Friday, January 18, 2013

လည်ပင်းကြီး ရောဂါ

ဖရဲသီး

၁။ လည်ပင်းကြီး ရောဂါ အတွက် မုန်ညင်းဆီ တစ်ဆ ၊ နှမ်းဆီ တစ်ဆကို စပါးကြီး သည်းခြေ နှင့် ဖျော်၍ လည်ပင်း တွင် စုတ်နှင့် ထိုးပြီး ပဉ္စကာနီသီး သို့မဟုတ် ဖရဲသီး ကို အခြောက်လှန်း သွေးလိမ်းက ပျောက်၏။ 



ကြောင်လျှာ
၂။ ကြောင်လျှာ အသီးကို ပြုတ်၍ လည်းကောင်း ၊ ဖုတ်၍ လည်းကောင်းစားခြင်းဖြင့် အစာမကြေရောဂါ ၊ လည်ပင်းကြီးရောဂါ ၊ သရိုက်ရောဂါ ပျောက်၏။ သုပ်စားခြင်းဖြင့် လည်ချောင်းတွင်း အပူဖုပေါက်သောရောဂါ ပျောက်သည်။

 




ကြက်သွန်ဖြူ


၃။ ကြက်သွန်ဖြူဆီကို တစ်ကြိမ်လျှင် ၂ စက်မျှ တစ်နေ့သုံးကြိမ် သောက်ခြင်း ၊ လည်ပင်းတွင် လိမ်းပေး ခြင်းဖြင့် လည်ပင်းကြီး ရောဂါကို ပျောက်၏။

No comments: