ကိုယ်ဝန်ဆောင်ဆီးချို၁ဆိုသည်မှာယခင်ကဆီးချိုရောဂါမဖြစ်ဖူးသောအမျိုးသမီးများတွင် ကိုယ်ဝန်ဆောင်ကာလ အတွင်းဆီးချို စတက်ခြင်း ဖြစ်သည်။ ကိုယ်ဝန်ကြောင့် ဖြစ်သောဆီးချိုကို ကိုယ်ဝန်ဆောင်များ၏ ၃-၁၀% အတွင်းတွင် တွေ့ရသည်။ ရောဂါဖြစ်ရသည့် အကြောင်းရင်းအတိအကျကိုမသိရသေးသော်လည်း ကိုယ်ဝန်ဆောင်ချိန် ထွက်လာသောဟိုမုန်းများကြောင့် အင်ဆူလင်ခုခံမှုတိုးခြင်းကိုအခြေခံသည်ဟုယုံကြည်ရသည်။ ဆီးချိုရှိသော ကိုယ်ဝန်ဆောင်တွင် ကလေးထွားခြင်း၂ ၊ကလေးငယ်၏ သွေးအတွင်းသကြားဓာတ်ပမာဏလျော့နည်းခြင်း၊ နှင့်အသားဝါရောဂါတို့ ဖြစ်တတ်သည်။
ကိုယ်ဝန်ဆောင်ဆီးချိုကို ကုသ၍ရနိုင်ပြီးသကြားဓာတ်ကိုလုံလောက်စွာထိန်းသိမ်းခြင်းဖြင့် ဖော်ပြခဲ့သောကလေးထွားခြင်းစသည့် အခြေအနေများမဖြစ်ပေါ်အောင် ဟန့်တားနိုင်မည်ဟုယူဆဖွယ်ရှိသည်။
ကိုယ်ဝန်ဆောင် ဆီးချိုသည် ကိုယ်ဝန်ဆောင်ကာလ ပြီးဆုံးပြီးနောက်ပိုင်းတွင် ဆီးချိုအမျိုးအစား-၂ ဖြစ်ရန် အခွင့်အလမ်းအလွန်များသည်။ ဆီးချိုရှင် မိခင်များကမွေးသောကလေးများမှာလည်း အဝလွန်ခြင်း နှင့် ဆီးချို-၂ ဖြစ်နိုင်ချေများသည်။
အဓိပ္ပါယ်သတ်မှတ်ချက်
ကိုယ်ဝန်ဆောင်ဆီးချိုကိုအဓိပ္ပါယ် သတ်မှတ်ထားသည်မှာ ကိုယ်ဝန်ရှိသည့် အချိန်တွင် စတင် တွေ့ရှိရသောမည်သည့် ဆီးချိုတက်မှုမျိုးကိုမဆိုကိုယ်ဝန်ဆောင်ဆီးချိုဟု ခေါ်ဆိုရန်ဖြစ်သည်။ ဤအဓိပ္ပါယ် သတ်မှတ်ချက် အရဆိုလျင် လူနာသည် ယခင်ကတည်းကဆီးချို ရောဂါ ဖြစ်ပွားခဲ့ပြီးရောဂါဖြစ်နေမှန်းမသိဘဲ ကိုယ်ဝန်ဆောင်သည့် အခါတွင်မှာရောဂါဖြစ်နေကြောင်းစတင်သိရှိရခြင်းမျိုးသို့တည်းမဟုတ် ဆီးချိုဖြစ်ချိန်နှင့် ကိုယ်ဝန်ဆောင်ချိန် ကာလတိုက်ဆိုင်သွားခြင်းမျိုးများလည်း ပါဝင်ရပေတော့မည်။
ဖြစ်နိုင်ချေအချက်များနှင့် ရောဂါလက္ခဏာများယခင် ကိုယ်ဝန်ဆောင် ကာလများတွင် ကိုယ်ဝန်ဆောင်ဆီးချိုဖြစ်ဖူးခြင်းသို့မဟုတ် သွေးအတွင်းသကြားဓာတ်ပမာဏပုံစံတကျမရှိခြင်း
- -ဆွေမျိုးရင်းခြာထဲတွင် ဆီးချို-၂ ဖြစ်ဖူးခြင်း
- -သက်ကြီး ကိုယ်ဝန်ဆောင်ခြင်းအများအားဖြင့် ၃၅ နှင့်အထက်)
- -လူမျိုး( အဖြစ်များသောလူမျိုးများမှာအာဖိရကန်-အမေရိကန်များ၊ အာဖရို-ကာရေဘီယန်များ၊ အမေရိကန် များ၊ ပစိဖိတ် ကျွန်းသားများ နှင့် အိန္ဒိယနွှယ် လူမျိုးများ ဖြစ်သည်)
- ကိုယ်အလေးချိန်များသူများ အဝလွန်သူများ
- -ယခင်ကိုယ်ဝန်တွင် ကလေးထွားခြင်း(၈ပေါင်၁၂အောင်စထက်များခြင်း)
- - ယခင်ကိုယ်ဝန်တွင်ပုံမမှန်ခြင်းတစ်ခုခုဖြစ်ဖူးခြင်း
- -ယင်းအချက်များအပြင် ဆေးလိပ်သောက်သူများတွင် ဖြစ်နိုင်ချေ ၂ ဆများသည်ဟုလည်းသိရသည်။၄၀မှ၆၀ ရာခိုင်နှုန်းသော ကိုယ်ဝန်ဆောင်ဆီးချိုရှင် များတွင်မူတင်ပြခဲ့သော ဖြစ်နိုင်ချေ များကိုရှာမတွေ့ရပြန်။ ထို့ကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးအားလုံးကိုဆီးချိုစစ်ဆေးရန် တိုက်တွန်းကြခြင်းဖြစ်သည်။ပုံမှန်အားဖြင့် ကိုယ်ဝန်ဆောင်ဆီးချိုသည်များမှာ မည်သည့် ရောဂါလက္ခဏာမှ ပြလေ့မရှိ။ အချို့တွင်မူရေငတ်ခြင်း၊ ဆီးသွားခြင်း၊ နုံးခြင်းပျို့ခြင်းအန်ခြင်း၊ ဆီးအိမ်အတွင်းပိုးဝင်ခြင်း နှင့် အမြင်အာရုံေ၀ဝါးခြင်းတို့ ဖြစ်တတ်သည်။
နောက်ဆက်တွဲဆိုးကျိုးများ
ကိုယ်ဝန်ဆောင်ဆီးချို သည် မိခင်နှင့်ကလေး နှစ်ဦးစလုံးကို အန္တရာယ်ပြုနိုင်သည်။ သွေးအတွင်းသကြားဓာတ်ပမာဏများလေလေရောဂါနောက်ဆက်တွဲ ဖြစ်နိုင်ချေ များလေလေ ဖြစ်သည်။ သေချာစွာကုသထားလျင်မူရောဂါနောက်ဆက်တွဲအချက်အတော်များများကိုလျှော့ချနိုင်သည်။
ကလေးတွင် ကြီးထွားမှုနှင့် ဓာတုဆိုင်ရာပုံမမှန်ခြင်း ဖြစ်နိုင်သည်။ကလေးထွားခြင်းနှင့် ကလေးသေးခြင်း နှစ်မျိုးလုံး ဖြစ်နိုင်သည်။ ကလေးထွားလျှင်မူကိရိယာနှင့်မွေးရခြင်း(ဥပမာညှပ်ဆွဲမွေးခြင်း၊ လေစုပ်စက်နှင့်မွေးရခြင်း၊ ဗိုက်ခွဲမွေးရခြင်း) များလုပ်ရဖို့များသည်။ ရိုးရိုးမွေးပါကကလေးပုခုံးတစ်ခြင်း၃*** ဖြစ်ကောင်းဖြစ်နိုင်သည်။
ကလေးထွားခြင်းသည် သာမန် ကိုယ်ဝန်ဆောင်များ၏ ၁၂ ရာခိုင်နှုန်းတွင် ဖြစ်ပေါ်တတ်ပြီး ကိုယ်ဝန်ဆောင် ဆီးချိုသည် များ၏၂၀ ရာခိုင်နှုန်းတွင် ဖြစ်ပေါ်တတ်သည်ဟုလေ့လာချက် တစ်ခုကဆိုထားသည်လည်းရှိသည်။ သို့သော် ဤကိန်းဂဏန်းများကိုအလုံးစုံမယုံကြည်အပ်သေး။ ဤဘာသာရပ်မှာသုတေသနလုပ်ရခြင်းများလွန်စွာရှုပ်ထွေးသည့် အပိုင်းဖြစ်သည်။
မွေးကင်းစကလေးများတွင် သွေးအတွင်းသကြားဓာတ် ကျဆင်းခြင်း၊ အသားဝါခြင်း၊ သွေးနီဥများခြင်း နှင့် ကယ်လစီယမ် ဓာတ်နည်းခြင်းမက်ဂနီဆီယမ်ဓာတ်နည်းခြင်းများဖြစ်နိုင်သည်။ အသက်ရှူကြပ်ခြင်းလည်း ဖြစ်နိုင်သည်။
ရောဂါအလားအလာ
