Monday, December 31, 2012

ကြာသပတေးသားသမီးများ မည်သူမဆို ကားကို အမြန်းဆုံး ဈေးကောင်းကောင်းနှင့်ရောင်းထွက်လိုသော်

ဗုဒ္ဓဟူးနေ့ နေ့လယ် (၁၂) နာရီတွင် ကြာသပတေးသားသမီးတစ်ဦးအား
အုန်းသီးပါသောမုန့် လှူဒါန်းရပါမည်။
နောက်တစ်နေ့ ကြာသပတေးနေ့ နေ့လယ် (၁၂) နာရီ (၁၄) မိနစ်တွင် မိမိရောင်းထွက်လိုသောကားအား
တနင်္လာထောင့်(အရှေ့အရပ်)မှနေ၍

(ယမန်နေ့က ကြာသပတေးသားသမီးတစ်ဦးအားအုန်းသီးပါသောမုန့် အမှန်တကယ် လှူဒါန်းခဲ့ပါသည်၊ ဤမှန်ကန်သောသစ္စာစကားကြောင့်ယခုရောင်းလိုသောကားသည်
လျင်မြန်စွာ ရောင်းထွက်ပါစေသား)

ဟုသစ္စာဆိုပြီး မေမြို့ (၁၉) ပွင့်ဖြင့်
(ဈေးကောင်းကောင်းဖြင့်ရောင်းထွက်)
ဟုဆိုကာ (၁၉) ချက်ရိုက်ရပါမည်။ ဤအတိုင်းပြုခဲ့သော်သင်ရောင်းလိုသောကားသည် သင်အလိုရှိ သောဈေးကောင်းဖြင့်လျင်လျင်မြန်မြန်ရောင်းထွက်သွားမည်ကိုတအံ့တဩတွေ့ရပေလိမ့်မည်။ မင်းသိင်္ခ

No comments: