Saturday, December 29, 2012

တော်တော်ရိုင်းတဲ့ ဒရိုင်ဘာ

အမျိုးသမီးတစ်ယောက်ဟာ ဘက်စ်ကား ဒရိုင်ဘာရဲ့ ထိုင်ခုံနောက်မှာ ထိုင်ပြီးတော့ ကလေးကို ချီထားပါသတဲ့။ ဘက်စ်ကား ဒရိုင်ဘာက လှည့်ကြီးပြီးတော့ အဲ့ဒီ အမျိုးသမီးကို ပြောတယ်… “ကျွန်တော် တစ်သက်မှာ ဒီလောက်ရုပ်ဆိုးတဲ့ ကလေးမျိုး ဒီတစ်ခါဘဲတွေ့ဖူးသေးတယ် တကယ် တကယ်”
အမျိုးသမီးက ဒီစကားကိုလဲကြားရော သူ့ကလေးကို ဒီလို စကာမျိုးပြောရပါ့မလားလို့ စိတ်ဆိုးပြီး နောက်ဆုံးတန်းက ထိုင်ခုံကို ရွှေ့ထိုင်ပါသတဲ့။ နောက်ဆုံးတန်းမှာ ထိုင်နေတဲ့လူက သူမ ဘာဖြစ်လာတာလဲလို့ သိချင်တာနဲ့ “ဘာတွေ ဖြစ်လာကြတာလဲဗျာ”
“တော်တော့်ကို ရိုင်းစိုင်းတဲ့ ကားဒရိုင်ဘာပါရှင်… ကျွန်မကို စော်ကားတဲ့ စကားတွေပြောလိုက်တယ်ရှင့်”
“ဟင်… ဘက်စ်ကားဒရိုင်ဘာဆိုတာ ပြည်သူ့ဝန်ထမ်းတစ်ယောက်ဘဲ။ ဒီလိုမျိုး ခရီးသွားတွေကို ရိုင်းပြတဲ့ စကားတွေကို ပြောရမလား”
“သိပ်မှန်တာပေါ့ရှင်။ နေဦး ကျွန်မပြန်သွားပြီး ဒီလို မပြောသင့်ကြောင်းကို အဲ့ဒီ ဒရိုင်ဘာကို သွားပြောဦးမယ်” “ဟာ သိပ်ကောင်းတဲ့ အကြံပေါ့ ခင်ဗျာ၊ ကဲပေးပေး ခင်ဗျားရဲ့ မျောက်ကလေးကို ကျုပ်ထိန်းပေးထားမယ်”


No comments: