Sunday, September 1, 2013

ဒန့်သလွန် တပင်လုံး အသုံးဝင်ပုံ

သဘာဝဆေးဖက်ဝင် အာဟာရပြည့် အလှအပသုံး ဒန့်သလွန်တပင်လုံးအသုံးဝင်ပုံ

ဒန့်သလွန်ပင်ဟာ အကြီးမြန်တဲ့ပြင် မိုးခေါင်ရေရှားဒဏ်ကိုပါ ခံနိုင်ပါတယ်။
အရှေ့တောင်အာရှ၊ ဖိလစ်ပိုင်ကျွန်း၊ အာဖရိကတိုက်၊ တောင်အမေရိကတိုက်တို့မှာ အနှံ့အပြားပေါက်တယ်။
ဒန့်သလွန် အရွက်နဲ့ တုတ်ချောင်းပုံအသီးတွေကို အစေ့ပါချက်စားကြတယ်။
အရွက်က ဗီတာမင် ဓာတ်သတ္တုနဲ့ ပရိုတင်းတွေပါလို့ အသားနေရာကို ပဲ၊မြေပဲလို လုံးဝအစားထိုးစားသုံးနိုင်ပါတယ်။
နွားနို့ထက် အဆီ၂ဆ၊ ငှက်ပျောသီးထက် ပိုတက်ဆီယမ်၃ဆ၊
ဥနီထက် ဗီတာမင်အေ ၄ဆ၊ လိမ္မော်သီးထက် ဗီတာမင်၇ဆ ပိုပြီးပါဝင်တယ်။

၂၀၀၇ထိုင်းမှာလုပ်ခဲ့တဲ့လေ့လာမူ့တွေအရဆိုရင် ဒန့်သလွန်သီးတွေဟာ သွေးထဲကအဆီတွေကျဆင်းစေနိုင်တဲ့ အန်တိုင်အောက်ဆီဒင့်တွေ အများပြားပါဝင်နေပါတယ်။
အရွက်ကနေအဆီထုတ်ယူလို့ရသလို အစေ့ကနေလည်း အဆီနှစ်ထုတ်ယူလို့ရပြန်ပါတယ်။
အဲဒီအဆီနှစ်တွေကို အသားရေ ခြောက်သွေ့ခြင်းနဲ့ အရေပြားပျက်စီးနေတာတွေကို ကောင်းကောင်းကုစားနိုင်ပြီး
အသားရေ စိုပြေဖို့ ပြန်လည်ရှင်သန်ဖို့ အယောင်ကျစေဖို့ နဲ့ ပိုးမွားရန်ကာကွယ်ဖို့ တချိန်တည်းအသုံးပြုနိုင်ပါသေးတယ်။
ဒါ့အပြင် ဆံပင်နဲ့ဦးရေပြားကိုလည်း ကာကွယ်ကုသပေးနိုင်ပါသေးတယ်။

အာဖရိကတိုက်မှာတော့ ဒန့်သလွန်ဆီကို စားသုံးတဲ့အပြင် အလှကုန်ထဲမှာလည်း ထဲ့သွင်းအသုံးချကြပါတယ်။
အရွက်တွေမှာပါဝင်တဲ့ အာဟာရဓာတ်တွေကြောင့် ဆီနီဂေါ နဲ့ အိန္ဒိယမှာ အာဟာရချို့တဲ့မူ့တိုက်ဖျက်ရေးမှာ အသုံးဝင်ခဲ့ပါတယ်။
အရွက်တွေကို ပေါင်ဒါအမှုန့်ပြုလုပ်ပြီး ချက်ပြုတ်စားသောက်စေခဲ့တယ်။
ဆီနီဂေါ နဲ့ အိန္ဒိယ မှတ်တမ်းများအရ ကလေးငယ်တွေရဲ့ ဗီတာမင်အေ နဲ့ ပရိုတင်း ချို့တဲ့မူ့ကို ထိထိမိမိ ဖြည့်စွမ်းပေးသွားတာတွေ့ရှိခဲ့ပါတယ်။

ဆီးချိုအမျိုးစား၂သမားတွေ နှလုံးသွေးကြောပိတ်တာကာကွယ်ဖို့၊ သွေးတွင်းအဆီကျစေဖို့၊ ဒန့်သလွန်အရွက်ကို စားသုံးနိုင်ပါတယ်။
အရွက်တွေကိုပြော့ပြောင်းအောင်အပူအနည်းငယ်ပြပြီး အဖျားရောဂါကို ကုသနိုင်ပါသေးတယ်။
ကြွက်သားကိုက်ခဲတာ အဆစ်မြစ်နာကျင်တာတွေလည်း သက်သာစေနိုင်ပါသေးတယ်။
အဆုပ်ရောင်ရောဂါ၊ မိုင်ဂရိန်းခေါင်းတခြမ်းကိုက်ရောဂါနဲ့ မျက်နှာကြွက်သားကိုက်ခဲနာကျင်မူ့တွေကို လျှော့ပါးအောင်လည်း ခြေမွထားတဲ့အရွက်ကို လိမ်းဆေးအနေနဲ့လူးပေးလို့ရပါတယ်။

ဒန့်သလွန်အသုံးဝင်ပုံကို မြန်မာဆေးကျမ်းတွေမှာလည်း အောက်ပါတိုင်းဖော်ပြထားပါတယ်။

ဒန့်သလွန်သီး...
၁။ဒန့်သလွန်သီး ကို ဟင်းချက် ကျွေးက ကလေး များ သန်ကောင်၊ တုတ်ကောင် ကင်းရှင်း စေ၏။
၂။ အသီး ကို အမှုန့် ပြု သကြားနှင့် ရောသောက်သော် ဆီးများခြင်း ပျောက်၏။

ဒန့်သလွန်ရွက်...
၁။ ဒန့်သလွန်ရွက်၊ ကြက်သွန်ဖြူ၊ ပတဲ ကောမြစ်၊ မိဿလင် ဟင်းခါး ချက်သောက် သော် ရာသီထိမ် ခြင်း ပျောက်၏။
၂။ ဒန့်သလွန် ရွက်ကို ၃ ခွက် တစ်ခွက်တင် ဟင်းချို အဖြစ် ပြုတ်သောက်သော် သွေးတိုး ကျ၏။

ဒန့်သလွန်အမြစ်...
၁။ ဒန့်သလွန် မြစ်ကို ထုထောင်း ကြိတ်ခြေ၍ အရည်ကို ညှစ်ကာ စားပွဲဇွန်း နှင့် တစ်ဇွန်း ခန့် သောက်က အသံဝင် အသံကပ် လည်ချောင်းနာ ပျောက်၏။
၂။ ဒန့်သလွန် မြစ်နှင့် မုန်ညင်းစေ့ အမျှ ပေါင်းစပ်၍ ရောကြိတ်ပြီး ရေတွင် ၂ နာရီ ကျော်မျှ စိမ်ကာ တစ်ခါသောက် စားပွဲဇွန်း တစ်ဇွန်း တစ်နေ့ ၃ ကြိမ်သောက် က အစာ မကြေ ဝမ်းဖော ဝမ်းရောင် ပျောက်၏။
၃။ ဒန့်သလွန် မြစ်ကို သုံးခွက် တစ်ခွက်တင် ကျို၍ စားပွဲဇွန်း တစ်ဇွန်း မှန်မှန် သောက်သော် ဝမ်းတွင်း သက်တန့် ပျောက်၏။
၄။ ပန်းနာ ရောဂါ အတွက် ဒန့်သလွန် မြစ်ကို ကြိတ်၍ ရသော အရည်ကို ချင်းရေနှင့် ရောသောက် ရ၏။
၅။ ဒန့်သလွန် မြစ်မှုန့်နှင့် ပရန္နဝါ မြစ်မှုန့် ဆတူကို အုန်းနို့ ပျားရည် တို့နှင့် ရောစပ် ချက်ပြီး နံနက် ည တစ်ဇွန်း စီ သောက်သော် အားအင် ပြည့်ဖြိုး ခွန်အား တိုး၍ အသက် ရှည်စေ၏။
၆။ အမြစ် ကိုကြိတ်၍ စည်းပေးသော် ရောင်တင်းခြင်း ပျောက်၏။ အမြစ် ကြိတ်ညှစ် ရည်ကို နို့နှင့် ရောသောက်သော် ဆီးချို ရောဂါ ပျောက်၏။

ဒန့်သလွန်အစေ့...
၁။ အစေ့ သည် အဆိပ် သင့်ခြင်းနှင့် ခေါင်းကိုက် ရောဂါ ဖြစ်ခြင်း ကို ပျောက်ကင်းစေ တတ်၏။ အစေ့ ကို အမှုန့် ပြု၍ နား၌ ထည့်ပေးသော် နားကိုက်ခြင်း၊ နားပြည်ယို ခြင်း ပျောက်၏။
၂။ အစေ့ဆီကို အနာပေါက် နှင့် ယားနာ အမျိုးမျိုး တို့၌ သုံး၏။

ဒန့်သလွန်အစေး...
၁။ အစေးကို ပါးစပ်၌ ငုံပေး သော် သွားပုပ်ခြင်း ပျောက်၏။

ဒန့်သလွန်အပွင့်...
၁။အပွင့်ကို ဖောရောင် ခြင်း၊ အဖျဉ်း ကြီးခြင်း နှင့် အကြော ရောဂါ ၊ သက်တန့် ရောဂါ၊သလိပ် ရောဂါ၊ လေဖောက် ပြန်သော ရောဂါ များအတွက် ဆေးဖော်စပ် သုံးရ၏။

ဒန့်သလွန်အခေါက်...
၁။လတ်ဆတ် သော အခေါက်ရည် ကို နား၌ ထည့်ပေး သော် နား နာကျင် ကိုက်ခဲခြင်း၊ နား ပြည်ယို ခြင်း များကို ပျောက်ကင်း စေတတ်၏။

သဘာဝဆေးဖက်ဝင် အာဟာရပြည့် အလှအပသုံး ဒန့်သလွန်တပင်လုံး အသုံးဝင်တာသိရှိပြီးတဲ့
စာဖတ်သူတို့ အခွင့်ရေးရရင် ဒန့်သလွန်ပင်ကို စိုက်ကြရအောင်လားဗျာ။
Posted by စိတ်ကူးပျော်ရာ

Friday, August 30, 2013

ဇာတိပ္ဖိုလ်သီးရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

(၁) ဝက်ခြံ အဖုအပိမ့်တွေကို သက်သာစေပါတယ်

ဇာတိပ္ဖိုလ်သီးအမှုန့်ကို နွားနို့အနည်းငယ်နဲ့ စေးပျစ်တဲ့ အရည်ရအောင်ဖျော်ပါ။ ပြီးရင် ဝက်ခြံအဖုအပိမ့်တွေပေါ်လိမ်းပါ။ ဇာတိပ္ဖိုလ်သီးမှာ ရောင်ရမ်းမှုကို လျော့ကျစေတဲ့ အစွမ်းရှိတာကြောင့် အဖုနီမြန်းမှုနဲ့ ဖောင်းအစ် ရောင်ရမ်းမှုကို လျော့ပါး သက်သာစေပါတယ်။

(၂) ဗိုက်အောင့်၊ ဗိုက်နာဝေဒနာကို သက်သာစေပါတယ်

နံနက်စာ ကွေကာထဲမှာ ဇာတိပ္ဖိုလ်သီး အနည်းငယ် ထည့်စားလိုက်ရင် အစာအိမ်အူလမ်းကြောင်း ဝေဒနာတွေကို သက်သာစေကြောင်း ကျွမ်းကျင်သူတွေက ဆိုပါတယ်။

(၃) နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေပါတယ်

ဇာတိပ္ဖိုလ်သီး အနည်းငယ်နဲ့ နွားနို့ပူပူတစ်ခွက်ကို သောက်လိုက်ရင် အိပ်ဆေးသောက်သလို အစွမ်းအာနိသင်ရှိကြောင်း ကျွမ်းကျင်သူ မီရှဲလ်က ဆိုပါတယ်။

(၄) သွားကိုက်ဝေဒနာကို သက်သာစေပါတယ်

သွားကိုက်နေရင် သွားဖုံးပေါ်ကို ဇာတိပ္ဖိုလ်သီးအဆီ လိမ်းပေးတာက သွားကိုက်ဝေဒနာနဲ့ သွားဖုံးနာကျင်မှုဝေဒနာကို သက်သာစေပါတယ်။

(၅) စိတ်ဆန္ဒကို မြင့်တက်စေပါတယ်

ဇာတိပ္ဖိုလ်သီးကို ချက်စားတာက အိမ်ထောင်သည်တွေမှာ ဆန္ဒကိုတိုးစေပြီး အိမ်ထောင်ရေး သာယာမှု ရှိစေကြောင်း သိရပါတယ်။

(၆) ဘက်တီးရီးယားကို တွန်းလှန်ပေးပါတယ်

ဇာတိပ္ဖိုလ်သီးမှာ ဘက်တီးရီးယားတွေကို ဟန့်တားပေးတဲ့ အစွမ်းရှိတာကြောင့်

အန္တရာယ်ရှိတဲ့ ပိုးတွေကို တွန်းလှန်ပေးနိုင်ပါတယ်။ ဇာတိပ္ဖိုလ်သီး အမှုန့်ကို ဟင်းခတ် အမွှေးအကြိုင်အဖြစ် ဟင်းလျာတွေထဲ ထည့်စားရင် လေပွတာ မဖြစ်အောင် ကာကွယ်ပေးပြီး အစာကြေစေပါတယ်။ ကြွက်သားတွေကို တောင့်တင်းမှု ပြေလျော့စေပါတယ်။

(၇) ဆီးလမ်းကြောင်းကို ကျန်းမာစေပါတယ်

ဇာတိပ္ဖိုလ်သီးအဆီဟာ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေတာကြောင့် အဆစ်နဲ့ ကြွက်သားနာကျင်မှု မဖြစ်အောင် ကုသပေးနိုင်ပါတယ်။ ဒါ့အပြင် ပိုးဝင်ကူးစက်မှုကို သက်သာစေကာ ဆီးကျောက်ကို ကြေစေတာကြောင့် ဆီးလမ်းကြောင်း ကျန်းမာရေးအတွက် သင့်တော်တဲ့ ဆေးဖက်ဝင် အစာတစ်မျိုးလည်း ဖြစ်ပါတယ်။

ကြယ်စင်
Ref:Good Health

ငရုတ်ကောင်း၏ ဆေးဖက်ဝင်အာနိသင်များ

ကျန်းမာရေး ကောင်းဖို့ရာအတွက် “မိုးမှာ ပိတ်ချင်း၊ နွေမှာ ချင်း (ဂျင်း)၊ ဆောင်းတွင်း ငရုတ်ကောင်း” ဆိုတဲ့ ဆိုရိုးတစ်ခု ရှိပါတယ်။ လူအတော်များများဟာ ငရုတ်ကောင်းရဲ့ ဆေးဖက်ဝင်ပုံကို မေ့လျော့နေတတ်ကြပါတယ်။ တကယ်တော့ ငရုတ်ကောင်းမှာ အစွမ်းထက် အင်တီအောက်ဆီးဒင့်၊ ဘက်တီးရီးယားဆန့်ကျင်တဲ့ ဂုဏ်သတ္တိ၊ ရောင်ရမ်းမှုနဲ့ ကင်ဆာ ဆန့်ကျင်တဲ့အစွမ်းတို့ ပါဝင်နေပါတယ်။ ငရုတ်ကောင်းမှာ သံဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနိစ်၊ ဗီတာမင်စီနဲ့ အမျှင်ဓာတ်တို့ များစွာ ပါဝင်နေတာကြောင့် အောက်ပါအကျိုးကျေးဇူးတို့ကို ရရှိနိုင်ပါတယ်။

(၁) အစာကြေစေပါတယ်

ငရုတ်ကောင်းမှုန့်ကို ဟင်းချိုထဲ ထည့်သောက်ရင် အစာခြေစနစ် ပြဿနာတွေနဲ့ အူလမ်းကြောင်း ပိုးဝင်မှုတို့ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အစာအိမ် အူလမ်းကြောင်းဆိုင်ရာ ဝေဒနာတွေကိုလည်း ထိထိရောက်ရောက် သက်သာစေနိုင်ပါတယ်။ ငရုတ်ကောင်းမှုန့်ဟာ အစာအိမ်ကနေ ဟိုက်ဒရိုကလိုရစ် အက်စစ် ထွက်ရှိစေပြီး ဒီအက်စစ်ဟာ အစာတွေကို ကြေညက်ဖို့အတွက် လိုအပ်ပါတယ်။ ငရုတ်ကောင်းဟာ အစာအိမ်ထဲမှာ အစာတွေ ကြာကြာမရှိစေတာကြောင့် လေပွတာနဲ့ အစာအိမ်ဝေဒနာတို့ ကင်းဝေးစေတာပါ။

(၂) အစာစားချင်စိတ် မရှိတာကို လျော့ပါးစေပါတယ်

ငရုတ်ကောင်းဟာ လျှာအရသာခံအဖုတွေကို လှုံ့ဆော်ပေးတာကြောင့် အစာစားချင်စိတ်မရှိဘဲ ခံတွင်းပျက်တဲ့ ဝေဒနာကို သက်သာစေပါတယ်။

(၃) ကိုယ်ပူကျစေပါတယ်

ကိုယ်ပူပြီး ဖျားနေချိန်မှာ ငရုတ်ကောင်းစေ့ အနည်းငယ်ထည့်ကာ ပြုတ်ထားတဲ့ ရေနွေးကြမ်းကို သောက်ပေးရင် ကိုယ်ပူကြီးတာကို သက်သာစေပါတယ်။

(၄) သွားကိုက်တာကို သက်သာစေပါတယ်

သွားကိုက်နေချိန်မှာ ငရုတ်ကောင်းစေ့ ထည့်ပြုတ်ထားတဲ့
ကြက်သီးနွေးရေနဲ့ အာလုတ်ကျင်းပေးပါက သွားကိုက်ဝေဒနာကို သက်သာစေပါတယ်။

(၅) ဝမ်းချုပ်တာကို သက်သာစေပါတယ်

တစ်နေ့ နှစ်ကြိမ်လောက် ငရုတ်ကောင်းခတ်ထားတဲ့ ဟင်းရည်ပူပူကို သောက်ပေးရင် ဝမ်းချုပ်ခြင်း ကင်းစေပါတယ်။

(၆) အအေးမိတာနဲ့ ချောင်းဆိုးတာကို ကင်းဝေးစေပါတယ်

ငရုတ်ကောင်း အနည်းငယ်ငုံပေးတာကြောင့် ချောင်းခြောက်ဆိုးတာနဲ့ လည်ချောင်း ယားယံတာတို့ကို သက်သာစေပါတယ်။ ငရုတ်ကောင်းပါတဲ့ ရေနွေးကြမ်းကို တစ်နေ့နှစ်ကြိမ် သောက်ရင်လည်း အအေးမိဝေဒနာကို သက်သာစေပါတယ်။

(၇) ကိုယ်တွင်းမှ အဆိပ်အတောက်တွေကို ထွက်သွားစေပါတယ်

ငရုတ်ကောင်းပါတဲ့ ဟင်းရည်ကိုသောက်တာကြောင့် ချွေးထွက်များစေပြီး ဆီးသွားစေတာကြောင့် ကိုယ်တွင်းမှ အန္တရာယ်ရှိတဲ့ အဆိပ်အတောက်တွေကို ကင်းစင်သွားစေပါတယ်။

(၈) ပြတ်ရှရာကို အနာကျက်လွယ်စေပါတယ်

အသေးအမွှား ပြတ်ရှ ဒဏ်ရာတွေအတွက် ငရုတ်ကောင်းမှုန့် အနည်းငယ်ကို ဖြူးပေးရင် သွေးထွက်တာကို တိတ်စေပြီး ပိုးသေကာ ချက်ချင်း အနာကျက်တယ်လို့ တချို့က ယုံကြည်ကြပါတယ်။ ငရုတ်ကောင်းမှာ ဘက်တီးရီးယားသတ်တဲ့ ဂုဏ်သတ္တိပါဝင်လို့ပါ။

(၉) ကင်ဆာကို ကာကွယ်ပေးပါတယ်

ငရုတ်ကောင်းမှုန့်ဟာ ရင်သားကင်ဆာကို တွန်းလှန်ပေးနိုင်ပါတယ်။ ငရုတ်ကောင်းမှာပါတဲ့ Piperine ဓာတ်ဟာ ရင်သားကင်ဆာအကျိတ်ကို ကြီးထွားမှု မဖြစ်လာအောင် ကာကွယ်ပေးနိုင်တယ်လို့ မစ်ချီဂန် ကင်ဆာစင်တာရဲ့ လေ့လာမှုအရ သိရပါတယ်။ ငရုတ်ကောင်းကို နနွင်းမှုန့်နဲ့ တွဲသုံးရင် ကင်ဆာကာကွယ်နိုင်တဲ့ အစွမ်းက ပိုရှိလာပါတယ်။

(၁ဝ) နှာခေါင်းပိတ်တာကို သက်သာစေပါတယ်

ငရုတ်ကောင်းမှာပါတဲ့ သဘာဝ နှာစေးပျောက် အာနိသင်ဟာ ချွဲအမြှေးပါးတွေကို လှုံ့ဆော်မှုဖြစ်စေပြီး အရည်ကျဲကျဲ နှာရည်တွေကျကာ နှာခေါင်းပိတ်တာ သက်သာသွားစေနိုင်ပါတယ်။ နှာခေါင်းပိတ်နေရင် ကြက်သား စွပ်ပြုတ်ထဲကို ငရုတ်ကောင်းမှုန့် ဖြူးပြီး စားပေးပါ။ အသက်ရှူလမ်းကြောင်း တစ်လျှောက် ကျန်းမာစေပြီး အသက်ဝဝရှူနိုင်ပါလိမ့်မယ်။

စွန်ပလွံသီး၏ ကျန်းမာရေးစွမ်းပကား

စွန်ပလွံသီး အခြောက်ရော၊ လတ်လတ် ဆတ်ဆတ် စွန်ပလွံသီးမှာပါ အာဟာရဓာတ် အပြည့် ပါဝင် ပါတယ်။ စွန်ပလွံသီးမှာ ကယ်လ်စီယမ်၊ ပရိုတင်း၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဖော့စ်ဖရပ်စ်၊ ဗီတာမင်အေ၊ ဖောလိတ်နဲ့ ကာဗိုဟိုက် ဒရိတ်တို့ အများအပြား ပါဝင်နေပါတယ်။ ငှက်ပျောသီးမှာ ပါတဲ့ ပိုတက်စီယမ်ထက် စွန်ပလွံ သီးမှာ ပိုမိုပါဝင်နေ ပါတယ်။ အမျှင်ဓာတ်၊ အဆီဓာတ်၊ ကိုလက် စထရောနဲ့ ဆိုဒီယမ်တွေလည်း ပါဝင်နေပါတယ်။ စွန်ပလွံသီး တွေမှာ ဖရက်တို့စ်၊ ဂလူးကို့စ်နဲ့ ဆူးခရို့စ်စတဲ့ သကြားဓာတ်တွေ ပါဝင်တာကြောင့် ခန္ဓာကိုယ်ကို စွမ်းအင် ပေးစွမ်းနိုင် ပါတယ်။ 

စွန်ပလွံသီးမှာ ကြွက်သားလှုပ်ရှားမှု၊ နှလုံးကြွက်သားတွေရဲ့ လုပ်ငန်းဆောင်တာ ကောင်းမွန်မှု တို့အတွက် လိုအပ်တဲ့ မရှိမဖြစ် သတ္တုဓာတ်တွေ အများအပြား ပါဝင်နေ ပါတယ်။ စွန်ပလွံသီးကို ပုံမှန် စားပေးတာက ခန္ဓာကိုယ်ထဲမှာ လိုအပ်နေတဲ့ ပိုတက်စီယမ်ဓာတ်ကို ရရှိစေပြီး နာ့ဗ်ကြောစနစ်ကို ကျန်းမာ စေကာ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုကို ဟန်ချက်ညီအောင် ထိန်းပေးနိုင်ပါတယ်။
စွန်ပလွံသီးမှာ ကယ်လ်စီယမ်နဲ့ မဂ္ဂနီဆီယမ်လည်း ပါဝင်တာကြောင့် အရိုးဖွံ့ဖြိုးမှုကို ကောင်းမွန်စေပြီး စွမ်းအင် တည်ဆောက်မှုကို အားကောင်း စေပါတယ်။ ဗီတာမင်အေနဲ့ ဗီတာမင်ဘီအုပ်စုလို အရေးကြီးတဲ့ ဗီတာမင်တွေ ပါဝင်တာကြောင့် ကူးစက်ပိုးတွေကို တွန်းလှန်နိုင်ပြီး ခန္ဓာကိုယ်ကို ကျန်းမာရေး ကောင်းစေပါတယ်။ စွန်ပလွံသီးမှာ အသက်ရှင်သန်ရေး အတွက်အရေးပါတဲ့ အမိုင်နိုအက်စစ်တွေ ပါဝင်တာကြောင့် အစာကြေညက် စေပြီး အူတွေကို ကျန်းမာရေး ကောင်းစေပါတယ်။ စွန်ပလွံသီးကို ပုံမှန်စားတာက ရောဂါပိုးမွှားတွေ ကြီးထွားမှု မဖြစ်အောင် တားဆီး ပေးနိုင်ပြီး အူထဲမှာ အကျိုးပြု ဘက်တီးရီးယားတွေကို ရှင်သန်စေပါတယ်။ စွန်ပလွံသီးမှာ ဝမ်းသွားစေတဲ့ အာနိသင် ရှိတာကြောင့် ဝမ်းချုပ်နေသူတွေ အတွက် ကောင်းကျိုး ရှိပါတယ်။ စွန်ပလွံသီးကို နွားနို့ပူပူထဲ ထည့်သောက်ရင် နွားနို့ရဲ့ အာဟာရတန်ဖိုးကို တိုးစေပါတယ်။ ချိုမြတဲ့ စွန်ပလွံသီးကို သကြား အစားထိုး သုံးနိုင်ပါတယ်။
♥♥ရေးသားချိန်♥♥ 7:05 AM ♥♥ရေးသူ♥♥ ကိုဦး

ဆီးချိုအတွက်ဆေးစွမ်းတခွက်

ရောဂါအမျိုးမျိုး ဖြစ်ပွားကြရာတွင် ဆီးချိုရောဂါသည် အခြားရောဂါများထက် အစားအသောက် အနေအထိုင် ဆင်ခြင်ကြရပါသည်။ အစားအသောက်များ မဆင်ခြင်ပါက ဆီးချိုရောဂါမှတစ်ဆင့် ဆုံးရှုံးရမှုများ ရှိကြပါသည်။

ကျွန်မသည် မြန်မာဆေးနည်းများအား အလေးထား အားထားသူ ဖြစ်ပါသည်။ မြန်မာဆေးနည်းတိုများမှာ အဓိက ငွေကုန်သက်သာပြီး ထိရောက်စွာ ပျောက်ကင်းကြပါသည်။

ဆီးချိုရောဂါနှင့်ပတ်သက်၍ ကျွန်မတို့အိမ်သို့ မိတ်ဆွေတစ်ဦး လာရောက်ပြီး မြန်မာဆေးများအကြောင်း စကားလက်ဆုံ ပြောကြရာမှ ဆီးချိုရောဂါအတွက် ဆေးတစ်နည်းအား သိခဲ့ရပါသည်။ ကျွန်မ၏ အသိမိတ်ဆွေ ဖြစ်သူ မချိုမှ အောက်ပါအတိုင်း အဆင့်ဆင့် ပြောပြပါသည်။

ဆေးဖော်နည်းမှာ ခက်ခဲမှုမရှိဘဲ အလွန်လွယ်ကူပြီး ငွေကုန်သက်သာသော ဆေးနည်းတစ်လက် ဖြစ်ပါသည်။ မိမိနေအိမ် ပတ်ဝန်းကျင်တွင် အမြဲတမ်းရှာဖွေ ပြုလုပ်နိုင်ပါသည်။

ပထမအနေဖြင့်---
သင်္ဘောသီးအစိမ်း အနေတော်တစ်လုံးအား ရေစင်ကြယ်စွာ ဆေးကြောပြီး သင်္ဘောသီး၏ အညှာမှ ဓားဖြင့်လှီးဖြတ်၍ သင်္ဘောသီးအစေ့များအား သင့်တော်ရာ ဇွန်းဖြင့် ခြစ်ထုတ်ပါ။

ဒုတိယအနေဖြင့်---
ယင်းသေင်္ဘာသီး၏ ဝမ်းတွင်းထဲသို့ လက်ဖက်ခြောက်ကောင်းကောင်း သင့်တော်ရုံထည့်၍ ရေနွေးဆူဆူအား
လောင်းထည့်ပါ။ ထို့နောက် သင်္ဘောသီး၏အဝကို ယခင်က လှီးဖြတ်ထားသော သင်္ဘောအညှာဖြင့် ပြန်ပိတ်ပြီး (၅)မိနစ်ခန့်ထားပြီး သင်္ဘောသီးအား ကရွတ်ခွေဖြင့် ထားပါ။

တတိယအနေဖြင့်---

ယင်းသင်္ဘောသီးထဲမှ ရေနွေးအဖန်အား တစ်နေ့လျှင် ၃-ကြိမ်ခန့် များများ သောက်ပေးပါ။ နေ့စဉ် ၁-လခန့် သောက်ပေးပါက ဆီးချိုရောဂါ သက်သာသွားပါသည်။ ၃-လခန့် နေ့စဉ် သောက်သုံးပေးပါက ဆီးချိုရောဂါ သက်သာပျောက်ကင်းသွားမည်ဟု ပြောပြပါသည်။

ဆီးချိုရောဂါဖြစ်နေသော လူနာရှင်များအား ငွေကုန်သက်သာပြီး ရှာဖွေရလွယ်ကူသော ဤဆေးနည်းအား စိတ်ရင်းစေတနာမှန်ဖြင့် အများပြည်သူများအား တင်ပြအပ်ပါသည်။

စေတနာ မေတ္တာများဖြင့်
လှိုင် (အညာမြေ)

ဘူးသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ

မြန်မာလူမျိုးတွေရဲ့ မီးဖိုချောင် ထဲမှာ အတွေ့ရများတဲ့ ဘူးသီး ဟာ သွေးတိုး ကျစေတဲ့ အစွမ်းနဲ့ နှလုံးရောဂါ သက်သာစေတဲ့ အစွမ်း ရှိတယ်လို့ ဆိုကြပါ တယ်။ ဘူးသီးကို ဟင်းခါး အဖြစ် ကျိုချက် သောက်သုံးကြသလို ဘူးသီးကို ပြုတ်ပြီး တို့စားတာ၊ သုပ်စားတာမျိုးလည်း ပြုလုပ်ကြပါတယ်။ ဘူးသီးကို စားပေးတာကြောင့် အောက်ပါ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။

၁။ အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို ဟန်ချက်ညီစေပါတယ်

ဘူးသီးမှာ ပြည့်ဝဆီနဲ့ ကယ်လိုရီ ပါဝင်မှု နည်းပါတယ်။ အမျှင်ဓာတ်၊ ဗီတာ မင်စီ၊ ရိုင်ဘိုဖလေဗင်၊ ဇင့်(သွပ်)၊ သိုင်ယာ မင်၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်တို့ ပါဝင်မှု များပါတယ်။ ဒါကြောင့် အသည်းကို သန့်စင် စေတာ၊ ပြန်လည် အားဖြည့်ပေးတာနဲ့ အယ်လ်ကိုဟောကြောင့် ထိခိုက်မှုကို ကာကွယ်ပေး တာတို့ လုပ်ဆောင်ပေးပါတယ်။

၂။ ဆံပင်ဖြူတာကို လျော့ကျစေပါတယ်

ဘူးရွက်ကရတဲ့ အရည်ဟာ အသားဝါတာကို သက်သာစေပြီး ဘူးသီးအရည် ကတော့ ဆံပင်ဖြူတာကို လျော့ကျစေ တယ်လို့ ဆိုကြပါတယ်။

၃။ နုံးချည့်ညောင်းညာမှု သက်သာစေပါတယ်

ဘူးသီးကို စားပေးတာကြောင့် နုံးချည့်ညောင်းညာမှု လျော့ကျစေပြီး လန်းဆန်းစေပါတယ်။ အထူးသဖြင့် ပူပြင်းတဲ့ ရက်တွေမှာ လန်းဆန်းစေ ပါတယ်။

၄။ အစာမကြေတဲ့ ဝေဒနာကို လျော့ကျစေပါတယ်

ဘူးသီးဟာ အယ်လ်ကာလိုင်း ဂုဏ်သတ္တိရှိတာကြောင့် အက်စစ်ဓာတ်လွန် ကဲမှု၊ အစာမကြေတာနဲ့ အစာအိမ် အနာတို့ကို သက်သာစေတယ်လို့ ဗပကမလနိကေ မှတ်ချက်ပေးထားပါတယ်။

၅။ စိတ်စွဲလွန်ဝေဒနာကို သက်သာစေပါတယ်

ဘူးသီးဟာ နာ့ဗ်ကြောတွေကို အား ကောင်းတဲ့အတွက် အလုပ်တစ်ခုခုကို ထပ်ခါတလဲလဲ လုပ်တတ်တဲ့ စိတ်စွဲလွန် ဝေဒနာ (OCD) ကို လျော့ကျစေ ပါတယ်။ ဆေးဝါးဗေဒဂျာနယ်ရဲ့ လေ့လာမှုအရ ဘူးသီးမှာ စိတ်စွဲ လွန်ဝေဒနာကို လျော့ကျစေတဲ့ အစွမ်းရှိတယ်လို့ သိရပါတယ်။

၆။ ကိုယ်အလေးချိန်ကို လျော့ကျ စေပါတယ်

ဘူးသီးမှာ ရေဓာတ် ၉၆ ရာခိုင်နှုန်း ပါဝင်တာကြောင့် ဘူးသီး ၁၀ဝ ဂရမ်စား တဲ့အခါ ၁၂ ကယ်လိုရီပဲ ရရှိပါတယ်။ဒါကြောင့် ကိုယ်အလေးချိန် လျော့ကျ စေတဲ့ အစားအစာ တစ်မျိုးအဖြစ် အသိအမှတ် ပြုထားပါတယ်။

၇။ အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်

ဘူးသီးမှာ သိုင်ယာမင်၊ ဗီတာမင်စီ၊ ဇင့်(သွပ်)၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်တို့ များ စွာ ပါဝင်တဲ့အတွက် အထွေထွေ ကျန်း မာရေးကို ကောင်းမွန်စေပါတယ်။

၈။ မျက်စိကျန်းမာရေးကို ကောင်းမွန်စေပါတယ်

ဘူးသီးမှာ ဘီတာကယ်ရိုတင်း ပမာဏများစွာ ပါဝင်တဲ့အတွက် မျက်စိအမြင် အာရုံကို ကောင်းမွန်စေပါတယ်။ ဘူး သီးဟာ အစာအိမ်ဝေဒနာ၊ အစာအိမ်အူ လမ်းကြောင်း ပိုးဝင်တာနဲ့ လိပ်ခေါင်းစ တာတွေကိုလည်း သက်သာစေ ပါတယ်။ ဘူးသီးမှာ သွေးတွေကို သန့်စင်စေတဲ့ အာနိသင်လည်း ရှိတာ ကြောင့် ရောဂါအ များစုကို တွန်းလှန်ပေးနိုင်ပါတယ်။

၉။ သွေးတွင်းသကြားဓာတ် ပမာဏကို လျော့ကျစေပါတယ်

ဘူးသီးမှာ ပါတဲ့ ပပ်တိုက်နဲ့ အယ်လ် ကာလွိုက်တွေက သွေးတွင်း သကြား ဓာတ်ပမာဏကို လျော့ကျ စေပါတယ်။ ဒါကြောင့် ဆီးချိုရောဂါရှိသူတွေ အသင့်အတင့် စားနိုင်ပါတယ်။
  Posted by စိတ်ကူးပျော်ရာ

ဘီပိုး စီပိုး အသည်းသမားများ သခွတ်ကိုသောက် ရောဂါပျောက်



အသည်းရောဂါခံစားနေရသော လူသားများ အတွက် ကျန်းမာလာဘ်တစ်ပါး ဝမ်းမြောက်စေသည့် သခွတ်ပြုတ်ဆေးရည် ..… (သခွတ်ပန်းပင် မမြင်ဖူးသူများအတွက် ဓါတ်ပုံနှင့်တကွပြန်လည်ဖော်ပြ ပေးရခြင်းဖြစ်ပါသည်။)

ဘီပိုး စီပိုး အသည်းသမားများ သခွတ်ကိုသောက် ရောဂါပျောက်၏….( အသည်းရောဂါဖြစ်နေသော မိသားစုဝင်များအား စိတ်ချမ်းသာမှု့ ဖြစ်စေပြီး လူ့သက်တမ်းအပြည့်နေနိုင်သောကြောင့် Mg Mandalay မှ လေးနက်စွာ မျှဝေပါသည် ။ )

အခုဖော်ပြသော သခွတ်အစွမ်းကြောင့် စီပိုး အသည်းသမားသည် ပိုးကောင်ရေ သိန်းချီရာမှ ဆယ်ဂဏန်းမျှသာကျန်ရှီတော့ပြီး ရောဂါမှာ သိသိသာသာ ပျောက်ကင်းသွားသလောက်ဖြစ်သွားသောကြောင့် အသည်းအထူးကု ဒေါက်တာ ခင်မောင်ဝင်း ဆရာကြီးကိုယ်တိုင်အံ့အားသင့်လို့ သခွတ်သောက်သော လူနာကို မှတ်တမ်းအပြု့ခံလိုက်ရသော မြန်မာတို့၏ သခွတ်ပင် သာဖြစ်ပါသည် ။

ဆရာကြီးစီမှာ အသည်းအတွက် သောကများစွာ ငွေမြောက်များစွာ ကုန်ကျနေပြီးမှ ရရှိလာသော အစွမ်းထက်ဆေးနည်းလည်း ဖြစ်ပါသည် ထို စီပိုးလူနာ၏ ကိုယ်တွေ့ဆေးဖြစ်သောကြောင့် လူနာကိုယ်တိုင်းမှ ဌင်းကဲ့သို့ ပိုက်ဆံ ရာပေါင်းများစွာ ကုန်ကျခြင်းလည်း မရှိစေဘဲ တကယ်လည်း သောက် တကယ် စီပိုးပျောက်ခဲ့ရလို့ သူကိုယ်တိုင်လည်း ဆေးကုသိုလ် ပြု့နေပါသေးသည် ။

လုပ်ဆောင်သောက်သုံးရန်မှာ …. သခွတ်ပင်၏ အပွင့် အရွက် အခေါက် တု ိ့ကို ယူပါ အပွင့်နှင့်အရွက်ကိုတော့ နေအနည်းရသော နေရာမှာ အခြောက်ခံလိုက်ပါ ( လက်ဖက်ခြောက်လို့လည်း သောက်သုံးလို့ရနိုင်စေရန် အတွက် ) အခေါက်ကိုတော့ ရေဆေးပြီး ကြာရှည်သိမ်းထားလို့ရအောင် နေဖန့်ဖန့်ပြပြီး အခေါက်ကို သုံးစွဲ ရပါမည် ။

ဆေးရည်ကျိုနည်း …. ပထမဦးစွာ ဆေးကျိုုရန်အတွက် မြေအိုးအသစ်တလုံးကို ရယူပါ မြေအိုးထဲ့တွင် သခွတ်ပွင့် ၊ အရွက် နှင့် အခေါက်တို့ကို ရေနဲ့ သုံးခွက်တခွက်ကျော်ကျော်လောက် ပြုတ်ပြီး သောက်သုံးပေးပါ တနေ့ကို သုံးကြိမ်( သို့ ) နှစ်ကြိမ်လောက် လုပ်ဆောင်သောက်သုံးပေးပါ ။

အခေါက်တစ်မျိုးတည်းကိုလည်း ကြိုချက်သောက်သုံးနိုင်ပါသည် ။ အရွက်အခြောက်နှင့် အပွင့်အခြောက်ကိုတော့ အောက်ဖော်ပြပါ အတိုင်း သောက်သုံးလည်း ရပါသည် ။
အရွက်ခြောက်နဲ့ အပွင့် ခြောက်အနည်းငယ်ကိုလည်း လက်ခြောက်ပုံစံပြုလုပ်ပြီးတော့လည်း ဆေးအဖြစ် သောက်သုံးနိုင်ပါသေးသည် ၊

လက်ဖက်ခြောက်ခပ်သည့် ပုံစံလို လက်ဖက်ခြောက်အစား သခွတ်အရွက်ခြောက်နှင့် အပွင့်ခြောက် အနည်းငယ်ထည့်ခပ် ရေနွေးကြမ်း သောက်သုံးသလို့လည်း လုပ်သောက်ခြင်းဖြင့် အသည်းရောဂါအတွက် ကြိုတင်ကာကွယ်ခြင်း အကျိုးကျေးဇူးရရှိပါသည် ၊

သခွတ်ဆေးရည် သည် အသည်းနဲ့ပတ်သက်သော အသည်းအဆီဖုံးခြင်းနှင့် ဘီပိုး စီပိုး အသည်းရောဂါ ဖြစ်နေသူများ အတွက် အကောင်းဆုံး ဆေးစွမ်းထက်မြတ်ပေးစွမ်းနိုင်သော သခွတ်ပင်၏ ကျေးဇူးများသာ ဖြစ်ပါတော့သည် ။

ရောဂါဟူသမျှ တခဏဖြစ်ကြပါစေ… အသက်ရာကျော် ရှည်ပါစေ ....

ခါးနာသောသူများအတွက် အလွယ်ဆုံးကုသနည်း

အခုနည်းကတော့ သဘောၤရွက်ပါဘဲဗျာ လွယ်ကူပါတယ်၊ သင်္ဘောရွက်စိမ်းတစ်ရွက်ကို ညအိပ်ခါနီး ကျောဘက်အင်္ကျီ အတွင်းက အသားပေါ်မှာ ကပ်ထားပြီး အိပ်ရမယ်။ ပက်လက်လှဲပြီး ညအိပ်ပါ။ ခါးထဲက အပူအခိုးတွေ ကို သင်္ဘောရွက်က စုပ်ယူပါတယ်။ ကပ်ထားခိုက်မှာ စပ်ရှိန်းရှိန်းခံစားရပါမယ်။ အဲဒီလို နေ့စဉ် ရက်ဆက် မပျက်မကွက် လုပ်ရပါတယ်။
နောက်ပြီး ခါးလေ့ကျင့်ခန်းကိုလည်း လုပ်ရပါမယ်။ လုပ.်ပုံကတော့ မတ်တပ်ရပ်နေပြီး ခါးကို ရှေ့အနည်း ငယ် ကိုင်းပြီး ခန္ဓာကိုယ်ကို ခါးမှစ၍ ဆန်ကောဝိုင်းသလို လှည့်ပတ်ပေးရပါမယ်။ ဘယ်ပြန်ညာပြန် (၁၀)ကြိမ်လောက် အလိုက်သင့် သက်သက်သာသာ လှည့်ဝိုက်ပေးရပါမယ်။ အဲဒီလိုလုပ်တော့ ခါးရိုး၊ ခါးဆစ်က အကြောအရွက်တွေ ပွင့်လာပြီး အညောင်းအကိုက် သက်သာလာပါလိမ့်မယ်။ တစ်နေ့မှာ နှစ်ကြိမ်လောက် လေ့ကျင့်လုပ်ကြည့်ပါ။

အဖြူရောင်မီဒီယာ


ကလေးသေနှုန်း ကျဆင်းရေးနှင့် တိုင်းရင်းဆေးပညာ

မိခင် သေနှုန်း၊ မွေးကင်းစ ကလေး သေနှုန်း၊ တစ်နှစ်အောက် ကလေးသေနှုန်း၊ ငါးနှစ်အောက် ကလေး သေနှုန်း များသည် နိုင်ငံတော် အတွက် အရေးကြီးပြီး အခြေခံ ကျသော စီးပွားရေး၊ လူမှုရေးနှင့် ကျန်းမာရေး ဆိုင်ရာ အညွှန်းကိန်းများ ဖြစ်ကြသည်။ ထို့အတွက် နိုင်ငံတော်မှ တိကျသော စီမံကိန်းများ ချမှတ်၍ ဆောင်ရွက် လုပ်ကိုင် မှုကြောင့် မိခင်နှင့်ကလေး ကျန်းမာရေး ကဏ္ဍတွင် သိသာထင် ရှားသော တိုးတက်မှုများ ရရှိခဲ့သည်။ “မြန်မာနိုင်ငံ ကလေးများ ကျန်းမာ ဖွံ့ဖြိုးရေး မူဝါဒ” (မူကြမ်း) တစ်ရပ်ကို
၂၀၀၄ ခုနှစ်တွင် ရေးဆွဲ အကောင် ထည်ဖော်နိုင် ခဲ့သဖြင့် မွေးကင်းစ ကလေး အပါအဝင် ကလေးကျန်းမာ ဖွံ့ဖြိုးရေး လုပ်ငန်းများ ပိုမိုပီပြင် ခဲ့ပါသည်။ နိုင်ငံတော် အနေဖြင့် ၂၀၁၅ ခုနှစ်တွင် ကလေး သေနှုန်းကို ၃ပုံ ၂ပုံ လျှော့ချနိုင်ရေး အတွက် ရည်မှန်းချက် ထား၍ ဆောင်ရွက် အကောင်အထည် ဖော်လျှက် ရှိပါသည်။ မြန်မာနိုင်ငံတွင် ကိုယ်ပိုင် ရိုးရာ တိုင်းရင်းဆေးဖြင့် ကလေးသူငယ် ကျန်းမာရေး ကို စောင့်ရှောက်၍ တိုင်းပြည် ဖွံ့ဖြိုးတိုး တက်အောင် ဆောင်ရွက်ခဲ့ သည်မှာ နှစ်ပေါင်းထောင်ချီ ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။ တိုင်းရင်းဆေး ပညာဖြင့် ကလေးသူငယ်များ အား ပြုစု စောင့်ရှောက်မှု တို့သည် ရှေး ဘုရင်များ လက်ထက်တွင်လည်းကောင်း၊ ခေတ် အဆက်ဆက်တွင် လည်းကောင်း ရှိခဲ့ကြောင်း သက်သေ အထောက်အထား များစွာ တွေ့ရှိ ရပါသည်။ ဆရာခဲ၊ ဆရာညို၊ ဒေါ်အေး၊ ဦးစံတင့်၊ ဦးလှဘော်၊ ဦးအောင်ကြီး၊ ဒေါ်ခင်တိုးဝေ စသည့် သူငယ်နာရောဂါ ကုသရာ တွင် ကျွမ်းကျင် ကျော်ဇောသော ဆရာပေါင်း များစွာလည်း ခေတ်အဆက် ဆက်တွင် ပေါ်ထွက်ခဲ့ပါသည်။ အချိန် ကာလပြောင်းလဲ လာသည်နှင့် အမျှ မြန်မာ့ တိုင်းရင်း ဆေးပညာ ဖွံ့ဖြိုး တိုးတက်မှု သည်လည်း ပြောင်းလဲ တိုးတက် လျက်ရှိသည်။ ၂၀၁၁ ခုနှစ်တွင် တိုင်းရင်းဆေးတက္ကသိုလ်ကို စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး ကလေးရောဂါ ပညာဌာန ဖွင့်လှစ်ထားရှိကာ ကလေး သူငယ် ကျန်းမာရေးကို စောင့်ရှောက် ကုသနိုင်စွမ်းသော တိုင်းရင်း ဆေး ဆရာများကို မွေးထုတ်လျက်ရှိပါသည်။ ဤစာတမ်းကို ရေးသားခြင်း အားဖြင့် နိုင်ငံတော်မှ ရည်မှန်းချက် ထားသော ၂၀၁၅ ခုနှစ်တွင် ကလေးသေ ဆုံးမှု နှုန်းကို ၃ ပုံ ၂ ပုံ လျှော့ချနိုင်ရေး အကောင် အထည်ဖော် ဆောင်ရွက်မှုတွင် တိုင်းရင်းဆေး ပညာရှင်များ အနေနှင့် မိမိတို့ တက်စွမ်းသမျှ ပါဝင်ဆောင်ရွက်ပြီး နိုင်ငံတော်မှ တိုင်းရင်းဆေး ပညာရှင်များ အပေါ်တွင် မျှော်လင့်ချက် ထားသော “အမျိုးသား ကျန်းမာရေး မူဝါဒနှင့် အညီ” အမျိုးသား ကျန်းမာရေး စီမံကိန်းတွင် ပါဝင်သော ပြည်သူ့ ကျန်းမာရေး စီမံချက်များတွင် မိမိတို့ တက်ကျွမ်းသော တိုင်းရင်းဆေး ပညာဖြင့် ကျန်းမာရေး လုပ်ငန်းများ ပါဝင်ဆောင်ရွက် နိုင်ရန် ဟူသော ရည်ရွယ်ချက်ကို အထောက်အကူ ပြုနိုင်မည်ဟု မျှော်လင့်ပါသည်။

ရည်ရွယ်ချက်

ယေဘူယျရည်ရွယ်ချက် - မြန်မာနိုင်ငံတွင် မွေးကင်းစ ကလေးသေနှုန်း လျော့ချရာ၌ တိုင်းရင်းဆေး ပညာရှင်များ အနေဖြင့် ပါဝင်ဆောင်ရွက်နိုင်ရန်ဝိသေသရည်ရွယ်ချက်
၁။ကလေးသေနှုန်းများသော ရောဂါများကို သိရှိနိုင်စေရန်
၂။မွေးကင်းစ ကလေးသေနှုန်း များစေသော ရောဂါများကို ကာကွယ်နည်း၊ ပြုစုစောင့်ရှောက်နည်းတို့ကို သိရှိကျင့်သုံးနိုင်ရန်
၃။မွေးကင်းစ ကလေးသေနှုန်းများသော ရောဂါများတွင် ဆေးရုံသို့ ညွှန်းပို့ပေးသင့်သော အခြေအနေများကို သိရှိကျင့်သုံးနိုင်ရန်
၄။ကလေးသေနှုန်း လျော့ချရာတွင် တိုင်းရင်းဆေး ပညာရှင်များ အနေဖြင့် ပါဝင် ဆောင်ရွက်ပြီး နိုင်ငံတော်၏ ကျန်းမာရေး မျှော်မှန်းချက်ကို အထောက်အကူ ပြုစေရန်

-မွေးစကလေး သေနှုန်းများသော ရောဂါများ
-လမစေ့ ပေါင်မပြည့် ကလေးမွေးခြင်း
-ရေမွမ်းခြင်း
-မွေးစကလေး ပိုးဝင်ခြင်း
လမပြည့် ပေါင်မပြည့် ကလေး
လမစေ့
-၃၇ ပတ်အောက် (၉လအောက်) (LBW)
ပေါင်မပြည့်
-၂၅၀၀ ဂရမ်အောက် (LBW)
-၁၅၀၀ ဂရမ်အောက် (ELBW)
-လမပြည့်ခြင်းနှင့် ပေါင်မပြည့်ခြင်းမှာ ဆက်စပ်
-မိခင်တစ်ဦး အနေဖြင့် ကိုယ်ဝန်ဆောင်စဉ် ကောင်းမွန်စွာ စားသောက်ပြီး ကျန်းမာအောင် နေထိုင်ပါက လမစေ့ ပေါင်မပြည့် ကလေးမွေးဖွားရန် အခွင့်အလမ်း လွန်စွာနည်းပါးသည်။
လမစေ့ ပေါင်မပြည့် ကလေးမွေးနိုင်သော အခြေအနေ၊ ဖြစ်ကြောင်းများ
-မိခင်အသက် ၂၀ အောက်ဖြစ်ခြင်း
-ကိုယ်ဝန်ဆောင်ချိန် ၃ နှစ်မခြားဘဲ ကလေးနီးခြင်း
-ကလေးများခြင်း
-ယခင်လမစေ့၊ ပေါင်မပြည့် ကလေးမွေးဖူးခြင်း
-ကိုယ်ဝန်ဆောင်စဉ် ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်ရခြင်း
-နာရီများစွာ အနားမရဘဲ အလုပ်လုပ်ခြင်း
-ဆင်းရဲခြင်း
-မိခင်ပိန်ပြီး ကိုယ်အလေးချိန်နည်းကာ အဟာရ ချို့တဲ့ခြင်း
-မိခင်တွင် အခြားကျန်းမာရေး ပြဿနာများ ရှိခြင်း (ဥပမာ-သွေးတိုး)
-အမြွှာကိုယ်ဝန်
-ဆေးလိပ်သောက်ခြင်း
-မူမမှန်သော မွေးပိုင်းနှင့် ဦးတိုက်ခြင်း

လက္ခဏာများ

-မွေးကင်းစကလေးသည် (၂၅၀၀) ဂရမ်အောက် အလေးချိန် လျော့နည်းခြင်း
-၃၇ ပတ် မပြည့်မီမွေးခြင်း
-ကြွက်သားများ လျော့တွဲ အားနည်းခြင်း
-အရေပြားအောက် အဆီပြင် အနည်းငယ်သာရှိခြင်း
-အရေပြား နီရဲနေခြင်း
-တခါတရံ အမွှေးနုများ တစ်ကိုယ်လုံး ဖုံးလွှမ်းနေခြင်း

ပြုစုစောင့်ရှောက်ခြင်း

-ခြောက်သွေ့စွာ ထားခြင်း
-နွေးထွေးစွာ ထားခြင်း
-မိခင်နှင့် ကလေး အသားချင်း ထိကပ်ထားခြင်း

ဆေးရုံသို့ ညွှန်းပို့သင့်သည့် အခြေအနေ

-ကလေး အသက်ရှု ခက်ခဲခြင်း
-ရောဂါပိုးဝင်သော လက္ခဏာများကို တွေ့ရခြင်း၊ အသားဝါပြင်းထန်ခြင်း
-ကိုယ်အလေးချိန် (၁၅၀၀) ဂရမ်အောက် နည်းပါးခြင်း

မွေးကင်းစကလေး ရေမွမ်းခြင်း

-ကလေးသည် မွေးပြီး စက္ကန့် (၃၀)အတွင်း အသက်ရှုနိုင်ခြင်း မရှိ
-မွေးမွေးပြီးချင်း ကလေးငယ်မှာ လုံလောက်သော အသက်ရှုခြင်းကို စတင်နိုင်ခြင်း မရှိလျှင်သော်လည်းကောင်း၊ ဆက်လက် ထိန်းသိမ်းနိုင်စွမ်း မရှိလျှင်သော် လည်းကောင်း၊ အသက်ရှု မွန်းခြင်းဖြစ်၊ အသက်ရှုကြပ်မွမ်းခြင်း အောက်ဆီဂျင် အလုံအလောက် မရခြင်း

ကလေးရေမွမ်းခြင်း ဖြစ်စေနိုင်သော အခြေအနေ၊ ဖြစ်ကြောင်းများ

-ရုတ်တရက် ဝမ်းနာပြီး မွေးခြင်း
-ဝမ်းကြာရှည်စွာနာခြင်း
-အချင်း မဖွံ့ဖြိုးခြင်း
-ကိုယ်ဝန် အဆိပ်တက်ခြင်း
-ရက်လွန်ခြင်း
-သန္ဓေသား ညှက်ခြင်း
-လမစေ့မွေးခြင်း၊ အမြွှာပူးမွေးခြင်း
-မိခင်သွေးအားနည်းခြင်း၊ မမွေးမီသွေးသွန်ခြင်း
-မိခင်တွင်ဆီးချိုရောဂါရှိခြင်း၊ ရေမြွှာစောစီးစွာပေါက်ခြင်း
-ရေမြွှာများခြင်း၊ ရောဂါပိုးဝင်ခြင်း
-မိခင်ဖခင်တွင် ပန်းနာရင်ကြပ်ရှိခြင်း
-ငယ်ချေးများကို အဆုပ်အတွင်ဝင်ရောက်အောင် ရှုသွင်းမိခြင်း
-ခက်ခဲစွာ မွေးဖွားရခြင်း
-ကိရိယာအကူအညီဖြင့် မွေးဖွားရခြင်း
-ချက်ကြိုးတွင် ပြဿနာရှိခြင်း

လက္ခဏာများ

-မွေးကင်းစကလေး နှလုံးခုန်သံ ၁၀၀ အောက်နှင့် ၁၈၀ အထက်ဖြစ်နေခြင်း
-ရေမြွှာတွင် ငယ်ချေးရောပါ၍ အရောင်စိမ်းခြင်း
-စက္ကန့် ၃၀ အတွင်း အသက်မရှုနိုင်ခြင်း
-မွေးကင်းစကလေး နှလုံးခုန်သံ မူမမှန်ခြင်း၊ မြန်ခြင်း၊ နှေးခြင်း
-ကလေးမှာ ပြာခြင်း

ပြုစုစောင့်ရှောက်ခြင်း

-အသက် ရှုနိုင်ရန် ကူညီ လုပ်ဆောင်ပေးခြင်း (အသက်ရှု လမ်းကြောင်း ရှင်းပေးခြင်း၊ လေဝင် လေ ထွက် ကောင်းစေ ရန် ပြု လုပ်ပေးခြင်း)
-ရေမြွှာရည်နှင့် ငယ်ချေးများကို ပါစပ် နှာခေါင်းမှ ကိရိယာဖြင့် စုပ် ထုတ်ပေးခြင်း
-ကလေးအသက်ရှု ခက်ခဲမှု ပြင်းထန်ပါက ဆေးရုံသို့ ညွှန်းပို့ရန် ဆုံးဖြတ်ခြင်း

ပြင်းထန်ပါက ဆေးရုံသို့ ညွှန်းပို့ရန် ဆုံးဖြတ်ခြင်းဆေးရုံသို့

-အသက်ရှုသွင်းလျှင် အသံကြားနေရခြင်း
-၁ မိနစ်လျှင် ၃၀ ကြိမ်အောက်နည်း၍ အသက်ရှုခြင်း
-အသက်ရှုစဉ် နံရိုးကြွက်သားချိုင့်ဝင်ခြင်း/ ရင်ညွန့်ချိုင့်ခြင်း
-အသက်ရှုထုတ်သောအခါ ညည်းသံကြားရခြင်း
-တိမ်ပြီး စည်းချက်မမှန်သော အသက်ရှုခြင်း
-လုံလောက်သော အသက်ရှုခြင်းကို ဆက်ပြီး မထိန်းသိမ်းနိုင်ခြင်း
-၁ မိနစ်လျှင် အကြိမ် ၆၀ ထက်အသက်ရှုခြင်း
-ကလေးလျှာနှင့် နှုတ်ခမ်းပြာခြင်း
-တစ်ကိုယ်လုံး ဖြူဖျော့ပြာနှမ်းခြင်း

မွေးစကလေး ပိုးဝင်ခြင်း

-မမွေးဖွားမီ မွေးဖွားစဉ်နှင့် မွေးဖွားပြီး အချိန်မရွေးဖြစ်နိုင်
-မွေးစကလေး ပိုးဝင်ခြင်းသည် လွန်စွာကျယ်ပြန့်
-မျက်စိ၊ ချက်တိုင်၊ အရေပြား၊ ပါးစပ်နှင့် အစာလမ်းကြောင်း၊ ဆီးလမ်းကြောင်း၊ အဆုတ်နှင့် အသက်ရှု လမ်းကြောင်းများတွင် ပိုးဝင်တက်ပါသည်။

ဖြစ်နိုင်သော အခြေအနေနှင့် ဖြစ်ကြောင်းတရားများ

-မိခင်မွေးလမ်းကြောင်း မသန့်ရှင်းခြင်း
-မိခင်တွင် ကူးစက်ရောဂါပိုး ရှိနေခြင်း
-ချက်ကြိုးကိုင်တွယ်ရာတွင် မသန့်ရှင်းခြင်း
-မိခင်နို့သီးနှင့် နို့ဗူးတိုက်ရာတွင် မသန့်ရှင်းခြင်း
-ကလေးအနှီးအဝတ် မသန့်ရှင်းခြင်း
-မိခင် ပြုစုစောင့်ရှောက်သူတို့မှ တဆင့် ကူးစက်ခြင်း (အကြောင်းတရား အခြေအနေများစွာ)

ရောဂါလက္ခဏာနှင့် ဆေးရုံသို့ ညွှန်းပို့သင့်သော အခြေအနေများ

-မျက်ဝတ်မှာ ပြည်အဖြစ်တည်လာခြင်း
-အဖျားကြီးခြင်း
-ပြင်းထန်သော ဝမ်းလျှောဝမ်းပျက်ဖြစ်ခြင်း
-အသက်ရှုလျှင် နံရိုးချိုင့်ခြင်း၊ ရင်ညွန့်ချိုင့်ခြင်း
-ချက်တိုင်နှင့် ပတ်ဝန်းကျင် နီရဲတင်းမာခြင်း
-မေးခိုင်ခြင်း
-ကလေးနို့တင်းရောင်ခြင်း
-ပြင်းထန်သော အရေပြားပိုးဝင်ခြင်း၊ အနာဖြစ်ခြင်း
-မွေးကင်းစကလေး ပိုးဝင်ခြင်း၊ လမစေ့ ပေါင်မပြည့်မွေးခြင်း
-မွေးဖွားစဉ်ရေမွမ်းခြင်းများမှာ မိခင်၏ ကံ၊ စိတ်၊ ဥတု အပေါ်တွင် များစွာတည်မှီသည်။
-မိခင်ဖြစ်သူသည် ပဋိသန္ဓေ ဆောင်စဉ်ကာလတွင် ကံ စိတ် ဥတု အာဟာရ မှန်သမျှကို မှန်ကန်စွာ ကျင့်သုံးမည်ဆိုပါက သန္ဓေသားတွင်လည်း ဓါတ်ကြီး (၅)ပါး ညီညွတ်မျှတကာ ကျန်းမာသန်စွမ်းသော ကလေးများ မွေးဖွားပြီး ကလေးသေနှုန်း ကျဆင်းစေမည် ဖြစ်ပါသည်။

ကိုယ်ဝန်ဆောင်စဉ်အတွင်း ရှောင်ကျဉ်ရန်

-ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများ
-အားကစားလုပ်ခြင်းများ
-အရက်သေစာ သောက်စားခြင်း
-အအိပ်ပျက်ခံခြင်း
-အပျော်အပါးများခြင်း
-ဆေးလိပ်သောက်ခြင်း
-ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ခြင်း

ကိုယ်ဝန်ဆောင်စဉ် လိုက်နာရန်

-ငါးပါးသီလဆောက်တည်ခြင်း
-သန္ဓေသားအား မေတ္တာပို့ခြင်း
-သရဏဂုံဆောက်တည်ခြင်း
-ကောင်းမှုကုသိုလ်ပြုလုပ်ခြင်း
-သတ္တဝါများအား မေတ္တာပို့ခြင်း
-တစ်ကိုယ်ရေ သန့်ရှင်းခြင်း
-မီးဖွားရန် အခန်းကိုလည်း စနစ်တကျ သန့်သန့်ရှင်းရှင်း ပြင်ဆင်ထားရှိခြင်း
-မိသားစု စီမံကိန်း ထားရှိရန်
-ကိုယ်ဝန်ဆောင်စဉ် ကျန်းမာရေးဌာနများတွင် ပြသ၍ စောင့်ရှောက်မှုကို ခံယူပါ
-ကိုယ်ဝန်ဆောင်စဉ်နှင့် မီးဖွားစဉ် တစ်ကိုယ်ရည် သန့်ရှင်းခြင်းနှင့် အသုံးအဆောင် သန့်ရှင်းရေးကို ဆောင်ရွက်ပါ။

နိဂုံး

ခေတ်မီဖွံ့ဖြိုး တိုးတက်သော မြန်မာနိုင်ငံ၏ အနာဂတ် သည် မျိုးဆက်သစ် ကလေးငယ် များ၏ ကျန်းမာရေးနှင့် ဆက်စပ်လျက်ရှိပေရာ တိုင်းရင်းဆေး ပညာရှင်များ အနေနှင့် ကလေးသူငယ် ကျန်းမာရေး စောင့်ရှောက်မှုတွင် ပါဝင်ဆောင်ရွက် ကြရမည် ဖြစ်ပါသည်။မွေးကင်းစ ကလေးသေနှုန်း များသော ရောဂါများကို တိုင်းရင်းဆေး ပညာဖြင့် ကာကွယ်ခြင်းများ၊ ကျန်းမာရေး ပညာပေးခြင်းများ ပြုလုပ်ပြီး ထိုရောဂါများကို တွေ့ရှိ ပါက ပြုစုကုသပေးခြင်း၊ ဆေးရုံသို့ ညွှန်းပို့ သင့်သော အခြေအနေများတွင် အချိန်မှီ လွှဲပြောင်းပေးခြင်း တို့ဖြင့် နိုင်ငံတော်၏ မွေးစကလေး သေနှုန်းလျော့ ချရေး ဆောင်ရွက်ရာတွင် တိုင်းရင်းဆေး ပညာရှင်များအနေဖြင့် ပါဝင်ဆောင်ရွက်နိုင်ရန် ရေးသား တင်ပြအပ်ပါသည်။

ကျေးဇူးတင်လွှာ

CTME အစီအစဉ် ဖြစ်မြောက်ရေးအတွက် စီစဉ်ပေးသော တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ်ကြီး နှင့်တကွ ဒုတိယ ပါမောက္ခချုပ်များ၊ တိုင်းရင်းဆေး တက္ကသိုလ် MEU ဥက္ကဠနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာ အသင်းခွဲ (မန္တလေးတိုင်းဒေသကြီး) ဥက္ကဠနှင့် အဖွဲ့ဝင်များ၊ အဖက်ဖက်မှ ကူညီအားပေး သူများနှင့် CTME အား ပံ့ပိုးကူညီပေးသော ဒေါ်ခင်အုန်းမြင့် ပဉ္စရူပဆေးတိုက်တို့အား အထူးကျေးဇူး တင်ရှိပါကြောင်း ပြောကြားအပ်ပါသည်။ ဒေါ်ဝင်းယုအောင်(နည်းပြ)၊ ဦးသန်းအုန်း(ကထိက/ဌာနမှူး၊ ကလေးရောဂါ ပညာဌာန၊ တိုင်းရင်းဆေး တက္ကသိုလ်)

(CPR) နှလုံး-အဆုပ် ပြန်လည် အလုပ်လုပ်စေရန် အရေးပေါ်ပြုစုပေးခြင်း

• လူနာကို မာသောကြမ်းပြင်ပေါ် ထားပါ၊
• မိမိက လူနာ၏ ဘေးမှာ ဒူးနှစ်ဖက် ထောက်ပြီး ထိုင်ပါ။
• လူနာမှ တင်းကြပ်နေသော အဝတ်အစားများ လျော့ပါ-ဖယ်ပါ။
• မိမိ၏ လက်ဝါး နှစ်ဖက်ကို ထပ်ပြီး၊ လူနာ၏ ရင်ပတ် အလယ်တည့်တည့် နို့အုံနှစ်ဖက်၏ အလယ်၊ ရင်ညွန့်ရိုး အပေါ်မှာ တင်ပါ၊
• မိမိ၏ လက်နှစ်ဖက်ကို ဆန့်တန်းထားပြီး၊ မိမိ၏ ကိုယ်အလေးချိန်ကို မိမိလက်နှစ်ဖက်အပေါ်သို့ ပြောင်းရွှေ့ကာ၊ မိမိ၏ လက်ပါးနှစ်က လူနာ၏ရင်ပတ်ကို ဖိချပေးရမည်။
• နှစ်လက်မခန့် ကျသွားအောင် ဖိလိုက်ပြီးနောက် လုံးဝကြွလိုက်ရမည်။
• တမိနစ်လျင် အကြိမ် ၁ဝဝ နှုန်းဖြင့် ထိုအတိုင်း ဖိလိုက်-ကြွလိုက် လုပ်ရမည်။
• အကြိမ် ၃ဝ လုပ်ပြီးတိုင်း၊ ပါးစပ်မှလေသွင်းခြင်း (၂) ခါ လုပ်ရမည်။
• ရင်ပတ် ဖိ-ကြွခြင်းနှင့် ပါးစပ်မှလေသွင်းခြင်းကို စုစုပေါင်း (၂) မိနစ် သို့မဟုတ် (၅) ပါတ် လုပ်ရမည်။
Dr. Tint Swe

၀က်ခြံကြောင့်ဖြစ်တဲ့ အမာရွတ် အမဲစက်တွေပျောက်ဖို့ အတွက်

၀က်ခြံက စပေါ်လာတဲ့အချိန်ထဲက လူကို စိတ်အနှောင့်ယှက်ပေးတယ်။ ပျောက်သွားရင်လည်း အမာရွတ်တွေကျန်ခဲ့ရော။ အလှအပကြိုက်တဲ့သူတွေအတွက်တော့ မဟာရန်သူတော်ကြီးပေါ့။ ဝက်ခြံအဖုက ပေါ်တာခဏပဲ။ ကျန်ခဲ့အမာရွတ်တွေက နှစ်ရှည်လများ စိတ်ဒုက္ခပေးတော့တာ။ အဲ့ဒီတော့ အဲဒီအမာရွတ်တွေကို ကြိုးစားပမ်းစား ရှင်းပစ်ကြရအောင်နော်။

တစ်ခုပြောပြချင်တာကတော့ အောက်ကနည်းတွေက အရမ်းဆိုးတဲ့အမာရွတ်တွေအတွက်တော့ မရဘူးနော်။ ပြီးတော့ ဝက်ခြံက ပိုးဝင်ရောင်ရမ်းနေရင်လည်း မလုပ်သင့်ဘူးလေ။ ဒါကြောင့် အရမ်းဆိုးတဲ့အမာရွတ်တွေရှိရင် ဝက်ခြံတွေကပိုးဝင်ရောင်ရမ်းနေရင်တော့ အရေပြားအထူးကုဆရာဝန်ကြီးတွေကိုပဲ အားကိုးရမှာပါ သူငယ်ချင်းတို့။

ရှောက်၊ သံပုရာရည်၊ သံပုယို

သံပုရာသီးကတော့ အရေပြားရဲ့အနာအဆာတွေကို ဖယ်ရှားပေးတဲ့နေရာမှာ ဆရာကြီးပဲလေ။ သံပုရာရည်က Citric Acid ဟာ အရေပြားကိုနုပျိုစေတဲ့ Alpha Hydroxy Acids (AHA) နွယ်ဝင်ပေါ့။ AHA ဟာ ဆဲလ်ဟောင်းတွေကို ဖယ်ရှားပေးတယ်။ ဆဲလ်သစ်တွေဖြစ်ပေါ်တာကို အားပေးတယ်။ အရေပြားရဲ့ ကျုံဆန့်နိုင်တဲ့သတ္တိကို ပြန်လည်ရရှိစေပြီး အမာရွတ်ကိုလည်း ဖျော့သွားစေတာကြောင့် ဝက်ခြံအမာရွတ်တွေအတွက်တော့ အရမ်းအသုံးဝင်တယ်လေ။ အဲ့ဒီတော့ သံပုရာရည်လေးကို အမာရွတ်ပေါ်တို့ထားပြီးခဏနေရင် ရေဆေးချလိုက်နော်။

စန္ဒကူး

စန္ဒကူးကလည်း ဝက်ခြံအမာရွတ်တွေကို ပျောက်ကင်းစေတဲ့နေရာမှာ နာမည်ကြီးပါတယ်။ ဒါပေမယ့် စန္ဒကူးကို နှင်းဆီရည်နဲ့ ရောပေးရမှာပါ။ ၂ခုရောပြီး အနှစ်ပျစ်ပျစ်လေးဖြစ်လာတဲ့အခါ လိမ်းအိပ်လိုက်ပါ။ မနက်နိုးရင် မျက်နှာသစ်လိုက်ပေါ့။ အမာရွတ်တွေ ပျောက်ကင်းသွားတဲ့အထိ လုပ်ပေးရမှာပါ။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးကို ပါးပါးလှီးပြီး အမာရွတ်တွေပေါ် ပွတ်ပေးပါတဲ့။ ခရမ်းချဉ်သီးမှာVitamin A တွေ အများကြီးပါတယ်လေ။ Vit A က ဝက်ခြံထွက်တာကို လျှော့နည်းစေတယ်။ အသားအရေကို လန်းဆန်းစေတယ်။ အမာရွတ်တွေနဲ့ အသားအရေပျက်စီးတာတွေကိုလည်း ပျောက်ကင်းသက်သာစေတယ်လေ။

သံလွင်ဆီ

သံလွင်ဆီက စားစရာတွေကို ပိုပြီးအရသာရှိစေသလို သင့်ကိုပိုလှလာအောင်လည်း စွမ်းဆောင်ပေးနိုင်တယ်နော်။ သံလွင်ဆီကို အမာရွတ်ပေါ်လူးပြီး နှိပ်နယ်ပေးပါ။ သံလွင်ဆီက အစိုဓာတ်ကို ဖြည့်ဆည်းပေးပြီး အသားအရေကိုနူးညံ့စေလို့ အမာရွတ်တွေကို မသိသာစေတော့ဘူးပေါ့။

ပျားရည်

ပျားရည်ကို သောက်မယ်၊ ပျားရည်နဲ့ မျက်နှာပေါင်းတင်ပေးမယ်ဆိုရင် ပျားရည်ရဲ့အစိုဓာတ်ဖြည့်ပေးတဲ့အစွမ်းကြောင့် ဝက်ခြံအမာရွတ်တွေကို ကုသရာမှာ ထိရောက်မှုရှိတယ်လေ။ ပျားရည်က ဒီလောက်စားလို့ကောင်းတာ၊ အသားလည်းလှစေတယ်ဆိုတော့ စမ်းကြည့်သင့်တယ်နော်။

Vitamin E

Vit E က အသားကိုလှစေတာ လူတိုင်းသိတယ်ဟုတ်?? Vit E က ဝက်ခြံအမာရွတ်မှ မဟုတ်ဘူးနော်။ အမာရွတ်တိုင်းကို သက်သာပျောက်ကင်းစေနိုင်တယ်လေ။ ကလေးမွေးပြီးလို့ ဗိုက်ကြောပြတ် ကျန်ခဲ့သူတွေအတွက်လည်း အသုံးဝင်ပါသေးတယ်။ ဝက်ခြံအမာရွတ်တွေအတွက်တော့ တော်တော်စွမ်းတယ်ဆိုပဲ။ Vit E အဆီလေးကို ဝက်ခြံအမာရွတ်တွေပေါ် သေချာစိမ့်ဝင်သွားအောင် လိမ်းပေးပါ။ အမာရွတ်တွေ တဖြည်းဖြည်းသက်သာလာပြီး သိပ်မဆိုးတဲ့ အမာရွတ်တွေဆိုရင် အချိန်တိုအတွင်းမှာ လုံးဝသက်သာပျောက်ကင်းစေနိုင်တယ်ဆိုတော့ သူ့အစွမ်းကအံ့မခန်းပါပဲနော်။

ရင်နှင်းတွေ့ထားတဲ့ နည်းတွေကတော့ အများကြီးပါပဲ သူငယ်ချင်းတို့ရေ။ ကိုယ်နဲ့ အဆင်ပြေနိုင်တာလေး ရွေးလုပ်ကြည့်ပေါ့။ အားလုံးကတော့ သူ့ဟာနဲ့သူ အစွမ်းထက်မှာပါ။ တခုပဲ.. စိတ်ရှည်ဖို့တော့ လိုတယ်နော်။ အမာရွတ်တွေကို လုံးဝပျောက်ကင်းစေတယ်ဆိုတဲ့ ကမ္ဘာကျော်ထုတ်ကုန်တွေတောင် တရက်ကို ၃ - ၄ ကြိမ် လိမ်းရပေမယ့် အနည်းဆုံး ၆ လ လောက်နေမှ အမာရွတ်တွေပျောက်တာ ဆိုတော့လေ။ အဲဒီတော့ ကိုယ်လှဖို့ပဲ သယ်ရင်းတို့ရယ် စိတ်ရှည်ရှည်နဲ့ ကြိုးစားလိုက်ကြစို့နော်။ Fighting !!!!
ရင်နှင်းသူငယ်ချင်းလေးတွေ အမြဲကျန်းမာလှပပျော်ရွှင်ကြပါစေရှင်.. :pray

(ရင်နှင်းငယ်)

Arsenic poisoning (အာဆင်းနစ်) အဆိပ်သင့်ခြင်း

4-3-2013 Facebook ကျေးဇးူပြုပြီး လက်ရှိ လူတွေကြောက်လန့်နေရတဲ့ အာဆင်းနစ် ခဲဆိပ်အကြောင်း သိပါရစေရှင့်။

၂ဝဝ၇ စစ်တမ်းတခုအရ နိုင်ငံပေါင်း ၇ဝ က လူပေါင်း ၁၃၇ သန်းမှာ အနည်းနဲ့အများ သောက်ရေကနေ အာဆင်းနစ် အဆိပ်သင့်တာ ခံနေကြရတယ်။ မြေအောက်ရေထဲမှာ ပါနေတာသောက်မိရာကနေ အဆိပ်သင့်တာက အများဆုံး ဖြစ်တယ်။

ချက်ချင်းဖြစ်တာမျိုးဆိုရင် ပါးစပ်ကေနေ သတ္တုနံ့ရနေမယ်။ တံတွေးများမယ်။ အမြိုရခက်မယ်။ ဒိနောက်မှာ ဝမ်းလျှောတာ၊ အန်တာနဲ့ ဆီးထဲသွေးပါတာတွေ ခံစားရမယ်။ ကြွက်ကားတွေနာမယ်၊ ဆံပင်ကျွတ်မယ်၊ ဗိုက်နာမယ်၊ ဆီးအရောင် မဲနေမယ်၊ ရေဓါတ်နည်းနေမယ်၊ နှလုံးခုန်မမှန်ဖြစ်မယ်၊ ခေါင်းမူးမယ်၊ စိတ်ကယောင်ခြောက်ခြားဖြစ်မယ်၊ ရှော့ခ် ရမယ်။ တက်နိုင်တယ်။ အရေပြား၊ အဆုပ်။ ကျောက်ကပ်နဲ့ အသဲတွေကိုလည်း ထိခိုက်စေမယ်။ နောက်ဆုံး သတိလစ်မယ်၊ သေဆုံးနိုင်တယ်။ ရုတ်တရက်အဆိပ်သင့်သူ အသက်မသေရင်တောင်မှ အာရုံကြောထိခိုက်တာ ခံရနိုင်တယ်။


နာတာရှည်ခံနေရသူတွေမှာ ဗီတာမင် (အေ) နည်းလို့ ကြက်မျက်သင့်တာဖြစ်မယ်။ အရေပြားမှာ အရောင်တွေ (မဲ၊ နီ) ပြောင်းမယ်။ အဖုအသီးလေးတွေထွက်မယ်။ လက်သည်းတွေမှာ (Mees' lines) အဖြူစဉ်းတွေဖြစ်လာမယ်။ အသဲနဲ့ ကျောက်ကပ်ထိခိုက်မယ်။ နာတာရှည်ကနေ တချို့မှာ ကင်ဆာဖြစ်လာနိုင်တယ်။ ဆီးအိမ်၊ ကျောက်ကပ်၊ အဆုပ် နဲ့ အရေပြားကင်ဆာတွေ ဖြစ်နိုင်တယ်။

လုပ်ငန်းခွင်ကနေဖြစ်စေတာတွေထဲမှာ မှန်စက်ရုံ၊ သံမပါတဲ့သတ္တုရောလုပ်ငန်း နဲ့ (အီလက်ထရောနစ် ဆီမီကွန်ဒတ်တာ) လူပ်ငန်းတွေလဲ ပါတယ်။ ကြေးနီနဲ့ ခဲအရည်ကျိုလုပ်ငန်း နဲ့ သစ်သားစက်ရုံလုပ်ငန်းတွေမှာ အလုပ်လုပ်ရသူတွေလဲ အဆိပ်သင့်ကြရတယ်။ စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးတွေထဲမှာ (အာဆင်းနစ်) ပါတာလည်းရှိတယ်။


လူတွေဟာ သောက်ရေနဲ့ လုပ်ငန်းခွင်သာမကာ လေကနေလည်းရသလို အစားအသောက်ကနေလဲ အာဆင်းနစ်ဓါတ် ရနေကြတယ်။ အသား၊ ငါး နဲ့ ကြက်သားတွေကနေရတယ်။ ကြက်စာထဲမှာ (အင်တီဘိုင်အောတစ်) ဆေးတချို့ကြောင့် ရစေနိုင်တယ်။ ဝိုင် ချက်ဘို့ စိုက်တဲ့အခင်းမှာ အာဆင်းနစ်များနေရင် သောက်တဲ့ ဝိုင်ထဲမှာလဲ ပါနေမယ်။ ဆန် (တမင်း) ထဲမှာလဲ ပါနေနိုင်တယ်။

သွေးနဲ့ ဆီးကိုစစ်ရင် သိမယ်။ Rapid urine spot tests အမြန်ဆီးစမ်းနည်းတွေကို သုံးတာများတယ်။ > 50 micrograms/L ဆိုရင်များနေတာဖြစ်တယ်။ ရုတ်တရက်အဆိပ်သင့်သူဟာ ဒိထက် ၅ ဆ ကနေ အဆ ၁ဝဝ အထိ ရှိနိုင်တယ်။ အမေရိကားမှာ အလုပ်သမားတွေကို 35 µg/L total urinary arsenic သာရှိရမယ်လို့ ကန့်သတ်ထားတယ်။

WHO ကနေသတ်မှတ်ထားတာက သောက်ရေထဲမှာ အာဆင်းနစ် 0.01 mg/L (10ppb) ထက်မပိုစေရလို့ဖြစ်ပါတယ်။ ဒါပေမဲ့ ရေရှည်သောက်နေတဲ့ရေထဲမှာ 0.00017 mg/L (0.17ppb) လောက်သာရှိပေမဲ့ အဆိပ်သင့်တာခံစားရတယ်။

Treatment ဘယ်လိုကုသသလဲ
ရေများများနဲ့ဆေးကြော ပြစ်ပါ။ အစာလမ်းကနေ သွေးထဲစုပ်မဝင်စေအာင် Polyethelene glycol သုံးနိုင်တယ်။ လိုအပ်ရင် အောက်စီဂျင်၊ ဒရစ်၊ သွေးသွင်းပေးနိုင်တယ်။ တက်နေရင် တက်တာကိုကုရမယ်။ နာတာရှည် ရေကြောင့်ဖြစ်ရင် အဲဒီရေကို ကောင်းတာနဲ့ အစားထိုးပေးရမယ်။

• Chelation နည်းသုံးတယ်။ Dimercaprol နဲ့ Dimercaptosuccinic acid ဆေးတွေကိုသုံးတယ်။
• Potassium (ပိုတက်ဆီယမ်) ဆေးပေးရင် နှလုံးခုန်မမှန်တာကို သက်သာစေမယ်။
• ကြက်သွန်ဖြူကလည်း ကောင်းတယ်။ ဘင်္ဂလားဒက်မှာ ကြွက်တွေကို စမ်းသပ်လို့သိရတာဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၅-၄-၂ဝ၁၃

ကွမ်းရွက်၏ ကျန်းမာရေး အကျိုးကျေးဇူးများ

ကွမ်းရွက်မှာ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေက ကယ်လ်စီယမ်၊ ကာရိုတင်း၊ ရိုင်ဘိုဖလေဗင်၊ နိုင်ယာစင်၊ သိုင်ယာမင်းနဲ့ ဗီတာမင်စီတို့ ဖြစ်ကြပါတယ်။ လတ်တလော လေ့လာမှုတွေအရ ကွမ်းရွက်မှာ တန်နင်၊ သကြား၊ မရှိမဖြစ်ဆီ စတာတွေ ပါဝင်နေကြကြောင်း သိရပါတယ်။ ကွမ်းရွက်မှာပါတဲ့ ချာဗီကောဆိုတဲ့ ဖီနောဓာတ်ဟာ အစွမ်းထက် ပိုးသတ်အာနိသင်ရှိပါတယ်။ ကွမ်းရွက်မှာ အောက်ပါ ဆေးဖက်ဝင် အစွမ်းသတ္တိတွေ ပါဝင်နေပါတယ်။

အကိုက်အခဲပျောက်စေပါတယ်

ကွမ်းရွက်မှာ အကိုက်အခဲပျောက်တဲ့ အာနိသင်နဲ့ အေးမြစေတဲ့ အာနိသင်တို့ ရှိကြပါတယ်။ ဒါကြောင့် ပြင်းပြင်းထန်ထန် ခေါင်းကိုက်နေသူတွေမှာ ခေါင်းကိုက်တဲ့ နေရာပေါ် ကွမ်းရွက်အုပ်ပေးပါက ကောင်းမွန်တဲ့ ရလဒ်ကို ရရှိစေပါတယ်။

မွေးကျွတ်နာကို သက်သာစေပါတယ်

ကွမ်းရွက်ကို အနာစိမ်းနဲ့ မွေးကျွတ်နာတွေ ကုသရာမှာ အသုံးပြုနိုင်ပါတယ်။ သန့်စင်အောင် ဆေးကြောထားတဲ့ ကွမ်းရွက်တစ်ရွက်ကို နူးညံ့ပျော့ပျောင်းတဲ့အထိပြုတ်ပြီး ကြက်ဆူဆီ သုတ်လိမ်းပေးပါ။ ကြက်ဆူဆီ သုတ်လိမ်းထားတဲ့ ကွမ်းရွက်ကို ရောင်ရမ်းနေတဲ့ မွေးကျွတ်နာ ဒါမှမဟုတ် အနာစိမ်းပေါ် ကပ်ပေးပါ။ ပြီးရင် အဲဒီကွမ်းရွက်ကို နာရီ အနည်းငယ်ကြာတာနဲ့ ဖယ်ရှားပြီး အသစ်ကပ်ပေးရမှာ ဖြစ်ပါတယ်။ ဒီလိုကပ်ရင်း အနာစိမ်း
ဒါမှမဟုတ် မွေးကျွတ်နာက ပေါက်သွားပါလိမ့်မယ်။

ဆီးသွားစေတဲ့ အစွမ်းရှိပါတယ်

ကွမ်းရွက်ပြုတ်ရည်ကို သောက်ပေးရင် ဆီးသွားစေတဲ့ အာနိသင်ရှိပါတယ်။

အဆုတ် ထိခိုက်မှု ဝေဒနာကို သက်သာစေပါတယ်

ကွမ်းရွက်တွေကို ကလေးငယ်တွေနဲ့ အသက်ကြီးသူတွေမှာဖြစ်တဲ့ အဆုတ် ထိခိုက်မှု ဝေဒနာတွေ ကုသရာမှာ အသုံးပြုနိုင်ပါတယ်။ မုန်ညင်းဆီထဲ စိမ်ထားတဲ့ ကွမ်းရွက်ကို ပူနွေးအောင်ကင်ပြီး အေးသွားချိန်မှာ ရင်ဘတ်ပေါ် ကပ်ပေးရင် ချောင်းဆိုးတာနဲ့ အသက်ရှူမဝတဲ့ ဝေဒနာတို့ကို သက်သာစေပါတယ်။

အဆစ်ရောင်နာကို သက်သာစေပါတယ်

ကွမ်းရွက်ကို အဆစ်ရောင်နာတဲ့ နေရာပေါ်မှာ ကပ်ပေးရင် သက်သာစေပါတယ်။

အနာကျက်စေပါတယ်

ကွမ်းရွက်ပြုတ်ရည် အနည်းငယ်ကို ထိခိုက်ဒဏ်ရာပေါ်မှာ သုတ်လိမ်းပေးပြီး ပတ်တီးစည်းထားပေးပါက နှစ်ရက်ခန့်အတွင်း အနာကျက်မြန်စေပါတယ်။

သတိပေးချက်

ကွမ်းယာကို မကြာခဏ ဝါးစားတာကြောင့် ခံတွင်းမှာ ကင်ဆာဖြစ်နိုင်ခြေရှိပါတယ်။ အကြောင်းကတော့ ကွမ်းယာထဲမှာ ထည့်သုံးတဲ့ဆေးနဲ့ တခြားပါဝင်ပစ္စည်းတွေကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ကွမ်းစားတတ်သူတွေ အနေနဲ့ ကွမ်းယာကိုတော့ တတ်နိုင်သမျှ လျှော့စားသင့်ပါတယ်။

ကြယ်စင်

ကျီးပေါင်းအတွက် သင်္ဘောရွက်

သင်္ဘောသီးသည် မြန်မာသာမက တစ်ကမ္ဘာလုံးတွင် စားသုံးကြသော အသီးဖြစ်သည်။ အရသာကောင်းသည်။ ဝမ်းမှန်စေသည့် အစာအဖြစ် စားသုံးသည်။ အထူးသဖြင့် အပူပိုင်းဇုန်များတွင် ပို၍ဖြစ်ထွန်းသည်။ သင်္ဘောပင်၏ ထူးခြားချက်မှာ အဖိုပင်နှင့် အမပင်ဟူ၍ နှစ်မျိုးရှိသည်။ အဖိုပင်သည် အသီး မသီးပေ။ မြေသြဇာကောင်းလျှင် သင်္ဘောအမပင်မှ အသီးများမှာ ပင်စည်ပတ်လည်တွင် နေရာမလပ် ပြွတ်သိပ် ညပ်နေအောင် သီးလေ့ရှိသည်။
အသီးကြီးစေချင်လျှင် ကြားညပ်သော အသီးများကို ချွေပေး ခူးပေးရသည်။ သင်္ဘောသီးတွင်လည်း အလုံးအဝိုင်းမျိုးနှင့် အရှည်သီးဟူ၍ နှစ်မျိုးတွေ့ရသည်။ အပူပိုင်းဒေသများတွင် လုံးဝိုင်းသောအမျိုးက ပို၍ ဖြစ်ထွန်းပြီး ပို၍ချိုသည်။ သင်္ဘောသီးသည် စားကောင်းရုံမျှမက ဆေးဘက်ဝင်ကြောင်းကို ရှေးကအိန္ဒိယ အာယုဗေဒဆေးကျမ်းများတွင် တခမ်းတနား ဖော်ပြခဲ့သည်။

အနောက်တိုင်းတွင်လည်း ၁၅ ရာစုခန့်က တွေ့ရှိသည့် ခရီးသည်ကြီး မာကိုပိုလို၏ မှတ်တမ်းများတွင် သူ၏ သင်္ဘောသားများတွင် ဖြစ်ပွားသည့် သွားဖုံးသွေးယိုရာဂါနှင့် ရေစီးကမ်းပြိုရောဂါများမှာ သင်္ဘောသီး စားရုံနှင့် ပျောက်ကင်းကြောင်းနှင့် အလွန်ကျေးဇူးကြီးသည့် ရွှေရောင်အသီးဖြစ်ကြောင်း မှတ်တမ်းများ တွေ့ရှိခဲ့ကြရသည်ဟု ဆိုသည်။ သင်္ဘောသီးအမှည့်တွင် ဗီတာမင် အေနှင့်စီ အမြောက်အများ ပါဝင်သည်ဟု ဆိုသည်။ ဗီတာမင်အေမှာ မျက်စိအတွက်နှင့် ဗီတာမင်စီမှာ ကိုယ်ခံအားအတွက် ကောင်းခြင်းနှင့် ကင်ဆာကို ကာကွယ်နိုင်သော Antioxident ဟု ဆိုကြသည်။ သင်္ဘောသီးအစိမ်းမှာ အစာကြေစေသည်။ အသားကို နူးစေသည်။ ဟင်းအဖြစ် ချက်စားလျှင် အစာအိမ်ရောင်ခြင်း၊ အသည်းရောဂါများကို ကောင်းစေနိုင်သည်ဟု ဆိုသည်။ သင်္ဘောသီးတွင် အဓိက ပါဝင်သောဓါတ်မှာ (papin) ဟုခေါ်ပြီး အခြား ရှားပါးသတ္တုဓါတ်များ မင်ဂနိ(စ်)နှင့် သွပ်ဓါတ်၊ ထုံးဓါတ်များလည်း ထိုက်သင့်သလောက် ပါဝင်သည်ဟု အဆိုရှိသည်။

ရှေးမြန်မာ လူကြီးများက နံနက်သင်္ဘော၊ ညငှက်ပျောဟု အဆိုရှိကြသည်။ နံနက်စောစော အစာစားပြီး သင်္ဘောသီးမှည့် စားပေးလျှင် အစာကြေစေပြီး ရင်တောင့်ခြင်း၊ ရင်ခံခြင်းမှ ကင်းရှင်းသည်။ ဝမ်းသက်လေကြေစေသည်ဟု ယူဆသည်။ ညအိပ်ယာဝင် ငှက်ပျောသီး ဖီးကြမ်း စားပေးလျှင် လေဖိပြီး ညအိပ်ပျော်စေသည်။ နောက်တစ်နေ့နံနက်တွင် ဝမ်းမှန်စေသည်ဟု အယူအဆ ရှိကြသည်။ တိုင်းရင်းမြန်မာ အယူအဆတွင် သင်္ဘောသီးအစိမ်းသည် လေစာဖြစ်သည်။ သင်္ဘောသီးအမှည့်သည် အာပေါ+ဝါယော အစာဖြစ်သည်။ လေစာဆိုသော်လည်း လေချုပ်စာမဟုတ်၊ လေပွ၊ လေသက်စေသော အစာမျိုး ဖြစ်သည်။ ထို့အပြင် သင်္ဘောသီးကို ခွဲလိုက်လျှင် အလယ်တွင် အခေါင်းပွပါသဖြင့် အာကာသ (အပေါက်၊ အခေါင်းရှိသော) အစာမျိုး ဖြစ်သည်။ သင်္ဘောရွက်သည်လည်း ပုံမှန်သစ်ရွက် မဟုတ်ဘဲ လက်ငါးချောင်းကဲ့သို့ လက်ခြားပါသော သစ်ရွက်ရိုးတံတွင် ခေါင်းပွပါသော သစ်ရွက်ဖြစ်သဖြင့် အာကာသအရွက် ဖြစ်သည်။

သင်္ဘောသီး၏ အဟာရနှင့် ဆေးအသုံးဝင်ပုံကို အသိများသော်လည်း သင်္ဘောရွက်၏ ဆေးဘက်ဝင်ပုံကို သိသူနည်းသဖြင့် တင်ပြလိုက်ရပါသည်။ သင်္ဘောရွက်တွင် ရွက်နုနှင့် ရွက်ကြမ်းနှစ်မျိုး ရှိသည်။ ထွက်ခါစ အရွက်နှင့် အဖူးတို့ကိုပြုတ်ပြီး တို့စရာအဖြစ် စားသုံးလေ့ ရှိကြသည်။ ရွက်ကြမ်းများကို မီးကင်၊ မီးမြိုက်ပြီး ဆေးဘက်ဝင်အဖြစ် စားသုံးလေ့ ရှိကြသည်။ ရှေးကပင် လူကြီး၊ သက်ကြီးရွယ်အိုများနှင့် လေသက်၍ အစာကြေစေသည်ဆိုကာ အရွက်ကြမ်းကို မီးမြိုက်ပြီး စားသုံးလေ့ရှိကြသည်။ ရင်ကြပ်၊ ပန်းနာနှင့် စကားပြောလျှင် မောပြီး လေမဆက်သူများအတွက် သင့်တော်သည်။ သင်္ဘောရွက်သည် ခါးသောအရသာ ရှိသည်။ ခါးသောအရာ မှန်သမျှသည် လေကိုဖွပေးသော ဓာတ်သဘောရှိသည်။ စားသုံးမှုများလျှင်၊ လွန်ကဲလျှင် ခေါင်းမူးတတ်သဖြင့် အခါးအရသာရှိသော အသီးအရွက်မှန်သမျှ သင့်တင့်ရုံသာ စားသုံးရမည်။

သင်္ဘောရွက်ကြမ်းပြုတ်၊ ကပ်ကြေးဖြင့် ပါးပါးညှပ်ပြီး လက်ဖက်သုပ်ကဲ့သို့ အသုတ်ပြုလုပ်ပြီးလည်း စားသုံးနိုင်သည်။ နှမ်းနက်၊ ကြက်သွန်ဖြူကြော်တို့နှင့် တွဲဖက်စားလျှင် လေသက်စေသည်။ ညနေစောင်းအချိန် (ညနေ ၃ နာရီမှ ၆ နာရီအတွင်း) စားလျှင် ပို၍ လေရသည်။ သင်္ဘောရွက်ကိုထောင်းပြီး ညှစ်ယူ၍ရသော အရည်ကို နေ့စဉ်မှန်မှန် သောက်ပေးလျှင် ဝမ်းတွင်းမှ တုတ်၊ သန် စသော ပိုးများကို အောက်သို့ သက်စေသည်။ အစာအိမ် အူသိမ်မှ အနာကို ကျက်စေသည်။ ၎င်းကို သဘောၤရွက်သတ္တုရည်ဟု ခေါ်သည်။ မကြာသေးမီက စာစောင်တစ်ခုတွင် မြဝတီမဂ္ဂဇင်း အယ်ဒီတာချုပ်ဟောင်း ဆရာကြီးမင်းယုဝေ ရေးထားသည်မှာ သင်္ဘောရွက်ကို မီးကင်ပြီး အရည်ညှစ်သောက်သဖြင့် ကင်ဆာရောဂါ ပျောက်ကင်းနိုင်ကြောင်း လွန်ခဲ့သော နှစ် (၂၀) ခန့်က မိတ်ဆွေတစ်ဦးက ပြောဖူးသည်။ လွန်ခဲ့သောနှစ်က မိတ်ဆွေတစ်ဦးတွင် အဆုတ်ကင်ဆာရောဂါ ဖြစ်သဖြင့် သောြက်ကည့်ရန် တိုက်တွန်းရာ အမှတ်မထင်ပင် ကင်ဆာရောဂါ ပျောက်ကင်းသွားကြောင်း လက်တွေ့သိရသည်ဟု ဆိုသည်။

ဆရာကြီးမင်းယုဝေ၏ ပြောကြားချက်ဖြင့် စာရေးဆရာကြီး တက္ကသိုလ်ဝင်းမွန်မှလည်း အခြားဝေဒနာသည်တစ်ဦးကို ထပ်မံပြောရာ ထိုသူမှာလည်း ကုသရန် ခက်ခဲသော ကင်ဆာရောဂါမှ ကင်းကင်းရှင်းရှင်း ပျောက်ကင်းသွားသည်ဟု ဆိုသည်။ ဆရာတော်ကြီး တစ်ပါးမှာလည်း လည်ချောင်းအစာရေမျိုတွင် ကင်ဆာဆဲလ် တွေ့သဖြင့် ဆေးရုံမှ ဓါတ်ကင်ရန် ညွှန်ကြားရာ မကင်လိုဟု ဆိုကာ နယ်ပြန်ကြွသွားခဲ့သည်။ ထို့နောက် သတင်းကြားသဖြင့် သင်္ဘောရွက်ကို ထောင်းပြီး အရည်ညှစ်သောက်ရာမှ ကင်ဆာရောဂါမှာ ဓါတ်ကင်စရာ မလိုတော့ဘဲ ပျောက်ကင်း ချမ်းသာခဲ့သည်ဟု ဆရာကြီးက ရေးသားထားသည်ကို ဖတ်ရှုရပါသည်။ စာရေးသူ လက်တွေ့ ကုသဖူးသည်မှာ တိုင်းရင်းဆေးသိပ္ပံ ဆေးရုံကြီးတွင် အလုပ်သင်ဆရာအဖြစ် တာဝန်ကျစဉ်က ဖြစ်သည်။ ဒူးဆစ်၊ ဂုံညင်းနှင့် အရိုးအောက်ခံခွက် အတွင်းမှ လမ်းသွားလျှင် မခံမရပ်နိုင်အောင် နာကျင်သူတစ်ဦးကို သင်္ဘောရွက်များကို ထောင်းပြီး စည်းဆေးအဖြစ် ဒူးတွင် ထည့်ပေးခဲ့ရာ (၇) ရက်ခန့်စည်းပြီး သက်သာသွားခဲ့ပါသည်။

ဒူးဆစ်၊ ဂုံညင်းနှင့် အောက်ခံအရိုးဂျွိုင်းဆက်တွင် ကျီးပေါင်းတက်လေ့ရှိပါသည်။ ဘောလုံးကန်သူ၊ ခြင်းလုံးခတ်သူများတွင် အဖြစ်များသည်။ ဒူးဆစ် ကျီးပေါင်းတက်ပြီး အဆစ်ကြပ်လျှင် ကွေးဆန့်သောအခါ အထဲမှအသံမြည်ပြီး လမ်းသွားလျှင် နာကျင်စေသည်။ ထိုဒူးဆစ်ကို မုံညင်းဆီ သို့မဟုတ် နှမ်းဆီကို မီးဖြင့်နွေးပြီး ခပ်နွေးနွေးလိမ်းပေးပြီးနောက် သင်္ဘောရွက်ကြမ်းကို ပျော့သွားအောင် မီးကင်ပြီး စည်းပေးပါ။ ရက်သတ္တတစ်ပတ်မှ သုံးပတ်အထိ စည်းလျှင် အကောင်းဆုံး ဖြစ်ပါသည်။ ဖနောင့်ရိုးအတက်ထွက် ကျီးပေါင်းတက်သူများကို တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ် (၄၇) ခုနှစ်ပါးဆေးဝါလေးနှင့် ရောနယ်စည်းပေးပါ။ ညအိပ်ယာဝင်ချိန်တွင် စည်းထားပြီး နံနက် အိပ်ယာထတွင် ဖြည်ပါ။ သုံးပတ်ခန့် စည်းပေးရပါမည်။ (၇) ပါးဆေးဝါးလေးမှာ ရှေးဆေးကျမ်းများပါ ဆေးနည်းကျော် ဖြစ်သည်။ ထိုဆေးတွင် ၁။ဆိတ်ဖူး ၂။လင်းနေ ၃။နွားမြေရင်း ၄။ဣဿရမူလီ ၅။ရှိန်းခို ၆။ဆေးဒန်း ၇။ကန့် စသည့် ဆေးဖက် (၇) မျိုး ပါဝင်သည်။ ဝယ်မရလျှင် ပရဆေးဆိုင်များတွင် ဖော်စပ်နိုင်သည်။ ဆေးအလေးချိန်မှာ အားလုံးဆတူဖြစ်သည်။

ဇက်၊ ဂုတ်ရိုး ကျီးပေါင်းဖုပေါ်တွင် သင်္ဘောရွက်ကိုပြုတ်ပြီး ခပ်နွေးနွေးကပ်ပေးလျှင် ကွမ်းရွက်ကပ်သကဲ့သို့ ကပ်နေသည်။ ပုံမှန် စိတ်ရှည်ရှည် ကပ်ပေးခြင်းဖြင့် ကျီးပေါင်းရောဂါကို သက်သာစေနိုင်သည်။ လေ့ကျင့်ခန်းမှာ ဘယ်လှည့် ညာလှည့် လုပ်ပေးဖို့ လိုသည်။ ဦးခေါင်း လေ့ကျင့်ခန်းမှာ ဘယ်လှည့်၊ ညာလှည့်၊ အထက်မော့၊ အောက်ငုံ့ ဖြည်းဖြည်းချင်း အစဉ်အတိုင်း တစ်နေ့လျှင် အကြိမ် နှစ်ဆယ်ခန့် လုပ်ပေးလျှင် သက်သာနိုင်သည်။ သင်္ဘောရွက်သာမက အစေ့မဲမဲများကိုလည်း အခြောက်လှန်း၊ အမှုန့်ထောင်းပြီး ပျားရည်နှင့်တေပြီး (ရောမွှေပြီး) တစ်နေ့လျှင် နှစ်ကြိမ်၊ တစ်ကျပ်သားခန့် သောက်ပေးလျှင် ကျီးပေါင်းနှင့် အရိုးအဆစ်ကိုက်ခြင်း ဝေဒနာများကို သက်သာစေနိုင်သည်။ တောရွာများတွင် သင်္ဘောစေ့အနက်အစိုကို ကလေးများ သန်ချဆေးအဖြစ် (၇) စေ့ တိုက်ကျွေးလေ့ ရှိသည်။

ကျီးပေါင်းရောဂါသည် တစ်ရက်၊ တစ်လနှင့် ဖြစ်ပါ်လာသော ရောဂါမဟုတ်၊ လနှစ်ချီပြီး ဖြစ်လာသော ရောဂါဖြစ်သဖြင့် စိတ်ရှည်ရှည် ကုသမှုခံယူရန် လိုအပ်သည်။ ပူသော အရေပြားကို လောင်စေသော ဒဏ်ကြေဆေးများကို အလွန်အကျွံ မလိမ်းသင့်ပါ။ ပူတိုင်း မကောင်းပါ။ လေ့ကျင့်ခန်း လုပ်ခြင်း၊ ကြပ်ထုပ်ထိုးခြင်း၊ ရေနွေးအိတ် ကပ်ခြင်း၊ ဆေးပူလိမ်းခြင်း တို့ကို သင့်တင့်ရုံသာ လုပ်ဆောင်ပြီး အနေအထိုင်ကို ဆင်ခြင်၊ စိတ်ရှည်ရှည် ကုသမှုခံယူမှ သက်သာမည်ကို သတိပြုစေလိုသည်။
Posted by စိတ်ကူးပျော်ရာ

ကရဝေးရွက်၏ ဆေးဖက်ဝင် စွမ်းပကား


(၁) အစွမ်းထက် ဓာတ်တိုး ဆန့်ကျင် ပစ္စည်း တစ်မျိုး ဖြစ်ပါတယ်။

ကရဝေးရွက်ကို ဟင်းလျာတွေထဲ ထည့်ချက်ရင် ဟင်းနံ့ကို သင်းပျံ့စေပြီး အရသာ တိုးစေပါတယ်။ ကရဝေးရွက်ကို ချက်လိုက်တဲ့အခါ ဟင်းလျာထဲမှာ အစွမ်းထက် အင်တီ အောက်ဆီးဒင့် ပမာဏကို တိုးစေပါတယ်။ အဲဒီ အင်တီအောက်ဆီးဒင့် တွေက ကင်ဆာ၊ အစာအိမ်အနာနဲ့ အဆစ်ရောင်နာတွေကို တွန်းလှန်နိုင်ပါတယ်။ ကရဝေးရွက်မှာပါတဲ့ အင်တီ အောက်ဆီးဒင့်ဟာ အနာတွေကို မြန်မြန်ကျက်စေပြီး ခြင်ကိုက်ရာ အနာတွေကို သက်သာ စေပါတယ်။

(၂) ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ရရှိစေပါတယ်

ဟင်းချက်တဲ့အခါ ကရဝေးရွက် အနည်းငယ်ကို ထည့်ချက်ရင် ဗီတာမင်နဲ့ သတ္တု ဓာတ်မျိုးစုံ ပါဝင် တာကြောင့် ဟင်းလျာရဲ့ ကျန်းမာရေး အကျိုးကျေးဇူးကို ပိုတိုးစေပါတယ်။ ကရဝေး ရွက်မှာ ဗီတာမင်အေ၊ ဗီတာမင်စီ၊ သံဓာတ်၊ မဂ္ဂနိစ်၊ ကယ်လ်စီယမ်၊ ပိုတက်စီယမ်နဲ့ မဂ္ဂနီ ဆီယမ်တို့ များစွာ ပါဝင်ပါတယ်။

(၃) အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာတွေကို သက်သာစေပါတယ်

ကရဝေးရွက် နှစ်ရွက်-သုံးရွက်ကို ရေတစ်ခွက်ထဲထည့်ပြီး ဆူအောင်ပြုတ်လိုက်ပါ။ ပြီးရင် ၁၅ မိနစ်လောက် အအေးခံထားပြီး တစ်ခွက်သောက်ရင် ချွေးထွက်စေကာ အဖျားကျ နိုင်ပါတယ်။ ဒါ့အပြင် ချောင်းဆိုးတာ၊ အအေးမိတာနဲ့ အသက်ရှူလမ်းကြောင်း ပိုးဝင်တာတွေ သက်သာစေနိုင်ပါတယ်။

(၄) ရောင်ရမ်းနာကျင်မှု သက်သာစေပါတယ်

ကရဝေးရွက် အဆီအစက် အနည်းငယ်ကိုလိမ်းပြီး နှိပ်ပေးရင် အဆစ်ရောင်တာ၊ ကြွက်သား နာတာ၊ အဆစ်လွဲတာနဲ့ အဆစ်မျက်တာ စတာတွေကြောင့် ဖြစ်တဲ့ နာကျင် ကိုက်ခဲ ရောင်ရမ်းမှုကို သက်သာ စေပါတယ်။ ကရဝေးရွက်အဆီကို နားထင်နေရာမှာ လိမ်းပြီး နှိပ်ပေးရင် ခေါင်းကိုက်တာနဲ့ ခေါင်းတစ်ခြမ်း ကိုက်တာကို သက်သာစေပါတယ်။

(၅) ဗောက်ပျောက်စေပါတယ်

ကရဝေးရွက်ကို ကြိတ်ခြေပြီး ဒါမှမဟုတ် ကရဝေးရွက်အဆီ ၁၀ စက်ခန့်ကို ရှမ်ပူထဲထည့်ပြီး ခေါင်းလျှော်ပေးပါ။ ဗောက်ပျောက် စေပါတယ်။

(၆) သွေးတွင်း သကြားဓာတ်ကို ထိန်းပေးပါတယ်

ကရဝေးရွက်ကို အစာမစားခင် စားတာက သွေးတွင်း သကြားဓာတ်ကို ထိန်းပေးနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။

(၇) ပိုးသတ်အာနိသင် ရှိပါတယ်

ကရဝေးရွက်ကို ကြိတ်ခြေပြီး ရေနွေးထဲထည့်ကာ ပလုတ်ကျင်းပေးတာ၊ ချိုးရေထဲ ထည့်ချိုးတာမျိုး လုပ်ဆောင်ပေးပါ။ ကရဝေးရွက်မှာ Eugenol ဓာတ် ပါဝင်တာကြောင့် ရောင်ရမ်းမှု လျော့ကျစေပြီး ဘက်တီးရီးယားနဲ့ ဖန်းဂပ်စ်မှိုတို့ကို ကင်းစင်စေတဲ့ အစွမ်းသတ္တိ တွေလည်း ရှိပါတယ်။

(ဂ) အစာခြေလမ်းကြောင်းဆိုင်ရာ ဝေဒနာတွေကို သက်သာစေပါတယ်

ကရဝေးရွက်ပါတဲ့ ဟင်းနဲ့ ထမင်းစားပေးရင် အစာမကြေတဲ့ ဝေဒနာတွေကို သက်သာ စေပါတယ်။ ကရဝေးရွက်မှာပါတဲ့ အင်ဇိုင်းတွေက ပရိုတင်းဓာတ်ကို ကြေညက်စေတာကြောင့် အသားဟင်း တွေထဲမှာ ထည့်သင့်တဲ့ ဟင်းခတ် အမွှေးအကြိုင်တစ်မျိုး ဖြစ်ပါတယ်။ ကရဝေး ရွက်ဟာ ဆိတ်သားရဲ့ အညှီနံ့ကိုလည်း လျော့စေတာကြောင့် ဆိတ်သားဟင်းထဲ ထည့်ချက်လေ့ ရှိပါတယ်။ ကရဝေးရွက်ဟာ လေထတာကိုလည်း သက်သာ စေပါတယ်။

ဆီးချို၊ သွေးချိုရောဂါအတွက် ပျားမြီးရွက်ပင်

ဆီးချို၊ သွေးချို (Dibetes)ရောဂါကုသရေးအတွက်
တိုင်းရင်းဆေးဖြစ်တဲ့ ပျားမြီးရွက်အပင် (Bee Tail Plant) အကြောင်းသိမှတ်ဖွယ်...
(၁)။ ဆေးပင်အမည်= ပျားမြီးရွက်အပင် (Bee Tail Plant)
(၂)။ မူရင်း= ထိုင်ဝမ်
(၃)။ ပျံ့နှံ့မှု=မြန်မာ၊ထိုင်း၊ မလေးရှား၊စကာၤပူ၊အင်ဒိုနီးရှား၊
(၄)။ ထူးခြားမှု= ပင်ပျော့၊ နွယ်ပင်မျိုးဖြစ်သည်။
အရွက်သည် ပျားကိုယ်အနောက်ပိုင်းနဲ့တူပြီးအရွက်ဘေးတွင် အထစ်များပါဝင်သည်။
ရင့်သောအပင်များ၏ ပင်စည်သည် နီညိုရောင်ရှိသည်။
အရိုး၊ အလက်ကိုဖြတ်၍ မြေတွင်စိုက်ရုံဖြင့် ရှင်သန်သည်။
မျိုးပွားလွယ်သည်။
(၅)။ ကုသနည်း= ဦးစွာ သွေးချို၊ ဆီးချိုကို စစ်ဆေး တိုင်းတာရပါမည်။
(က) ပုံမှန် ထက်အနည်းငယ် တက်နေပါက တစ်နေ့လျှင် ပျားမြီးရွက် တစ်ရွက်အား
ရေသန့်သန့်နှင့်ဆေး၍ ဝါးစားရန်ဖြစ်သည်။
စားပြီးနောက်တစ်နေ့တွင် ဆီးချို၊သွေးချိုကို ပြန်တိုင်းကြည့်ပါ။
( ပုံမှန်ဖြစ်သွားပါက ဆက်စားရန်မလိုပါ )
(ခ) ဆီးချို၊သွေးချိုသည် (၂၀၀)နှင့် (၃၆၀)ကြားရှိပါက နေ့စဉ် ပျားမြီးရွက် သုံးရွက်ကို
ရေစင်စင်ဆေး၍ ဝါးစားရန်ဖြစ်သည်။
စားပြီးနောက်တစ်နေ့တွင် ဆီးချို၊သွေးချိုကို ပြန်တိုင်းကြည့်ပါ။
( ပုံမှန်ဖြစ်သွားပါက ဆက်စားရန်မလိုပါ )
(ဂ) အကယ်၍ ဆီးချို၊သွေးချိုသည် (၄၆၀)ကျော်ထိ ဖြစ်နေပါက ပျားမြီးရွက် အစိမ်း (၆)မှ (၉)ရွက်ထိ
ရေသန့်သန့်ဖြင့်ဆေးပြီး ဝါးစားရန်ဖြစ်ပါသည်။
စားပြီးနောက်တစ်နေ့တွင် ဆီးချို၊သွေးချိုကို ပြန်တိုင်းကြည့်ပါ။
( ပုံမှန်ဖြစ်သွားပါက ဆက်စားရန်မလိုပါ )
(ဃ) အကယ်၍ ဆီးချို၊သွေးချိုသည် ပျားမြီးရွက်စားများ၍ သွေးချိုကျဆင်းသွားပါက
အချိုရည်တစ်ခုခုကို သောက်သုံးနိုင်သည်။
မူလ (Normal Level) အခြေသို့ရောက်သွားသောအခါ အချိုရည် အစားအစာကို ခေတ္တရပ်ထားလိုက်ပါ။
(င) ဆီးချို၊သွေးချို ကြောင့် ခွဲစိတ်ရန် လိုအပ်သူများသည်
အထက်ပါ ပျားမြီးရွက်ကို စားခြင်းဖြင့်အဆင်ပြေနိုင်ကြောင်း လေ့လာသိရှိရပါသည်။
ဆီးချို၊သွေးချို ရောဂါနှင့် ပတ်သက်၍ ကျွန်တော် လက်လှမ်းမီသမျှ လေ့လာထားတာရှိပါသည်။ဆီးချို၊ သွေး
ချို ရောဂါဆိုတာ သွေးထဲမှာ သကြားဓာတ်(အချိုဓာတ်) လွန်ကဲများပြားနေခြင်းကြောင့် ဖြစ်ပေါ်လာသည့်
ရောဂါမျိုးဖြစ်ပါသည်။ အမျိုးသား အမျိုးသမီး မရွေး ဖြစ်နိုင်သည် ရောဂါဖြစ်ပါသည်။ မျိုးရိုးလိုက်၍ ဆီးချို၊
သွေးချိုရောဂါ ဖြစ်နိုင်သလို ကိုယ်ခန္ဓာ ဝသူ၊ပိန်သူ၊ကြီးသူ၊ငယ်သူ ဖြစ်ပါစေ ၊အစားအသောက် အနေအ
အထိုင် မဆင်ခြင်ပါက ဆီးချို၊ သွေးချိုရောဂါ ဖြစ်နိုင်ပါသည်။ သွေးဖောက်စစ်ဆေးလို့ ရောဂါမရှိပေမယ့်
တစ်ချိန်ချိန်မှာ ဆီးချို၊သွေးချိုရောဂါ ရှိလာနိုင်ကြောင်းလည်း လေ့လာသိရှိရပါသည်။
ဆီးချို၊သွေးချိုရှိလာလျှင် နှလုံးသွေးကြောကျဉ်း ရောဂါဖြစ်ဖို့ အခြေအနေ ပိုလာနိုင်ခြင်း၊ သွေးတိုးရောဂါခံ
ရှိနေသူသည် ဆီးချို၊သွေးချို ရောဂါ ရှိလာပါက လေဖြတ်နှုန်း ပိုများလာနိုင်ခြင်း ၊ဆီးချို၊ သွေးချို ရောဂါ
ကြောင့် ဖြစ်လာနိုင်သော ရောဂါများတွင် အနာများ ပေါက်ပွားလာနိုင်ခြင်း ၊ ထိုအနာများသည်လည်း
ပျောက်ခဲခြင်း ၊ ထိုပြင် နောက်ဆက်တွဲ ရောဂါများစွာလည်း ဖြစ်လာနိုင်သည့် အပြင် အနေဆင်းရဲ အစား
ဆင်းရဲခြင်းများပါ ခံစားရတတ်ပါသည်။
ဒါပေမယ့် ပျားမြီးရွက်ကို စနစ်တကျ စားသုံးမှီဝဲခြင်းဖြင့် ဆီးချို၊သွေးချိုရောဂါကို သက်သာပျောက်ကင်း
အောင် ထိန်းသိမ်းထာနိုင်ကြောင်း တွေ့ရပါသည်။
ထို့အတူ ဆီးချို၊သွေးချိုရှိရာ ရောဂါဝေဒနာရှင် စားသုံးသူတိုင်း အတွက်လည်း ဆက်၍ နေ့စဉ် ၁...၂ ရွက်
စားသုံး၍ ရောဂါ ကို ထိန်းထား(control) လုပ်နိုင်သောကြောင့် အကျိုးထိရောက်မှုရှိနေကြောင်း သိရပါ
သည်။
ဆေးဖက်ဝင်ပျားမြီးရွက် နှင့် ဆေးဆောင်းပါးများ
စောငုဝါ
ပျိုးဥယျာဉ်ခြံ၊ ၁ လမ်း၊ အောင်မင်္ဂလာရပ်ကွက် ပျဉ်းမနားမြို့။

ဆီးချို ပျောက်တဲ့နည်း


အကျိုးရှိသော စကားသည် မှတ်သားသူများအဖို့ အဖိုးထိုက်တန်သည့် ဗဟုသုတ ဘဏ်တိုက်တစ်ခု ကို တွေ့ရခြင်း ဖြစ်ပါသည်။
ဆီးချိုဖြစ်လို့ မန္တလေး ဆေးရုံကြီးကို သွားရောက်ပြပါတယ်။ အထူးကုသမားတော်ကြီးက ဆရာဝန်ကြီး ဦးထွန်းတင် (ယခု ဆရာကြီး ကွယ်လွန် ) ဆေးပညာရှင်များ အထူးလေးစားရသည် ဆရာကြီး ဖြစ်ပါသည် ။
... ဆရာဝန်ကြီးဟာ ခေတ်ပေါ်နည်းများမှာ အထူးကု ဖြစ်သလို ရှေးမြန်မာဆေးပညာကို ကျွမ်းကျင်ပါတယ်။ကျွန်တော့်ကိုပေးတဲ့နည်းက မြန်မာနည်းပါ။
ဆင်တုံးမနွယ် လက်ခလယ်အရွယ် တစ်တောင်လောက်ကို ဖြတ်၊ သန့်ရှင်း၊ မီးဖုတ်၊ အပေါ်ခံ ကျွန်းကာနီး ပြန်ထုတ်၊ အပေါ်မှ အမည်းများ ခြစ်ထုတ်၊ သန့်ရှင်းတဲ့ လက်ရိုက်တခုနှင့် ထုပြီး ဆန်ဆေးရည် နှစ်ပိဿာ ထဲမှာ စိမ်၊ တစ်နေ့တစ်ည စိမ်ပြီး နေ့စဉ် အချိုပန်းကန် တစ်လုံး သောက်ရပါသည်။
ခါးတာကတော့ ရက်စက်တယ်။ အချိုတစ်ခု ထန်းလျက်၊ ပျားရည် ဆောင်ထားပါ။ သကြားပါသည့် အချိုများ မစားရပါ။ ဆရာဝန်ကြီး ပေးတဲ့နည်းနဲ့ တစ်လလောက် စွဲသောက်ခဲ့တာ တစ်ခါတည်း ပျောက်ခဲ့တယ်။
ဆေးရုံကြီး ပြန်ပြတော့ မရှိတော့ဘူး။ အဲဒီဆရာဝန်ကြီးကတော့ ရန်ကုန်မှာရှိပြီး တာဝန်ကြီးကြီးပိုင်း ထမ်းဆောင်နေတယ် ပြောပါတယ်။
ကျွန်တော်က လက်တွေ့စမ်းကြည့်ချင်တယ်၊ အသင့်ပဲ လူနာက သမီးအငယ်ဆုံး၊ ကိုယ်တိုင်ပဲ ပြုလုပ်စီမံပြီး သောက်စေခဲ့တယ်။ (၁၀)ရက်နဲ့ ပုရွက်ဆိတ် မတက်တော့တာ တွေ့ရတယ်။ စီမံတဲ့အခါ တစ်ခုသတိပြုရ မှာက အဝကျယ် ကြွေဇလုံ သုံးပါ။ ညဦးပိုင်း တစ်ခွက်ကျ သောက်ပါ၊ သောက်ကာနီး အပေါ်ယံမှ အမြှုပ်များကို ဖယ်ထုတ်ပါ။ သောက်ပြီးတိုင်း ဆန်ဆေးရည် တစ်ပန်းကန် ပြန်ထည့်ပါ။ တစ်လထိ သုံးနိုင်ပါသည်။ တစ်လပြည့်က အသစ်ပြန်လုပ်ပါ။ ရှင်းရှင်းပျောက်တဲ့အထိ ဆက်လက်သုံးစွဲရန် လိုပါသည်။
ငွေမကုန်ဘဲ လွယ်ကူသည့် နည်းတစ်ခုဖြစ်လို့ စာရှုသူများကိုယ်တိုင် ခံစားနေရလို့ဖြစ်စေ၊ နီးစပ်ရာ ပုဂ္ဂိုလ် များကို ဖြစ်စေ ကူညီနိုင်ပါက ဝေဒနာရှင် ချမ်းသာရာရသလို တူသောအကျိုး ခံစားရမှာ ဖြစ်ပါတယ်။
တူသောအကျိုး ခံစားရပါစေ။

Credit to:ဦးစန်းမောင် (မန်း)
Mg Mandalay

Wednesday, August 7, 2013

ငွေတစ်ထောင်လောက်နဲ့ ကျောက်ကပ်ဆေးရအောင်

နှစ်တွေကြာအောင် ကျောက်ကပ်ဟာ သွေးကို ဆား အဆိပ်နဲ့မလိုလားအပ်တဲ့ခန္ဓာကိုယ်ထဲဝင်လာတဲ့အရာတွေကို ဖယ်ရှားစစ်ထုတ်ပေးခဲ့ရတယ်။ဒီအချိန်မှာ မလိုလားအပ်တဲ့အရာတွေ ဆားတွေ ကျောက်ကပ်မှာ စုပုံလာတော့ ဆေးကြောသန့်စင်ဖို့လိုပြီၤပေါ့။
ဒါ့အပြင် ရောဂါတစ်မျိုးမျိုး ( အသည်းရောဂါ ) ရှိနေရင်လည်း ကျောက်ကပ်ဟာ
ပိုပျက်စီးလွယ်ပါတယ်။ ခုခေတ်မှာ သုံးရတဲ့ဆေးတွေ ဟင်းသီးဟင်းရွက်က ဓါတုဓါတ်ကြွင်းတွေ အသားငါးက အာဆင်းနစ်တွေဟာ သင့်ကျောက်ကပ်ကို
ခြိမ်းခြောက်နေပါတယ်။
ဒါကိုဘယ်လိုလုပ်ကြမလဲ???
(ဓါတုဓါတ်ကြွင်းတွေ ဖယ်ရှားတဲ့စက်ကလေးနဲ့ သန့်စင်ပြီးမှ ချက်ပြုတ်စားသောက်ရင်တော့ အကောင်းဆုံးပေါ့)
ကျောက်ကပ်ဆေးဖို့ အလွယ်ဆုံးနည်းကတော့...
အရွက်စားမုန်လာပင်တစ်မျိုးဖြစ်တဲ့ နံနံပင် တစ်စည်းကိုယူရေနဲ့သန့်စင်အောင်ဆေး အသေးလေးတွေဖြတ် ဆူနေတဲ့ရေထဲ ၁၀ မိနစ်ပြုတ် ဖန်ခွက်ထဲစစ်ထည့်
ရေခဲသေတ္တာထဲထည့်အအေးခံ။ နေ့စဉ် တစ်ဖန်ခွက်သောက်ပေးရင် စုပုံနေတဲ့အဆိပ်တွေ ဆီးထဲပါသွားပြီပေါ့။
နံနံပင်ဟာ ကျောက်ကပ်ကုသဆေးအဖြစ် အများသိတဲ့ သဘာဝအပင်တစ်ခုပါဘဲ။ကျန်းမာပျော်ရွှင်နိုင်ကြပါစေ။
MTHN( UNIM )

အိမ်သုံး ဆေးဝါးများကို နွားနို့ ကော်ဖီ အချိုရည်တို့နှင့် တွဲဖက် တိုက်ကျွေးမှု ရှောင်ကြဉ်သင့်

နေထိုင်မကောင်းသည့် ကလေး သူငယ်များနှင့် လူကြီးမိဘများကို နွားနို့၊ ကော်ဖီနှင့် အချိုရည်တို့ တွဲဖက်၍ ဆေးဝါး တိုက်ကျွေးခြင်းသည် မှားယွင်းသည့် အပြုအမူတစ်ခု ဖြစ်ကြောင်း ကျန်းမာရေး စာစဉ်တစ်ခုတွင် ဖော်ပြထားသည်ဟု ဆရာဝန် တစ်ဦးက ပြောကြားခဲ့သည်။
အိမ်သုံး ဆေးဝါးများကို ရေအေးနှင့် ရေနွေး တစ်ခုခုဖြင့်သာ တွဲဖက် တိုက်ကျွေးရမည် ဖြစ်ကာ နွားနို့သည် တချို့သော ဆေးဝါးများနှင့် ဓာတ်ပြုနိုင်သည့် အတွက် ဆေးကို ခန္ဓာကိုယ်မှ ထိရောက်စွာ စုပ်ယူနိုင်မှု အားနည်းတတ်ပြီး ကော်ဖီတွင် ပါဝင်သော ကဖင်းဓာတ်မှာ လည်း သွေး လည်ပတ်မှုကို လှုံ့ဆော်နိုင်သော သတ္တိရှိခြင်းကြောင့် ဆေးနှင့်တွဲသောက်ပါက သွေးအတွင်း ဆေးပါဝင်မှု ပမာဏ မြင့်မား သွားစေနိုင်သည်။ လိမ္မော်ရည်ကဲ့သို့ အချိုရည်မျိုးသည်လည်း ဆေးတွင် ပါဝင်သည့် အင်ဇိုင်းဓာတ်ကို အနှောင့်အယှက် ဖြစ်စေနိုင်သည့် အတွက် ယင်း သောက်သုံးစရာများနှင့် တွဲဖက်၍ ဆေး မတိုက်သင့်ကြောင်း ပုဂ္ဂလိက ဆေးခန်းတစ်ခုမှ ဆရာဝန်တစ်ဦးကပြောကြား ခဲ့သည်။

ထို့ပြင် အချို့သော ရာသီပေါ် ရောဂါများတွင်လည်း အထက်ပါ သောက်သုံးစရာ အရည်များကြောင့် ဖြစ်ပွားသည့် ရောဂါနှင့်ဆေး မမျှသော ဆေးကုသမှု မှားယွင်းနိုင်သည့် အခြေအနေများ ပေါ်ပေါက် လာနိုင်သည်။ ဥပမာ- မိုးရာသီတွင် အများဆုံး ဖြစ်ပွား သည့် သွေးလွန်တုပ်ကွေး ရောဂါ၌ ပါဝင်သော ရောဂါလက္ခဏာ ပြသချက်တွင် ဖျားနေသည့် ကလေးငယ်က ကော်ဖီရောင် အန်ပါက ထိုရောဂါ ဖြစ်သည်ဟု သတ်မှတ်ခြင်း ရှိသည့် အတွက် ယင်းရောဂါ မရှိသော ကလေးကို အိမ်သုံးဆေးနှင့် ကော်ဖီ တွဲတိုက်ပြီး ကလေး အန်လျှင် ကော်ဖီရည်များ ပြန်ပါမည် ဖြစ်သဖြင့် ဖြစ်ပွားသည့် ရောဂါ သတ်မှတ်ချက် မှားယွင်းမည်ကို ဆိုလိုခြင်း ဖြစ်သည်။

အိမ်သုံး ပဋိဇီဝ ဆေးများသည် ဗက်တီးရီးယားများကိုသာ နှိမ်နင်းရန် အသုံးပြုခြင်းဖြစ်ပြီး အအေးမိခြင်းနှင့် တုပ်ကွေးဖြစ်ခြင်းကဲ့သို့ ဗိုင်းရပ်စ်ပိုးမွှား ကြောင့် ဖြစ်လာသော ရောဂါများကို မနှိမ်နင်းနိုင်ကြောင်း သေချာစွာ သိရှိခြင်း မရှိသည့် ပြည်သူများသည် ဆေးဆိုင်များက စပ်ပေးသော ဆေးများကို သောက်သုံးခြင်းသည် နားလည်သည့် ဆေးဝါး ကျွမ်းကျင်သူ၊ ကျန်းမာရေး ဝန်ဆောင်မှုပေးသည့် သူနာပြု ကျွမ်းကျင်များနှင့် ဆရာဝန်များ စပ်ပေးခြင်း မဟုတ်ပါက အနာနှင့်ဆေး တစ်လွဲဖြစ်ကာ ဓာတ်မတည့်ခြင်းနှင့် ဝမ်းပျက်ဝမ်းလျှောရော ဂါ ဖြစ်ပွားခြင်းများကို ကြုံနိုင် ကြောင်း သိရသည်။

http://www.myawady.com.mm/allnews/local/item/21507-2013-08-05-15-24-42

အမျိုးသမီးများကို စွမ်းအား တိုးစေမည့် အစားအစာ ၁၀ မျိုး

၁။ ငှက်ပျောသီး

ငှက်ပျောသီးကို စွမ်းအား တိုးစေတဲ့ အကောင်းဆုံး အစားအစာလို့ ဆိုလိုက်ရင် မှားမယ် မထင်ပါဘူး။ ငှက်ပျောသီးမှာ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်၊ ဗီတာမင်ဘီ အုပ်စု၊ ဘရိုမီလင် အင်ဇိုင်းတွေ ပါဝင်တာကြောင့် စွမ်းအားတွေ တိုးပွားစေ ပါတယ်။

၂။ ထောပတ်သီး

ထောပတ်သီးရဲ့ ပုံသဏ္ဌာန်က သူ့ထဲမှာ ပါဝင်တဲ့ အာနိသင်ကို ဖော်ပြ နေပါတယ်။ ဗီတာမင်ဘီစစ်နဲ့ ပိုတက်စီယမ်တွေ ကြွယ်ဝတဲ့ ထောပတ်သီးကို စားသုံးပေးပါက သင့်ကို စွမ်းအင်တွေ တိုးပွားစေပြီး နိုးကြား တက်ကြွ စေပါတယ်။

၃။ ငရုတ်သီး

ငရုတ်သီးရဲ့ ပူစပ်တဲ့ ဓာတ်သဘာဝက သင့်ခန္ဓာကိုယ်တွင်းမှာ အင်န်ဒေါ်ဖင် ဟော်မုန်းဓာတ်ကို ထွက်စေပြီး စွမ်းအားတွေ တိုးပွားစေပါတယ်။

၄။ ကြက်ဥ

ကြက်ဥမှာ မယုံနိုင်လောက်အောင် အစွမ်းတွေ ရှိနေပါတယ်။ ကြက်ဥက မျိုးအောင်စေနိုင်တယ်ဆိုတဲ့ သင်္ကေတ တစ်ခုသာမကဘဲ ဟော်မုန်းဓာတ်ကို ထိန်းညှိပေးပြီး စိတ်ဖိစီးမှုတွေကိုပါ လျှော့ချပေးတဲ့ ဗီတာမင် B5၊ ဗီတာမင် B6 ဓာတ်တွေ ပေါများစွာ ပါဝင်ပါတယ်။

၅။ ကန်စွန်းဥ

ကန်စွန်းဥက သင့်ကျန်းမာရေး အတွက် စားသုံးဖို့ အသင့်တော်ဆုံး အစား အစာ တစ်ခု ဖြစ်သလို အကောင်းဆုံး စွမ်းအင်တွေကိုလည်း ပေးစွမ်းနိုင် ပါတယ်။ ကန်စွမ်းဥမှာ ကြွယ်ဝစွာ ပါဝင်တဲ့ ဘီတာကယ်ရိုတင်း ဓာတ်တွေက ခန္ဓာကိုယ်ထဲရောက်တဲ့အခါ ဗီတာမင်အေအဖြစ် ပြောင်းလဲသွားပြီး ယောနိ လမ်းကြောင်းနဲ့ သားအိမ်ကို ပုံစံတကျ ထိန်းသိမ်းပေးပါတယ်။ ဒါ့အပြင် ဟော်မုန်း ထုတ်လုပ်မှုကိုလည်း အားပေးပါတယ်။

၆။ ချောကလက်

ချောကလက်ရဲ့ အရသာက သင့်ကို ပျော်ရွှင်ကြည်နူးစေပါတယ်။ ဒီလို ခံစားမှုမျိုး မရရင်တော့ သင်စားတဲ့ ချောကလက်က ဓာတုပစ္စည်းတွေနဲ့ ပြုလုပ်ထားတာ ဖြစ်နိုင်ပါတယ်။ ချောကလက်ထဲမှာ ကက်ဖင်းနဲ့တူတဲ့ စိတ်ဓာတ်တက်ကြွအောင် လှုံ့ဆော်ပေးတဲ့ သီရိုဘရိုမင်း ပါဝင်ပြီး စိတ်ခံစားမှု ကောင်းကို ဖြစ်ပေါ်စေတဲ့ စီရိုတိုနင် ဟော်မုန်းကို ခန္ဓာကိုယ်ကနေ ထုတ်လုပ် စေပါတယ်။

၇။ ဝိုင်နီ

သုတေသီတွေက အသက် ၁၈ နှစ် မှ ၅၀ နှစ်ကြား အမျိုးသမီးတွေကို လေ့လာခဲ့ရာ တစ်နေ့ကို ဝိုင်နီနှစ်ခွက် သောက်တဲ့ အမျိုးသမီးတွေက အရက်သောက်တဲ့ အမျိုးသမီးတွေထက် အိမ်ထောင်ရေး စွမ်းရည်ကို ပိုမိုပေးစွမ်းနိုင်တယ်လို့ ဆိုပါတယ်။

၈။ နေကြာစေ့

ဖရုံစေ့၊ နေကြာစေ့၊ အုတ်ဂျုံတွေမှာ တူညီတဲ့ အာနိသင်တွေ ရှိနေပါတယ်။ သူတို့မှာ ခန္ဓာကိုယ်အတွက် ကောင်းမွန်သင့်တော်တဲ့ အဆီတွေ ပါဝင်တာ ကြောင့် ဟော်မုန်းပမာဏကို မြင့်မားစေပြီး စွမ်းဆောင်ရည်တွေ တိုးပွား စေပါတယ်။

၉။ ငါး

အဆီများတဲ့ ငါးတွေ စားသုံးတာက သင့်ကို စွမ်းဆောင်နိုင်တဲ့ အရည်အချင်း တွေ တိုးပွားစေပါတယ်။ မက်ကရယ်၊ ဟာရင်း၊ ဆာဒင်း၊ တူနာ၊ ထရောက် ရေချိုငါးတွေမှာ အိုမီဂါ-၃ အဆီတွေ ပါဝင်ပါတယ်။ အမျိုးသမီးတွေမှာ လိုအပ်တဲ့ အဆီပမာဏ ရှိနေပါမှ သားသမီးရဖို့ အခွင့်အလမ်းများမှာ ဖြစ်ပါ တယ်။

၁ဝ။ နွားနို့

စွမ်းဆောင်ရည် ရှိတဲ့ မိန်းမ တစ်ယောက်အဖြစ် အောင်မြင် ပျော်ရွှင်တဲ့ ဘဝ တစ်ခုကို ထိန်းသိမ်း ထားနိုင်အောင် နို့သောက်ပေးပါ။ နွားနို့မှာ ပါဝင်တဲ့ အဆီဓာတ် တွေက သဘာဝပြည့်ဝ ဆီအမျိုးအစားဖြစ်ပြီး အီစထရိုဂျင် ဟော်မုန်း ထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့ အဆီဓာတ် ဖြစ်ပါတယ်။

အလင်း(ဆေးဝါး)