Showing posts with label ဆေးဖက်ဝင်အပင်များ. Show all posts
Showing posts with label ဆေးဖက်ဝင်အပင်များ. Show all posts

Thursday, February 13, 2014

ဋရင်ကောက်ပင် {Vegetable fern (or) Wild fern }


 

ဋရင်ကောက်ပင်ဟာ အစိမ်းရင့်ရောင်ခွေနေတဲ့ပုံစိမျိုးဖြစ်ပြီးအညိုရောင်အခွံတွေနဲ့ဖုံးအုပ်နေပါတယ်။ဋရင်ကောက်ပင်ရဲ့အရသာကကညွတ်ဒါမှမဟုတ်ပဲစိမ်းတွေနဲ့ဆင်တူပြီးနူးညံ့တဲ့အထိအတွေ့မျိုးရှိပါတယ်။ကြော်စားရင်အရသာရှိလှတဲ့ဋရင်ကောက် ပင်မှာအောက်ပါကျန်းမာရေအကျိုး ကျေးဇူး တွေရှိနေပါတယ်။


အာဟာရတန်ဖိုးအပြည့်အဝပါရှိခြင်းဋရင်ကောက် ပင်ရဲ့အသွင်သဏ္ဍန်၊အရသာနဲ့အဟာရတန်ဖိုးတွေကသိသာထင်ရှားပါတယ်။ကောက်ကွေးနေတဲ့ဋရင်ကောက် ပင်၁၀၀ ဂရမ်မှာ ၃၄ကယ်လိုရီသာပါရှိပါတယ်။ဒါ့အပြင် အဟာရတန်ဖိုးမြင့်မားတဲ့ဋရင်ကောက်ပင်မှာအင်တီအောက်စီးဒင့်၊ဗီတာမင်၊အိုမီဂါ၃ နဲ့အိုမီဂါ ၆မရှိမဖြစ်ဖက်တီးအက်စစ်တို့လည်းပါဝင်ပါတယ်။

ဗီတာမင်အေအာနိသင်ရှိခြင်း

ဋရင်ကောက်ပင်မှာအင်တီအောက်စီးဒင့် ဗီတာမင်အေနဲ့ကာရိုတင်းတို့ပါဝင်ပါတယ်။ဋရင်ကောက် ပင်၁၀၀ဂရမ်မှာတစ်နေ့တာလိုအပ်တဲ့ ဗီတာမင်အေ ၁၂၀ % (၃၆၁၇အိုင်ယူ) ပါဝင်ပါတယ်။ ဗီတာမင်အေကအစွမ်းထက်သဘာဝအင်တီအောက်စီးဒင့်တစ်မျိုးဖြစ်ပြီးအရေပြားနဲ့ အမြှေးပါးတွေကိုတင်းရင်းစေပါတယ်။ အမြင်အာရုံအတွက်လည်းမရှိမဖြစ်အရေးပါပြီးအဆုတ်နဲ့ခံတွင်းကင်ဆာတွေမဖြစ်အောင်ကာကွယ်နိုင်စွမ်းလည်းရှိပါတယ်။ဋရင်ကောက် ပင်မှာသဘာဝပိုလီဖီနောဖလေဗနွိုက်ဒြပ်ပေါင်းနဲ့ဘီတာကယ်ရိုတင်းပါဝင်ပါတယ်။ကယ်ရိုတင်းဟာခန္တာကိုယ်ထဲမှာဗီတာမင်အေအဖြစ်ကူးပြောင်းသွားစေပါတယ်။

ကင်ဆာကိုတွန်းလှန်နိုင်ခြင်း

ဋရင်ကောက် ပင်မှာဗီတာမင်စီအများအပြားပါဝင်ပါတယ်။ဋရင်ကောက်ပင်၁၀၀ဂရမ်မှာတစ်နေ့တာလိုအပ်တဲ့ဗီတာမင်စီ 26.6 မီလီဂရမ် (44%) ပါဝင်ပါတယ်။ဗီတာမင်စီကရေမှာပျော်ဝင်တဲ့အင်တီအောက်စီးဒင့်တစ်မျိုးဖြစ်ပြီးကာရိုတီးနွိုက်နဲ့ ပေါင်းပြီးမကောင်းတဲ့ဖရီးရယ်ဒီကယ်တွေကိုတွန်းလှန်ကာကင်ဆာ၊ရောင်ရမ်းမှု၊ဗိုင်းရပ်စ်ကြောင့်ချောင်းဆိုးတာနဲ့အအေးမိဝေဒနာမရအောင်ကာကွယ်ပေးနိုင်ပါတယ်။

သွေးဖိအားနှင့်နှလုံးခုန်နှုန်းကိုထိန်းသိမ်းပေးခြင်း

ဋရင်ကောက်ပင်မှာပိုတက်စီယမ်၊သံဓာတ်၊မဂ္ဂနိစ်နဲ့ကြေးနီလိုသတ္တုဓာတ်နဲ့ဓာတ်ဆားတွေကောင်းကောင်းပါဝင်ပါတယ်။ဋရင်ကောက် ပင် ၁၀၀ ဂရမ်မှာတစ်နေ့တာလိုအပ်တဲ့ပိုတက်စီယမ်7%(370 မီလီဂရမ်)ပါဝင်ပါတယ်။ပိုတက်စီယမ်ဟာနှလုံးအကျိုးပြုဓာတ်ဆားတစ်မျိုးဖြစ်ပြီးသွေးတွင်းဆိုဒီယမ်ပမာဏကိုလျော့ကျစေကာနှလုံးခုန်နှုန်းနဲ့သွေးဖိအားကိုလျော့ကျစေပါတယ်။

ဗီတာမင်ဘီအုပ်စုပါဝင်ခြင်း

ဋရင်ကောက် ပင်မှာဗီတာမင်ဘီအုပ်စုဖြစ်တဲ့နိုင်ယာစင်၊ရိုင်ဘိုဖလေစင်နဲ့သိုင်ယာမင်တို့
အသင့်အတင့်ပါဝင်မှုရှိပါတယ်။

သိမ်းစည်းသိုလှောင်မှု

လတ်ဆတ်တဲ့ဋရင်ကောက်ပင်တွေကို ဧပြီမှဇွန်လအထိရွေးချယ်ရရှိနိုင်ပါတယ်။တောက်ပပြီးတင်းရင်းကာခွေနေတဲ့ဋရင်ကောက်ပင်တွေကိုရွေးချယ်ပြီးဝယ်ယူသင့်ပါတယ်။ကြာရှည်ခံချင်ရင်ပလတ်စတစ်အိတ်ထဲမှာထည့်ပြီးရေခဲသေတ္တာထဲထည့်သိမ်းထားရင် 2-3ရက်လောက်အထိအထားခံပါတယ်။

ကြယ်စင်
By-Good Health

Friday, January 31, 2014

ဟင်းနုနွယ်ရွက်၏ ကျန်းမာရေး အာနိသင် ၁၀ မျိုး


ဟင်းနုနွယ်ရွက်ကို အလွယ်တကူ ဝယ်လို့ရသလို ဈေးလည်း သက်သာတာကြောင့် လူတိုင်းလိုလို စားနိုင် ကြပါတယ်။

လူတွေ အများအားဖြင့် စားလေ့ရှိကြတဲ့ ဟင်းနုနွယ်ရွက်မှာ ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးတွေ ပါဝင်တယ် ဆိုတာကို ရေးသား လိုက်ရပါတယ်။

(၁) အစာကြေစေခြင်း

ဟင်းနုနွယ်ရွက် တစ်ခွက်စာ ပမာဏမှာ တစ်နေ့တာ စားသုံးသင့်တဲ့ အမျှင်ဓာတ် ပမာဏ ၂၀ ရာခိုင်နှုန်း နီးပါး ပါဝင်ပါတယ်။ ဒါကြောင့် အစာကြေစေပြီး ဝမ်းချုပ်တာကို ကာကွယ် ပေးပါတယ်။ ဒါ့အပြင် သွေးတွင်း သကြားဓာတ်ကို လျော့ကျစေပြီး အစာကို အလွန်အကျွံ မစားမိ စေပါဘူး။

(၂) ကင်ဆာကို ကာကွယ်ခြင်း

ဟင်းနုနွယ်ရွက်မှာ များစွာ ပါဝင်တဲ့ ဖလေဗိုးနွိုက် တွေဟာ ကင်ဆာရောဂါကို ကာကွယ် ပေးနိုင်တာကြောင့် အစာအိမ်နဲ့ အရေပြား ကင်ဆာဆဲလ်တွေ ပွားများမှုကို နှေးကွေး စေပါတယ်။ ဒါ့အပြင် ဟင်းနုနွယ်ရွက်ဟာ ဆီးကျိတ်ကင်ဆာ အဆင့်မြင့်တက်မှု မဖြစ်အောင် သိသိသာသာ ကာကွယ် ပေးနိုင်စွမ်း ရှိပါတယ်။

(၃) ရောင်ရမ်းမှု လျော့ကျစေခြင်း

ဟင်းနုနွယ်ရွက်မှာ ပါတဲ့ Neoxanthin နဲ့ Violaxanthin တွေက ရောင်ရမ်းမှု လျော့ကျစေတဲ့ ဓာတ်တွေဖြစ်ကြပြီး ကိုယ်တွင်း ရောင်ရမ်းမှုကို သိသိသာ လျော့ကျ စေပါတယ်။

(၄) အင်တီ အောက်ဆီးဒင့် အစွမ်း ပေးနိုင်ခြင်း

ဟင်းနုနွယ်ရွက်မှာ ပါတဲ့ ဗီတာမင်စီ၊ ဗီတာမင်အီး၊ ဘီတာကယ်ရိုတင်း၊ မဂ္ဂနိစ်၊ ဇင့် (သွပ်) နဲ့ ဆီလီနီယမ်တို့ဟာ အစွမ်းထက် အင်တီ အောက်ဆီးဒင့်တွေ ဖြစ်ကြပြီး အရိုးပါး ရောဂါ၊ သွေးကြောကျဉ်း ရောဂါနဲ့ သွေးတိုးတာ တို့ကို သက်သာ စေပါတယ်။

(၅) သွေးတိုးကျစေခြင်း

ဟင်းနုနွယ်ရွက် ထဲက ပပ်တိုက်တွေဟာ angiotensin I-converting enzyme ကို တားဆီး ပေးတာကြောင့် သွေးတိုးကို လျော့ကျစေပါတယ်။

(၆) အမြင်အာရုံ ကောင်းစေခြင်း

ဟင်းနုနွယ်ရွက် ထဲမှာ လူတင်နဲ့ ဇီဇန်သင်းဆိုတဲ့ အင်တီအောက်ဆီး နှစ်မျိုးစလုံး များစွာ ပါဝင် နေတာကြောင့် အတွင်းတိမ်ရောဂါနဲ့ အသက်ကြီးချိန်မှာဖြစ်တဲ့ မက်ကူလာ ယိုယွင်း ပျက်စီးမှုတို့ မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။

(၇) ကိုယ်ခံစွမ်းအား ကောင်းစေခြင်း

ဟင်းနုနွယ်ရွက် တစ်ခွက်စာ ပမာဏမှာ တစ်နေ့တာ မှီဝဲသင့်တဲ့ ဗီတာမင်အေ ၃၃၇ ရာခိုင်နှုန်းကျော် ပါဝင်တာကြောင့် လူ့ခန္ဓာကိုယ်ရဲ့ အဝင်ဝနေရာတွေဖြစ်တဲ့ အမြှေးပါး၊ အသက်ရှူ လမ်းကြောင်းစနစ်၊ ဆီးလမ်းကြောင်းနဲ့ အူလမ်းကြောင်း စနစ်တို့ကို အားကောင်း သန်စွမ်းစေပါတယ်။ ဒါ့အပြင် သွေးဖြူဥတွေမှာလည်း အဓိက ပါဝင်တာကြောင့် ကူးစက်ပိုးတွေကို တွန်းလှန် ပေးနိုင်ပါတယ်။

(၈) အရေပြား ကျန်းမာစေခြင်း

ဟင်းနုနွယ်ရွက်မှာ ပါတဲ့ ဗီတာမင်အေဟာ အရေပြားမှာ အစိုဓာတ်ကို ထိန်းပေးတာကြောင့် ဆိုးရီးယေးစစ် ရောဂါ၊ ဝက်ခြံနဲ့ အရေးကြောင်း ဖြစ်တာတွေကို တွန်းလှန်ပေးကာ အရေပြားကို ကျန်းမာ စေပါတယ်။

(၉) အရိုးသိပ်သည်းဆ ကောင်းစေခြင်း

ပြုတ်ထားတဲ့ ဟင်းနုနွယ် တစ်ခွက်စာ ပမာဏမှာ ဗီတာမင်ကေ တစ်နေ့တာ လိုအပ်တဲ့ ပမာဏ ၁၀၀၀ ရာခိုင်နှုန်းကျော် ပါဝင်တာကြောင့် အရိုးတည်ဆောက်မှု အားကောင်း စေပါတယ်။

(၁၀) ဦးနှောက်နှင့် နာ့ဗ်ကြောစနစ် လုပ်ငန်းဆောင်တာကို ကောင်းစေခြင်း

ဟင်းနုနွယ်ရွက်မှာ များစွာပါဝင်တဲ့ ဗီတာမင်ကေဟာ နာ့ဗ်ကြော တစ်ဝိုက်က အဆီပြင် (Sphingolipids) တည်ဆောက်မှု အတွက် မရှိမဖြစ် အစိတ်အပိုင်းဖြစ်တာကြောင့် နာ့ဗ်ကြော စနစ်နဲ့ ဦးနှောက် လုပ်ငန်းဆောင်တာ တွေကို ကျန်းမာစေပါတယ်။

ကြယ်စင်
Ref: Good Health
မြဝတီ

Wednesday, July 3, 2013

ကျောက်ဖရုံ


Botanical Name : Benincasa Cerifera

Myanmar Name : ကျောက်ဖရုံ

English Name : White Pumpkin; White Gourd Melon; Wax Gourd; Ash Pumpkin

Family : CUCURBITACEAE

Distribution : မြန်မာနိုင်ငံ အနှံအပြားတွင် ပေါက်ရောက်သည်။ စိုက်ပျိုးပင်ဖြစ်သည်။

Appearance : တစ်နှစ်ခံ နွယ်ပင်ကြီး ဖြစ်သည်။ အချိုမျိုး၊ အခါးမျိုး နှစ်မျိုးရှိသည်။ အဖြူရောင် (သို့) သံချေးရောင် အမွှေးကလေးများ ဖုံးလွှမ်းနေသည်။ ပင်စည်တောင့်တင်းသည်။ ထောင့်ပါသည်။ အလျားလိုက် မြောင်းပါရှိသည်။ အမွှေးကြမ်းများ ဖုံးလွှမ်းနေသည်။ နွယ်နှာမောင်း သုံးစုံဖြစ်သည်။ အရွက် - အချင်း ၃ - ၆ လက်မရှိသည်။ နဂါးပုံဖြစ်ပြီး အဝိုက်ရှိသည်။ အဝိုက်များသည် ကျယ်ပြန့်၍ သုံးမြှောင့်ဖြစ်သည်။ ထိပ်ချွန်း (သို့) ထိပ်ချွန်းသွယ်သည်။ အရွက်၏ မျက်နှာသည် တောက်ပသော အစိမ်းရောင်ဖြစ်ပြီး အောက်မျက်နှာသည် အရောင်ပျော့၍ အမွှေးပါ ရွက်ညှာသည် တုတ်သည်။ ၂ -၃ လက်မ ရှည်သည်။အပွင့် - ကြီး၍ ပွင့်ထီးဖြစ်သည်။ အဝါရောင် ဖြစ်သည်။ အပင်တည်း လိင်စုံပင်ဖြစ်သည်။အဖိုပွင့် - ပွင့်ဖတ်ပုံ ခေါင်းလောင်းပုံ ဖြစ်သည်။ အမွှေးထူသည်။ အဝိုက် ၅ ခုရှိသည်။ အရင်းချွန် ဝမ်းဘဲဥပုံ ဖြစ်သည်။ စပါးပါရွက် သုံးခုရှိသည်။ ပွင့်ချပ်ပုံ နှုတ်ကင်းမှ ထွက်သည်။ ဝတ်ဆံတိုင်း ဒေါင့်ပါ၍ အရင်း၌ အမွှေးများရှိသည်။ ဝတ်ဆံ၏ မျက်နှာပြင် အပြင်ဘက်သို့ လှည့်နေသည်။အမပွင့် - ပွင့်ဖတ်အုံနှင့် ပွင့်ချပ်အုံများသည် အဖိုပွင့်များ ကဲ့သို့ပင် ဖြစ်သည်။ အစာအိမ်သည် ငှက်တောင်ပံပုံ (သို့) ဘဲဥပုံ ဖြစ်သည်။ အမွှေးရှိသည်။ ဝတ်မှုန်ခံတိုင် တုတ်သည်။ ဝတ်မှုန်ခံ ၃ ခုရှိသည်။ ကွေ့ကောက်သည်။ အစေ့လောင်းများပြားသည်။အသီး - အစေ့များ၊ ခွံ့မာသီး ဖြစ်သည်။ အသားများသည်။ ငှက်တောင်ပံပုံ (သို့) ဘဲဥပုံ ရှိသည်။ အမွှေးရှိသည့် အသီး ငယ်စဉ်၌ တောက်ပသော အစိမ်းရောင် ရှိသည်။ ရင့်မှည့်သော အခါ ချောမွတ်လာသည်။ အပေါ်ယံ ဖယောင်းဖြင့် ဖုံးအုပ်လျက် ရှိသည်။ အဖြူရောင် အကွက်များ ပါရှိသည်။ ဖြူသော အသားရှိသည်။ အစေ့သည် ဝမ်းဘဲဥပုံ၊ လှံစွပ်ပုံ ဖြစ်သည်။ ပြားသည်။

Useful Part : အသီး၊ အစေ့၊ အမြစ်၊ အပွင့်။

Usage : များသောအားဖြင့် အသီးကို သုံးရသည်။ ချို၏။ အမှည့် အနည်းငယ်ဖန်၏။ အေး၏။ (အစိမ်း) အနည်းငယ်အေး၏။ ဝိပါက ချို၏။အကျိုးသွား - အားကိုတိုးပွားစေ၏။ သုတ်ကို တိုးပွားစေ၏။ ကြေကျက်ခဲ၏။ မှည့်သော အသီးသည် ဝမ်းမီးကို တောက်စေ၏။ ကြေကျက်လွယ်၏။ ဆီးအိမ်ကို သုတ်သင်တက်၏။ သည်းခြေကို နိုင်၏။ အသုံးပြုပုံ - ကျောက်ဖရုံသီး၏ သတ္တုရည်ကို သွေးအန်သွေးဝမ်း၊ သွေးယိုစီးသော ရောဂါများကို တိုက်ကျွေးလျှင် ပျောက်ကင်းစေသည်။ ကျောက်ဖရုံသီးကို ဆီးနည်း၊ ဆီးအောင့်၊ ဆီးချုပ်၊ ဆီးကျောက်တည် ရောဂါများ၌ အသီးသတ္တုရည် ၃ ကျပ်သားတွင် ရှိန်းခိုနှင့် ဂျုံပင်ပြာ ဆားအနည်းငယ် ရောထည့်၍ တိုက်ကျွေးခြင်းဖြင့် ပျောက်ကင်းစေနိုင်သည်။ အဆုတ်နှင့် ပတ်သက်၍ မြစ်ခြောက်နာ၊ အဆုတ်ရောဂါ၌ အားအင် ကုန်းခမ်းခြင်းတို့အတွက် အသီးကို ငရုတ်ကောင်း၊ ပိတ်ချင်း၊ ဂျင်း၊ ပျားရည်၊ ထောပတ်၊ သကြားတို့နှင့် ရောစပ်၍ (ကုမ္ဘဏ္ဍချက်ဆေး) အဖြစ် အသုံးများကြသည်။ ကျောက်ဖရုံစေ့ ငါးမတ်သားကို ကြိတ်၍ နှမ်းဆီတို့နှင့် ဖျော်ပြီး တိုက်ကျွေးပြီးနောက် နူးညံ့သော ဝမ်းနှုတ်ဆေး တိုက်ကျွေးလျှင် သန်၊ တုတ် ပိုးမွှားကို ကျဆင်းစေသည်။ ကျောက်ဖရုံစေ့မှ အဆီထုတ်၍ တိုက်ကျွေးလျှင် သန်၊ တုတ်များကို ကျဆင်းစေပါသည်။ ကျောက်ကပ် ဖောရောင်ခြင်းနှင့် အသည်းရောင် အသားဝါ ရောဂါများ၌ အသီး၊ သတ္တုရည်ကို သကြား၊ ကလူးကို့စ် တို့နှင့် တိုက်ကျွေးခြင်းဖြင့် ပျောက်ကင်းစေပါသည်။

စောင်းလျားသီး


Botanical Name : Averrhoa carambola Linn

Myanmar Name : စောင်းလျားသီး

English Name : Carambola

Family : AVERHOACEAE

Distribution : မြန်မာ နိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်သည်။ သမပိုင်း ဒေသတွင် ပေါက်လေ့ ရှိသည်။

Appearance : ၁၅ ပေမှ ပေ ၂၀ ထိ မြင့်သော ပင်လတ်မျိုး ဖြစ်သည်။ အရွက်မှာ လိမ္မော်ရွက်ထက် ကျယ်ပြန့်၍ အရွက် အောက်ဘက် အရောင် ဖြူသည်။ အရွက် အပေါ်ဖက် အရောင် စိမ်းဖန့်ဖန့် ဖြစ်သည်။ အပွင့်မှာ ဖြူ၍ စဉ်းငယ်ဝါသော အရောင်ရှိသည်။ အသီးမှာ ၄-၅ မြှောင့် ရှိသည်။ ဆေးဖက် အသုံးပြုရာတွင် အသီးကို အများဆုံး သုံးကြသည်။

Useful Part : အသီး၊ အခေါက်။

Usage : အသီးမှည့်ကို စားပေးခြင်းဖြင့် ဝမ်းချုပ် ရောဂါ၊ ရေငတ် ရောဂါ ပျောက်ကင်းစေသည်။ စောင်းလျားသီးမှည့်ကို သကြားနှင့် စားပါက အော့အန်ခြင်း၊ အစာမကြေခြင်းကို ပျောက်ကင်းစေသည်။ စောင်းလျားသီးမှည့် ရှာလပတ်ရည် (syrup) သောက်ပေးပါက အဖျားကို ပျောက်စေသည်။ စောင်းလျားသီးကို အခြား ဟင်းလျာများနှင့် ချက်၍ စားပါက နှုတ်ကို မြိန်စေသည်။ အတွင်း လိပ်ခေါင်း ရောဂါ အတွက် စောင်းလျားသီးမှည့်ကို ဓာတ်စာအဖြစ် စားပေးရသည်။ စောင်းလျားသီးမှည့် ဖျော်ရည် (သို့မဟုတ်) စောင်းလျားသီးမှည့်ကို ငါးပြေမနှင့် ချက်စားက ကျောက်ကပ် ကျောက်တည်ခြင်း၊ ဆီးအိမ်နှင့် သည်းခြေ အိတ်တို့တွင် ကျောက်တည်ခြင်း တို့ကို သက်သာ ပျောက်ကင်း စေပါသည်။ စောင်းလျားသီးကို ချဉ်ရည်ဟင်း ချက်စား ပေးပါက ဆီးနှင့်ဝမ်း ကို မှန်စေသည်။ နှုတ်မမြိန်ခြင်း၊ အစားအသောက် ပျက်ခြင်း၊ အစာမကြေခြင်း ဖြစ်လျှင် စောင်းလျားသီး အစိမ်းကို ပါးပါးလှီး၍ ငါးနှင့် ချက်စားခြင်းဖြင့် ပျောက်နိုင်သည်။ရင်ဘတ်နာ၊ လေနာ၊ မီးယပ် ဝမ်းပျက်၊ အသံပျက် ရောဂါ များအတွက် စောင်းလျားသီးမှည့် ၂၀ လုံး၊ သကြား ၅ ကျပ်သား၊ ပျားရည် ၁၂ ကျပ်ခွဲသား၊ စမုန်စပါး၊ စမုန်နီ၊ စမုန်ဖြူ၊ စမြိတ်မှုန့် ၂ ပဲစီ ထည့်၍ မွှေပြီး ၁၀ ရက်ခန့် ထားပါ။ ထို့နောက် ည၊ နံနက် ဆေးရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းကျ သောက်ပေးခြင်းဖြင့် အဆိုပါ ရောဂါများကို သက်သာ ပျောက်ကင်း စေနိုင်ပါသည်။

နွယ်သာကီ


Botanical Name : Nerium indicum Mill

Myanmar Name : နွယ်သာကီ

English Name : Roses of Sharon, Oleander

Family : APOCYNACEAE

Distribution : မြန်မာနိုင်ငံ အနှံ့အပြား တွင် ပေါက်ရောက်၏။ အပူပိုင်း၊ အပူ သမပိုင်း ရာသီဥတု နှစ်မျိုးလုံး ၌ ဖြစ်ထွန်းသည်။ သဘာ၀ အလျောက် ပေါက်ရောက် သော်လည်း အလှပင် အဖြစ် စိုက်ပျိုး ကြသည်။

Appearance : အမြဲ စိမ်းလန်းပြီး သန်မာသော အပင်ငယ်မျိုး ဖြစ်သည်။ ပေ ၂၀ ထိ မြင့် တက်နိုင်သည်။ အကိုင်းများ တောင့်တင်း ပြီး အပေါ်သို့ ထောင်မတ် နေသည်။ ၃ ရွက် ပတ်လည် ထွက်သည်။ လှံစွပ်ပုံ ရှိ၏။ အရင်း အဖျား နှစ်ဖက် ချွန်သည်။ ရွက်ပြား ထူ၍ ကျဉ်းပြီး သားရေကဲ့သို့ ပြောင်ချော နေသည်။ ရွက်လယ်ကြော အလွန်မာ သည်။ ရွက်ညှာတိုသည်။ အပွင့် ကြီး၍ ခေါင်းလောင်းပုံ ရှိသည်။ အဖြူရောင် သို့မဟုတ် ပန်းရောင် ကြက်သွေးရောင် ရှိသည်။ ချိုသော အနံ့ရှိ၍ အပွင့်များ အကိုင်းဖျား၌ အဆုပ်လိုက် ပွင့်သည်။ တန်ခူးလမှ နယုန်လ အတွင်း ပွင့်သည်။
 
Useful Part : အမြစ် နှင့် အရွက်။

Usage : မြန်မာ ဆေးကျမ်း များ အလို အရ အမြစ် သည် ခါးသော သတ္တိ ရှိ၏။ အားကို ဖြစ်စေ သည်။ ကာမကို အားပေး၏။ အလွန် အဆိပ် များသော ကြောင့် မြွေဆိပ် နှင့် အခြား ပြင်းသော အဆိပ်များ ကို နိုင်၏။ နူနာ၊ ပွေးနာ နှင့် နာကျင် ကိုက်ခဲ ခြင်းတို့ ကို ပျောက်ကင်း စေနိုင်သည်။ (သောက်ဆေး အဖြစ် လုံး၀ မသုံး ရပေ။ ပြင်ပ လိမ်းဆေး အဖြစ်သာ သုံးနိုင်၏။ အဆိပ်ပင် ဖြစ်သည်။) အမြစ်မှုန့်ကို ရေနှင့် ဖျော်၍ လိမ်းပါက ကင်ဆာနာ၊ ပြည်တည် အနာများ နှင့် နူနာ ရောဂါများ ပျောက်ကင်း၏။ ဖျားသော သူကို နားတွင် လိမ်းပေးပါက အဖျား ပျောက်ကင်း၏။ အဆိပ်ကို ပြယ်စေ သဖြင့် ကင်းကိုက်၊ မြွေကိုက်သော နေရာများတွင် အမှုန့် ပြု လိမ်းပေးပါက ပျောက်ကင်း၏။ အမြစ်မှုန့် ဖြင့် ခေါင်းကို ပွတ်ပေးပါက ခေါင်းကိုက်ရောဂါ ပျောက်၏။ အမြစ်ခေါက်မှုန့်ကို ပွေးနာနှင့် အခြား အရေပြား ပေါ်ဖြစ်သော ယားနာများတွင် အသုံးပြု နိုင်သည်။အရွက်ကို အမှုန့်ပြု၍ ယားနာ၊ ပွေးနာ များတွင် လည်းကောင်း၊ ပြုတ်ရည်ကို အရောင်ကျစေရန် လည်းကောင်း လိမ်းပေးလျှင် ပျောက်ကင်း၏။ အရွက်ကို အရည်ညှစ် ၍ မြွေကိုက်ရာတွင် အနည်းငယ် လိမ်းပေးပါက မြွေဆိပ် ပျောက်ကင်း၏။ အခြား အဆိပ် ပြင်းသော အကောင်များ ကိုက်ရာ တွင်လည်း အသုံးပြု နိုင်၏။

Tuesday, July 2, 2013

ပဒိုင်း


Botanical Name : Datura stramoniumLinn

Myanmar Name : ပဒိုင်း

English Name : Devils Apple

Family : SOLANACEAE

Distribution : မြန်မာ နိုင်ငံ နေရာ အနှံ့ အပြားတွင် ပေါက်ရောက်သည်။သဘာ၀ အလျောက် ပေါက်ရောက်သည်။

Appearance : အပင် - နှစ်ရှည်ခံ အပင်ငယ် မျိုးဖြစ်၏။ ၂ ပေ မှ ၃ ပေ ထိ မြင့်၏။ အကိုင်း ပင်စည် နှင့် ရိုးတံ များ ခရမ်းညို ရောင် ရှိ၏။ အကိုင်း ဖြာသည်။ အရွက် - ရွက်လွှဲ ထွက်သည်။ အရင်းပိုင်း ကျယ်ပြီး အဖျားပိုင်း ရှူး၍ ချွန်သွယ် သွားသည်။ရွက်ရင်း မညီညာ၊ တစ်ဖက် တို တစ်ဖက် ရှည် ဖြစ်နေ၏။ ရွက်ညှာ ရှည်သည်။ ခရမ်းနု ရောင်ရှိသည်။ ရွက်ကြော ထင်ရှား သည်။ရွက်နား တွန့်၏။ အပွင့် - ခေါင်းလောင်း ပုံသဏ္ဌာန် ရှိသည်။ အပွင့် ကြီးသည်။ အတွင်းသား ဖြူ၍ အဖျား ခရမ်း ညိုရောင် ရှိသည်။ တစ်ပွင့် ချင်း ပွင့်သည်။ အချို့ အပွင့်များ ၁ ထပ် မှ ၃ ထပ် ထိ တွေ့ရှိရသည်။ ကဆုန်၊ နယုန် လတွင် ပွင့်၏။ အသီး - လုံးချင်း သီးသည်။ အချင်း ၁ ၁/၂ လက်မ- ၂ လက်မ အထိ ရှိသည်။ အသီးပေါ် တွင် ဆူးနု ကလေးများ ရှိသည်။ အစေ့ အနက် ရောင် ရှိ၏။

Useful Part : အရွက်၊ အစေ့၊အမြစ်။

Usage : မြန်မာ ဆေးကျမ်း များ အလိုအရ ပဒိုင်းညို သည် ခါး၏။ သက်၏။ စူးရှ၏။ ပူ၏။ အားကို တိုးစေ၏။ မူးယစ်စေ တတ်၏။ အဖျား ရောဂါ ကို ပယ်၏။ နူနာ၊ ပိုးနာ တို့ကို နိုင်၏။ သန်ကို ကျစေ၏။ ကိုယ်ရေ ပြားရောဂါ၊ မြင်းသရိုက်နာ၊ အဆုတ်ပွ ရောင်နာတို့ကို ပယ်၏။ လေကို အထူး ပယ်နိုင်၏။ အသုံးပြုပုံ - အရွက် ကြိတ်ညှစ်ရည် အနည်းငယ် ကို မလိုင်ထုတ် ပြီး နွားနို့နှင့် သောက်ပါက ညောင်းကျ ရောဂါ ပျောက်၏။ မိန်းမများ နို့တွင် ဖြစ်သော အပူကြိတ် နှင့် ရောင်ရမ်းခြင်း တို့အတွက် ပဒိုင်းရွက် နှင့် နနွင်းကို ကြိတ်အုံ ပေးသော် ပျောက်၏။ ပဒိုင်းရွက် ကို ပါးပါး လှီး နေလှန်းပြီး ဆေးလိပ် ကဲ့သို့ လိပ်၍ သောက်ရှူ သော် လတ်တလော ပန်းနာ ရင်ကျပ် ဝေဒနာမှ သက်သာ စေ၏။ အရွက် ကို မီးကင်၍ ကပ်ပေး ပါက အဆစ်ရောင် ရောဂါ နှင့် အရိုးကိုက် ရောဂါ ပျောက်၏။ အရွက် ကို ဆေးပေါ့လိပ် တွင် ထည့်၍ သောက်ခြင်း အားဖြင့် ပန်းနာ ရောဂါကို သက်သာ စေသည်။ အစေ့ကို ကြိတ်၍ သွားဖုံးရင်း တွင် အနည်းငယ် ခန့် သိပ်ပေးသော် သွားကိုက်၊ သွားနာခြင်း ရောဂါများ ပျောက်၏။ အစေ့ သို့မဟုတ် အမြစ် ကို ကာမ အားတိုးဆေး အဖြစ် သုံး၏။ အစေ့မှုန့် ကို နှမ်းဆီ တွင်၇ ရက် စိမ်ပြီး ယင်းဆီဖြင့် ခေါင်းကိုက်၊ မျက်ရိုးကိုက်၊ ခါးကိုက်၊ဒူလာ ခြေနာ များကို သုတ်လိမ်း၍ အဝတ်ပါးပါး စည်းထားက ပျောက်၏။ ဓမ္မတာ လာစဉ် ကိုက်ခဲခြင်း အတွက် လည်း ဆီးခုံ၌ သုတ်လိမ်း ပေးခြင်းဖြင့် ပျောက်၏။ အမြစ် - ခွေးရူးပြန် ရောဂါအတွက် ပဒိုင်းမြစ် ကို ဆန်ဆေးရည် နှင့် သွေး၍ တိုက်ပြီး အမဲခြောက် ဖုတ် ကျွေးက ပျောက်၏။

ပိစပ်





Botanical Name: Eupatorium cannabinum Linn

Myanmar Name : ပိစပ်

English Name : Hemp Agrimony

Family : COMPOSITAE

Distribution : မြန်မာနိုင်ငံ အနှံ အပြားတွင် ပေါက်ရောက်သည်။ အလေ့ကျပင် အဖြစ် ပေါက်ရောက် ကြသည်။

Appearance : ပိစပ်ပင်တွင် ပိစပ် ရိုးရိုးနှင့် ပိစပ် (တော) ဟူ၍ နှစ်မျိုး ရှိသည်။ ပိစပ် ရိုးရိုးသည် အပင်ငယ်မျိုး ဖြစ်သည်။ အပွင့်သည် အဝါရောင် ဖြစ်သည်။ အရွက်မှာ လက်ဝါး သဏ္ဍာန် ခွေးသွားစိပ်များ ရှိသည်။ ရွက်ဖျား ချွန်၏ အပွင့်သည် အပင် ထိပ်ဖျား အခက်ဖျား ပွင့်၏။ ၎င်းအပွင့်သည် စူးရှသော အနံ့ထွက်၏။ ၎င်းသည် ပဉ္စငါးပါး အလုံးစုံ ခါးသည်။

Useful Part : ပဉ္စငါးပါး

Usage : ပိစပ်ရွက်ကို ပြုတ်ပြီး တို့စားစရာ ဟင်းအဖြစ် လည်းကောင်း၊ သားငါးများနှင့် ရောနှော ချက်ပြုတ်၍ လည်းကောင်း၊ စားသုံးပါက ဝမ်းမီးကို တောက်စေ၍ ဝမ်းဖော၊ ဝမ်းရောင်၊ ဝမ်းပျက်ခြင်းကို ပျောက်ကင်း စေပါသည်။ နာတာရှည် ဝမ်းပျက်ခြင်း အတွက် အထူး သင့်လျော်သော ဟင်းလျာ တစ်မျိုးလည်း ဖြစ်ပါသည်။ ပိစပ်ရွက်ကို သင့်တော်သော အတိုင်းအတာ အထိ သုံးပါက ဆီးရွှင်စေပြီး၊ ချွေးထွက် စေပါသည်။ ပိစပ်ကို အလွန်အကဲ ဆေး၌ အသုံးပြုပါက အန်တက်သည်။ ပိစပ်သည် ကိုယ်ရေဝါ ရောဂါ၊ သွေးအန် သွေးကျ ရောဂါ၊ အနာပျက် ရောဂါ၊ ရောင်တင်းခြင်း တို့၌ အသုံးပြု နိုင်သည်။ ပိစပ်ရွက်သည် သွေးကို ကြွစေ၊ သက်စေ တက်သဖြင့် မီးယပ် သွေးငုပ်သူများနှင့် သင့်တော် ပါသည်။ ပိစပ်ရွက် သတ္တုရည်ကို အောင်စဝက်ခန့် တိုက်ကျွေးပေးခြင်းဖြင့် ငှက်ဖျား ရောဂါနှင့် အဆိပ်ရှိ သတ္တဝါများ ကိုက်ခဲခြင်းကို ပျောက်စေနိုင်သည်။ အအေးမိ ရောဂါနှင့် တုပ်ကွေး ရောဂါ များတွင် ပိစပ်ရွက် ပဉ္စငါးပါးကို ကွမ်းရွက်နှင့် ပြုတ်၍ အောင်စ ဝက်ခန့် တိုက်ကျွေးပါက သက်သာ စေသည်။ ပိစပ်ရွက်သည် တုတ်နှင့် သန်ကို ကျစေ နိုင်သော အစွမ်းရှိသည်။ ပိစပ်ရွက် သတ္တုရည် အောင်စဝက် ခန့်ကို သိန္ဒောဆားနှင့် တိုက်ပေးပါက သလိပ်ကို ကြေစေပြီး၊ သလိပ်ကို ရွှင်စေသည်။ ပိစပ်ကို ရိုးကိုက်ဖျားခေါ် ကြွက်သား ရိုးဆက်များ ပြင်းထန်စွာ ကိုက်ခဲ၍ ဖျားနာခြင်းကို ကုသရာတွင် သုံးသည်။ ပိစပ် သတ္တုရည်ကို အစာ မကြေသော ရောဂါများတွင် သုံးသည်။ ပိစပ် (တော) ၅၀ကျပ်သားကို ရေစင်အောင် ဆေး၍ ထောင်းထုပြီး အရွက်ဦးရည် (သို့) အရက်ပျံ ၁၀၀၀ စီစီတွင် သုံးရက်ကြာ စိမ်ထားပါ။ ၎င်း ဆေးရည်ကို ထိခိုက်ရှနာ ၊ ဒဏ်ရာ၊ အဆစ် အမြစ် ကိုက်ခဲနာ၊ အဖော အရောင်နှင့် အနာပေါက် ရောဂါ များတွင် ထည့်ပေးခြင်း၊ လိမ်းပေးခြင်းများ ပြုလုပ်ပါက အဆိုပါ အနာ ရောဂါများ လျင်မြန်စွာ သက်သာ ပျောက်ကင်း နိုင်သည်။ ပိစပ်ရွက် သတ္တုရည် (သို့) အဆိုပါ အရည်သည် အထူး အားဖြင့် ထိခိုက် ရှနာနှင့် ဒဏ်ရာများ အတွက် အထူး အစွမ်း ထက်သော ဆေးဖြစ်သည်။ ပိစပ် (တော) ပဉ္စငါးပါး ပြုတ်ရည်ကို အနှစ် ရအောင် ကျိုပြီး ပျားရည်နှင့် ရောစပ် သောက်သုံးပါက အာယုဝဎုန ဆေးအဖြစ် အသက်ကို ရှည်စေသည်။

ပျဉ်းတော်သိမ်


 

 Botanical Name: Clausena excavate Burm

Myanmar Name : ပျဉ်းတော်သိမ်

English Name : Curry Leave

Family : RUTACEAE

Distribution : မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်သည်။ သဘာ၀ အလျောက် ပေါက်ရောက်သည်။

Appearance: အပင် ငယ်မျိုး ဖြစ်သည်။ အမြင့် ၁၀ ကျော်ထိ မြင့် တတ်သည်။ အကိုင်း များ ဖြာ၍ ထွက်သည်။ ပင်စည် ညိုခြောက် ခြောက်ရောင် ရှိ၍ အနည်းငယ် ကြမ်းသည်။ ရွက်ပေါင်း ဖြစ်၍ ရွက်လွှဲ ထွက်သည်။ အလျား ၈ လက်မ ခန့်ထိ ရှည်သည်။ရွက်မြွှာ များ အချို့ ရွက်ဆိုင် ၊ အချို့ ရွက်လွှဲ ထွက်ပြီး ၁၅-၁၇ ရွက် ထိ ပါရှိသည်။ လှံစွပ် ပုံသဏ္ဌာန် ရှိသည်။ရွက်ရင်း ရွဲ့စောင်း ၍ အနည်းငယ် ဝိုင်းပြီး ရွက်ဖျား သွယ်သည်။ရွက်ညှာ တိုသည်။ရွက်ပြား ချော၍ ရွက်နား၌ မထင်ရှားသော ခွေးသွားစိပ် သို့မဟုတ် ထစ်ကလေးများ ရှိသည်။ရွက်လယ် ကြောသာ ထင်ရှား၏။ မွှေးကြိုင်သော အနံ့ရှိ၏။ အရွက် နုစဉ်တွင် အညိုရောင် ရှိသည်။ အပွင့်မှာ အဖြူရောင် ရှိသည်။ တန်ခူး ကဆုန်လများတွင် ပွင့်သည်။ အသီးသည် လုံးဝိုင်း၍ ပန်းရောင်နှင့် အဖြူရောင် ပေါ်တွင် အမည်းစက် ကလေးများ ရှိ၏။ အတွင်း၌ အစိမ်းရောင် အစေ့ တစ်စေ့သာ ပါရှိသည်။ဝါခေါင်၊ တော်သလင်း တွင် သီးမှည့်၏။

Useful Part: အရွက်။

Usage : မြန်မာ ဆေးကျမ်း များအလိုအရ ပျဉ်းတော်သိမ် သည် ခါးသက်သက် ရှိ၏။ ဖန်၏။ ပူ၏။ ကြေညက် လွယ်၏။ အပူကို ငြိမ်း စေ၏။ ဆီးကို ရွှင်စေ၍ အစာကို ကြေစေ၏။ နူနာ ၊ သွေးဖောက် ပြန်ရောဂါ၊ အဆိပ်သင့် နာတို့ကို နိုင်၏။ ပျဉ်းတော်သိမ် ရွက်ကို ဟင်းခတ် အမွှေးအကြိုင် အဖြစ် သုံးသည်။ ၎င်း အရွက်ကို များစွာ စားခြင်းဖြင့် ဝမ်းကို သက်စေသည်။ နို့ရည် ထဲတွင် ၎င်းအရွက်ကို ထည့်ကျို သောက်ပါက အဆိပ်ကို ပြယ်စေသည်။ပျဉ်းတော်သိမ် ရွက်ကို သွေးဆေး၊ လေဆေးများ ဖော်စပ်ရာတွင် အသုံးပြု၏။

ဖလန်တောင်ဝှေး



Botanical Name: Costus speciosus Smith

Myanmar Name : ဖလန်တောင်ဝှေး

English Name : -----------------

Family : ZINGIBERACEAE

Distribution : အိန္ဒိယ နိုင်ငံ၊ မြန်မာ နိုင်ငံ တို့တွင် အနံှ အပြား ပေါက်ရောက် သည်။ မိုးဥတုတွင် များစွာ ပေါက်ရောက် သည်။

Appearance : အပင် - လှပ တင့်တယ်သော သစ်ပင်ပျော့ ဖြစ်သည်။ ပင်စည်မှာ နီညိုရောင် ဖြစ်သည်။ ၄ ပေမှ ၁၀ ပေအထိ မြင့်သည်။
အရွက် - ငှက်တောင်ပုံ ဖြစ်၍ ထိပ်ချွန်သည်။ ၉ လက်မခန့် ရှည်သည်။ ပန်းခိုင် ထိပ်ဖျားမှ ထွက်၍ ကတော့ ပုံသဏ္ဍာန် ပန်းခိုင်ဖြစ်သည်။ ၃ လက်မခန့် ရှည်၍ နီသော ပွင့်ခံရွက်များ ပါရှိသည်။ အပွင့်ပွင့်ရွက် အဖြူဆွတ်ဆွတ် ဖြစ်သည်။ နုနယ်၍ လှိုင်းတွန့် ကဲ့သို့ ဖြစ်သည်။ကတော့ပုံ ဖြစ်သည်။ အချင်း ၃ လက်မခွဲခန့် ရှိ၍ ၂ လက်မခန့် ရှည်သည်။

Useful Part: အမြစ်

Usage : နှာစေး၊ ချောင်းဆိုး၊ အဖျား၊ အစာမကြေ လေနာ၊ အရေပြား ရောဂါ၊ မြွေကိုက်ခြင်း တို့ကို ကုသရာ၌ အမြစ်ကို သုံးသည်။ နားပြည်ယို၊ နားကိုက် ရောဂါကို ဖလံတောင်ဝှေး အခွံ့နွှာ မီးကင်ပြီး အတန်ကြာ အေးစေ၍ ရည်ညှစ်ယူ ၎င်းအရည်ကို နားအတွင်းသို့ ၃-၄ စက်ခန့် မကြာ မကြာ ထည့်ပေးရ၏။ ချောင်းဆိုး ရောဂါ၊ သာမာန် နှလုံးတုန် ရောဂါ တို့ကို ဖလှံတောင်ဝှေး ဟင်းချက် စားခြင်း၊ နှမ်းဆီ စစ်စစ်ဖြင့် ကြော်စားခြင်း တို့ဖြင့် သက်သာ စေနိုင်သည်။ ဒူလာရောဂါကို ဖလှံတောင်ဝှေး သုံးခွက် တစ်ခွက်တင်ကို သောက်လျှင် ပျောက်၏။ ဖလှံတောင်ဝှေးဥကို အခြောက်ခံ အမှုန့်ပြုလုပ်၍ ချင်း၊ သကြားနှင့် စပ်သောက်ပါက ပို၍ ပျောက်ကင်း၏။ ဖလံတောင်ဝှေးကို ငါးခူနှင့် ချက်စားပါက ကာမအားကို ဖြစ်စေသည်။ ငါးသိုင်းသားနှင့် ချက်စားက သွေးဝမ်း ရောဂါ ပျောက်စေသည်။ ပုစွန်နှင့် ကြော်ချက် စားလျှင် သွေးဝမ်း ရောဂါ ပျောက်စေသည်။ နွားသားနှင့် ချက်စားပါက ဆီးရွှင်ပြီး ကျောက်ကပ် ရောဂါကို ကာကွယ် စေနိုင် ပါသည်။ ရေကြက်သားနှင့် ချက်စားလျှင် ဆီးကျောက် တည်ခြင်း၊ ဆီးပူခြင်း၊ ဆီးအောင့်၊ ဆီးအားနည်းခြင်း၊ ဆီးကျန်ခြင်း၊ ဆီးဝါခြင်းတို့ကို ပျောက်စေသည်။ ဖလှံတောင်ဝှေးကို ဓါးပြားနှင့် ရိုက်၍ ဟင်းချက် သောက်က အမျိုးသမီးများ နို့မထွက်ခြင်း၊ နို့ပူခြင်း၊ ယားယံခြင်း၊ နို့အနာပေါက်ခြင်း၊ နို့ချောင်း ပိတ်ခြင်း၊ သကျည်း ကိုက်ခြင်း တို့ကို ပျောက်စေနိုင်သည်။ ဖလှံတောင်ဝှေးကို အခြောက်လှန်း အမှုန့်ပြု၍ အုန်းဆီနှင့် ဖျော်ပြီး စအိုနှင့် ဆီးစပ်ကို လိမ်းထားပါက သားအိမ် လျှောကျခြင်း၊ သားအိမ် အောင့်ခြင်း၊ ယောကျာ်း အူကျခြင်း၊ တိုနာ ဖြစ်ခြင်းတို့ကို ပျောက်စေသည်။ ဖလှံတောင်ဝှေး ပဉ္စငါးပါးကို ငရုတ်ကောင်း ၂ စေ့ထည့်၍ ကျကျ ပြုတ်သောက် ပါက ကျောက်ကပ်ရောင်၍ ဖောခြင်း၊ ခါးနာခြင်းတို့ကို သက်သာ ပျောက်ကင်း စေသည်။ ဖလှံတောင်ဝှေးကို အမှုန့်ပြု၍ ပျားရည်၊ ထောပတ်နှင့် တေ၍ လက်ဖက်ရည်ဇွန်း တစ်ဇွန်း တစ်နေ့ တစ်ကြိမ် စားသုံးခြင်းခြင့် အားအင် ကုန်ခမ်းခြင်းကို ပြန်လည် အားဖြည့် စေသည်။ မိန်းမများ ရင်သားတွင် ဖြစ်ပေါ်တက်သော သာမာန် အကြိတ်များအား ဖလှံတောင်ဝှေးကို ထုခြေ၍ အကျိတ်ပေါ် အုံပေးပြီး အဝတ် စည်းပေးခြင်းဖြင့် အကျိတ်ကို ကျေစေသည်။

ဖန်ခါးသီး



Botanical Name : Terminalia chebula Retz

Myanmar Name: ဖန်ခါးသီး

English Name: Chebulic Myribalan

Family : COMBERTACEAE

Distribution : မြန်မာနိုင်ငံ တဝှမ်းလုံး၌ ပျံ့နှံ့စွာ ပေါက်ရောက်သည်။ မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် တောင်ပေါ် ဒေသများတွင် အများဆုံး တွေ့ရသည်။ အိန္ဒိယ နိုင်ငံ၌လည်း ပေါက်ရောက်သည်။ သဘာ၀ အလျောက်သော် လည်းကောင်း၊ စိုက်ပျိုးပင် အဖြစ်သော်လည်းကောင်း ပေါက်ရောက်သည်။

Appearance : ပင်ကြီးမျိုး ဖြစ်ပြီး ပင်စည်ဖြောင့် ဖြစ်သည်။ ရွက်ဆိုင် ဆန်ဆန် ထွက်သည်။ နူးညံ့၏။ ပုံသဏ္ဍာန်မှာ ဘဲဥပုံ (သို့) ရှည်မျောမျော ဘဲဥပုံ ဖြစ်သည်။ အချို့ အရွက်များပေါ်တွင် ငွေရောင် မွေးညှင်းများ ရှိသည်။ ရွက်ထိပ်ချွန်၍ ရွက်ကြောများ ထင်ရှားစွာ တွေ့ရသည်။ အဖြူရောင် (သို့) အဝါရောင် သန်းသည်။ ပန်းပွင့်ရနံ့မှာ ပြင်းသည်။ ဧပြီလနှင့် မေလတွင် ပန်းပွင့်သည်။ အသီးမှာ ပြောင်ချော၍ မာသည်။ တစ်စေ့သီး ဖြစ်သည်။ ပုံသဏ္ဍာန်မှာ ဘဲဥပုံ ဆန်ဆန်ဖြစ်ပြီး ထိပ်ဖျားချွန်သည်။ အသားထူ၏။ အရသာမှာ ဖန်၏။ နိုဝင်ဘာလမှ ဇန်နဝါရီလ အထိသီးသည်။ အစေ့မှာ အဝါဖျော့ရောင် ရှိသည်။

Useful Part : အသီး၊ အစေ့၊ အခေါက်၊ အရွက် တို့ကို ဆေးဖက်တွင် အမျိုးမျိုး သုံးကြသည်။ အသီးကို တို့စရာအဖြစ် ထမင်းဝိုင်းတွင် ထည့်သွင်း စားသုံးသည်။

Usage : အသီးကို အမှုန့်ပြု၍ ပျားရည်၊ ထောပတ်တို့နှင့် ရောစပ် သောက်သုံးပါက အားကို ဖြစ်စေပါသည်။ သွားရောဂါနှင့် သွားဖုံးရောင်ခြင်း များအတွက် ငုံထွေး ဆေးရည်အဖြစ် သုံးသည်။ အနာဆွေး၊ အနာဟောင်းများနှင့် ထိခိုက်ရှနာများကို ပျောက်စေသည်။ ဖန်ခါးသီးကို အမှုန့်ပြု၍ အခြောက်ခံပြီး နှမ်းဆီနှင့် ရောနှော၍ လိမ်းပေးပါက အရေပြား ပေါ်မှ ယားနာများ ပျောက်စေသည်။ ထိုအမှုန့်ကို သိန္ဓောဆားနှင့် ဆတူရော၍ လျှက်ပါက ကြို့ထိုးရောဂါ ပျောက်စေနိုင်သည်။ ဖန်ခါးသီး အခြောက်သည် အစာမကြေ ရောဂါကို ပျောက်စေနိုင်သည်။ အသီးသည် နာတာရှည် ဝမ်းသွားခြင်း၊ ဝမ်းကိုက်ခြင်းကို ပျောက်စေနိုင်သည်။ လေရောဂါနှင့် လိပ်ခေါင်း ရောဂါများကို နိုင်နင်းစွာ ပျောက်ကင်းနိုင်သည်။ အခေါက်ကို ဆီးရောဂါ အမျိုးမျိုးအတွက် သုံးသည်။ နှလုံး အားတိုးဆေးတွင်လည်း အခေါက်မှုန့်ကို ထည့်သွင်း ဖော်စပ်သည်။ ထိခိုက်ရှနာများတွင် သွေးတိတ်စေရန် အခေါက်မှုန့်ကို သိပ်ပေးရသည်။

Thursday, January 31, 2013

ဇော်ဂျီတောင်ဝှေးပင်


အသုံးပြုပုံ-
အရွက်
၁။ အရွက်ကို ရေနှင့် ကျိုသောက်က သွေးအန်သွေးကျ သွေးလွန်ရောဂါ ပျောက်၏ ။ သကြားနှင့် ကျိုသောက်သော် ဝမ်းကောင်းစေ မှန်စေ၏ ။ ထန်းလျက်နှင့် ကျိုသောက်သော် အူရောင်ရောဂါ ၊ အသည်းရောင်ရောဂါတို့ ပျောက်၏ ။
၂။ ရွက်နုများကို ပါးပါးလှီး၍ သုပ်စားတို့စားလျှင် ဝမ်းကိုက်ရောဂါ ပျောက်၏ ။ ဝမ်းကို လည်းကောင်းစေ၏ ။
၃။ ဇော်ဂျီတောင်ဝှေးရွက်ကို လူနို့နှင့် ပြုတ်သောက်ပါက အဆုတ်ရောင်ခြင်း ၊ အသည်းရောင်ခြင်း နှင့် ကျောက်ကပ်တွင်ဖြစ်သော ရောဂါများ ပျောက်၏ ။

အမြစ်
၁။ အမြစ်ကို သွေး၍ ရှူလျှင် ထိပ်ကပ်နာနှင့် နှာခေါင်း သွေးလျှံ ၊ သွေးကျခြင်းများ ပျောက်၏ ။
၂။ လျှာ၌ အနာ ၊ အဖုအပိမ့်များပေါက်လျှင် ဇော်ဂျီ တောင်ဝှေး မြစ်ကိုသွေး၍ ဆားအနည်းငယ်ထည့်ပြီး လျှာနာ ကို နှိုက်ပေးရ၏။
၃။ အမြစ်ကို ပြုတ်သောက်က ဝမ်းကောင်းစေ၏ ။
၄။ အမြစ်ကို သွေးလိမ်းသော် ဝဲစို ၊ ဝဲခြောက်နာ ၊ ပေါက်ခြံကွဲနာနှင့် အခြားအနာအဆာများပျောက်၏။
 
ပဉ္စငါးပါး
၁။ အမျိုးသမီးများ မီးယပ်မပေါ်သော် ဇော်ဂျီတောင်ဝှေးပဉ္စငါးပါးကို သကြားနှင့် ကျိုသောက်က မီးယပ်ပေါ်စေ၏ ။
၂။ ဇော်ဂျီတောင်ဝှေး့ပဉ္စငါးပါးပြုတ်ရည်ကို သကြား ။ ကန်စွန်းရွက်ပြုတ်ရည်နှင့် ဖျော်စပ်၍ နေ့စဉ်သောက်သော် အဆုတ်နာ ပျောက်၏။
၃။ ဇော်ဂျီတောင်ဝှေး ပဉ္စငါးပါး ကြိတ်ညှစ်ရည် ၊ ချင်း ၊ ထန်းလျက်ရည်တို့ ဆတူစပ်၍ နေ့စဉ်သောက်သော် အမျိူးသမီးများ သွေးသားမှန်ကန်၍ လှစေ ဝစေ၏ ။ အမောလည်း ခံနိုင်၏ ။ အမျိုးသမီးကြီးများ သွေးဆုံးရောဂါကို လည်း ပျောက်စေ၏ ။

Tuesday, January 15, 2013

ကြိတ်မှန်ပင်


အသုံးပြုပုံ-
ပဉ္စငါးပါး
၁ ။ ပဉ္စငါးပါးအရည်ကို အားတိုးဆေးအဖြစ် လည်းကောင်း ၊ အသည်းရောင်ရောဂါ ၊ အရေပြားရောဂါကုဆေးအဖြစ် လည်းကောင်းသုံး၏ ။
 
၂ ။ ၎င်းအရည် နှစ်စက်ခန့် ကို ပျားရည်နှင့် ရော၍ မွေးစကလေး များအား တိုက်ပါက နှာစေးချောင်းဆိုး နာကို ပျောက်ကင်းစေသည်။ ဆံပင်နက်ဆိုးဆေးအဖြစ်လည်း သုံး၏ ။

အရွက်
၁ ။ အရွက်ရည်ကို ချောင်းဆိုး ၊ ခေါင်းကိုက်ရောဂါ ၊ အသည်းရောင် ၊ အဆစ်ရောင်ရောဂါကုဆေး ၊ အနာအုံဆေး ၊ ဖန်ဆေးအဖြစ် သုံးသည်။
 
၂ ။ အရွက်ကို အမှုန့်ထောင်း၍ နွားနို့ဖြင့် နေ့စဉ်သောက်သုံးခဲ့သော် မျက်စိအမြင်သန်၏ ။ ဆွံ့အသောသူများ စကားပြောနိုင်၏ ။ နားပင်းသူများ အသံကြားနိုင်၏ ။ နဲ့သောသွား ခိုင်၏။
 
၃ ။ ကြိတ်မှန်ရွက်နှင့် နှမ်းနက်ကို ဆတူယူ၍ အမှုန့်ပြုပြီး နွားနို့နှင့် အမြဲ မှီဝဲသော် အနာရောဂါ ကင်းစင်ပြီး အသင်ရှည်ကာ ဆံပင်လည်း နက်လာမည်။
 
၄ ။ ကြိတ်မှန်ရွက်အား ခေါင်းကိုက်ရောဂါ ၊ ထိပ်ပြောင်မွေးကျွတ်ရောဂါ ၊ အကျိတ်နာ ၊ မီးယပ်ထိမ်ခြင်းနှင့် ကာလသားရောဂါတို့တွင် အသုံးပြုကြသည်။
 
၅ ။ ကြိတ်မှန်ရွက်ရည်နှင့် ပင်စိမ်းရွက်ရည်ရော၍ တစ်နေ့ ၂ကြိမ် ခန့် မီးလောင်နာပေါ်တွင် လိမ်းပေးသော် ပူလောင်ခြင်း ပျောက်၍ အမာရွတ်များလည်း ပျောက်ကင်းသည်။
 
၆ ။ ကြိတ်မှန်ရွက်၊ ခွေးသေးပန်းရွက်တို့အား ရှိန်းခိုအနည်းငယ် ထည့်ကြိတ်ပြီး ကလေးနှာပိတ်လျှင် ငယ်ထိပ်မှ နှာခေါင်း အထိဆွဲပေးက ပျောက်၏ ။ ကျောပူ ခေါင်းပူ ချွဲထဖြစ်က ငယ်ထိပ်တွင် ပါးပါးလိမ်းပေးရ၏ ။ ကလေးများ သန်ဝမ်းသွား ၊ ကျောက် ၊ ဝက်သက် ၊ ရေကျောက် ဖြစ်က မိခင်နို့ရည်နှင့်ဖျော်ပြီး တိုက်ပေးနိုင်၏ ။
 
၇ ။ မီးယပ်သွေး ငုပ်လျှင် အရွက်ကို ထန်းလျက်နှင့် သုံးခွက်တစ်ခွက်တင် ကျိုသောက်သော် သွေးပေါ်စေ၏။

ကြံဟင်း


အသုံးပြုပုံ-
အပင်
၁ ။ အညွန့်ကို ကြက်ရိုးနှင့်သော် လည်းကောင်း ၊ တင်ကျီးရိုးနှင့် သော် လည်းကောင်း ဟင်းချိုချက်သောက်ပါက ဆီးအောင့် ဆီးချုပ်ရောဂါနှင့် အခြား ဆီးနှင့် ပတ်သက်သောရောဂါများ ပျောက်၏ ။ အေးအောင်ပြုသော ဆေးဘက်တွင် အကောင်းဆုံးဖြစ်သည်။
 
၂ ။ ကျောက်တည် ရောဂါ အတွက် ယင်းကြိတ်ညှစ်ရည် ကို နွားနို့ သကြားနှင့်ရော၍ သောက်ရ၏။ ၃ ။ မျက်စိရောဂါနှင့် လေနာ ၊ ရင်ဘတ်နာရောဂါအတွက် လည်း ဆေးအဖြစ် ဖော်စပ်အသုံးပြုနိုင်သည်။

အမြစ်
၁ ။ ဝမ်းသက်ဆေးအဖြစ် အမြစ်ခေါက်ကို ကြိတ်၍ နို့နှင့် သောက်ရ၏ ။
 
၂ ။ နူနာ ၊ ဖျဉ်းစွဲနာ ၊ ဒူလာရောဂါများအတွက် ချင်း ၊ ငရုတ်ကောင်း တို့နှင့်ဆေးဖော်စပ်၍ စားသုံးရ၏။

