Botanical Name : Datura stramoniumLinn
Myanmar Name : ပဒိုင်း
English Name : Devils Apple
Family : SOLANACEAE
Distribution : မြန်မာ နိုင်ငံ နေရာ အနှံ့ အပြားတွင် ပေါက်ရောက်သည်။သဘာ၀ အလျောက် ပေါက်ရောက်သည်။
Appearance : အပင် - နှစ်ရှည်ခံ အပင်ငယ် မျိုးဖြစ်၏။ ၂ ပေ မှ ၃ ပေ ထိ မြင့်၏။ အကိုင်း ပင်စည် နှင့် ရိုးတံ များ ခရမ်းညို ရောင် ရှိ၏။ အကိုင်း ဖြာသည်။ အရွက် - ရွက်လွှဲ ထွက်သည်။ အရင်းပိုင်း ကျယ်ပြီး အဖျားပိုင်း ရှူး၍ ချွန်သွယ် သွားသည်။ရွက်ရင်း မညီညာ၊ တစ်ဖက် တို တစ်ဖက် ရှည် ဖြစ်နေ၏။ ရွက်ညှာ ရှည်သည်။ ခရမ်းနု ရောင်ရှိသည်။ ရွက်ကြော ထင်ရှား သည်။ရွက်နား တွန့်၏။ အပွင့် - ခေါင်းလောင်း ပုံသဏ္ဌာန် ရှိသည်။ အပွင့် ကြီးသည်။ အတွင်းသား ဖြူ၍ အဖျား ခရမ်း ညိုရောင် ရှိသည်။ တစ်ပွင့် ချင်း ပွင့်သည်။ အချို့ အပွင့်များ ၁ ထပ် မှ ၃ ထပ် ထိ တွေ့ရှိရသည်။ ကဆုန်၊ နယုန် လတွင် ပွင့်၏။ အသီး - လုံးချင်း သီးသည်။ အချင်း ၁ ၁/၂ လက်မ- ၂ လက်မ အထိ ရှိသည်။ အသီးပေါ် တွင် ဆူးနု ကလေးများ ရှိသည်။ အစေ့ အနက် ရောင် ရှိ၏။
Useful Part : အရွက်၊ အစေ့၊အမြစ်။
Usage : မြန်မာ ဆေးကျမ်း များ အလိုအရ ပဒိုင်းညို သည် ခါး၏။ သက်၏။ စူးရှ၏။ ပူ၏။ အားကို တိုးစေ၏။ မူးယစ်စေ တတ်၏။ အဖျား ရောဂါ ကို ပယ်၏။ နူနာ၊ ပိုးနာ တို့ကို နိုင်၏။ သန်ကို ကျစေ၏။ ကိုယ်ရေ ပြားရောဂါ၊ မြင်းသရိုက်နာ၊ အဆုတ်ပွ ရောင်နာတို့ကို ပယ်၏။ လေကို အထူး ပယ်နိုင်၏။ အသုံးပြုပုံ - အရွက် ကြိတ်ညှစ်ရည် အနည်းငယ် ကို မလိုင်ထုတ် ပြီး နွားနို့နှင့် သောက်ပါက ညောင်းကျ ရောဂါ ပျောက်၏။ မိန်းမများ နို့တွင် ဖြစ်သော အပူကြိတ် နှင့် ရောင်ရမ်းခြင်း တို့အတွက် ပဒိုင်းရွက် နှင့် နနွင်းကို ကြိတ်အုံ ပေးသော် ပျောက်၏။ ပဒိုင်းရွက် ကို ပါးပါး လှီး နေလှန်းပြီး ဆေးလိပ် ကဲ့သို့ လိပ်၍ သောက်ရှူ သော် လတ်တလော ပန်းနာ ရင်ကျပ် ဝေဒနာမှ သက်သာ စေ၏။ အရွက် ကို မီးကင်၍ ကပ်ပေး ပါက အဆစ်ရောင် ရောဂါ နှင့် အရိုးကိုက် ရောဂါ ပျောက်၏။ အရွက် ကို ဆေးပေါ့လိပ် တွင် ထည့်၍ သောက်ခြင်း အားဖြင့် ပန်းနာ ရောဂါကို သက်သာ စေသည်။ အစေ့ကို ကြိတ်၍ သွားဖုံးရင်း တွင် အနည်းငယ် ခန့် သိပ်ပေးသော် သွားကိုက်၊ သွားနာခြင်း ရောဂါများ ပျောက်၏။ အစေ့ သို့မဟုတ် အမြစ် ကို ကာမ အားတိုးဆေး အဖြစ် သုံး၏။ အစေ့မှုန့် ကို နှမ်းဆီ တွင်၇ ရက် စိမ်ပြီး ယင်းဆီဖြင့် ခေါင်းကိုက်၊ မျက်ရိုးကိုက်၊ ခါးကိုက်၊ဒူလာ ခြေနာ များကို သုတ်လိမ်း၍ အဝတ်ပါးပါး စည်းထားက ပျောက်၏။ ဓမ္မတာ လာစဉ် ကိုက်ခဲခြင်း အတွက် လည်း ဆီးခုံ၌ သုတ်လိမ်း ပေးခြင်းဖြင့် ပျောက်၏။ အမြစ် - ခွေးရူးပြန် ရောဂါအတွက် ပဒိုင်းမြစ် ကို ဆန်ဆေးရည် နှင့် သွေး၍ တိုက်ပြီး အမဲခြောက် ဖုတ် ကျွေးက ပျောက်၏။

No comments:
Post a Comment