Sunday, December 30, 2012

သဘာဝနည်းဖြင့် သည်းခြေကျောက်ကို ဖယ်ရှားနိုင်

သည်းခြေ၌ ကျောက်တည်သော ရောဂါလက္ခဏာတစ်ခုမှာ အစာများများ စားပြီးနောက် ဝမ်းဗိုက်ပြည့်အင့်
ဖောင်းကားလာကာ အစာမကြေသလို ခံစားရမည်။ ရောဂါပြင်းထန်ပါက အသည်းတစ်ဝိုက်တွင် နာကျင်မှုကို ခံစားရမည်ဖြစ်ကြောင်း သိရသည်။
သဘာဝနည်းဖြင့် သည်းခြေကျောက် ဖယ်ရှားနည်းမှာ .........
ပထမငါးရက်တွင် နေ့စဉ် ပန်းသီးဖျော်ရည် (Apple Juice) လေးခွက်သောက်ပါ။
သို့မဟုတ် ပန်းသီး လေး-ငါးလုံး စားပါ။ (ပန်းသီးဖျော်ရည် သို့မဟုတ် ပန်းသီး မိမိနှစ်သက်ရာ စားသောက်နိုင်သည်။)

ပန်းသီးဖျော်ရည်သည် သည်းခြေကျောက်ကို ပျော့စေနိုင်သည်။
ထို ငါးရက်အတွင်း အစား အစာကိုလည်း ပုံမှန်စားသုံးရန် ဖြစ်သည်။ ခြောက်ရက်မြောက်နေ့တွင် ညစာမစားဘဲထိုနေ့ညနေ ၆ နာရီတွင်မှ ဆားခါးတစ်ဇွန်းကို ရေနွေးတစ်ဖန်ခွက်နှင့် သောက်ပါ။

ည ၈ နာရီတွင် ဆားခါးတစ်ဇွန်း ထပ်သောက်ပါ။
ဆားခါးသည် သည်းခြေ အိတ်ပြွန်များကို ပွင့်စေပါသည်။ ည ၁၀ နာရီတွင် သံလွင်ဆီ(သို့မဟုတ်) နှမ်းဆီပန်ကန်လုံးတစ်ဝက်ကို လတ်ဆတ်သော သံပရာရည်ဖြင့် ရော၍ သောက်ပါ။သေချာစွာ ရောမွှေပြီးမှ သောက်ပါ။ ဆီသည်
သည်းခြေကျောက်များကို ချောမွေ့စွာ ထွက်နိုင်စေသည်။ နောက်တစ်နေ့ ဝမ်းသွားသောအခါတွင် 
ဝမ်းထဲ၌ အစိမ်းရောင် ကျောက်တုံးကလေးများကို တွေ့ရမည်။

ပန်းသီးသည် ဆေးဖက်ဝင် သဘာဝဓာတ်စာဖြစ်ပြီး ဘေးထွက်ဆိုးကျိုးများကိုလည်း မဖြစ်ပေါ်စေနိုင်ကြောင်းသိရသည်။

ကြေးမုံသတင်းစာ မှ ကူးယူတင်ပြခြင်းဖြစ်သည်...


No comments: