- ၁။ အမျိုးသားများ ပင်စိမ်းရွက်ဆယ်ရွက်ကို နေ့စဉ်စားပေးပါ။ ကျန်းမာရေးကို လုံးဝမထိခိုက်စေဘဲ ပိုမို၍ သွက်လက်ထက်မြက်စေကြောင်း အိန္ဒိယဆေးသုတေသနမှ ထုတ်နုတ်ဖော်ပြခဲ့၏။
- ၂ ။ ကြက်သွန်နီစေ့ကို ထောင်းစားက အားတိုးစေ၏။
- ၃။ ကပ်စေးနဲ(နွားမြီးကပ်)အမြစ်ခေါက်မှုန့်နှင့် သကြားခဲ ဆတူရော၍ နွားနို့နှင့် တစ်နေ့ ၂ကြိမ်သောက်သော် သုတ်ဓာတ်နည်းခြင်း ပျောက်၍ ကာမသတ္တိ တိုးစေ၏။
- ၄။ ကညွတ်အမြစ်ကိုချက်ပြုတ်စားသောက်၍လည်းကောင်း၊ နွားနို့နှင့်အတူ နို့ထမင်းပြုလုပ်၍ လည်းကောင်း စားပါက အားကိုဖြစ်စေသည်။
- ၅။ ဗုဒ္ဓသရဏပင် အပွင့်နု အသီးနု ကို ဆိတ်သား နှင့် စွပ်ပြုတ် လုပ်၍ သောက်ပါက ပန်းညှိုးသူများ လျင်မြန်စွာ ပန်းကို လန်းစေသည်။ ဝက်သား ၊ နွားသား တို့နှင့် စွပ်ပြုတ် လုပ် သောက်ပါက ကုန်ဆုံးသွား သော အားကို ပြန်လည် ရစေပြီး ကိုယ် နှုတ် နှလုံး ရွှင်လန်းစေ သည်။
- ၆။ မင်းကိုကာ အမြစ်ဥ အမှုန့်ကို ရှဉ့်မတက် ဥ ကြိတ်ညှစ်ရည် တွင် စိမ်၍ နေလှန်းခြင်း ၇ ကြိမ် ပြုပြီးနောက် အမှုန့် ထောင်း ကာ ယင်းအမှုန့် ၈ ပဲသား ခန့်ကို ထောပတ်နှင့် နေ့စဉ် သုံးဆောင် က သုက်ဓာတ်ပွား များ၍ ကာမစွမ်းအင် တိုးတက် စေ၏ ။
- ၇။ မန်ကျည်းသီး မှည့်ကို ထန်းလျက် ၊ ဆားတို့နှင့် ဖျော်ရည်စိမ် ၍ သောက်သော် ကိုယ်တွင်း အေး၏၊ အားကို ဖြစ်စေသည်။
- ၈။ မြင်းခွာရွက် ကို အရည်ညှစ် ၍ သကြား ၊ ပျားရည်တို့ နှင့် ရောစပ်ပြီး နေ့စဉ် သောက်ခဲ့သော် ခွန်အား တိုးတက် စေ၏ ။
- ၉။ ရှဉ့်မတက်ဥ ကို ချက်ပြုတ် စားခြင်း၊ နွားနို့ နှင့် နို့ထမင်း ကဲ့သို့ ပြုလုပ် စားခြင်းဖြင့် အားတိုး စေသည်။
- ၁၀။ ရှဉ့်မတက်ဥ ကို အခြောက် ပြုလုပ်၍ အမှုန့်ကြိတ် ပြီး ပျားရည်၊ ငရုတ်ကောင်း အနည်းငယ် ရော၍ သောက်သုံးပါက ခွန်အား တက်ကြွ စေသည်။
- ၁၁။ သင်္ဘောမဲဇလီအရွက်မှုန့်ကို ပျားရည်နှင့် တေ၍ လျက်သော် သွေးသား စင်ကြယ်၍ အသား အရေ ဝဖြိုးပြီး အားအင် တိုးစေ၏။
- ၁၂။ အလိုကျူ ရွက်ခြောက်ကို လက်ဖက်ခြောက် ရော၍ သောက်ပါက ကာမအားကို ဖြစ်စေ၏။ သွေးအန် သွေးကျ ရောဂါနှင့် အညောင်း အညာ အကိုက်အခဲ များကိုလည်း ပျောက်ကင်းစေပြီး နှုတ်ကို မြိန်စေ၏။
- ၁၃။ ခွေးတောက်ရွက်ကို ဘဲဥနှင့် ကြော်စားပါက ခွန်အားတိုးပွားစေ၏ ။
- ၁၄။ ခွေးလှေယားစေ့ကို ထောပတ်နှင့် ကြော်ချက်စားသော် လူကို ဝစေ၍ အားကို တိုးစေသည်။
- ၁၅။ ပေါက်ပင်ဥမှုန့် ကို ပျားရည်နှင့် တေ၍ စားသော် အားအင် ပြည့်ဖြိုး၍ အသက်ရှည် စေသည်။
- ၁၆။ ရေသကျည်း အရွက်ခြောက်ကို အမှုန့်ပြု၍ ပျားရည် သို့မဟုတ် အရက်ချို များဖြင့် ရောစပ် သောက်သုံးသော် အင်အားကို ပြည့်ဖြိုး စေ၏။
Showing posts with label အမျိုးသားအားဆေး. Show all posts
Showing posts with label အမျိုးသားအားဆေး. Show all posts
Tuesday, January 8, 2013
အမျိုးသား အားဆေး
Subscribe to:
Comments (Atom)