Monday, November 12, 2012

ဆေးဖက်ဝင် ဒန့်သလွန်သီး ၊ ဒန့်သလွန်ရွက်



    ဆေးဖက်ဝင် ဒန့်သလွန်သီး ၊ ဒန့်သလွန်ရွက်    ဒန့်သလွန် ဒန့်သလွန်သီး ၊ ဒန့်သလွန်ရွက်ကို မြန်မာလူမျိုးများက နှစ်သက်စွာ ချက်ပြုတ်စားသောက်လေ့ရှိကြပါသည်။ ဒန့်သလွန်သီးကို ချဉ်ရည်ဟင်း ချက်ပြုတ်လေ့ရှိပြီး ဒန့်သလွန်ရွက်ကို ကြော်လို့ တစ်ဖုံ၊ ဟင်းခါးရည် ချက်လို့ တစ်မျိုး စားကြပါသည်။ ကဝိလက္ခဏာ သတ်ပုံကျမ်း၌ “ဒန့်သလွန်”ဟု ရေးသားပါသည်။
ဒန့်သလွန်၏ ရုက္ခဗေဒအမည်သည် Moringa Oleifera ဖြစ်ပြီး horseradish tree, drumstick tree, Ben Oil tree ဟု အရပ်အမည် ခေါ်တွင်ပါသည်။ ဒန့်သလွန်၏ ဇာတိနေရာမှာ အိန္ဒိယနိုင်ငံ ဖြစ်ပြီး အပူပိုင်းဒေသနိုင်ငံများကို ပျံ့နှံ့ပေါက်ရောက်နေပါသည်။ ယနေ့တွင် အာဖရိကနိုင်ငံများ ၊ တောင်အမေရိက ၊ သီရိလင်္ကာ ၊ မက်ဆီကို ၊ မလေးရှား ၊ ဖိလစ်ပိုင်နိုင်ငံများတွင် အများအပြား စိုက်ပျိုးကြပါသည်။ ဒန့်သလွန်ကို နိုင်ငံအလိုက် သက်ဆိုင်ရာ ဘာသာစကားနှင့် အမည်တွင်ပေမယ့် အသီး ပုံသဏ္ဍာန်ကြောင့် drumstick tree လို့ လူသိများပါသည်။

            ဒန့်သလွန်ပင် တစ်ပင်လုံးဟာ လွှင့်ပစ်စရာမရှိအောင်ကို အဖိုးတန်လှ ပါတယ်။ ရှေးနှစ်ပေါင်းများစွာကတည်းကပင် ဆေးဖက်ဝင်အပင် အဖြစ် ဒန့်သလွန်ဟာ ယနေ့ထက်တိုင် အကျိုးပြုနေဆဲ ဖြစ်ပါတယ်။ ဒန့်သလွန်ရွက်မှာ ပိုတက်ဆီယမ်၊ သံဓာတ်၊ ပရိုတိန်း ၊ ဗီတာမင်စီ ဓာတ်များ ပါရှိနေပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံမှာတော့ ဒန့်သလွန်ရွက်ဟင်းရည်ကို သွေးတိုးရောဂါရှင်များအတွက် ချက်ပြုတ်ပေးလေ့ရှိကြပါတယ်။ အခြား နိုင်ငံများတွင်မှာတော့ အရွက်ခြောက်ကို အမှုန့်ပြုလုပ်ကာ ဟင်းရည်များတွင် ထည့်ကာ ချက်ပြုတ်လေ့ရှိကြပါတယ်။ ဒန့်သလွန်သီး အသီးနုများကို ဟင်းချက်စားကြပြီး ရင့်သောအသီးမှ အစေ့များကို မြေပဲကဲ့သို့ စားကြပါတယ်။

           ဒန့်သလွန်သီး အစေ့မှ ဆီ ထုတ်ယူပြီး စားသုံးဆီ ၊ စက်သုံးဆီ အဖြစ် အသုံးပြုကြပါတယ်။ ဒန့်သလွန်အပွင့်များကိုလည်း ချက်ပြုတ်စားကြပါတယ်။ ဒန့်သလွန်ပွင့်မှာ လည်းပဲ ကယ်လစီယမ်၊ သံဓာတ် ၊ ဗီတာမင် အေ ၊ ဗီတာမင် ဘီ ၊ ဗီတာမင် စီ နှင့် ပရိုတိန်းဓာတ်များ ကြွယ်ဝနေပါတယ်။ ဒန့်သလွန်ပွင့်ကို ဟင်းချက်လျှင် အရသာမှာ မှိုနှင့်ဆင်တူပါတယ်။ ဒန့်သလွန်ပင်ရဲ့ အခေါက်၊ အမြစ် ၊ အရွက် ၊ အသီး ၊ အပွင့် အားလုံးတို့ဟာ ရိုးရာတိုင်းရင်းဆေးအဖြစ် နိုင်ငံ အတော်များများမှာ အသုံးဝင်ပါတယ်။ ဒန့်သလွန်ပင်ဟာ ၁၀ မီတာခန့် မြင့်ပြီး ကိုင်းများက ကျွတ်ဆတ်ပါတယ်။ အိန္ဒိယနိုင်ငံမှာတော့ ကိုင်းဖြတ် မျိုးပွားယူကြပါတယ်။ ဇွန်လ ၊ ဇူလိုင်လ ၊ သြဂုတ်လများတွင် ဒန့်သလွန်ကိုင်းကို ကိုင်းအရှည် ၁ မီတာမှ ၂ မီတာ အတွင်း ဖြတ်ပြီး အပင်အသစ်အဖြစ် ပြန်လည် စိုက်ပျိူးကြပါတယ်။ စိုက်ပျိုးပြီး ၆ လမှ ၈ လ အကြာမှာတော့ အသီး စတင် သီးပါပြီ။ အပင်တစ်ပင်လုံး အသုံးဝင်သော ဒန့်သလွန်ပင်မှာ အသီး ၊ အရွက် ၊ အပွင့်တို့က အရသာလည်း ရှိတာကြောင့် အမျိုးမျိုး စီမံချက်ပြုတ် စားသောက်ခြင်းဖြင့် အစာလည်းဆေး ၊ ဆေးလည်းအစာ ဖြစ်နေပါတယ်။ သွေးတိုးရောဂါအတွက် ဒန်.သလွန် ဒန်.သလွန်ပင်ဟာ ဆေးဖက်ဝင်တဲ. အပင်ဖြစ်ပြီး သွေးပေါင်ချိန်(BP)ကျစေတဲ. အာနိသင်တွေ ပါဝင်ပါတယ်။ အထူးသဖြင်. အရွက်မှာ အများဆုံးပါ ပါတယ်။

           ဒန်.သလွန်ရွက်မှာ သွေးပေါင်ချိန်ကိုကျစေနိုင်တဲ. အဓိကဒြပ်ပေါင်း (၅)မျိုးရှိတယ်လို.ဆိုပါတယ်။ Niazinin A Niazinin B Niaziminin A Niaziminin B Niazimicin တို.ဖြစ်ပါတယ်။ ဒီဒြပ်ပေါင်းတွေအားလုံးဟာ အခြားအသီးအနှံတွေမှာ ပါဝင်မှုနည်းပြီး ရှားလည်းရှားပါတယ်။ ဒန်.သလွန်အရွက်နဲ. အသီးမှာသာ အများဆုံးတွေ.ရပါတယ်။ ဖေါ်ပြပါ ဒြပ်ပေါင်းတွေဟာ ကြွက်သားလေးတွေ တင်းမာမှုကို လျောပါးစေပါတယ်။ သွေးတိုးရောဂါဖြစ်ပြီဆိုရင် သွေးကြောလေးတွေတင်းမာပြီး ကျဉ်းကုန်ပါတယ်။ ဒန်.သလွန်အရွက်နဲ. အသီးမှာပါတဲ. ဓာတုပစ္စည်းတွေဟာ သွေးကြောနံရံမှာရှိတဲ. ကြွက်သားလေးတွေကို လျော.ပေးတဲ.အတွက် သွေးကြောလေးတွေ ကျယ်လာပြီး သွေးပေါင်ကျသွားပါတယ်။ သွေးတိုးကြောင်.ဖြစ်တဲ. ဇက်ကြောတက်တာ၊ ခေါင်းကိုက်တာတွေပါ ပျောက်ပါတယ်။ နောက်တစ်မျိုး သွေးပေါင်ချိန်ကျစေနိုင်တာကတော. ဒန်.သလွန်သီးအစေ.မှာ ဆီးသွားစေနိုင်တဲ.သတ္တိ (Diuretic action) ရှိတယ်လို.ဆိုပါတယ်။ ဒါကြောင်. သွေးတိုးရောဂါရှိသူတွေဟာ ဆီးဆေးသောက်စရာမလိုပဲ ဒန်.သလွန်သီးရဲ.အစေ.ကို စားရုံနဲ. ဆီးသွားပြီး သွေးပေါင်ကျစေဖို. အထောက်အကူပြုပါတယ်။

          ဖောနေတဲ.သူတွေအတွက် ပိုပြီး အကျိုးရှိပါတယ်။ သွေးတိုးရောဂါဝေဒနာရှင်အတွက် ဓာတုဗေဒဆေးဝါးတွေကတော. သွေးပေါင်ကို စနစ်တကျတိုင်းတာပြီး ဆရာဝန်ညွှန်ကြားတဲ.အတိုင်း ဆေးအချိန်အဆကို တိတိကျကျ သောက်ဖို.လိုပါတယ်။ အဲဒီလို မသောက်နိုင်ရင် သွေးပေါင်ချိန် ထိုးပြီးကျဆင်းသွားနိုင်တဲ. ဘေးထွက်ဆိုးကျိုးဖြစ်တတ်ပါတယ်။ ဒန်.သလွန်အရွက်၊ အသီးစားလို. သွေးပေါင်ချိန်ထိုးပြီးကျသွာတာမျိုး ဖြစ်လေ.မရှိဘူးလို.ဆိုပါတယ်။ ဒါကြောင်. သွေးတိုးရောဂါဝေဒနာ ခံစားနေရသူတွေအတွက် ဒန်.သလွန်ရွက်၊ ဒန်.သလွန်သီးဟာ အလွန်ပဲ တန်ဖိုးရှိတဲ. အစားအစာတစ်ခုဖြစ်ပါတယ်။ ဒန်.သလွန်ရဲ.အာဟာရဓာတ်နဲ. ပဋိဇီဝဓာတ် ဒန်.သလွန်ဟာ ခန္ဓာကိုယ်အတွက် အာဟာရဓာတ်တွေပေးစွမ်းနိုင်ပါတယ်။ ဒန်.သလွန်သီးအခြောက်မှာ Protein ၂၉%၊ Carbohydrate ၂၈%နဲ. အဆီဓာတ် ၄% ပါဝင်ပါတယ်။ ပါဝင်တဲ.အဆီဓာတ်ကလည်း မပြည်.ဝဆီ (Unsaturated fat) ဖြစ်လို. လူရဲ. ကျန်းမာရေးကို များစွာ အထောက်အကူပြုပါတယ်။ ဗီတာမင်တွေအနေနဲ. Vitamin A, C, E, Niacin, B6 နဲ. Folic acid တို.ပါ ပါတယ်။ သတ္တုဓာတ်တွေအနေနဲ. Mg++, Ca++, Iron, Phosphorus, Selenium, Zinc စသဖြင်. အရေးပါသော သတ္တုဓာတ်တွေ အများကြီးပါ ပါတယ်။ Zinc ဆိုရင် 100g (၆ ကျပ် တစ်မတ်သား)မှာ 25mg အထိပါတဲ.အတွက် အပင်တွေထဲမှာ အများဆုံး ပါဝင်မှုဖြစ်တယ်လို. ဆိုပါတယ်။

             ဒီအာဟာရဓာတ်တွေဟာ ကျန်းမာရေးကို အသီးသီး အထောက်အကူပြုပါတယ်။ နောက်တစ်ချက်ကတော. ဒန်.သလွန်သီးမှာပါတဲ. Pterygospermin ဆိုတဲ. ဓာတ်ပစ္စည်းဟာ သဘာဝပဋိဇီဝဆေး (Natural Antibiotic) တစ်ခုဖြစ်တယ်လို.ဆိုပါတယ်။ ဗက်တီးရီးယား အတော်များများကို သေစေနိုင်ပါတယ်။ ဒါ.အပြင် မှို (Fungi) တွေကိုပါ သေစေနိုင်တာဖြစ်တဲ.အတွက် အရေပြားမှိုစွဲနာဖြစ်ရင် ဒန်.သလွန်များများ စားပေးဖို.တိုက်တွန်းထားပါတယ်။ အဲဒီဓာတ်ပစ္စည်းဟာ ဒန်.သလွန်သီးရဲ.အစေ.မှာ အများဆုံးပါဝင်တယ်လို.သိရပါတယ်။ ရေကိုသန်.စင်စေခြင်း ဒန်.သလွန်ကို ချက်ပြုတ်စားသောက်တာအပြင် သူ.မှာ ထူးခြားတဲ. ဂုဏ်သတ္တိတစ်ခု ရှိနေပါသေးတယ်။ အဲဒါကတော. ရေကိုသန်.စင်ပေးနိုင်တာပဲ ဖြစ်ပါတယ်။ ဒန်.သလွန်သီးရဲ.အစေ.မှာပါတဲ. Coagulant တွေဟာ နောက်ကျိနေတဲ. ရေထဲကပစ္စည်းတွေကို စုစည်းပြီး အနယ်ကျစေနိုင်ပါတယ်။ ဥပမာ - မြစ်ရေတင်ပြီးသုံးရတဲ. ဒေသတွေမှာ ဒန်.သလွန်စေ.ကို အခြောက်လှန်း၊ အမှုန်.ဖြစ်အောင်လုပ်ပြီး အဲဒီမြစ်ရေထဲကို ထည်.လိုက်ရင် ပါလာတဲ. အနယ်တွေဟာ အောက်ကိုဆင်းသွားပြီး ရေ ကြည်လာတာ တွေ.ရပါမယ်။ အခုနောက်ပိုင်းမှာ စက်ရုံတွေက စွန်.ပစ်တဲ. ရေဆိုးတွေကို ပြန်လည်သန်.စင်တဲ. နေရာမှာတောင် စတင်အသုံးပြုနေကြပြီလို. ဆိုပါတယ်။

           ဒန်.သလွန်သီးရဲ.အစေ.မှာပါဝင်တဲ့သဘာဝပဋိဇီဝပစ္စည်းတွေကြောင်. ရေထဲမှာရှိတဲ.
 ရောဂါပိုးတွေကိုပါ သေစေနိုင်တဲ.အတွက် အလွန် အသုံးဝင်ပါတယ်။ ဒန်.သလွန်ရဲ. တခြားအာနိသင် ကင်ဆာရောဂါကို ကာကွယ်နိုင်ခြင်း အသည်းပျက်စီးခြင်းမှ ကာကွယ်နိုင်ခြင်း ဓာတ်ရောင်ခြည်သင်.မှုကနေ ကာကွယ်နိုင်ခြင်း အာဆင်းနစ်၊ ကက်ဒမီယမ် စတဲ. အဆိပ်သင်.မှုတွေကနေ သက်သာစေနိုင်ခြင်းတို.ပဲ ဖြစ်ပါတယ်။ သတိပြုရန် ဒန်.သလွန်သီးကို ချက်ပြုတ်စားသောက်မယ်ဆိုရင် အချိုမှုန်. လုံးဝ မသုံးသင်.ပါဘူး။ ဘာကြောင်.လည်းဆိုရင် အချိုမှုန်.မှာပါတဲ. Glutamic acid ဟာ ဒန်.သလွန်သီးရဲ. ဆေးဖက်ဝင်အာနိသင်တွေကို အူနံရံက စုပ်ယူမှုကို ဟန်.တားနိုင်လို.ပဲ ဖြစ်ပါတယ်။ သွေးတိုးရောဂါဝေဒနာရှင်တွေဟာ ဒန်.သလွန်.ရွက်ကို ကြော်မစားပဲ ဟင်းချိုအဖြစ် သောက်သုံးသင်.ပါတယ်။ ဒန်.သလွန်ရွက်မှာ ပါတဲ. ဒြပ်ပေါင်းတွေဟာ ရေမှာပျော်ဝင်တဲ.အတွက် ကြော်စားခြင်းထက် ဟင်းချိုအဖြစ်သောက်ခြင်းက ပိုပြီး အကျိုးရှိပါတယ်။
ကိုးကား ဟနစံ ဒေါက်တာခင်မောင်လွင်(FAME)၏ ကျန်းမာသုတ အစီအစဉ်။

ကျောက်ကပ်ဝေဒနာသည်များဝမ်းမြောက်ဖွယ်


ကျောက်ကပ်ဝေဒနာခံစားနေရသူများမှာ လူလည်းပင်ပန်း ၊ငွေကြေးကုန်ကျမှု့ များပြားသောရောဂါတစ်ခုဖြစ်ပါသည်။သိန်းထောင်ချီ၍ချမ်းသာသောသူပင် ဒေဝါလီ ခံ ရသော ရောဂါ ပါ ။ ကျောက်ကပ်ဆေးနေရသူများမှာ လူလည်းနာ
ငွေလဲကုန်လှပါသည်။အချိန်အခိုက်အတန့်တခုသာထိန်းထားနိုင်ပြီး မရဏမင်းထံ သွားရသည်သာများပါသည်။လဲလှယ်နိုင်မှသာ အသက်ဆက်နိုင်ပါသည်။
လဲဖို့စားရိတ်ကလည်းသိန်းထောင်ကျော်ကုန်ကျပါသည်။


ထို့ကြောင့်ကျောက်ကပ် ဝေဒနာသည်များ အောက်ပါအတိုင်း ဆောင်ရွက်ကြည့်ပါ။ ဖြစ်ခါစတွင်ပျောက်ကင်း၍နာတာရှည်ခံစားနေရသူများသက်သာပြီးကျောက်ကပ်ဆေးနေရသူများအကြိမ်ရေလျော့ပါးလာစေရပါမည်ဟုလုံးဝအာမခံပါသည်။

ကျွန်တော်ကိုယ်တိုင် လွန်ခဲ့သော သုံးနှစ်က ခံစားခဲ့ဖူးပါသည်။သိသိခြင်း ဆောင်ရွက်ခဲ့သဖြင့်သုံးလအတွင်းပျောက်ကင်းခဲ့ပါသည်။စရိတ်သက်သာ အကုန်အကျနည်း၍ လုံးဝအထင်မသေးပါနှင့်။ ကမ္ဘာပေါ်တွင် နံမည်ကြီး
နေပြီဖြစ်သည့် HERBAL MEDICINE ကုသနည်းပါ။

အနောက်နိုင်ငံများတွင်ပင်ဘေးထွက်ဆိုးကျိုးများပြားလာသည့်အနောက်တိုင်းဆေးများကိုသောက်သုံးရန်ချင့်ချိန်လာကြပြီးသစ်ဥသစ်ဖုသဘာဝအပင်များမှထုတ်ယူသောဆေးများကိုပြောင်းလဲသုံးစွဲနေပါပြီ။

မြန်မာပြည်တွင် ဒေါက်တာခင်မောင်လွင် ထုတ်လုပ်သည့် fame ဆေးတိုက်မှဆေးများ ကမ္ဘာတွင်
နံမည်ရနေပါပြီ။ယခုတင်ပြသောဆေးနည်းမှာကျွန်တော်တို့မိသားစု ဘိုးစဉ်ဘောင်ဆက် သုံးစွဲခဲ့သောနည်းပါ။

၁။ကျောက်ဖရုံသီးဟင်းချိုကို နေ့စဉ်သောက်ပေးပါ။
(အသား၊ငါးမရောပါနှင့်၊ရောဂါမရှိသေးသူများသောက်ပါကဆီးကောင်းစေပြီး၊ယောက်ျားများအတွက်၊ယောက်ျား

ပီသစေပါသည်)

၂။တရုပ်နံနံပင်ငါးရွက်ကို ရေနွေးဖြူထဲတွင် ထည့်စိမ်ပါ။လဖက်ခြောက်ခပ်၍ရေနွေးသောက်သလိုသောက်ပါ။အဖတ်
ဝါးစားပါ။ညနေစာစားပြီး နာရီဝက်ခန့်ခြားပြီးမှသောက်ပါ။ အိပ်ချိန်နှင့်ဝေးပါစေ။သွေးတိုးပါကျစေသဖြင့် မျက်လုံး
ကြောင်တတ်ပါသည်။ည ခုနစ်နာရီဆိုလျင် သင့်ပါသည်။
၃။ကျောက်ကပ်ကြောင့် အသည်းအသန်အောင့်နေသူများ ကျောက်ဖရုံသီးကို ခွဲ အူတိုင်ထုတ်ပြီး ကျောက်ကပ်နေရာ
သို့ အတွင်းသားဖြင့်ကပ်၍ စည်းထားပါ။

ဖြေးဖြေးသက်သာလာပါမည်။
၄။ရေပူစမ်းနှင့်နီးပါက တပါတ်တစ်ကြိမ်ချိုးပါ၊မနီးပါက ရေနွေးနှင့်ချိုးပြီး ချွေးအောင်းပါ။
သုံးလအနည်းဆုံးထားပြီး ဆောင်ရွက်ပါ။ကျောက်ကပ်ဆေးနေရသူများပင် အကြိမ်ရေ လျော့လာသည်ကိုတွေ့ရပါမည်။
ပျောက်ကင်းသက်သာပါက လူတိုင်းအားဖြန့်ဝေပါ ။ မသက်သာပါက ကျွန်တော့်အား စိတ်ဆိုးကြပါ။ယနေ့အချိန်အထိတောလာရောက်ကျေးဇူးတင်သူသာရှိပါသေးသည်။သက်သာကြသူ
သာတွေ့ရသဖြင့်အများအသုံးချနိုင်စေရန် အင်တာနက်စာမျက်နှာပေါ် တင်လိုက်ရပါသည်
ရေးသားသူ Ye Lattမှ ကူးယူဖော်ပြသည်။

အဆိပ်ပြေစေပြီး ထူးကဲတဲ့အစွမ်းများနဲ့ကန်စွန်းရွက်

အဆိပ်ပြေစေပြီး ထူးကဲတဲ့အစွမ်းများနဲ့ကန်စွန်းရွက် မြန်မာများ ချက်ပြုတ်စားကြသည့် ကန်စွန်း ပင် ၏ တိုင်းရင်းဆေးဖက်ဝင် အသုံးဝင်ပုံများကိုရေးသားတင်ပြရန်ရွေးချယ်ထားပါတယ်။ကုန်စိမ်းဆိုင်များတွင်ရောင်းချကြသော ကန်စွန်းကြီးရွက်(တရုတ်ကန်စွန်း)၊ကန်စွန်းရိုးနီများသည်မြန်မာတို့မကြာခဏချက်ပြုတ်စားသုံးလေ့ရှိသော ဟင်းရွက်များထဲတွင်ပါဝင်ပါသည်။ယင်းတို့ကိုချက်ပြုတ်စားသောက်ခြင်းဖြင့် ငွေကုန်သက်သာစေသည့်အပြင်လူတို့အတွက် အာဟာရဓာတ် တို့လည်းဖြစ်စေပါသည်။

မြန်မာ့စားသုံးမှု
ကန်စွန်းရွက်ကို ငါး၊ ပုစွန်ဖြင့် အချို့ဟင်းတစ်ခွက် ချက်စားခြင်းပြုတ်တို့စားခြင်း၊ ကြော်လှော်စားခြင်း၊ အသုပ်အဖြစ် စားသုံးခြင်း၊ ချဉ်ဖတ်နှင့် ပြုတ်၍ သနပ်စုံထည့်စားခြင်း၊ ပဲ၊ ငါး စသည့်တို့နှင့် ငါးပေါင်းကြော်အဖြစ်လည်းကြော်လှော်စားသုံးကြသည့်အပြင်အခြားဟင်းရွက်များနှင့်ရောနှောချက်စားလေ့
ရှိကြပါသည်။

အဆိပ်အတောက်ပြေစေသည့်ကန်စွန်းရွက်
မှိုဟင်းများချက်စားသုံးရာတွင်အဆိပ်အတောက်များကိုပြေစေရန်ကန်စွန်းရွက်ကို ရောနှောချက်ပြုတ်ကြော်စားလေ့ ရှိကြပါသည်။ ကန်စွန်းရွက်သည် ချက်ပြုတ်စားသုံး ရာတွင် ဟင်းလျာအဖြစ် စားသုံးရသကဲ့သို့ ကျန်းမာရေးကဏ္ဍတွင်လည်း ဆေးဝါး ဓာတ်စာအဖြစ်အသုံးဝင်စေပါသည်။

မြန်မာ့ဆေးကျမ်း၏အဆိုများ
ကန်စွန်းရွက်နှင့်ပတ်သက်၍မြန်မာ့ဆေးကျမ်းများတွင်တိုင်းရင်းဆေးဖက်ဝင်ပုံများကိုအကျယ်တဝင့် ဖော်ပြထားကြသည့်အနက် ဥတုသောဇနသင်္ဂဟ ကျမ်းတွင် ရေးသား ဖော်ပြချက်များကိုဆက်လက်တင်ပြထားပါသည်။

ကန်စွန်းရွက်သည် ချို၏။ နို့ရည်၊ သုက်တို့ကို ပွားများစေ၏ ရှုတော်မူဆေးကျမ်းနှင့် ရသ ဓာတုကျမ်းတွင် ကန်စွန်းရွက်သည် ဝမ်းမီးကို ဖြောင့်စေခြင်း၊ ငန်းမန်းကြေခြင်း၊ သုက်ကို ပွားများစေ၏ ရူးသောအနာ၊ သည်းခြေနှင့် ယှဉ်သောအနာ၊ အဆိပ်အတောက်အမျိုးမျိုး၊ သွေးကင်း၊ လေကင်း၊ အပုပ်ကင်း၊ အဖျားကင်း စသည်တို့ကို ကုသရာတွင် အသုံးဝင် ကြောင်းကိုဖော်ပြပါသည်။

မျက်စဉ်းဆေးရည်
ကျေးလက်တိုင်းရင်းဆေးဆရာများ အသုံးပြုခဲ့သည့် ကန်စွန်းရွက်ပါဝင်သော မျက်စဉ်း ဆေးရည်မှာ သန့်စင်ဆေးကြောထားသော ကန်စွန်းရွက်ကြိတ်ညှစ်ရည်ကို လူနို့ နှင့် ဖျော်ပြီး မျက်စဉ်းဆေးရည်အဖြစ် ခတ်ပေးခြင်းဖြင့် မျက်ခမ်းစပ်နာ၊ မီးယပ်မျက်စိနာ၊ မျက်စိမှုန်ဝါးဝါးဖြစ်ပေါ်နေသောဝေဒနာတို့ကိုကုသပေးနိုင်ပါသည်။

ဆေးမှာဖြေဆေးကန်စွန်းရည်
မြန်မာ့တိုင်းရင်းဆေးဝါးများအနက် သမားတော်ကိုင် ဆေးဝါးအချို့တို့တွင် စိန်ဓာတ်ဖြင့် ဖော်စပ်ထားသော ဆေးဝါးများကို လူတို့သုံးဆောင်နေစဉ် သံပရာရည်ကို သောက်မိပါက စိန်အဆိပ်အတောက်ကို ဖြစ်ပေါ် စေနိုင်ပါသည်။ ထိုသို့ ဖြစ်လျှင် လတ်ဆက် သန့်ရှင်း စင်ကြယ်သော ကန်စွန်းရွက်ကို ထုထောင်း၍ အရည်နှင့် အဖတ်တို့ကို သောက်ပေးခြင်းဖြင့်အဆိပ်အတောက်များကိုပြေစေနိုင်ပါသည်။

ဝမ်းဗိုက်ရောဂါကုဆေးဝါးဓာတ်စာ
တစ်ခါတစ်ရံတွင် လူကြီးများ အစာမှားခြင်းကြောင့် ဝမ်းဗိုက်မအီမသာဖြစ်ခြင်း၊ မစားချင် မသောက်ချင်၊ နေရထိုင်ရအခက်တွေ့ခြင်း၊ မစားချင်မသောက်ချင်၊ နေရထိုင်ရအခက် တွေ့ခြင်းနှင့် ကိုယ်လက်ယားယံပါက ကန်စွန်းရွက်နှင့် ထန်းလျက်ကို အတူကြိတ်ပါ။ ရလာသော အရည်ကို ဟင်းစားစတီး ဇွန်းထက်ဝက်ခန့် နံနက်တစ်ကြိမ်၊ နေ့လယ်တစ်ကြိမ် သောက်သုံးပေးခြင်းဖြင့် ပကတိအတိုင်း ကျန်းမာလာစေနိုင်ပါသည်။

ရေနွေးနှင့်မီးလောင်နာ
မိသားစုဝင်များတွင် မကြာခဏ ကြုံရတတ်နေသော ကျန်းမာရေး ပြဿနာမှာ ရေနွေး ပူလောင်ခြင်းနှင့် မီးပူလောင်ခြင်းတို့ပင် ဖြစ်ကြပါသည်။ ခြေ၊ လက်တို့တွင် မီးလောင် နာထပါက ကန်စွန်းရွက်ကြိတ်ရည်ကို လိမ်းပေးပါ။ ကန်စွန်းရွက်ကြိတ်ညှစ်ရည်နှင့် သကြားကို ထည့်ဖျော်လျက်လိမ်းပေးခြင်းဖြင့်လည်း အဖုများကို ဖြစ်ပေါ်စေခြင်းမှ ကင်းဝေးစေပါသည်။

အကြောတက်ခြင်းနှင့်ကန်စွန်းရွက်
မကြာခဏ ဇက်ကြောတက်ကြသူများ၊ ဇက်တောင့်တင်းခြင်း၊ ကိုယ်ငွေ့နွေးနွေးနှင့် ဖျားချင်သကဲ့သို့ ဖြစ်ပြီး ကိုယ်လက်များ လေးလံခြင်း၊ ချွေးငုပ် ခြင်းများ ခံစားရပါက သိန္ဓောဆားအနည်းငယ်မျှကိုကန်စွန်းရွက်ကြိတ်ညှစ်ရည်စပ်ပေးပါ။ထိုဆေးရည်ကို လူကြီးဆေးတစ်ခွက်စာအတွက် ဟင်းစာစတီးဇွန်းနှင့် တစ်ခွန်းကို နံနက် တစ်ကြိမ်၊ နေ့လယ်တစ်ကြိမ်၊ ညတစ်ကြိမ် တစ်နေ့သုံးကြိမ်တိုက်ကျွေးပေးပါ။ အဆိုပါ လက္ခာဏာများအတွက် ဤဆေးရည်တစ်စက်ကို သန့်ရှင်းသောရေ ဆယ်စက်နှင့် ရောစပ်၍မျက်စဉ်းဆေးရည်အဖြစ်ခပ်ပေးနိုင်ပါသည်။

ဟင်းလျာတစ်ခွက်ကျန်းမာရေးအတွက်
လတ်ဆက်သည့် ကန်စွန်းရိုးနီ၊ ရွက်ကျပန်းလိန်ရွက်ကို ရေးနွေးနှင့်ဖျောပါ။ ထို့နောက် ပါးပါးလှီး ဖြတ်တောက်၍ ငါးကျည်းခြောက်၊ ငရုတ်၊ ကြက်သွန်နီ၊ ဆီ၊ ဆား ထည့်၍ သံပရာရည်ဆမ်းကာ အသုပ်အဖြစ် စားသုံးပေးခြင်းဖြင့် အူလမ်းကြောင်းတွင် ဖြစ်ပေါ် နိုင်သော ဝမ်းကိုက်ရောဂါ၊ သွေးဝမ်းကိုက်ရောဂါ၊ အမျိုးသမီးတို့တွင် ဖြစ်ပေါ်တတ်သော မီးယပ်သွေးပုပ် ကျန်သောရောဂါ၊ မီးယပ်သွေးမမှန်သောရောဂါ၊ သားအိမ်လျှောကျသော ရောဂါ၊ သားမြတ်နာ (နို့အုံနာ)၊ နို့ထွက်နည်းခြင်း၊ ဇက်ကြောထိုးခြင်း၊ ဇက်ကြောတက်ခြင်း၊ ချောင်းဆိုးခြင်း၊ အသားအရေနှင့် ပတ်သက်သော အရေပြားရောဂါများ၊ အသံဝင် အသံ ပျက်ရောဂါအပြင် ဆီးအိမ်နှင့် ပတ်သက်သော ရောဂါတို့တွင်ကုသရာ၌အသုံးဝင်စေပါသည်။

ကျန်းမားရေး
မကြာခဏ ကန်စွန်းရွက်ကို စားသုံးပေးခြင်းဖြင့် ကျန်းမာမှုကို မြှင့်တင်ပေးနိုင်ပြီး ခွန်အား ဗလရှိခြင်း၊ ဝမ်းတွင်းရောဂါကို သန့်စင်ပေးခြင်း၊ အပူဒဏ်၊ အအေးဒဏ်ကို ခံနိုင်ရည် ရှိ စေခြင်း၊ ရောဂါတစ်စုံတစ်ရာ လွယ်ကူစွာ ဝင်ရောက်မှုကို တားဆီးကာကွယ်စေနိုင်ပါ သည်။ ထိုကဲ့သို့ အသုံးဝင်သော ကန်စွန်းရွက်နှင့် တိုင်းရင်းဆေးခေါင်းစဉ်ဖြင့် စာဖတ် ပရိသတ်များထံသို့ ရေးသားတင်ပြလိုက်ရပါသည်။

Wednesday, November 7, 2012

ကြက်သွန်ဖြူ၏ အံ့အားသင့်ဖွယ်ရာ အစွမ်းသတ္တိများ


ကြက်သွန်ဖြူဟာ နှလုံးကျန်းမာရေးအတွက် ကောင်းကျိုးရှိကြောင်းတော့
သိပြီးကြမှာပါ။ ဒါ့အပြင် တခြားအစွမ်းသတ္တိတွေလည်း ရှိပါတယ်။
ဆီးလမ်းကြောင်း ပိုးဝင်မှု သက်သာစေခြင်း---

ခရမ်ဘယ်ရီဖျော်ရည်ကသာ ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေတာ မဟုတ်ပါဘူး။
ကြက်သွန်ဖြူပါဝင်တဲ့ အစားအစာဟာလည်း သဘာဝပိုးသေစေတဲ့ အာနိသင်ရှိတဲ့အတွက်
ဆီးလမ်းကြောင်း ကျန်းမာစေပါတယ်။

ကင်ဆာရောဂါ သက်သာစေခြင်း---

အမေရိကန် ကင်ဆာသုတေသနဌာနရဲ့ အာဟာရပညာရှင်တွေက ကြက်သွန်ဖြူအစိမ်းကို
ကြိတ်ခြေပြီး ဒါမှမဟုတ် နုပ်နုပ်စဉ်းပြီး ၁၀-မိနစ်လောက်ထားတာဟာ
ချက်ပြုတ်ကြော်လှော်ထားတဲ့ ကြက်သွန်ဖြူထက် ကင်ဆာတိုက်ဖျက်ပေးတဲ့
ဆာလဖာဒြပ်ပေါင်းကို သုံးပုံလောက် ပိုထွက်စေတယ်လို့ ဆိုပါတယ်။ ဒါကြောင့်
ကြက်သွန်ဖြူကို လှီးပြီး အရွက်သုပ်ထဲ ထည့်စားပါ။

အရွယ်တင် ရုပ်နုပျိုစေခြင်း---

ကြက်သွန်ဖြူထဲမှာ ပါဝင်တဲ့ Allicin ဓာတ်ဟာ သွေးထဲက အင်တီအောက်စီးဒင့်
အင်ဇိုင်းတွေကို များပြားစေပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်တာကြောင့်
ရရှိလာတဲ့ နီကိုတင်းရဲ့ မကောင်းတဲ့ အာနိသင်ကိုရော၊
အိုမင်းစေတဲ့ဖြစ်စဉ်ကိုပါ လျော့ပါးစေပါတယ်။

အအေးမိရောဂါ သက်သာစေခြင်း---

နှာစေးခြင်း၊ နှာပိတ်ခြင်းလို အအေးမိရောဂါရဲ့ အစပျိုးလက္ခဏာတွေ
ခံစားရတဲ့အခါမှာ ကြက်သွန်ဖြူကို အသုံးပြုနိုင်ပါတယ်။ အခွံမခွာရသေးတဲ့
ကြက်သွန်ဖြူနှစ်မြွာကို ၂၅-စက္ကန့်လောက် မိုက်ခရိုဝေ့ဖ် မီးဖိုထဲ ထည့်ပြီး
အအေးခံပါ။ ပြီးရင် ကြက်သွန်ဖြူကို အခွံနွှာပြီး စားပါ။ ကြက်သွန်ဖြူထဲက
ဆာလဖာဒြပ်ပေါင်းဟာ ခုခံအားစနစ်ကို ကောင်းစေပြီး ကူးစက်ပိုးဝင်မှုကို
တွန်းလှန်နိုင်ပါတယ်။


ခြေထောက်ယားယံမှု ကင်းဝေးစေခြင်း---

ကြက်သွန်ဖြူမှာ အစွမ်းထက်တဲ့ ဖန်းဂပ်စ်မှို သေစေတဲ့ အာနိသင်ရှိပါတယ်။
ကြက်သွန်ဖြူကို ရေနွေးထဲ ထည့်ပြုတ်ပြီး အအေးခံကာ ရေဇလုံကြီးကြီး
တလုံးထဲထည့်ပါ။ အဲဒီအရည်ထဲ ခြေထောက်စိမ်ပေးရင် ခြေထောက်ယားယံတာ
သက်သာစေပါတယ်။

မြင်းခွာရွက်အစွမ်း

မြင်းခွာရွက်ဟာ စားစရာလဲဟုတ်၊ ဆေးလဲဟုတ်တယ်ဆိုတာ မြန်မာတွေသာမကာ တခြားလူမျိုးတွေကပါ မှတ်ယူကြတယ်။ Sanskrit သင်္သကရိုက်ဘာသာ နဲ့ Mandooka Parni ခေါ်တယ်။ Botanical ရုက္ခဗေဒလို Centella asiatica ခေါ်တယ်။ အင်္ဂလိပ်လို Asiatic pennywort ခေါ်ပြီး၊ စွယ်စုံကျမ်းမှာ Centella asiatica (Gotu Kola) လို့ ပါတယ်။ အများဆုံး Indian Pennywort လို့ ခေါ်တယ်။ နာမယ်တော့ India ပါ၊ လက်တွေ့မှာတော့ တရုပ်ပါ။ မူဆယ် ၁ဝ၅ မိုင် နယ်စပ်ကနေ၂ဝဝ၈ အောက်တိုဘာလအတွင်း ဆေးမြင်းခွာ ဝ ဒသမ ၅၅ တန် တဖက်နိုင်ငံကို တင်ပို့နိုင်ခဲ့တယ်လို့ ပါခဲ့တယ်။
မြန်မာဆေး နားလည်သူတွေက သူ့အစွမ်းတွေကို ရေးကြ-ပြောကြတယ်။
1. အရည်ညှစ်၍ သကြား၊ ပျားရည်တို့ နှင့် ရောစပ်ပြီး နေ့စဉ် သောက်ခဲ့သော် ခွန်အား တိုးတက်စေ၏။
2. အခြောက်ပြုလုပ်၍ လက်ဖက်ရည်ခါး သဖွယ် သောက်သုံးခြင်းဖြင့် သွေးတိုးရောဂါကို သက်သာစေ၏။
3. ငရုတ်ကောင်း၊ ပျားရည်တို့ နှင့်စပ်၍ သုံးဆောင်က အသက်ရှည်၏။ အနာရောဂါ ကင်း၏။
4. အမှုန့်ကို အနည်းငယ် ပူအောင် ပြု၍ ရင်ဘတ်၌ လိမ်းကျံ ပေးသော် ကလေးများ ချောင်းဆိုး ရောဂါ၊ အဆုတ်နာ ရောဂါ ပျောက်၏။
5. အရည်ညှစ်၍ ရေနံဆီဖြင့် ဆတူ ရောစပ်ပြီး နှိပ်နယ် လိမ်းကျံပေးခြင်းဖြင့် အဆစ်တို့၌ ဖြစ်သော လေအဖု အကျိတ်များ ပျောက်၏။
6. အရည်ညှစ်၍ လက်ဖက် ဇွန်းငယ် တစ်ဇွန်းခန့် တိုက်ပါက ကလေးငယ်များ အအေးမိခြင်း၊ လေပြွန် ချောင်းပူခြင်း ပျောက်၏၊ ဝမ်းသက်၍ သလိပ်ကိုလည်း ပျောက်၏။
7. အရွက်ကို ညှစ်ရည်၍ အရေပြား ရောဂါများအတွက် လိမ်းကျံခြင်း စားသောက်ခြင်းဖြင့် ပျောက်ကင်း စေနိုင်၏။
8. အရွက်ကို ကြိတ်၍ ရုတ်တရက် ထိခိုက်ရှနာ ဒဏ်ဖြစ်ပြီး ရောင်ရမ်းခြင်းအား လိမ်းကျံပေးက ပျောက်ကင်း၏။
9. ဖျော်ရည် ပြုလုပ်၍ သောက်က သွေးဝမ်းသွားခြင်း၊ ဆီးချုပ်ခြင်း၊ နာကျင်ကိုက် ခဲခြင်း၊ ဆီး၌သွေးပါခြင်းတို့ ပျောက်၏။
10. အားတိုးဆေး၊ အဆိပ်ပြေဆေး၊ အနာပေါက်ကုဆေး အဖြစ်လည်း ဖော်စပ် သုံးနိုင်၏။ အရွက်စိမ်းကို ကြိတ်၍ အဝတ်ပါးပါးတွင် ထည့်ပြီး မျက်စိပေါ်တွင် အုံပေးခြင်း၊ သို့မဟုတ် အရည်ညှစ်၍ မျက်စိတွင် ခတ်ပေးခြင်းဖြင့် ပြင်းထန်စွာ မျက်စိနာခြင်း၊ မျက်စိကျိန်းခြင်းများကို ပျောက်ကင်းစေ၏။
အရှေ့တိုင်းဆေးနည်း၊ Ayurvedic အာယုဗေဒဆေးနည်းမှာ Vayasthapana သတ္တိ အသက်ရှည်ဆေးအဖြစ် သုံးတယ်။ သုတေသန တစိတ်ပိုင်း ပြောနိုင်တာက ရောဂါပိုးတွေကို နိုင်တယ်။ အနာကိုနိုင်တယ်။ သွေး-အာရုံကြော ကောင်းစေတယ်၊ ဆီးရွှင်စေတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံမှာ နေ့ခင်း စိတ်တက်ကြွစေတယ်လို့ ယုံတယ်။ ၁၉၆၆-၇၉ ထုတ် စာတအုပ်မှာ Youth Vitamin X လို့ ပြောသေးတယ်။ မဟုတ်ပါဘူးလို့ ငြင်းသူက ငြင်းတယ်။
ဆေးပညာခွဲ အစုံပါတဲ့ အိန္ဒိယက Med-India မှာ အာရုံကြောနဲ့ ဦးနှောက်ကို အားပေးတဲ့ Tonic အားဆေး၊ Aphrodisiac လိင်စိတ်ကို အားပေးတဲ့ဆေး၊ Anthelmintic သန်ချဆေး၊ laxative ဝမ်းနုတ်ဆေး၊ Expectorant အသက်ရှူလမ်းက ချွဲထုတ်ဆေး၊ Cooling ကိုယ် အေးစေတဲ့ဆေးအဖြစ်သုံးတယ်လို့ ရေးထားပါတယ်။ ဒါ့ကြောင့် Epilepsy ဝက်ရူးပြန်၊ Nervous debility အာရုံကြောမကောင်းတာ၊ Dyspepsia အစာမကျေတာ၊ Leprosy အနာကြီးရောဂါ၊ Elephantiasis ဆင်ခြေထောက်၊ Syphilis ဆစ်ဖလစ်၊ Ulcers အနာ၊ Abscess ပြည်တည်နာ၊ Carbuncle အနာပဆုပ်၊ Jaundice အသားဝါ၊ Dysentery ဝမ်းကိုက်၊ Eczema နှင်းကူနာ၊ ရောဂါတွေအတွက် ပေးပါသတဲ့။
သိပ္ပံနည်းကျ ဆရာတချို့က တနေ့ ၃ ရွက်သာ စားသုံးပါ နုပျိုစေပါမယ်။ အသက်ရော Sex ရော ကောင်းစေပါသတဲ့။ ဒီစာဖတ်ပြီး မြင်းခွါရွက် ဈေးမတက်ပါစေနဲ့။ -

သရက်သီး


အသီးမှာသရက်ဆိုတဲ့အတိုင်း အသားများပြီး အရသာအလွန်ကောင်းမွန်သည့် သရက်သီး၏ အင်္ဂလိပ်အမည်မှာ
Mangoဖြစ်ပြီး၊ ရုက္ခဗေဒအမည်မှာ Mangifera L ဟုခေါ်တွင်ပြီးမျိုးရင့် Anacardiaceae ထဲတွင်ပါဝင်ပါတယ်။
သရက်သီးသည် အပူပိုင်းဒေသမှာ စိုက်ပျိုးဖြစ်ထွန်းသည့် အသီးမျိုးဖြစ်ပြီး မျိုးစိတ်ပေါင်း ထောင်နှင့်ချီ ရှိပါတယ်။
သရက်သီးသည် တောင်အာရှနှင့် အရှေ့တောင်အာရှ ဒေသများ ဖြစ်သည့် မြန်မာ၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်
အစရှိတဲ့နိုင်ငံများတွင် မူလအစ ဖြစ်ထွန်းပြီး အမေရိကန် အလယ်ပိုင်း၊တောင်ပိုင်းနှင့် အာရေဘီယံ၊ ပင်နီဆူလာ တို့
တွင်လည်း စိုက်ပျိုးကြပါတယ်။
သရက်သီးမှာပါဝင်တဲ့ အာဟာရဓာတ်တွေကတော့ ပရိုတင်း၊ ၀ ဒဿမ ၈၄ ဂရမ် ကာဘိုဟိုက်ဒရိတ် ၂၈ ဂရမ်၊
အဆီ၀ ဒဿမ ၄၅ ဂရမ်၊ အမျှင် ၃ ဂရမ် ဗီတာမင်အေ ၆၄၂၅ အိုင်ယူ၊ ဗီတာမင်စီ ၄၅ ဒဿမ ၇ မီလီဂရမ်၊
မဂ္ဂနီစီယမ် ၁၈ မီလီဂရမ်၊ ပိုတက်စီယမ် ၃၀၀ မီလီဂရမ်၊ ကယ်လ်စီယမ် ၂၀ ဂရမ်နဲ့အနည်းလို အာဟာဓာတ်များ
ဖြစ်သည့် မဂ္ဂနိစ်၊ ဆီလီနီယမ်၊ အွန်ယွန်၊ ဆိုဒီယမ်နဲ့ ဖော့ဖရပ်စ်တို့ ပါဝင်ပါတယ်။
သရက်သီးမှာ အလွယ်တကူ ချေဖျက်နိုင်သည့် အမျှင်ဓာတ် ၄၀ ရာခိုင်နှုန်းပါဝင်ပြီးတစ်နေ့တစ်လုံး မှန်မှန်စားသုံး
ပေးမည် ဆိုပါက ခန္ဓာကိုယ်အတွင်း ဖြစ်ပွားနိုင်သည့် နှလုံးရောဂါ၊ ကင်ဆာရောဂါအချို့ ဖြစ်ပွားစနိုင်မှုနှင့် သွေး
အတွင်းရှိ ကိုလက်စထရော ကိုလည်း ကျဆင်းစေတယ်လို့ ဆိုပါတယ်။
သရက်သီးဟာ အနံ့အရသာနဲ့ ပြည့်စုံရုံသာမက ဗီတာမင်၊ သတ္တုဓါတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတို့ ကြွယ်ဝတဲ့အပြင်
အင်ဇိုင်းများ ပါဝင်တဲ့အတွက် အစာအိမ်မှာ အစာချေဖျက်ခြင်းကို တစ်စိတ်တစ်ပိုင်း တာဝန်ယူ ဆောင်ရွက်ပေးနေ
သည့်အတွက် အစာစားသုံး နေစဉ်နဲ့ အစာစားပြီးတိုင်း သရက်သီးကို နေ့စဉ်စားသုံးပေးသင့်ပါတယ်။
သရက်သီးမှာ ကယ်လိုရီနဲ့ ကာဘိုဟိုက်ဒရိတ် ပါဝင်မှုများတဲ့အတွက် ကိုယ်အလေးချိန် တိုးလိုသူများ အတွက်
အကောင်းဆုံးဖြစ်သလို သရက်သီးမှာ ဖိနိုလစ်ကွန် ပေါင်းပါဝင်တဲ့ အတွက်လည်း အရွယ်တင်နုပျိုစေသည့်
ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနှင့် ကင်ဆာရောဂါ ဖြစ်ပွားနိုင်မှုကို ကာကွယ်ပေးနိုင်တဲ့အစွမ်းလည်း ပါဝင်တယ်လု့ိ
ဆိုပါတယ်။
သရက်သီးဟာ သံဓာတ်မြင့်မားတဲ့အတွက် ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် သွေးအားနည်းရောဂါ ဝေဒနာရှင်များ
အတွက် ကောင်းသလို အရေပြားဆဲလ်များမှာ ချေးများပိတ်ဆို့နေခြင်းကို သရက်သီးက အကောင်းမွန်ဆုံး ဖယ်ရှား
ပေးနိုင်တယ်လို့လဲ ဆိုပါတယ်။ သရက်သီးမှာ ဗီတာမင်အီးပါဝင်တဲ့အတွက် ခန္ဓာကိုယ်အတွင်းရှိ ဟော်မုန်း ထုတ်လုပ်
မှုစနစ်ကို ကောင်းမွန်စွာ အထောက်အကူပေးတယ်လို့ ဆိုပါတယ်။
အရည်အသွေးကောင်းမွန်သည့် သရက်သီး၏အရောင်ဟာ အဝါရောင် အနည်းငယ်သာ ပါဝင်ပြီး မှည့်သည့်အခါ အနံ့
အလွန်မွှေးတဲ့အတွက် စားသုံးရာမှာလည်း အရသာရှိပြီး ကျန်းမာရေးနဲ့လည်းညီညွှတ်တဲ့ သရက်သီးကို စားသုံးကြဖို့
တိုက်တွန်းလိုပါတယ်
သရက်သီးဟာ အရသာ ကောင်းမွန်ရုံတင် မဟုတ်ပါဘူး ကျန်းမာရေးကို ကောင်းကျိုး ပြုနိုင်တဲ့ ဓါတ်တွေလည်း
များစွာ ပါဝင် နေပါတယ်။ ဆဲလ်များကို ပျက်စီးစေပြီး ကင်ဆာ၊ အရွယ် မတိုင်မီ အိုမင်း ရင့်ရော်ခြင်းနဲ့ နှလုံး
ရောဂါ စတဲ့ ကျန်းမာရေး ပြဿနာ တွေကို ဖြစ်ပွား လာစေနိုင်တဲ့ ဖရီး ရာဒီကယ် များကို ထိန်းထားပေး နိုင်တဲ့
ဓါတ်တိုး ဆန့်ကျင် ပစ္စည်း ပေါကြွယ်ဝစွာ ပါဝင် ပါတယ်။
မျက်နှာမှာ ချွေးပေါက် ပိတ်လို့ ဝက်ခြံတွေ ဖြစ်ပြီး စိတ်ပျက် မနေပါနဲ့။ သရက်သီးကို ခပ်ပါးပါး လေးလှီးပြီး မျက်နှာ
ပေါ် ကပ်ထားပေးပါ။ ဆယ်မိနစ်လောက် ထားပြီး ရေဆေးလိုက်ပါ။
အစာမကြေ ဖြစ်နေရင်လည်း သရက်သီးလောက် ဘယ်အရာကမှ မထိရောက်ပါဘူး။ သရက်သီးမှာ ပရိုတင်းတွေ
ကို ဖြိုခွင်းပြီး အစာခြေ ဖျက်နိုင်တဲ့ အင်ဇိုင်းတွေ ပါဝင် တာကြောင့် ဖြစ်ပါတယ်။
ပိုတက်ဆီယမ်ဓါတ် ပေါကြွယ်ဝစွာ ပါဝင်တာကြောင့် သွေးတိုး ရောဂါကိုလည်း သက်သာ စေပါတယ်။ သရက်သီး
တွင် ပါဝင်သော အစာချေ လွယ်သော အမျှင်ဓါတ်ဟာ သွေးတွင်း ကိုလက်စထရော ကိုလည်း ကျဆင်း စေပါတယ်။
ကိုယ်အလေးချိန် တက်ချင် နေပါသလား။ နေ့စဉ် သရက်သီးစ ားပေးပါ။ သရက်သီးမှာ ကစီဓါတ်လို ကယ်လိုရီများ
စွာ ပါဝင်တာကြောင့် စားသင့်တဲ့ သစ်သီးတစ်မျိုး ဖြစ်ပါတယ်။
သရက်သီး စားပေးခြင်းဟာ ကျောက်ကပ် ကျောက်တည်မှု အန္တရာယ်ကို လျှော့ကျ စေနိုင်တယ်လို့ လေ့လာမှု
တချို့မှာ ဖော်ပြ ထားပါတယ်။ တရုတ်ဆေး ပညာ အရဆိုရင် သရက်သီးဟာ အချိုဓါတ်၊ အချဉ်ဓါတ်ကို ပေးစွမ်း
နိုင်တဲ့ အအေးဓါတ် ရှိတဲ့ သစ်သီးတမျိုး ဖြစ်ပါတယ်။ ဒါကြောင့် သွေးအားနည်း ရောဂါ၊ သွားဖုန်း သွေးယိုရောဂါ၊
ခေါင်းဆိုး၊ အဖျား တက်ခြင်း၊ မအီမသာ ပျို့အန်ချင်ခြင်း၊ ပင်လယ် လှိုင်းမူးခြင်း စတဲ့ ဝေဒနာ တွေကို
ပျောက်ကင်း စေနိုင်တယ် လို့ ဆိုပါတယ်။
မကြာခဏ ခေါင်းကိုက်တတ်ပါသလား။
ဒါဆိုရင်တော့ ခန္ဓာကိုယ်ကို ဗီတာမင်၊ သတ္တုဓါတ်တွေ များများပေးစွမ်းနိုင်တဲ့ လတ်ဆတ်တဲ့ သစ်သီးသစ်နှံ၊
ဟင်းသီးဟင်းရွက်တွေကို ပိုမိုစားသုံးပေးပါ။ ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။ ရာသီဥတု အေးလို့ပဲဖြစ်ဖြစ်၊ စိတ်ဖိစီး
မှုများလို့ပဲဖြစ်ဖြစ်၊ အိပ်ရေးမဝလို့ပဲဖြစ်ဖြစ် ခေါင်းကိုက်ဝေဒနာကို ခံစားရတယ်ဆိုရင်တော့ သက်သာစေနိုင်တဲ့
နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ခေါင်းကိုက်ဝေဒနာခံစားရတယ်ဆိုရင်
- တရေးတမောအိပ်လိုက်ပါ။ အချိန်အကြာကြီးမအိပ်လိုက်ပါနဲ့။ အချိန်အကြာကြီး အိပ်စက်လိုက်ရင်
ခေါင်းကိုက်ခြင်းဟာ ပိုမိုဆိုးဝါးလာနိုင်ပါတယ်။
- အသက်ပြင်းပြင်းရှုပါ။ အသက်ဝအောင် ရှုသွင်းပြီး ဖြည်းဖြည်းချင်း ရှုထုတ်လိုက်ပါ။ ဒီလိုလုပ်ပေးခြင်းဟာ
ခေါင်းကိုက်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ မအီမသာဖြစ်ခြင်းကို သက်သာစေပါတယ်။
- နှိပ်နယ်ပေးခြင်းဟာလည်း နာမည်ကျော်တဲ့ နည်းတစ်ခုပါပဲ။ နားထင်ကို လက်ချောင်းလေးတွေနဲ့ စက်ဝိုင်း
ပုံလှည့်ပြီး ညင်သာစွာ နှိပ်ပေးပါ။ နဖူးကိုလည်း လက်ချောင်းလေးတွေနဲ့ ဖိနှိပ်ပေးပါ။
- မွှေးပျံ့တဲ့ ရနံ့တွေကို ရှုရှိုက်ခြင်းဟာလည်း ခေါင်းကိုက်ခြင်းကို သက်သာစေပါတယ်။ စိတ်ဓါတ်ကိုလည်း
ကြည်လင်တက်ကြွစေပါတယ်။ လာဗင်ဒါပန်း၊ ဆန္ဒကူးပန်း၊ သစ်ခွစတာတွေကနေ ထုတ်ယူထားတဲ့ အမွှေးဆီဟာစိတ်ဖိစီးမှုတွေကို ဖယ်ထုတ်ပေးနိုင်တဲ့ အစွမ်းရှိပါတယ်။

