ပဲရဲ့ကျန်းမာရေးအကျိုးကျေးဇူးဟာအညှောက်ပေါက်သွားတဲ့အခါမှာအမြင့်ဆုံးဖြစ်
သွားပါတယ်။ ပဲပင်ပေါက်မှာ အင်ဇိုင်းတွေ၊ ပရိုတင်းဓာတ်တွေ ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အများအပြား ပါဝင်နေပါတယ်။ ပဲပင်ပေါက်မှာအမိုင်နိုအက်စစ်နဲ့ အမျှင်ဓာတ်တွေ ပါဝင်တဲ့အပြင် ဗီတာမင်(အေ၊ ဘီ၊ စီ၊ ဒီ၊ အီးနဲ့ ကေ)၊ ဖောလစ်အက်စစ်၊ သံဓာတ်၊ ပိုတက်စီယမ် ၊ ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ် ၊ မဂ္ဂနီဆီယမ် တို့ အများအပြား ပါဝင်နေပါတယ်။
ပဲပင်ပေါက်မှာ ကြေညက်လွယ်တဲပ အာဟာရဓာတ် အများအပြား ပါဝင်တာကြောင့်ပဲပင်ပေါက်ရဲ့အကျိုးကျေးဇူးကိုသိနိုင်အောင် လေ့လာသူတွေက လေ့လာဖော်ပြထားပါတယ်။
သွေးအားနည်းရောဂါကို သက်သာစေခြင်း
ပဲပင်ပေါက်မှာ သံဓာတ်များစွာပါင်ဝင်တာကြောင့် သွေးနီဆဲလ်မှာတွေ့ရတဲ့ ဟေမိုဂလိုဘင် တည်ဖောက်မှုမှာ အရေးပါ ပါတယ်။ ဒါ့အပြင် ပဲပင်ပေါက်မှာ ဗီတာမင်စီ မမြင့်မားတဲ့ ပမာဏ ပါဝင်မှုရှိတာကြောင့် အူကနေ သံဓာတ်စုပ်ယူမှုကိုကောင်းမွန်စေပါတယ်။ ဒါကြောင့် သံဓာတ် ချို့တဲ့မှုကြောင့် ဖြစ်တဲ့ သွေးအားနည်း ရောဂါမဖြစ်အောင် ကာကွယ်နိုင်သလို ရောဂါဖြစ်နေရင်လည်း ကုသနိုင်ပါတယ်။
နှလုံးသွေးကြောများကို ကျန်းမာစေခြင်း
အသား၊ နို့နဲ့ နို့ထွက်ပစ္စည်းစတာတွေမှာ တွေ့ရများတဲ့ ပြည့်ဝဆီကု မှီဝမှု လျော့ချရင်း ပဲပင်ပေါက်ကို ပုံမှန်စားသုံးပေးရင် သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော LD ကိုလျော့ကျစေပါတယ်။ အကြောင်းကတော့ ပဲပင်ပေါက်မှာ အမျှင်ဓာတ်နဲ့ လက်စီသင် ပါဝင်လို့ဖြစ်တယ်။ ပဲပင်ပေါက်ဟာ နှလုံးနဲ့ သွေးကြောတွေကို ကျန်းမာစေတာကြောင့် နှလုံးရောဂါ မှာ အဖြစ်များဆုံး ရောဂါဖြစ်တဲ့ နှလုံးသွေးကြောကျဉ်း ရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။
ဝမ်းမှန်မှန်သွားစေခြင်း
ပဲပင်ပေါက်မှာ အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် အူလှုပ်ရှားမှုကို ကောင်းမွန်စေပြီး ဝမ်းချုပ်တဲ့ လက္ခဏာကို သက်သာစေပါတယ်။
ဆံပင်နှင့် လက်သည်း ကို ကျန်းမာစေခြင်း
