Thursday, December 27, 2012

ပင်စိမ်းရွက်၏ ရောဂါကာကွယ်နိုင်စွမ်း



ပင်စိမ်းရွက်မှာ ရောဂါကာကွယ်နိုင်စွမ်းနဲ့ ကျန်းမာရေး ကောင်းမွန်စေတဲ့ အစွမ်းတွေပါဝင်တာကြောင့် ဆေးဖက်ဝင် အပင်တစ်မျိုးအဖြစ် အသိအမှတ်ပြုထားကြတာပါ။
ရောင်ရမ်းမှုကျစေတဲ့ အစွမ်းရှိပါတယ်

ပင်စိမ်းရွက်မှာ eugenol, citronellol, linalool, citral, limonene နဲ့ terpineol ဆိုတဲ့ ကျန်းမာရေးအကျိုးပြု မရှိမဖြစ်ဆီတွေ ပါဝင်ပါတယ်။ ဒီဓာတ်ပေါင်းတွေက ရောင်ရမ်းမှုကျစေတဲ့ အစွမ်းနဲ့ ဘက်တီးရီးယား ဆန့်ကျင်တဲ့ ဂုဏ်သတ္တိတွေ ရှိကြပါတယ်။ ပင်စိမ်းမှာပါတဲ့ ယူဂျီနော (Eugenol) ဟာ အရိုးအဆစ်ရောင်နာ၊ ရူမတွိုက် အဆစ်ရောင်နာနဲ့ အူလမ်းကြောင်း ရောင်ရမ်းမှုတို့ကို လျော့ကျစေပါတယ်။

အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်

ပင်စိမ်းရွက်မှာ ကယ်လိုရီပါဝင်မှု အလွန်နည်းပါးပြီး သွေးတွင်း ကိုလက်စထရော မပါပါဘူး။ ဒါ့အပြင် မရှိမဖြစ် အာဟာရဓာတ်၊ သတ္တုဓာတ်နဲ့ ဗီတာမင်တွေ အလွန်များစွာ ပါဝင်တာကြောင့် ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

ဓာတ်တိုးပစ္စည်းတွေကို တွန်းလှန်ပေးပါတယ်

ပင်စိမ်းရွက်မှာ ဘီတာကယ်ရိုတင်း၊ ဗီတာမင်အေ၊ ခရစ်ပတိုဇန်သင်း၊ လူတင်နဲ့ ဇီဇန်သင်းတို့ များစွာပါဝင်ပါတယ်။ ဒီဒြပ်ပေါင်းတွေက ဓာတ်တိုးပစ္စည်း ဖရီးရယ်ဒီကယ်တွေကို ဆန့်ကျင်နိုင်တဲ့ အစွမ်းရှိတာကြောင့် အိုမင်းမှုနဲ့ တခြားရောဂါဖြစ်စဉ်တွေကို ကာကွယ်ပေးနိုင်ပါတယ်။

သက်ကြီးချိန်မှာ ဖြစ်တတ်တဲ့ မက်ကူလာ ယိုယွင်းပျက်စီးမှုကို ကာကွယ်ပေးပါတယ်

ပင်စိမ်းရွက်မှာ အဝါရောင် ဖလေဗိုးနွိုက်ဒြပ်ပေါင်း ဇီဇန်သင်း ပါဝင်တာကြောင့် မျက်စိအာရုံခံလွှာဆီကို အန္တရာယ်ရှိတဲ့ ခရမ်းလွန်ရောင်ခြည် ရောက်ရှိမှုမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ပင်စိမ်းအပါအဝင် သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေမှာ ပါဝင်တဲ့ ဇီဇန်သင်းဒြပ်ပေါင်းဟာ အသက်ကြီးချိန်မှာ ဖြစ်တတ်တဲ့ မက်ကူလာ ယိုယွင်းပျက်စီးမှု မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

အဆုတ်နဲ့ ခံတွင်းကင်ဆာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်

ပင်စိမ်းမှာ ဗီတာမင်အေပါဝင်ပြီး ဗီတာမင်အေဟာ အင်တီအောက်ဆီးဒင့် အစွမ်းရှိတာကြောင့် အရေပြားနဲ့ အမြှေးပါးတွေကို ကျန်းမာစေပါတယ်။ ဒါ့အပြင် အဆုတ်နဲ့ ခံတွင်းကင်ဆာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

အရိုးသန်စွမ်းစေပါတယ်
ပင်စိမ်းမှာ ဗီတာမင်ကေ ပါဝင်ပြီး သွေးခဲစေတဲ့ဖြစ်စဉ်မှာ အရေးပါသလို အရိုးရှိသတ္တုဓာတ် ဖြစ်ပေါ်ရေးကို အားပေးကူညီတာကြောင့် အရိုးတွေကို သန်စွမ်းစေပါတယ်။

နှလုံးခုန်နှုန်းနဲ့ သွေးဖိအားကို ကောင်းမွန်စေပါတယ်

ပင်စိမ်းရွက်မှာ ပိုတက်စီယမ်၊ မဂ္ဂနိစ်၊ ကြေးနီနဲ့ မဂ္ဂနီစီယမ်စတဲ့ သတ္တုဓာတ်တွေများစွာ ပါဝင်ပါတယ်။ ပိုတက်စီယမ်က ဆဲလ်တွေနဲ့ ခန္ဓာကိုယ်တွင်း အရည်တွေထဲမှာ ပါဝင်တဲ့ အရေးကြီးဓာတ်တစ်မျိုး ဖြစ်ပြီး နှလုံးခုန်နှုန်းနဲ့ သွေးဖိအားကို ထိန်းချုပ်ပေးပါတယ်။ မဂ္ဂနီစီယမ်က အင်တီအောက်ဆီးဒင့် အင်ဇိုင်းအတွက် တွဲဖက်ပစ္စည်းအနေနဲ့ ခန္ဓာကိုယ်ထဲမှာ လုပ်ဆောင်ပါတယ်။

သွေးအားကောင်းစေပါတယ်

ပင်စိမ်းရွက်မှာ သံဓာတ်ပါဝင်မှု အကောင်းဆုံး ဖြစ်ပါတယ်။ ပင်စိမ်းရွက် ၁၀၀ ဂရမ်မှာ သံဓာတ် ၃ ဒသမ ၁၇ မီလီဂရမ် ပါဝင်ပါတယ်။ (ဒါက တစ်နေ့တာ မှီဝဲသင့်တဲ့ သံဓာတ်ပမာဏရဲ့ ၂၆ ရာခိုင်နှုန်း ရှိပါတယ်။) သံဓာတ်ဟာ သွေးနီဥထဲမှာ ပါဝင်တဲ့ ဟေမိုဂလိုဘင် အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး သွေးရဲ့ အောက်ဆီဂျင် သယ်ယူနိုင်စွမ်းကို ကောင်းမွန်စေပါတယ်။ ကူးစက်ပိုးတွေကို တားဆီးနိုင်ပါတယ်။

ရောဂါပိုးတွေကို တွန်းလှန်နိုင်ပါတယ်

ပင်စိမ်းအဆီမှာ ရောဂါပိုးတွေဖြစ်တဲ့ Staphylococcus, Enterococci, shigella နဲ့ Pseudomonas တို့လို ပိုးတွေကို တွန်းလှန်ပေးတာကြောင့် ရောဂါပိုးကင်းစင်စေပါတယ်။ ပင်စိမ်းရွက်ကို ရေနွေးကြမ်းထဲစိမ်ပြီး သောက်ပေးရင် ပျို့ချင်အန်ချင်စိတ်ကို သက်သာစေပြီး  အနာကင်းစေတဲ့အစွမ်း ရှိပါတယ်။     

ပိန်နေ၍ ၀ ချင်သောသူများအတွက် ဓါတ်စာ



        လူရယ်လို့ ဖြစ်လာရင် တစ်ချို့ကပိန်သည်၊ တစ်ချို့က ၀ သည်ဟူ ၍ ကွဲပြားလာကြပါသည်။
ထိုသို့ကွဲပြား သလို လူတွေရဲ့စိတ်ထဲမှာလဲ ကွဲပြားသောခံစားချက်များ ကိုယ်စီ ရှိနေကြပါသည်။ ပိန်တဲ့သူကဝချင်သည် ဝတဲ့သူကပိန်ချင်သည်။ အခု ပိန်တဲ့သူရဲ့ ၀ ချင်တဲ့ စိတ်အဟာရ  ပြည့်သွားအောင် မြန်မာ့တိုင်းရင်းဆေးပညာ နဲ့ လေ့လာ ဓါတ်စာ စားကြည့်ရအောင်၊ လူရယ် လို့ ဖြစ်လာရင် လူတစ်ယောက်မှာ ဓါတ်ကြီးလေးပါးနဲ့တည်ဆောက်ထားကြတယ်လို့ ဆိုပါသည်။
ဓါတ်ကြီးလေးပါး ဆိုသည်မှာ အရပ်သုံးစကား ဖြစ်ပါသည်။မြန်မာ့တိုင်းရင်းဆေးပညာမှာတော့ ဓါတ်ကြီး ငါးပါးဖြစ်ပါသည်။  
       အရပ်ထဲက ဓါတ်ကြီးလေးပါးမှာ ပထဝီဓါတ်၊အာပေါဓါတ်၊ တေဇောဓါတ်၊ ဝါယောဓါတ် တို့ဖြစ်ပြီး၊ မြန့်မာ့တိုင်းရင်းဆေးပညာ မှာရှိတဲ့ ဓါတ်ကြီး ငါးပါးမှာပထဝီဓါတ်၊ အာပေါဓါတ်၊ တေဇောဓါတ်၊ ဝါယောဓါတ်၊ အာကာသဓါတ် ဆိုပြီး အာကာသဓါတ် တစ်ခုတိုးသွားခြင်းဖြစ်ပါသည်။ဗဟုသုတ ရစေခြင်းအတွက် စာရေးသူမှရှင်းပြမိခြင်းဖြစ်ပါသည်။
       အခု ပိန်သူကို ၀ စေမည်ဖြစ်သော ဓါတ်စာအကြောင်းပြန်ဆက်ပြောပါ့မယ်၊ အရပ်စကားသုံးဖြစ်တဲ့ ဓါတ်ကြီးလေးပါးနဲ့ပဲ ရှင်းပြပေးပါ့မယ်၊ အရင်ပြောချင်တာ က လူသားတွေ မှာ အပူလို့ခေါ်သောဥဏှစွမ်းအင် ၊ အအေးလို့ခေါ်သောသီတစွမ်းအင် ညီမျှသော စည်းချက်ညီသည့် စွမ်းအင်နှစ်ခု နဲ့အသက်ရှည်ရပ်တည်ကြခြင်းဖြစ်သည်။ထိုစွမ်းအင်နှစ်ခု မှာ အပူလို့ခေါ်သောဥဏှစွမ်းအင်သည် များလျင် လူသားကို ပိန်စေ
ပြီး၊ အအေးဟုခေါ်ဆိုသော သီတစွမ်းအင်များလျင် လူသားကို ဝစေသည် လို့ မြန်မာ့တိုင်းရင်းဆေးပညာမှာဆုံးဖြတ်ကြပါသည်။
        အဘယ့်ကြောင့်ဆိုသော် အပူစွမ်း အင် (ဥဏှ)သည် လူသား၏ကိုယ်ထဲတွင် တေဇောနှင့်
ဝါယောဓါတ်ကိုလွန်စေသောကြောင့် လူကို ပိန်စေခြင်းဖြစ်ပြီး ၊ အအေးစွမ်းအင်(သီတ)သည် လူသား၏ကိုယ်ထဲတွင် ပထဝီဓါတ်နှင့် အာပေါဓါတ်ကိုလွန်စေသောကြောင့် လူကိုဝစေခြင်းဖြစ်ပါသည်။ ဒါဆိုရင် ပိန်တဲ့သူတွေမှာအပူစွမ်းအင် ဓါတ်စာများဖြစ်သော ပူစပ်သောအစာများအစားများလို့ ပူခါးသောအစာများအစားများလို့ဆုံးဖြတ်ချက်ချနိုင်ပါသည်။ ဝတဲ့ သူတွေကတော့ အအေးစွမ်းအင်များဖြစ်သော အေးချိုစိမ့်သောအစာများအေးချိုစိမ့်
ဖန်ဖြစ်သောဓါတ်စာများ စားလို့ ဝခြင်းဖြစ်ပါသည်လို့ဆုံးဖြတ်ချက်ချနိုင်ပါသည်။
ထို့ကြောင့် ပိန်နေလို့ ဝချင်တယ်ဆိုရင် သီတပထဝီစာများ ဖြစ်သော အေး၍ ချိုစိမ့်သောအ
စာများ များများစားပါ ၊ သီတအာပေါစာများဖြစ်သော အေး၍ ချိုဖန် ချိုစိမ့်ဖန် ဖြစ်သောအစာများ များများစားပါ၊ စုပေါင်းလို့ သီတပထဝီအာပေါ ဓါတ်စာများမှာ ဖေါ်ပါအတိုင်းဖြစ်ပါသည်။ 
ငါးမျိုးစုံ၊ ဝက်သား၊ဘဲသား၊ဘဲဥ၊ ရေကြက်၊ငါးဥများ၊ကြက်ဥ၊ဖွတ်ဥ၊လိပ်ဥ၊ထန်းမြစ်၊
ငှက်ပျောသီးမျိုးစုံ၊ပဲနီလေး၊ပဲရာဇာ၊အာလူး၊ပြောင်းဖူး၊ပဲကြား၊နွားနို့၊ ကျွဲ နို့၊ဆိတ် နို့၊ထောပတ်၊ နနွင်းမကင်း၊ကိတ်မုန့်မျိုးစုံ၊ဖာလူဒါ၊ချိုစိမ့်သောမုန့်များ၊ ပလာတာ၊ပေါင်မုန့်၊ ကြံရည်၊ သကြား၊ထန်းလျက်၊သခွါးသီး၊ဘူးသီး၊ကျောက်ဖရုံသီး၊ဘူးညွန့်၊ကျောက်ဖရုံညွန့်၊ကန်ဇွန်း
ရွက်၊ မုံလာဥ၊ ကိုက်လန်၊ဂေါ်ဖီများဖြစ်ပါသည်။ ထိုဓါတ်စာများသည် မြန်မာ့တိုင်းရင်းဆေးပညာဖြင့် လူကို
ဝအောင်စားသောက်ရသောဓါတ်စာများဖြစ်ပါသည်။ အကယ်၍ အဆိုပါဓါတ်စာများစားနေစဉ် အစပ်စားချင်
လျင် ငရုပ်သီးစိမ်းများကို စားသောက်နိုင်ပါသည်။ အဓိက ဝစေသောဟင်းလျာမှာ ဝက်သားဟင်း၊ငါးကြင်း
သား ၊ဘဲသား ၊ ဘဲဥ ၊ကြက်ဥ ၊နွားနို့ချိုချို ဖျော်သောက်ခြင်း၊ကိတ်မုန့်များဖြစ်ပါသည်။ ပိန်နေသူများ ဝချင်လျင်အထူးရှောင်ရသော ဓါတ်စာမှာ ငရုပ်သီးခြောက်အစပ်မှုန့်များဖြစ်ပါသည်။
ဖော်ပြပါ ဓါတ်စာများကို နားလည်သွားပါလျင် ပိန်နေ၍ ဝချင်သူများ မိမိဘာသာရွေးချယ်
စားသောက် တတ်မည်ဖြစ်သည်။ အစားကိုမှန်မှန်စားခြင်း နှင့် အိပ်ရာစောစောဝင်ခြင်းသည် လည်းလူကိုဝ
စေပါသည်။ အိပ်ရေးပျက်များလျင်လည်း လူကိုပိန်စေပါသည်။ ပျော်ပျော်ရွှင်ရွှင်ဖြင့်ဖော်ပြပါဓါတ်စာများကို
စားလျင် အမှန်တကယ် တဖြေးဖြေးဝလာပါလိမ့်မယ်၊။မုန့်ဟင်းခါးကြိုက်လျင် ငရုပ်သီးမထည့်ပဲ စားပါက လူကိုဝစေပါသည်။ အခုလောက်ဆို ဝချင်သူများ အဆင်ပြေလောက်ပြီထင်ပါသည်။
ခင်မင်လေးစားစွာဖြင့် -
မောင်နေထွန်းလှိုင်(ပုသိမ်)
မှတ်ချက် ။ ။ ဆေးပညာစာအုပ်များဖတ်ခြင်း၊လူငယ်သမားတော်အားမေးမြန်းပြီး ဤ ဓါတ်စာများကို
ရေးသားခြင်း ဖြစ်ပါသည်။

နားရောဂါများအတွက် ဆေးနည်းလမ်းကောင်းများ

  • -(စားဆေး)ကြောင်လျှာစေ့အခြောက်ကို အမှုန့်ပြုလုပ်ပါ။ ၎င်းနောက နွယ်ချိုနှင့် ဆတူရောပြီး ရွေးကြီးစေ့လောက် ဆေးလုံးလေးများဖြစ်အောင် ပျားရည်စစ်စစ်ဖြင့်လုံး၍ တစ်ခါသောက် ၂ လုံး တစ်နေ့ ၃ ကြိမ်မျှသောက်ပေးပါ။
  • -ကျောက်မီးပူရွက်ကို မီးနွှေးနွှေးဖြင့်အုံပြီး အရည်ညှစ်ကာအရည်လတ်လတ်ဆတ်ဆတ် ကိုယူ၍ ချက်ချင်းနားထဲသို့ အစက်ချပေးပါ။
  • -ဖလံတောင်ဝှေးအပင်၏ အရွက်ကို မီးမှာနွမ်းအောင်ကင် အရည်ညှစ်ပြီး တစ်နေ့
        ၃ ကြိမ်ခန့် နားထဲသို့ထည့်ပေးပါ။
  • -ကြောင်လျှာမြစ်ကို ညက်နေအောင် အမှုန့်ပြုလုပ်၍ နှမ်းဆီစစ်စစ်နှင့် မီးမှာချက်ပါ။
         ပြီးလျှင် ကြက်တောင်(သို့မဟုတ်)ငှက်ခါးတောင်မွေးသန့်သန့်ဖြင့် ကျပ်ပေးပါ။
  •   နားအူ နားပင်းရောဂါဖြစ်လျှင် ကျီးတောင်ကို အုန်းဆီဆွတ်၍ ကျပ်ပေးပါ။
  • -ကြောင်ပန်းရွက် သတ္တုရည်ကို နှမ်းဆီစစ်စစ်နှင့်ချက်ပြီး နားကျပ်ပေးပါ။
  • -ဥသျှစ်မြစ်ကို အမှုန့်ပြုလုပ်ပြီး မုန်ညှင်းဆီနှင့်ဆူအောင်ချက်ပြီး ဆီအကြည်ကို နားကြပ်ပေးပါ
  • -နှမ်းဆီစစ်စစ် ၅ ကျပ်သားမှာ ကြက်သွန်ဖြူနည်းနည်းကို ဓားပြားရိုက်ထည့်၍ လေညှင်း ၂ ပွင့်ထည့်ပြီးချက်ပါ။၎င်းဆီကို ခပ်နွေးနွးနားကျပ်ပေးပါ။

ကိုယ်အလေးချိန် သွယ်လျ ကျန်းမာလိုရင် ဒီဖျော်ရည်(၅)မျိုးဘဲသောက်နော်

ကိုယ်အလေးချိန် လျော့ကျစေဖို့ လျှို့ဝှက်ချက်ဟာ သင်စားတဲ့ ထမင်းပန်းကန်ကို သတိထား ဂရုစိုက်ပေးဖို့ လိုရုံသာမက သင်သောက်တဲ့ ဖန်ခွက်ကိုလည်း အလေးထားသင့်ပါတယ်။ ရေပန်းစားတဲ့ ဆော်ဒါ အချိုရည်တွေ၊ သစ်သီး အချိုရည်တွေနဲ့ စွမ်းအားဖြည့် အရည်တွေဟာ သကြား တွေနဲ့ ကာဗိုဟိုက်ဒရိတ်တွေ ပါဝင်တာကြောင့် ကိုယ်အလေးချိန် လျော့ကျလိုသူတွေ အတွက်တော့ ရန်သူပါပဲ။ ဒါကြောင့် ကိုယ်အလေးချိန် သွယ်လျ ကျန်းမာလိုရင် အဲဒီအရည်တွေ အစား အောက်ပါ အရည်ငါးမျိုးကို သောက်သင့်ပါတယ်။
၁။ ရေ
ကိုယ်အလေးချိန် လျော့ကျရေးနဲ့ အသားအရေ ကျန်းမာလှပရေး အတွက် အကောင်းဆုံး အရည်ပါ။ ရေအေးပဲ ဖြစ်ဖြစ်၊ ရေနွေးပဲ ဖြစ်ဖြစ် သန့်ရှင်းနေရင် သောက်သင့်ပါတယ်။ ရေချည်း မသောက်ချင်ရင် လတ်ဆတ်တဲ့ သံပရာသီးစိတ် အနည်းငယ် ညှစ်ထည့်ပြီး သောက်ပါ။ သခွားသီးစိတ်၊ ခရမ်းချဉ်သီးစိတ် စတာတွေကိုလည်း ရေထဲ ထည့်ပြီး သောက်နိုင်ပါတယ်။

၂။ ဟင်းသီးဟင်းရွက် ဖျော်ရည်
သင့်ခန္ဓာကိုယ် အလေးချိန် လျော့ကျကာ ကျန်းမာစေဖို့ အတွက် လိုအပ်တဲ့ အမျှင်ဓာတ်နဲ့ အာဟာရဓာတ်တွေဟာ ဟင်းသီးဟင်းရွက် ဖျော်ရည်မှာ ပါဝင်နေပါတယ်။ ဟင်းသီးဟင်းရွက် ဖျော်ရည်ဟာ အချိန်ကြာကြာ ဗိုက်ပြည့်စေပြီး အရသာဟာ သင့်လျှာတွေကို စိတ်ကျေနပ်မှု ပေးနိုင်ပါတယ်။

၃။ မချိုသော လက်ဖက်ရည်ကြမ်း
လက်ဖက်စိမ်း လက်ဖက်ရည်ဟာ သင့်ခန္ဓာကိုယ်ရဲ့ ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းစေပြီး ကိုယ်အလေးချိန် လျော့ကျစေပါတယ်။ သင်က အချိုအရသာကို ကြိုက်ရင် လက်ဖက်စိမ်း လက်ဖက်ရည်ထဲကို ပျားရည် အနည်းငယ် ထည့်ပါ။ လက်ဖက်ရည်ကြမ်းနဲ့ အူလွန်(Oolong tea) လက်ဖက်ရည်ကိုလည်း သောက်သင့်ပါတယ်။ ဒီလက်ဖက်ရည်ကြမ်းတွေထဲမှာ အင်တီအောက်ဆီးဒင့် ပါဝင်တာကြောင့် သင့်ခန္ဓာကိုယ်မှ အဆိပ်အတောက်တွေကို ထွက်ရှိသွားစေပါတယ်။

၄။ ဘလက်ကော်ဖီ
နံနက်ခင်း အချိန်မှာ ဘလက်ကော်ဖီကို သောက်ပေးတာက ဆာလောင်မှုကို ဟန့်တားပေးနိုင်တာကြောင့် ကိုယ်အလေးချိန် လျော့ကျစေပါတယ်။ ဘလက်ကော်ဖီဟာ ခန္ဓာကိုယ်ကို ပူစေပြီး ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းမွန်စေပါတယ်။ ဒါကြောင့် သင်သောက်တဲ့ ကော်ဖီထဲမှာ နို့ဆီနဲ့ သကြား မထည့်ပါနဲ့။

၅။ အဆီထုတ်ထားသော နွားနို့
အဆီနည်း နွားနို့ဟာ ပရိုတင်း၊ ဗီတာမင်ဒီနဲ့ ကယ်လ်စီယမ်တို့ရဲ့ အကောင်းဆုံး အရင်းအမြစ် ဖြစ်ပြီး ကြွက်သားတွေ အားကောင်းအောင် တည်ဆောက်ပေးကာ အရိုးတွေကို သန်စွမ်း ကျန်းမာစေပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် မတက်အောင် အဆီနည်း နွားနို့ကို သကြားမရောဘဲ သောက်ပါ။ သင်က အချိုကြိုက်ရင် ချောကလက် အနည်းငယ် ထည့်ပြီး ချောကလက် နွားနို့ကို သောက်ပေးရင် လေ့ကျင့်ခန်း လုပ်ထားတဲ့ ကြွက်သားတွေကို သန်စွမ်း ကြံ့ခိုင်စေပါတယ်။
ခင်မောင်စိုး

ထမင်းစားပြီးလျှင်ရှောင်ကြဉ်သင့်သည့်အချက်များ



မြန်မာလူမျိုးတို့၏ အဓိကအစားအစာမှာ ထမင်းဖြစ်ပြီး နေ့စဉ်စားနေကြသည်ဖြစ်ရာ
 ထမင်းစားပြီးလျှင် ရှောင်ကြဉ်သင့်သော အချက်(၇)ချက်ကို
ကျန်းမာရေးအသိရှိစေရန် ဖော်ပြလိုက်ရပါသည်။
(၁) ဆေးလိပ်မသောက်ပါနှင့်

ကျွမ်းကျင်သူများ၏ လေ့လာသုတေသနပြုချက်များအရ
ထမင်းစားပြီး စီးကရက်တစ်လိပ်သောက်ခြင်းသည်
သာမာန်အချိန် စီးကရက် ဆယ်လိပ်သောက်ခြင်းနဲ့ ညီမျှပြီး
ကင်ဆာရောဂါဖြစ်ပွားရန် အခွင့်လမ်းအများဆုံးဖြစ်ကြောင်း သိရှိရသည်။

(၂) သစ်သီးများကိုချက်ချင်း မစားပါနှင့်

ထမင်းစားပြီးလျှင် သစ်သီးများကို ချက်ချင်းစားခြင်းသည် အစာအိမ် လေခံစေသည်။
ထို့ကြောင့် သစ်သီးများ စားသုံးမည်ဆိုပါက
ထမင်းစားပြီး တစ်နာရီ(သို့) နှစ်နာရီအကြာနှင့်
ထမ်းမစားမီ တစ်နာရီအလိုတွင်သာ စားသုံးသင့်သည်။

(၃)လက်ဖက်ရည်မသောက်ပါနှင့်

လက်ဖက်ရွက်တွင် အက်ဆစ်ပါဝင်မှုနှုန်းမြင့်မားပြီး
 ၎င်းသည် ကျွန်ုပ်တို့စားသုံးလိုက်သော အစာအိမ်ရှိ ပရိုတိန်းဓာတ်များကို
မာကျောစေသည့်အတွတ် အစာချေရန် အခက်အခဲဖြစ်စေသည်။
(၄) သင်း၏ခါးပတ်ကို မဖြည်လိုက်ပါနှင့်

ထမင်းစားပြီး ခါးပတ်ကိုဖြည်လိုက်ခြင်း (တစ်နည်းအနည်းငယ်လျှော့လိုက်ခြင်း)သည်
ဝမ်းအတွင်းရှိ အူကိုခေါက်စေသည်။

(၅) ရေမချိုးပါနှင့်

ထမင်းစားပြီးရေချိုးခြင်းသည်
လက်များ၊ ခြေထောက်များနှင့် ခန္ဒာကိုယ်များသို့သွားသော သွေးပမာဏကို
တိုးပွားစေပြီး အစာအိမ်တစ်ဝိုက်တွင်မှု သွေးပမာဏ လျော့ကျသွားသည့်အတွက်
ကျွန်တော်တို့ အစာအိမ်ရှိ အစာချေ စနစ်ကို အားနည်းသွားစေသည်။
(၆) လမ်းမလျှောက်ပါနှင့်

