Thursday, February 13, 2014

ဋရင်ကောက်ပင် {Vegetable fern (or) Wild fern }


 

ဋရင်ကောက်ပင်ဟာ အစိမ်းရင့်ရောင်ခွေနေတဲ့ပုံစိမျိုးဖြစ်ပြီးအညိုရောင်အခွံတွေနဲ့ဖုံးအုပ်နေပါတယ်။ဋရင်ကောက်ပင်ရဲ့အရသာကကညွတ်ဒါမှမဟုတ်ပဲစိမ်းတွေနဲ့ဆင်တူပြီးနူးညံ့တဲ့အထိအတွေ့မျိုးရှိပါတယ်။ကြော်စားရင်အရသာရှိလှတဲ့ဋရင်ကောက် ပင်မှာအောက်ပါကျန်းမာရေအကျိုး ကျေးဇူး တွေရှိနေပါတယ်။


အာဟာရတန်ဖိုးအပြည့်အဝပါရှိခြင်းဋရင်ကောက် ပင်ရဲ့အသွင်သဏ္ဍန်၊အရသာနဲ့အဟာရတန်ဖိုးတွေကသိသာထင်ရှားပါတယ်။ကောက်ကွေးနေတဲ့ဋရင်ကောက် ပင်၁၀၀ ဂရမ်မှာ ၃၄ကယ်လိုရီသာပါရှိပါတယ်။ဒါ့အပြင် အဟာရတန်ဖိုးမြင့်မားတဲ့ဋရင်ကောက်ပင်မှာအင်တီအောက်စီးဒင့်၊ဗီတာမင်၊အိုမီဂါ၃ နဲ့အိုမီဂါ ၆မရှိမဖြစ်ဖက်တီးအက်စစ်တို့လည်းပါဝင်ပါတယ်။

ဗီတာမင်အေအာနိသင်ရှိခြင်း

ဋရင်ကောက်ပင်မှာအင်တီအောက်စီးဒင့် ဗီတာမင်အေနဲ့ကာရိုတင်းတို့ပါဝင်ပါတယ်။ဋရင်ကောက် ပင်၁၀၀ဂရမ်မှာတစ်နေ့တာလိုအပ်တဲ့ ဗီတာမင်အေ ၁၂၀ % (၃၆၁၇အိုင်ယူ) ပါဝင်ပါတယ်။ ဗီတာမင်အေကအစွမ်းထက်သဘာဝအင်တီအောက်စီးဒင့်တစ်မျိုးဖြစ်ပြီးအရေပြားနဲ့ အမြှေးပါးတွေကိုတင်းရင်းစေပါတယ်။ အမြင်အာရုံအတွက်လည်းမရှိမဖြစ်အရေးပါပြီးအဆုတ်နဲ့ခံတွင်းကင်ဆာတွေမဖြစ်အောင်ကာကွယ်နိုင်စွမ်းလည်းရှိပါတယ်။ဋရင်ကောက် ပင်မှာသဘာဝပိုလီဖီနောဖလေဗနွိုက်ဒြပ်ပေါင်းနဲ့ဘီတာကယ်ရိုတင်းပါဝင်ပါတယ်။ကယ်ရိုတင်းဟာခန္တာကိုယ်ထဲမှာဗီတာမင်အေအဖြစ်ကူးပြောင်းသွားစေပါတယ်။

ကင်ဆာကိုတွန်းလှန်နိုင်ခြင်း

ဋရင်ကောက် ပင်မှာဗီတာမင်စီအများအပြားပါဝင်ပါတယ်။ဋရင်ကောက်ပင်၁၀၀ဂရမ်မှာတစ်နေ့တာလိုအပ်တဲ့ဗီတာမင်စီ 26.6 မီလီဂရမ် (44%) ပါဝင်ပါတယ်။ဗီတာမင်စီကရေမှာပျော်ဝင်တဲ့အင်တီအောက်စီးဒင့်တစ်မျိုးဖြစ်ပြီးကာရိုတီးနွိုက်နဲ့ ပေါင်းပြီးမကောင်းတဲ့ဖရီးရယ်ဒီကယ်တွေကိုတွန်းလှန်ကာကင်ဆာ၊ရောင်ရမ်းမှု၊ဗိုင်းရပ်စ်ကြောင့်ချောင်းဆိုးတာနဲ့အအေးမိဝေဒနာမရအောင်ကာကွယ်ပေးနိုင်ပါတယ်။

သွေးဖိအားနှင့်နှလုံးခုန်နှုန်းကိုထိန်းသိမ်းပေးခြင်း

ဋရင်ကောက်ပင်မှာပိုတက်စီယမ်၊သံဓာတ်၊မဂ္ဂနိစ်နဲ့ကြေးနီလိုသတ္တုဓာတ်နဲ့ဓာတ်ဆားတွေကောင်းကောင်းပါဝင်ပါတယ်။ဋရင်ကောက် ပင် ၁၀၀ ဂရမ်မှာတစ်နေ့တာလိုအပ်တဲ့ပိုတက်စီယမ်7%(370 မီလီဂရမ်)ပါဝင်ပါတယ်။ပိုတက်စီယမ်ဟာနှလုံးအကျိုးပြုဓာတ်ဆားတစ်မျိုးဖြစ်ပြီးသွေးတွင်းဆိုဒီယမ်ပမာဏကိုလျော့ကျစေကာနှလုံးခုန်နှုန်းနဲ့သွေးဖိအားကိုလျော့ကျစေပါတယ်။

ဗီတာမင်ဘီအုပ်စုပါဝင်ခြင်း

ဋရင်ကောက် ပင်မှာဗီတာမင်ဘီအုပ်စုဖြစ်တဲ့နိုင်ယာစင်၊ရိုင်ဘိုဖလေစင်နဲ့သိုင်ယာမင်တို့
အသင့်အတင့်ပါဝင်မှုရှိပါတယ်။

သိမ်းစည်းသိုလှောင်မှု

လတ်ဆတ်တဲ့ဋရင်ကောက်ပင်တွေကို ဧပြီမှဇွန်လအထိရွေးချယ်ရရှိနိုင်ပါတယ်။တောက်ပပြီးတင်းရင်းကာခွေနေတဲ့ဋရင်ကောက်ပင်တွေကိုရွေးချယ်ပြီးဝယ်ယူသင့်ပါတယ်။ကြာရှည်ခံချင်ရင်ပလတ်စတစ်အိတ်ထဲမှာထည့်ပြီးရေခဲသေတ္တာထဲထည့်သိမ်းထားရင် 2-3ရက်လောက်အထိအထားခံပါတယ်။

ကြယ်စင်
By-Good Health

ဝါးပင် {Bamboo plant }


 

ဝါးပင်ကို သုံးသပ်ကြည့်ပါက အစိုဓာတ် ၈၉%၊ ကာဗိုဟိုင်းဒြိတ် ၅.၇% ပရိုတိန်း ၃.၉% တို့ ပါဝင်သည်။ ကယ်လ်စီယမ်၊ မီးစုံး ဓာတ်၊ သံဓာတ်၊ ဗီတာမင် C နှင့် K တို့ ရာနှုန်းမြင့်စွာပါဝင်သည်။ ဝါးရွက် တွင် methanol ဓာတ်မြင့်မားစွာ ပါဝင်သည်။


(၁) ဝါးရွက်နှင့်မျှစ်စို့ (ဝါးပင်ပေါက်)တို့သည် လေထိုးလေအောင့်ကဲ့သို့ သောဝမ်းဗိုက်ရောဂါများကို ကုစား နိုင်ပြီး အစာပုံမှန်လည်ပတ်မှု အင်အား ကို ပေးစွမ်းသည်။

(၂) အဆစ်အမြစ်ရောင်ရမ်းရောဂါ၊ အစာခြေယန္တရားတွင် ဖြစ်ပေါ်သော အနာများကို သက်သာစေသည်။

(၃)ဝါးရွက်က ဝမ်းဗိုက်အတွင်းရှိ သံကောင်များကို သေစေသည်။

(၄)အနာတွင် လောက်တွယ်ခြင်းနှင့် အနာပိုးမဝင်အောင် ဆေးကြောရာ တွင် methanol ပါ ဝင်သည့်ဝါးရွက်ကို ညှစ်ပြီး အသုံးပြု နိုင်သည်။

(၅) ပန်းနာ၊ ချောင်းဆိုး၊ ရင်ကျပ် ရောဂါစသည့်အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါများအတွက် ဝါးစို့ သို့မဟုတ် ဝါးခေါက်နုညှစ်ရည်တို့ကို ပြုတ်သောက်ပါ။

(၆)အမျိုးသမီးများ ဓမ္မတာလာခြင်း နှင့်ပတ်သက်၍ ဝါး ရွက်ပြုတ်ရည်က ပုံမှန်သွေးဆင်းခြင်းကို ဖြစ်စေသည်။

(၇) ဝါးစို့ကို ပြုတ်သောက်ပါက သွေး ကို သန့်စင်စေသည်။
ဒေါန

မဲဇလီဖူး {Cassia flower bud (or) Siamese cassia flower bud}


ဗုဒ္ဓလက်ထက်တော်ကတည်းက တန်ဆောင်မုန်းလပြည့်နေ့ညဟာ ကြယ်တာရာအစုံအညီ ထွန်းလင်းတောက်ပကြတာကြောင့် “နက္ခတ်ပွဲသဘင်” များကျင်းပလေ့ရှိပြီး၊ ထိုညမှာ ဆေးပေါင်းခတဲ့ညအဖြစ် “မဲဇလီဖူး” ကို သုပ်စားလေ့ရှိကြပါတယ်။ ညသန်း ခေါင်ယံအချိန်မှာ မဲဇလီဖူးကို ခူးပြီးတော့သုပ်စားရင် ဆေးဘက်ပိုဝင်ပြီး ကျန်းမာအသက်ရှည်စေတယ်လို့ ရှေးလူကြီးတွေက ဆိုပါတယ်။ ဒါတင်မကသေးပါဘူး။ တန်ဆောင်းမုန်းလပြည့်နေ့ည (၁၂)နာရီ တိတိ အချိန်ကို ဆေးပေါင်းခတဲ့ညရဲ့ အမြင့်ဆုံး၊ အစွမ်းထက်ဆုံး အချိန်လို့သတ်မှတ်ပြီး တိုင်းရင်းဆေးဆရာကြီးများက ဆေးဝါးမျိုးစုံကိုဖော်စပ်လေ့ရှိကြပါတယ်။

ပွေးကိုင်းပင် {Indian Senna)

Item Name --------- Indian Senna (ပွေးကိုင်းပင်)
Category ------------ Raw Material
Botany Term -------- Cassia angustifolia Vahl
Species Family ----- Caesalpiniaceae

မြန်မာ နိုင်ငံ အလယ်ပိုင်း (အပူပိုင်း) ဒေသများ တွင် စိုက်ပျိုး ပေါက်ရောက် နိုင်သည်။ တစ်နှစ်လျှင် မိုးရေချိန် ၄၀ လက်မ ထက် မပိုသည့် အပူချိန် ၅၀ ဒီဂရီ ဖာရင်ဟိုက် မှ ၁၀၅ ဒီဂရီ ဖာရင်ဟိုက် ရှိ ဒေသ များတွင် ဖြစ်ထွန်းသည် မျိုးစေ့ ကို တိုက်ရိုက် ချ စိုက်သည်။ တစ်ပင် နှင့် တစ်ပင် ၂ ပေ ကွာ လေးကွက်ကြား စိုက်ပျိုး ရသည်။ ထို့ကြောင့် စိုက်ပျိုးရာ၌ လွယ်ကူစေရန် ထွန်သွား ကို ၃ ပေ ခြားပြီး လေးကွက်ကျား ကြောင်းဆွဲ၍ ၎င်းတို့ ဆုံသော နေရာ များတွင် မျိုးစေ့ ၃ စေ့ မှ ၅ စေ့ အထိ ထည့်ပြီး ကြမ်းတုံးဖြင့် မြေညှိ ပေးရ၏။ ပွေးကိုင်း သည် စိုက်ပြီးနောက် ၂ လ အတွင်း အပင်ပေါက် ကလေးများ အား အခြား ပေါင်းပင် များက အလွယ်တကူ ဖုံးလွှမ်း သွားနိုင် သဖြင့် ပေါင်းရှင်း ပေး ရသည်။စိုက်ပြီး ၃-၄ လ အကြာတွင် အရွက် များကို စတင် ဆွတ်ခူး နိုင်သည်။ ဆွတ်ခူး သော အခါ အပင်၏ အောက်ခြေ ပိုင်းမှ အရွက် များကို စတင် ဆွတ်ခူး ရပါသည်။ တစ်ကြိမ် ခူးပြီး နောက် ၇ ရက်မှ ၁၅ ရက် ခြားတွင် တစ်ကြိမ် ထပ်မံ ဆွတ်ခူး နိုင်သည်။ ပွေးကိုင်း ရွက်များအား ဆေး အကျိုး အာနိသင် မလျော့ပေါ့ စေရန် အတွက် အရိပ် အောက်တွင် အခြောက် လှန်းရန် လိုပါသည်။ နေပူရှိန် ကောင်းပါက ၃ ရက် အတွင်း ခြောက်နိုင် ပါသည်။ မခြောက်လွန်း မစိုလွန်းသော ပွေးကိုင်း ရွက်များ ရရှိ နိုင်ရန် အတွက် အထူး ဂရုပြု ထိန်းသိမ်း ရမည်။၈။အရွက် ကို သာမက အရွက်၏ အရိုး၊ အမြစ် နှင့် အသီးခွံ များကို လည်း ဆေးဖော်စပ် ရာ၌ အသုံးပြု နိုင်သည်။

♥ အပင်

အကိုင်း အခက် များ သော ပင်ငယ် ချုံပင်ပျော့မျိုးဖြစ်သည်။အမြင့် ၃ ပေ ခန့် ရှိ၍ နှစ်ရှည်ခံ ပင်ဖြစ်သည်။ ငှက်မွေးရွက်ပေါင်းဖြစ်၍ ရွက်မြွာလေးများ သုံးစုံမှ ခုနစ်စုံ အထိရှိသည်။ ရွက်မြွာများသည် ရှည်မျောမျောဖြစ်၍ ရွက်ထိပ်ဝိုင်းသည်။

♥ အရွက်

ရွက်ပေါင်း ဖြစ်ပြီး ရွက်လွှဲ ထွက်သည်။ရွက်မြွှာ များ ငှက်တောင် ပုံသဏ္ဌာန် ရှိ၍ အရင်း သွယ်ပြီး ထိပ်ချွန်သည်။ မျက်နှာချင်း ဆိုင်ထွက်၍ ၅ စုံမှ ၈ စုံထိ ပါရှိ၏။ ရွက်ပြား ချော၍ စိမ်းမှိုင်းသော အရောင် ရှိပြီး ရွက်နား ညီသည်။

♥ အပွင့်

ထိပ်ထွက် သို့မဟုတ် ကြားထွက်ပန်းခိုင်ဖြစ်၍ အဝါရောင် အပွင့်များပွင့်သည်။ ဝါဆို ဝါခေါင်လ တွင် ပွင့်သည်။

♥ အသီး

သီးတောင့်ရှည် ဖြစ်သည်။ပြား၍ အနည်းငယ် ကွေးပြီး ချောမွေ့သည်။အသီးသည် ပြားချပ်၍ အက်ကွဲွ သီးတောင့် ဖြစ်သည်။ ချိုသော အရသာ ရှိသော်လည်း အော့အန်တတ်၏။ သီတင်းကျွတ် မှ နတ်တော်လ အတွင်း သီးသည်။

► အသုံးဝင်ပုံ

အရွက်

♥ အာနိသင်

မြန်မာ ဆေးကျမ်း များအလို အရ ပွေးကိုင်း သည် ချုပ်ခြင်း ကို ကင်းဝေး စေတတ် ၏။ ဆာလောင်ခြင်း ကို ဖြစ်စေ၏။ အသက် ရှူရာ၌ အနံ့ မကောင်း ခြင်းကို ပျောက်စေ၏။

► အရွက်အသုံးပြုပုံ

၁။ ပွေးကိုင်း အရွက်ကို ဝမ်းဗိုက် အောင့်ခြင်း၊ အသည်း ရောဂါ၊ ဖျဉ်းရောဂါ၊ သည်းခြေ ချဉ်ပြန်၊ အစာမကြေ၊ နူနာ၊ သလိပ် ချောင်းဆိုး၊ မြင်းဖု အစိုနာ၊ ဒူလာ၊ အဆစ် အမျက် ကိုက်ခဲ သော ရောဂါများ ကုသရာ၌ သုံးသည်။
၂။ပွေးကိုင်း ကို ချင်းခြောက်ရေ နှင့် သောက်သော် အစာ မကြေ ရောဂါ ပျောက်၏။
၃။ဆီးဖြူသီး ရေနှင့် သောက်သော် နူနာ၊ ရေဖျဉ်း ရောဂါ ပျောက်၏။
၄။ကြိတ်မှန်ရွက် ရေနှင့် သောက်သော် ဆံပင် နက်၏။
၅။ပွေးကိုင်း ကို ဝမ်းသက်ဆေး အဖြစ် အထူး ဖော်စပ် အသုံးပြု၏။ အညောင်းပူ ၊ ဆီးပူ၊ ခြေပူ၊ အခိုးပူ နှင့် အပုပ် အခိုး တို့ကို နှိမ်ရန် ဝမ်းနုတ်ဆေး အဖြစ် သုံးလိုသော် နို့ လက်ဖက်ရည် ပန်းကန် တစ်လုံးတွင် ပွေးကိုင်း ပြုတ်ရည် ကျကျ တစ်ဇွန်း သို့မဟုတ် လိုအပ်သလို အခြေအနေ ကြည့် ရောစပ်၍ သောက်ရ၏။

မြန်မာ့ဆေးဖက်ဝင်အပင်များ

ချဉ်ပေါင်ဖူး {Roselle}



ချဉ်ပေါင်ဖူးကို ထောင်းပြီး စားတာ၊ ချက်ပြီး စားတာ စသဖြင့် အမျိုးမျိုး ဟင်းလျာပြင်ဆင်ကာ စားလေ့ ရှိကြပါတယ်။ ချဉ်ပေါင်ဖူးကို လတ်လတ်ဆတ်ဆတ် စားတာက ခြောက်အောင်ထားပြီး စားတာထက် အင်တီအောက်ဆီးဒင့် ပမာဏ ပိုများတာကြောင့် ကျန်းမာရေး အကျိုးကျေးဇူး ပိုများတယ်လို့လည်း လေ့လာမှုတွေက ဆိုထားပါတယ်။ဒါ့အပြင် ချဉ်ပေါင်ဖူးမှာ အောက်ပါ ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိတာကိုလည်း လေ့လာမှုတွေအရ သိရပါတယ်။

ကိုယ်အလေးချိန်ကို ထိန်းပေးခြင်း

ကီဘန်စန်း မလေးရှားတက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက ချဉ်ပေါင်ဖူးမှာ HCA (hydroxycitric acid) လို့ ခေါ်တဲ့ သြဂဲနစ် အက်စစ်ပမာဏ များစွာ ပါဝင်တာကြောင့် ကိုယ်အလေးချိန် လျော့ကျရေး ဖြည့်စွက်ဆေးထဲမှာ လတ်တလော ထည့်သွင်းပြီး သုံးနေကြောင်း ဆိုပါတယ်။ဒါ့အပြင် ချဉ်ပေါင်ဖူးမှာ ဗီတာမင်စီနဲ့ အစွမ်းထက် အင်တီအောက်ဆီးဒင့် အန်သိုဆိုင်ယာနင် နှစ်မျိုးစလုံး များစွာ ပါဝင်ပါတယ်။

ရောဂါဝေဒနာကို ခုခံနိုင်စွမ်းရှိခြင်း

ချဉ်ပေါင်ဖူးမှာ ဗီတာမင်စီနဲ့ အင်သိုဆိုင်ယာနင်ဆိုတဲ့ အင်တီအောက်ဆီးဒင့် ပါဝင်မှု မြင့်မားတာကြောင့် ကျန်းမာရေးကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်ရဲ့ ရောဂါဝေဒနာတွေကို တွန်းလှန်နိုင်တဲ့ အဆင့်ကို တိုးတက် ကောင်းမွန်စေနိုင်ပါတယ်။
တချို့ တိုင်းပြည်တွေမှာ ချဉ်ပေါင်ဖူးကို သွေးတိုးတာကို ထိန်းချုပ်နိုင်ဖို့လိုမျိုး ကောင်းကျိုးတွေ ရရှိဖို့အတွက် အသုံးပြုလာကြပါတယ်။

ဗီတာမင်နှင့် သတ္တုဓာတ်များစွာ ပါဝင်ခြင်း

ချဉ်ပေါင်ဖူးမှာ ဗီတာမင်အေ၊ ဗီတာမင် B2၊ ဗီတာမင် B3၊ ဗီတာမင်စီ၊ ပရိုတင်းဓာတ်၊ ကယ်လ်စီယမ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ဖော့စ်ဖရပ်စ်၊ ပိုတက်စီယမ်၊ ဆိုဒီယမ်၊ သဘာဝအဆီ၊ ကာဗိုဟိုက်ဒရိတ်တို့ ပါဝင်ပါတယ်။

ဗီတာမင်စီကြောင့် ကောင်းကျိုးများစွာ ရရှိခြင်း

ချဉ်ပေါင်ဖူးမှာ ပါဝင်တဲ့ ဗီတာမင်စီကြောင့် အနာကျက်စေပါတယ်၊ ဆဲလ်တွေ ထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးပါတယ်၊ သွားဖုံးကို ကျန်းမာစေပါတယ်၊ သွားတွေကို ကျန်းမာစေပါတယ်၊ ကိုယ်ခံစွမ်းအား စနစ်ကို တိုးတက်စေပါတယ်၊ မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေကနေ ကာကွယ်ပေးပါတယ်၊ အိုမင်းမှုဖြစ်နှုန်းကို လျှော့ချပေးပါတယ်၊ ကင်ဆာရောဂါတချို့ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်၊ သံဓာတ်စုပ်ယူမှု အားကောင်းစေပါတယ်၊ အဆုတ်ကို ကျန်းမာစေပါတယ်၊ မကြာခဏ အအေးမိဝေဒနာ မဖြစ်အောင် ကာကွယ်ပေးပါတယ်၊ မကြာခဏ ကူးစက်ပိုးဝင်မှု မဖြစ်အောင် ကာကွယ်ပေးပါတယ်.. အစရှိတဲ့ ကောင်းကျိုးတွေကို ရရှိစေပါတယ်။

ကယ်လ်စီယမ်ကြောင့် ကောင်းကျိုးများစွာ ရရှိခြင်း

ချဉ်ပေါင်ဖူးမှာ ပါဝင်တဲ့ ကယ်လ်စီယမ်ကြောင့် အရိုးတွေကို သန်စွမ်း ကျန်းမာစေပါတယ်၊ နာ့ဗ်ကြောရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်၊ ကြွက်သား လုပ်ငန်းဆောင်တာကို ကောင်းမွန်စေပါတယ်၊ သွေးခဲအောင် လှုံ့ဆော်ပေးပါတယ်၊ ခြေထောက်နဲ့ လက်ထုံကျဉ်မှု လျော့ပါးစေပါတယ်၊ အရိုးပုံပျက်နိုင်ခြေ သက်သာစေပါတယ်၊ သွားတွေကို ကျန်းမာစေပါတယ်.. အစရှိတဲ့ ကောင်းကျိုးတွေကို ရရှိစေပါတယ်။

ကင်ဆာနှင့် သွေးတိုးရောဂါကို ဟန့်တားနိုင်ခြင်း

လေ့လာမှု တစ်ရပ်အရ ချဉ်ပေါင်ဖူးဟာ သွေးတိုးတာကို လျော့ကျစေနိုင်ကြောင်း သိရပါတယ်။ ချဉ်ပေါင်ဖူးဟာ သွေးကြောတွေကို ကျယ်စေပြီး သွေးစေးပျစ်မှု လျော့ကျစေကာ ဆီးသွားများစေတဲ့ အစွမ်းရှိလို့ပါ။ တခြားလေ့လာမှု တစ်ရပ်အရ ချဉ်ပေါင်ဖူးမှာပါတဲ့ အန်သိုဆိုင်ယာနင်က ကင်ဆာဆဲလ်တွေကို သေစေနိုင်တာကြောင့် ကင်ဆာရောဂါကို ကာကွယ် ဟန့်တားနိုင်ကြောင်း သိရပါတယ်။

Ref:>>ကြယ်စင်
Good Health

Saturday, February 1, 2014

ခံတွင်း (အပူကန်) နာများအတွက် အိမ်တွင်းသုံးကုထုံး

အထူးသဖြင့် ခန္ဓာကိုယ်တွင်း အပူဓာတ်များသူတွေနဲ့ ဝမ်းချုပ်/ဝမ်းပုပ်ရှိသူများအဖို့ ယခုလို မိုးအကုန်ဆောင်းဦးစ ရာသီဥတု အကူးအပြောင်းမှာ အပြင်ကအပူအအေးနဲ့ ခန္ဓာကိုယ်တွင်းက အပူအအေးတို့တိုက်ပွဲဖြစ်လေ့ရှိပါတယ်။ ထို့နောက်မှာတော့ နှုတ်ခမ်းအတွင်းသာ အောက်ခြေ၊ လျှာအောက်ခြေ၊ နဲ့ နှုတ်ခမ်းအပေါ်တို့မှာ ခံတွင်း(အပူကန်)နာတွေ ထွက်လာပါတော့တယ်။
ခံတွင်း(အပူကန်)နာတွေကို ယေဘုယျအားဖြင့်အဆင့် (၃)ဆင့်ခွဲခြားထားပါတယ်။

(၁) အသေးစားအပူကန်နာက ရာသီဥတုအ ပြောင်းအလဲမှာ ဖြစ်လေ့ရှိပြီး၊ ၁-ပတ် (သို့မဟုတ်) ၁၀-ရက်လောက်အကြာမှာ သူ့အလိုလိုပျောက်သွားတတ်ပါတယ်။

(၂) အကြီးစားအပူကန်နာက ရံဖန်ရံခါမှဖြစ်တတ်ပြီး၊ သူက အသေးစာအနာထက်ပိုကြီးကာ ပိုလည်းနာကျင်လေ့ရှိပြီး ဆေးသိပ္ပံနည်း အရ stomatis အနာလို့ခေါ်ကြပါတယ်။

(၃) herpetiform ulcers (ခေါ်)ရေယုန်နာတမျိုးကတော့ ကူးစက်ရောဂါပိုး ကြောင့်ဖြစ်လာကာ အလွန်နာကျင် ယားယံလေ့ရှိပါတယ်။

ခံတွင်း(အပူကန်)နာရဲ့ရောဂါလက္ခဏာများမှာ ခံတွင်းထဲယားယံခြင်း၊ နီရဲရောင်ကိုင်းလာခြင်း၊ သွားတိုက်တဲ့အခါ (သို့မဟုတ်) အစာဝါးတဲ့အခါ နာကျင်ခြင်း၊ အစားစားချင်စိတ်မရှိခြင်း တို့ဖြစ်ပါတယ်။ ရောဂါဖြစ်ရတဲ့အဓိက အကြောင်းရင်းကတော့ ရာသီ ဥတုရုတ်တရက်ပြောင်းလဲလားခြင်းကြောင့် ခန္ဓာကိုယ်တွင်း အပူအအေးဓာတ်ဖောက်ပြန်လာခြင်းဖြစ်၍ ရာသီနာဖြစ်လို့မစိုးရိမ် ရဘဲ ရေ၀၀သောက် ဝမ်းနှုတ်ဆေးစားလိုက်ရုံနဲ့ အနာပျောက်ကင်းသွားပါတယ်။

အကယ်၍ ရာသီဥတုပြောင်းလဲခြင်းကြောင့် မဟုတ်ဘဲ သံဓာတ်-ဗီတာမင်စီ-ဗီတာမင်ဘီ၁၂ တို့ ချို့တဲ့ခြင်း၊ အစာဓာတ် မတဲ့ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ ဟိုမုန်းမျှတမှုမရှိခြင်း၊ ခံတွင်းသန့်ရှင်းမှုအားနည်းခြင်း၊ မတော်တဆသွားနဲ့ကိုက်မိခြင်း၊ ကူးစက် ရောဂါရခြင်း၊ သွားတိုက်စဉ် ထိခိုက်မိခြင်း စသည် တို့ကြောင့်လဲ ခံတွင်းနာဖြစ်တတ်ပါတယ်။

(၁)
အုန်းနို့ရည်က ခံတွင်းအပူကန်နာများနဲ့ ခံတွင်းနာအမျိုးမျိုးတို့အတွက် လွန်စွာဆေးဖက်ဝင်ပါတယ်။
အုန်းသီးကို ညှစ်၍ရ လာသော အုန်းနို့လတ်တ်ဆတ်ဆတ်ဖြင့် တနေ့ကို ၅-ကြိမ်လောက် ပလုပ်(အာလုပ်) ကျင်းပေးပါ။

(၂)
တရုပ်နံနံပင် လတ်လတ်ဆတ်ဆတ်ကိုပြုတ်၍ ခပ်နွေးနွေးအနေအထားမှာ တစ်နေ့လျှင် ၅-ကြိမ်လောက် ပလုပ်(အာလုပ်) ကျင်းပေးပါ။

(၃)
တိုင်းရင်းဆေးသမားတော်ကြီးတွေရဲ့အဆိုအမိန့်အရ၊ ပင်စိမ်းရွက်က ခံတွင်းပူနာများအတွက် အကောင်းဆုံးဆေးမြီးတို လေးပါ။
ပင်စိမ်းရွက်လတ်လတ်ဆတ်ဆတ် ၆-ရွက်ခန့်ကို တနေ့ ၄-ကြိမ်မျှဝါးစားပြီး ရေသောက်ပါ (သို့မ ဟုတ်) ပဲနံ့သာပင် အစေ့နဲ့ပင်စိမ်းရွက်တို့ကို ရော၍ဝါးစားပေးပါ (သို့မဟုတ်) ထို ၂-မျိုးကို ပြုတ်၍ ရလာသော ပြုတ်ရည်နွေးနွေးဖြင့် တနေ့ ၄-ကြိမ်လောက် ပလုပ်(အာလုပ်) ကျင်းပေးပါ။
(ပဲနံ့သာပင်အစေ့ ကို အိန္ဒိယ ပရဆေးဆိုင်တွေမှာ ရရှိနိုင်ပါတယ်)

(၄)
ခံတွင်းအပူနာများအတွက် အနီရောင်ခရမ်းချဉ်သီး လတ်လတ်ဆတ်ဆတ်ကို အစိမ်းလိုက်ဝါးစားပေးပါ။
(သို့မဟုတ်) ခရမ်း ချဉ်သီး သတ္တုရည်ဖြင့် အပူနာတို့ကို လိမ်းပေးပါ။

(၅)
နနွင်းမှုန့် ၂-ဆကို အလှဆီရည် ၁-ဆ နဲ့ခပ်ပျစ်ပျစ်ရောနယ်ပြီး ခံတွင်းနာပေါ်သို့လိမ်းပေးပါ။
(သို့မဟုတ်) နနွင်းမှုန့် လ္ဘက်ရည်ဇွန်း ၁-ဇွန်းပမာဏကို ပျားရည်စစ်စစ် ဇွန်းဝက်ခန့်မျှ ရောနယ်ပြီးတော့ ခံတွင်းနာပေါ်သို့လိမ်းပေးပါ။
(အလှဆီရည်ကို အလှကုန်ဆိုင်တွေမှာ အလွယ်တကူရရှိနိုင်ပါတယ်)

(၆)
ဇီးဖြူသီးကို အစေ့ဖယ်ကျိတ်ချေ၍ ရလာတဲ့ ဇီးဖြူသီးသတ္တုရည်က အပူကန်ခြင်းကြောင့်ဖြစ်လာတဲ့ ခံတွင်းနာများကို အမြန်ဆုံး သက်သာစေတာကြောင့် ၎င်းသတ္တုရည်ဖြင့် တစ်နေ့ ၂-ကြိမ်ကျ လိမ်းပေးပါ။

(၇)
ရေခပ်နွေးနွေး ၁-ဖန်ခွက်ထဲကို ဆား စားပွဲတင်ဇွန်း ၁-ဇွန်း ရော၍၊ ၂၅ -စက္ကန့်လောက် ခံတွင်းထဲ ငုံထားပါ။ ပြီးမှ ထွေးထုတ်ပေးပါ။
ဒီနည်းက အနာရောင်ကိုင်းခြင်းကို သက်သာစေတဲ့အပြင် ပိုးမဝင်အောင်လဲ အထောက်အကူဖြစ်စေပါတယ်။

(၈)
လ္ဘ္ဘက်ရွက်အဆီ(tea tree oil) ကို အပူကန်နာပေါ်သို့ အသာအယာပွတ်လိမ်းပေးခြင်းဖြင့် အနာနီရဲရောင်ကိုင်းခြင်းကို လျော့ပါးသွားစေပါတယ်။
(tea tree oil တွေကို City Mart ဆိုင်များမှာ ရရှိနိုင်ပါတယ်)

(၉)
cranberry (ခေါ်) အနီရောင်အချဉ်သီးဖျော်ရည်လေးက အပူကန်ခံတွင်းနာခြင်းတွေကို အချိန်တိုအတွင်းမှာ ပျောက်ကင်း သွားစေနိင်လို့၊ cranberry သီးဖျော်ရည် ငုံပေးပါ။
(အသင့်သောက် cranberry သီးဖျော်ရည်ဗူူူးလေးတွေကို City Mart ဆိုင်များ မှာ ရရှိနိုင်ပါတယ်)

(၁၀)
ရေအေး နဲ့ ရေခပ်နွေးနွေးတို့ကို တလှည့်စီ အာလုပ်(ပလုပ်)ကျင်းပါ။
လတ်ဆတ်တဲ့နွားနို့အစိမ်း(သို့မဟုတ်)အုန်းစိမ်းရည် တို့ဖြင့် တနေ့လျှင် ၄-ကြိမ် လောက် အာလုပ်(ပလုပ်)ကျင်းပါ။

(၁၁)
အပူကန်နာအပေါ် ရေခဲတုံးလေး ကပ်ပေးခြင်းက နာကျင်မှုကို သက်သာစေတဲ့အပြင်၊ ရောင်ကိုင်းခြင်းတို့ကိုပါ ပြေလျော့ သွားစေပါတယ်။

(၁၂)
အပူကန်နာများအတွက် ရှားစောင်းလက်ပပ်က လွန်စွာကောင်းကျိုးပြုပါတယ်။
ရှားစောင်းလက်ပပ်အနှစ်(ဂျယ်လီ) စားပွဲ တင်ဇွန်း ၂-ဇွန်းကို ခံတွင်းနာပေါ်သို့ အုံပေးလိုက်ရုံပါဘဲ။

(၁၃)
အစိမ်းရောင် ဟင်းသီးဟင်းရွက်များ ဥပမာ…ဟင်းနုနယ်/ ကန်စွန်းရွက်/ ပဲသီး(ခေါ်) ပဲတောင့်ရှည်/ ပဲစောင်းဝါးသီး.. စတာတွေကို ကြက်သွန်နီ များများထဲ့၍ သုပ်စားခြင်းက အပူကန်ခြင်းကြောင့်ဖြစ်တဲ့ ခံတွင်းနာတွေကို သက်သာစေပါတယ်။

(၁၄)
ဗီတာမင်စီ ပေါကြွယ်ဝတဲ့ ဒိန်ချဉ်က သွားဖုံးနဲ့ခံတွင်းနာ အမျိုးမျိုးတို့အတွက် အကောင်းဆုံး ဆေးတစ်ခွက်ပါဘဲ။

(၁၅)
ပင်စိမ်းရွက်အဆီကို အနာပေါ်သို့ ခပ်ဖွဖွစိမ့်ဝင်အောင် မကြာမကြာလိမ်းပေးခြင်းဖြင့် ထိုအပူနာ ရောင်ကိုင်း၍နာကျင် ခြင်းတို့ကို ကောင်းစွာကုသပေးနိုင်ပါတယ်။

(၁၆)
နွယ်ချို နဲ့သလဲသီးတို့ကလည်း အပူကန်ခြင်းကို ကုသပေးနိုင်ပါတယ်။
၎င်း တမျိုးစီကို စား၍သော်လည်းကောင်း၊ တမျိုး စီကို ခံတွင်းနာပေါ်သို့အုံပေး၍သော်လည်းကောင်း (သို့မဟုတ်) ၎င်း နှစ်မျိုးစလုံးကို ခပ်ပျစ်ပျစ်ရောနယ်၍ ခံတွင်းနာပေါ်သို့ အုံပေး၍သော်လည်းကောင်း စသည်ဖြင့် အဆင်ပြေသလို ပြုလုပ်ပေးပါ။

(၁၇)
အပူရှပ်၍ ဖျားချင်ချင်ခံစားနေရသူများအတွက် ကြံရည်ကကိုယ်တွင်းအပူငြိမ်းစေပြီး၊ ပရိုတင်းအားဖြည့် ဓာတ်စာအဖြစ် အသုံးဝင်တဲ့အပြင်၊ ခံတွင်းထဲမှာ ကြံရည်ငုံပေးခြင်း အပူနာတွေကို အချိန်တိုအတွင်းမှာ ချပ်ရပ်သွားစေနိုင်ပါတယ်။

အထက်ဖော်ပြပါ အိမ်တွင်းကုထုံးလေးတွေက ခံတွင်းအပူကန်နာဖြစ်ခြင်းကို ၈-ရက် (သို့မဟုတ်) ၁၀-ရက်ခန့်အကြာမှာ ပျောက်ကင်းသွားစေပါတယ်။ ကုထုံးလေးတွေသုံးနေတာတောင် ၁၀-ရက်ကြာတဲ့အထိ မပျောက်တဲ့ အပြင် အခြေအနေပိုဆိုး လာပါက၊ ဆရာဝန်နဲ့ဆေးကုသမှုခံယူသင့်ပါတယ်။ “အပ်နဲ့ထွင်းရမယ့်အနာကို ပေါက်ဆိန်နဲ့ထွင်းမခံရလေအောင် ” ကျမ္မာရေးအမြင်ရှိဖို့လိုပါကြောင်း။

(ပေါက်ပေါက်…မျှဝေသည်)

ကျန်းမာရေးအတွက်ဒီလောက်ကောင်းတဲ့ ကြံရည်တစ်ခွက်


၁- ကျောက်ကပ်ကျန်းမာရေးနှင့်တကွ ကျောက်ကပ်နှင့်ဆိုင်တဲ့
ရောဂါများကိုကာကွယ်နိုင်ပြီး ကျောက်ကပ်ကျောက်တည်ခြင်းမှလဲကာကွယ်ပေးခြင်း

၂- လည်းချောင်းနှင့်ဆိုင်သောရောဂါနှင့်တုပ်ကွေးဖြစ်ခြင်းမှလည်း သက်သာစေခြင်း
၃- ကင်ဆာရောဂါကာကွယ်မှုနှင့်
အထူးသဖြင့် ရင်သားကင်ဆာသမားများအတွက် ကောင်းမွန်ခြင်း

၄- ကိုယ်တွင်းအပုပ်အညစ်များကိုကျစေခြင်း

၅- ဖျားနာနေမကောင်းဖြစ်ပြီးလျှင် ကြံရည်သောက်သင့်တဲ့အဓိကအချက်ကတော့
နေမကောင်းဖြစ်ချိန်တွင်ပျောက်ဆုံးသွားသော
ပရိုတိန်းဓါတ်နှင့် သကြားဓါတ်များကိုပြန်လည်ဖြည့်တင်းပေးခြင်း

၆- အသားအရည်တွင်မရှိမဖြစ်လိုအပ်တဲ့ ရေဓါတ်ကိုဖြည့်တင်းပေးပြီး
ဝက်ခြံများထွက်ခြင်းမှသက်သာစေခြင်းနှင့် ကြံရည်ကို သင့်မျက်နှာပေါ်မှာ
လိမ်းပြီး မိနစ်ပိုင်းထားပေးခြင်းကို ပုံမှန်လုပ်ပေးခြင်းဖြင့် အိုမင်းရင့်ရော်ခြင်းမှ
ကင်းဝေးစေခြင်း

၇- ကယ်လ်စီယမ်၊ကိုဗော့၊ကြေး၊မဂ္ဂနီဆီယမ်၊ဖော့စဖောရပ်၊
ပိုတက်ဆီယမ်နှင့်သံဓါတ်တို့ပါဝင်ပါတယ်။

၈- ဗီတာမင်များအနေဖြင့်လည်း ဗီတာမင် B1,B2,B3,B5 တို့ပါဝင်ပြီး
အမျှင်ဓါတ်နှင့်ပရိုတိန်းတို့လည်းပါဝင်ပါတယ်။

၉- သင့်လက်သည်းမှာ အဖြူအစက်ကလေးတွေရှိရင်
သင့်အစားအစာထဲမှာသကြားဓါတ်အလွန်နည်းနေတာကြောင့် သကြားပြည့်ဝစွာပါဝင်တဲ့
ကြံရည်ကိုသောက်ပေးခြင်းဖြင့် သင့်လက်သည်းခြေသည်းတွေကို
ပိုမိုတောက်ပြောင်လာစေမှာပါ။

၁၀- ကြံရည်ဟာ သင့်သွားအလှနှင့်ကျန်းမာရေးကိုပါထိန်းသိမ်းပေးပြီး
သင့်သွားတွေတောင်ပြောင်စေဖို့နဲ့ပိုးစားခြင်းမှကာကွယ်ပေးခြင်းတို့ကို
လုပ်ဆောင်ပေးပါတယ်။
၁၁- အသားဝါရောဂါဖြစ်ခြင်းမှလည်းကာကွယ်ပေးတာကြောင့်
ယခုပဲလတ်ဆတ်တဲ့ကြံရည်တစ်ခွက်အမြန်သောက်လိုက်ပါ။

Ref: ZK(ကနောင်)

ကင်ဆာရောဂါ သတိပေးလက္ခဏာများ

ကင်ဆာရောဂါတွင်(သို့)ကင်ဆာရောဂါအတွက်လည်း ထိုကဲ့သို့ သတိပေး၊ အသိပေးလက္ခဏတွေ ရှိနိုင်၊ ပြနိုင်သည်။ ထို့အတူ လူများကင်ဆာရောဂါဖြစ်ရခြင်းသည် အန္တရယ်ဖြစ်နိုင်မှန်းသိလျက် အလိုလိုက်မိုက်မှားကာ အန္တရယ်နှင့်ကစားမိသည်များလည်းရှိနိုင်သည်။ ကတ်ထရီနာအဲလစ်စ် ပြုစုထားသောဇယားကိုအရင်းတိုင်း ဖြန့်လိုက်ပါသည်။
ကင်ဆာအားလုံးအန္တရယ်ဖြစ်စေသည့်အရာများ

ကင်ဆာဖြစ်စေသောအရာများ၊ စိတ်ခံစားမှုဆိုင်ရာကိစ္စများ၊ အဆိပ်အတောက်စသဖြင့်။

သတိပေးလက္ခဏာများ

ကျက်ခဲသည့်ပုံမှန်မဟုတ်သောသွေး၊ သနံရည်၊ အရိအရွဲတို့ထွက်နေသည့်အနာများ၊ အရေပြားပေါ်(သို့) အရေပြားအောက်တွင်ပေါ်လာသည့် စမ်းမိသည့် အကျိတ်၊ အဖုများ၊ ကြွက်နို့(သို့) မှဲ့က သိသိသာသာကြီးလာခြင်း၊ အဖျားတာရှည်ခြင်း၊ အကြောင်းမဲ့အရေပြားပေါ်တွင်သွေးခြည်ဥကဲ့သို့ နီရဲညိုမည်းလာခြင်း၊ ဝမ်းမှန်ရာက ဝမ်းပျက်ဝမ်းချုပ်လာခြင်း၊ ပိန်လာခြင်း၊ အစာရေစာမျိုရခက်လာခြင်း၊ မကြာမကြာအစာမကြေခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ ချောင်းဆိုးပြီး အသံဝင်ခြင်း။

1.ဦးနှောက်အကျိတ်ကင်ဆာ

အန္တရယ်ဖြစ်စေသည့်အရာများ

လူတို့ဖန်တီးသည့် လျှပ်စစ်၊ သံလိုက်စက်ကွင်းအားသုံးစက်ကိရိယာများကို ရေရှည်ကိုင်တွယ်အသုံးပြုရခြင်း၊ ဓာတ်ရောင်ခြည်သင့်ခြင်း၊ ဓာတုဖျော်ရည်၊ ပိုးသတ်ဆေး၊ စည်သွပ်ဘူး၊ ပြုပြင်စီရင်ထားသော အသားများထဲတွင်ပါလေ့ရှိသည့် နိုက်ထရိုဆိုအေမင်းန်စသည့် ဓာတုပစ္စည်းများနှင့်ထိတွေ့မှုရှိခြင်း။

သတိပေးလက္ခဏာများ

ခေါင်းအပြင်းအထန်ကိုက်ခြင်း၊ နေ့စဉ်ရက်ဆက်ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ နူံးညောင်းခြင်း၊ ကိုယ်ခန္ဒာအစိတ်အပိုင်းတစ်ရပ်ရပ်အကြောင်းမဲ့ချည့်နဲ့ခြင်း၊ အမြင်အာရုံေ၀ဝါးခြင်းအပါအဝင် အမြင်အာရုံပြဿနာများရှိခြင်း၊ အန်ခြင်း၊ ပျို့ခြင်း၊ တက်ခြင်း၊ စိတ်မမှန်ခြင်း၊ စကားပြောမမှန်ခြင်း၊ လေဖျန်းခြင်း၊ လေဖြတ်ခြင်း။

2.သွေးကင်ဆာ

အန္တရာယ်ဖြစ်စေသည့်အရာများ

မျိုးရိုးဗီဇ၊ ဓာတ်ရောင်ခြည်သင့်ခြင်း၊ မဟာဓာတ်အားလိုင်းများ၊ ပိုးသတ်ဆေးများ၊ ရေရှည်ဗိုင်းရပ်စ်ပိုးဝင်ရောဂါများဖြစ်ခြင်း၊ ဘဲန်ဇင်းန်၊ ကလိုရဲဖ်ဖင်နီကောလ် ပဋ္ဋီဇီဝဆေး။

သတိပေးလက္ခဏာများ

ဖြူဖျော့သွေးအားနည်းခြင်း၊ ခြေကုန်လက်ပန်းကျခြင်း၊ ကိုယ်အလေးချိန်များခြင်း၊ ခဏခဏဖျားခြင်း၊ သွေးခြည်ဥလွယ်ခြင်း၊ အရိုးအဆစ်နာခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ အခြားသွေးယို၊ သွေးထွက်ခြင်းများ၊ အဖျား၊ သွေးအားနည်း၊ ဘေလုံး(သရက်ရွက်)(သို့)အသည်း(သို့)ပြန်ရည်အကျိတ်များကြီးခြင်း၊ ရောင်ခြင်း၊ ညဘက်ချွေးပြန်ခြင်း၊ သွေးဥမွှားအရေအတွက်လျော့ကျလာခြင်း။

3.ရိုးတွင်းခြင်ဆီကင်ဆာ

အန္တရယ်ဖြစ်စေသည့်အရာများ

၉၀ရာခိုင်နှုန်းကျော်သည့်အသက်၄၀ကျော် အမျိုးသားများတွင်အဖြစ်များခြင်း၊ ဓာတုပစ္စည်းများ(ဒိုင်အောက်ဆင်၊ ဓာတုပျော်ရည်၊ ကြေးချွတ်သန့်စင်ဓာတုပစ္စည်း)နှင့်ထိတွေ့မှုရှိခြင်း၊ ဓာတ်ရောင်ခြည်သင့်ခြင်း၊ အိပ်ချ်အိုင်ဗီပိုး၊ အသည်းရောင်အသားဝါပိုး၊ ရေယုန်ပိုး၊ အက်ပ်စတိန်းဘားဗိုင်းရပ်စ်ဆိုက်တိုမက်ဂလိုဗိုင်းရပ်စ်စသည့် ဗိုင်းရပ်စ်ပိုးများ ဝင်ရောက်ရောဂါရနိုင်ခြေရှိခြင်း။ မျိုးရိုး၊ ကိုယ်တွင်းခုခံအားညံ့ခြင်း၊ ပြဒါး(သို့)ပီဗွီစီနှင့်အထိအတွေ့ဗိုင်းရပ်စ်ပိုးဝင်ခြင်းနှင့်အဆက်အစပ်မကင်း။

သတိပေးလက္ခဏာများ

ကျောဘက်အရိုးထဲကနာခြင်းသည် ပထမဆုံးလက္ခဏာ။ ကိုယ်အလေးချိန်ကျခြင်း၊ အားနည်းအားယုတ်သကဲ့သို့ ခံစားရခြင်း၊ မကြာမကြာပိုးဝင်၍ ဖျားခြင်း၊ သွေးအားနည်းခြင်း။
 
 4.အရေပြားကင်ဆာ

အန္တရယ်ဖြစ်စေသည့်အရာများ

အရေပြားနေရောင်ကြာကြာခံခြင်း၊ အလားတူမီးလုံးများဖြင့် အသားညိုရန်ပြုလုပ်ခြင်း၊ အထူးသဖြင့် အသားဖြူ၊ အသားဝါများ၊ မှဲ့များသောရာဇဝင်ရှိခြင်း၊ ခြေထောက်(သို့)အဝတ်အစားနှင့်အပွတ်အတိုက်များသောနေရာများ တွင်မှဲ့ရှိခြင်း၊ နေလောင်အမာရွတ်များရှိခြင်း၊ အရေပြားကင်ဆာဖြစ်ဖူးသူ မိသားစုထဲမှာရှိခြင်း၊ မီးချောင်း၊ မိုက်ခရိုဝေ့ဖ်များနှင့်အထိအတွေ့များခြင်း၊ ခရမ်းလွန်ရောင်ခြည်သင့်ခြင်း၊ အရက်များခြင်း၊ သန္ဒေတားဆေး တာရှည်သုံးခြင်း၊ (ငါးနှစ်ကျော်)သမင်ဖြူ၊ ခရုသင်းထွက်ခြင်း၊ ကိုယ်တွင်းခုခံအားကျခြင်း။

သတိပေးလက္ခဏာများ

အရေးပြားပေါ်တွင် ကြွက်နို့နှင့်တူသောအဖုအပိမ့်ထွက်ခြင်း၊ ကျက်ခဲသောအနာပေါက်ခြင်း၊ မှဲ့များရှိပါက အရွယ်အစားကြီးလာခြင်း၊ အနာဖြစ်လာခြင်း အနာကျက်ခဲခြင်း၊ အနာရွတ်များမှ အနာဖြစ်လာခြင်း၊ မှ့ဲများ၏ အနားဝိုင်းပုံမှန်မဟုတ်ခြင်း၊ မှဲ့နက်ကြီးများပေါ်ခြင်း၊ မှဲ့မှသွေးထွက်ခြင်း။

5.လည်ချောင်းကင်ဆာ

အန္တရာယ်ဖြစ်စေသည့်အရာများ

အရက်၊ ဆေးလိပ် အလွန်အကျွံသောက်ခြင်း။

သတိပေးလက္ခဏာများ

ချောင်းဆက်တိုက်ဆိုးခြင်း၊ အသံဝင်ခြင်း၊ မည်သို့ပင်ကုကုပျောက်ခဲသောလည်ချောင်းရောဂါများဖြစ်ခြင်း။
 
 6.ပါးစပ်၊ ခံတွင်းနှင့်လည်ချောင်းကင်ဆာ

အန္တရယ်ဖြစ်စေသည့်အရာများ

ခံတွင်းထဲတွင်သရိုးသရီဖြစ်ခြင်း၊ သွားကျိုးခြင်း၊ အံကပ်၊ သွားတုများမတော်တော့ခြင်း၊ ပျက်စီးခြင်း၊ အရက်များခြင်း၊ ဆေးလိပ်များခြင်း၊ ဆေးရွက်ကြီးငုံဝါးခြင်း။

သတိပေးလက္ခဏာများ

ပါးစပ်၊ လည်ချောင်း၊ လျှာ၊ အနာဖြစ်ပါက ကျက်ခဲခြင်း၊ အသံဝင်ခြင်း။

7.အသည်းကင်ဆာ

အန္တရာယ်ဖြစ်စေသည့်အရာများ

မြေပဲ၊ မြေပဲထောပတ်၊ ပြောင်း၊ ဆန်တို့ပေါ်ရှိ မှိုပိုးမှထွက်သောအဖလာအဆိပ်ကို စားမိခြင်း၊ အရက်အသောက်များခြင်း၊ ပိုင်ရိုလစ်ဇစ်ဒင်းန် အယ်လ်ကလွိုက်များ၊ ပေါ်လီဗီနိုင်းလ်ကလိုရိုဒ်၊ တမော့က်စီဖဲန် စသည်တို့နှင့် အထိအတွေ့ရှိခြင်း၊ သောက်မိခြင်း၊ အသည်းရောင်အသားဝါဘီပိုး၊ စီပိုး၊ အသည်းခြောက်ခြင်း၊ သိုရီယမ်ဒိုင်အောက်ဆိုဒ်၊ သန္ဒေတားဆေးလုံး၊ အဲန်နာဘောလစ်စတီးရွိုက်အာဆင်းနစ်၊ ဆေးလိပ်၊ ဆေးရွက်ကြီး၊ သံဓာတ်များခြင်း။

သတိပေးလက္ခဏာများ

နောက်ဆုံးအဆင့်တွင်တွေ့ရသောလက္ခဏာများ။ ညာဘက်နံရိုးအောက်ဘက်တွင်နာခြင်း၊ အသည်းကြီးခြင်း၊ အသားဝါခြင်း၊ နေမထိထိုင်မသာဖြစ်ခြင်း၊ အားအင်ကုန်ခန်းခြင်း၊ အကြောင်းမဲ့ပိန်လာခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်နာခြင်း၊ လေချုပ်ဝမ်းကယ်ခြင်း၊ သွေးအားနည်းခြင်း။

8.အဆုတ်ကင်ဆာ

အန္တရာယ်ဖြစ်စေသည့်အရာများ

ဆေးလိပ်၊ အက်စ်ဘက်စ်တော့စ်။

မီးခံကျောက်ပြားပါ ကျောက်ဂွမ်းမျှင်၊ နစ်ကယ်လ်၊ ကက်ဒ်မီယမ်(သို့)ရေဒီယိုသတ္တိကြွပစ္စည်းများ၊(ရေဒွန်ငွေ့)နာတာရှည် လေပြွန်ရောင်ခြင်း၊ တီဘီဖြစ်ဖူးခြင်း၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ပီဗွီစီများနှင့်ထိတွေ့မှုရှိခြင်း၊ တစ်နေ့ကော်ဖီငါးခွက်ထက်ပိုသောက်ခြင်း၊ ကဖင်းန်ပါဝင်သော အစားအသောက်များ များများမှီဝဲခြင်း၊ အရက်များခြင်း၊ ဘလီယိုမိုင်စင်၊ ဆိုက်ကလိုဖော့စ်မာမိုက်ဒ် စသည့်ကင်ဆာဆေးများသွင်းရခြင်း၊ မာဂျရင်းန် ထောပတ်၊ အဆီအစားများခြင်း။

သတိပေးလက္ခဏာများ

ချောင်းဆိုးမပျောက်ခြင်း၊ ချောင်းဆိုးလျှင်သွေးပါခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ခြေကုန်လက်ပန်းကျခြင်း၊ နုံးခြင်း၊ အသက်ရှုမဝခြင်း၊ ရင်ကျပ်ခြင်း၊ ရင်ညွန့်ရိုးအောင့်နာခြင်း၊ အသံပြောင်းခြင်း၊ အသံဝင်ခြင်း၊ အားနည်းခြင်း၊ ပိန်လာခြင်း။

9.ရင်သားကင်ဆာ

အန္တရာယ်ဖြစ်စေသည့်အရာများ

အသက်(၃၅)နှစ်ကျော်မှသားဦးကိုယ်ဝန်ဆောင်ခြင်း၊ သားသမီးမထွန်းကားခြင်း။ ညီအကိုမောင်နှမအရင်းအချာများထဲတွင် ရင်သားကင်ဆာဖြစ်ဖူးသော ရာဇဝင်ရှိခြင်း။ အသက်(၃၀)မကျော်မီက ဓာတ်ရောင်ခြည်၊ ပိုးသတ်ဆေးစသည်တို့ဖြင့်ထိတွေ့ဖူးခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်း၊ ပိုးသတ်ဆေးများ အများအပြားထိတွေ့ကိုင်တွယ်ရခြင်း၊ ဓမ္မတာနောက်ကျခြင်း(သို့)စောစောလာခြင်း၊ သွေးဆုံးနောက်ကျခြင်း၊ ကော်ဖီ၊ အရက် အလွန်အကျွံသောက်သုံးခြင်း၊ အဆီအဆိမ့်၊ အချိုအစားများခြင်း၊ ဆီးချိုရှိခြင်း၊ သန္ဒေတားဆေးစား၍ ကာလရှည်ကြာစွာ သန္ဒေတား၊ သားဆက်ခြားခြင်း၊ ဟော်မုန်းအစားထိုးကုသမှုခံယူခြင်း၊ ကိုယ်ခန္ဒာက အီစထရိုဂျင်ဟော်မုန်းအထုတ်များခြင်း(သို့)အီစထရိုဂျင်ပါသောဆေးများစားခြင်း၊ အဝလွန်ခြင်း။

သတိပေးလက္ခဏာများ

အကျိတ်၊ အဖု၊ ရင်သားအရေပြားထူအမ်းလာခြင်း၊ နို့သီးခေါင်းချိုင့်ဝင်ခြင်း၊ နို့သီးခေါင်းရောင်ရမ်းထူအမ်းလာခြင်း၊ နို့မတိုက်ပဲနှင့်နို့သီးခေါင်းယားခြင်း၊ နီရဲခြင်း(သို့)ယားယံနီရဲကာအနာဖြစ်လာခြင်း၊ နို့သီးခေါင်းမှ သွေး၊ ပြည်၊ သနံရည် စသည့်နို့ရည်မဟုတ်သော အရည်များထွက်ခြင်း။

10.အစာအိမ်ကင်ဆာ

အန္တရာယ်ဖြစ်စေသည့်အရာများ

သွေးအားနည်းခြင်း၊ အစာခြေရည်အထွက်နည်းခြင်း၊ အသား၊ အဆီအစားများကာ အသီးအရွက်အစားနည်းခြင်း၊ အစာအိမ်အနာကြာကြာဖြစ်ခြင်း၊ အစာအိမ်ပေါလစ်ပ်(ညှာတံပါအကျိတ်)ထွက်ခြင်း၊ အပူအစပ် အစားများခြင်း၊ အသားချောင်း၊ အသားပြား အစားများသဖြင့် တာရှည်ခံရန်ထည့်သည့်ယမ်းစိမ်း(ဆိုဒီယမ်နိုက်ထရိတ်)နိုက်ထရိုဆိုအေမင်း စသည့်ဓာတုပစ္စည်းများ ဝမ်းထဲရောက်ခြင်း၊ အကင်စာ အစားများခြင်း။ ငါးဆားနယ်၊ အသားဆားစိမ် အစားများခြင်း၊ အရက်၊ ဆေးလိပ်များခြင်း၊ အိပ်ချ်ပိုင်လိုရိုင်ပို အစာအိမ်ထဲရောက်ခြင်း၊ အစာအိမ်အမြှေးပါးရောင်ခြင်း။

သတိပေးလက္ခဏာများ

အစာမကြေခြင်း၊ အစာစားပြီးဗိုက်နာခြင်း၊ ခံတွင်းပျက်ခြင်း၊ ကိုယ်အလေးချိန်လျော့ကျခြင်း၊ ခံတွင်းပျက်ခြင်း၊ ဗိုက်အောင့်၊ ဗိုက်နာခြင်း၊ ရင်ပြည့်ရင်ကယ်ခြင်း၊ ရင်ပူခြင်း၊ ပျို့အန်ခြင်း၊ အစာအိမ်ရောင်ခြင်း၊ များသောအားဖြင့်လက္ခဏာထူးထူးခြားခြားမပြပါ။ နှောင်းမှ၊ လွန်မှသိကြရသည်။
 
 11.အစာရေမျိုကင်ဆာ

အန္တရာယ်ဖြစ်စေသည့်အရာများ

အသက်၄၅နှစ်နှင့်၇၀ကြားဇရာ၊ ဆေးလိပ်၊ ဆေးရွက်ကြီး၊ အရက်စွဲ၊ ဗီတာမင်စီ၊ အေ၊ ဘီ၂ မပါသည့် အာဟာရစားခြင်း၊ ဟင်းသီးဟင်းရွက်၊ သစ်သီးအစားနည်းခြင်း၊ အစာမကြေခြင်း။

သတိပေးလက္ခဏာများ

အစာမျိုရခက်ခြင်း၊ ခံတွင်း၊ လည်ချောင်းထဲတွင်အစာနင်ခြင်း၊ ရင်ပြည့်ခြင်း၊ ရင်ဘတ်နာခြင်း၊ ကိုယ်အလေးချိန်ကျခြင်း။

12.အူမကြီးနှင့်မစင်အိမ်ကင်ဆာ

အန္တရာယ်ဖြစ်စေသည့်အရာများ

အမျှင်ဓာတ်၊ ထုံးဓာတ်ပါဝင်သော အစားအစာများအစားနည်းခြင်း၊ အသီးအရွက်ထက်စာလျှင် အသားအစားများခြင်း။ ပေါလစ်ပ် အလုံးအကျိတ်ရှိခြင်း။ မိသားစုအတွင်း အူမကြီးကင်ဆာဖြစ်သူရှိဖူးသည့်ရာဇဝင်ရှိခြင်း။ ဝမ်းချုပ်လွန်းခြင်း(သို့) ဝမ်းပျက်လွယ်ခြင်း၊ အူထဲတွင်အဆိပ်အတောက်များ များနေခြင်း၊ အဆီအဆိမ့် အသားအစားများခြင်း။ အစားကြူးခြင်း၊ အရက်အသောက်များခြင်း၊ သည်းခြေရည်မထွက်ခြင်း(သို့)အထွက်များခြင်း၊

နာတာရှည်အူရောင်ရောဂါဖြစ်သည့်အူမကြီးတွင်အနာဖြစ်ရောင်ရမ်းသောရောဂါဖြစ်ဖူးခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊ စိတ်တို၊ ဒေါသထွက်လွယ်ကာ အဆိုးမြင်ခံစားမှုပြင်းထန်ခြင်း၊ မွေးရာပါရောဂါရှိခြင်း၊ အသက်၅၀ကျော်တွင် အဖြစ်များခြင်း။

သတိပေးလက္ခဏာများ

စအိုမှသွေးယိုခြင်း၊ ဝမ်းထဲတွင်သွေးမည်းမည်းပါခြင်း၊ ဝမ်းထဲတွင် ချွဲ၊ သွေးများဝမ်းနှင့်အတူပါလာခြင်း(သို့)သီးခြားစီပါ လာတတ်ခြင်း၊ ဝမ်းသွားသည့်အလေ့အကျင့်ပြောင်းလာခြင်း၊ ဝမ်းပျက်ပျက်နေခြင်း၊ ဝမ်းဖောလိုက် ဝမ်းချုပ်လိုက်ဖြစ်လာ ခြင်း(သို့)ဝမ်းဆက်တိုက်ချုပ်နေခြင်း၊ ဝမ်းသွားချင်စိတ်ဖြစ်ပေါ်နေခြင်း၊ ဝမ်းသွားရသည့်အခါ ဝမ်းကျန်သကဲ့သို့ခံစားရခြင်း၊ အမြဲလိုလိုဗိုက်အောင့်၊ ဗိုက်နာနေခြင်း၊ ခံတွင်းပျက်ခြင်း၊ ခြေကုန်လက်ပန်းကျခြင်း၊ လူပိန်လိုက်လာခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်ရောင်လာခြင်း၊ ဗိုက်နာခြင်း(သို့)မအီမသာဖြစ်ခြင်း။

13.သားအိမ်အတွင်းသားနှင့်သားအိမ်ကင်ဆာ

အန္တရယ်ဖြစ်စေသည့်အရာများ

တစ်ခါမှ ကိုယ်ဝန်မဆောင်ဖူးခြင်း၊ သွေးဆုံးပြီးချိန်နောက်ပိုင်းကာလသို့ရောက်နေခြင်း၊ မိသားစုဝင်များထဲတွင် သားအိမ်ကင်ဆာဖြစ်ဖူးသောရာဇဝင်ရှိခြင်း၊ ဆီးချို၊ သွေးချိုရှိခြင်း၊ အဝလွန်ခြင်း၊ သွေးတိုးရောဂါရှိခြင်း၊ ဓမ္မတာမမှန်ခြင်း၊ အဆီ အသားအစားများခြင်း၊ သားမြုံခြင်း(သို့)သားသမီးမရခြင်း၊ တမောက်ဆီဖဲန်(ကင်ဆာဆေး)သောက်ရခြင်း၊ အီစထရိုဂျင်ဟော်မုန်းအစားထိုးကုထုံးဖြင့် တာရှည်ကုသနေရခြင်း၊ ပုံမှန်မဟုတ်သော ဟော်မုန်းပမာဏကြာရှည်နေခြင်း။

ကနဦးလက္ခဏာများ

ဓမ္မတာလာစဉ်မနာမကျင်ပဲ သွေးအဆင်းများခြင်း၊ ပုံမှန်မဟုတ်သော အရိအရွဲဆင်းခြင်း၊ ဓမ္မတာလာစဉ်နာကျင်ကိုက်ခဲခြင်း၊ ဓမ္မတာအဆင်းများ၊ သွေးသွန်ခြင်း၊ တင်ပါးဆုံတစ်ဝိုက်ကိုက်ခဲခြင်း၊ ပိန်လာခြင်း၊ ခံတွင်းပျက်ခြင်း၊ ခြေကုန်လက်ပန်းကျခြင်း။

နောက်ကျမှသိရသော လက္ခဏာများ

ကြွက်တတ်ခြင်း၊ လိင်ဆက်ဆံပြီးတိုင်း သွေးဆင်းခြင်း၊ ဝမ်းဗိုက်အောက်ပိုင်းလေးလံခြင်း၊ ပြန်ရည်ကျိတ်များရောင်ရမ်းခြင်း။

14.သားအိမ်ခေါင်းကင်ဆာ

အန္တရယ်ဖြစ်စေသည့်အရာများ

ငါးကြိမ်ကျော်ကိုယ်ဝန်ဆောင်သားမွေးခြင်း၊ ငယ်ငယ်ရွယ်ရွယ်နှင့်လိင်ဆက်ဆံခြင်း၊ ဆီးပူညောင်းကျ(သို့)လိင်အင်္ဂါကြွက်နို့ဖြစ်ဖူးသော ရာဇဝင်ရှိခြင်း၊ အိမ်ထောင်ဖက်(သို့)လိင်ဆက်ဆံဖက်များခြင်း၊ သားမြုံခြင်း၊ အီစထရိုဂျင်ဟော်မုန်းများကြာရှည်အသုံးပြုခြင်း။ သန္ဒေတားဆေး၊ ဆေးလိပ်အသောက်များခြင်း(သို့)ဆေး ခြောက်ရှုခြင်း၊ သားအိမ်ခေါင်းရေယုန်ဗိုင်းရပ်စ်ပိုးနှင့် သားအိမ်ခေါင်းတွင်တွယ်တတ်သောပက်ပစ်လိုးမားဗိုင်းရပ်စ် ပိုးဝင်ခြင်း၊ နာတာရှည်ဖောလစ်အက်စစ်ချို့တဲ့မှုဖြစ်ခြင်း၊ ဗီတာမင်(အေ)နှင့်(စီ)ချို့တဲ့ခြင်း၊ အဆီအဆိမ့်အစားများခြင်းနှင့် အဝလွန်ခြင်း(သားအိမ်ကင်ဆာပါဖြစ်နိုင်)

သတိပေးလက္ခဏာများ

ကနဦးပိုင်း၊ လက္ခဏာမပြ။ ဓမ္မတာပေါ်စဉ်သွေးအဆင်းများခြင်း၊ အဖြူ၊ အနီမဟုတ်ပဲသမားရိုးကျမဟုတ်သည့်အရိအရွဲဆင်းခြင်း၊ ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲခြင်း၊ သွေးများများဆင်းသည့်လများ များလာခြင်း၊ လိင်ဆက်ဆံသည့်အခါ နာကျင်ခြင်း၊ ဆက်ဆံပြီးသည့်အခါသွေးဆင်းခြင်း၊ ပကပ်စမီးယားခေါ်သားအိမ်ခေါင်းမှ အရိအရွဲများရယူကာဓာတ်ခွဲစမ်းသပ်ကြည့်သည့်အခါ ပုံမှန်မဟုတ်သောဆဲလ်များတွေ့ရခြင်း၊ ခြေကုန်လက်ပန်းကျခြင်း၊ ဗိုက်နာခြင်း၊ ဗိုက်ကယ်လေပွခြင်း။

ရွှေအိမ်စည်စာကြည့်တိုက်
ကြေးမုံသတင်းစာ

Friday, January 31, 2014

အပူဒဏ်ကို တွန်းလှန်နိုင်သော အစားအစာများ


နွေရာသီမှာ ပူအိုက်ပြီး ရေဓာတ်ခမ်းခြောက် မှုကို သက်သာစေကာ ဝမ်းဗိုက် ချပ်ရပ်တဲ့ အလှတရား ကိုပါ ရရှိစေမယ့် သရေစာ တွေကို ရေးသား လိုက်ရပါတယ်။
(၁) ဖရဲသီး
ဖရဲသီးမှာ ရေဓာတ် ၉၂ ရာခိုင်နှုန်း ပါဝင်တဲ့ ဖရဲသီးဟာ နွေရာသီ ရေဓာတ် ခမ်းခြောက် မှုမဖြစ်အောင် ကာကွယ် ပေးသလို ဝမ်းဗိုက် ချပ်ရပ် စေပါတယ်။ ဒါ့အပြင် ဗီတာမင်စီ အများအပြား ပါဝင်ပြီး ကယ်လိုရီ ပါဝင်မှု လျော့နည်း တာကြောင့် ကိုယ်အလေးချိန် ထိန်းလိုသူ တို့အတွက် အကောင်းဆုံး သရေစာပါ။

(၂) ဒိန်ချဉ်
ဒိန်ချဉ် တစ်ခွက်မှာ ပရိုတင်းဓာတ် ၂၀ ဂရမ် ပါဝင်တာကြောင့် ကယ်လိုရီ အပိုမရရှိ စေဘဲ ချက်ချင်း ဗိုက်ပြည့် စေပါတယ်။ ဒိန်ချဉ်မှာ ပိုတက်စီယမ်လည်း ပါဝင် တာကြောင့် ကိုယ်တွင်း ဆိုဒီယမ် အပိုတွေကို တွန်းထုတ် နိုင်သလို အကျိုးပြုဘက် တီးရီးယား ပါဝင်မှုကြောင့် လေပွတာနဲ့ လေထတာကို လျော့ကျ စေပါတယ်။

(၃) သခွားသီး
သခွားသီးမှာ ရေဓာတ် ၉၆ ရာခိုင် နှုန်း ပါဝင်မှုကြောင့် ပူပြင်းတဲ့ အချိန်မှာ အေးမြ လန်းဆန်း သွားစေတဲ့ အစွမ်း ရှိပါတယ်။ ဒါ့အပြင် သခွားသီးမှာ ကယ်လိုရီ ပါဝင်မှု နည်းပါးတဲ့ အတွက် ဝမ်းဗိုက်ချပ်ရပ် လိုသူတွေ စားသင့်တဲ့ သရေစာပါ။

ကြယ်စင်

အခွံမာသီးကို စားသုံးပါက အသည်းရောဂါကို လျှော့ချနိုင်


အစိမ်းရောင် ဟင်းရွက်၊ နေကြာဆီ၊ အခွံမာသီးနဲ့ ဟင်းနုနယ်ရွက် တွေဟာ အသည်း ရောဂါရဲ့ လက္ခဏာ တွေကို လျှော့ချနိုင်တယ်လို့ လေ့လာမှု အသစ်အရ တွေ့ရှိ ထားပါတယ်။
ဗီတာမင် E မြင့်မားစွာ ပါဝင်တဲ့ အစားအစာ တွေကို စားသုံး တာကြောင့် အဝလွန်တဲ့ အတွက် ဖြစ်နိုင်တဲ့ အသည်းရောဂါ ဆိုင်ရာ လက္ခဏာ တွေကို လျှော့ချ နိုင်တယ်လို့ သိပ္ပံပညာရှင် တွေက ယုံကြည် ကြပါတယ်။ အဝလွန်တာကြောင့် အသည်း အဆီဖုံး ရောဂါ ဖြစ်ပေါ်တတ်ပါ တယ်။ အသည်းမှာ အဆီတွေစုကာ အတာကြောင့် မဟုတ်တဲ့ အသည်း အဆီဖုံး ရောဂါဖြစ်ပြီး ဆိုးရွားတဲ့ ရောဂါဖြစ်ကာ Cirrhosis ခေါ်တဲ့ အသည်းမှာ အမာရွတ် ဖြစ်ပေါ် ပါတယ်။ အဲဒီ ရောဂါကြောင့် အသည်း အလုပ် မလုပ်နိုင်တာနဲ့ အသည်း ကင်ဆာ ဖြစ်တတ် ပါတယ်။

လေ့လာမှု တွေအရ ဗီတာမင် E ဟာ အဝလွန် တာကြောင့် ဖြစ်တဲ့ အသည်း အဆီဖုံး ရောဂါ ဝေဒနာတွေကို သက်သာ စေနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဗီတာမင် E မှာ ဓာတ်တိုး ဆန့်ကျင်တဲ့ ဂုဏ်သတ္တိ ရှိတာကြောင့် နှလုံးရောဂါ၊ ကင်ဆာနဲ့ အယ်လ်ဇိုင်းမား ရောဂါအပါ အဝင် ရောဂါမျိုးစုံကို ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။ အသက်ကြီး သူတစ် ယောက်အတွက် ဗီတာမင် E နေ့စဉ် လိုအပ်ချက် ပမာဏဟာ လေးမီလီဂရမ် ဖြစ်ပါတယ်။ ပဲပိစပ်၊ ပြောင်းဖူးနဲ့ သံလွင်ဆီမှာ ဗီတာမင်တွေ အမြင်မားဆုံး ပါဝင်ပါတယ်။ အခွံမာသီးနဲ့ အစေ့အဆန်တွေ မှာလည်း ဗီတာမင် E အမြောက်အမြား ပါဝင်ပါတယ်။ အားဖြည့်ထားတဲ့ ကွေကာနဲ့ အစိမ်းရောင် ဟင်းရွက်မှာလည်း ဗီတာ မင် E များစွာ ပါဝင်တယ်လို့ သိရပါတယ်။

ဒေါက်တာခင်မိုးမိုး
 မြဝတီ

ဟင်းနုနွယ်ရွက်၏ ကျန်းမာရေး အာနိသင် ၁၀ မျိုး


ဟင်းနုနွယ်ရွက်ကို အလွယ်တကူ ဝယ်လို့ရသလို ဈေးလည်း သက်သာတာကြောင့် လူတိုင်းလိုလို စားနိုင် ကြပါတယ်။

လူတွေ အများအားဖြင့် စားလေ့ရှိကြတဲ့ ဟင်းနုနွယ်ရွက်မှာ ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးတွေ ပါဝင်တယ် ဆိုတာကို ရေးသား လိုက်ရပါတယ်။

(၁) အစာကြေစေခြင်း

ဟင်းနုနွယ်ရွက် တစ်ခွက်စာ ပမာဏမှာ တစ်နေ့တာ စားသုံးသင့်တဲ့ အမျှင်ဓာတ် ပမာဏ ၂၀ ရာခိုင်နှုန်း နီးပါး ပါဝင်ပါတယ်။ ဒါကြောင့် အစာကြေစေပြီး ဝမ်းချုပ်တာကို ကာကွယ် ပေးပါတယ်။ ဒါ့အပြင် သွေးတွင်း သကြားဓာတ်ကို လျော့ကျစေပြီး အစာကို အလွန်အကျွံ မစားမိ စေပါဘူး။

(၂) ကင်ဆာကို ကာကွယ်ခြင်း

ဟင်းနုနွယ်ရွက်မှာ များစွာ ပါဝင်တဲ့ ဖလေဗိုးနွိုက် တွေဟာ ကင်ဆာရောဂါကို ကာကွယ် ပေးနိုင်တာကြောင့် အစာအိမ်နဲ့ အရေပြား ကင်ဆာဆဲလ်တွေ ပွားများမှုကို နှေးကွေး စေပါတယ်။ ဒါ့အပြင် ဟင်းနုနွယ်ရွက်ဟာ ဆီးကျိတ်ကင်ဆာ အဆင့်မြင့်တက်မှု မဖြစ်အောင် သိသိသာသာ ကာကွယ် ပေးနိုင်စွမ်း ရှိပါတယ်။

(၃) ရောင်ရမ်းမှု လျော့ကျစေခြင်း

ဟင်းနုနွယ်ရွက်မှာ ပါတဲ့ Neoxanthin နဲ့ Violaxanthin တွေက ရောင်ရမ်းမှု လျော့ကျစေတဲ့ ဓာတ်တွေဖြစ်ကြပြီး ကိုယ်တွင်း ရောင်ရမ်းမှုကို သိသိသာ လျော့ကျ စေပါတယ်။

(၄) အင်တီ အောက်ဆီးဒင့် အစွမ်း ပေးနိုင်ခြင်း

ဟင်းနုနွယ်ရွက်မှာ ပါတဲ့ ဗီတာမင်စီ၊ ဗီတာမင်အီး၊ ဘီတာကယ်ရိုတင်း၊ မဂ္ဂနိစ်၊ ဇင့် (သွပ်) နဲ့ ဆီလီနီယမ်တို့ဟာ အစွမ်းထက် အင်တီ အောက်ဆီးဒင့်တွေ ဖြစ်ကြပြီး အရိုးပါး ရောဂါ၊ သွေးကြောကျဉ်း ရောဂါနဲ့ သွေးတိုးတာ တို့ကို သက်သာ စေပါတယ်။

(၅) သွေးတိုးကျစေခြင်း

ဟင်းနုနွယ်ရွက် ထဲက ပပ်တိုက်တွေဟာ angiotensin I-converting enzyme ကို တားဆီး ပေးတာကြောင့် သွေးတိုးကို လျော့ကျစေပါတယ်။

(၆) အမြင်အာရုံ ကောင်းစေခြင်း

ဟင်းနုနွယ်ရွက် ထဲမှာ လူတင်နဲ့ ဇီဇန်သင်းဆိုတဲ့ အင်တီအောက်ဆီး နှစ်မျိုးစလုံး များစွာ ပါဝင် နေတာကြောင့် အတွင်းတိမ်ရောဂါနဲ့ အသက်ကြီးချိန်မှာဖြစ်တဲ့ မက်ကူလာ ယိုယွင်း ပျက်စီးမှုတို့ မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။

(၇) ကိုယ်ခံစွမ်းအား ကောင်းစေခြင်း

ဟင်းနုနွယ်ရွက် တစ်ခွက်စာ ပမာဏမှာ တစ်နေ့တာ မှီဝဲသင့်တဲ့ ဗီတာမင်အေ ၃၃၇ ရာခိုင်နှုန်းကျော် ပါဝင်တာကြောင့် လူ့ခန္ဓာကိုယ်ရဲ့ အဝင်ဝနေရာတွေဖြစ်တဲ့ အမြှေးပါး၊ အသက်ရှူ လမ်းကြောင်းစနစ်၊ ဆီးလမ်းကြောင်းနဲ့ အူလမ်းကြောင်း စနစ်တို့ကို အားကောင်း သန်စွမ်းစေပါတယ်။ ဒါ့အပြင် သွေးဖြူဥတွေမှာလည်း အဓိက ပါဝင်တာကြောင့် ကူးစက်ပိုးတွေကို တွန်းလှန် ပေးနိုင်ပါတယ်။

(၈) အရေပြား ကျန်းမာစေခြင်း

ဟင်းနုနွယ်ရွက်မှာ ပါတဲ့ ဗီတာမင်အေဟာ အရေပြားမှာ အစိုဓာတ်ကို ထိန်းပေးတာကြောင့် ဆိုးရီးယေးစစ် ရောဂါ၊ ဝက်ခြံနဲ့ အရေးကြောင်း ဖြစ်တာတွေကို တွန်းလှန်ပေးကာ အရေပြားကို ကျန်းမာ စေပါတယ်။

(၉) အရိုးသိပ်သည်းဆ ကောင်းစေခြင်း

ပြုတ်ထားတဲ့ ဟင်းနုနွယ် တစ်ခွက်စာ ပမာဏမှာ ဗီတာမင်ကေ တစ်နေ့တာ လိုအပ်တဲ့ ပမာဏ ၁၀၀၀ ရာခိုင်နှုန်းကျော် ပါဝင်တာကြောင့် အရိုးတည်ဆောက်မှု အားကောင်း စေပါတယ်။

(၁၀) ဦးနှောက်နှင့် နာ့ဗ်ကြောစနစ် လုပ်ငန်းဆောင်တာကို ကောင်းစေခြင်း

ဟင်းနုနွယ်ရွက်မှာ များစွာပါဝင်တဲ့ ဗီတာမင်ကေဟာ နာ့ဗ်ကြော တစ်ဝိုက်က အဆီပြင် (Sphingolipids) တည်ဆောက်မှု အတွက် မရှိမဖြစ် အစိတ်အပိုင်းဖြစ်တာကြောင့် နာ့ဗ်ကြော စနစ်နဲ့ ဦးနှောက် လုပ်ငန်းဆောင်တာ တွေကို ကျန်းမာစေပါတယ်။

ကြယ်စင်
Ref: Good Health
မြဝတီ

လိမ္မော်သီး ဆန်းကစ် ဖျော်ရည် မှန်မှန် သောက်တဲ့ အကျိုး


လိမ္မော်သီး သို့မဟုတ် ဆန်းကစ်သီး လတ်လတ် ဆတ်ဆတ်ကို ဖျော်ရည် မှန်မှန် လုပ်သောက် ပါက

သင်ရဲ့ ရင်သား တစ်ဝိုက် အဆီတွေ ကျသွားစေခြင်း၊ ဗိုက်ကြီး ပူနေလို့ ဘယ်နေ့ မွေးမှာလဲ
အမေးခံရခြင်း (အမှန်တော့ ကိုယ်ဝန် မဟုတ်ဘဲ) မရှိစေ တော့ပါ။ ထို့အပြင် ခုခံ အားစနစ်ကို တိုးစေတဲ့ အတွက် နှာစေးလို့၊ အအေးမိလို့ ဖျားပြီး ဆေးခန်း သွားရတဲ့ စရိတ်တွေ မကုန်တော့ခြင်း စတဲ့ အကျိုး ကျေးဇူးတွေ ရနိုင် ပါတယ်။ ထို့အပြင် နို့နှင့် နို့ထွက် ပစ္စည်းများ နှင့်ပါတွဲပြီး မှန်မှန် သောက်ပေးမယ် ဆိုပါက အရိုးပါး ရောဂါ မဖြစ်အောင် ကာကွယ်နိုင် ပါတယ်။

Good Health

မြဝတီ

ဂျုံ၏ ကျန်းမာရေး အကျိုးကျေးဇူးများ


 
ဂျုံ၏ ကျန်းမာရေး အကျိုးကျေးဇူးများ အခွံချွတ် မထားတဲ့ ဂျုံနဲ့ လုပ်ထားတဲ့ ပေါင်မုန့်၊ ခေါက်ဆွဲ၊ ဘီစကွတ် မုန့်နဲ့ ကွတ်ကီးမုန့် တွေမှာ ဗီတာမင် B1၊ B2၊ B3၊ ဗီတာမင်အီး၊ ဖောလစ်အက်စစ်၊ ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ်၊ ဇင့်၊ ကြေးနီ၊ သံဓာတ်နဲ့ အမျှင်ဓာတ်တို့ ပါဝင်ပါတယ်။ အခွံချွတ်ထားတဲ့ ဂျုံနဲ့လုပ်ထားတဲ့ အစားအစာတွေမှာတော့ ဒီအာဟာရဓာတ်တွေရဲ့ တစ်ဝက်ကျော်က ဆုံးရှုံးသွားတာကို တွေ့ရပါတယ်။ ဒါကြောင့် သင့်ကျန်းမာရေးအတွက် (၁၀၀ ရာခိုင်နှုန်း အခွံချွတ်မထားတဲ့) ဂျုံစေ့နဲ့လုပ်ထားတဲ့ အစားအစာမျိုးကို စားပေးသင့်ပါတယ်။
ဂျုံစေ့ကဲ့သို့ ကောက်နှံတစ်ခုလုံးစာ စားသော အမျိုးသမီးများ ကိုယ်အလေးချိန်တက်နှုန်း နည်းပါး

အမေရိကန် အာဟာရဆေးပညာ ဂျာနယ်ရဲ့ လေ့လာမှုအရ အခွံချွတ်ထားတဲ့ ကောက်နှံစာထက် ကောက်နှံတစ်ခုလုံးနဲ့ လုပ်ထားတဲ့အစာကို စားတဲ့သူတွေက ကျန်းမာရေးကောင်းတဲ့ ကိုယ်အလေးချိန်ကို ထိန်းထားနိုင်တယ်လို့ တွေ့ရပါတယ်။ အကြောင်းကတော့ အမျှင်ဓာတ်ပါဝင်မှု ပိုများလို့ပါ။

Metabolic Syndrome ရောဂါစု ဖြစ်နိုင်ခြေ လျော့နည်း

အရင်တုန်းက ကိုယ်ခန္ဓာသွယ်လျချင်ရင် အဆီမစားနဲ့လို့ ဆိုခဲ့ကြပါတယ်။ တကယ်တော့ အဆီက အမျိုးမျိုးရှိပါတယ်။ ပြည့်ဝဆီနဲ့ ထရန့်စ်ဖက်စ်တွေ က နှလုံးသွေးကြော ရောဂါတွေကို ဖြစ်စေနိုင်ပြီး အိုမီဂါ ၃ ဖက်တီးအက်စစ် အဆီ ကတော့ နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ အလားတူ အခွံချွတ်ထားတဲ့ဂျုံနဲ့ လုပ်တဲ့ အစားအသောက်တွေကို များများစားရင် ကိုယ်အလေးချိန် မြင့်တက်စေနိုင်ရုံသာမက အင်ဆူလင် ခုခံအားများကာ Metabolic Syndrome ရောဂါစု (ဥပမာ- နှလုံးသွေးကြောရောဂါနဲ့ ဆီးချိုရောဂါ) တို့ကို ဖြစ်စေနိုင်ပါတယ်။ Metabolic Syndrome ဆိုတာ ခါးမှာအဆီများတာ၊ သွေးတိုးတာ၊ သွေးတွင်းအဆီဓာတ် များတာ စတဲ့လက္ခဏာစုကို ဆိုလိုပါတယ်။ အခွံချွတ်မထားတဲ့ဂျုံနဲ့ လုပ်ထားတဲ့ အစားအစာတွေကို စားပေးရင်တော့ အင်ဆူလင်ခုခံအား များတာနဲ့ Metabolic Syndrome ဖြစ်တာကို သိသိသာသာ လျော့ကျစေပါတယ်။

အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို သိသိသာသာ လျော့ကျစေ

အခွံချွတ်မထားတဲ့ ဂျုံနဲ့လုပ်ထားတဲ့ အစားအစာတွေမှာ မဂ္ဂနီဆီယမ်များစွာ ပါဝင်ပြီး ခန္ဓာကိုယ်ရဲ့ ဂလူးကို့စ် အသုံးပြုမှုနဲ့ အင်ဆူလင်ထွက်ရှိမှု အတွက်ပါဝင်တဲ့ အင်ဇိုင်းတွေနဲ့ တွဲဖက် လုပ်ဆောင်ပါတယ်။ ဒါကြောင့် အခွံချွတ်မထားတဲ့ ဂျုံနဲ့လုပ်ထားတဲ့ အစာကို ပုံမှန်စားတာဟာ အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်နှုန်းကို လျော့ကျစေတယ်လို့ လတ်တလော လေ့လာမှုတစ်ခုက ဆိုပါတယ်။

သည်းခြေကျောက်တည်မှု မဖြစ်အောင် ကာကွယ်နိုင်

ဂျုံနဲ့ လုပ်ထားတဲ့ အညိုရောင်ပေါင်မုန့်ကို စားရင် မပျော်ဝင်တဲ့ အမျှင်ဓာတ် မြင့်မားစွာပါဝင်တာကြောင့် သည်းခြေကျောက်တည်မှု မဖြစ်အောင် ကာကွယ်နိုင်တယ်လို့ အမေရိကန် အစာအိမ် အူလမ်းကြောင်း ဂျာနယ်မှာ လေ့လာ ဖော်ပြထားပါတယ်။ အမျိုးသမီး ၆၉၀၀၀ ကို ၁၆ နှစ်ကြာ လေ့လာမှုအရ အမျှင်ဓာတ် အများဆုံးစားတဲ့ အမျိုးသမီးတွေဟာ အမျှင်ဓာတ် အနည်းဆုံး စားသူတွေထက် သည်းခြေကျောက်တည်နိုင်ခြေ ၁၃ ရာခိုင်နှုန်း လျော့ကျမှုရှိကြောင်း သိရပါတယ်။ မပျော်ဝင်တဲ့ အမျှင်ဓာတ်ဟာ အူထဲကို အစာ မြန်မြန်ရွေ့လျားမှု ဖြစ်စေရုံသာမက သည်းခြေအက်စစ် စွန့်ထုတ်မှုကို လျော့ကျစေတာ၊ အင်ဆူလင် Sensitivity တိုးစေတာနဲ့ သွေးတွင်းမကောင်းတဲ့ အဆီ လျော့ကျစေတာ စတဲ့အာနိသင်တို့ကို ရရှိစေပါတယ်။

ဝမ်းမှန်မှန်သွားစေနိုင်

ဂျုံနဲ့လုပ်ထားတဲ့ အစာလို အမျှင်ဓာတ်များတဲ့ အစာတွေဟာ အူရောင်ရမ်းတဲ့ရောဂါ (ဗိုက်နာတာ၊ ပျို့ချင်အန်ချင်တာ၊ လေပွတာ၊ ဝမ်းချုပ်တာ) ခံစားနေရသူတို့ကို ၈၉ ရာခိုင်နှုန်း သက်သာစေတယ်လို့ လေ့လာမှုအရ သိရပါတယ်။ အခွံချွတ်မထားတဲ့ဂျုံနဲ့ လုပ်ထားတဲ့ အစာတွေဟာ ဝမ်းချုပ်မှုကင်းဝေးပြီး ဝမ်းမှန်မှန် သွားစေနိုင်ပါတယ်။

နှလုံးရောဂါ မဖြစ်အောင် ကာကွယ်နိုင်

အခွံချွတ်မထားတဲ့ ဂျုံနဲ့လုပ်ထားတဲ့ အစာမှာ အပင်ထွက် လစ်ဂနင်ဆိုတဲ့ ဖိုင်တိုနျူးထရီးရန့်တစ်မျိုး ပါဝင်ပြီး အူထဲမှာ အကျိုးပြု လစ်ဂနင် အဖြစ် ပြောင်းလဲကာ ရင်သားနဲ့တခြားဟော်မုန်းနဲ့ ဆက်စပ်နေတဲ့ ကင်ဆာတွေမဖြစ်အောင်နဲ့ နှလုံးရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

သွေးဆုံးပြီး အမျိုးသမီး များတွင် နှလုံးသွေးကြော ကျန်းမာရေး ကောင်းမွန်စေနိုင်

အခွံချွတ်မထားတဲ့ ကောက်နှံစာ တစ်ခွက်ကို တစ်ပတ်မှာ ခြောက်ကြိမ်စားတာက သွေးဆုံးပြီး အမျိုးသမီးတွေမှာ နှလုံးသွေးကြောဆိုင်ရာ ရောဂါလက္ခဏာ သိသိသာသာ လျော့ကျမှုရှိတာကို တွေ့ရပါတယ်။ နှလုံးသွေးကြော ဆိုင်ရာ ရောဂါရှိသူ သွေးဆုံးပြီး အမျိုးသမီး ၂၂၉ ဦးကို သုံးနှစ်ကြာ လေ့လာခဲ့ရာ ဂျုံနဲ့လုပ်တဲ့အစာကို အနည်းဆုံး တစ်ပတ်ခြောက်ကြိမ် စားတာကြောင့် သွေးကြောကျဉ်းစေပြီး သွေးစီးဆင်းမှုကို ထိခိုက်စေတဲ့ သွေးခဲဖတ်ဖြစ်ပေါ်မှု နှေးစေတာ၊ သွေးကြော ကျဉ်းမှု နှေးတာတို့ ဖြစ်တာ ကို တွေ့ရပါတယ်။

By

ကင်စာ အတွက် အထောက်အကူ သင်္ဘောရွက်


 
ကင်ဆာရောဂါနှင့် အစွမ်းထက် သင်္ဘောရွက် အချို့သည်လည်း သိပြီးသား၊ ဖတ်ပြီးသားများ ဖြစ်ကောင်း ဖြစ်ကြ ပါလိမ့်မည်။

ကိုယ်ကိုယ်တိုင် မခံစား ရသော်လည်း ခံစား နေရသော မိမိ ပတ်ဝန်းကျင်ကို မျှေ၀ ပေးခြင်းဖြင့် ကုသိုလ် ယူကြပါစို့...
ဤဆောင်းပါး သည်လည်း ဟိုမှနည်းနည်း ဒီမှနည်းနည်း စုစည်း ထားခြင်းသာ ဖြစ်ပါသည်။ ငွေကုန် ကြေးကျ အလွန်များပြီး ဝမ်းနည်းစရာ အတိပြီး နေသော ကင်ဆာ ရောဂါ ဝေဒနာရှင်များ အတွက် အတိုင်းအတာ တစ်ခုအထိ အကျိုးပြုနိုင် လိမ့်မည်ဟု ထင်မြင်ကာ ပြန်လည် ရေးသား ကုသိုလ်ပြု တင်ပြ အပ်ပါသည်။

သင်္ဘောသီးသည် မြန်မာ လူမျိုးများ အတွက် လွန်စွာ ရင်းနှီးသော အစားအစာ တစ်မျိုး ဖြစ်သည်။ သို့ရာတွင် သင်္ဘောရွက်၏ အစွမ်းကိုမူ လူသိ နည်းလှသည်။ အမှန် တကယ်တွင်တော့ သင်္ဘောရွက်သည် သဘာ၀ ဆေးစွမ်း ထက်လှသော အရွက် တစ်မျိုးပင် ဖြစ်လေသည်။

အမေရိကန်၌ သုသေသန လုပ်ရာတွင် သိပ္ပံဆိုင်ရာ အထောက်အထား များစွာ ရရှိခဲ့သည်။ ယခုအခါ ဖလော်ရီဒါ တက္ကသိုလ်မှ သုတေသန ပညာရှင်နမ်ဒန်း (Dr. Nam Dang) နှင့် ဂျပန်မှ သူ၏ လုပ်ဖော် ကိုင်ဖက်များက သင်္ဘောရွက်သည် မိန်းမ ကိုယ်ကင်ဆာ၊ ရင်သား ကင်ဆာ၊ အသည်းကင်ဆာ၊ အဆုတ်ကင်ဆာနှင့် ပန်ကရိယ ကင်ဆာဆဲလ် များကို သတ်နိုင်ကြောင်း Ethnopharmacology ဂျာနယ်တွင် ဖော်ပြခဲ့သည်။ သူတို့အဖွဲ့သည် သင်္ဘောရွက် ခြောက်များကို အသုံးပြု၍ သုတေသန ပြုလုပ်ခဲ့ရာတွင် သင်္ဘော ရွက်ခြောက်ကို လက်ဖက်ရည် ကဲ့သို့ အသုံးပြုခြင်းဖြင့် ကင်ဆာဆဲလ် များကို သေစေ နိုင်ကြောင်း တွေ့ရှိခဲ့ကြသည်။ သင်္ဘောရွက်မှ စုပ်ယူထားသော အရာများသည် ကိုယ်ခံအား စနစ်ကို ထိန်းညှိရာတွင် အကူအညီပေးသည့် Th1-type cytokins များ ထုတ်လုပ်ခြင်းကို မြှင့် တင် ပေးနိုင်ကြောင်း တွေ့ရှိခဲ့သည်။ ထို့ကြောင့် ကင်ဆာ ဆဲလ်များကို တိုက်ဖျက်ရာ၌ ကိုယ်ခံအား စနစ်ကို အသုံးပြုသည့် ကုသချက်တွင် သင်္ဘောရွက် များကို အသုံးပြု လာနိုင်တော့ မည်ဟု ဆို၏။ ကမ္ဘာ့နေရာ အနှံ့အပြားတွင် သင်္ဘောရွက်ကို ဆေးဖက်ဝင်သော အရာတစ်ခု အဖြစ် အသုံးပြု နေကြပြီး အထူးသဖြင့် အာရှတိုက်တွင် အသုံး များသည်ဟု ဆို၏။ သင်္ဘောရွက်မှ ထုတ်ယူထားသော အရာများသည် ပုံမှန်ဆဲလ်များ အပေါ် ဘေးဥပါဒ် ဖြစ်စေမှု လုံးဝ မရှိသောကြောင့် လက်ရှိ အသုံးပြုနေသော ကင်ဆာ ဆေးဝါးများစွာ တို့တွင် ဖြစ်လေ့ရှိသည့် ဘေးထွက် ဆိုးကျိုး များစွာတို့ကို ရှောင်ရှား နိုင်လိမ့်မည် ဟုဆို၏။ သုတေသန ပညာရှင် များသည် ကင်ဆာဆဲလ် ၁၀ မျိုးကို မွေးမြူပြီး သင်္ဘောရွက်မှ ထုတ်ယူထားသော အရာများနှင့် ၂၄ နာရီကြာ ထိတွေ့ စေခဲ့သည်။ ကင်ဆာဆဲလ် ၁၀ မျိုးစလုံးတွင် သင်္ဘောရွက်ကြောင့် ကြီးထွားမှု အလွန် နှေးကွေး သွားကြောင်း တွေ့ရှိ ခဲ့ရသည်။ ဒေါက်တာဒန်းနှင့် အဖွဲ့သည် သင်္ဘောရွက်မှ နေ၍ ဓာတ်ပစ္စည်းများ ထုတ်ယူခြင်း လုပ်ငန်းစဉ် အတွက် တိုကျို တက္ကသိုလ် မှတစ်ဆင့် မူပိုင်ခွင့် လျှောက်ထားခဲ့ပြီး ဖြစ်ကြောင်းလည်း သိရသည်။

သင်္ဘောရိုး တံတွင် Acetogenin ဓာတုပစ္စည်း ပါဝင်ရာ ၎င်းသည် ဆဲလ်အတွင်းရှိ ATP ထုတ်လုပ်မူ များကို မျှတ စေပါသည်။ ကင်ဆာဆဲလ် များဖြင့် သွေးကြော များရှင်သန်မှုကို Acetogenin က ဖျက်ဆီး ပြစ်ပါသည်။ သင်္ဘောရွက် သတ္တုရည်တွင် Acetogenin အပါအဝင် ဓာတုပစ္စည်း ၁၀၀ ပါဝင်သည်။ ၎င်းတို့သည် ခန္ဓာကိုယ် ဆဲလ်များကို ဓာတ်ကျဆင်းမှုတွင် ပံ့ပိုး ကူညီပါသည်။ ၁၉၇၆-ခု၊ ဒေါက်တာ မက်လလင်း (ပါကျူး တက္ကသိုလ် ပါမောက္ခ) သည် အမျိုးသား ကင်ဆာသိပ္ပံမှ မေတ္တာ ရပ်ခံချက်ကြောင့် ထိုဆေးပင်၏ ကင်ဆာ ထိရောက်မှုကို စမ်းသပ် ခဲ့သည်။ အပင် ၃၅၀၀ စမ်းသပ်ခဲ့ပြီး အစွမ်းထက် ပစ္စည်း ၅၀-တွေ့ရှိ ခဲ့သည်။ ၎င်းအနက် Acetogenin သည် အလွန် အစွမ်းထက်ပြီး သန်ကောင်များ ၊ ဗိုင်းရပ်စ်များ၊ မှိုများနှင့် ကင်ဆာဆဲလ် တို့ကို တိုက်ဖျက် ပါသည်။ ထ့ိုပြင် လူနာအား ဆေးကြောင့် ဒုက္ခ မဖြစ် စေခဲ့ပါ။

တုပ်ကွေးရောဂါနှင့် ပတ်သက်၍ အမေရိကန် ကျောင်းသား တစ်ဦးမှ သိရှိရသည်မှာ ၎င်း၏ သွေးသွင်းမူသည် ၁၅-လီတာရှိပြီး အင်အား ချည့်နဲ့ နေပါသည်။ ဖခင်ဖြစ်သူသည် စိတ်ပူပြီး ဆေးမြီးတိုကို လိုက်ရှာရာ သင်္ဘောရွက် အရည်ကို သာလျှင် မှီဝဲကြောင်း၊ ၎င်းသွေးသွင်းမူကို ၂၀ လီတာတွင် သွေးဥငယ် အရေတွက် ၄၅.၅ ရှိကြောင်း၊ သို့သော် သင်္ဘောရွက် ဆေးကို မှီဝဲ ပြီးနောက် သွေးအဆင့် ၁၃၅-အထိ မြင့်တက်သွား ကြောင်း ၊ ဆရာဝန်တို့ တောင်မှ အံ့အား သင့်ပြီး ကလေးကို ဆေးရုံမှ ဆင်းစေသည်။ ထိုသတင်းသည် တစ်မြို့လုံး ပျံ့နှံံ့ သွားပါသည်။ ၎င်းတို့၏ ဆေးမြီးတို အရ သင်္ဘောရွက် နှစ်ရွက်ကို ဆေးကြော ထုထောင်း စစ်ချရမည်။ ထိုအခါ အရွက်တစ်ရွက်လျှင် စားပွဲဇွန်း ၁-ရမည်။ တစ်နေ့လျှင် ၂-ဇွန်းမှီဝဲပါ။ ပြုတ်ခြင်း၊ အပူပေးခြင်း မပြုလုပ်ပါနှင့်။ ဆေးအာနိသင်ပြယ်တတ်သည်။ အရွက်ဖွားဖွားကို ရွေးပါ။ အလွန် ခါးသဖြင့် နှာခေါင်းပိတ်ပြီး မျိုရမည်။

(ဆေးမြီးတို) သင်္ဘောရွက် အလတ်စား တို့ကို ဆေးကြောပြီး ဂေါ်ဖီကဲ့သို့ တောက်တောက် စဉ်းကာ ဒယ်အိုးထဲတွင် ရေနှစ် လီတာဖြင့် ပြုတ်ပါ။ အဖုံး ဖွင့်ပါ။ ၄-ခွက် ၂-ခွက်တင် ပြုတ်ပါ။ ထို့နောက်စစ်ပြီး ဖန်ပုလင်းထဲတွင် ထည့်ထားပါ။ ရေခဲ သေတ္တာထဲတွင် ထည့်လျှင် ၃-၄-ရက် ခံမည်။ အကယ်၍ နောက်ကျသွားပါက စွန့်ပစ်လိုက်ပါ။ စားပွဲဇွန်း သုံးဇွန်း(သို့) ၅၀ မီလီမီတာကို ၁ရက် သုးံကြိမ် တိုက်ပါ။ ဤသင်္ဘောရွက် ကုထုံး ဇာတ်လမ်းသည် အခြား ဆေးဖက်ဝင် ကုထုံးများထက် ပိုမို ဆန်းပြားသည်။ ၎င်းအရွက်ကို သီးဖျော်စက်ထဲ ထည့်မွေကာ သောက်ခြင်း သည်လည်း လွယ်ကူလျှင် မြန်သော ပြီးထိ ရောက်သော ဆေးမြီးတို တစ်ရပ် ဖြစ်ပါကြောင်း...... သတင်းကောင်း ပါးအပ်ပါသည်။

လူသား အားလုံး ကင်ဆာ ရောဂါဆိုးကြီး ဖြစ်ခြင်းမှ ကင်းဝေး ကြပါစေ...။

Kyaw Nyein Thant

မြဝတီ

အကြောတက် ခြင်းနှင့် ကန်စွန်းရွက်

 
မကြာခဏ ဇက်ကြောတက်ကြသူများ၊ ဇက်တောင့်တင်းခြင်း၊ ကိုယ်ငွေ့နွေးနွေးနှင့် ဖျားချင် သကဲ့သို့ ဖြစ်ပြီး ကိုယ်လက်များ လေးလံခြင်း၊ ချွေးငုပ် ခြင်းများ ခံစားရပါက

သိန္ဓောဆား အနည်းငယ်မျှကို ကန်စွန်းရွက် ကြိတ်ညှစ်ရည် စပ်ပေးပါ။
ထိုဆေးရည်ကို လူကြီး ဆေးတစ်ခွက်စာ အတွက် ဟင်းစာ စတီးဇွန်းနှင့် တစ်ခွန်းကို နံနက် တစ်ကြိမ်၊ နေ့လယ် တစ်ကြိမ်၊ ညတစ်ကြိမ် တစ်နေ့ သုံးကြိမ် တိုက်ကျွေးပေးပါ။ အဆိုပါ လက္ခာဏာများ အတွက် ဤဆေးရည် တစ်စက်ကို သန့်ရှင်းသော ရေဆယ်စက်နှင့် ရောစပ်၍ မျက်စဉ်း ဆေးရည် အဖြစ် ခပ်ပေး နိုင်ပါသည်။

ဟင်းလျာတစ်ခွက် ကျန်းမာရေးအတွက်

လတ်ဆက်သည့် ကန်စွန်းရိုးနီ၊ ရွက်ကျ ပန်းလိန်ရွက်ကို ရေးနွေးနှင့် ဖျောပါ။ ထို့နောက် ပါးပါးလှီး ဖြတ်တောက်၍ ငါးကျည်းခြောက်၊ ငရုတ်၊ ကြက်သွန်နီ၊ ဆီ၊ ဆား ထည့်၍ သံပရာရည် ဆမ်းကာ အသုပ်အဖြစ် စားသုံးပေးခြင်းဖြင့် အူလမ်းကြောင်းတွင် ဖြစ်ပေါ် နိုင်သော ဝမ်းကိုက် ရောဂါ၊ သွေးဝမ်း ကိုက်ရောဂါ၊ အမျိုးသမီးတို့တွင် ဖြစ်ပေါ်တတ်သော မီးယပ် သွေးပုပ် ကျန်သော ရောဂါ၊ မီးယပ် သွေးမမှန်သော ရောဂါ၊ သားအိမ်လျှောကျသော ရောဂါ၊ သားမြတ်နာ (နို့အုံနာ)၊ နို့ထွက်နည်းခြင်း၊ ဇက်ကြောထိုးခြင်း၊ ဇက်ကြောတက်ခြင်း၊ ချောင်းဆိုးခြင်း၊ အသားအရေနှင့် ပတ်သက်သော အရေပြား ရောဂါများ၊ အသံဝင် အသံပျက် ရောဂါအပြင် ဆီးအိမ်နှင့် ပတ်သက်သော ရောဂါတို့တွင် ကုသရာ၌ အသုံးဝင် စေပါသည်။

ကျန်းမာရေး

မကြာခဏ ကန်စွန်းရွက်ကို စားသုံး ပေးခြင်းဖြင့် ကျန်းမာမှုကို မြှင့်တင် ပေးနိုင်ပြီး ခွန်အား ဗလရှိခြင်း၊ ဝမ်းတွင်း ရောဂါကို သန့်စင်ပေးခြင်း၊ အပူဒဏ်၊ အအေးဒဏ်ကို ခံနိုင်ရည် ရှိ စေခြင်း၊ ရောဂါ တစ်စုံတစ်ရာ လွယ်ကူစွာ ဝင်ရောက်မှုကို တားဆီး ကာကွယ် စေနိုင်ပါသည်။ ထိုကဲ့သို့ အသုံးဝင်သော ကန်စွန်းရွက်နှင့် တိုင်းရင်းဆေး ခေါင်းစဉ်ဖြင့် စာဖတ် ပရိသတ်များ ထံသို့ ရေးသား တင်ပြ လိုက်ရပါသည်။

Ref: Health Digest
မြဝတီ

ကြက်သွန်နီသည် ချောင်းဆိုးခြင်းကို သက်သာ စေနိုင်




အလွန် ရိုးရှင်းတဲ့ ချောင်းဆိုးပျောက် ဆေးတစ်ခု ဖော်စပ် နည်းက ဒီလိုပါ။

လက်ဖက် ခြောက်ရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် ပျားရည် လက်ဖက် ရည်ဇွန်း ၁ ဇွန်း ရောပြီး ကြိုက်သလောက် လက်ဖက် ရည်ဇွန်းနှင့် ခပ်သောက်ပါ။ ပိုပြီး အစွမ်းထက် စေဖို့ ခြစ်ခုံနှင့် ခြစ်ထားတဲ့ ကြက်သွန်နီ အနည်းငယ် ပေါင်းထည့် ပေးပါ။ ကြက်သွန် နီမှာက ချောင်းဆိုးခြင်း တုံ့ပြန်မှု ဖြစ်စေတဲ့ ဒြပ်ပေါင်းများ ပါဝင် တဲ့အတွက် သလိပ် ထွက်စေ ပါတယ်။
နောက်တစ် နည်းကတော့ အရွယ် အလတ်စား ကြက်သွန်နီ ၆ လုံးကို အခွံခွာပြီး နုတ်နုတ် စဉ်းပါ။ ယင်းကို ပျားရည် ခွက်တစ် ဝက်လောက်နှင့် ရောပြီး ဆူပွက် နေတဲ့ အိုးအပေါ်မှာတင်ထားတဲ့ လက်ကိုင်ပါ ဒယ်အိုး သို့မဟုတ် ရိုးရိုး ဒယ်အိုးထဲ ထည့်လိုက်ပါ။ ယင်းကို အဖုံး အုပ်ပြီး ရေနွေး ငွေ့နှင့် ၂ နာရီကြာ အပူ ပေးပါ။ အရည် ကိုစစ် ယူပြီး အဖုံးပါ ဖန်ဘူး တစ်ခုထဲ ထည့်ထားပါ။ ၂ နာရီ၊ ၃ နာရီခြား တစ်ကြိမ် လက်ဖက် ရည်တစ်ဇွန်း စာသောက် ပေးပါ။

ဦးလှမြင့်(ဂန္ဓာမာ)

မြဝတီ