ပင်စိမ်းရွက်အစွမ်း

ပင်စိမ်းရွက်မှာ ရောဂါကာကွယ်နိုင်စွမ်းနဲ့ ကျန်းမာရေး ကောင်းမွန်စေတဲ့ အစွမ်းတွေပါဝင်တာကြောင့် ဆေးဖက်ဝင် အပင်တစ်မျိုးအဖြစ် အသိအမှတ်ပြုထားကြတာပါ။
ရောင်ရမ်းမှုကျစေတဲ့ အစွမ်းရှိပါတယ် 
 ပင်စိမ်းရွက်မှာ eugenol, citronellol, linalool, citral, limonene နဲ့ terpineol ဆိုတဲ့ ကျန်းမာရေးအကျိုးပြု မရှိမဖြစ်ဆီတွေ ပါဝင်ပါတယ်။ ဒီဓာတ်ပေါင်းတွေက ရောင်ရမ်းမှုကျစေတဲ့ အစွမ်းနဲ့ ဘက်တီးရီးယား ဆန့်ကျင်တဲ့ ဂုဏ်သတ္တိတွေ ရှိကြပါတယ်။ ပင်စိမ်းမှာပါတဲ့ ယူဂျီနော (Eugenol) ဟာ အရိုးအဆစ်ရောင်နာ၊ ရူမတွိုက် အဆစ်ရောင်နာနဲ့ အူလမ်းကြောင်း ရောင်ရမ်းမှုတို့ကို လျော့ကျစေပါတယ်။ အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်  
ပင်စိမ်းရွက်မှာ ကယ်လိုရီပါဝင်မှု အလွန်နည်းပါးပြီး သွေးတွင်း ကိုလက်စထရော မပါပါဘူး။ ဒါ့အပြင် မရှိမဖြစ် အာဟာရဓာတ်၊ သတ္တုဓာတ်နဲ့ ဗီတာမင်တွေ အလွန်များစွာ ပါဝင်တာကြောင့် ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ဓာတ်တိုးပစ္စည်းတွေကို တွန်းလှန်ပေးပါတယ်
ပင်စိမ်းရွက်မှာ ဘီတာကယ်ရိုတင်း၊ ဗီတာမင်အေ၊ ခရစ်ပတိုဇန်သင်း၊ လူတင်နဲ့ ဇီဇန်သင်းတို့ များစွာပါဝင်ပါတယ်။ ဒီဒြပ်ပေါင်းတွေက ဓာတ်တိုးပစ္စည်း ဖရီးရယ်ဒီကယ်တွေကို ဆန့်ကျင်နိုင်တဲ့ အစွမ်းရှိတာကြောင့် အိုမင်းမှုနဲ့ တခြားရောဂါဖြစ်စဉ်တွေကို ကာကွယ်ပေးနိုင်ပါတယ်။ သက်ကြီးချိန်မှာ ဖြစ်တတ်တဲ့ မက်ကူလာ ယိုယွင်းပျက်စီးမှုကို ကာကွယ်ပေးပါတယ်
ပင်စိမ်းရွက်မှာ အဝါရောင် ဖလေဗိုးနွိုက်ဒြပ်ပေါင်း ဇီဇန်သင်း ပါဝင်တာကြောင့် မျက်စိအာရုံခံလွှာဆီကို အန္တရာယ်ရှိတဲ့ ခရမ်းလွန်ရောင်ခြည် ရောက်ရှိမှုမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ပင်စိမ်းအပါအဝင် သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေမှာ ပါဝင်တဲ့ ဇီဇန်သင်းဒြပ်ပေါင်းဟာ အသက်ကြီးချိန်မှာ ဖြစ်တတ်တဲ့ မက်ကူလာ ယိုယွင်းပျက်စီးမှု မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ အဆုတ်နဲ့ ခံတွင်းကင်ဆာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်  
ပင်စိမ်းမှာ ဗီတာမင်အေပါဝင်ပြီး ဗီတာမင်အေဟာ အင်တီအောက်ဆီးဒင့် အစွမ်းရှိတာကြောင့် အရေပြားနဲ့ အမြှေးပါးတွေကို ကျန်းမာစေပါတယ်။ ဒါ့အပြင် အဆုတ်နဲ့ ခံတွင်းကင်ဆာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အရိုးသန်စွမ်းစေပါတယ် ပင်စိမ်းမှာ ဗီတာမင်ကေ ပါဝင်ပြီး သွေးခဲစေတဲ့ဖြစ်စဉ်မှာ အရေးပါသလို အရိုးရှိသတ္တုဓာတ် ဖြစ်ပေါ်ရေးကို အားပေးကူညီတာကြောင့် အရိုးတွေကို သန်စွမ်းစေပါတယ်။

နှလုံးခုန်နှုန်းနဲ့ သွေးဖိအားကို ကောင်းမွန်စေပါတယ်
ပင်စိမ်းရွက်မှာ ပိုတက်စီယမ်၊ မဂ္ဂနိစ်၊ ကြေးနီနဲ့ မဂ္ဂနီစီယမ်စတဲ့ သတ္တုဓာတ်တွေများစွာ ပါဝင်ပါတယ်။ ပိုတက်စီယမ်က ဆဲလ်တွေနဲ့ ခန္ဓာကိုယ်တွင်း အရည်တွေထဲမှာ ပါဝင်တဲ့ အရေးကြီးဓာတ်တစ်မျိုး ဖြစ်ပြီး နှလုံးခုန်နှုန်းနဲ့ သွေးဖိအားကို ထိန်းချုပ်ပေးပါတယ်။ မဂ္ဂနီစီယမ်က အင်တီအောက်ဆီးဒင့် အင်ဇိုင်းအတွက် တွဲဖက်ပစ္စည်းအနေနဲ့ ခန္ဓာကိုယ်ထဲမှာ လုပ်ဆောင်ပါတယ်။သွေးအားကောင်းစေပါတယ်
ပင်စိမ်းရွက်မှာ သံဓာတ်ပါဝင်မှု အကောင်းဆုံး ဖြစ်ပါတယ်။ ပင်စိမ်းရွက် ၁၀၀ ဂရမ်မှာ သံဓာတ် ၃ ဒသမ ၁၇ မီလီဂရမ် ပါဝင်ပါတယ်။ (ဒါက တစ်နေ့တာ မှီဝဲသင့်တဲ့ သံဓာတ်ပမာဏရဲ့ ၂၆ ရာခိုင်နှုန်း ရှိပါတယ်။) သံဓာတ်ဟာ သွေးနီဥထဲမှာ ပါဝင်တဲ့ ဟေမိုဂလိုဘင် အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး သွေးရဲ့ အောက်ဆီဂျင် သယ်ယူနိုင်စွမ်းကို ကောင်းမွန်စေပါတယ်။ ကူးစက်ပိုးတွေကို တားဆီးနိုင်ပါတယ်။ ရောဂါပိုးတွေကို တွန်းလှန်နိုင်ပါတယ်
ပင်စိမ်းအဆီမှာ ရောဂါပိုးတွေဖြစ်တဲ့ Staphylococcus, Enterococci, shigella နဲ့ Pseudomonas တို့လို ပိုးတွေကို တွန်းလှန်ပေးတာကြောင့် ရောဂါပိုးကင်းစင်စေပါတယ်။ ပင်စိမ်းရွက်ကို ရေနွေးကြမ်းထဲစိမ်ပြီး သောက်ပေးရင် ပျို့ချင်အန်ချင်စိတ်ကို သက်သာစေပြီး အနာကင်းစေတဲ့အစွမ်း ရှိပါတယ်။

နားရောဂါများအတွက် ဆေးနည်းလမ်းကောင်းများ

  • -(စားဆေး)ကြောင်လျှာစေ့အခြောက်ကို အမှုန့်ပြုလုပ်ပါ။ ၎င်းနောက နွယ်ချိုနှင့် ဆတူရောပြီး ရွေးကြီးစေ့လောက် ဆေးလုံးလေးများဖြစ်အောင် ပျားရည်စစ်စစ်ဖြင့်လုံး၍ တစ်ခါသောက် ၂ လုံး တစ်နေ့ ၃ ကြိမ်မျှသောက်ပေးပါ။
  • -ကျောက်မီးပူရွက်ကို မီးနွှေးနွှေးဖြင့်အုံပြီး အရည်ညှစ်ကာအရည်လတ်လတ်ဆတ်ဆတ် ကိုယူ၍ ချက်ချင်းနားထဲသို့ အစက်ချပေးပါ။
  • -ဖလံတောင်ဝှေးအပင်၏ အရွက်ကို မီးမှာနွမ်းအောင်ကင် အရည်ညှစ်ပြီး တစ်နေ့
  •          ၃ ကြိမ်ခန့် နားထဲသို့ထည့်ပေးပါ။
  • -ကြောင်လျှာမြစ်ကို ညက်နေအောင် အမှုန့်ပြုလုပ်၍ နှမ်းဆီစစ်စစ်နှင့် မီးမှာချက်ပါ။
  •         ပြီးလျှင် ကြက်တောင်(သို့မဟုတ်)ငှက်ခါးတောင်မွေးသန့်သန့်ဖြင့် ကျပ်ပေးပါ။
  •        နားအူ နားပင်းရောဂါဖြစ်လျှင် ကျီးတောင်ကို အုန်းဆီဆွတ်၍ ကျပ်ပေးပါ။
  • -ကြောင်ပန်းရွက် သတ္တုရည်ကို နှမ်းဆီစစ်စစ်နှင့်ချက်ပြီး နားကျပ်ပေးပါ။
  • -ဥသျှစ်မြစ်ကို အမှုန့်ပြုလုပ်ပြီး မုန်ညှင်းဆီနှင့်ဆူအောင်ချက်ပြီး ဆီအကြည်ကို နားကြပ်ပေးပါ
  • -နှမ်းဆီစစ်စစ် ၅ ကျပ်သားမှာ ကြက်သွန်ဖြူနည်းနည်းကို ဓားပြားရိုက်ထည့်၍ လေညှင်း ၂ ပွင့်ထည့်ပြီးချက်ပါ။၎င်းဆီကို ခပ်နွေးနွးနားကျပ်ပေးပါ။

Tuesday, November 6, 2012

ကွမ်းရွက်၏ ကျန်းမာရေး အကျိုးကျေးဇူးများ

ကွမ်းရွက်မှာ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေက ကယ်လ်စီယမ်၊ ကာရိုတင်း၊ ရိုင်ဘိုဖလေဗင်၊ နိုင်ယာစင်၊ သိုင်ယာမင်းနဲ့ ဗီတာမင်စီတို့ ဖြစ်ကြပါတယ်။ လတ်တလော လေ့လာ မှုတွေအရ ကွမ်းရွက်မှာ တန်နင်၊ သကြား၊ မရှိမဖြစ်ဆီ စတာတွေ ပါဝင်နေကြကြောင်း သိရပါတယ်။ ကွမ်းရွက်မှာပါတဲ့ ချာဗီကောဆိုတဲ့ ဖီနော ဓာတ်ဟာ အစွမ်းထက် ပိုးသတ်အာနိသင်ရှိပါတယ်။ ကွမ်းရွက်မှာ အောက်ပါ ဆေးဖက်ဝင် အစွမ်းသတ္တိတွေ ပါဝင်နေပါတယ်။

 အကိုက်အခဲပျောက်စေပါတယ်
ကွမ်းရွက်မှာ အကိုက်အခဲပျောက်တဲ့ အာနိသင်နဲ့ အေးမြစေတဲ့ အာနိသင်တို့ ရှိကြပါတယ်။ ဒါကြောင့် ပြင်းပြင်း ထန်ထန် ခေါင်းကိုက်နေ သူတွေမှာ ခေါင်းကိုက် တဲ့ နေရာပေါ် ကွမ်းရွက်အုပ်ပေးပါက ကောင်းမွန်တဲ့ ရလဒ်ကို ရရှိစေပါတယ်။

မွေးကျွတ်နာကို သက်သာစေပါတယ်
ကွမ်းရွက်ကို အနာစိမ်းနဲ့ မွေးကျွတ်နာတွေ ကုသရာမှာ အသုံးပြုနိုင်ပါတယ်။ သန့်စင်အောင် ဆေးကြောထားတဲ့ ကွမ်းရွက်တစ်ရွက်ကို နူးညံ့ပျော့ပျောင်းတဲ့အထိပြုတ်ပြီး ကြက်ဆူဆီ သုတ်လိမ်းပေးပါ။ ကြက်ဆူဆီ သုတ်လိမ်းထားတဲ့ ကွမ်းရွက်ကို ရောင်ရမ်းနေတဲ့ မွေးကျွတ်နာ ဒါမှမဟုတ် အနာစိမ်းပေါ် ကပ်ပေးပါ။ ပြီးရင် အဲဒီကွမ်းရွက်ကို နာရီ အနည်းငယ်ကြာတာနဲ့ ဖယ်ရှားပြီး အသစ်ကပ်ပေးရမှာ ဖြစ်ပါတယ်။ ဒီလိုကပ်ရင်း အနာစိမ်း ဒါမှမဟုတ် မွေးကျွတ်နာက ပေါက်သွားပါလိမ့်မယ်။

ဆီးသွားစေတဲ့ အစွမ်းရှိပါတယ်
ကွမ်းရွက်ပြုတ်ရည်ကို သောက်ပေးရင် ဆီးသွားစေတဲ့ အာနိသင်ရှိပါတယ်။

အဆုတ် ထိခိုက်မှု ဝေဒနာကို သက်သာစေပါတယ်
ကွမ်းရွက်တွေကို ကလေးငယ်တွေနဲ့ အသက်ကြီးသူတွေမှာဖြစ်တဲ့ အဆုတ် ထိခိုက်မှု ဝေဒနာတွေ ကုသရာမှာ အသုံးပြုနိုင်ပါတယ်။ မုန်ညင်းဆီထဲ စိမ်ထားတဲ့ ကွမ်းရွက်ကို ပူနွေးအောင်ကင်ပြီး အေးသွားချိန်မှာ ရင်ဘတ်ပေါ် ကပ်ပေးရင် ချောင်းဆိုးတာနဲ့ အသက်ရှူမဝတဲ့ ဝေဒနာတို့ကို သက်သာစေပါတယ်။

အဆစ်ရောင်နာကို သက်သာစေပါတယ်
ကွမ်းရွက်ကို အဆစ်ရောင်နာတဲ့ နေရာပေါ်မှာ ကပ်ပေးရင် သက်သာစေပါတယ်။

အနာကျက်စေပါတယ်
ကွမ်းရွက်ပြုတ်ရည် အနည်းငယ်ကို ထိခိုက်ဒဏ်ရာပေါ်မှာ သုတ်လိမ်းပေးပြီး ပတ်တီးစည်းထားပေးပါက နှစ်ရက်ခန့်အတွင်း အနာကျက်မြန်စေပါတယ်။

သတိပေးချက်
ကွမ်းယာကို မကြာခဏ ဝါးစားတာကြောင့် ခံတွင်းမှာ ကင်ဆာဖြစ်နိုင်ခြေရှိပါတယ်။ အကြောင်းကတော့ ကွမ်းယာထဲမှာ ထည့်သုံးတဲ့ဆေးနဲ့ တခြားပါဝင် ပစ္စည်းတွေကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ကွမ်းစားတတ်သူတွေ အနေနဲ့ ကွမ်းယာကိုတော့ တတ်နိုင်သမျှ လျှော့စားသင့်ပါတယ်။