Thursday, December 20, 2012

အုတ်တစ်ချပ် သဲတစ်ပွင့်



ဒီမိုကရေစီ… ဒီမိုကရေစီ…
ဒီမိုကရေစီ… ဒီမိုကရေစီ…
ဒီမိုကရေစီ… ဒီမိုကရေစီ…
အသံတွေကြားနေရတယ် ဘယ်ကလာတဲ့အသံတွေလဲ၊
လက်ဖက်ရည်သောက်ရင်း ဘီယာသောက်ရင်း၊
ကေတီဗွီဆိုရင်း မာဆတ်မှာဇိမ်ခံရင်း၊

အော်မနေနဲ့
ဆိုင်းထီးစိုင်သီချင်းလေးနားထောင်ကြည့်
ထိုက်တန်တဲ့ရင်းနှီးမှုတော့ရှိရမယ်
မယုတ်မလွန်တဲ့ကျိုးစားမှုတော့စိုက်ရမယ်
နတ်စီတဲ့အိပ်မက်လှလှများ လွယ်လွယ်နဲ့မရ…
ဒီတော့
အုတ်တစ်ချပ်လား သဲတစ်ပွင့်လား၊
ကြိုက်တဲ့နေရာမှာနေလိုက်၊
အော်နေစရာမလိုဘူး အလိုလိုရောက်လာလိမ့်မယ်။


Ko Tun Lwin (သုတဘုံ) 3/12/2012  2:13 AM
 

No comments: