Thursday, January 17, 2013

သွေးအားနည်း ရောဂါ

၁။ ပဲပင်ပေါက်မှာ သံဓာတ်များစွာပါင်ဝင်တာကြောင့် သွေးနီဆဲလ်မှာတွေ့ရတဲ့ ဟေမိုဂလိုဘင် တည်ဖောက်မှုမှာ အရေးပါ ပါတယ်။ ဒါ့အပြင် ပဲပင်ပေါက်မှာ ဗီတာမင်စီ မမြင့်မားတဲ့ ပမာဏ ပါဝင်မှုရှိတာကြောင့် အူကနေ သံဓာတ်စုပ်ယူမှုကိုကောင်းမွန်စေပါတယ်။ ဒါကြောင့် သံဓာတ် ချို့တဲ့မှုကြောင့် ဖြစ်တဲ့ သွေးအားနည်း ရောဂါမဖြစ်အောင် ကာကွယ်နိုင်သလို ရောဂါဖြစ်နေရင်လည်း ကုသနိုင်ပါတယ်။

သစ်ဆိမ့်


၂။သစ်ဆိမ့်ခေါက် ကို သွေးသောက် သော် သွေး အားနည်း ရောဂါ ပျောက်၏ ။ 
 



ကြစု
၃။ ကြစုသီးကို နွားကျင်ငယ်ရေနှင့် ပြုတ်၍ သောက်သော် သွေးအားနည်းရောဂါ၊ အချိ ၊ အဖောရောဂါ ပျောက်၏ ။

ခန္ဓာကိုယ် ပြင်ပ၌ ရောင်ရမ်း ခြင်း

ပရန္နဝါ

၁။ ခန္ဓာကိုယ် ပြင်ပ၌ ရောင်ရမ်း ခြင်းများ အတွက် ပရန္နဝါ အရွက် ကို ထုထောင်း ၍ ကြပ်စည်း ပေးရ၏ ။ 




သစ်ဆိမ့်

၂။ သစ်ဆိမ့်ဆံ ကို သွေး၍ နွေးအောင် ပြုပြီး ရောင်ရမ်း သောနေရာ ထိခိုက်မိ၍ ဒဏ်ရာ ရပြီး နာကျင် ကိုက်ခဲ နေသော နေရာများတွင် လိမ်းပေးသော် ပျောက်၏။  




အောင်မဲဖြူ

၃။ အောင်မဲဖြူအ မြစ်၏ အခေါက်ကို ရေနှင့် စိမ်သောက်သော် ကိုယ်လက် ရောင်ရမ်းသော ရောဂါ ပျောက်၏။

မိန်းမများ ရင်သားရောင်ရမ်းခြင်း

ပဒိုင်း

၁။ မိန်းမများ နို့တွင် ဖြစ်သော အပူကြိတ် နှင့် ရောင်ရမ်းခြင်း တို့အတွက် ပဒိုင်းရွက် နှင့် နနွင်းကို ကြိတ်အုံ ပေးသော် ပျောက်၏။   




ပရန္နဝါ

၂။ မီးဖွား ပြီးစ အမျိုးသမီး များ နို့မထွက် လျှင် ပရန္နဝါ ရွက်ကို ဟင်းခါး ချက်သောက် ခြင်းဖြင့် နို့ လျင်မြန်စွာ ထွက်ပြီး နို့နာ၊ နို့ကိုက် နှင့် သကျည်း ကိုက်ရောဂါ များလည်း ပျောက်ကင်း စေ၏။   



သံမနိုင်၊ ကျောက်မနိုင်

၃။ သံမနိုင်၊ ကျောက်မနိုင် ပဉ္စငါးပါး အစိုကို ထမင်းနှင့် ဆတူ ရော၍ ကြိတ်ပြီး နံနက် ည နှစ်ကြိမ် အုံပေးပါ က နို့နာ များ ပြည်ပေါက်ပြီး ပျောက်ကင်း ၏။

ကိုယ်တစ်ခြမ်း သေရောဂါ

ပရန္နဝါ
 
၁။ ပရန္နဝါ အရွက်ကို ငါးကြင်း သားနှင့် ချက်စား ပါက ကိုယ်တစ်ခြမ်း သေရောဂါ ပျောက်၏ ။





ဘုမ္မသိန်

၂။ အကြောဆွဲ ၊ ခြေသေ ၊ လက်သေ ၊ လေမလျှောက် ၊ ကိုယ်တစ်ခြမ်းလေး ၊ အခိုးမပွင့် သည့်ရောဂါ ၊ လေငန်း ဖြစ်စ ရောဂါ ၊ ကိုယ်လက် ကိုက်ခဲသည့် ရောဂါ များကို ဘုမ္မသိန် ၊ အရက် ၊ နှမ်းဆီ ၊ သံပရာ ရည်များနှင့် ဖျော်စပ် လိမ်းပေးလျှင် သက်သာ ပျောက်ကင်း၏။ 


၃။ အထုံ အကျဉ် ၊ အချိအနဲ့ ၊ အကြောဆွဲ ၊ လက်ကပ် ခြေကပ် ဖြစ်လျှင် မုန်ညင်းဆီ တစ်ဆ ၊ နှမ်းဆီ တစ်ဆ ကို တောင်ဆိတ် ဆီ သို့မဟုတ် တောဆိတ် ဆီနှင့် ဖျော်၍ ပွတ်လိမ်းပေး က ပျောက်၏။

ကလေးများ စကားမပြောခြင်း၊ မပီသခြင်း

ပတဲကောလေး

၁။ ကလေးများ စကား ပြောချိန် တန်လျက် မပြောခြင်း၊ မပီသခြင်း တို့အတွက် ပတဲကောလေးအမြစ်ကို သွေး၍ လျှာပွတ်ပေး ခြင်း၊အနည်းငယ် ခွံ့ပေးခြင်း ပြုပါက လျင်စွာ စကား ပြောစေ၏။

သုတ်ခန်းသော ရောဂါ

ပင့်ကူ ထိပ်ပိတ်
၁။ ကိုယ်သား ကိုယ်ရေ ဝါသော ရောဂါ နှင့် သုတ်ခန်းသော ရောဂါ အတွက် ပင့်ကူ ထိပ်ပိတ် ပင်ကို ပြုတ်သောက် ခြင်း ၊အရည်ညှစ် သောက်ခြင်း၊ အမြစ် ကို သွေး၍ လည်းကောင်း၊ ကြိတ်ညှစ်၍ လည်းကောင်း သောက်ခြင်း၊ အရွက်၊ အပွင့် ၊အသီး တို့ကို ပြုတ်တို့၊ သုပ်စား ၊ချက်စား ခြင်းဖြင့် လည်းကောင်း ပျောက်ကင်း စေနိုင်၏။(ဆေး အဖြစ် သုံးခြင်း၌ သကြား အနည်း ငယ် စပ်၍ သုံး ရ၏။  


ခွေးလှေးယာ
၂။ ခွေးလှေးယားစေ့ကို အမှုန့်ပြု၍ နွားနို့သောက်လျှင် သုက်အားကို အထူးပွားစေ၏ ။ အမျိုးသမီးများ နို့ထွက်စေ၏ ။ 

၃။ ခွေးလှေယားစေ့နှင့် ခွေးလှေယားမြစ်ကို ဆတူအမှုန့်ပြု၍ ယင်းအမှုန့်နှင့် သကြားဆတူရောပြီး နွားနို့နှင့် နေ့စဉ်သောက်ပါက ကျန်းမာဝဖြိုးပြီး သုက်အားကို အလွန်အမင်း ကောင်းစေပါသည်။


အကြောထုံး၊ အကြောတင်၊ အဆစ်ရောင်ခြင်း

တောရဲယို

၁။ နီပါးဆေးပင်(တောရဲယို)အရွက်သို့မဟုတ် အခေါက်ကို ကြိတ် ၍ရသော အရည်ဖြင့် အကြောထုံး၊ အကြောတင်၊ အဆစ်ရောင်ခြင်း ၊ နာကျင်ခြင်း ဖြစ်သော နေရာများ ပေါ် တွင် လိမ်းပေးပါ က ပျောက်ကင်း ၏ ။



ပင့်ကူ ထိပ်ပိတ်
၂။ ပင့်ကူ ထိပ်ပိတ် ရွက်ကို ကြိတ်၍ ရသော အရည်၌ ပိတ်ချင်းသီး မှုန့် အနည်းငယ် ရောသောက် သော် အကြော ၊ အဆစ် ရောင်ရောဂါ ပျောက်၏။





ပဒိုင်းညို
၃။ ပဒိုင်းညိုအရွက် ကို မီးကင်၍ ကပ်ပေး ပါက အဆစ်ရောင် ရောဂါ နှင့် အရိုးကိုက် ရောဂါ ပျောက်၏။ 





ပတဲကောလေး

၄။ ပတဲကောလေးကိုဆီနှင့်ချက်၍လိမ်းနယ် ပေးသော်အကြောတက်ခြင်း၊
 လေးလံ ခြင်းရောဂါ ပျောက်ကင်း၏။  




ပိတ်ချင်း

၅။ လေဖြတ် ၍ အဆစ် များ ရောင်ခြင်း၊ ခါးကိုက် ခြင်းတို့ ဖြစ်ပါက ပိတ်ချင်းအမြစ်မှုန့် အနည်းငယ် ကို ရေနွေး နှင့် သောက်ရသည်။  




မင်းကိုကာ

၆။ မင်းကိုကာ အမြစ်ဥ နှင့် ရှဉ့်မတက် ဥ ဆတူ ကျို၍ သောက်သော် အဆစ်ရောင် ရောဂါ ပျောက်၏။




မုန်ညင်းဖြူ

၇။ မုန်ညင်းဖြူ စေ့ကို ကွမ်းစားဂမုန်း နှင့်သွေးပြီး လိမ်းသော် အဆစ်ရောင် ခြင်း ပျောက်၏။  




ယူကလစ်

၈။ အဆစ် အမျက် ကိုက်ခြင်း နှင့် ရောင်ခြင်း ဖြစ်လျှင် သံလွင်ဆီ နှင့် ယူကလစ်အဆီ ဆတူ ရော၍ လိမ်းက ပျောက်၏။  




ရွက်ကျ ပင်ပေါက်

၉။ ရွက်ကျ ပင်ပေါက် အရွက်ရည် ကို လိမ်းပေးက အဆစ်လွှဲ ၊ အကြောထုံးခြင်း နှင့် မီးလောင်သော အနာများ ပျောက်ကင်း ၏။  




ရှဉ့်မတက်ဥ

၁၀။ အဆစ်ရောင်ခြင်း၊ ကိုက်ခြင်း စသော တစ်ကိုယ်လုံး ဖောက်ပြန်သော လေရောဂါ အတွက် ရှဉ့်မတက်ဥ ရည်သက်သက် ဖြင့် ချက်ထားသော ဆီသက်သက် ကို လိမ်းကျံ ပေးရ၏။  



လက်ထုတ်ကြီး

၁၁။ လက်ထုတ်ကြီး အခေါက် ကို လှော်၍ အမှုန့်ပြုပြီး ပျားရည် ထောပတ်တို့ နှင့် ရော၍ သုံးဆောင်ပါက အကြော ရောင်ရောဂါ ပျောက်၏။  



လင်းလေ

၁၂။ လင်းလေကို သီဟိုဠ် သရက်စေ့ အဆီဖြင့် ရောလိမ်း ပါက အဆစ်ရောင်ခြင်း ၊ အကြောထုံး ခြင်း ပျောက်၏။




သင်္ဘော

၁၃။ သင်္ဘောရွက် ကြိတ်ညှစ်ရည်တွင် ဘိန်းအနည်းငယ် ရောလိမ်းသော် အကြောတက်ခြင်း ပျောက်၏။  




ဟင်းနုနယ်

၁၄။ ဟင်းနုနယ်ဆူးပေါက်အမြစ်ကို သွေး၍ လိမ်းခြင်း ၊ ကြိတ်၍ အုံပေးခြင်းဖြင့် အကြောတက်ရောဂါ ပျောက်၏ ။




ဣဿရမူလီ

၁၅။ ဣဿရမူလီအမြစ်မှုန့်နှင့် ဂျုံပြာ၊ ဆား ဆတူ ရောစပ်၍ ရေနွေးနှင့် သောက်ခြင်း၊ အဆစ်ရောင်သော နေရာများ၌ လူးပေးခြင်းဖြင့် ကိုယ်လက် ကိုက်ခဲခြင်းနှင့် အဆစ်ရောင်ခြင်း ပျောက်၏။  



ကောက်ရိုးနွယ်

၁၆။ အရိုးအဆစ်နာသောနေရာ၌ ကောက်ရိုးနွယ်ပဉ္စငါးပါးကို ကြိတ်၍ ကြပ်ထုပ်စည်းပေးလျှင် ပျောက်၏ ။




ခွေးတောက်ရွက်

၁၇။ ခွေးတောက်ရွက်ကို သကြားနှင့် ထောင်း၍ အုံပေးပါက အကြောအဆစ်လွဲခြင်း ပျောက်၏ ။  




ချေးသီး

၁၈။ချေးသီးကိုကြိတ်၍ လိမ်းအုံပေးသော် အဆစ်ရောင်ရောဂါပျောက်၏။

  




ပေါက်ပန်းဖြူ

၁၉။ ပေါက်ပန်းဖြူ မြစ်ကို ရေနှင့်ကြိတ်၍ မီးဖြင့် နွှေးပြီး အဆစ်အဆက် ရောင်သော နေရာများတွင် လိမ်းပေးသော်ပျောက်၏ ။




ရွေးကလေး

၂၀။ ရွေးကလေး အရွက် ကို မုန်ညင်း ဆီနှင့် ကြိတ်၍ အဆစ်ရောင် သော နေရာနှင့် အကြောထိုး သော နေရာ များသို့ စည်းပေး ခြင်း ၊ လိမ်းပေးခြင်း ပြုက ရောဂါ ပျောက် ကင်း၏။ 
မှတ်ချက်။ ။ ရွေးကလေးပင်သည် အဆိပ် ရှိသော ဆေးပင် ဖြစ်၍ လိုသည်ထက် ပို ၍ သုံးဆောင် သော် ဝမ်းလျှောခြင်း ၊ အန်ခြင်း ၊ အင်အား ဆုတ်ယုတ်ခြင်း ဖြစ်တတ်၏။ တစ်ရွေး ခွဲမှ ၃ ရွေး အထိသာ သုံးနိုင်၏ ။


ရေသကျည်း

၂၁။ အဆစ်ရောင် ရောဂါ၊ ကိုယ်လက် ကိုက်ခဲသော ရောဂါ များအတွက် ရေသကျည်း အရွက်ကို ပြုတ်သောက် ရ၏။ 
 



လေးညှင်း

၂၂။ လေးညှင်းဆီကို မုန်ညင်းဆီနှင့် ရောလိမ်းသော် အဆစ် အမျက် ကိုက်ခဲ နာကျင်ခြင်း များပျောက်၏။  




ကြောင်ပန်း

၂၃။ ကြောင်ပန်း အရွက်ကို အရည်ညှစ်သောက်ခြင်းဖြင့် လည်းကောင်း ၊ ကြော်စားခြင်းဖြင့်လည်းကောင်း အကြော ရောဂါများ ပျောက်ကင်း၏ ။ 




ကြောင်ရိုသေ

၂၄။ ကြောင်ရိုသေပင်အရွက်ရည်ကို ကြက်ဆူဆီနှင့် ရော၍ အဆစ်အမျက်ကိုက်ရာတွင် လိမ်းပေးသော် ပျောက်ကင်းစေ၏။
  



ကြက်ဟင်းခါး
၂၅။ ကြက်ဟင်းခါး အသီးနုအရည်ကို မီးပေါ်၌ နွေး၍ လိမ်းပေးလျှင် အဆစ်ရောင်ရောဂါ ပျောက်၏ ။


Wednesday, January 16, 2013

ကိုယ်ဝန်တည်စ ဖြစ်သော အန်ခြင်း ၊ပျို့ခြင်း ၊ နှလုံးနာခြင်း

နံနံပင်

၁။ နံနံစေ့ကို သကြားနှင့် ပြုတ်ပြီး အအေးခံ ၍ ဆန်ဆေး ရည်နှင့် ရောသောက်ပါက မိန်းမများ ကိုယ်ဝန်တည်စ ဖြစ်သော အန်ခြင်း ၊ပျို့ခြင်း ၊ နှလုံးနာခြင်း များ ပျောက်၏ ။ 

 


လေးညှင်း
၂။ လေးညှင်းပွင့် ကို သွေး၍ သကြားခဲ ကျိုရည် ပျစ်ပျစ် နှင့် ရောလျက်သော် ကိုယ်ဝန် တည်စ အန်သော ရောဂါ ပျောက်၏။

တွဲဖက်၍ မစားသင့်သော အစာများ

ဆရာဝန်တွေက သဘောတူထားတာတွေ ဟုတ်ချင်မှ ဟုတ်ပါမယ်။ မြန်မာတွေစားသုံးကြတဲ့ အစားအစာတွေကို လေ့လာမှုတွေ၊ သုတေသနတွေ အလွန်အားနည်းနေသေးလို့၊ သတိသမ္ပဇဉ် ဆင်ခြင်ပြီး စားသုံးသင့်ကြပါတယ်။
• ကကတစ် နှင့် ကြာဟင်း
• ကုန်းကျေး နှင့် ပုစွန်
• ကန့်ချုပ်နီ နှင့် သေရည်သေရက်အမျိုးမျိုး
• ကျွဲခေါင်းသီး နှင့် အချဉ်အမျိုးမျိုး (သံပရာသီး)
• ကျွဲခေါင်းသီး နှင့် လက်ဖက်
• ကြေးခွက် နှင့် အချဉ်အမျိုးမျိုး
• ကုန်းငှက်သား နှင့် ကြက်ဆူဆီ
• ကန်စွန်းမြစ် နှင့် နှမ်းမှုန့်
• ကြာစွယ် နှင့် ဝက်သား
• ကြက်ဆူဆီ နှင့် ခါသား
• ကြက်ဆူသီး နှင့် ငှက်သား
• ကောက်ညှင်း နှင့် ရေငန်သီး
• ကတိုး နှင့် သရက်သီး
• ကြံတင်လဲ နှင့် နှမ်းမှုန့်ဆုပ်
• ကင်းပုံရွက်/သီး နှင့် နှမ်းဆီ
• ကင်းပိတ်ရွက် နှင့် နှမ်းဖတ်ချဉ် နှမ်းဆီ
• ကြာပဒုမ္မာစေ့ နှင့် ငှက်တော်သား
• ကျောက်ဖရုံ နှင့် အိုးမဲ
• ကြောင်လျှာသီး နှင့် ငါးသေတ္တာ
• ကြောင်လျှာသီး နှင့် ကြက်သား
• ကျေးသား နှင့် ဘူးသီး
• ကျွဲသား နှင့် ကြာစွယ်ကြာဥ
• ကြက်သွန်ဖြူ နှင့် နိူ့ရည်
• ကြံ့သား နှင့် ငါးခူ၊ ငါးဒန်
• ကြက်သား နှင့် အင်ဖူး
• ကြက်ဟင်းခါးသီး နှင့် မှို
• ကြက်ဟင်းခါးသီး နှင့် ကြက်သား
• ကိုင်းဥ နှင့် ပုဇွန်ချဉ်
• ကြက်ဥ နှင့် ခံသီး
• ကြက်ဥ နှင့် တမာရွက်၊ တမာဖူး
• ချင်း နှင့် သင်္ဘောသီး၊ သင်္ဘောပွင့်
• ချောကလက် နှင့် စောင်းလျား
• ချောကလက် နှင့် ပဲမြစ်
• ချိုချဉ် နှင့် ပဲငါးပိ
• ချဉ်ဆီ နှင့် ထောပတ်
• ခရမ်းပိမ့်သီး နှင့် နိူ့ရည်
• ခရု နှင့် အမဲသား
• ခိုသား နှင့် ချင်းစိမ်း
• ခိုသား နှင့် ခြေလေးချောင်းသား
• ခိုသား နှင့် မုန်ညင်းဆီ
• ခံသီး နှင့် ငရုတ်ကောင်း
• ခံသီး နှင့် နို့ရည်
• ချီးသီး နှင့် နို့ရည်
• ခံသီး နှင့် ပီလောပီနံဥ
• ချိုချဉ်သကြားလုံး နှင့် စိမ်းစားဥ
• ဂွေးရွက် နှင့် နို့ရည်
• ဂွေးသီး နှင့် အာတာလွတ်ဥ
• ဂွေးသီး နှင့် နို့အေးချောင်း
• ဂွေးသီး နှင့် ပီလောပီနံဥ
• ဂျယ်လီ နှင့် ကော်ဖီ
• ငရုပ်ကောင်း နှင့် ခံသီး
• ငွေ နှင့် ရှိန်းခို
• ငါးချက်သောအိုး နှင့် ပိတ်ချင်းရွက်
• ငါးဆီ နှင့် ပိတ်ချင်းရွက်
• ငှက်ပျောသီး နှင့် မှို
• ငါးရံ့သား နှင့် ပွေးသား
• ငုံးသား နှင့် စောင်းလျား
• ငုံးသား နင့် ခိုသား
• ငှက်သား နှင့် ကြက်ဆူဆီ
• ငါးပူတင်းဥများ
• ငှက်ပျောသီး စားပြီရေအေးသောက်ခြင်း
• စတော်ဘယ်ရီ နှင့် သီးသီး
• စားတော်ပဲ နှင့် သီးသီး
• စိန် နှင့် သံပရာသီး
• စိမ်းစားဥ နှင့် ချောကလက်
• စိမ်းစားဥ နှင့် ရေခဲချောင်း
• စပါးကြီးမြွေသား နှင့် ကြောင်လျှာသီး
• စောင်းလျားသီး နှင့် ခိုသား
• စောင်းလျားသီး နှင့် ရှောက်သီး
• ဆေးခြောက် နင့်နနွင်းရည်
• ဆီ နှင့် ဆီခဲစပ်တူ
• ဆင်သမနွယ်ရွက် နှင့် နို့ရည်
• ဆောင်မေခါးရွက် နှင့် နို့ရည်
• ဆိတ်ဖူး နှင့် ငှက်ပျောဖူး
• ဆိတ်သား နှင့် ကျွဲသား
• ဆတ်သား နှင့် ဆူးပန်းရွက်
• ဆတ်သား နှင့် နို့ရည်
• ဆိတ်နို့ နှင့် ဆူးပန်းရွက်
• ဆပ်ပြာ နှင့် အုန်းရည်
• ဆပ်ပြာ နှင့် အချဉ်မျိုး
• ဆိတ်နို့ဆိတ်သား နှင့် ငါးကြီးဆီ
• စောင်းလျားသီး နှင့် ပီလောပီနံဥ
• ဉာဏ်ရွက် နှင့် သေရက် အမျိုးမျိုး
• တလည်းသီး နှင့် နို့ရည်
• တလည်းသီး နှင့် ပဲကြီး
• တောပဲရိုင်း နှင့် နို့
• တောင်ပိန္နဲသီး နှင့် နို့ရည်
• တေဇောဘမ်း နှင့် ခါချဉ်ကောင် ကိုက်သည် ကိုမလိမ်းရ၊
• ထနောင်းရွက် နှင့် မန်ကျည်းသီးမှည့်
• ထုံး နှင့် မြင်းသား
• ထန်းလျက် နှင့် နလင်ကျော်
• ထန်းလျက် နှင့် သပြေသီး
• ထန်းရည်ချို နှင့် ဝက်သား
• ထန်းသီး နှင့် နို့မျိုး ချဉ်
• ထန်းလျက် နှင့် သပြေသီး
• ထောပတ် နှင့် ကြေးခွက်
• ထောပတ် နှင့် ဆီခဲအမျိုးမျိုး
• ထုံးရေတို့တွင် ဖြစ်သောငါး လိပ်အစရှိသည် နှင့် နို့ရည်
• ထန်းရည်ကိုငှက် ပျောသီး စားပြီး သောက်ခြင်း
• ထန်းသီးကိုငှက်ပျော သီးစားပြီး စားခြင်း
• ဒန့်သလွန်ရွက် နှင့် နို့ရည်
• ဒန့်သလွန်သီး နှင့် ကလောဥ
• ဒိန်ချဉ် နှင့် ထန်းသီးမုန့်
• ဒုတ္တာ နှင့် အချဉ်မျိုး
• ဒူးရင်းသီး နှင့် ရှိန်းခို
• ဒေါင်းသား နှင့် နို့ချဉ်
• ဒေါင်းသား နှင့် ပီလောပီနံ
• နလင်ကြော် နှင့် ထန်းလျက်
• နလင်ကြော် နှင့် အချဉ်
• နို့ခဲပျက် နှင့် ပဲဒလက်
• နို့မျိုး နှင့် ဆား
• နို့မျိုး ချဉ် နှင့် ပီလောပီနံဥ
• နို့စိမ်း နှင့် အချဉ်မျိုး
• နို့ရည် နင့် စောင်းလျားသီး
• နို့ရည် နှင့် ကုလားပဲ
• နို့အေးချောင်း နှင့် သခွားသီး
• နို့အေးချောင်း နှင့် ဘူးသီး
• နှမ်းမှုန့်ဆုပ် နှင့် တလည်းသီး
• ပတဲကော နှင့် သံပရာသီး
• ပဒုမ္မာကြာရွက်နု နှင့် ပျားရည်
• ပရုတ်ဆီ နှင့် ကရင်နီကောင်ကိုက်သည့်နေရာကို မလိမ်းပါနှင့်
• ပဲကြီး နှင့် မုန်လာ
• ပဲဒလက်စေ့ နှင့် ဆူးပန်း
• ပဲလင်းမြွေသီး နှင့် လင်းမြွေသား
• ပဲဒလက်စေ့ နင့်ဆိတ်သား
• ပဲစိမ်းစားဥ နှင့် ချိုချဉ်အမျိုးမျိုး
• ပိန္နဲသီး နှင့် ပျားရည်
• ပီလောပီနံ နှင့် ပျားရည်
• ပီလောပီနံ နှင့် ပေအူ
• ပေရည် နှင့် ငှက်သား
• ပျားရည် နှင့် သင်္ကန်းဖွယ် ငှက်သား
• ပျားရည် နှင့် မိုးရည်
• ပျားရည် နှင့် ကင်းပိတ်ရွက်
• ပျားရည် နှင့် ရှားစောင်း
• ပျားရည် နှင့် ပိတ်ချင်းရွက်
• ပုန်းရည် နှင့် ဗျိုင်းအောက်သား
• ပြောင်းသား နှင့် နို့ရည်
• ပိုင်ရီတွန် (Piriton) နှင့် အရက်
• ဖရဲသီး နှင့် နို့မျိုး
• ဖရဲသီး နှင့် ဘဲဥ
• ဖားသား နှင့် မှို
• ဖွတ်သား နှင့် ကြက်ဆူဆီ
• ဖောင်စီးဂဏန်း နှင့် မှို
• ဖန်ခါးသီး နှင့် ပုဒမ္မာကြာရွက်
• ဖန်ခါးသီး နှင့် ပီလောပီနံဥ
• ဗုံလုံသီး နှင့် ပီလောပီနံ
• ဗျိုင်းသား နှင့် ဝက်ဆီ
• ဗျိုင်းအောက်သား နှင့် ဝက်ဆီ
• ဗျိုင်းနှမ်းနှင် သေရည်
• ဘူးသီး နှင့် ကြက်တူရွေးသား
• ဘာစပရိုဆေးပြား နှင့် သံပရာသီး
• ဘာမီတွန် Burmeton ဆေးပြား နှင့် ထန်းလျက်ခဲ
• ဘာမီတွန် Burmeton နှင့် Tiffy တစ်ဖီအစိမ်းရောင် ကတ်
• ဘီလုံးငှက်သား နှင့် ကြက်ဆူဆီ
• ဘာစပရို Buspro ဆေးပြားကို အစာခံမရှိဘဲမသောက်ရ၊
• မဲနယ်အိုး နှင့် သားငါး
• မဲဇလီဖူးရွက် နှင့် လက်ဖက်သုပ်
• မိချောင်းသား နှင့် နနွင်း
• မန်ကျည်းသီး နှင့် နို့ရည်
• မင်းကွတ်သီး နှင့် သကြား
• မတ်ပဲ နှင့် တင်လဲ
• မတ်ပဲ နှင့် မုန်လာ
• မုန်ညှင်းဆီ နှင့် သင်္ကန်းဖွက်ငှက်
• မုန်လာမြစ် နှုင့်ပျားရည်
• မုန်လာ နှုင့် မတ်ပဲ
• မှို နှင့် ရှားစောင်း
• မြေပဲဆန် နှင့် ကြက်ဟင်းခါးသီး
• မြေဇာဥ နှင့် သစ်ကြားသီး
• မျောက်တည်သီး နှင့် နို့ရည်
• မြွေသား နှင့် ငါးရံသား
• မြန်မာလျက်ဆား နှင့် သွားတိုက်ဆေး
• မြင်းခွာရွက် နှင့် သခွားသီး
• မက်ထရိုနီဒါဇော (Meronidazole) နှင့် အရက်
• ယုန်သား နှင့် မှို
• ရာဘာချဉ် နှင့် ဆိတ်သား
• ရှာလကာချဉ် နှင့် ပီလောပီနံ
• ရိုးနီပီလောပီနံ နှင့် အချဉ်မျိုး
• ရေခဲသုပ် နှင့် ချင်းသုပ်
• ရေငန်သီး နှင့် လက်ဖက်
• ရှားစောင်းချဉ် နှင့် အမဲသား
• ရှားစောင်း နှင့် ကုလားဗရာကြော်
• ရှောက်သီး နှင့် စောင်းလျားသီး
• ရှောက်သီး နှင့် ပီလောပီနံ
• ရှောက်သီး နှင့် ပဲစိမ်းစားဥ
• ရှောက်သီး နှင့် ခိုသား
• ရှောက်သီး နှင့် နို့ရည်
• ဝက်သားချဉ် နှင့် မဲနယ်အိုး
• ဝက်သား နှင့် ဒိန်ချဉ်
• ဝက်သား နှင့် နွားနို့
• ဝမ်းဘဲဥ နှင့် ဖရဲသီး
• ဝမ်းဘဲဥ နှင့် ပေသီးပေရည်
• ဝါစေ့/ ဝါဆီ နှင့် သမင်သား
• ဝါးမျှစ် နှင့် အင်ဥ
• သမုန်းမြစ် နှင့် အချဉ်ချက်သောအိုး
• သမုန်းရွက် နှင့် ငါးချက်သောအိုး
• သကြားပြာ နှင့် ပျားရည်
• သမင်သား နှင့် ဝါရွက်
• သပြေသီး နှင့် ပီလောပီနံ
• သံပရာသီး နှင့် ပီလောပီနံ
• သံပရာသီး နှင့် နို့ရည်
• သံပရာသီး နှင့် စိမ်းစားဥ
• သားငါးအဆီ နှင့် ထောပတ်
• သားငါးတို၏အဆီ နှင့် ချဉ်ဆီ
• သားမျိုးဟင်း နှင့် နှမ်းမှုန့်
• သေရက်မျိုး နှင့် သမုန်း ဧကရာဧ်
• သေရည်သေရက် နှင့် နှမ်းမှုန့်ဆုပ်
• သေရက်မျိုး နှင့် ပိတ်ချင်းရွက်
• သေရည် နှင့် ဗျိုင်းအောက်သား
• သေရည်သေရက် နှင့် နို့အမျိုးမျိုး
• သစ်ကြားသီး နှင့် ဝက်မြေဇာဥ
• သည်းခြေ နှင့် သားဟင်းမျိုး
• ဟင်းငန်ရွက် နှင့် နှမ်းဖတ်
• ဟစ်တမင်း (Histamine) နှင့် အရက်
• အင်ဥ နှင့် ပြောင်းဆန်
• အမဲသားချဉ် နှင့် မဲနယ်အိုး
• အရက် နှင့် ဘိန်း
• အရက် နှင့် Burmeton ဘာမီတွန်
• အချဉ်မျိုး နှင့် နို့မျိုး
• အိမ်ဆီးချို နှင့် နို့ရည်
• အုန်းသီး နှင့် နိုရည်
• အုန်းရည် နှင့် ပျားရည်
• အုံတုံဆံ နှင့် ကလောဥ
• ဥသျှစ်သီး နှင့် ပျားရည်
• ဥဒေါင်းသား နှင့် ကြက်ဆူဆီ
• ဥမျိုး နှင့် ကြက်ဆူဆီ
• ဥသျှစ်သီး နှင့် ကင်းပိတ်ရွက်
• သြဇာသီး နှင့် ပျားရည်
• တွဲဖက်စားလျှင်သေစေနိင်သောအစားအစာများ
• ကြက်ဆူသီး + ငှက်သား = သေ
• ကျေးသား + ဘူးသီး = သေ
• ကြောင်လျှာသီး + ငါးသေတ္တာ = သေ
• ကြောင်လျှာသီး + ပဲဒလက် = သေ
• ကြောင်လျှာသီး + စပါးကြီးမြွေ = သေ
• ကျွဲကောသီးး + သံပရာသီး = သေ
• ကျွဲခေါင်းသီး + သံပရာသီး = သေ
• ကိုင်းဥ + ပုစွန်ချဉ် = သေ
• ချောကလက် + စောင်းလျားသီး = သေ
• ချောကလက် + ပဲမြစ် = သေ
• ခိုသား + ချင်း = သေ
• ခိုသား + ဖရုံသီး = သေ
• ချင်း + သင်္ဘောသီး = သေ
• ဂွေးသီး + အာတာလွတ် = သေ
• ငှက်ပျောသီး + ထန်းသီး = သေ
• တညင်းသီး + ရှိန်းခို = သေ
• ထန်းလျက် + နလင်ကျော် = သေ
• ထန်းလျက် + ၂၇ ပါးဆေး = သေ
• နို့ဆီ + ကိုးပါးဆေး = သေ
• နွားနို့ + အချဉ်အမျိုးအမျိုး = သေ
• နွားနို့ + မှို = သေ
• နို့အေးချောင်း + ဂွေးသီး = သေ
• ပျားရည် + သြဇာသီး = သေ
• ပျားရည် + အုန်းသီး = သေ
• ပျားရည် + ဥသျှစ်သီး = သေ
• ပီလောပီနံ + ပဲကြားလှော် = သေ
• ပီလောပီနံ + မျှစ်ချဉ် = သေ
• ပီလောပီနံ + ဒေါင်းသား = သေ
• ပီလောပီနံ + အချဉ်အမျိုးမျိူး = သေ
• မင်းကွတ်သီး + သကြား = သေ
• မှို + တညင်းသီး = သေ
• မိုင်လို + ပဲမြစ် = သေ
• မှို + ဖားသား = သေ
• မှို + လယ်ကဏန်း = သေ
• မှို + ယုန်သား = သေ
• ရေခဲမုန့် + ချင်းသုပ် = သေ
• ရှောက်သီး + နွားနို့၊ နို့ရည် = သေ
• လက်ဖက် + ကျွဲခေါင်းသီး = သေ
• ဝက်သား + ထန်းရည်ချို = သေ
• ဝက်သား + ဗျိုင်းသား = သေ
• ဝက်သား + ကြာရိုးကြာစွယ် = သေ
• သပြေသီး + ထန်းလျက် = သေ
• သိုးသား + စောင်းလျားသီး = သေ
• အမဲသား + ခရု = သေ
• အုန်းနို့ခေါက်ဆွဲ + Pepsy ပက်ပစီ = သေ

(မြန်မာ့အွန်လိုင်းစွယ်စုံကျမ်း)


အသားမာပေါက်ခြင်း

ဆူးပုပ်ပင်

၁။ ဆူးပုပ်ရွက်ကို စားခြင်းဖြင့် အသားမာပေါက်ခြင်းကို ပျောက်စေသည်။

မီးလောင်၊ ရေနွေးပူလောင်

ဆီးဖြူ
 
၁။ မီးလောင်၊ ရေနွေးပူလောင်သော အနာများတွင် ဆီးဖြူရွက်ကို အကျွမ်းလှော်၍ အမှုန့်ပြုပြီး ဖြူးပေးရ၏။




ဝါပင်

၂။ ဝါစေ့ အဆံကို ကြိတ်၍ မီးလောင်နာ များကို လိမ်းပေးက ပူလောင်ခြင်း ပျောက်၏။  





ဖန်ခါး

၃။ဖန်ခါးသီး အခြောက်မှုန့် နှင့် အုန်းဆီ ရော၍ မီးလောင် ဖု များကို လိမ်းပေး သော် အနာ သက်သာ စေသည်။




မီးကွင်း ဂမုန်း

၄။ မီးလောင် အပူလောင် ခြင်း ဖြစ်သော် မီးကွင်း ဂမုန်း အရွက်နုကို သကြား အနည်းငယ် ရောပြီး ထုထောင်း ကြိတ် ခြေ၍ လိမ်းပေး ရ၏ ။




ဗောဓိညောင်
၅။ ဗောဓိညောင် ခေါက်ကို မီးလောင်နာ၊ နို့နာ ၊ မေးခိုင်နာ ၊ တိရစ္ဆာန်များ၌ ပိုးကျသောအနာများ ကုသသော ဆေးဖော်စပ်သုံး၏ ။ 





ကြစု

၆။ ကြစုသီးကို ရေနှင့်သွေး၍ ပျားရည်၊ နှမ်းဆီတို့နှင့် ရောပြီး မီးလောင်သောနေရာ ၊ ရေနွေးပူလောင်သော နေရာတို့၌ လိမ်းကျံပေးရ၏။



ကြိတ်မှန်

၇။ ကြိတ်မှန်ရွက်ရည်နှင့် ပင်စိမ်းရွက်ရည်ရော၍ တစ်နေ့ ၂ကြိမ် ခန့် မီးလောင်နာပေါ်တွင် လိမ်းပေးသော် ပူလောင်ခြင်း ပျောက်၍ အမာရွတ်များလည်း ပျောက်ကင်းသည်။


ကျဗဟုံးနာ

ဆီးဖြူ
 
၁။ ဆီးဖြူရွက်ကို ကျွမ်းအောင် လှော်ပြီး အုန်းဆီနှင့် ရော၍ ကလေးများ၌ ဖြစ်တတ်သော ကျဗဟုံးနာများကို လိမ်းပေးက ပျောက်၏။




လောက်သေ

၂။ လောက်သေရွက် နှင့် ဆောက်ပြာရွက် ၂ မျိုးကို ပြုတ်၍ ရေနွေးနွေး ဖြင့် မီးဖွား ပြီး နောက် မိခင် ကို လည်းကောင်း ၊ ကလေးကို လည်းကောင်း ချိုးပေးပါက ကျဗဟုံး ရောဂါ ၊ မွေးကတည်း က ပါလာတတ်သော သူငယ်နာ မျိုးစုံ ၊ အကြောတက် ၊ အကြောကပ် ရောဂါနှင့် မိဘကိုယ်မှ ကူးစက်တတ် သော ရောဂါ များကို ကာကွယ်နိုင် ၏။