Friday, January 18, 2013

အစာအဆိပ်သင့်ခြင်း

မရှော့

၁။ မူးယစ်စေ တတ်သော အစားအစာ ကို သော် လည်းကောင်း ၊ အစား မှား လျှင် သော် လည်းကောင်း မရှော့ အရွက်ကို စားသုံး လျှင် ချက်ချင်း အဆိပ်ပြေ စေသည်။  



သံပုရာ

၂။ သံပုရာရည်ကို သကြားအနည်းငယ်ထည့်ကာ များများ သောက်ပေးပါက အစာအဆိပ်သင့်ခြင်း၊ အရက်မှ ဖြစ်သော အဆိပ်၊ ဘိန်းမူးလွန်နာ စသည်များကို ပျောက်ကင်းစေသည်။ 
 


နွားမြေရင်

၃။ နွားမြေရင်း ခေါင်းကို သွေး၍ ဆားအနည်း ငယ်ထည့်သောက် ပါက အဆိပ်ရောဂါ၊ အစားမှား ဆေးမှား ရောဂါ တို့ကို ပျောက်စေ၏။

ကြက်ညှာ ချောင်းဆိုး ရောဂါ

မုရားကြီး

၁။ မုရားကြီး ရွက်နုကို ကြိတ်၍ ရသော အရည်အား ဝိုင်အရက် နှင့်သော်လည်းကောင်း ၊ ပျားရည် နှင့် သော်လည်းကောင်း သောက်သော် ကြက်ညှာ ချောင်းဆိုး ရောဂါ ပျောက်၏။




လေးညှင်း

၂။ လေးညှင်းပွင့် ကို မီးနှင့်လှော်၍ ကြိတ်ပြီး ပျားရည်နှင့် ရောလျက်သော် ကြက်ညှာ ချောင်းဆိုး ပျောက်၏။

မုတ္တ ရောဂါ

မုန်ညင်း


၁။ မုတ္တကျ သူများ မုန်ညင်းဆီ ဖြင့် နှိပ်နယ်လိမ်း ပေးက ပျောက်၏။

လည်ပင်းကြီး ရောဂါ

ဖရဲသီး

၁။ လည်ပင်းကြီး ရောဂါ အတွက် မုန်ညင်းဆီ တစ်ဆ ၊ နှမ်းဆီ တစ်ဆကို စပါးကြီး သည်းခြေ နှင့် ဖျော်၍ လည်ပင်း တွင် စုတ်နှင့် ထိုးပြီး ပဉ္စကာနီသီး သို့မဟုတ် ဖရဲသီး ကို အခြောက်လှန်း သွေးလိမ်းက ပျောက်၏။ 



ကြောင်လျှာ
၂။ ကြောင်လျှာ အသီးကို ပြုတ်၍ လည်းကောင်း ၊ ဖုတ်၍ လည်းကောင်းစားခြင်းဖြင့် အစာမကြေရောဂါ ၊ လည်ပင်းကြီးရောဂါ ၊ သရိုက်ရောဂါ ပျောက်၏။ သုပ်စားခြင်းဖြင့် လည်ချောင်းတွင်း အပူဖုပေါက်သောရောဂါ ပျောက်သည်။

 


မက္ခရု ပေါက်လျှင်

ဟင်းနုနယ်
၁။ သံဓာတ်ပမာဏ လျော့နည်းတာက နာတာရှည်မက္ခရုဖြစ်စေတဲ့ အခြေခံ အကြောင်းရင်းတစ်ခုပါ။ ရောဂါပိုးကို တွန်းလှန်ပေးတဲ့ သွေးဖြူဥတွေက သံဓာတ်လို အပ်ပါတယ်။ ဒါမှသာ မှိုပိုးတွေကို ဖျက်ဆီးပစ်မယ့် ဓာတ်တွေကို ထုတ်ပေးနိုင်မှာ ဖြစ်လို့ပါ။ သံဓာတ်အဆင့်က သွေးအားနည်းရောဂါ ဖြစ်လောက်အောင် လျော့နည်းလွန်းနေရင် အသားနဲ့ အရွက်ကို များများစားပေးဖို့ လိုအပ်နေပါပြီ။ သံဓာတ်ပါဝင်မှု အများဆုံးအစာက အနီရောင်အသားပါ။ ဒါ့အပြင် ဟင်းနုနယ်လို အစိမ်းရောင် ဟင်းရွက်တွေမှာလည်း သံဓာတ်များများ ပါဝင် ပါတယ်။ ဒီအစာတွေကို လိမ္မော်ရည်လို ဗီတာမင် စီများတဲ့ အရည်နဲ့ တွဲဖက်စားသောက်ပေးရင် ခန္ဓာကိုယ်က သံဓာတ်ကို ကောင်းကောင်း စုပ်ယူနိုင်ပါလိမ့်မယ်။  