အာဟာရတချို့ ချို့တဲ့မှုကြောင့် ဆံပင်တွေ ကျိုးပြတ်တာ၊ လက်သည်း၊ ခြေသည်းတွေ ကြွပ်ဆတ်တာတို့ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ပရိုတင်းဓာတ် ၊ ဗီတာမင်နဲ့ ဇင့်(သွပ်) ဓာတ်တို့ ချို့တဲ့တာ ကြောင့်ဖြစ်တတ်ပါတယ်။ ပဲပင်ပေါက်မှာ ဒီအာဟာရဓာတ်တွေ အများအပြား ပါဝင်တဲ့ အတွက် ဆံပင် သားနဲ့ လက်သည်း၊ ခြေသည်းပြဿနာတို့ မဖြစ်အောင် ကာကွယ် နိုင်သလို ဖြစ်နေရင်လည်း ကုသပေးနိုင်ပါတယ်။
အသည်းကိုကျန်းမာစေခြင်း
ပဲပင်ပေါက်မှာ လက်ဆီသင် ပမာဏ များစွာပါဝင်တဲ့ အပြင် သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေကာအသည်းမှာ အဆီကပ်ငြိမှု မဖြစ်အောင် ကာကွယ် ပေးပါတယ်။ ဒါကြောင့် အဖြစ်များတဲ့ အသည်းထိခိုက်မှု အခြအနေတစ်ရပ်ဖြစ်တဲ့ အသည်းအဆီဖုံးမှု မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။
သွေးဆုံးချိန် ဝေဒနာများကို သက်သာစေခြင်း
ပဲပင်ပေါက်မှာ အီစထရိုဂျင်လို အာနိသင်ပေးနိုင်တဲ့ ဖိုင်တိုအီစထရိုဂျင်များ စွာပါဝင်ပါတယ်။ ဒါကြောင့် သွေးဆုံးချိန်နဲ့ ဆက်စပ်နေတဲ့ ရင်တုန်တာ၊ ညဘက်ပူလောင်ပြီး ချွေးထွက်တာစတဲ့ ဝေဒနာတွေ သက်သာစေပါတယ်။ သွေးဆုံး ဝေဒနာအများစုက အီစထရိုဂျင်အဆင့် လျော့နည်းလို့ဖြစ်တာတာပါ။ ပဲပင်ပေါက်မှာတွေ့ရတဲ့ ဖိုင်တိုအီစထရိုဂျင် တွေဟာ သွေးဆုံးချိန်မှာ အဖြစ်များတဲ့ အရိုးပါးရောဂါမဖြစ်အောင် လည်း ကာကွယ်ပေးပါတယ်။
အရေပြားကို အိုမင်းမှု တားပေးသော အစွမ်းရှိခြင်း
ပဲပင်ပေါက်မှာ အတွေ့များတဲ့ ဖိုင်တိုအီစထရိုဂျင်ဟာ အရေပြားတည်ဆောက်မှုမှာအရေးပါတဲ့ ကော်လာဂျင်၊ အီလက်စတင်နဲ့ ဟိုင်ရာလူရိုးနစ်အက်စစ် တို့ တည်ဆောက်မှုကို ကောင်းမွန်စေပါတယ်။ ပဲပင်ပေါက်ဟာ အရေပြားတင်းရင်းမှုနဲ့ အစိုဓာတ်လျော့ကျမှုကြောင့် ဖြစ်တဲ့ အရေပြားအိုမင်းတဲ့ ဖြစ်စဉ်ကို မဖြစ်အောင် ကာကွယ်ပေးပါတယ်။
စိတ်ဖိစီးမှုနှင့် မောပန်းမှုကို လျော့ကျစေခြင်း
ပဲပင်ပေါက်မှာ စွမ်းအင်နဲ့ တခြား အာဟာရဓြတ်တွေ အများအပြား ပါဝင်တာကြောင့် စိတ်ဖိစီးမှုနဲ့ မောပန်းမှုတို့ကြောင့် ဖြစ်လာတဲ့ ဝေဒနာတွေကို သက်သာလျော့ပါးစေပါတယ်။
ကြယ်စင်
No comments:
Post a Comment