Monday, November 12, 2012

ကျန်းမာရေးအတွက် အကျိုးပြုစေသော ဖရဲသီး နှင့် အလှတရားကို ဖန်တီးပေးနိုင်သော ဖရဲသီး


ဖရဲသီးဟာရာသီပေါ်အသီးအနှံဖြစ်ပြီး မြန်မာပြည်သူပြည်သားတွေအများဆုံးစားသုံးကြတဲ့သွားရည်စာတစ်မျိုး
ဖြစ်ပါတယ်။မာတ်တွိန်းကတောင်ဖရဲသီးကိုစားတဲ့သူဟာနတ်သားတွေဘာစားတယ်ဆိုတာသိလာလိမ့်မယ်ဆို
ပြီး ဖရဲသီးဂုဏ်ကိုချီးမြောက်ခဲ့ပါတယ်။ဖရဲသီးဟာနတ်သားတွေစားသုံးတဲ့သစ်သီးဖြစ်ရုံမက
နတ်သမီးလေးဖြစ်အောင်ပါ ဘယ်လိုစားသုံးသင့်တယ်ဆိုတဲ့အကြောင်းဖော်ပြလိုက်ပါတယ်။
မှတ်ဉာဏ်ကောင်းစေတယ်
မြင်းခွာရွတ်မှမှတ်ဉာဏ်ကောင်းတာမဟုတ်ဘူးနော်။ဖရဲသီးဟာလည်းလူကိုမှတ်ဉာဏ်ကောင်းစေတယ်။ဖရဲသီး
အစေ့ကိုအခွံခွာပြီးလေးငါးလုံးလောက်မနက်ဘာမှမစားရသေးခင်စားပေးပါ။ ကျောင်းသူကျောင်းသားတွေစား
သုံးသင့်ပါတယ်။ မှတ်ဉာဏ်ကောင်းစေပါတယ်။ ဖရဲသီးအစေ့မှာပရိုတင်း၊အက်မီနိုအက်ဆစ်၊ဗီတာမင်ဘီ၊သံ
ဓာတ်၊ ဇင့်ဓာတ်နဲ့တခြားဓာတ်တွေပါဝင်ပါတယ်။ ဒါ့အပြင်ညဘက်အိပ်မပျော်ခြင်း၊လွယ်ကူစွာ အိပ်မရခြင်း၊ခဏခဏသတိမေ့လျော့ခြင်းများအတွက်ဖရဲသီးဟာအကောင်းဆုံးမှတ်ဉာဏ်တိုးဆေးပဲဖြစ်ပါ တယ်။
ဝမ်းချုပ်တာကာကွယ်
ဖရဲသီးကို နေ့လည်စာနဲ့ညစာစားပြီးအချိန် စားသုံးပေးရင်ဝမ်းချုပ်ခြင်းမှကာကွယ်ပေးပါတယ်။ ဖျားနေရင်ဖရဲသီးကိုဒီအတိုင်းသော်လည်းကောင်း၊အရည်သော်လည်းကောင်း၊သောက်သုံးပေးပါ။ 
ချောင်းခြောက်ဆိုးနေရင်ဆားခပ်ပြီးသောက်ပေးပါ။
ခေါင်းကိုက်၊ကျောက်ကပ်
ခေါင်းကိုက်နေရင်ဖရဲသီး ဖျော်ရည်ကိုမနက်ပိုင်းဘာမှမစားရသေးခင် သောက်ပေးပါ၊
သကြားတစ်ဇွန်း(လက်ဖက်ရည်ဇွန်း)နဲ့ ခပ်ပြီးသောက်ပေးပါ၊ ဖရဲသီးကို အရည်ပဲဖြစ်ဖြစ်၊ ဒီအတိုင်းပဲဖြစ်ဖြစ်စားသုံးပေးပါကကျောက်ကို သန့်စင်စေပါတယ်၊ ဂျိုးတွေကျစေပါတယ်၊ ကွမ်းစားလို့ကျောက်ကပ်မှာ ထုံးတွေတည်နေတာတွေကျစေပါတယ်။
သွေးတိုးအတွက်
သွေးတိုးသမားတွေအတွက်ဖရဲသီးအစေ့ကိုဖျော်ရည်လုပ်ပြီး သောက်ပေးရပါတယ်။ ဖရဲသီးအစေ့ကိုနေလှန်းပြီးတစ်ရက်ထားပါ၊ ပြီးရင်လက်ဖက်ရည်ဇွန်း (၂)ဇွန်းစာ အစေ့ကိုယူပြီး ရေနွေးနဲ့တစ်နာလောက်ပြုတ်ပေးပါ၊သုံးပုံတစ်ပုံကျန်မှ အရည်နဲ့စစ်ပြီး အဲဒီ့အရည်ကိုမနက်တိုင်း ဘာအစာမှမစားရသေးခင်သောက်သုံးပေးရပါတယ်။
ကျန်တဲ့တဲ့ နေ့ခင်းဘက်အချိန်တွေသောက်ရင်လည်းရပါတယ်။ မနက်ပိုင်း ဘာအစာမှမစားရသေးခင်သောက်တာဟာ
အကောင်းဆုံးအကျိုးသက်ရောက်မှုရှိစေပါတယ်။
ဖရဲသီး Diet လုပ်နည်း
