Tuesday, January 8, 2013

အမျိုးသား အားဆေး

  • ၁။ အမျိုးသားများ ပင်စိမ်းရွက်ဆယ်ရွက်ကို နေ့စဉ်စားပေးပါ။ ကျန်းမာရေးကို လုံးဝမထိခိုက်စေဘဲ ပိုမို၍ သွက်လက်ထက်မြက်စေကြောင်း အိန္ဒိယဆေးသုတေသနမှ ထုတ်နုတ်ဖော်ပြခဲ့၏။
  • ၂ ။ ကြက်သွန်နီစေ့ကို ထောင်းစားက အားတိုးစေ၏။
  • ၃။ ကပ်စေးနဲ(နွားမြီးကပ်)အမြစ်ခေါက်မှုန့်နှင့် သကြားခဲ ဆတူရော၍ နွားနို့နှင့် တစ်နေ့ ၂ကြိမ်သောက်သော် သုတ်ဓာတ်နည်းခြင်း ပျောက်၍ ကာမသတ္တိ တိုးစေ၏။
  • ၄။ ကညွတ်အမြစ်ကိုချက်ပြုတ်စားသောက်၍လည်းကောင်း၊ နွားနို့နှင့်အတူ နို့ထမင်းပြုလုပ်၍ လည်းကောင်း စားပါက အားကိုဖြစ်စေသည်။
  • ၅။ ဗုဒ္ဓသရဏပင် အပွင့်နု အသီးနု ကို ဆိတ်သား နှင့် စွပ်ပြုတ် လုပ်၍ သောက်ပါက ပန်းညှိုးသူများ လျင်မြန်စွာ ပန်းကို လန်းစေသည်။ ဝက်သား ၊ နွားသား တို့နှင့် စွပ်ပြုတ် လုပ် သောက်ပါက ကုန်ဆုံးသွား သော အားကို ပြန်လည် ရစေပြီး ကိုယ် နှုတ် နှလုံး ရွှင်လန်းစေ သည်။
  • ၆။ မင်းကိုကာ အမြစ်ဥ အမှုန့်ကို ရှဉ့်မတက် ဥ ကြိတ်ညှစ်ရည် တွင် စိမ်၍ နေလှန်းခြင်း ၇ ကြိမ် ပြုပြီးနောက် အမှုန့် ထောင်း ကာ ယင်းအမှုန့် ၈ ပဲသား ခန့်ကို ထောပတ်နှင့် နေ့စဉ် သုံးဆောင် က သုက်ဓာတ်ပွား များ၍ ကာမစွမ်းအင် တိုးတက် စေ၏ ။
  • ၇။ မန်ကျည်းသီး မှည့်ကို ထန်းလျက် ၊ ဆားတို့နှင့် ဖျော်ရည်စိမ် ၍ သောက်သော် ကိုယ်တွင်း အေး၏၊ အားကို ဖြစ်စေသည်။
  • ၈။ မြင်းခွာရွက် ကို အရည်ညှစ် ၍ သကြား ၊ ပျားရည်တို့ နှင့် ရောစပ်ပြီး နေ့စဉ် သောက်ခဲ့သော် ခွန်အား တိုးတက် စေ၏ ။
  • ၉။ ရှဉ့်မတက်ဥ ကို ချက်ပြုတ် စားခြင်း၊ နွားနို့ နှင့် နို့ထမင်း ကဲ့သို့ ပြုလုပ် စားခြင်းဖြင့် အားတိုး စေသည်။
  • ၁၀။ ရှဉ့်မတက်ဥ ကို အခြောက် ပြုလုပ်၍ အမှုန့်ကြိတ် ပြီး ပျားရည်၊ ငရုတ်ကောင်း အနည်းငယ် ရော၍ သောက်သုံးပါက ခွန်အား တက်ကြွ စေသည်။
  • ၁၁။ သင်္ဘောမဲဇလီအရွက်မှုန့်ကို ပျားရည်နှင့် တေ၍ လျက်သော် သွေးသား စင်ကြယ်၍ အသား အရေ ဝဖြိုးပြီး အားအင် တိုးစေ၏။
  • ၁၂။ အလိုကျူ ရွက်ခြောက်ကို လက်ဖက်ခြောက် ရော၍ သောက်ပါက ကာမအားကို ဖြစ်စေ၏။ သွေးအန် သွေးကျ ရောဂါနှင့် အညောင်း အညာ အကိုက်အခဲ များကိုလည်း ပျောက်ကင်းစေပြီး နှုတ်ကို မြိန်စေ၏။
  • ၁၃။ ခွေးတောက်ရွက်ကို ဘဲဥနှင့် ကြော်စားပါက ခွန်အားတိုးပွားစေ၏ ။
  • ၁၄။ ခွေးလှေယားစေ့ကို ထောပတ်နှင့် ကြော်ချက်စားသော် လူကို ဝစေ၍ အားကို တိုးစေသည်။
  • ၁၅။ ပေါက်ပင်ဥမှုန့် ကို ပျားရည်နှင့် တေ၍ စားသော် အားအင် ပြည့်ဖြိုး၍ အသက်ရှည် စေသည်။
  • ၁၆။ ရေသကျည်း အရွက်ခြောက်ကို အမှုန့်ပြု၍ ပျားရည် သို့မဟုတ် အရက်ချို များဖြင့် ရောစပ် သောက်သုံးသော် အင်အားကို ပြည့်ဖြိုး စေ၏။

No comments: