Wednesday, July 3, 2013

စောင်းလျားသီး


Botanical Name : Averrhoa carambola Linn

Myanmar Name : စောင်းလျားသီး

English Name : Carambola

Family : AVERHOACEAE

Distribution : မြန်မာ နိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်သည်။ သမပိုင်း ဒေသတွင် ပေါက်လေ့ ရှိသည်။

Appearance : ၁၅ ပေမှ ပေ ၂၀ ထိ မြင့်သော ပင်လတ်မျိုး ဖြစ်သည်။ အရွက်မှာ လိမ္မော်ရွက်ထက် ကျယ်ပြန့်၍ အရွက် အောက်ဘက် အရောင် ဖြူသည်။ အရွက် အပေါ်ဖက် အရောင် စိမ်းဖန့်ဖန့် ဖြစ်သည်။ အပွင့်မှာ ဖြူ၍ စဉ်းငယ်ဝါသော အရောင်ရှိသည်။ အသီးမှာ ၄-၅ မြှောင့် ရှိသည်။ ဆေးဖက် အသုံးပြုရာတွင် အသီးကို အများဆုံး သုံးကြသည်။

Useful Part : အသီး၊ အခေါက်။

Usage : အသီးမှည့်ကို စားပေးခြင်းဖြင့် ဝမ်းချုပ် ရောဂါ၊ ရေငတ် ရောဂါ ပျောက်ကင်းစေသည်။ စောင်းလျားသီးမှည့်ကို သကြားနှင့် စားပါက အော့အန်ခြင်း၊ အစာမကြေခြင်းကို ပျောက်ကင်းစေသည်။ စောင်းလျားသီးမှည့် ရှာလပတ်ရည် (syrup) သောက်ပေးပါက အဖျားကို ပျောက်စေသည်။ စောင်းလျားသီးကို အခြား ဟင်းလျာများနှင့် ချက်၍ စားပါက နှုတ်ကို မြိန်စေသည်။ အတွင်း လိပ်ခေါင်း ရောဂါ အတွက် စောင်းလျားသီးမှည့်ကို ဓာတ်စာအဖြစ် စားပေးရသည်။ စောင်းလျားသီးမှည့် ဖျော်ရည် (သို့မဟုတ်) စောင်းလျားသီးမှည့်ကို ငါးပြေမနှင့် ချက်စားက ကျောက်ကပ် ကျောက်တည်ခြင်း၊ ဆီးအိမ်နှင့် သည်းခြေ အိတ်တို့တွင် ကျောက်တည်ခြင်း တို့ကို သက်သာ ပျောက်ကင်း စေပါသည်။ စောင်းလျားသီးကို ချဉ်ရည်ဟင်း ချက်စား ပေးပါက ဆီးနှင့်ဝမ်း ကို မှန်စေသည်။ နှုတ်မမြိန်ခြင်း၊ အစားအသောက် ပျက်ခြင်း၊ အစာမကြေခြင်း ဖြစ်လျှင် စောင်းလျားသီး အစိမ်းကို ပါးပါးလှီး၍ ငါးနှင့် ချက်စားခြင်းဖြင့် ပျောက်နိုင်သည်။ရင်ဘတ်နာ၊ လေနာ၊ မီးယပ် ဝမ်းပျက်၊ အသံပျက် ရောဂါ များအတွက် စောင်းလျားသီးမှည့် ၂၀ လုံး၊ သကြား ၅ ကျပ်သား၊ ပျားရည် ၁၂ ကျပ်ခွဲသား၊ စမုန်စပါး၊ စမုန်နီ၊ စမုန်ဖြူ၊ စမြိတ်မှုန့် ၂ ပဲစီ ထည့်၍ မွှေပြီး ၁၀ ရက်ခန့် ထားပါ။ ထို့နောက် ည၊ နံနက် ဆေးရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းကျ သောက်ပေးခြင်းဖြင့် အဆိုပါ ရောဂါများကို သက်သာ ပျောက်ကင်း စေနိုင်ပါသည်။

No comments: