လူရယ်လို့ ဖြစ်လာရင် တစ်ချို့ကပိန်သည်၊ တစ်ချို့က ၀ သည်ဟူ ၍ ကွဲပြားလာကြပါသည်။
ထိုသို့ကွဲပြား သလို လူတွေရဲ့စိတ်ထဲမှာလဲ ကွဲပြားသောခံစားချက်များ ကိုယ်စီ ရှိနေကြပါသည်။ ပိန်တဲ့သူကဝချင်သည် ဝတဲ့သူကပိန်ချင်သည်။ အခု ပိန်တဲ့သူရဲ့ ၀ ချင်တဲ့ စိတ်အဟာရ ပြည့်သွားအောင် မြန်မာ့တိုင်းရင်းဆေးပညာ နဲ့ လေ့လာ ဓါတ်စာ စားကြည့်ရအောင်၊ လူရယ် လို့ ဖြစ်လာရင် လူတစ်ယောက်မှာ ဓါတ်ကြီးလေးပါးနဲ့တည်ဆောက်ထားကြတယ်လို့ ဆိုပါသည်။
ဓါတ်ကြီးလေးပါး ဆိုသည်မှာ အရပ်သုံးစကား ဖြစ်ပါသည်။မြန်မာ့တိုင်းရင်းဆေးပညာမှာတော့ ဓါတ်ကြီး ငါးပါးဖြစ်ပါသည်။
အရပ်ထဲက ဓါတ်ကြီးလေးပါးမှာ ပထဝီဓါတ်၊အာပေါဓါတ်၊ တေဇောဓါတ်၊ ဝါယောဓါတ် တို့ဖြစ်ပြီး၊ မြန့်မာ့တိုင်းရင်းဆေးပညာ မှာရှိတဲ့ ဓါတ်ကြီး ငါးပါးမှာပထဝီဓါတ်၊ အာပေါဓါတ်၊ တေဇောဓါတ်၊ ဝါယောဓါတ်၊ အာကာသဓါတ် ဆိုပြီး အာကာသဓါတ် တစ်ခုတိုးသွားခြင်းဖြစ်ပါသည်။ဗဟုသုတ ရစေခြင်းအတွက် စာရေးသူမှရှင်းပြမိခြင်းဖြစ်ပါသည်။
အခု ပိန်သူကို ၀ စေမည်ဖြစ်သော ဓါတ်စာအကြောင်းပြန်ဆက်ပြောပါ့မယ်၊ အရပ်စကားသုံးဖြစ်တဲ့ ဓါတ်ကြီးလေးပါးနဲ့ပဲ ရှင်းပြပေးပါ့မယ်၊ အရင်ပြောချင်တာ က လူသားတွေ မှာ အပူလို့ခေါ်သောဥဏှစွမ်းအင် ၊ အအေးလို့ခေါ်သောသီတစွမ်းအင် ညီမျှသော စည်းချက်ညီသည့် စွမ်းအင်နှစ်ခု နဲ့အသက်ရှည်ရပ်တည်ကြခြင်းဖြစ်သည်။ထိုစွမ်းအင်နှစ်ခု မှာ အပူလို့ခေါ်သောဥဏှစွမ်းအင်သည် များလျင် လူသားကို ပိန်စေ
ပြီး၊ အအေးဟုခေါ်ဆိုသော သီတစွမ်းအင်များလျင် လူသားကို ဝစေသည် လို့ မြန်မာ့တိုင်းရင်းဆေးပညာမှာဆုံးဖြတ်ကြပါသည်။
အဘယ့်ကြောင့်ဆိုသော် အပူစွမ်း အင် (ဥဏှ)သည် လူသား၏ကိုယ်ထဲတွင် တေဇောနှင့်
ဝါယောဓါတ်ကိုလွန်စေသောကြောင့် လူကို ပိန်စေခြင်းဖြစ်ပြီး ၊ အအေးစွမ်းအင်(သီတ)သည် လူသား၏ကိုယ်ထဲတွင် ပထဝီဓါတ်နှင့် အာပေါဓါတ်ကိုလွန်စေသောကြောင့် လူကိုဝစေခြင်းဖြစ်ပါသည်။ ဒါဆိုရင် ပိန်တဲ့သူတွေမှာအပူစွမ်းအင် ဓါတ်စာများဖြစ်သော ပူစပ်သောအစာများအစားများလို့ ပူခါးသောအစာများအစားများလို့ဆုံးဖြတ်ချက်ချနိုင်ပါသည်။ ဝတဲ့ သူတွေကတော့ အအေးစွမ်းအင်များဖြစ်သော အေးချိုစိမ့်သောအစာများအေးချိုစိမ့်
ဖန်ဖြစ်သောဓါတ်စာများ စားလို့ ဝခြင်းဖြစ်ပါသည်လို့ဆုံးဖြတ်ချက်ချနိုင်ပါသည်။
ထို့ကြောင့် ပိန်နေလို့ ဝချင်တယ်ဆိုရင် သီတပထဝီစာများ ဖြစ်သော အေး၍ ချိုစိမ့်သောအ
စာများ များများစားပါ ၊ သီတအာပေါစာများဖြစ်သော အေး၍ ချိုဖန် ချိုစိမ့်ဖန် ဖြစ်သောအစာများ များများစားပါ၊ စုပေါင်းလို့ သီတပထဝီအာပေါ ဓါတ်စာများမှာ ဖေါ်ပါအတိုင်းဖြစ်ပါသည်။
ငါးမျိုးစုံ၊ ဝက်သား၊ဘဲသား၊ဘဲဥ၊ ရေကြက်၊ငါးဥများ၊ကြက်ဥ၊ဖွတ်ဥ၊လိပ်ဥ၊ထန်းမြစ်၊
ငှက်ပျောသီးမျိုးစုံ၊ပဲနီလေး၊ပဲရာဇာ၊အာလူး၊ပြောင်းဖူး၊ပဲကြား၊နွားနို့၊ ကျွဲ နို့၊ဆိတ် နို့၊ထောပတ်၊ နနွင်းမကင်း၊ကိတ်မုန့်မျိုးစုံ၊ဖာလူဒါ၊ချိုစိမ့်သောမုန့်များ၊ ပလာတာ၊ပေါင်မုန့်၊ ကြံရည်၊ သကြား၊ထန်းလျက်၊သခွါးသီး၊ဘူးသီး၊ကျောက်ဖရုံသီး၊ဘူးညွန့်၊ကျောက်ဖရုံညွန့်၊ကန်ဇွန်း
ရွက်၊ မုံလာဥ၊ ကိုက်လန်၊ဂေါ်ဖီများဖြစ်ပါသည်။ ထိုဓါတ်စာများသည် မြန်မာ့တိုင်းရင်းဆေးပညာဖြင့် လူကို
ဝအောင်စားသောက်ရသောဓါတ်စာများဖြစ်ပါသည်။ အကယ်၍ အဆိုပါဓါတ်စာများစားနေစဉ် အစပ်စားချင်
လျင် ငရုပ်သီးစိမ်းများကို စားသောက်နိုင်ပါသည်။ အဓိက ဝစေသောဟင်းလျာမှာ ဝက်သားဟင်း၊ငါးကြင်း
သား ၊ဘဲသား ၊ ဘဲဥ ၊ကြက်ဥ ၊နွားနို့ချိုချို ဖျော်သောက်ခြင်း၊ကိတ်မုန့်များဖြစ်ပါသည်။ ပိန်နေသူများ ဝချင်လျင်အထူးရှောင်ရသော ဓါတ်စာမှာ ငရုပ်သီးခြောက်အစပ်မှုန့်များဖြစ်ပါသည်။
ဖော်ပြပါ ဓါတ်စာများကို နားလည်သွားပါလျင် ပိန်နေ၍ ဝချင်သူများ မိမိဘာသာရွေးချယ်
စားသောက် တတ်မည်ဖြစ်သည်။ အစားကိုမှန်မှန်စားခြင်း နှင့် အိပ်ရာစောစောဝင်ခြင်းသည် လည်းလူကိုဝ
စေပါသည်။ အိပ်ရေးပျက်များလျင်လည်း လူကိုပိန်စေပါသည်။ ပျော်ပျော်ရွှင်ရွှင်ဖြင့်ဖော်ပြပါဓါတ်စာများကို
စားလျင် အမှန်တကယ် တဖြေးဖြေးဝလာပါလိမ့်မယ်၊။မုန့်ဟင်းခါးကြိုက်လျင် ငရုပ်သီးမထည့်ပဲ စားပါက လူကိုဝစေပါသည်။ အခုလောက်ဆို ဝချင်သူများ အဆင်ပြေလောက်ပြီထင်ပါသည်။
ခင်မင်လေးစားစွာဖြင့် -
မောင်နေထွန်းလှိုင်(ပုသိမ်)
မှတ်ချက် ။ ။ ဆေးပညာစာအုပ်များဖတ်ခြင်း၊လူငယ်သမားတော်အားမေးမြန်းပြီး ဤ ဓါတ်စာများကို
ရေးသားခြင်း ဖြစ်ပါသည်။
No comments:
Post a Comment