သြဇာပင်


အသုံးပြုပုံ-
အရွက်
၁ ။ သန်ကျ စေသည်။တုတ်ကောင်ကြီး များလည်း ကျစေသည်။ အရွက်ကို ကြိတ်၍ စားခြင်း ဖြင့် ပျောက်ကင်း စေသည်။ ကြိတ်၍ အုံကပ်ပေး ပါက အကြောငုပ် ခြင်း ၊ တက်ခြင်းများ ပျောက်၏ ။
 
၂ ။ အရွက်ကို ချေ၍ ရှူပေးသော် အမူးအမော် နှင့် ထိပ်ကပ်နာ ပျောက်၏။

အသီး
၁ ။ အသီးစိမ်း သည် ချုပ်သော သတ္တိ ရှိသဖြင့် ဝမ်းသွား ခြင်း ၊ ဝမ်းသက်ခြင်း များ အတွက် ကောင်း၏ ။ ဝမ်းကိုက်ရောဂါ ၊ လေနာရောဂါ နှင့် အစာအိမ် မကောင်းခြင်း တို့ကိုလည်း ပျောက်ကင်းစေသည်။
 
အစေ့
၁ ။ အမှုန့်ပြု ၍ အနာများကို ဖြူးပေးပါက ပိုးများကို ပျောက်ကင်းစေ သည်။ သြဇာစေ့ အတွင်းဆံ ကို ကြိတ်၍ မီးရှို့ အခိုး မှိုင်း တိုက်ပါက ဝက်ရူးနာ ပျောက်ကင်း သည်။
 
အမြစ်
၁ ။ အမြစ်ကို သွေး ၍ သောက်ပါက ဆီးချုပ် ရောဂါ ပျောက်ကင်း၏။အခေါက် ၁ ။ အခေါက်ကို အားဆေး ဖော်စပ်ရာ တွင် အသုံး ပြု ၏။

ကြစု ၊ ဖန်ခါးငယ်


အသုံးပြုပုံ-
အသီး
၁ ။ ပျားရည်နှင့် ကြစုသီးမှုန့်ကို လျက်ပေးသော် လေရောဂါ ပျောက်၏ ။

၂ ။ ကြစုသီးကို ထုခြေ၍ ဆေးတံတွင်ထည့်သောက်သော် ပန်းနာရောဂါ ပျောက်၏။
 
၃ ။ ကြစုသီးကို မုန့်ကျွဲသည်းကဲ့သို့ ကျိုစားသော် ဝမ်းတစစ်စစ် သက်သော ရောဂါ ၊ အစာမကြေ ဝမ်းသက်ရောဂါ ပျောက်၏ ။

၄ ။အသားကျယ်ပြန့်စွာ စားတတ်သော အနာကို ကြစုသီးငါးခွက်တစ်ခွက်တင်ပြုတ်၍ ဖန်ရေဆေးပေးရ၏ ။
 
၅ ။ ကြစုသီးကို ရေနှင့်သွေး၍ ပျားရည်၊ နှမ်းဆီတို့နှင့် ရောပြီး မီးလောင်သောနေရာ ၊ ရေနွေးပူလောင်သော နေရာတို့၌ လိမ်းကျံပေးရ၏။
 
၆ ။ ကြစုသီးမှုန့်ဖြင့် သွားတိုက်သော် သွားဖြူ၏ ။ သွားရောဂါပျောက်၏ ။ အသီးကို ရှားစေးနှင့် ပြုတ်ငုံသော် သွားခိုင်၏။ ကြစုသီးကို ငါးခွက်တစ်ခွက်တင် ကျို၍ ပျားရည်နှင့်ရောသောက်သော် အမျိုးမျိုးသော ခံတွင်း ရောဂါများပျောက်၏။
 
၇ ။ ကြစုသီးနှစ်ကို ကြိတ်၍ ခေါင်းတွင် လိမ်းပေးသော် ခေါင်းတစ်ခြမ်းကိုက်ရောဂါ ပျောက်ကင်း၏။
 
၈ ။ ကြစုသီးကို တစ်ညလုံး ရေနှင့် စိမ်ပြီး နံနက်တွင် ယင်းစိမ်ရည်နှင့် မျက်စိကို ဆေးကြောပေးသော် မျက်စိအေး၍ အမြင်သန်၏ ။
 
၉ ။ ကြစုသီးမှုန့်ကို မုရားကြီးရွက်ညှစ်ရည်ဖြင့် ၇ ကြိမ်တေ၍ ၇ ကြိမ် နေလှန်းပြီး ပျားရည်နှင့် တေ၍လျက်သော်သွေးအန် ၊ သွေးလျှံရောဂါ ပျောက်၏ ။
 
၁၀ ။ ကြစုသီးမှုန့်ကို ပျားရည်နှင့် လျက်လျှင်လည်းကောင်း ၊ ထန်းလျက်နှင့်တေ၍ အလုံးပြု စားလျှင်လည်းကောင်း ၊ အစာအိမ်အချဉ်ပေါက်ရောဂါ ပျောက်၏။
 
၁၁ ။ ကြစုသီးကို နွားကျင်ငယ်ရေနှင့် ပြုတ်၍ သောက်သော် သွေးအားနည်းရောဂါ၊ အချိ ၊ အဖောရောဂါ ပျောက်၏ ။

ကြက်ဟင်းခါး


အသုံးပြုပုံ-
အရွက်
၁။ ကြက်ဟင်းခါးရွက်ကို ဆား၊ ထန်းလျက်ထည့်၍ ၃ ခွက် တစ်ခွက်တင် ကျိုသောက်က တုန်ဖျား ၊ ချမ်းဖျား ပျောက်၏ ။
 
၂။ အရွက်ကြိတ်ညှစ်ရည်ကို သောက်လျှင် အူတွင်းရှိ ရောဂါပိုးများကို သေကြေပျက်စီး၏ ။
 
၃။ ကြက်ဟင်းခါးရွက်ရည်ကို ဖန်ခါးသီးနှင့် သွေးသောက်သော် အသည်းရောင်၍ အသားဝါသောရောဂါ ပျောက်ကင်း၏။

၄။ မူးမော်ခြင်းလည်း ပျောက်ရန်လည်းကောင်း ၊ညှော်ခံဆေးအဖြစ်လည်းကောင်း ၊ ကြက်ဟင်းခါးရွက်ကိုချေ၍ ရှူပေးရ၏။
 
၅။ အဖျားကို နိုင်သော သတ္တိရှိသဖြင့် အရွက်ကို ကြိတ်၍ ရသော အရည်ကို တိုက်ပေးခြင်းဖြင့် သွေးလွန်တုပ်ကွေးရောဂါပျောက်၏။
 
၆။ ခွေးရူးကိုက်သောနေရာများတွင် အရွက်ကိုကြိတ်၍ အုံပေးခြင်း၊ အရည်ညှစ်ထည့်ပေးခြင်း ၊ သောက်ပေးခြင်းဖြင့် ပျောက်ကင်း၏။
 
အသီး
၁။ ကြက်ဟင်းခါးသီးအခြောက်ကို ကျောက်ပျဉ်တွင် သွေးလူးသော် လည်ချောင်းရောင်သောရောဂါ ပျောက်ကင်း၏ ။
 
၂။ ကြက်ဟင်းခါးသီးရည်ကို ဆီနှင့် ရောသောက်က ကာလဝမ်းရောဂါ ပျောက်ကင်း ၏ ။ ၎င်းအရည်တွင် ပျားရည် အနည်းငယ် ရောသောက်လျှင် ရေဖျဉ်းရောဂါ ပျောက်ကင်း၏။
 
၃။ အသီးနုအရည်ကို မီးပေါ်၌ နွေး၍ လိမ်းပေးလျှင် အဆစ်ရောင်ရောဂါ ပျောက်၏ ။

ကြက်ဆူပင်


အသုံးပြုပုံ-
အရွက် 
၁ ။ အရွက်ကို ခေါင်း ကိုက်ပျောက်ဆေး၊ အနာအုံဆေး အဖြစ် အသုံးပြုသည်။
 
၂ ။ အရွက်ကို ရေဖြင့် သုံးခွက်တစ်ခွက်တင် ကျို၍ သောက်လျှင် လေသလိပ်အားကြီးခြင်း ၊ ဝှေးစေ့ကြီးခြင်း ၊ ဆီးအိမ်၌ ထုံကျင်ကိုက်ခဲခြင်းနှင့် လည်ချောင်းနာ ၊ သည်းခြေနာတို့ကို ပျောက်စေ၏။
 
အစေ့ 
၁ ။ ကင်းဆိပ်ဖြေဆေးအဖြစ် အစေ့ကို သွေး၍ လိမ်းပေးရ၏ ။

၂ ။ လေချုပ်၊ အဖျား ၊ ချောင်းဆိုး၊ ဝမ်းဗိုက် ဖောရောင် ၊ ထိုးအောင့်ခြင်း ၊ ခါး ၊ ဆီးအိမ် ၊ ခေါင်းကိုက်ခဲခြင်း နှင့် ပန်းနာ ၊ နူနာ ၊ ဖျဉ်းဒူလာ ၊ အသည်း ရောဂါ၊ ဝမ်းကိုက်ရောဂါတို့အတွက် ဖော်စပ်သောဆေးများတွင် ထည့်သွင်းအသုံးပြု၏ ။
 
အစေ့ဆီ 
၁ ။ အစေ့ဆီကိုပြုပြင်၍ ဝမ်းနုတ်ဆေးဖော်စပ်ရာတွင် သုံးသည်။
 
၂ ။ ကလေး လွယ်ကူစွာ ဖွားမြင်နိုင်ရန်အတွက် ကြက်ဆူဆီကို သုံး၏ ။
 
၃ ။ ကြက်ဆူဆီကို ဆံပင်သန်ဆေးအဖြစ်လည်း သုံး၏ ။
မှတ်ချက် ။ ။ အစေ့မှ တိုက်ရိုက်ထုတ်၍ ရသော အဆီကို စားသုံးဆေးအဖြစ် တိုက်ရိုက် သုံးစွဲ၍မရပါ။ ၎င်းအဆီမှ အဆိပ်ဖြစ်စေတတ်သော ဓာတ်များ ကို ထုတ်ပြီးမှ သောက်ဆေးအဖြစ် အသုံးပြုနိုင်သည်။ ကြက်ဆူစေ့ကို စားလျှင် သေနိုင်သည်။

နွားမြေရင်း


အသုံးပြုပုံ
ဥမြစ်ခေါင်း
၁။ နွားမြေရင်း ခေါင်းကို သလိပ်ပုပ် ရောဂါ၊ ဆီးပုပ် ရောဂါ တို့၌ သုံး၏။
 
၂။ နွားမြေရင်း ခေါင်းကို သွေး၍ လျှာကို ပွတ်ပေး ပါက လျှာရင်းတွင် ရှိသော အဖု အပိမ့် များပျောက် ၏။
 
၃။ နွားမြေရင်း ကို လျှာပွတ်ဆေး အဖြစ် လည်းကောင်း ၊ သူငယ်နာ ဆေး အဖြစ် လည်းကောင်း သုံး၏။

၄။ နွားမြေရင်း ခေါင်းကို သွေးလိမ်းက ကိုယ်လက် ရောင်ရမ်းခြင်း၊ ယားယံခြင်း နှင့် နူနာ ဖြစ်စရောဂါ ရေယုန်၊ ဝဲစို ဝဲခြောက် ရောဂါ တို့ ပျောက်၏။
 
၅။ နွားမြေရင်း ခေါင်းကို သွေး၍ ဆားအနည်း ငယ်ထည့်သောက် ပါက အဆိပ်ရောဂါ၊ အစားမှား ဆေးမှား ရောဂါ တို့ကို ပျောက်စေ၏။
 
၆။ မြွေနှင့် ဂျက်ကိုက်ခြင်း အတွက် နွားမြေရင်း ခေါင်းကို သွေး၍ တိုက်ခြင်း လိမ်းခြင်းဖြင့် ပျောက်ကင်း စေနိုင်၏။
 
၇။ နွားမြေရင်းခေါင်း ကို သွေးသောက် ခြင်းဖြင့် အစာအိမ် ရောဂါ၊ အစာအိမ် အချဉ်ပေါက် ရောဂါ များ ပျောက်၏။
 
၈။ နွားမြေရင်းခေါင်း ကို သွေးကာ သူငယ်စာ ငှက်ပျောသီး တွင် သုတ်လိမ်း၍ မီးကင်ပြီး ကလေးများ အား ကျွေးပါက သူငယ်နာ တက်ခြင်း၊ မျက်ဖြူလန်ခြင်း နှင့် မြွေကင်းကိုက်၍ အဆိပ်တက်ခြင်း များ ပျောက်၏။
 
၉။ နွားမြေရင်း ကို ပြုတ်သောက် ပါက ညောင်းကျ ရောဂါ ပျောက်၏။
 
၁၀။ ဥပသကာ နှင့် ပြုတ်သောက် ပါက ဆစ်ဖလစ် ရောဂါ ပျောက်၏။
 
၁၁။ နွားမြေရင်း ကို သွေးသောက် ပါက အော့အန် ခြင်း ပျောက်၏။ အမှုန့် ကို သောက်က ကင်းဆိပ် ကျဆင်း စေ၏။
 
၁၂။ အချွဲ အကျိ များကို ကျဆင်း၍ ဝမ်းကိုက်ခြင်း၊ သွေးစ သွေးနနှင့် ဝမ်းသွား ခြင်းတို့ အတွက် နွားနို့၊ ရေနှင့် နွားမြေရင်း တို့ကို ထည့်ကျို၍ နို့သက် သက် ကျန်သော အခါ မှ သောက်ပါက ရောဂါ ပျောက်၏။

ကြောင်လျှာပင်


အသုံးပြုပုံ-
အခေါက်
၁ ။ ကြောင်လျှာအခေါက်မှုန့်ကို ချင်းရည် ၊ ပျားရည်တို့နှင့် ရောစပ်လျက် သောက်သော် ပန်းနာ ချောင်းဆိုးရောဂါ ပျောက်၏ ။
 
၂ ။ အခေါက်မှုန့်ကို ရေနွေးတွင် ၂ နာရီခန့်စိမ်၍ စစ်ပြီး နံနက် ည သောက်သော် အစာမကြေရောဂါ ပျောက်၏ ။
 
၃ ။ ကြောင်လျှာခေါက် ကို ရေစိမ်၍ ၎င်းရေနှင့် ပလုတ်ကျင်း ပေးသော် ခံတွင်း ခြောက် ကွဲနာ ပျောက်၏ ။

၄ ။ သားဖွားပြီး နာကျင်ကိုက်ခဲသည့်ရောဂါ ၊ ခေါင်းတစ်ခြမ်း ကိုက်ရောဂါများအတွက်လည်း ကြောင်လျှာခေါက်ကို သုံး၏ ။
 
၅ ။ အမြစ်ခေါက်ကို အဆစ်အမျက်ရောဂါဖျားရောဂါ ၊ ဝမ်းဖော ၊ ဝမ်းရောင် ၊ ဝမ်းကိုက်ရောဂါများအတွက် အသုံးပြု၏ ။
 
အရွက်
၁ ။ ကြောင်လျှာရွက်ညှစ်ရေကို သောက်သော် ဘိန်းဆိပ်သင့် ခြင်း ပျောက်၏ ။
 
၂ ။ ကြောင်လျှာရွက်ပြုတ်တို့စားက ဝမ်းမီးကောင်း၏ ။
 
အသီး
၁ ။ အသီးကို ပြုတ်၍ လည်းကောင်း ၊ ဖုတ်၍ လည်းကောင်းစားခြင်းဖြင့် အစာမကြေရောဂါ ၊ လည်ပင်းကြီးရောဂါ ၊ သရိုက်ရောဂါ ပျောက်၏။ သုပ်စားခြင်းဖြင့် လည်ချောင်းတွင်း အပူဖုပေါက်သောရောဂါ ပျောက်သည်။
 
၂ ။ ကြက်သားနှင့် ချက်စားပါက ပန်းနာရောဂါ ပျောက်၏ ။
 
၃ ။ ငါးရံ့ဖြင့်ချက်စားပါက ကာလဝမ်းရောဂါပျောက်၏ ။ အားကို ဖြစ်စေပြီး အစာမကြေရောဂါ ဝမ်းပျက်ရောဂါပျောက်၏။
 
၄ ။ ပုစွန်ဖြင့် ချက်စားက နှလုံးလေရိုက်ရောဂါ ၊ နှလုံးတုန် ၊ ရင်တုန်ရောဂါ ပျောက်၏
 
၅ ။ ငါးသလောက်ဖြင့် ချက်စားက အဖောရောဂါကို ကျစေ၍ လူကို ဝဖြိုးစေပြီး နှလုံးအားနည်းခြင်း ကို ပျောက်စေသည်။
 
၆ ။ ငါးမြွေထိုးနှင့် ချက်စားက ဒူလာသွေးဝမ်း မီးယပ်သွေးဝမ်း နှင့် မြင်းသရိုက် ရောဂါတို့ကို ပျောက်ကင်းစေ၏။
 
အမြစ်
၁ ။ အမြစ်ကိုသွေး၍ လိမ်းပေးခြင်းဖြင့် အနာဝင် မန်းလိုက်ခြင်း ပျောက်ကင်းသည်။

ကြောင်ရိုသေပင်


အသုံးပြုပုံ-
အရွက်
၁ ။ ကြောင်ရိုသေပင်၏ အရွက်ရည်ကို ကလေးသူငယ်နာ ချွဲကျပ်ရောဂါအတွက် တမာရွက်ရည် နှင့် ရောစပ်တိုက်ပါက ဝမ်းသွားခြင်း ၊ အော့အန်ခြင်းကို သက်သာစေသည်။ ချွဲကျစေသည်။
 
၂ ။ အရွက်ပြုတ်ရည် ကို အန်ဆေးအဖြစ် တိုက်ပေးခြင်း ဖြင့် အဆုတ်ရောင်ခြင်း တို့ကို ပျောက်၏ ။
 
၃ ။ အရွက်ခြောက်ပြုတ်ရည်ကို တိုက်လျှင် အသက်ရှူလမ်းကြောင်း တစ်လျှောက်၌ ရှိသော အညစ်အကြေးပိတ်ဆို့ခြင်းကို ရှင်းလင်း စေပြီး အသက်ရှူပြွန်တံ ရောင်ခြင်းကို သက်သာစေ၏ ။ ပန်းနာရောဂါ ၊ မီးယပ်ကွက်ပေါ်သောရောဂါ ၊ သွေးတိုးရောဂါတို့ကို လည်း ပျောက်စေ၏။

၄ ။ အရွက်ကို ကြိတ်၍ အနာပေါ်၌ အုံပေးသော် အနာများပျောက်ကင်းစေ၏ ။
 
၅ ။ အရွက်ရည် သည် ဝဲခြောက် ၊ ပွေး ၊ ယားနာ စသော အရေပြား ရောဂါ တို့ကို ပျောက်ကင်းစေသည်။ တမာဆီနှင့် ရောလိမ်းသော် အမျိုးမျိုးသော ယားနာကို ပျောက်ကင်းစေ၏ ။
 
၆ ။ အရွက်ရည်ကို ကြက်ဆူဆီနှင့် ရော၍ အဆစ်အမျက်ကိုက်ရာတွင် လိမ်းပေးသော် ပျောက်ကင်းစေ၏။
 
၇ ။ ၎င်းအရည်ကို နားထဲသို့ ထည့်ပေးသော် နားပြည်ယိုခြင်း ၊ နားကိုက်ခြင်း ၊ နားလေထွက်ခြင်း ၊ နားအူခြင်း ပျောက်၏ ။
 
၈ ။ အရွက်ကို ငါးမြွေထိုးခြောက်နှင့် ကြော်စားက ဝမ်းထဲတွင် အူအတက် ရောင်စေသော ရောဂါကို ကာကွယ်သည်။ ဦးနှောက်ရောဂါနှင့် ဝမ်းမကောင်းခြင်း ၊ ဝမ်းပျက်ရောဂါဖြစ်ခြင်း ၊ ဝမ်းထဲ၌ ရစ်၍နာခြင်း များကိုလည်း ပျောက်ကင်းစေသည်။
 
၉ ။ အရွက်ကို ပြုတ်၍ သုပ်စားပါက အဆုတ်ရောဂါ ၊ ဦးနှောက်ရောဂါ ၊ နားအူ ၊ နားကိုက်ရောဂါ ၊ ဗိုက်အောင့် ရောဂါ ၊ ဗိုက်နာရောဂါတို့ကို ပျောက်စေသည်။
 
၁၀ ။ အရွက်ကို ချက်ပြုတ်စားသောက်ပါက ပန်းနာရောဂါ ၊ မီးယပ်ကွက် ပေါ်သောရောဂါ ၊ သူငယ်နာရောဂါ ၊ သွေးတိုးရောဂါများ ပျောက်ကင်းစေသည်။
 
၁၁ ။ အရွက်ကို ပုစွန်ထုပ်နှင့် ကြော်စားပါက နွမ်းလျပင်ပန်းခြင်း ပျောက်သည်။