လူအများကပြောနေကြသည်မှာ
 ထမင်းစားပြီး ခြေလှမ်း တစ်လှမ်း လမ်းလျှောက်ခြင်းသည်
သာမာန်အချိန် ခြေလှမ်းပေါင်းတစ်ရာ လမ်းလျှောက်ခြင်းနှင့်ညီမျှပြီး
 အသက်(၉၉) နှစ်အထိ အသက်ရှည်ရှည်နေရမည် ဖြစ်ကြောင်း
ပြောဆိုကြသည်ကို ကြားဖူးပါသည်။
တစ်ကယ်တော့ ထိုသို့ပြုလုပ်ခြင်းကြောင့် အစာချေစနစ်သည်
ကျွနု်ပ်တို့စားသုံးလိုက်သော အစာအေဟာရများကို စုပ်ယူရန် အခက်ခဲဖြစ်သွားပါသည်။
ထို့ကြောင့် ထမင်းစားပြီးလမ်းမလျှောက်ပါနှင့်။
(၇) ချက်ချင်းမအိပ်ပါနှင့်

ထမင်းစားပြီး ချက်ချင်းအိပ်လိုက်ခြင်းကြောင့်
ကျွနု်ပ်တို့ စားသုံးလိုက်သော အစာများသည် ကောင်းစွာ အစာမကျေနိုင်တော့ပေ။

ကိုက်လန်၏ ကျန်းမာရေး အကျိုးကျေးဇူး ၁၀ ရပ်



ကိုက်လန်ကို အစိမ်းရောင် ဟင်းရွက်တို့ရဲ့ ဘုရင်မလို့ တင်စားတတ်ကြသလို အာဟာရ စုပေါင်းရာ အိမ်တစ်လုံးလို့လည်း ခေါ်ဆိုတတ်ကြပါတယ်။ သင်စားတဲ့ အစားအသောက်ထဲကို ကိုက်လန် ထည့်စားပေးမယ်ဆိုရင် အောက်ပါ 
အကျိုးကျေးဇူး ၁၀ မျိုးကို ရရှိပါလိမ့်မယ်။
(1) အစာခြေလမ်းကြောင်းစနစ်ကို ကျန်းမာစေပါတယ်
ကိုက်လန်မှာ ကယ်လိုရီ ပါဝင်မှု နည်းပါးပြီး အဆီဓာတ်လည်း လုံးဝမပါပါဘူး။ အမျှင်ဓာတ် များစွာ ပါဝင်ပါတယ်။ ကိုက်လန်တစ်ခွက်မှာ ၃၆ ကယ်လိုရီနဲ့ အမျှင်ဓာတ် ငါးဂရမ်တို့ ပါဝင်ပါတယ်။

(2) အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်

ကိုက်လန်မှာ သံဓာတ်များစွာ ပါဝင်ပါတယ်။ ကယ်လိုရီတူတဲ့ ကိုက်လန်နဲ့ အမဲသားတို့ကို နှိုင်းယှဉ်ကြည့်ရာ ကိုက်လန်မှာ သံဓာတ် ပိုမိုပါဝင်တာကို တွေ့ရပါတယ်။ သံဓာတ်ဟာ ဟေမိုဂလိုဘင်နဲ့ အင်ဇိုင်း ဖြစ်ပေါ်စေတာ၊ ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီးကို အောက်ဆီဂျင် ပို့ပေးတာ၊ ဆဲလ်ကြီးထွားတာ၊ အသည်းရဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေတာ စတဲ့ အာနိသင်တွေ ရရှိစေပြီး အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

(3) ဗီတာမင်ကေ များစွာ ပါဝင်ပါတယ်

ကိုက်လန်မှာ များစွာ ပါဝင်တဲ့ ဗီတာမင်ကေဟာ ကင်ဆာရောဂါ အမျိုးမျိုးကို ကာကွယ်ပေးနိုင်ပါတယ်။ အရိုးကျန်းမာရေးကို ကောင်းစေတဲ့အပြင် သွေးခဲတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ အယ်လ်ဇိုင်းမားရောဂါ ခံစားနေရသူတွေကို သက်သာအောင် ဗီတာမင်ကေနဲ့ ကုသနိုင်ပါတယ်။

(4) ကင်ဆာအမျိုးမျိုးကို ကာကွယ်ပေးပါတယ်
ကိုက်လန်မှာ ကာရိုတီးနွိုက်နဲ့ ဖလေဗိုးနွိုက်တို့လို အင်တီအောက်ဆီးဒင့်များစွာ ပါဝင်ပါတယ်။ ဒီအင်တီအောက်ဆီးဒင့်တွေက ကင်ဆာရောဂါ အမျိုးမျိုးကို မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(5) ရောင်ရမ်းမှုကို လျော့ကျစေပါတယ်

ကိုက်လန်ဟာ ရောင်ရမ်းမှု လျော့ကျစေတဲ့ အစာတစ်မျိုးပါ။ ကိုက်လန်တစ်ခွက်စာ ပမာဏမှာ တစ်နေ့တာ မှီဝဲသင့်တဲ့ အိုမီဂါ ၃ ဖက်တီး အက်စစ်ပမာဏ ၁၀ ရာခိုင်နှုန်းခန့် ပါဝင်တာကြောင့် ရိုးဆစ်ရောင်ရမ်းနာ၊ ပန်းနာရင်ကျပ်ရောဂါနဲ့ Autoimmune Disorder တို့ကို တွန်းလှန်ပေးနိုင်စွမ်း ရှိပါတယ်။

(6) နှလုံးသွေးကြောကို ကျန်းမာစေပါတယ်
ကိုက်လန်မှာ နှလုံးသွေးကြော စနစ်ကို ကျန်းမာစေတဲ့ အစွမ်းရှိပါတယ်။ ကိုက်လန်ကို များများ စားပေးရင် သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေနိုင်ပါတယ်။

(7) အမြင်အာရုံကို ကောင်းမွန်စေပါတယ်

ကိုက်လန်မှာ ဗီတာမင်အေ များစွာပါဝင်တာကြောင့် အမြင်အာရုံကို ကောင်းမွန်စေတဲ့အပြင် အဆုတ်နဲ့ ခံတွင်းကင်ဆာတို့ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

(8) ကိုယ်ခံစွမ်းအား စနစ်ကို ကောင်းမွန်စေပါတယ်

ကိုက်လန်မှာ ဗီတာမင်စီ ပမာဏများစွာ ပါဝင်တာကြောင့် ကိုယ်ခံစွမ်းအားစနစ်၊ ဇီဝရုပ်ဖြစ်ပျက်မှုနဲ့ ရေဓာတ်ပြည့်ဝမှုတို့ကို အားပေးထောက်ပံ့နိုင်စွမ်း ရှိပါတယ်။

(9) အရိုး၊ အဆစ် ကျန်းမာစေပါတယ်
ကိုက်လန်မှာ ကယ်လ်စီယမ် ပမာဏများစွာ ပါဝင်ပါတယ်။ ကယ်လိုရီ ပမာဏတူတဲ့ နွားနို့နဲ့ ယှဉ်ရင် ကိုက်လန်မှာ ကယ်လ်စီယမ် ပိုမို ပါဝင်တာကြောင့် အရိုးထုထည် ဆုံးရှုံးမှု မဖြစ်အောင်နဲ့ အရိုးပါးရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ ဒါ့အပြင် ကိုက်လန်မှာပါတဲ့ ဗီတာမင်စီဟာ အရိုးနုနဲ့ အဆစ်တွေ သန်စွမ်းပျော့ပျောင်းအောင် ကူညီနိုင်ပါတယ်။

(10) ကိုယ်တွင်းအဆိပ်တွေကို ကင်းစင်စေပါတယ်

ကိုက်လန်ကို အဆိပ်ဖယ်ရှားပေးနိုင်တဲ့ အစာလို့ တင်စားခေါ်ဝေါ်ကြပါတယ်။ ကိုက်လန်မှာ အမျှင်ဓာတ်နဲ့ ဆာလဖာတို့ အပြည့်အဝ ပါဝင်နေတာကြောင့် ကိုယ်ခန္ဓာတွင်းရှိ အဆိပ်တွေကို ကင်းစင်စေပြီး အသည်းကို ကျန်းမာစေပါတယ်။

ကွမ်းရွက်၏ ကျန်းမာရေး အကျိုးကျေးဇူးများ



ကွမ်းရွက်မှာ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေက ကယ်လ်စီယမ်၊ ကာရိုတင်း၊ ရိုင်ဘိုဖလေဗင်၊ နိုင်ယာစင်၊ သိုင်ယာမင်းနဲ့ ဗီတာမင်စီတို့ ဖြစ်ကြပါတယ်။ လတ်တလော လေ့လာ မှုတွေအရ ကွမ်းရွက်မှာ တန်နင်၊ သကြား၊ မရှိမဖြစ်ဆီ စတာတွေ ပါဝင်နေကြကြောင်း သိရပါတယ်။ ကွမ်းရွက်မှာပါတဲ့ ချာဗီကောဆိုတဲ့ ဖီနော ဓာတ်ဟာ အစွမ်းထက် ပိုးသတ်အာနိသင်ရှိပါတယ်။ ကွမ်းရွက်မှာ အောက်ပါ ဆေးဖက်ဝင် အစွမ်းသတ္တိတွေ ပါဝင်နေပါတယ်။
အကိုက်အခဲပျောက်စေပါတယ်
ကွမ်းရွက်မှာ အကိုက်အခဲပျောက်တဲ့ အာနိသင်နဲ့ အေးမြစေတဲ့ အာနိသင်တို့ ရှိကြပါတယ်။ ဒါကြောင့် ပြင်းပြင်း ထန်ထန် ခေါင်းကိုက်နေ သူတွေမှာ ခေါင်းကိုက် တဲ့ နေရာပေါ် ကွမ်းရွက်အုပ်ပေးပါက ကောင်းမွန်တဲ့ ရလဒ်ကို ရရှိစေပါတယ်။
 မွေးကျွတ်နာကို သက်သာစေပါတယ်
ကွမ်းရွက်ကို အနာစိမ်းနဲ့ မွေးကျွတ်နာတွေ ကုသရာမှာ အသုံးပြုနိုင်ပါတယ်။ သန့်စင်အောင် ဆေးကြောထားတဲ့ ကွမ်းရွက်တစ်ရွက်ကို နူးညံ့ပျော့ပျောင်းတဲ့အထိပြုတ်ပြီး ကြက်ဆူဆီ သုတ်လိမ်းပေးပါ။ ကြက်ဆူဆီ သုတ်လိမ်းထားတဲ့ ကွမ်းရွက်ကို ရောင်ရမ်းနေတဲ့ မွေးကျွတ်နာ ဒါမှမဟုတ် အနာစိမ်းပေါ် ကပ်ပေးပါ။ ပြီးရင် အဲဒီကွမ်းရွက်ကို နာရီ အနည်းငယ်ကြာတာနဲ့ ဖယ်ရှားပြီး အသစ်ကပ်ပေးရမှာ ဖြစ်ပါတယ်။ ဒီလိုကပ်ရင်း အနာစိမ်း ဒါမှမဟုတ် မွေးကျွတ်နာက ပေါက်သွားပါလိမ့်မယ်။
 ဆီးသွားစေတဲ့ အစွမ်းရှိပါတယ်
ကွမ်းရွက်ပြုတ်ရည်ကို သောက်ပေးရင် ဆီးသွားစေတဲ့ အာနိသင်ရှိပါတယ်။
အဆုတ် ထိခိုက်မှု ဝေဒနာကို သက်သာစေပါတယ်
ကွမ်းရွက်တွေကို ကလေးငယ်တွေနဲ့ အသက်ကြီးသူတွေမှာဖြစ်တဲ့ အဆုတ် ထိခိုက်မှု ဝေဒနာတွေ ကုသရာမှာ အသုံးပြုနိုင်ပါတယ်။ မုန်ညင်းဆီထဲ စိမ်ထားတဲ့ ကွမ်းရွက်ကို ပူနွေးအောင်ကင်ပြီး အေးသွားချိန်မှာ ရင်ဘတ်ပေါ် ကပ်ပေးရင် ချောင်းဆိုးတာနဲ့ အသက်ရှူမဝတဲ့ ဝေဒနာတို့ကို သက်သာစေပါတယ်။
 အဆစ်ရောင်နာကို သက်သာစေပါတယ်
ကွမ်းရွက်ကို အဆစ်ရောင်နာတဲ့ နေရာပေါ်မှာ ကပ်ပေးရင် သက်သာစေပါတယ်။
 အနာကျက်စေပါတယ်
ကွမ်းရွက်ပြုတ်ရည် အနည်းငယ်ကို ထိခိုက်ဒဏ်ရာပေါ်မှာ သုတ်လိမ်းပေးပြီး ပတ်တီးစည်းထားပေးပါက နှစ်ရက်ခန့်အတွင်း အနာကျက်မြန်စေပါတယ်။
သတိပေးချက်
ကွမ်းယာကို မကြာခဏ ဝါးစားတာကြောင့် ခံတွင်းမှာ ကင်ဆာဖြစ်နိုင်ခြေရှိပါတယ်။ အကြောင်းကတော့ ကွမ်းယာထဲမှာ ထည့်သုံးတဲ့ဆေးနဲ့ တခြားပါဝင် ပစ္စည်းတွေကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ကွမ်းစားတတ်သူတွေ အနေနဲ့ ကွမ်းယာကိုတော့ တတ်နိုင်သမျှ လျှော့စားသင့်ပါတယ်။


Thursday, December 20, 2012

သင်္ဘောသီးကို ဆေးအဖြစ် စားသုံးခြင်း

· နံနက် ၈ နာရီ စားသုံးလျှင် - အစာအိမ်နှင့် အူလမ်းကြောင်းအတွက် ကောင်းမွန်ပါသည်။

· နံနက် ၉ နာရီ စားသုံးလျှင် - သွေးအဆိပ်ဖြစ်ခြင်းကို ကောင်းမွန်သည်။ သွေးသားကို သန့်စင်စေသည်။

· နံနက် ၁၀ နာရီ စားသုံးလျှင် - အသည်း၌ ပူခြင်းကို ကောင်းမွန်ပြီး ဝမ်းချုပ်ခြင်းကို သက်သာစေသည်။

· နံနက် ၁၁ နာရီ စားသုံးလျှင် - အာသီးနာခြင်း၊ အာခြောက်ခြင်းတို့ကို ကောင်းမွန်စေသည်။

· မွန်းလွဲ ၁ နာရီ စားသုံးလျှင် - နွယ်ချိုမှုန့်နှင့် တို့၍စားလျှင် အစာကြေစေသည်။

· မွန်းလွဲ ၂ နာရီ စားသုံးလျှင် - ပါးစပ်ပုပ်၍ ပါးစပ်နံခြင်းကို ကောင်းမွန်စေသည်။

· မွန်းလွဲ ၃ နာရီ စားသုံးလျှင် - အူမကြီးပူ၍ ဝမ်းမကောင်းလျှင် စားသုံးနိုင်သည်။

· ညနေ ၄ နာရီ စားသုံးလျှင် - ပျားရည်နှင့်တို့စားပါက သွေးတိုးခြင်းကို သက်သာစေသည်။ (ကလေးမစားရ)

· ညနေ ၅ နာရီ စားသုံးလျှင် - ဆီးချိုဖြစ်ခြင်းကို သက်သာစေသည်။

· ညနေ ၇ နာရီ စားသုံးလျှင် - တစ်နေကုန်ပင်ပန်းခြင်းကို သက်သာစေပြီး စိတ်ရွှင်လန်းစေသည်။

· ညနေ ၈ နာရီ စားသုံးလျှင် - သွေးသားကို သန့်စင်စေသည်။

· ညနေ ၉ နာရီ စားသုံးလျှင် - သကြားနှင့်တို့စားပါက အသည်း၌ပူခြင်းကို သက်သာစေသည်။

တရုတ်ဆေးကျမ်းများတွင် သင်္ဘောသီးသည် အစာကြေခြင်း၊ အားအင်ပြန်လည်ဖြည့်စွမ်းပေးခြင်းစသည့် အာနိသင်များ ရှိကြောင်း တရုတ်တိုင်းရင်း သမားတော်များအဖွဲ့မှ ဒုတိယဥက္ကဋ္ဌ သမားတော်ဦးဖန်က ပြောကြားသည်။

သင်္ဘောသီး စားခြင်းကြောင့် ဆိုးကျိုးမရှိဘဲ စွဲစွဲမြဲမြဲစားသုံးခြင်းဖြင့် ကျန်းမာရေးအတွက် အထောက်အကူပြုကြောင်း၊ တစ်ခါစားလျှင် တစ်စိတ်မှ နှစ်စိတ်အထိ စားသုံးသင့်ပြီး ယင်းသို့စားသုံးရာတွင် သင်္ဘောသီးစိတ်အား ဇွန်းဖြင့် အခွံနားကပ်သည်အထိ ခြစ်၍စားသင့်ကြောင်း၊ ယင်းအခွံအနားရှိ သင်္ဘောစေးသည် အစာအိမ်အား လွန်စွာအကျိုးပြုပြီး ဝမ်းချုပ်တတ်သော ပုဂ္ဂိုလ်များ၊ အသည်းရောဂါသည်များ၊ သရက်ရွက်ရောဂါသည်များအတွက် အထူးသင့်လျော်ကြောင်း၊ ထမင်းစားပြီးချိန်နှင့် မစားခင်အချိန်များတွင် ကပ်၍စားသုံးသင့်ကြောင်း ယင်းကအကြံပြု ပြောကြားသည်။