၂ ။ ကလေးများ မက္ခရုနာ ပေါက်လျှင် မုန်ညင်းဆီ ဖြင့် သုံးခါမျှ လိမ်းပေးရုံနှင့် မက္ခရု များ ကြွေကျ ပျောက်ကင်း၏။

နှင်းခူ ရောဂါ

  • ၁။ နှင်းခူပေါက်နေသူတွေရဲ့ အရေပြား အပေါ်ယံ အဆီလွှာက ကွာကျ တတ်ပါတယ်။ ဂျုံမှုန့်အကြမ်းမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပြည့်ဝဆီနဲ့ ဗီတာမင်အီးတို့ ပါဝင်တာကြောင့် ဆုံးရှုံးသွားတဲ့ အဆီတွေကို ပြန် လည်ဖြည့်တင်းပေးကာ အစိုဓာတ်ထိန်း ပေးပါတယ်။ ဂျုံမှုန့်အကြမ်းမှာ ဗီတာမင် ဘီနဲ့ ကြေးနီ၊ ဇင့်၊ သံဓာတ်စတဲ့ သတ္တုဓာတ်တွေ ပါဝင် တာကြောင့် အရေပြား ကို ကျန်းမာစေပါတယ်။လက်တစ်ဆုပ်စာ ဂျုံမှုန့်ကို ညက်အောင် ကြိတ်ချေပြီး စေးပျစ်အောင် အရည်ဖျော်ကာ ပိတ်စပါးပါးထဲ ထည့်ပြီး ရေဘုံပိုင်အောက်မှာ ထားကာ ရေစီးကျ ပါစေ။ ဒီပိတ်စအိတ်ကို ရေမြှုပ်တစ်ခုလို အသုံးပြုကာ ရေချိုးတဲ့အခါ အရေပြားကို ပွတ်တိုက်ပေးပါ။
သင်္ဘောမဲဇလီ

၂။ သင်္ဘောမဲဇလီအရွက်ကို သံပရာရည်နှင့် ကြိတ်၍ လိမ်းခြင်း၊ ယင်းပြုတ်ရည် နှင့် ဖန်ရည် ဆေးပေးခြင်း ဖြင့် နှင်းခူကြီးနာ ပျောက်၏။

Thursday, January 17, 2013

အရိုးကျိုး ခြင်း ၊ အဆစ်လွှဲ ခြင်း

မဉ္ဇူပန်း
 
၁ ။ အရိုးကျိုး ခြင်း ၊ အဆစ်လွှဲ ခြင်း ၊ အကြောထုံး ဖွဲ့ခြင်း များအတွက် မဉ္ဇူပန်းပင် အရွက်ကို ရေအေးနှင့် ကြိတ်၍ အုံပေး ခြင်းဖြင့် ပျောက်ကင်း စေနိုင်သည်။
 


တင်းတိပ် ရောဂါ

မရိုး


၁။ မရိုးစေးကို နနွင်းနှင့် သွေးလိမ်း က မျက်နှာ ရှိ တင်းတိပ် များပျောက်၏ ။

သွေးသန့်ဆေး


မန်ကျည်းသီး

 ၁။ မန်ကျည်းသီးဟာ ခန္ဓာကိုယ်တွင်း လှည့်ပတ် စီးဆင်းနေတဲ့ သွေးတွေကို သန့်စင်စေပါတယ်။

ချွေးထွက် လွန်ခြင်း ၊ ချွေးနံ့ မကောင်းခြင်း

မန်ကျည်း

၁။ မန်ကျည်းရွက် နှင့် ကလိန်စေ့ ရောစားပါ က ချွေးထွက် လွန်ခြင်း ၊ ချွေးနံ့ မကောင်းခြင်း ပျောက်၏။

လေချဉ် တက်ခြင်း အန်ခြင်း

မန်ကျည်း

၁။ မန်ကျဉ်းပင်အခေါက်ကို အပွေးနှင့် တကွ ပြာချပြီး အစာစားပြီး နောက် ရေနှင့်
 ရောသောက်သော် လေချဉ် တက်ခြင်း အန်ခြင်း ပျောက်၏ ။

သွေးလုံး လေလုံး

မန်ကျည်း

၁ ။ မန်ကျည်းပင် ပဉ္စငါးပါးကို ပြာ ချဆား ချက်ပြီး ညနံနက် အနည်းငယ်မျှစီ သောက်ပေးပါကသွေးလုံး လေလုံး ပျောက်၏။




ရှားစောင်း လက်ပပ်

၂။ ရှားစောင်း လက်ပပ်သည် လိမ်းဆေး အဖြစ်နှင့် လည်းကောင်း အလွန် စွမ်းရည် ရှိသော ဆေးပင် ဖြစ်၍ ၎င်း ၏ အတွင်း သားကို ဝမ်းဗိုက် ကပ်၍ အုံပေး ပါက သွေးလုံး လေလုံး များကို ပြင်ပသို့ ထုတ်ဆောင် နိုင်၏ ။

ဆင်ခြေထောက်ရောဂါ

မင်းကိုကာ

၁။ မင်းကိုကာ အမြစ်ဥ အမှုန့်ကို ဆန်ဆေးရည် နှင့် ဖျော်သော်က ဆင်ခြေ ထောက်ရောဂါ ပျောက်၏ ။ 




ခွေးလှေယား

၂။ ခွေးလှေယားမြစ်မှုန့်ကို ဆီနှင့် ချက်ပြီး အဆီကို စစ်ယူ၍ လိမ်းပေးသော် ဆင်ခြေထောက်ရောဂါ ပျောက်၏ ။

ထိခိုက် ဒဏ်ရာများ

ဖန်ခါး

 ၁။ ရုတ်တရက် ရရှိသော ထိခိုက် ဒဏ်ရာ များ ပေါ်တွင် ဖန်ခါးအခေါက်ကို ကြိတ်၍ အုံပေး သော် သွေးထွက် လွန်ခြင်း ကို ရပ်တန့် စေသည်။

 



မြင်းခွာ

၂ ။ ကိုယ်တွင် ရုတ်တရက် ထိခိုက် ရှနာ ဒဏ်ဖြစ်ပြီး ရောင်ရမ်း ခြင်း ၌ မြင်းခွာအရွက်ကို ကြိတ်၍ ရသော အရည်ဖြင့် လိမ်းကျံ ပေးက ပျောက်ကင်း၏။ 




ရွက်ကျ ပင်ပေါက်

၄။ ထိခိုက် ရှနာနှင့် သွေးစိမ်း ထွက်သော အနာ များကို ရွက်ကျ ပင်ပေါက် ရွက် မီးကင်၍ ကပ်ပေးက သွေးများ ရပ်စဲ ၍ အနာကျက် လွယ်၏။



အရက်မူး ခြင်း

ဖန်ခါးသီး


၁။ ဖန်ခါးသီး ပြုတ်ရည်ကို နို့နှင့် ရောတိုက် ပါက အရက်မူး ခြင်း ပျောက်၏။ 




ဧကရာဇ်

၂။ ဧကရာဇ်ပင် အမြစ် သို့မဟုတ် အခေါက်ကို သွေး၍ လျှာကို ပွတ်ပေး ပါက အရက်မူး လွန်ခြင်းကို ပြေစေ၏။

သွေးအားနည်း ရောဂါ

၁။ ပဲပင်ပေါက်မှာ သံဓာတ်များစွာပါင်ဝင်တာကြောင့် သွေးနီဆဲလ်မှာတွေ့ရတဲ့ ဟေမိုဂလိုဘင် တည်ဖောက်မှုမှာ အရေးပါ ပါတယ်။ ဒါ့အပြင် ပဲပင်ပေါက်မှာ ဗီတာမင်စီ မမြင့်မားတဲ့ ပမာဏ ပါဝင်မှုရှိတာကြောင့် အူကနေ သံဓာတ်စုပ်ယူမှုကိုကောင်းမွန်စေပါတယ်။ ဒါကြောင့် သံဓာတ် ချို့တဲ့မှုကြောင့် ဖြစ်တဲ့ သွေးအားနည်း ရောဂါမဖြစ်အောင် ကာကွယ်နိုင်သလို ရောဂါဖြစ်နေရင်လည်း ကုသနိုင်ပါတယ်။

သစ်ဆိမ့်


၂။သစ်ဆိမ့်ခေါက် ကို သွေးသောက် သော် သွေး အားနည်း ရောဂါ ပျောက်၏ ။ 
 



ကြစု
၃။ ကြစုသီးကို နွားကျင်ငယ်ရေနှင့် ပြုတ်၍ သောက်သော် သွေးအားနည်းရောဂါ၊ အချိ ၊ အဖောရောဂါ ပျောက်၏ ။

ခန္ဓာကိုယ် ပြင်ပ၌ ရောင်ရမ်း ခြင်း

ပရန္နဝါ

၁။ ခန္ဓာကိုယ် ပြင်ပ၌ ရောင်ရမ်း ခြင်းများ အတွက် ပရန္နဝါ အရွက် ကို ထုထောင်း ၍ ကြပ်စည်း ပေးရ၏ ။ 




သစ်ဆိမ့်

၂။ သစ်ဆိမ့်ဆံ ကို သွေး၍ နွေးအောင် ပြုပြီး ရောင်ရမ်း သောနေရာ ထိခိုက်မိ၍ ဒဏ်ရာ ရပြီး နာကျင် ကိုက်ခဲ နေသော နေရာများတွင် လိမ်းပေးသော် ပျောက်၏။  




အောင်မဲဖြူ

၃။ အောင်မဲဖြူအ မြစ်၏ အခေါက်ကို ရေနှင့် စိမ်သောက်သော် ကိုယ်လက် ရောင်ရမ်းသော ရောဂါ ပျောက်၏။

မိန်းမများ ရင်သားရောင်ရမ်းခြင်း

ပဒိုင်း

၁။ မိန်းမများ နို့တွင် ဖြစ်သော အပူကြိတ် နှင့် ရောင်ရမ်းခြင်း တို့အတွက် ပဒိုင်းရွက် နှင့် နနွင်းကို ကြိတ်အုံ ပေးသော် ပျောက်၏။   




ပရန္နဝါ

၂။ မီးဖွား ပြီးစ အမျိုးသမီး များ နို့မထွက် လျှင် ပရန္နဝါ ရွက်ကို ဟင်းခါး ချက်သောက် ခြင်းဖြင့် နို့ လျင်မြန်စွာ ထွက်ပြီး နို့နာ၊ နို့ကိုက် နှင့် သကျည်း ကိုက်ရောဂါ များလည်း ပျောက်ကင်း စေ၏။   



သံမနိုင်၊ ကျောက်မနိုင်

၃။ သံမနိုင်၊ ကျောက်မနိုင် ပဉ္စငါးပါး အစိုကို ထမင်းနှင့် ဆတူ ရော၍ ကြိတ်ပြီး နံနက် ည နှစ်ကြိမ် အုံပေးပါ က နို့နာ များ ပြည်ပေါက်ပြီး ပျောက်ကင်း ၏။

ကိုယ်တစ်ခြမ်း သေရောဂါ

ပရန္နဝါ
 
၁။ ပရန္နဝါ အရွက်ကို ငါးကြင်း သားနှင့် ချက်စား ပါက ကိုယ်တစ်ခြမ်း သေရောဂါ ပျောက်၏ ။





ဘုမ္မသိန်

၂။ အကြောဆွဲ ၊ ခြေသေ ၊ လက်သေ ၊ လေမလျှောက် ၊ ကိုယ်တစ်ခြမ်းလေး ၊ အခိုးမပွင့် သည့်ရောဂါ ၊ လေငန်း ဖြစ်စ ရောဂါ ၊ ကိုယ်လက် ကိုက်ခဲသည့် ရောဂါ များကို ဘုမ္မသိန် ၊ အရက် ၊ နှမ်းဆီ ၊ သံပရာ ရည်များနှင့် ဖျော်စပ် လိမ်းပေးလျှင် သက်သာ ပျောက်ကင်း၏။ 


၃။ အထုံ အကျဉ် ၊ အချိအနဲ့ ၊ အကြောဆွဲ ၊ လက်ကပ် ခြေကပ် ဖြစ်လျှင် မုန်ညင်းဆီ တစ်ဆ ၊ နှမ်းဆီ တစ်ဆ ကို တောင်ဆိတ် ဆီ သို့မဟုတ် တောဆိတ် ဆီနှင့် ဖျော်၍ ပွတ်လိမ်းပေး က ပျောက်၏။

ကလေးများ စကားမပြောခြင်း၊ မပီသခြင်း

ပတဲကောလေး

၁။ ကလေးများ စကား ပြောချိန် တန်လျက် မပြောခြင်း၊ မပီသခြင်း တို့အတွက် ပတဲကောလေးအမြစ်ကို သွေး၍ လျှာပွတ်ပေး ခြင်း၊အနည်းငယ် ခွံ့ပေးခြင်း ပြုပါက လျင်စွာ စကား ပြောစေ၏။