခံနေရတယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ၂ဝဝဝ ပြည့်နှစ်မှာ ခန့်မှန်းခဲ့ပါတယ်။ ပိုးကူးစက်ခံရတဲ့ လူတွေမှာ ရုတ်တရက် ချက်ချင်း အသက်အန္တရာယ်ထိခိုက်မှု မရှိပေမယ်လို့ ကံဆိုးစွာနဲ့ နာတာရှည်ပိုး သယ်ဆောင်သူ အဆင့်ကို ရောက်သွားရင်တော့ ဆိုးဝါးတဲ့ အသည်းရောဂါတွေ ဖြစ်လာနိုင် ပါတယ်။ အသည်းရောင်အသားဝါ ဘီရောဂါပိုး နာတာရှည် သယ်ဆောင်တဲ့ သူတွေဟာ အသည်းခြောက်၊ အသည်းကင်ဆာ ဖြစ်တတ်ပါတယ်။ ဒီနေ့ ကမ္ဘာပေါ်မှာ အသည်းကင်ဆာ ဖြစ်ရတဲ့ အဓိက အကြောင်းရင်းဟာ အသည်းရောင် အသားဝါ ဘီရောဂါပိုးကြောင့်ပါပဲ။ ဘီပိုးနာတာရှည်ရှိတဲ့ လူတွေရဲ့ ၁၅% ကနေ ၄ဝ%လောက်ဟာ နာတာရှည် အသည်းရောင်၊ အသည်းခြောက်၊ အသည်းကင်ဆာ စတဲ့အသည်းရောဂါတွေ ဖြစ်ကုန်ပြီး တစ်နှစ်ကို လူပေါင်း ၅၂ဝဝဝ ကနေ ၁၂ဝဝဝဝဝ လောက် သေကြပါတယ်။ တစ်ကမ္ဘာလုံးမှာ ကြည့်လိုက်ရင် ဘီရောဂါပိုး အဖြစ်များတဲ့အရပ်ဒေသတွေမှာ အသည်းကင်ဆာ ဖြစ်နှုန်းဟာ လည်း များတာပါပဲ။ အာရှ၊ အာဖရိက ဒေသတွေမှာ အသည်းကင်ဆာရောဂါသည် အားလုံးရဲ့ ၆ဝ%-၈ဝ% လောက်ဟာ အသည်းရောင် အသားဝါ ဘီရောဂါပိုးကြောင့် ဖြစ်တာပါ။ အသည်းကင်ဆာ ဖြစ်နှုန်းဟာ တစ်ကမ္ဘာလုံးမှာ ပိုမိုမြင့်မားလာနေတာကို တွေ့ရပါတယ်။

အသည်းကင်ဆာဟာ ကမ္ဘာပေါ်မှာ နံပါတ် (၆) အဖြစ်အများဆုံး ကင်ဆာဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ ကင်ဆာသုတေသနအဖွဲ့ (International Agency for Reserch on Cancer) (IARC) က အသည်းရောင်အသားဝါ ဘီ ရောဂါပိုးကို လူတွေအတွက် ကင်ဆာ ဖြစ်စေတတ်တဲ့ အရာ (Carcinogen) တစ်ခုလို့ သတ်မှတ်ပါတယ်။ အသည်းရောင် ဘီ ရောဂါပိုးရှိတဲ့ လူတွေ အရက်သောက်ရင် စီပိုး၊ ဒီပိုးနဲ့HIV ပိုး ရှိရင် အသည်းကင်ဆာ ပိုပြီး ဖြစ်တတ်ပါတယ်။ ဝန်ထုပ်ဝန်ပိုး အသည်းရောင်အသားဝါ ဘီရောဂါပိုးဟာ လူတွေအတွက် တကယ့် စီးပွားရေး ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်နေပါတယ်။ ဘာလို့လဲ ဆိုတော့ ဘီပိုးရှိတဲ့ လူတွေဟာ နာတာရှည် ရောဂါသည်တွေဖြစ်ပြီး၊ တော်တော်လည်း သေနှုန်းများတဲ့ ရောဂါဆိုတော့ လူနာနဲ့နိုင်ငံ အတွက် ငွေကုန်ကြေးကျ တော်တော်လေးကိုများစရာပါ။ ဘီပိုး စတင်ဝင်ခါစ နာတာရှည် အဆင့်မရောက်ခင်မှာကို စမ်းသပ်ရ၊ ကုရ၊ ဆေးဝယ်ရနဲ့ လူနာတွေ ပိုက်ဆံတော်တော် ကုန်နေပါပြီ။ ဘီပိုးကြောင့် အသည်းရောဂါ ပိုရင့်လာလေ၊ ဆေးကုစရိတ်က ပိုကုန်လေပါပဲ။ ဆေးကုလို့ ပိုက်ဆံကုန်တာအပြင် လူနာ၊ လူနာစောင့်တွေ အလုပ်မလုပ်နိုင်လို့ အလုပ်ပျက် အကိုင်ပျက် လုပ်ငန်းခွင် ပျက်ကွက်လို့ လုပ်အားဆုံးရှုံးမှုတွေပါ ထည့်တွက်ရမယ်ဆိုရင်တော့ ဘီပိုးကြောင့် ငွေကြေးနစ်နာမှုတွေဟာ တော်တော်များပါတယ်။ အဲဒီလို ဘီပိုးကြောင့် တိုင်းပြည်တွေမှာ စီးပွားရေး ဘယ်လောက်နစ်နာတယ်၊ ငွေကြေး ဘယ်လောက်ဆုံးရှုံးတယ်ဆိုတာ ဘီပိုး အဖြစ်များတဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ တွက်မထားကြပါဘူး။

အမေရိကန်နိုင်ငံမှာတော့ ဘီပိုးကြောင့် စီးပွားရေးနစ်နာမှုတွေကို တွက်ကြည့်တဲ့အခါ ဘီပိုးရှိပြီး အသည်းမပျက်သေးတဲ့ လူတစ်ယောက်အတွက် ကုန်ကျစရိတ်ဟာ တစ်နှစ်ကို အမေရိကန် ဒေါ်လာ (၄ဝဝဝ) လောက် ကျပါတယ်။ ဒီထက် အသည်းရောဂါ ပိုဆိုးလာရင်တော့ လူတစ်ယောက် တစ်နှစ်ကို ဒေါ်လာ (၂ဝဝဝဝ)လောက် ကုန်ကျပါတယ်။ အသည်း အစားထိုးရပြီ ဆိုရင်တော့ ဒေါ်လာ (၉ဝဝဝဝ) လောက် ကုန်ကျမယ်လို့ မှန်းရပါတယ်။ ဂျာမနီနိုင်ငံမှာတော့ အသည်းရောင် ဘီရောဂါပိုးကြောင့် နိုင်ငံတော်အနေနဲ့ တစ်နှစ်ကို ဒေါ်လာ သန်း(၈ဝဝ)လောက် ကုန်ကျခံ ရတယ်လို့ ၁၉၉၇ ခုနှစ်က ခန့်မှန်းခဲ့ပါတယ်။ ဘီပိုး ကာကွယ်ရေး၊ ပညာပေးနဲ့ ကုသရေးအတွက် လုပ်တဲ့စရိတ် တွေပါ။ တောင်ကိုးရီးယားနိုင်ငံမှာတော့ ၁၉၉၇ခုနှစ်မှာ ခန့်မှန်းတွက်ချက်မှုအရ သိရတာ ကတော့ အသည်းရောင်ဘီပိုးကြောင့် နိုင်ငံအနေနဲ့ တစ်နှစ်လုံးအတွက် ဒေါ်လာသန်း (၁ဝဝဝ) လောက် ကုန်ကျမှုရှိခဲ့ပါတယ်။ ဒါဟာ တစ်နှစ်လုံး သုံးတဲ့ ကျန်းမာရေးဘတ်ဂျက်ရဲ့ ၃.၂% လောက် ရှိပါတယ်။ ဒီလို ဘီရောဂါပိုးဖြစ်နှုန်း အရမ်းနည်းတဲ့နိုင်ငံတွေမှာတောင် ဘီပိုးအတွက် တစ်နှစ်ကို ဒေါ်လာသန်းပေါင်းများစွာ နစ်နာနေတယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံလို ဘီပိုးအဖြစ်သိပ်များတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံမျိုးမှာတော့ ဘီပိုးကြောင့် ကျန်းမာရေး၊ စီးပွားရေး ထိခိုက်မှုတွေဟာ သိပ်ကိုများ မှာပါ။ ဒါကြောင့် အသည်းရောင်အသားဝါ ဘီရောဂါပိုးဟာ နိုင်ငံရဲ့ စီးပွားရေးကို အတော်လေး ထိခိုက်စေတဲ့၊ အရေးကြီးတဲ့ ကျန်းမာရေးပြဿနာ တစ်ခုလို့ သိထားရမှာပါ။

ကမ္ဘာအရပ်ရပ်မှာ ဘီပိုးဖြစ်ပွားနှုန်း ကမ္ဘာပေါ်မှာ ဘီပိုး၊ နာတာရှည်သယ်ဆောင်ထားတဲ့ လူသန်းပေါင်း (၃၆ဝ)လောက် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ အဲဒီ နာတာရှည် ဘီပိုးရှိတဲ့လူတွေဟာ ကမ္ဘာ့အနှံ့အပြားမှာ တစ်နေရာနဲ့တစ်နေရာ ဖြစ်နှုန်း မတူပါဘူး။ ဖြစ်နှုန်းအနည်းအများ ပေါ်မူတည်ပြီး အရပ်ဒေသ တွေကို (၃)မျိုးခွဲထားပါတယ်။ ဘီပိုး နာတာရှည်ရောဂါသည် ဖြစ်နှုန်း ၂% အောက်ဆိုရင် ဖြစ်နှုန်းနည်းတယ်။ ၂% ကနေ ၈% အထိရှိရင် ဖြစ်နှုန်း အလယ်အလတ်ပေါ့။ ၈% ကျော်ရင် ဖြစ်နှုန်းများတယ်လို့ သတ်မှတ်ပါတယ်။ အာရှ၊ ဆာဟာရ၊ အာဖရိကနဲ့ ပစိဖိတ် ဒေသတွေမှာ တော့ ဖြစ်နှုန်းက သိပ်များပါတယ်။ ဒါကြောင့် အသည်းရောင်အသားဝါ ဘီရောဂါပိုး နာတာရှည် သယ်ဆောင်ထားတဲ့ သူတွေရဲ့ ၇၅%ဟာ အာရှ ပစိဖိတ်မှာဘဲ ရှိပါတယ်။ အာရှတိုက်မှာ ရှိတဲ့ နိုင်ငံတော်တော်များများဟာတော့ နာတာရှည် ဘီပိုး ဖြစ်နှုန်း ၈%ကျော် ရှိကြပါတယ်။ ဘာလို့ ဒီလောက်တောင် ဖြစ်နှုန်းများရသလဲဆိုတော့ ဘီပိုးဟာ ပိုးရှိတဲ့ မိခင်ကနေ မွေးလာတဲ့ ကလေး ကို ကူးစက်တဲ့နည်းနဲ့ အဓိက ပြန့်ပွားလို့ပါပဲ။ အဲဒီလို မွေးကင်းစ ကလေးလေးကို ဘီပိုးကူး လိုက်တော့ ကလေးလည်း အသက် တစ်နှစ်လောက်လည်း ဖြစ်တာ ကလေး ၉ဝ%ဟာ ဘီပိုးနာတာရှည် သယ်ဆောင်တဲ့ သူတွေ ဖြစ်ကုန်ရော။ တစ်ခါ အဲဒီပိုး ရှိတဲ့ ကလေးတွေက သူတို့ ပတ်ဝန်းကျင် နီးစပ်ရာလူတွေကို ထပ်ပြန့်တာနဲ့လည်း ဘီပိုးကူးစက်တဲ့ သံသရာကြီး လည်ပတ်ပြီး ဘီပိုး ဖြစ်နှုန်းတွေဟာ အာရှတိုက်မှာ များနေတာပေါ့။ အဲဒီလို မွေးမွေးခြင်း ဘီပိုးဝင်လိုက်ရင် နောက် (၁ဝ)နှစ်ကျော်ကြာတာနဲ့ အသည်းခြောက်၊ အသည်းကင်ဆာ ဖြစ်နိုင် တော့တာပါပဲ။ ဒီလို မိခင်ကနေ ကလေးတွေကို ကူးစက်မှုဖြစ်နေတာကို ကာကွယ်ဖို့ကတော့ မွေးပြီးပြီးခြင်း ကလေးအားလုံးကို အသည်းရောင် ဘီပိုး ကာကွယ်ဆေးထိုးပေးရမှာပါ။ ဒီလို ကလေးသူငယ်တွေကို ဘီပိုး ကာကွယ်ဆေးထိုးပေးတဲ့ စီမံချက်ကို မြန်မာနိုင်ငံမှာ စနေပါပြီ။ နောက်နောင်မှာတော့ ဒီလိုအသည်းရောင်ဘီပိုး ကာကွယ်ဆေးထိုးတဲ့လုပ်ငန်းကို တစ်ကမ္ဘာလုံးမှာ တိုးမြှင့်ဆောင်ရွက်သွားပြီး ဘီရောဂါ ကမ္ဘာပေါ်က ပျောက်ကင်းသွားတဲ့အထိ တိုက်ဖျက်သွား ရမှာပါ။ ပါမောက္ခ ခင်မောင်ဝင်း (အသည်း)

လေဖြတ်ခြင်းကို ကာကွယ်နိုင်ရန်

ငှက်ပျောသီး
၁။ နယူးအင်္ဂလန် ဆေးပညာ ဂျာနယ်ကပြုလုပ်တဲ့ သုတေသနတစ်ခုအရ ငှက်ပျောသီး စားသုံးခြင်းဟာ လေဖြတ်ခြင်းကို ကောင်းစွာ ကာကွယ်နိုင် ကြောင်း တွေ့ရှိထားပါတယ်။

ခြင်ကိုက်ခံရလျှင်

ငှက်ပျောသီး
၁။ ခြင်ကိုက်ခံရပြီး အဖုအပိတ် ထွက်လာခဲ့ရင် ငှက်ပျောသီး အခွံနဲ့ ပွတ်သပ်ပေးရင် ယားယံတာ၊ အဖုအပိတ်ထွက်တာတွေ ပျောက်ကင်းနိုင်ပါတယ်။

ဆေးလိပ်ဖြတ်မယ်ဆိုရင်

ငှက်ပျောသီး
၁။ ဆေးလိပ်ဖြတ်မယ်ဆိုရင် ငှက်ပျောသီးစားပေးပါ။ ငှက်ပျောသီးဟာ ဆေးလိပ်ဖြတ်
တဲ့နေရာမှာ အထောက်အကူပေးပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဗီတာမင် B6၊ B12 တို့ပါဝင်ပြီး ပိုတတ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေလည်းကြွယ်ဝစွာ ပါဝင်တဲ့အတွက် နီကိုတင်းကြောင့်ဆုံးရှုံးသွားတာတွေကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။

