Botanical Name : Terminalia chebula Retz
Myanmar Name: ဖန်ခါးသီး
English Name: Chebulic Myribalan
Family : COMBERTACEAE
Distribution : မြန်မာနိုင်ငံ တဝှမ်းလုံး၌ ပျံ့နှံ့စွာ ပေါက်ရောက်သည်။ မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် တောင်ပေါ် ဒေသများတွင် အများဆုံး တွေ့ရသည်။ အိန္ဒိယ နိုင်ငံ၌လည်း ပေါက်ရောက်သည်။ သဘာ၀ အလျောက်သော် လည်းကောင်း၊ စိုက်ပျိုးပင် အဖြစ်သော်လည်းကောင်း ပေါက်ရောက်သည်။
Appearance : ပင်ကြီးမျိုး ဖြစ်ပြီး ပင်စည်ဖြောင့် ဖြစ်သည်။ ရွက်ဆိုင် ဆန်ဆန် ထွက်သည်။ နူးညံ့၏။ ပုံသဏ္ဍာန်မှာ ဘဲဥပုံ (သို့) ရှည်မျောမျော ဘဲဥပုံ ဖြစ်သည်။ အချို့ အရွက်များပေါ်တွင် ငွေရောင် မွေးညှင်းများ ရှိသည်။ ရွက်ထိပ်ချွန်၍ ရွက်ကြောများ ထင်ရှားစွာ တွေ့ရသည်။ အဖြူရောင် (သို့) အဝါရောင် သန်းသည်။ ပန်းပွင့်ရနံ့မှာ ပြင်းသည်။ ဧပြီလနှင့် မေလတွင် ပန်းပွင့်သည်။ အသီးမှာ ပြောင်ချော၍ မာသည်။ တစ်စေ့သီး ဖြစ်သည်။ ပုံသဏ္ဍာန်မှာ ဘဲဥပုံ ဆန်ဆန်ဖြစ်ပြီး ထိပ်ဖျားချွန်သည်။ အသားထူ၏။ အရသာမှာ ဖန်၏။ နိုဝင်ဘာလမှ ဇန်နဝါရီလ အထိသီးသည်။ အစေ့မှာ အဝါဖျော့ရောင် ရှိသည်။
Useful Part : အသီး၊ အစေ့၊ အခေါက်၊ အရွက် တို့ကို ဆေးဖက်တွင် အမျိုးမျိုး သုံးကြသည်။ အသီးကို တို့စရာအဖြစ် ထမင်းဝိုင်းတွင် ထည့်သွင်း စားသုံးသည်။
Usage : အသီးကို အမှုန့်ပြု၍ ပျားရည်၊ ထောပတ်တို့နှင့် ရောစပ် သောက်သုံးပါက အားကို ဖြစ်စေပါသည်။ သွားရောဂါနှင့် သွားဖုံးရောင်ခြင်း များအတွက် ငုံထွေး ဆေးရည်အဖြစ် သုံးသည်။ အနာဆွေး၊ အနာဟောင်းများနှင့် ထိခိုက်ရှနာများကို ပျောက်စေသည်။ ဖန်ခါးသီးကို အမှုန့်ပြု၍ အခြောက်ခံပြီး နှမ်းဆီနှင့် ရောနှော၍ လိမ်းပေးပါက အရေပြား ပေါ်မှ ယားနာများ ပျောက်စေသည်။ ထိုအမှုန့်ကို သိန္ဓောဆားနှင့် ဆတူရော၍ လျှက်ပါက ကြို့ထိုးရောဂါ ပျောက်စေနိုင်သည်။ ဖန်ခါးသီး အခြောက်သည် အစာမကြေ ရောဂါကို ပျောက်စေနိုင်သည်။ အသီးသည် နာတာရှည် ဝမ်းသွားခြင်း၊ ဝမ်းကိုက်ခြင်းကို ပျောက်စေနိုင်သည်။ လေရောဂါနှင့် လိပ်ခေါင်း ရောဂါများကို နိုင်နင်းစွာ ပျောက်ကင်းနိုင်သည်။ အခေါက်ကို ဆီးရောဂါ အမျိုးမျိုးအတွက် သုံးသည်။ နှလုံး အားတိုးဆေးတွင်လည်း အခေါက်မှုန့်ကို ထည့်သွင်း ဖော်စပ်သည်။ ထိခိုက်ရှနာများတွင် သွေးတိတ်စေရန် အခေါက်မှုန့်ကို သိပ်ပေးရသည်။

No comments:
Post a Comment