ကိုယ်ဝန်ဆောင်ဆီးချို သည်များသည် မီးဖွားပြီးနောက်ပိုင်းတွင် ရောဂါပျောက်ကင်းသွားတတ်သည်။ ဒုတိယအကြိမ် ကိုယ်ဝန်ဆောင်သော် ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်နိုင်နှုန်းမှာလူမျိုးအလိုက် ၃၀မှ ၈၄ ရာခိုင်နှုန်းခန့်အထိ ဖြစ်နိုင်ချေ ရှိသည်။ ပထမကိုယ်ဝန်နှင့် ဒုတိယကိုယ်ဝန် သားဆက်ခြားကာလတစ်နှစ်အတွင်း ဖြစ်နေပါကဆီးချိုပြန်ဖြစ်နိုင်ချေ ပိုများသည်။
ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်ဖူးသူများသည် အနာဂတ်တွင် ဆီးချိုအစစ် ဖြစ်နိုင်ချေများသည်။ Navajo study အရ ကိုယ်ဝန်ဆောင် ဆီးချိုသည်များ၏ နောက် ၁၁ နှစ်အကြာဆီးချိုအစစ် ဖြစ်နိုင်ချေမှာ ၅၀မှ ၇၀ ရာခိုင်နှုန်းဖြစ်သည်။
အခြားလေ့လာမှုတစ်ခုအရမူကိုယ်ဝန်ဆောင်ဆီးချို ဖြစ်ပြီးနောက် ၁၅ နှစ်အကြာတွင် ဆီးချိုဖြစ်နိုင်ချေမှာ ၂၅ ရာခိုင်နှုန်းနှင့် အထက် ဖြစ်သည်။
ကုသမှု
ကုသမှုတွင် အရေးကြီးသည့် ရည်မှန်းချက်မှာမိခင်နှင့် ကလေး၏ အသက် အန္တရာယ်ကိုလျှော့ချနိုင်ရန်ဖြစ်သည်။ သွေးအတွင်းသကြားဓာတ် ပမာဏကိုလျှော့ပေးခြင်းဖြင့် မိခင်နှင့်ကလေး၏ အန္တရာယ်ကိုလျှော့ချပေးရန် ရည်ရွယ် ထားသည်။ သို့ရာတွင် ဗိုက်ခွဲမွေးရခြင်းနှင့် မီးဖွားကာနီးအသေအပျောက်များခြင်းကိုလျှော့ချနိုင်သည်ဟုသက်သေမပြနိုင်သေးပါ။
လေ့ကျင့်ခန်း၊ အစားအသောက်၊ ဆေးဝါးနှင့် အင်ဆူလင်ကိုသုံး၍ကုသရသည်။
စောဒက
ကိုယ်ဝန်ဆောင်ဆီးချိုသည် အငြင်းပွားမှုများသောဘာသာရပ်ဖြစ်သည်။ ကိုယ်ဝန်ဆောင်ဆီးချို ကိုရောဂါတစ်ခုအနေနှင့် ဆိုနိုင်မဆိုနိုင် ဟူသည်မှာလည်းမေးခွန်းတစ်ရပ်ဖြစ်နေသည်။ ထို့ပြင် ကိုယ်ဝန်ဆောင်ဆီးချိုသည်ဟု ကင်ပွန်းတပ်ခံရသောအမျိုးသမီးများမှာလည်းအကြောင်းမဲ့ ဗိုက်ခွဲမွေးခြင်းစသည်တို့ အပြုခံရဖို့ အခွင့်အတော်များနေသည်။ ကိုယ်ဝန်ဆောင်ဆီးချိုကို ဆေးပေးကုသထားခြင်းသည် ဗိုက်ခွဲမွေးခြင်းအပေါ် မည်သို့သက်ရောက်နိုင်သည်ကိုလည်းသက်သေပြနိုင်ခြင်းကလည်းမရှိပေ။
DrLwanwai
Gestational diabetes mellitus (GDM) is a condition that develops during pregnancy in women who have never had diabetes before. Gestational diabetes occurs in 3-10% of pregnancies. The exact cause of the disease is unknown, but it is believed to be due to increased insulin resistance caused by hormones released during pregnancy. Gestational diabetes can cause problems with the baby's growth, low blood sugar levels in the baby, and jaundice.
