Monday, December 31, 2012

ကြာသပတေးသားသမီးများ မည်သူမဆို ကားကို အမြန်းဆုံး ဈေးကောင်းကောင်းနှင့်ရောင်းထွက်လိုသော်

ဗုဒ္ဓဟူးနေ့ နေ့လယ် (၁၂) နာရီတွင် ကြာသပတေးသားသမီးတစ်ဦးအား
အုန်းသီးပါသောမုန့် လှူဒါန်းရပါမည်။
နောက်တစ်နေ့ ကြာသပတေးနေ့ နေ့လယ် (၁၂) နာရီ (၁၄) မိနစ်တွင် မိမိရောင်းထွက်လိုသောကားအား
တနင်္လာထောင့်(အရှေ့အရပ်)မှနေ၍

သောကြာသားသမီးများ မည်သူမဆို ကားကို အမြန်းဆုံး ဈေးကောင်းကောင်းနှင့်ရောင်းထွက်လိုသော်

ကြာသပတေးနေ့ နံနက် (၁၁) နာရီတွင်
ဘိုးတော်သကြားမင်းအားရည်မှန်း၍ ရေ (၄) ခွက်လှူဒါန်းရပါမည်။
နောက်တစ်နေ့ သောကြာနေ့ နံနက် (၁၁) နာရီ (၁၆) မိနစ်တွင် မိမိရောင်းထွက်လိုသောကားအား
တနင်္ဂနွေထောင့်(အရှေ့မြောက်အရပ်)မှနေ၍

စနေသားသမီးများ မည်သူမဆို ကားကို အမြန်းဆုံး ဈေးကောင်းကောင်းနှင့်ရောင်းထွက်လိုသော်


သောကြာနေ့ နံနက် (၉) နာရီတွင်
ရှင်ဥပဂုတ္တရဟန္တာအရှင်မြတ်အား နွားနို့ (၂) ခွက် လှူဒါန်းရပါမည်။
နောက်တစ်နေ့ စနေနေ့ နံနက် (၉) နာရီ (၁၁) မိနစ်တွင် မိမိရောင်းထွက်လိုသောကားအား
ကြာသပတေးထောင့်(အနောက်အရပ်)မှနေ၍

Sunday, December 30, 2012

မြန်မာ ဘလော့ဂ် ၀က်ဘ်ဆိုက်များ

မြန်မာ ဘလော့ဂ် ၀က်ဘ်ဆိုက်များ

ကော်ဖီများများ သောက်ခြင်းက စိတ်ခြောက်ခြားစေ

ကော်ဖီများများ သောက်တဲ့သူတွေဟာ သာမန်လူတွေထက် ပိုမို စိတ်ခြောက်ခြား တယ်လို့ ဆေးပညာ အရ လေ့လာတွေ့ရှိထားပါတယ်။

အသည်းကင်ဆာ အကြောင်း သိကောင်းစရာ

အသည်းကင်ဆာဆိုတာ အသည်းမှာ Malignant Tumour ရှိနေခြင်းဖြစ်ပါတယ်။ အသည်းကင်ဆာမှာ အစဦး အသည်းကင်ဆာ (Primary cancer) နှင့် နောက်ဆက်တွဲ ကင်ဆာ (Secondary cancer) ဆိုပြီး နှစ်မျိုးရှိပါတယ်။

အချိုမှုန့် ဆိုတာ ဘာလဲ

ရေရှည် မှန်မှန် စားသွားရင် ဒီလောက် အန္တရာယ် များပါတယ် ဆိုတဲ့ အချိုမှုန့်ဆိုတာ Monosodium glutamate (MSG) လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်ခု ဖြစ်ပါတယ်။ Glutamic Acid လို့ခေါ်တဲ့ Amino Acid တစ်မျိုး ပါဝင်ပြီး စားစရာထဲ ထည့်လိုက်ရင် Free Glumate တွေ အဖြစ်ကို ပြောင်းလဲသွားကာ အစားအသောက်တွေရဲ့ အရသာကို ဓာတုနည်းနဲ့ လျှာပေါ်မှာ ဆပွားတိုးပေးလိုက်တာ ဖြစ်ပါတယ်။

သဘာဝနည်းဖြင့် သည်းခြေကျောက်ကို ဖယ်ရှားနိုင်

သည်းခြေ၌ ကျောက်တည်သော ရောဂါလက္ခဏာတစ်ခုမှာ အစာများများ စားပြီးနောက် ဝမ်းဗိုက်ပြည့်အင့်
ဖောင်းကားလာကာ အစာမကြေသလို ခံစားရမည်။ ရောဂါပြင်းထန်ပါက အသည်းတစ်ဝိုက်တွင် နာကျင်မှုကို ခံစားရမည်ဖြစ်ကြောင်း သိရသည်။

လေဖြတ်မည့် ရှေ့ပြေးလက္ခဏာ - ၁၁ချက်

၁။ ဦးခေါင်းနောက်စေ့တွင် ခေါင်းကိုက်ခြင်း၊ မကြာခဏ မူးဝေခြင်း။
(Sub occipital headache)

၂။ ခြေ,လက်တို့တွင် မကြာခဏ ကျဉ်ခြင်း၊ကိုယ်လက် လေးလံ ထိုင်းမှိုင်းခြင်း။

(Tingling sensation of limbs)

ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)

ပင်စိမ်းပင်သည် မြန်မာနိုင်ငံနှံ့အပြားတွင် ပေါက်ရောက်ပြီး အပူပိုင်းဒေသတွင် ပိုမို၍ ပေါက်တတ်ကြသည်။
ပင်စိမ်းပင်သည် သဘာဝအလျောက် ပေါက်ရောက်သော အပင်ဖြစ်သည်။ စိုက်ပျိုး၍လည်းရသည်။ မျိုးစေ့မှတဆင့်အပင်စိုက်ရန် လွယ်ကူသောအပင် ဖြစ်သည်။ မြေသြဇာ အထူးမလိုအပ်လှပေ။ တနှစ်လျှင် နှစ်ကြိမ်၊ သုံးကြိမ် အရွက်ကို ရယူနိုင်၏။ နောက်ကျလျှင် အလိုလို ကြွေကျသွားသဖြင့် ဂရုပြုဖို့ လိုအပ်လှပေသည်။ အရွက်နှင့် အစေ့ကို ဆေးအဖြစ် အများဆုံး အသုံးပြုကြသည်။

တစ်နေ့လျင်ခြောက်နာရီအောက်လျော့နည်းအိပ်စက်သူများအသက်တိုနိုင်

အိပ်ရေးဝအောင် အိပ်စက်မှုမရှိသော အလေ့အထ ကြာရှည်စွာ စွဲကပ်နေခြင်းသည် အသက်တိုစေတတ်ကြောင်း ပညာရှင်များက သတိပေးပြောကြားခဲ့သည်။ တစ်နေ့လျင် (၆)နာရီအောက် လျော့နည်းကာ အိပ်စက်ချိန်ရှိသူများသည် သာမန်ထက်

Saturday, December 29, 2012

ဒါတောင် အားမပါသေးပါဘူး

ဆရာ။” ဘာမှတ်လဲ ကွန်ပြူတာတက်နေသော ကျောင်းသားတစ်ယောက်အရပ်ထဲတွင် ရန်ဖြစ်ရာဒေါသတကြီးနှင့် ပြောလိုက်တာက.. “ဟေ့ကောင် မင်းငါ့ကို ဘာမှတ်လဲ Looping ထဲထည့်ပြီး Variable တွေနဲ့ထုလိုက်လို့ အသက်ပျောက်သွားမယ်။” အရမ်းကြီးမှာဘဲနော် ကွန်ပြူတာ သမိုင်းကိုဆရာက ကျောင်းသားများကို သင်ရာ… “ဟိုး…အရင်တုန်းက ကွန်ပြူတာဟာ မင်းတို့မျက်စိထဲမြင်အောင် ပြောရမယ်ဆိုရင် စက်ရုံကြီးတရုံ၊ (သို့)

ကျက်တဲ့နေရာမှားနေတယ်

ကွန်ပြူတာတက်နေသော ကျောင်းသားနှစ်ယောက် Programming စာမေးပွဲဖြေရန် စာကျက်နေကြရာပထမကျောင်းသားက - Private Sub cmdDisplay_Click() Dim i As Integer For i=1 To 10 Step 1 ……စသည်တို့ကို အစချီပြီး ကျက်နေရာဒုတိယကျောင်းသားက – ဆရာကြီးဂိုက်ဖြင့် လှမ်းပြောလိုက်တာက – “ဟေ့ကောင် မင်းတော်တော်အတဲ့ကောင်ဘဲ Private Sub တို့ဘာတို့ဆိုတာ

Program အတု

Programmer တစ်ယောက်ရေးထားသော Program တစ်ခုကို Tester မှ Error စစ်ရာ…ပထမ Run ကြည့်သည်။ နောက် Interface တွင် Input လုပ်ပြီး ဟိုနှိပ်ဒီနှိပ် ဟိုထည့်ဒီထည့် ကိုအချိန်တော်တော်ကြာ လုပ်ပြီး Program code များကို စစ်သည်။ ပြီးတော့ ပြန် Run ကြည့်သည်။ နောက်ပြီး Interface တွင် ပြန် Input လုပ်ပြန်သည်။ ဟို Click ဒီ Click လုပ်ပြီး Number တွေရော Text တွေရော Date မှန်တာရော မှားတာရော လျှောက်ထည့်သည်…Error ကမတွေ့ ဒါနဲ့ Code ကိုပြန်စစ်သည် ပြန် Run ကြည့်သည် ဒီအတိုင်း ထပ်ခါထပ်ခါ လုပ်ပြီး နောက် Tester ပြောလိုက်တာက… “ဟူး…မင်း Program က Program အစစ်မှဟုတ်ရဲ့လား…”

စိတ်ရှည်တယ်နော်

အသက်၆၀ ကျော် အဖိုးကြီးများကိုသင်သော ကွန်ပြူတာခန်းတစ်ခုတွင် Microsoft Word ကို စသင်ရာ… “စာပိုဒ် တစ်ပိုဒ်ပြီးရင် နောက်တပိုဒ်အတွက် Enter Key ကိုနှိပ်ပါ။ E.N.T.E.R ဆိုတဲ့ Key ပါ…Keyboard မှာအကြီးဆုံး Key ပါ…တွေ့ပြီလားခင်ဗျာ…မတွေ့သေးရင်…Right Shift Key ရဲ့ အပေါ်မှာပါ…Back Space ရဲ့ အောက်မှာပါ…Keyboard ရဲ့ ညာဘက်အစွန်ဆုံး ထောင့်မှာလည်းရှိပါတယ် ခင်ဗျာ…တွေ့ပြီလား ခင်ဗျာ…” ဒါကို အဖိုးကြီးတစ်ယောက်က Enter Key ကို လက်ညှိုး ထိုးပြပြီး… “ဖိုးသား ဒါကိုနှိပ်ရမှာ လားဟင်…” စာသင်တဲ့သူက… “ဟုတ်တယ် အဲ့ဒါကို နှိပ်ရမှာ…ကဲ!!!ဖြောင်းဖြောင်းဖြောင်း!!!”

ရှင်းတယ်နော်

Programmer တစ်ယောက်ကို အင်တာဗျူးရာ… “ခင်ဗျားတို့ Programmer တွေ Program ရေးတဲ့အခါ variable name တွေမှာ ဘာကြောင့် i ကိုအသုံးများ ကြတာလဲ ခင်ဗျ…” Programmer ကပြန်ဖြေရာ… “ဟုတ်ကဲ့ ဒါကတော့ သုံးချင်လို့ပါ…”

အကင်းပါးတယ်နော်

ကွန်ပြူတာကျောင်းသို့ သက်ဆိုင်ရာမှလူကြီးလာစစ်ရာ ကျောင်းသားများထဲမှ တစ်ယောက်ကို စာလှမ်း မေးလိုက်ရာ… “Looping ထဲမှာ Do နဲ့ စတဲ့ Looping ကိုပြောစမ်းကွာ?” ကျောင်းသားမှာ အိုးတိုးအမ်းတမ်းဖြစ်နေရာ တာဝန်ကျဆရာက အရိပ်ပြတဲ့ အနေနှင့်သူ၏ ဒူးကို ဖနောင့်လေး ထောက်ပြီး လူကြီးမသိအောင် ၀ိုင်းပြလိုက်သည်။ ကျောင်းသားက အကင်းပါးစွာ ပြောလိုက်တာကတော့…. “ဒူးလည် Looping ပါခင်ဗျာ….”

ကန်ဆယ်

အစ်ကိုဖြစ်သူက ညီဖြစ်သူကို ကွန်ပြူတာသင်ပေးရင်း စိတ်မရှည်တော့သဖြင့် အော်၍… “ဟေ့ကောင် Cancel လုပ်ဖို့ပြောနေတာ Cancel Cancel !!!!…” ထိုစဉ် အိမ်ရှေ့ခန်းတွင် သတင်းစာဖတ်နေသော အဖေဖြစ်သူက… “သားကြီးရေ ညီလေးကို အဲ့ဒီလောက်ထိ မခိုင်းပါနဲ့ကွာ မနေ့ကဘဲ မောင်ပုကို ကန်ထဲကနွံတွေရော အကုန်ဆယ်ပြီး ဆေးခိုင်းလိုက်ပြီးပြီ။”

ငွေတစ်သန်းယူမလား? ငါ့သမီးယူမလား?

တစ်ခါတုန်းက သဋ္ဌေးကြီး တစ်ယောက်ရှိသတဲ့။ သူက မိကျောင်းတွေမွေးရတာကို ၀ါသနာထုံလေတော့ သူ့အိမ်မှာ ရေကန်ကြီးတူးပြီး မိကျောင်းတွေ မွေးထားလေသတဲ့။ သဋ္ဌေးကြီးမှာက သမီးလေးတစ်ယောက်ရှိလေသတဲ့။ တစ်နေ့တော့ သူ့အိမ်မှာ ပါတီ အကြီးကြီးတစ်ခုလုပ်ပြီး သဋ္ဌေးကြီးက ကြေငြာသတဲ့။ အခု ပါတီမှာ ရှိနေတဲ့ ယောင်္ကျားလေးများ ဟော့ဒီက

တော်တော်ရိုင်းတဲ့ ဒရိုင်ဘာ

အမျိုးသမီးတစ်ယောက်ဟာ ဘက်စ်ကား ဒရိုင်ဘာရဲ့ ထိုင်ခုံနောက်မှာ ထိုင်ပြီးတော့ ကလေးကို ချီထားပါသတဲ့။ ဘက်စ်ကား ဒရိုင်ဘာက လှည့်ကြီးပြီးတော့ အဲ့ဒီ အမျိုးသမီးကို ပြောတယ်…