ဖရဲသီးဟာ ဝိတ်ကျစေတဲ့သစ်သီးတစ်မျိုးဖြစ်ပါတယ်။ ဖရဲသီးတစ်ခွက်မှာ ကယ်လိုရီ ၄၆ ရှိပါတယ်။ဖရဲသီးဖျော်ရည်ကိုများများသောက်ပြီး ရေများများသောက်ပေးရင် သိသိသာသာဝိတ်ကျလာစေပါတယ်။ တခြားဘေးထွက်
ဆိုးကျိုးမရှိတဲ့အတွက် စိတ်ချလက်ချစားသုံးနိုင်ပါတယ်။ ဖရီသီးကိုဘယ်လောက်စားသုံးပေးရမလဲဆိုတော့ကိုယ်
ဘယ်လောက်ဝိတ်ကျမြန်မြန်ချချင်တယ်ဆိုတဲ့အပေါ်မှာမှုတည်ပါတယ်။ သာမန်အားဖြင့်တော့ ကယ်လိုရီ ၁၅၀စားသုံးပေးရမှာဖြစ်ပါတယ်။ ဖရီသီးကိုမနက်စာမစားခင်အချိန်၊ နေ့လယ်စာ မစားခင်တစ်ခွက်နဲ့ ညနေစာမစားခင်တစ်ခွက် သောက်ပေးပါ။ သွားရည်စာအဖြစ်လည်း စားသုံးပေးပါ။
ဖရီသီးထဲမှာပါတဲ့သကြားဓာတ်ဟာဘေးဘယာမဖြစ်စေရပါဘူး
ဖရဲသီးနဲ့မျက်နှာပေါင်းတင်မယ်
ဖရဲသီးကိုညှစ်ပြီးအဖတ်ကိုမျက်နှာနဲ့လည်ပင်းနေရာတွေကို လိမ်းပေးပါ။ ၁၅ မိနစ်လောက်ထားပြီး မျက်နှာကိုပြန်ဆေးပေးပါ။ ဒါက ရိုးရိုးနည်းဖြစ်ပါတယ်။ မျက်နှာမှာ နေလောင်ဒဏ်တွေ၊ နေပူထဲခဏခဏသွားရလို့
မျက်နှာမည်းညစ်နေတဲ့သူဆိုရင်တော့ဖရဲသီးနဲ့ သခွားသီးကိုအချိုးကျညှစ်ပြီးအဖတ်နဲ့လိမ်းပေးရမှာဖြစ်ပါတယ်။
မိနစ် ၂၀ လောက်ထားပြီးမှ ရေနဲ့ပြန်ဆေးပေးပါ။ သာမန်အသားအရေအတွက်ဖရဲသီးပေါင်းတင်နည်းဟာ အရေပြားကိုနှုးညံ့ရွန်းစိုလာစေပြီး နေလောင်ဒဏ်အသားအရေများအတွက်မည်းညစ်နေတာတွေပျောက် ကင်းပြီးရှင်းသန့်လာစေပါတယ်။
နွေဦးအစားအစာ
ပူအိုက်တဲ့ရာသီမှာစားသုံးသင့်တဲ့အသီးတစ်မျိုးပါပဲ၊ဘာဖြစ်လို့လဲဆိုတော့ဖရဲသီးမှာရေဓာတ်အများကြီးပါပါတယ်။
၉၂ ရာခိုင်နှန်းပါဝင်ပါတယ်။ ရေကိုဒီအတိုင်းကြီးသောက်တာထက်ဖရဲသီးကိုစားပေးတာဟာ အရသာ
လည်းရှိ၊ ရေငတ်လည်းပြေပါတယ်။ ကိုယ်အတွင်းအဆိပ်ဖြစ်စေမယ့်အရာတွေကိုရှင်းပေးပါတယ်။
သိသင့်သိထိုက်သောအကြောင်းလေးတွေမို့အားလုံးဗဟုသုတရအောင်တင်ပြလိုက်ပါသည်။
ကျန်းမာရွင်လန်းကြပါစေ။
ဖရဲသီး၏အကျိုးကျေးဇူးများ အလှတရားကို ဖန်တီးပေးနိုင်သော ရာသီစာ ဖရဲသီး
ဖရဲသီးဟာ နွေရာသီအတွက် ရာသီစာ သီးနှံတစ်မျိုးပါ။ အရည်ရွှမ်းတဲ့ အသားအနှစ်တွေကြောင့်
ပူအိုက်တဲ့ နွေရာသီမှာ ရင်ကိုအေးမြစေပြီး ရေငတ်ပြေစေပါတယ်။ အမျိုးသားတွေအတွက်
အမျိုးသားရောဂါတွေ ဖြစ်တဲ့ ဆီးကျိတ်ကင်ဆာနဲ့ ပန်းသေပန်းညှိုးတဲ့ရောဂါ တွေကနေ ကာကွယ်ပေးနိုင်ပြီး
အမျိုးသမီးတွေ အတွက်ကတော့ အလှတရားကို ဖန်ဆင်းပေးနိုင်တဲ့ သစ်သီးလို့ ဆိုနိုင်ပါလိမ့်မယ်။
အလှအပစွမ်းအင် ဖရဲသီးဟာအရေပြားကို အစိုဓာတ် ထိန်းသိမ်းပေးနိုင်တဲ့ သဘာဝ Moisturizer ဖြစ်တာကြောင့်အသားအရေ အေးမြပြီး ကြည်လင် လန်းဆန်းစေပါတယ်။ ဖရဲသီးမှာ အမိုင်နိုအက်စစ်ဓာတ် တစ်မျိုးဖြစ်တဲ့Citrulline ပါဝင်တာကြောင့် အရေပြားမှာ ဒဏ်ရာဖြစ်တာကို အမြန်ဆုံးသက်သာစေပြီးဆဲလ်အသစ် ဖြစ်ပေါ်စေတာကြောင့် သင့်အသားအရေကို နုပျိုစေပါတယ်။ ဖရဲသီးမှာပါဝင်တဲ့ ဘီတာကယ်ရိုတင်းကနေရောင်ခြည်ကြောင့် အသားအရေပျက်စီးတာကို ကာကွယ်ပေးနိုင်တာကြောင့်နွေရာသီမှာ နေလောင်တာကို ကာကွယ်ဖို့ ဖရဲသီးကို စားပေးရပါမယ်။
ဖရဲသီးရဲ့ ဗီတာမင်အေ၊ ဗီတာမင်ဘီနဲ့ ဗီတာမင်စီတွေက အရေပြားပေါ်မှာရှိတဲ့
အမည်းစက်တွေကို လျော့နည်းစေပြီး အသားအရေကို ဖြူဝင်းစေပါတယ်။
ဖရဲသီးတိုနာပြုလုပ်နည်းများ
(၁)ဖရဲသီးအရည် ထမင်းစားဇွန်း ၂-၃ ဇွန်း၊ ဘရန်ဒီဝီစကီ ထမင်းစားဇွန်း တစ်ဇွန်း၊
ဆေးဖက်ဝင် သစ်ခေါက်ရည် ထမင်စားဇွန်း နှစ်ဇွန်း၊ ရေသန့်ထမင်းစားဇွန်း နှစ်ဇွန်း၊ အားလုံးကို စုပေါင်းပြီးမွှေပါ။မျက်နှာကို အရင်ဆုံးသန့်စင်ထားပါ။ အဲဒီနောက် ရလာတဲ့ ဖရဲသီးတိုနာကို ဂွမ်းစနဲ့ တို့ယူပြီး မျက်နှာပေါ်ညင်သာစွာ ပွတ်လိမ်းပေးပါ။ မိနစ်အနည်းငယ်လောက်ထားပြီး ကြက်သီးနွေးရေနဲ့ မျက်နှာသစ်ပေးပါ။ 
(၂)ဖရဲသီး Toner ရဲ့ ပါဝင်ပစ္စည်းတွေ အားလုံးကို စုဖို့ အခက်အခဲရှိတယ်ဆိုရင်တော့
ဆေးဖက်ဝင်သစ်ခေါက်ရည်လက်ဖက်ရည်ဇွန်း နှစ်ဇွန်းနဲ့ ရေသန့်အနည်းငယ်ရှိရုံနဲ့လည်း ပြုလုပ်နိုင်ပါတယ်။
ဖရဲသီးစိတ်လေးတွေကို အစေ့မဖယ်ဘဲ မွှေစက်ထဲမှာ သစ်ခေါက်ရည်နဲ့ ရေရောပြီးမွှေပါ။
ဖရဲစေ့မှာ Omega-6 နဲ့ Omega-9 မရှိမဖြစ် အဆီဓာတ်တွေပါဝင်ပြီး အဲဒီအဆီဓာတ်တွေက
အရေပြားရဲ့အတွင်းပိုင်းထိ အလွယ်တကူ ထိုးဖောက် ဝင်ရောက်နိုင်ပါတယ်။
(၃)သင့်မျက်နှာက အဆီပြန်တတ်ရင်တော့ ဖရဲသီးအရည်အနည်းငယ်၊
ဘရန်ဒီဝီစကီနဲ့ ရေ ထမင်းစားဇွန်း နှစ်ဇွန်းစီ ထည့်မွှေပြီး မျက်နှာပေါ် သုတ်လိမ်းပေးပါ။
မျက်နှာပေါ်က အဆီတွေကို ဖယ်ရှားပေးပါတယ်။
(၄)ဖရဲသီးအရည်တစ်မျိုးတည်းကို မျက်နှာပေါ် တိုက်ရိုက် သုတ်လိမ်းနိုင်ပါသေးတယ်။
ဖရဲသီးအရည်ကို ဂွမ်းစနဲ့ မျက်နှာပေါ်မှာ သုတ်လိမ်းပြီး ခြောက်အောင် ခဏထားပါ။ ပြီးနောက် မျက်နှာသစ်ပါ။
(၅)ဖရဲသီးအရည်ကို သံပရာရည် အနည်းငယ်နဲ့ရောပြီးလည်း မျက်နှာပေါ် ဂွမ်းစ အသုံးပြုကာ သုတ်လိမ်းနိုင်ပါတယ်။
ခဏထားပြီး ခြောက်သွားပါက သင်လက်ခံနိုင်ရုံ ရေနွေးနွေးနဲ့ ဆေးကြောပေးပါ။
(၆)ဖရဲသီးအတွင်းသားကို ကြိတ်ခြေပြီးရလာတဲ့ အဖတ်တွေကို သင့်မျက်နှာနဲ့ လည်ပင်းတစ်လျှောက် ကပ်ပေးပါ။၁၅ မိနစ်လောက်ထားပြီး မျက်နှာသန့်စင်ပေးပါ။ သင့်အသားအရေကို အေးမြစေကာ၊ ကြည်လင်သန့်ရှင်းစေပြီးအရွယ်တင် နုပျိုစေပါတယ်။
(၇)သင့်မျက်နှာမှာ နေလောင်ဒဏ်ရာတွေပါ ရှိနေရင်တော့ ဖရဲသီးအတွင်းသားနဲ့
သခွားသီးအတွင်းသားတွေကိုဆတူရောပြီး ကြိတ်ခြေပါ။ ရလာတဲ့ အရောအနှောအဖတ်တွေကို
မျက်နှာပေါ်သုတ်လိမ်းပြီး မိနစ် ၂၀ လောက်ထားပါ။ အဲဒီနောက် ရေနဲ့သန့်စင် ဆေးကြောပါ။
နေလောင်ဒဏ်ရာတွေကို သက်သာစေပြီး အသားအရေ ဖြူဝင်းလှပစေပါတယ်။
ဖုန်တွေနဲ့ မျက်နှာကထွက်တဲ့ အဆီတွေရောပြီး ချွေးပေါက်ပိတ်တာကိုလည်း ကောင်းမွန်စေပါတယ်။
(၈)နောက်ဆုံးတစ်နည်းကတော့ ဖရဲသီး၊ ငှက်ပျောသီး၊သဘောၤသီးနဲ့ကုံကုမံရွက်တွေကု ရောနှောပြီး
ရလာတဲ့အရောအနှော အဖတ်တွေကို လိမ်းပေးပါ။ အဲဒီနောက် မျက်နှာပေါ်ကို ပျားရည်သုတ်လိမ်းပြီး
နာရီဝက်ကြာတဲ့အခါ မျက်နှာသန့်စင်ပေးပါ။ သန့်စင်ထားတဲ့ မျက်နှာပေါ်မှာ ဂျုံမှုန့်ကို စက်ဝိုင်းပုံသဏ္ဌာန် နှိပ်နယ်ပြီး သုတ်လိမ်းပေးပါ။
အားရှိစေတဲ့ ဖရဲသီး
မြန်မာနိုင်ငံမှာဆိုရင် နွေရာသီရောက်တိုင်း ပေါ်လေ့ရှိတဲ့ ဖရဲသီးကို ရာသီစာအဖြစ် လူကြိုက်များလှသည်။
နေပူပူတွင် ဖရဲသီးအေးအေးလေးကို စားလိုက်ရသည်မှာ ရေငတ်ပြေစေပါသည်။
ဖရဲသီးတစ်လုံးရဲ့၉၂ရာခိုင်နှုန်းဟာ ရေဓာတ်ဖြင့် ဖွဲ့စည်းထားပြီး ကျန် ၈ ရာခိုင်နှုန်းဖြစ်တဲ့
Anti-oxident Lycopene ဓာတ်က လူသားတွေရဲ့ အသားအရေကိုလည်း လှပချောမွေ့စေပါတယ်။
ထို့အပြင် ဖရဲသီး စားသုံးခြင်းက ခန္ဓာကိုယ်အတွက် အားတိုးဆေးစွမ်း တစ်လက်မှီဝဲခြင်းနဲ့ အလားတူကြောင်းအမေရိကန်နိုင်ငံရဲ့ တက္ကဆက် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ဆိုင်ရာ တိုးတက်ဖွံ့ဖြိုးရေး ဗဟိုဌာနမှ တွေ အဆိုအရ သိရှိရပါသည်။
ဖရဲသီးအရည်ထဲမှာ Citrulline ဆိုတဲ့ အော်ဂဲနစ်ဒြပ်ပေါင်းတစ်မျိုးကို တွေ့ရှိရပြီး သွေးကြောတွေကို
ပျော့ပျောင်းစေတာကြောင့် ခန္ဓာကိုယ်အနှံ့ သွေးစီးဆင်းမှုကို ပိုပြီး လွယ်ကူချောမွေ့စေပြီး
ခန္ဓာကိုယ်ထဲရှိ သွေးကြောတွေထဲမှာ သွေးစီးဆင်းအား ကောင်းမွန်စေသည်။
ဖရဲသီးဟာ viagra ဆေးကဲ့သို့ အထူးပြု ဖော်စပ်ထားတဲ့ ဆေးဝါးတွေလို ခန္ဓာကိုယ်ကို ထိခိုက်စေတဲ့ ဆိုးကျိုးတွေမဖြစ်ပေါ်စေဘဲ သွေးကြောတွေရဲ့ အနေအထား ကောင်းမွန်စေတာကတော့ အမှန်ပါပဲ။
ပြီးတော့ နှလုံးကို ကျမ်းမာစေပြီး ခန္ဓာကိုယ်ရဲ့ ခံနိုင်ရည်စွမ်းအားကို ကောင်းမွန်စေပါတယ်။
http://sspont.blogspot.com/2012/03/ (or)http://onlinepyadaik.com/ (or)http://www.mysuboo.com/ (or)http://patheincity.com/ (or)http://ksnkhine-ksn.blogspot.com/မှ မှီငြမ်း ဖော်ပြသည်

ဆီးဖြူတစ်ပင်လုံးဆေးအသုံး....။(အပိုင်း- ၁)


ဆီးဖြူတစ်ပင်လုံး၏ ဆေအသုံးကို ရောဂါအလိုက် ပြောရမည်ဆိုလျှင် ဆီးဖြူမြစ်ကို သန့်စင်အောင် သွေး၍ရရှိသော အရည်ကိုသောက်ပေးပါက ဆီးလွန်ခြင်း၊ ဆီးမထိန်းနိုင်ခြင်း၊ ဆီးခဏခဏသွားရသည့် ရောဂါများကို သက်သာပျောက်ကင်း
စေပါသည်....။
မျက်စိနာ၊ မျက်ရည်ပူကျ၊ မျက်စိမှုန်၊ မျက်စိဝေ၊ မျက်စိအောင့်, ပူ, စပ်စသည့်ရောဂါကို ဆီးဖြူခေါက်အား သန့်စင်စွာသွေး၍ မျက်စိပတ်ဝန်းကျင်ကို ကွင်းပေးပါက သက်သာပျောက်ကင်းစေပါသည်...။
အမျိုးသမီးများ မီးယပ်သွေးလွန်ရောဂါဖြစ်နေလျှင် ဆီးဖြူခေါက်၊ ဆီးဖြူရွက်တို့ကို ထုထောင်း၍ ဆီးခုံပေါ်အုံပြီးစည်းပေးထားပါက မီးယပ်သွေးလွန်ရောဂါကို သက်သာပျောက်ကင်းစေပါသည်...။
သွေးအန်၊ သွေးကျ၊ ချောင်းဆိုးသွေးပါရောဂါဖြစ်သူများ ဆီးဖြူသီးကို ပြုတ်ပြီး
ပျားရည်နှင့် စိမ်၍တစ်နေ့ သုံးလုံးမှ ငါးလုံးခန့်သုံးစွဲပေးပါက သက်သာပျောက်ကင်းစေပါသည်...။

ဆီးချို၊ သွေးချိုရောဂါရှင်များ ဆီးဖြူသီးကို ပြုတ်၍သုပ်စားခြင်း၊ ပြုတ်၍ပျားရည်နှင့် စိမ်ထားပြီး နေ့စဉ်သုံးစွဲပေးပါက ဆီးချို၊ သွေးချိုရောဂါကို ထိန်းထားနိုင်သည့်အပြင် ဆီးချို၊ သွေးချိုကြောင့်နောက်ဆက်တွဲဖြစ်ပေါ်လာသည့် ဆီးမထိန်းနိုင်ခြင်း၊ ဆီးသွားအားမရခြင်း၊ ဆီးခဏခဏသွားရခြင်း၊ မောပန်းနွမ်းနယ်နေခြင်း၊ အသားအရေလျော့ရဲလာခြင်း၊ အာခေါင်ခြောက်ခြင်း၊ ရေငတ်ခြင်းစသည့်ရောဂါတွေကို သက်သာပျောက်ကင်းစေပါသည်....။

မန်ကျည်းသီး၏ ကျန်းမာရေး စွမ်းပကား



မန်ကျည်းရွက်မှာပါတဲ့ ဖလေဗိုးနွိုက်တွေက ရောင်ရမ်းမှုကို လျော့ကျစေပြီး နာကျင်ကိုက်ခဲမှုကို သက်သာစေတဲ့အစွမ်း ရှိပါတယ်။  မန်ကျည်းရွက်ဟာ ကိုယ်တွင်း အပူကို လျော့ကျစေပြီး အစာစားချင်စိတ်ကို တိုးစေတယ်လို့ အင်ဒိုနီးရှား ဆေးဖက်ဝင် အပင်တွေကို လေ့လာသူတွေက ဆိုပါတယ်။ မန်ကျည်းသီးမှာ အင်တီအောက်ဆီးဒင့် ပါဝင်မှု များသလို ဗီတာမင်နဲ့ သတ္တုဓာတ်တွေလည်း များစွာ ပါဝင်နေပါတယ်။ မန်ကျည်းသီးမှာ  ကျန်းမာရေးကောင်းဖို့ လိုအပ်တဲ့ ဗီတာမင်စီ၊ ဗီတာမင်ဘီနဲ့ တခြား အာဟာရဓာတ်တွေလည်း ပါဝင်ပါတယ်။ အမျှင်ဓာတ်၊ ပိုတက်စီယမ်နဲ့
မဂ္ဂနီဆီယမ်ဓာတ်တွေလည်း များစွာ ပါဝင်တာကြောင့် အအေးမိရောဂါကို ကာကွယ်ပေးနိုင်တာ၊ အဖျားကျစေတာ၊ အစာကြေစေတာ၊ သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော လျော့ကျစေတာ၊နှလုံးကျန်းမာရေးကောင်းစေတာ စတဲ့ ကောင်းကျိုးတွေအပြင် ဝမ်းမှန်စေတဲ့ အစွမ်းလည်း ရှိပါတယ်။

(၁)  ကိုယ်ခံစွမ်းအား ကောင်းစေပါတယ်

မန်ကျည်းသီးမှာ ဗီတာမင်စီ များစွာ ပါဝင်တာကြောင့် နေ့စဉ် စားသုံးနေကျ အစားအသောက်ထဲ မန်ကျည်းသီးကို ထည့်စားပေးရင် ဗီတာမင်စီ ချို့တဲ့မှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်စီ များစွာ ပါဝင်တာကြောင့် ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါတယ်။

(၂) ကင်ဆာရောဂါကို တွန်းလှန်ပေးနိုင်ပါတယ်

မန်ကျည်းသီးမှာ အင်တီအောက်ဆီးဒင့်တွေက များစွာ ပါဝင်တဲ့အတွက် ခန္ဓာကိုယ်ထဲမှာ ဖရီးရယ်ဒီကယ်တွေကြောင့် ထိခိုက်မှုကို လျော့ကျစေပြီး ကင်ဆာလို ရောဂါတွေကို တွန်းလှန်ပေးနိုင်ပါတယ်။

(၃) ဝမ်းပျော့ပျော့သွားစေပါတယ်

မန်ကျည်းသီးမှာ ပါဝင်တဲ့ အက်စစ်ဓာတ်ကြောင့် ဝမ်းချုပ်တတ်သူတွေ အနေနဲ့ ဝမ်းပျော့ပျော့ သွားစေတယ်လို့ ဆိုကြပါတယ်။ မန်ကျည်းသီးမှာ အမျှင်ဓာတ်လည်း များစွာ ပါဝင်တာကြောင့် ဝမ်းမချုပ်အောင် ကာကွယ်ပေးနိုင်တာပါ။

(၄) သည်းခြေလုပ်ငန်းဆောင်တာ ကောင်းစေတယ်

မန်ကျည်းသီးဟာ သည်းခြေလုပ်ငန်းဆောင်တာ ဝေဒနာတွေကို ကုသပေးနိုင်ပါတယ်။

(၅) အစာကြေညက်စေပါတယ်

မန်ကျည်းသီးဟာ အစာကြေညက်စေပြီး အူလှုပ်ရှားမှုကို ကောင်းမွန်စေပါတယ်။ အစာခြေလမ်းကြောင်း ဝေဒနာတွေ ကုသရာမှာ မန်ကျည်းသီးကို သုံးလေ့ရှိကြပါတယ်။

(၆) နှလုံးကျန်းမာစေပါတယ်

မန်ကျည်းသီးဟာ သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောတွေကို လျော့ကျစေပြီး နှလုံးကို ကျန်းမာစေပါတယ်။

(၇) သွေးသန့်စင်စေပါတယ်

မန်ကျည်းသီးဟာ ခန္ဓာကိုယ်တွင်း လှည့်ပတ် စီးဆင်းနေတဲ့ သွေးတွေကို သန့်စင်စေပါတယ်။

(၈) အရေပြားကို အနာကျက်စေပါတယ်

မန်ကျည်းသီးဟာ အရေပြား ရောင်ရမ်းမှု ဖြစ်စဉ်ကို အမြန်သက်သာစေပြီး အနာကျက်မြန်စေပါတယ်။

(၉) လည်ချောင်းနာတာကို သက်သာစေပါတယ်

မန်ကျည်းသီးကို ရေနဲ့ အရည်ဖျော်ပြီး အာလုတ်ကျင်းပေးတာက လည်ချောင်းနာတာကို သက်သာစေပါတယ်။

(၁၀) သွေးဖိအားကို ပုံမှန်ဖြစ်စေပါတယ်

မန်ကျည်းသီးမှာ ပိုတက်စီယမ်ဓာတ် များစွာ ပါဝင်ပါတယ်။ ပိုတက်စီယမ်ဟာ နှလုံးခုန်နှုန်းကို ဟန်ချက်ညီအောင် ထိန်းပေးပြီး ဆိုဒီယမ်ရဲ့ အာနိသင်ကို ထိန်းချုပ်ပေးကာ သွေးတိုးကို ကျစေပါတယ်။

ရေခဲရေသောက်ခြင်း ၏ အန္တရာယ်(ဆိုးကျိုး)


ရေခဲရေကိုလျော့သောက်ပါ
လွန်ခဲ့တဲ့ ရက်ပိုင်းက မန်းလေးမြို့ ကျုံးနံဘေးတွင် ညနေဘက်အပြေးလေ့ကျင့်သူတဦးကို
ရေခဲစိမ် ရေသန့်ဘူးပေးလိုက်ရာ တစ်ရှိန်ထိုးမော့ချလိုက်ပြီးနောက် သတိလစ်လဲကျပြီး ပါးစပ်မှ အမြှုပ်များ ထွက်လာသဖြင့် ဆေးရုံသို့ ပို့လိုက်ရသည်ဟု သိလိုက်ရသည်။
နေပူထဲမှပြန်လာပြီး အိမ်ရောက်သည် နှင့် ရေခဲသေတာထဲမှ ရေအေးအေးတစ်ပုလင်း
ထုတ်ယူပြီး အားရပါးရ သောက်ချလေ့ရှိသူ တစ်ဦးသည် လွန်ခဲ့သောရက်ပိုင်းက မျက်စိများ
နီရဲလာပြီး ခေါင်းကိုက်လာသဖြင့် ဆေးခန်းတခု တွင် သွေးချိန်ကြည့်ရာ 200mmHg တတ်နေသဖြင့် ဦးနှောက်သွေးကြောပေါက်နိင်သောကြောင့် ဆရာဝန်းက ဆေးရုံတတ်ခိုင်း
လိုက်ကြောင်းသိရသည်။
ရာသီဥတုပူပြင်းသဖြင့် ပြင်ပသို့ လုံး၀ မထွက်ဘဲ အိမ်ထဲမှာနေရင်း ရေခဲရေကို(water Cooler)
စက်မှယူပြီး တစွတ်စွတ်သောက်လေ့ရှိသော မိသားစုတစုရှိသည်။သူတို့တအိမ်လုံး မိတ်အိုင်းခေါ် မိတ်ဖုအပျဉ်လိုက်ထွက်ပြီး နီရဲနေသည်ကိုတွေ့ရသည်။ ၂နှစ်၊၃နှစ်အရွယ်ကလေးများ ရေခဲရေသောက်ပြီး ခေါင်းတွင် အပူဖုကြီးများထွက်ပြီး အချို့
အဖုကြီးများ ပြည်တည်ပြီး အပူဖုကဲ့သို့ ဖြစ်နေသည်။
ရေခဲရေကိုလေဖြင့် မှုတ်ပေးသည်. ပန်ကာတမျိူး Air Cooler ဝယ်ပြီးအသုံးပြုနေသူများမှာ
မျက်နှာများရောင်အမ်းညခင်း၊အရေပြာထူပြီး ယားနားများထွက်ခြင်းတို့ဖြစ်ကြောင်း သတိထားမိသဖြင့် လေမှုတ်ပန်ကာထဲသို့ရေခြရေ မထည့်ဝံတော့ဘဲ ရိုးရိုးရေကိုသာ
ထည့်ပြီး သုံးစွဲနေရကြောင် သဲချင်းတဦးက ပြောပြလို့ သိရသည်။
ရေခဲချောင်း၊ရေခဲထုတ်စား သည့် ကလေးများမှာ အပူကန်ခြင်း၊မျက်နှာနှင့် မျက်ခွံများပေါ်တွင်
မိတ်ဖုကြီးများ အနာဖုများ ထွက်ခြင်း၊ အစာမကြေခြင်း အာသီးရောင်ခြင်းများ အပြင် အချို့မှာ
ရေခဲမသန့်သဖြင့် ဝမ်းကိုက်ခြင်း၊ဝမ်းလျှောဝမ်းပျက်ခြင်းများ ဖြစ်ကြောင်းသိရသည်။
စိတ်ပင်ပန်းသူ။သောကများသူ၊စာမေးပွဲနီးချိန် ၌ ကျောင်းသူ၊ကျောင်းသားများတွင်လည်း
ပါးစပ်နာများတွေ့ရသည်။
ထမင်းစားပြီး ရေခဲမုန့်စားကြသူများကို စားသောက်ဆိုင်ကြီးများတွင် တွေ့ဖူးသည်။ အချို့ဆိုင်က စားသုံးသူများကို Bill ရှင်းသည့်အခါ အချိုပွဲအဖြစ်ရေခဲမုန့်များလာချပေးသည်။
အချို့အလှူ၊မင်္ဂလာဆွမ်းကပ်များတွင် ဝါးတီး သွားဆွဲ ကြသည့်အခါ ထမင်း(သို့)ဒံပေါက်
၊ကြက်ဆီထမင်း စသည်တို့ ကျွေးမွေးဧည့်ခံပြီးနောက် အချိုပွဲဝိုင်းသို့ ထပ်မံသွားရောက်ရန်
ဖိတ်ခေါ်ပြီး အချိုပွဲများနှင့် ရေခဲမုန့်ကျွေးသည်ကို တွေ့ရသည်။ရေခဲမုန့်အပြင်ရေခဲရေကို
တိုက်သည်. အလှူများလည်းရှိသည်။
ရှေးလူကြီးများပြောသည့် “ဝမ်းမီး” ဆိုသောစကားကို ကြားဖူးမယ်ထင်ပါတယ်။
လူ၏အစာအိမ်ထဲတွင် မြန်မာတိုင်ရင်းဆေးဆိုအရ ဝမ်းမီးဆိုသော အစာချေသည့်မီးရှိသည်။
ဝမ်းမီးတောက်မှအစာကြေမည်။အစာကြေမှ ဝမ်းမှန်မည်။ဝမ်းမှန်မှသာ အကြောအခြင်များ
ပေါ့ပါးပြီး နေထိုင်ကောင်းမည်။ထိုင်းမှိုင်းခြင်း၊နောက်ကြောတတ်ခြင်း၊ဇက်ထိုးခြင်းတို့မှာ ဝမ်းချုပ်သူများတွင်ဖြစ်လေ့ရှိသော ရောဂါများဖြစ်သည်။
ထိုကဲသို့ရေခဲရေ သောက်ချလိုက်သည်နှင့် အစာကြေချက်ရန် တောက်နေသောဝမ်းမီးကို
ငြိမ်းလိုက်သည်နှင့်တူသည်။မီးပုံကြီးကိုရေနှင့်လောင်းချလိုက်သော်အခါ ဝုန်းခနဲ့ အခိုးအငွေ့များနှင့် ပြာပူများ အထက်သို့ ပြန်လွင့်တက်သွားသည်ကို မြင်ရသည်ဟုတ်။ ။
ထိုအခိုးအငွေ့များသည် အစာအိမ်မှထက်သို့ တက်လျှင်လည်ချောင်းတလျှောက်နှင့်
အာခေါင်၊လျှာ၊သွားဖုံး စသည့်တို့သို့ ရောက်မည်ဖြစ်သည်။မြေသောက်ရေအိုးတွင်
ထည့်ထားသော ရေအိုးသည် သာမန်ရေအေးဖြစ်သည်။ထိုရေကိုပင် အပူထဲကပြန်လာလျင်း
ချက်ချင်းမသောက်သင့်။ချွေးသိပ်ပြီးမှ သောက်ရမည်ဟု ရှေးလူကြီးများ ကဆိုသည်။
ရေခဲသေတ္တာ မှထွက်လာသော ရေပုလင်းများ၊Water Cooler မှကျလာသောရေတို့သည် သဘာ၀ လွန်ကဲသော ရေပျက်ဖြစ်သည်။
ရေခဲရေကို အစဉ်သောက်သူများအားလေ့လာကြည့်
တဲ့အခါ ခဏတာသာ ရေငတ်ပြေ ပြီး ပြန်ပူလာခြင်း၊မကြာခဏရေငတ်ခြင်း၊အာခြောက်ခြင်း၊
အာသီးရောင်ခြင်း၊သွားနာခြင်း၊သွားဖုံးကြွခြင်း၊လျှာအရသာမတွေ့ခြင်း၊လည်ချောင်းပူခြင်း၊
နာခြင်း၊အစာရေမျိုပြွန်ရောင်ခြင်း၊ဖျားလျှင် အလွယ်တကူအူရောင်ခြင်း၊တကိုယ်လုံးညောင်း
ကိုက်ပြီးနောက်ကျောတတ်ခြင်း၊မျက်စိအမြင်မကြည်လင်ခြင်း၊အပူဖုများထွက်ခြင်းတို့
မလွဲမသွေ ဖြစ်နိင်သည် ဟု ဆေးပညာ ဂျာနယ်တစောင်က ရေးသားထားသည်။
ရတနာပုံသတင်းစာမှ……………………..
ပူသောရာသီတွင် မြေအိုး၊သဘာဝရေအိုးမှ အေးသောရေကိုသာသောက်ပါ။
ဖြစ်နိင်ရင်ကြိုချက်ပြီးသောရေကိုအအေးခံပြီး ရေကျက်အေးသောက်ပါ။
ရေနွေးကြမ်း(သို့) အဖန်ရေကို ထမင်းစားပြီးတိုင်းသောက်ပါ။
နံနက်အိပ်ယာထရေမချိုးမီ ၊ညအိပ်ယာဝင်ချိန်တို့တွင် ရေတခွက်သောက်သောအကျင့်ကို
ကျင့်ပါ။
ရေခဲရေ အလွန်အေးအောင်ပြုလုပ်ထားရေကိုရှောင်ပါ။
ထမင်းစားနေစဉ် ထမင်းစားပြီး ရေခဲရေ တဆက်တည်းသောက်လျှင် အစာအိမ်ကို
ဥပါတ်ဖြစ်စေသည်။
ရေကြောင့်အသက်ရှည်စေသည်။ရေခဲရေကြောင့်အသက်တိုစေသည်။ ။
ကဲ ရေခဲရေ ကို လျော့သောက်တော့နော်