စိတ်ဖိစီးမှု

ငှက်ပျောသီး
၁။ ငှက်ပျောသီး မှာ ထရိုင်တိုဖန်နဲ့ အမီနိုအက်ဆစ်တွေပါဝင်တဲ့ အတွက် စိတ်ဖိစီးမှုကို သက်သာရာရစေပြီး လူကို လန်းဆန်းစေပါတယ်။ ပိုတက်ဆီယမ် ဓာတ်အများအပြား ပါဝင်တဲ့ အတွက်ကြောင့်လည်း နှလုံးခုန်နှုန်းကို ပုံမှန်ဖြစ်စေပြီး ခန္ဓာကိုယ်ရဲ့ ရေဓာတ်
ပါဝင်မှု အနေအထားကို ဟန်ချက် ညီအောင် ညှိပေးပါတယ်။ လူတစ်ယောက်ဟာ စိတ်ဖိစီးမှု ဖြစ်လာရင် ပိုတတ်ဆီယမ် ဓာတ်တွေဟာ လျှော့နည်းသွားပါတယ်။ ငှက်ပျောသီး မှာ ပိုတတ်ဆီယမ် ဓာတ်တွေ အများအပြား ပါဝင်တဲ့အတွက် လိုအပ် နေတဲ့ဓာတ်ကို ဖြည့်တင်းပေးပါတယ်။ ဒါ့ပြင် ဦးနှောက်ဉာဏ်ရည် ကိုလည်း ထက်မြက်စေပါတယ်။ ဒါကြောင့် စာမေးပွဲဖြေခါနီးကျရင် ငှက်ပျောသီးစားပေးတာဟာ ကျောင်းသားတွေအတွက် ကျက်ထားတဲ့ စာတွေ မမေ့ မလျှော့စေတော့ပါဘူး။

လည်ချောင်းရောင်သောရောဂါ

ကြက်ဟင်းခါးသီ;း
  ၁။ ကြက်ဟင်းခါးသီးအခြောက်ကို ကျောက်ပျဉ်တွင် သွေးလူးသော် လည်ချောင်းရောင်သောရောဂါ ပျောက်ကင်း၏ ။

ခွေးရူးကိုက်

ကြက်ဟင်းခါးသီး
၁။ ခွေးရူးကိုက်သောနေရာများတွင် ကြက်ဟင်းခါး အရွက်ကိုကြိတ်၍ အုံပေးခြင်း၊ အရည်ညှစ်ထည့်ပေးခြင်း ၊ သောက်ပေးခြင်းဖြင့်ပျောက်ကင်း၏။

သွေးလွန်တုပ်ကွေး

ကြက်ဟင်းခါးသီး
၁။ အဖျားကို နိုင်သော သတ္တိရှိသဖြင့် ကြက်ဟင်းခါး အရွက်ကို ကြိတ်၍ ရသော အရည်ကို တိုက်ပေးခြင်းဖြင့်သွေးလွန်တုပ်ကွေးရောဂါပျောက်၏။

ဘိန်းဆိပ်သင့် ခြင်း


ကြောင်လျှာပင်
၁။ ကြောင်လျှာရွက်ညှစ်ရေကို သောက်သော် ဘိန်းဆိပ်သင့် ခြင်း ပျောက်၏ ။

Tuesday, January 29, 2013

အူအတက် ရောင် ရောဂါ

ကြောင်ရိုသေပင်
၁။ ကြောင်ရိုသေပင်အရွက်ကို ငါးမြွေထိုးခြောက်နှင့် ကြော်စားက ဝမ်းထဲတွင် အူအတက် ရောင်စေသော ရောဂါကို ကာကွယ်သည်။

အိမ်မပျော်သောရောဂါ

ကြောင်ပန်းပင်
၁။ အိမ်မပျော်သောရောဂါနှင့် ဦးနှောက်တွင် ဖြစ်သောရောဂါအတွက် ကြောင်ပန်းရွက် အခြောက်ကို ခေါက်းအုံးပြုလုပ်၍ အိပ်ခြင်းအားဖြင့် ပျောက်ကင်းစေ၏ ။