Gestational diabetes is treatable and it is thought that by maintaining adequate blood sugar levels, the conditions described above, such as preeclampsia, can be prevented. Gestational diabetes increases the risk of developing type 2 diabetes after pregnancy. Children born to mothers with diabetes are also at increased risk of obesity and type 2 diabetes.
Definition
Gestational diabetes is defined as any type of diabetes that begins during pregnancy. This definition includes cases where the patient has pre-existing diabetes and is unaware of it but is diagnosed during pregnancy, or cases where the onset of diabetes coincides with pregnancy.
Possible factors and symptoms: Having had gestational diabetes in a previous pregnancy or having abnormal blood sugar levels.
-A close relative with type 2 diabetes
-Older pregnancy (usually 35 years or older)
-Race (most common races are African-American, Afro-Caribbean, Native American, Pacific Islander, and Indian)
-Being overweight or obese
-Having a large baby in a previous pregnancy (more than 8 pounds 12 ounces)
-Having had a previous miscarriage
-In addition to these factors, smokers are twice as likely to develop type 2 diabetes. In 40 to 60 percent of women with gestational diabetes, the risk is not as high as previously reported. That's why all pregnant women are encouraged to get tested for diabetes. Usually, people with gestational diabetes don't have any symptoms. Some may experience increased thirst, urination, nausea, vomiting, bladder infections, and blurred vision.
Side effects
Gestational diabetes can be dangerous for both mother and baby. The higher the blood sugar level, the greater the risk of complications. If treated properly, many complications can be reduced.
The baby may have growth and chemical abnormalities. The baby may be either large or small. If the baby is large, it is more likely to need to be delivered by an instrument (such as forceps, vacuum extraction, or cesarean section). If the baby is born naturally, the baby may be breech.
One study suggests that large babies occur in 12 percent of normal pregnancies, while gestational diabetes occurs in 20 percent of pregnancies. However, these figures are not completely reliable. This is a very complex area of research.
Newborns may have low blood sugar, jaundice, red blood cells, and low calcium and magnesium levels. They may also have difficulty breathing.
Disease potential
Gestational diabetes usually goes away after delivery. The risk of developing gestational diabetes in a second pregnancy is 30 to 84 percent, depending on ethnicity. The risk of developing diabetes again is higher if the first pregnancy and the second pregnancy occurred within a year of each other.
Women who have had gestational diabetes are at higher risk of developing diabetes in the future. According to the Navajo study, the risk of developing diabetes in the next 11 years for women with gestational diabetes is 50 to 70 percent.
Another study found that the risk of developing diabetes 15 years after having gestational diabetes is 25 percent or higher.
Treatment
The main goal of treatment is to reduce the risk of complications for both mother and baby. The aim is to reduce the risk of complications for both mother and baby by lowering blood sugar levels. However, there is no evidence that it reduces the risk of cesarean section and perinatal mortality.
Treatment includes exercise, diet, medication, and insulin.
Question
Gestational diabetes is a controversial topic. Whether or not it can be considered a disease is also a question. In addition, women who are diagnosed with gestational diabetes are more likely to undergo unnecessary cesarean sections. There is no evidence that treating gestational diabetes with medication affects the risk of cesarean sections.