Thursday, December 20, 2012

ဘယ်သူမပြု မိမိမှု




ကိုယ့်အိမ်မှာ ကိုယ်ဘာလုပ်နေလဲ၊
ကိုယ့်ရပ်ကွက်မှာ ကိုယ်ဘာလုပ်နေလဲ၊
ကိုယ့်မြို့ရွာမှာ ကိုယ်ဘာလုပ်နေလဲ၊
ကိုယ့်တိုင်းပြည်မှာ ကိုယ်ဘာလုပ်နေလဲ။

ရှေ့ကဦးဆောင်နေလား၊ နောက်ကလိုက်နေလား၊
ဘေးထွက်ထိုင်နေလား၊ ဒါမှမဟုတ် ဖျက်လိုဖျက်ဆီးလုပ်နေလား၊
ရှေ့ကဦးဆောင်နေတယ်ဆိုရင် ခေါင်းဆောင်ကောင်းပီသပါ၊
နောက်ကလိုက်နေတယ်ဆိုရင် နောက်လိုက်ကောင်းပီသပါ၊
ဘေးထွက်ထိုင်နေတယ်ဆိုရင် အေးအေးဆေးဆေးနေပါ၊
ဖျက်လိုဖျက်ဆီးလုပ်နေတယ်ဆိုရင်တော့ မင်း `လူ´မဟုတ်တော့ဘူး။
လူဆိုတာကိုယ့်တာဝန် ကိုယ်သိရမယ်၊
အိမ်မှာနေရင် အိမ်စည်းကမ်း၊
ရပ်ကွက်မှာနေရင် ရပ်ကွက်စည်းကမ်း၊
မြို့ရွာမှာနေရင် မြို့ရွာစည်းကမ်း၊
တိုင်းပြည်မှာနေရင် တိုင်းပြည်စည်းကမ်း (ဥပဒေ)လိုက်နာရမယ်။
စည်းကမ်းမလိုက်နာလို့အပြစ်ပေးခံရပြီဆိုရင်တော့၊
ဘယ်သူ့ကိုမှအပြစ်မတင်နဲ့  မင်းကိုယ်မင်းအပြစ်တင်လိုက်။
(ဘယ်သူမပြု မိမိမှု)
Ko Tun Lwin (သုတဘုံ) (3/12/2012  1:15 AM)

No comments: