ဗုဒ္ဓလက်ထက်တော်ကတည်းက တန်ဆောင်မုန်းလပြည့်နေ့ညဟာ ကြယ်တာရာအစုံအညီ ထွန်းလင်းတောက်ပကြတာကြောင့် “နက္ခတ်ပွဲသဘင်” များကျင်းပလေ့ရှိပြီး၊ ထိုညမှာ ဆေးပေါင်းခတဲ့ညအဖြစ် “မဲဇလီဖူး” ကို သုပ်စားလေ့ရှိကြပါတယ်။ ညသန်း ခေါင်ယံအချိန်မှာ မဲဇလီဖူးကို ခူးပြီးတော့သုပ်စားရင် ဆေးဘက်ပိုဝင်ပြီး ကျန်းမာအသက်ရှည်စေတယ်လို့ ရှေးလူကြီးတွေက ဆိုပါတယ်။ ဒါတင်မကသေးပါဘူး။ တန်ဆောင်းမုန်းလပြည့်နေ့ည (၁၂)နာရီ တိတိ အချိန်ကို ဆေးပေါင်းခတဲ့ညရဲ့ အမြင့်ဆုံး၊ အစွမ်းထက်ဆုံး အချိန်လို့သတ်မှတ်ပြီး တိုင်းရင်းဆေးဆရာကြီးများက ဆေးဝါးမျိုးစုံကိုဖော်စပ်လေ့ရှိကြပါတယ်။
မဲဇလီဖူးဟာ နုတဲ့အချိန်မှာ အစိမ်းဖျော့ရောင်ဖြစ်ပြီး၊ ရင့်လာရင်တော့ အညိုရောင်ပြောင်းသွားတတ်ပါတယ်။ အဖူးသာမက၊ အရွက် နှင့် အဝါရောင်အပွင့်လေးများကိုလဲ စားလို့ရပါတယ်။ ကဲ….နံမည်ကြီး မဲဇလီဖူးက လူသားတို့ကျန်းမာရေးအတွက် ဘယ်လို ဆေးဘက်ဝင်စေသလဲ? အောက်ပါအတိုင်း လေ့လာကြည့်လိုက်ကြရအောင်။
ဆေးသိပ္ပံနည်းအရ ဓာတ်ခွဲစမ်းသပ်ကြည့်ရာ၊ ၁၀၀ ဂရမ်အလေးချိန်ရှိတဲ့ မဲဇလီဖူး နှင့်အရွက်တို့မှာ ပရိုတင်း ၁.၂၃ မီလီဂရမ်၊ ကစီဓာတ် ၁.၃၀ မီလီဂရမ်၊ အဆီဓာတ် ဝ.၀၁ မီလီဂရမ်၊ အမျှင်ဓာတ် ဝ.၀၇ မီလီဂရမ်၊ မီးစုန်း ဝ.၀၁ မီလီဂရမ်၊ ကယ်လိုရီ ဝ.၆၊ ကော့ပါး ဝ.၀၁ မီလီဂရမ်၊ ဇင့် ဝ.၀၂ မီလီဂရမ်၊ ဆိုဒီယမ် ဝ.၁၄ မီလီဂရမ်၊ မဂ္ဂနီစီယမ် ဝ.၀၂ မီလီဂရမ်၊ မဂ္ဂနီးစ် ဝ.၂၄ မီလီဂရမ်၊ ဗီတာမင်ကေ ဝ.၁၃ မီလီဂရမ် တို့အသီးသီးပါရှိကြပါတယ်။ ဒါ့အပြင် ဟင်းသီးဟင်းရွက်များမှာ ရှားရှားပါးပါး တွေ့ရခဲသော ဆေးဘက်ဝင် glycosides, terpenoids, tannins, saponins, flavonoids နှင့် steroids တွေလဲ ပါရှိကြပါသေးတယ်။
1. သွေးအားကောင်းစေတဲ့အပြင်၊ သွေးကိုလဲ သန့်စေပါတယ်။
2. မဲဇလီ ဖူးထဲတွင်ပါရှိသော သဘာဝအခါးဓာတ်က အသည်းအားကောင်းစေပါတယ်။
3. အစာချေစံနစ်ကိုကောင်းမွန်စေရုံသာမက၊ ပျို့အန်ခြင်း၊ အက်စစ်ဆန်တက်၍ လေချဉ်တက်ခြင်း၊ ရင်ပူခြင်းတို့ကို သက်သာစေပါတယ်။
4. ခန္ဓာကိုယ်အတွက်လိုအပ်သော ပရိုတင်းဓာတ်ကိုဖြည့်တင်းပေးပြီး၊ ကိုယ်ခန္ဓာကြီးထွားမှုကို ကောင်းစွာအထောက်အပံ့ ပေးပါတယ်။
5. အူမကြီးကို ကောင်းစွာအလုပ်လုပ်စေလို့၊ ဝမ်းပျော့ပျော့သွားစေပါတယ်။ ထို့ပြင် အူမကြီး နှင့် အူသိမ်အူမများထဲရှိ တုပ်ကောင်/သန်ကောင် စတဲ့ ကပ်ပါးကောင်များကို ဖယ်ရှားပေးလို့ အူကိုသန့်စင်စေပါတယ်။
6. ကစီဓာတ်ကြွယ်ဝစွာပါရှိခြင်းကြောင့်၊ ခန္ဓာကိုယ်တွင်းဇီဝဖြစ်စဉ်ကို ကောင်းကျိုးပြုပါတယ်။
7. သရက်ရွက်ထဲရှိ ကောင်းသောဆဲလ်အသစ်များကို တိုးပွားစေလို့၊ သရက်ရွက်ကို ကျန်းမာစေပါတယ်။
8. မဲဇလီဖူးထဲတွင်ပါရှိသော သဘာဝအဆီဓာတ်က ခန္ဓာကိုယ်ထဲရှိမကောင်းသော ဓာတ်များကို လောင်ကျွမ်းစေပါတယ်။
9. အစွမ်းထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများအပြင်၊ ပိုလီဖီနောဓာတ်များပါရှိသဖြင့် ခန္ဓာကိုယ်အတွက် မလိုလားအပ်သော ဖရီးရယ်ဒီကယ်များကို သုတ်သင်ဖယ်ရှားပေးတာကြောင့်၊ အူမကြီးကင်ဆာ၊ အစာအိမ်က်ငဆာ ဆာရောဂါများ မဖြစ်စေနိုင်ပါ။
10. မဲဇလီဖူးထဲတွင်ပါရှိသော သတ္တုဓာတ်ပေါင်းစုများက သူငယ်နာအရိုးပျော့ရောဂါကို ကာကွယ်ပေးတာကြောင့် မွေးဖွား လာသော ကလေးများတွင် ပိုလီရိုရောဂါမဖြစ်စေရန် ကြိုတင်ကာကွယ်သည့်အနေဖြင့် ကိုယ်ဝန်ဆောင်မိခင်များ မဲဇလီဖူးကို မဖြစ်မနေ စားသုံးသင့်ပါတယ်။
11. ဓာတ်ခွဲစမ်းသပ်ချက်များအရ၊ မဲဇလီဖူး-ရွက်-ပွင့်ထဲတွင်ပါရှိသော အာဟာရဓာတ်များက ဟင်းနုနယ်တွင် ပါရှိသော အာဟာရဓာတ်များနှင့် အလားတူတယ်လို့ဆိုပါတယ်။
ဘာသာပြန်သူ (ပေါက်ပေါက်)
မှီငြမ်း (health benefits of cassia siamea)
Cassia flower bud (or) Siamese cassia flower bud
Scientific Name = Senna siamea (or) Cassia siamea
Since the time of the Buddha, the full moon night of the lunar month of Tasaungmone has been celebrated with a full moon, so the stars have been shining brightly, so the "astrological festival" has been held, and on that night, "Mejaliphu" is eaten as a salad as a night of medicinal herbs. The ancients said that if you pick and eat Mejaliphu at midnight, it will have more medicinal properties and will bring you a long and healthy life. Not only that. The full moon night of Tasaungmone is considered to be the highest and most powerful time of medicinal herbs, and traditional healers often mix various medicines.
Mejaliphu is light green when young, but it turns brown when it matures. Not only the buds, but also the leaves and yellow flowers can be eaten. Now... How does the famous Mejaliphu have medicinal properties for human health? Let's take a look at it below.
According to medical science, according to laboratory tests, 100 grams of fenugreek leaves and pods contain 1.23 mg of protein, 1.30 mg of starch, 0.01 mg of fat, 0.07 mg of fiber, 0.01 mg of phosphorus, 0.6 calories, 0.01 mg of copper, 0.02 mg of zinc, 0.14 mg of sodium, 0.02 mg of magnesium, 0.24 mg of manganese, and 0.13 mg of vitamin K. In addition, the vegetable also contains rare and rare medicinal glycosides, terpenoids, tannins, saponins, flavonoids, and steroids.
1. In addition to strengthening the blood, it also purifies the blood.
2. The natural bitterness in fenugreek leaves strengthens the liver.
3. Not only does it improve the digestive system, Relieves nausea, vomiting, acidity, flatulence, and heartburn.
4. Provides the body with the protein it needs and supports body growth.
5. Helps the large intestine function properly, making the stool soft. In addition, it cleanses the intestines by removing parasites such as worms and worms in the large intestine and small intestine.
6. Being rich in starch, it is beneficial for the body's metabolism.
7. It increases new good cells in the spleen, making the spleen healthy.
8. The natural fat in the fenugreek leaves burns harmful substances in the body.
9. In addition to powerful antioxidants, it contains polyphenols, which eliminate unwanted free radicals in the body, preventing colon cancer, and digestive diseases.
10. The minerals in fenugreek seeds prevent rickets, so pregnant women should consume fenugreek seeds as a preventive measure to prevent polio in their children.
11. According to laboratory tests, the nutrients in fenugreek seeds, leaves, and flowers are similar to those in spinach.
No comments:
Post a Comment