Monday, November 26, 2012

ဆံကေသာ အလှချစ်မြတ်နိုးသူများအတွက် သတင်းကောင်း


ဆံကေသာအလှချစ်မြတ်နိုးသူများအတွက် ဆံပင်ကျွတ်၊ ဆံပင်ကောင်း၊ ဆံပင်နက်၊ ဆံကေသာအလှ ထိန်းသိမ်းကြ တို့တင်ပြပေးလိုက်ပါတယ်။
(၁)။ ဆံပင်ကျွတ် သူများအတွက်
၁။ စမုန်နက်စေ့လှော် အမှုန့်ပြု၊ အုန်းဆီပုလင်းထဲထည့်၊ လိမ်း၊ ဆံပင်ကျွတ်ပျောက်၊ ဆံပင်ပြန်ပေါက်၏။
၂။ စပါးလင်ဆီမွှေး လိမ်းပေး (သို့) အုန်းဆီထဲ စပါးလင်ဆီမွှေးထည့်လိမ်း။
၃။ အုန်းနို့နှင့် နှမ်းဆီ ဖျော်လိမ်း (ဒဏ်ရာကြောင့် မီးလောင်ခြင်းကြောင့်ဦးရေပြားတွင် ကွက်ပြီးပြောင်နေသော ကွက်လပ်များ ဆံပင်ပြန်ပေါက်၏။)
၄။ ပုံလုံခါး သတ္တုရည် ပျားရည်နှင့် လိမ်း။
၅။ ကစေ့ခါး သတ္တုရည် ပျားရည်နှင့် လိမ်း။
၆။ ရွေးစေ့ရေနှင့် ကြိတ်၊ ပျားရည်နှင့်လိမ်း၊ ထိပ်ပြောင်သူပင် ဆံပင်ပြန်ပေါက်သည်။
၇။ အုန်းစိမ်းရည်ဆွတ်ပေးပါ။ အုန်းနို့နှင့် နှမ်းဆီ ဖျော်လူးပါ။ ၈။ ဆီးဖြူသီးအစို၊နွယ်ချို ဆတူကြိတ်၊ ဆေးထက် ၄-ဆကဲ နှမ်းဆီ၊ နှမ်းဆီထက်၄-ဆပိုသောနွားနို့ (သို့) နှမ်းဆီထက် ၄-ဆပိုသော ရေနှင့်ကျို ဆီသက်သက်ကျန်လျှင် ဖိုမှချ၊ အဖတ်မပါအောင် စစ်ယူ၊ ထိုဆီနှင့် နှာနှပ်၊ခေါင်းလိမ်း။(ဆံပင်ကျွတ်၊ မျက်ခုံးမွေးကျွတ်ခြင်းများ ပြန်ပေါက်သည်။)

(၂)။ ဆံပင်ကောင်း သူများအတွက် ၁။ ဆူးပန်းစေံ၊ ဆူးဖြူခေါက်၊ အမျှစီစု၊ မီးရှို့ ပြာချ၊ ၎င်းပြာ စံပယ်ဆီနှင့် လိမ်း၊ ဆံပင်များ နူးညံ့ပျော့ပျောင်း ဆံပင်ကောင်းစေသည်။

(၃)။ ဆံပင်နက် သူများအတွက်
၁။ ကြိတ်မှန်ရွက်၊ နှမ်းနက် အမျှစီစု၊ အမှုန့်ပြု၊ ပျားရည်နှင့်တေစား၊နွားနို့ အမြဲသောက်၊ ဆံပင်ပြန်နက်၏။
၂။ ကျည်းသီးဆံသွေး (သို့) အမှုန့်ပြု အုန်းဆီနှင့် လိမ်း။
၃။ မြင်းခွာရွက် သတ္တုရည် နှမ်းဆီနှင့်ချက်လိမ်း။
၄။ မရိုးရွက် သတ္တရည် ထောပတ်နှင့် သောက်ပါ။
 
(၄)။ ဆံကေသာအလှ ထိန်းသိမ်းကြ သူများအတွက်
၁။ ဆံပင်နှစ်ခွ၊ ဆံပင်ကျွတ်စသည့် ဆံပင် ရောဂါမဖြစ်ပွားစေရန် အငန်၊ အပူ၊ မဆလာ စသည့် ဟင်းခတ် အမွှေးအကြိုင်များ လျော့စားပါ။ ဗီတာမင်အေပါသော ဆေးဝါး အစားအစာ စားပါ။ စိတ်ညစ်မခံပါနှင့်။ဆပ်ပြာ၊ ဓာတူဗေဒ ပစ္စည်းများပါ့သည့်ခေါင်းလျှော်ရည် ရှောင်ပါ။ တရော်ကင်ပွန်းနှင့်သာ ခေါင်းလျှော်ပါ။ တရော်ကင်ပွန်းသည် ဦးရေအေးမြစေသည်။ ဆံပင်ကျွတ်ခြင်းနှင့် ဆံပင်နှစ်ခွ ဖြစ်ခြင်း စသည့် ဆံပင်ရောဂါများမှ ကာကွယ်ပါသည်။
ခင်မောင်စိုး

No comments: