Tuesday, January 15, 2013

သင်္ဘောမညှိုး


အသုံးပြုပုံ-
ပဉ္စငါးပါး
၁။ ပဉ္စငါးပါး ကို ပြုတ်၍ သောက်က ဆီးချို ရောဂါ ပျောက်စေ၏။
 
အရွက်
၁။ အရွက်နုကို ရေနှင့် စိမ်၍ သောက်ပါက မီးယပ် သွေးလွန် ရောဂါကို ပျောက်ကင်း စေသည်။

သီးပင်


အသုံးပြုပုံ-
အသီး
၁ ။ သီးသီး အစိမ်းရည်ကို တစ်နေ့ တစ်ကြိမ် သောက်က ပန်းနာ ရင်ကျပ် ပျောက်၏။
 
၂ ။ သီးသီး အစိမ်းရည်တွင် ပိတ်ချင်း သီးမှုန့် အနည်းငယ် ထည့်၍ ပျားရည်နှင့် ရောလျက် ပါက ကြို့ထိုး နာ ပျောက်၏။
 
၃ ။ သီးသီး စိမ်းရည် ၊ပိတ်ချင်း သီးမှုန့် ၊ ပျားရည် သုံးမျိုးစပ် လျက်ပါက အန်သော ရောဂါ ပျောက်၏။

၄။ သီးသီး ရည် ၊ ဥသျှစ်သီး မှည့် အရည်ဖျော်သောက် ပါက ဝမ်းနာ ရင်နာ ပျောက်၏ ။
 
၅ ။ သီးသီး အနှစ်ကို သကြား သို့မဟုတ် ပျားရည်ဖြင့် ရောလျက် သော် အဆိပ် ပြေ၏။
 
အခေါက်
၁ ။ သီးပင်၏ အခေါက်ကို လေထိုးနာ ပျောက်ဆေး ဖော်စပ် ရာတွင် သုံး၏။
 
အရွက်
၁ ။ အရွက်ကို လေနိုင်ဆေး ဖော်စပ်ရာ တွင် သုံးသည်။

သိကြားမကိုဋ်


အသုံးပြုပုံ-
အရွက်
၁။အရွက်ကို လက်ဖက်ခြောက်ကဲ့သို့ ခတ်၍ သောက်ခြင်းဖြင့် ကျောက်ကပ်ရောဂါ၊ဆီးရောဂါ၊အဆစ်အမြစ်ကိုက်ရောဂါ များ ပျောက်၏။
 
၂။ဆီးရွှင်ဆေး၊ ဆီးချိုရောဂါပျောက်ဆေး အဖြစ်လည်း အထူး ထင်ရှား၏။
 
၃။အချို့သော အရှေ့တောင်အာရှ နိုင်ငံများတွင် အသက်ကြီးသူများ အရွက်ကို လက်ဖက်ခြောက်ကဲ့သို့ ရေနွေးတွင် ခတ်သောက် ခြင်းဖြင့် ဆီးချိုရောဂါကို ကာကွယ်နိုင်သည်ဟု ယူဆကြသည်။

သပြုပင်


အသုံးပြုပုံ-
အသီး
၁ ။ အသီးကို သကြားခဲ နှင့် ဖျော်ရည် ပြုလုပ်ပြီး သောက်ပါက ချောင်းဆိုး ရောဂါ နှင့် အပူလွန် ခြင်း အပြင်း ဖျား ခြင်း တို့ကို ပျောက်ကင်း စေ၍ ဝမ်းကို စင်ကြယ် စွာသွား စေ၏။
 
၂ ။ ခြေဖဝါး လက်ဖဝါး ပူလောင်သော အခါ အသီးရည်ကို လိမ်းပေးပြီး အရွက်နှင့် ပတ်ထား ပေးပါက ရက်အနည်းငယ် အတွင်း ပျောက်ကင်း စေသည်။
 
၃ ။ အသီးကို အရည်ညှစ် ၍ သောက်သုံး ခြင်း ဖြင့် ဝက်ရူး ရောဂါ၊ ခွေးရူး ရောဂါ များ ပျောက်၏။

သစ်ကြံပိုး


အသုံးပြုပုံ
အခေါက်
၁ ။ လေ ၊ သည်းခြေနာ ၊ ဝမ်းသွားရောဂါ ၊ သွေး ၊ ချွေးထွက် လွန်ခြင်း တို့ကို အထူးသဖြင့် နိုင်၏။
 
၂ ။ အခေါက် မှုန့်ကို ရှားစေးနှင့် ဆတူ သောက်ပါက ဝမ်းသွားခြင်း ပျောက်၏။
 
၃ ။ တုပ်ကွေး ရောဂါ ၊ ချောင်းဆိုး ရောဂါ ၊ သုက်ခန်း ခြောက်ခြင်း ၊ သွေးဝမ်း ပိတ်ဝမ်းကိုက်ခြင်း တို့တွင် အခေါက်ကို သွေး၍ အခြား ဆေးတို့နှင့် ဖက်စပ် တိုက်နိုင်သည်။

၄ ။ ဟင်းလျာ များ ချက်ပြုတ် ရာ၌ သစ်ကြံပိုး အခေါက် ကို ထည့်ချက်လျှင် အစာကြေ၏ ။
 
၅ ။ သစ်ကြံပိုး အခေါက် ၌ အခံဓာတ်ခေါ်(tannin) ပါ သဖြင့် ဝမ်းပျက် ရောဂါနှင့် ဝမ်းတွင်း သွေးယိုစီးသော ရောဂါများ ၌ သုံးနိုင်၏။
 
၆ ။ ဝမ်းတွင်း ၌ ပူစေသော ကြောင့် အော့အန်ခြင်း နှင့် ပင်လယ်လှိုင်း မမူးစေရန် အတွက် လည်း သုံး၏။
 
၇ ။ အခေါက် ကို ပြုတ်၍ သောက်လျှင် ဝမ်းကိုက်ရောဂါ ပျောက်၏ ။
 
၈ ။ သွေးကို အားပေး သောကြောင့် White Blood Copuscles ခေါ် သွေးကောင်းတွင် ပါဝင်သည့် အဖြူသွေး ကို တိုးပွား စေသဖြင့် အဆုတ်နာ ရောဂါ ကုဆေး အဖြစ် ဖော်စပ်သုံး သည်။
 
အဆီ
၁ ။ အဆီကို သွားကိုက်ရာ တွင် သိပ်ပေးပါက ပျောက် ၏။
 
၂ ။ နားအူ၊ နားလေထွက် ခြင်း များ ဖြစ်ပါက ၎င်းဆီကို ခတ်ပေး လျှင် ပျောက်ကင်း ၏ ။
 
၃ ။ ဝမ်းတွင်း လေပွသော် အဆီ ၂-၄ စက် အထိ သောက်လျှင် ပျောက်၏ ။
 
၄ ။ တိုက်ဖိုက် (Typhoid) ရောဂါ ဖြစ်သော် အဆီ ၂ စက် ခန့် တစ်နေ့ နှစ်ကြိမ် သို့မဟုတ် ၃ ကြိမ်ခန့် သောက် ရ၏ ။

သစ်ဆိမ့်ပင်


အသုံးပြုပုံ-
အပွင့်
၁။ သစ်ဆိမ့်ပွင့်ကို ပြုတ်သောက်ပါက သရက်ရွက် ကြီးသော ရောဂါ ၊ ဝမ်းသွားလွန်ခြင်း ၊ ရင်ဘတ်နာ ခြင်း ၊ သလိပ်ပူထခြင်းများ ပျောက်၏ ။
 
အခေါက်
၁။ သစ်ဆိမ့်ခေါက် ကို သွေးလိမ်းသော် ခရုသင်း ပျောက်၏ ။ သွေးသောက် သော် သွေး အားနည်း ရောဂါ ပျောက်၏ ။

၂။ အမြစ်ခေါက် ကို ပြုတ်၍ ငုံပေးသော် သွားနာ၊ သွားကိုက် ၊ သွားဖုံးရောင် ခြင်း ပျောက်၏။
 
အသီး
၁။ သစ်ဆိမ့်သီး ကို သွေး၍ မျက်စိကို ကွင်းပေးသော် မျက်စိနာ ပျောက်၏ ။
 
၂။ သစ်ဆိမ့်သီးးခွံ ကိုသွေး၍ ပျားရည် နှင့် လျက်သော် ပန်းနာ ၊ ရင်ကျပ် ၊ ချောင်းဆိုး ပျောက်၏။
 
၃။သစ်ဆိမ့်သီးမှုန့် နှင့် ကြံသကာ ဆတူရော၍ နေ့စဉ် သုံးဆောင် သော် ပန်းသေရောဂါ ပျောက်၏ ။
 
၄။ သစ်ဆိမ်သီး ကို အားတိုးဆေး အဖြစ်လည်းကောင်း ၊ လိပ်ခေါင်း ၊ ဖျဉ်းစွဲ နာ ၊ နူနာ ၊ ဝမ်းသွားခြင်း၊ လေထိုး လေအောင့် ခြင်းနှင့် ခေါင်းကိုက် ခြင်း ရောဂါများ ကုသရာ၌ လည်းကောင်း အသုံးပြု နိုင်၏။
 
အဆံ
၁။ သစ်ဆိမ့်ဆံ နှင့် အရက် သွေးသောက်သော် ဆီးအောင့် ခြင်းနှင့် ကျောက်တည်ခြင်း ပျောက်၏ ။
 
၂။ သစ်ဆိမ့်ဆံ ကို သွေး၍ နွေးအောင် ပြုပြီး ရောင်ရမ်း သောနေရာ ထိခိုက်မိ၍ ဒဏ်ရာ ရပြီး နာကျင် ကိုက်ခဲ နေသော နေရာများတွင် လိမ်းပေးသော် ပျောက်၏။

သက်ရင်းကြီး


အသုံးပြုပုံ-
အမြစ်
၁။ သက်ရင်းကြီး မြစ်ကို လေနာ၊ သလိပ်နာများ အတွက် ဆေးအဖြစ် ဖော်စပ် အသုံးပြု၏။
 
၂။ အမြစ်ကို ထန်းလျက်နှင့် စိမ်၍ စိမ်ဆေး အဖြစ် နေ့စဉ် သုံးဆောင်ပါက အစာကြေ၊ လေမှန်၊ဝမ်းမှန် စေသည်။ ယင်းစိမ်ဆေး ဖြင့်လည်း အရက်ဖြတ်၍ ရသည်။ အခြား ရောဂါများ ဝင်ရောက် ခြင်းမှလည်း ကာကွယ်နိုင်၏။

၃။ အဆုတ် ရောင်ခြင်း၊ ကြီးခြင်း၊ အသည်း ရောင်ခြင်း၊ ကြီးခြင်း၊ အဆစ် ကိုက်ခဲခြင်း၊ ဖောရောင်ခြင်း တို့၌ သက်ရင်းကြီး အမြစ်၊ အခေါက်ကို အတွင်းဆေး အပြင်ဆေး အဖြစ် စားသုံးခြင်း ၊ လိမ်းကျံခြင်း၊ ကြပ်ထုပ်ထိုး ခြင်းများ ပြုလုပ်ပါက လျင်မြန်စွာ ပျောက်ကင်းစေ၏။
 
၄။ ဒူလာ၊ လိပ်ခေါင်း ရောဂါ တို့အတွက် အမြစ်ကို သံပရာရေနှင့် သွေး၍ သောက်ရ၏။
 
အခေါက်
၁။ သက်ရင်းကြီး ခေါက်သည် ဖောရောင်ပြီး ဖျားသော အဖျားရောဂါ ကို ပျောက်ကင်း စေ၍ အဖောကို ကျဆင်း စေသည်။
 
၂။ သက်ရင်းကြီး ခေါက်သည် အဆိပ်ကို နိုင်သဖြင့် မြွေကိုက်သော လူနာကို သွေး၍ တိုက်ပေး ရ၏။
 
အရွက်
၁။ အနာဆွေး၊ အနာဟောင်း များ မကျက်နိုင်ဘဲ ပြည်တစိုစို ဖြစ်နေလျှင် သက်ရင်းကြီး ရွက်ကို အညက်ကြိတ်၍ အုံပေးခြင်းဖြင့် အနာ အသားနု အမြန်တက်ပြီး ကျက်စေသည်။
 
၂။ အရွက်နုကို ပြုတ်တို့ စားခြင်းဖြင့် ဝမ်း၊ လေမှန်၍ ဝမ်းကိုက်နာ၊ ဝမ်းသွားနာ တို့ကို ပျောက်ကင်း စေ၏။

သံမနိုင်၊ ကျောက်မနိုင်


အသုံးပြုပုံ-
အရွက်
၁ ။ အရွက်ကို အရည်ညှစ်၍ နို့နှင့် ရောသောက် ပါက ကလေး သူငယ်များ ဝမ်းဗိုက် အောင့်ခြင်းကို သက်သာစေ ၏ ။
 
၂ ။ အရွက်ခြောက် များကို ရေစိမ်၍ သောက်ပါက ဝမ်းသွား ခြင်း ၊ သွေးဆင်းခြင်း၊ မီးယပ်ဖြူ ဆင်းခြင်း စသည်တို့ကို ပျောက်ကင်း စေ၏ ။

ပဉ္စငါးပါး 
၁ ။ ပဉ္စငါးပါး ကို အရည်ညှစ် ပြီး ကျိုချက်၍ လည်းကောင်း၊ အခြောက်ကို လက်ဖက်ရည် ကဲ့သို့ ပြုလုပ်၍ လည်းကောင်း သောက်လျှင် ဆီးချုပ်၊ ဆီးပူ ၊ ကျောက်တည် ရောဂါများ ပျောက်ကင်း စေ၏ ။
 
၂ ။ ပဉ္စငါးပါး အစိုကို ထမင်းနှင့် ဆတူ ရော၍ ကြိတ်ပြီး နံနက် ည နှစ်ကြိမ် အုံပေးပါ က နို့နာ များ ပြည်ပေါက်ပြီး ပျောက်ကင်း ၏။

လိပ်ဆူးရွှေ


အသုံးပြုပုံ-
ပဉ္စငါးပါး
၁။ လိပ်ဆူးရွှေ ပဉ္စငါးပါးကို ကြိတ်၍ နှမ်းဆီနှင့် ရောချက်ပြီး ယားနာ၊ ပွေးနာနှင့် အနာပေါက် များကို လိမ်းရ၏။
 
အရွက်
၁။ လိပ်ဆူးရွှေရွက် ကို ပြာချပြီး ထောပတ်နှင့် ရောလိမ်းသော် မကျက်နိုင်သော အနာများ အသားနုတက်၍ အမြန်ပျောက်၏။
 
၂။ အရွက်ရည် ကို လူကြီးများ သောက်လျှင် ချွေးကောင်းစွာ ထွက်၍ အဖျားနှင့် တကွ ချောင်းဆိုး အအေးမိခြင်းပါ ပျောက်ကင်း၏။

၃။ အရွက်ရည်ကို ကင်းကိုက်သော ဒဏ်ရာပေါ်သို့ ဆွတ်ပေးခြင်းဖြင့် ကင်းဆိပ် ကို ပြေစေသည်။ ရောင်ရမ်းသော နေရာများပေါ်၌ လိမ်းပေးလျှင် လည်း ပျောက်၏။
 
၄။ အရွက်ကို ကျကျ ပြုတ်၍ ခပ်နွေးနွေး ငုံပေးသော် နဲ့သော သွားများ ပြန်ခိုင်စေ၏။
 
၅။ လိပ်ဆူးရွှေ ရွက်နှင့် ကွက္ကရာ ဆတူ ရောကြိတ်၍ သွားခြေတွင် ကပ်ထားသော် သွားနာ သွားကိုက်နှင့် သွားခြေရင်းမှ သွေးယိုစီးခြင်း ပျောက်၏။
 
၆။ အရွက်ကို ကြိတ်၍ ရသော အရည်တွင် ပျားရည် သို့မဟုတ် သကြား သို့မဟုတ် ရေနွေးနှင့် ရော၍ ကြွေဇွန်းငယ် ၂ ဇွန်းမျှ တိုက်သော် ကလေးများ ချောင်းဆိုး ဖျားနာ သလိပ် ထကြွခြင်း များပျောက်၏။
 
၇။ အရွက်ကို ပြာချ၍ ဆန်ပုန်းရည် နှင့် ရောသောက်သော် ဖောရောင်ခြင်း နှင့် ရေဖျဉ်းကို ကျဆင်းစေ၏။ ချောင်းဆိုး ရောဂါ ကိုလည်း ပျောက်စေသည်။
 
၈။ အရွက် ကြိတ်၍ ရသော အရည်ကို ခြေဖဝါး၊ ခြေချောင်း ကြား၌ ဖြစ်သော ဝဲနာ၊ ယားနာ တို့အား လိမ်းပေးလျှင် ပျောက်၏။

ရွက်ကျ ပင်ပေါက်


အသုံးပြုပုံ-
အပင်
၁။ ၎င်းဆေးပင် သည် ယိုစီးကျ သော သွေးများ ကို ရပ်တန့် ချုပ်တည်း သော နေရာတွင် နတ်ဆေး သဖွယ် ဖြစ်၏။
 
အရွက်
၁။ ၁။ ထိခိုက် ရှနာနှင့် သွေးစိမ်း ထွက်သော အနာ များကို ရွက်ကျ ပင်ပေါက် ရွက် မီးကင်၍ ကပ်ပေးက သွေးများ ရပ်စဲ ၍ အနာကျက် လွယ်၏။

၂ ။ အရွက်ကို ကြိတ်ညှစ်၍ ရသော အရည်ကို လိမ်းပေးမူ အနာစက် ၊ အနာမီးလျှံ ၊ မွေးကျွတ်နာ များ ပျောက်၏။
 
၃ ။ ရွက်ကျ ပင်ပေါက် ရွက်ကို မီးကင်၍ ထိခိုက် ရောင်ရမ်းနေသော ဒဏ်ရာ များကို ကပ်ပေးပါက ရောင်ရမ်း ကျဆင်း၍ ဒဏ်ရာ များ သက်သာ ပျောက်ကင်း၏။
 
၄ ။ ရွက်ကျ ပင်ပေါက် ရွက် ၁ ရွက် ၂ ရွက် ကို ငရုတ်ကောင်း အနည်းငယ် ထည့်၍ ညက်စွာ ကြိတ်ပြီး သောက်က ဆီးပူ ၊ ဆီးချုပ် သွေးမြင်း သရိုက် နှင့် လူပျိုနာ ကြောင့် ဖြစ်သော အနာ များ ပျောက်ကင်း၏။
 
၅ ။ အရွက် ကို ကြိတ်၍ ရသော အရည်ကို သောက်ပေး ပါက ကာလ ဝမ်းရောဂါ ပျောက်ကင်း ၏။
 
၆ ။ အရွက်ရည် ကို လိမ်းပေးက အဆစ်လွှဲ ၊ အကြောထုံးခြင်း နှင့် မီးလောင်သော အနာများ ပျောက်ကင်း ၏။
 
၇ ။ အပူအား ကြီး၍ ဖြစ်သော မျက်လုံး ပူခြင်း၊ ယားခြင်း၊ ကျိန်း ခြင်း ၊ ရောင်ရမ်းခြင်း အတွက် ၎င်း အရွက် သက်သက် ကို ညက်စွာ ကြိတ်၍ လည်းကောင်း ၊ အအေးလွန် ၍ ဖြစ်သော မျက်စိနာ အတွက် ၎င်း အရွက် ကြိတ်ပြီးသား တွင် နနွင်း စစ် အနည်းငယ် ထည့်ကာ ခပ်နွေးနွေး ပြု၍ လည်းကောင်း အုံပေးပါ က မျက်စိနာ ပျောက်၏။

ယူကလစ်ပင်


အသုံးပြုပုံ-
အရွက်
၁။ အရွက်ကို ကြိတ်၍ အနာမီး၊ အနာစက် များကို လိမ်းပေးခြင်း၊ အုံပေးခြင်း ဖြင့် ပျောက်ကင်း၏။
 
၂။ အရွက်ကို ပြုတ်၍ အခိုး အငွေ့ ရှူရှိုက် သော် ပန်းနာ ကြောင့် ရင်ကျပ်ခြင်း ပျောက်၍ အသက်ရှူ လွယ်လာ၏။ 

၃။ ချွဲသလိပ် ရောဂါ၊ အဆိပ် သင့်၍ ဖျားခြင်း၊ ကြက်ညှာ ချောင်းဆိုး ရောဂါနှင့် ခွဲစိတ် ထားသော ဒဏ်ရာ များ၌ လည်း ယူကလစ်ရွက် ကို အသုံးပြု၏။

၄။ ဆူနေသော ရေနွေးတွင် အရွက်ထည့် ပြီး ချွေးအောင်း ပေါင်းခံ ခြင်းဖြင့် နှာစေး ခေါင်းကိုက် ချောင်းဆိုး ပျောက်၏။
 
အဆီ
၁။ အဆီကို အရေပြား ပေါ်၌ ဖြစ်ပေါ် တတ်သော အနာ ရောဂါများ ပေါ်တွင် လိမ်းပေးရ၏။
 
၂။ အဆစ် အမျက် ကိုက်ခြင်း နှင့် ရောင်ခြင်း ဖြစ်လျှင် သံလွင်ဆီ နှင့် ဆတူ ရော၍ လိမ်းက ပျောက်၏။
 
၃။ လိမ်းဆေးဆီ ပြုလုပ်၍ မီးလောင်သော နေရာ၌ လိမ်းပေးရ၏။ ရင်ကျပ်ခြင်း အတွက်လည်း အသုံးပြု နိုင်၏။
 
အမြစ်
၁။ အမြစ်ကို ဝမ်းနုတ်ဆေး အဖြစ် ဖော်စပ် သုံးသည်။

မရှော့ပင်


အသုံးပြုပုံ-
အရွက်
၁ ။ မူးယစ်စေ တတ်သော အစားအစာ ကို သော် လည်းကောင်း ၊ အစား မှား လျှင် သော် လည်းကောင်း အရွက်ကို စားသုံး လျှင် ချက်ချင်း အဆိပ်ပြေ စေသည်။
 
၂ ။ မြွေဆိုး ၊ ပျား ၊ ကင်းမြီးကောက် နှင့် အခြား အဆိပ်ရှိ သတ္တဝါများ ကိုက်မိ ၊ တုပ်မိပါက ယင်းဆေးရွက် ကို ချက်ချင်း စားသုံးခြင်း ဖြင့် နှလုံးသို့ အဆိပ် မရောက် နိုင်ရန် ကာကွယ် ပေး သည်။ အရွက် ကို ဝါးပြီး ဝါးဖတ်နှင့် အနာ ပတ် လည် တွင် လည်း အုံပေးရ ၏ ။

၃ ။ အရိုး အဆစ် ကျိုးပဲ့၍ သွေးမထွက် သော ဒဏ်ရာ ရရှိသူ အား ဆေးရွက်ကို မလိမ်းဘဲ စားစေပါက အရိုး အဆစ်ကို ဆက်စေ၍ ကောင်းမွန် စေသည်။ (သွေးမထွက် ဘဲလိမ်းမိ ပါက သွေးပုပ်ငုပ် ၍ အနာရင်း ပြီး အောင့်တတ်သည်။)
 
၄ ။ သွေးထွက်သည့် ဒဏ်ရာ ဖြစ်ပါက အရွက် ကို စားခြင်း ၊ အနာပတ်လည် ဝါး၍ အုံပေးခြင်း ပြုနိုင်၏။
မှတ်ချက်။ ။ မလိုအပ် ဘဲ အရမ်းစားသုံး ပါက ကိုယ်ခန္ဓာ လေးလံ ထိုင်းမှိုင်း တတ်သည်။

မုရားကြီး (ရွက်ပါး)


အသုံးပြုပုံ-
အပွင့် အရွက်
၁ ။ အပွင့် နှင့် တကွ အရွက်ကို ကြွေဇွန်း ကြီး တစ်ဇွန်း ခန့် အရည်ညှစ် ၍ သကြားခဲ သို့မဟုတ် ပျားရည် သင့် တော်ရုံ ထည့်သောက် ခြင်းဖြင့် သည်းခြေဖျား နှင့် သွေးအန် ၊ သွေးကျ ရောဂါ ပျောက်၏ ။
 
အရွက်
၁ ။ ကြစုသီး ကို မုရားကြီး ရွက်ညှစ်ရည် နှင့် စိမ်၍ တစ်ခွက် စာ ကြွေဇွန်း ကြီး ၃ ဇွန်း မျှ သောက်က သွေးအန် သွေးကျ ရောဂါ ပျောက်၏။
၂ ။ မုရားကြီး ရွက် ကို သုံးခွက် တစ်ခွက် တင် ကျို၍ ဆေးတစ်ခွက် စာ ကြွေးဇွန်း ကြီး ၃ ဇွန်းမျှ သောက်က ဆီးအောင့် ရောဂါ ပျောက်၏ ။
၃ ။ မုရာကြီး ရွက်ကို အရိပ်တွင် ခြောက်စေ၍ ပြာချ ပြီး ပြာကို ညက်အောင် ပြု၍ သိပ်ပေးက သွားနာ သွားကိုက် ၊ သွားဖုံး သွေးယိုခြင်း ၊ သွားနဲ့ခြင်း များ ပျောက်၏။
၄ ။ မုရားကြီး ရွက်ကို မျက်စိ ရောဂါ ပျောက်ဆေး အဖြစ် ဖော်စပ် အသုံးပြု ၏ ။
၅ ။ အရွက်ကို ကျို၍သောက်က ဝမ်းကိုက် ရောဂါ ပျောက်သည်။
၆ ။ မုရားကြီး ရွက် လတ်တစ်ဆုပ် စာ ကို ရေသုံး ခွက် တစ်ခွက် တင် ပြုတ်၍ တစ်နေ့ ၃ ကြိမ် သောက်လျှင် သွေးဝမ်း ၊ သွေးဒူလာ ၊ မီးယပ် သွေးလွန် ရောဂါများ ပျောက်၏။
၇ ။ မုရားကြီး ရွက်နုကို ကြိတ်၍ ရသော အရည်အား ဝိုင်အရက် နှင့်သော်လည်းကောင်း ၊ ပျားရည် နှင့် သော်လည်းကောင်း သောက်သော် ကြက်ညှာ ချောင်းဆိုး ရောဂါ ပျောက်၏။
 
အမြစ်
၁ ။ မုရားကြီး အမြစ် သို့မဟုတ် အရွက် ကြိတ်၍ ရသော အရည်တွင် သကြားခဲ နှင့် သိန္ဓော သင့်ရုံ ထည့်၍ တစ်ခွက်စာ ကြွေဇွန်းကြီး တစ်ဇွန်း သောက်က ပန်းနာ ရင်ကျပ် နှင့် ချောင်းဆိုး ရောဂါ ပျောက်၏။
 
၂ ။ မုရားကြီး အနက် အမြစ်ကို ရေအေး နှင့်သွေး၍ ကင်းကိုက်သော နေရာသို့ လိမ်းပေးက ကင်းဆိပ်ပြေ ၏။
 
၃ ။ မုရားကြီး မြစ်ကို ပိုးမွှားသတ်ဆေး အဖြစ်လည်း ဖော်စပ် အသုံးပြု နိုင်၏။

မုန်ညင်းဖြူ


အသုံးပြုပုံ-
အစေ့
၁ ။ မုန်ညင်းဖြူ စေ့ကို ကွမ်းစားဂမုန်း နှင့်သွေးပြီး လိမ်းသော် အဆစ်ရောင် ခြင်း ပျောက်၏။
 
အဆီ
၁ ။ မုန်ညင်းဆီ အနည်းငယ်ကို အအေးလွန်၍ ကိုက်သော နားနာကို ခတ်ပေးပါ က ပျောက်ကင်း၏။
 
၂ ။ မုန်ညင်းဆီ ၊ မရိုးရွက် ရည်၊ နနွင်းတက် ၎င်းသုံးမျိုး ကို ရောချက် ၍ ဆီကျန်လျှင် စစ်ယူပြီး ပွေးနာ ၊ ယားနာများ ကို လူးပေးပါက ပျောက်ကင်းသည်။

၃ ။ မုန်ညင်းဆီ ကို ပရုတ်နှင့် ချက်၍ ကလေးများ ဗိုက်နာ ခြင်း ၊ အဆုတ်အအေး မိခြင်း ၊ နှာစေး ချောင်းဆိုး ခြင်းများ အတွက် လိမ်းဆေး သို့မဟုတ် အုပ်ဆေး အဖြစ် အသုံးပြု ရ၏။
 
၄ ။ ဘေလုံးရောဂါ ၊ သွေးဖျဉ်း ရောဂါ ၊ မြင်းသရိုက် ရောဂါ ၊ လေထိုး လေအောင့် ရောဂါ များ အတွက် မုန်ညင်းဆီကို အနည်းငယ် သောက်ပေး ခြင်း ၊ ရောဂါ ဖြစ်ရာ နေရာတွင် ပွတ်၍ လိမ်းပေးခြင်း ဖြင့် ပျောက်ကင်း၏။
 
၅။ ထိပ်ကပ်နာ ရှိသူများ ညအိပ်ရာ ဝင်ချိန် နှာခေါင်း တွင်းသို့ မုန်ညင်းဆီ အနည်းငယ် ထည့်ပေးက ပျောက်၏။
 
၆ ။ ကလေးများ မက္ခရုနာ ပေါက်လျှင် မုန်ညင်းဆီ ဖြင့် သုံးခါမျှ လိမ်းပေးရုံနှင့် မက္ခရု များ ကြွေကျ ပျောက်ကင်း၏။
 
၇ ။ ခေါင်း ကိုက် ခေါင်း အုံ လျှင် ဦးခေါင်းတွင် မုန်ညင်းဆီ ထည့်လိမ်း ပေးခြင်းဖြင့် ပျောက်ကင်း၏။
 
၈ ။ ဇက်ကြောတက် ၊ မျက်ရိုး ကိုက် သည့် နေရာများ တွင် မုန်ညင်းဆီ လိမ်းပေးက လည်း ပျောက်ကင်း၏။
 
၉ ။ အထုံ အကျဉ် ၊ အချိအနဲ့ ၊ အကြောဆွဲ ၊ လက်ကပ် ခြေကပ် ဖြစ်လျှင် မုန်ညင်းဆီ တစ်ဆ ၊ နှမ်းဆီ တစ်ဆ ကို တောင်ဆိတ် ဆီ သို့မဟုတ် တောဆိတ် ဆီနှင့် ဖျော်၍ ပွတ်လိမ်းပေး က ပျောက်၏။
 
၁၀ ။ လည်ပင်းကြီး ရောဂါ အတွက် မုန်ညင်းဆီ တစ်ဆ ၊ နှမ်းဆီ တစ်ဆကို စပါးကြီး သည်းခြေ နှင့် ဖျော်၍ လည်ပင်း တွင် စုတ်နှင့် ထိုးပြီး ပဉ္စကာနီသီး သို့မဟုတ် ဖရဲသီး ကို အခြောက်လှန်း သွေးလိမ်းက ပျောက်၏။
 
၁၁။ အနာပျက် ၊ အနာဆွေး များ တွင် မုန်ညင်း ဆီ လိမ်းက ပျောက်၏။
 
၁၂ ။ မုတ္တကျ သူများ မုန်ညင်းဆီ ဖြင့် နှိပ်နယ်လိမ်း ပေးက ပျောက်၏။
 
၁၃ ။ လူကောင်းများ ကိုယ်တွင် လိမ်း၍ အိပ်ပါက ဝဲနာ ၊ ယားနာ ၊ နူနာ ၊ လေနာ များ မှ ကင်းဝေး စေ၏။

မိကျောင်းကွမ်းဖတ်


အသုံးပြုပုံ-
အစေ့
၁။ ပြည်တ ရွှဲရွှဲနှင့် မကျက်နိုင် သော အနာအို ၊ အနာဟောင်းများ ၎င်းအစေ့ကို ကြိတ်၍ အုံပေးက အနာကျက် ပြီး အသားနု တက်ကာ ပျောက်ကင်း၏။
 
၂။ ယင်း၏ အစေ့ဖြင့် မျက်စိနာ ၊ လေနာ ၊ ပွေးညှင်း ၊ တင်းတိပ် နာ တို့ကို ပျောက်ကင်းစေ သော ဆေး ဖော်စပ် သုံးနိုင်၏။

မဏိသြဃ


အသုံးပြုပုံ-
အခေါက်  
၁ ။ မျက်စိ စပ်သော ရောဂါ များ ၌ အတွင်းဆေး အဖြစ် အသုံးပြု ရသည်။ ကျောက် ရောဂါ၌ လည်းကောင်း ကူးစက် တတ်သော ရောဂါများ မကူးစက် နိုင်ရန် လည်းကောင်း သုံးသည်။
 
၂ ။ သွေးဆေး ၊ ငန်းဆေး ဖော်စပ် ရာတွင် ၎င်းကို ထည့်သွင်း အသုံးပြု၏ ။
 
၃ ။ အခေါက် ကို သွေး၍ လိမ်းသော် ယားယံခြင်း ပျောက်၏ ။

အသီး 
၁ ။ ထိခိုက် ၍ ဖြစ်သည့် ပြည်တည်သော အနာများ အတွက် သုံးသည်။

မင်းကိုကာ


အသုံးပြုပုံ-
မြစ်ဥ
၁ ။ အမြစ်ကို ဝမ်းနှုတ်ဆေး ၊ အားဆေး ၊ မီးယပ် ဆေး၊ လေမျိုး ရှစ်ဆယ် ဆေးအဖြစ် ဖော်စပ် အသုံးပြု ၏။
 
၂ ။ အမြစ်မှုန့် ကို ဆား စိမ်းနှင့် ရော၍ သောက်သော် ဆီးအောင့် ညောင်းကျ ရောဂါ ပျောက်ကင်း ၏။
 
၃ ။ မင်းကိုကာ နှင့် ရှဉ့်မတက် ဥ ဆတူ ကျို၍ သောက်သော် အဆစ်ရောင် ရောဂါ ပျောက်၏ ။

၄ ။ အမှုန့်ကို ဆန်ဆေးရည် နှင့် ဖျော်သော်က ဆင်ခြေ ထောက်ရောဂါ ပျောက်၏ ။
 
၅ ။ မင်းကိုကာ အမှုန့်ကို ရှဉ့်မတက် ဥ ကြိတ်ညှစ်ရည် တွင် စိမ်၍ နေလှန်းခြင်း ၇ ကြိမ် ပြုပြီးနောက် အမှုန့် ထောင်း ကာ ယင်းအမှုန့် ၈ ပဲသား ခန့်ကို ထောပတ်နှင့် နေ့စဉ် သုံးဆောင် က သုက်ဓာတ်ပွား များ၍ ကာမစွမ်းအင် တိုးတက် စေ၏ ။

ဘုမ္မသိန်


အသုံးပြုပုံ-
အရွက်
၁။ ဘုမ္မသိန် ရွက် ကို သူငယ်နာ အုပ်ဆေး ၊ အစာကြေဆေး ၊ လေငန်း ရောဂါ ပျောက်ဆေး နှင့် အရေပြား ရောဂါ ကု ဆေးများတွင် ထည့်သွင်း အသုံးပြု သည်။
 
၂။ အရွက် မှ ဆေးဖော် စပ်ရာတွင် အသုံးပြုသည့် ပရုတ်များ ထုတ်လုပ် နိုင်သည်။
 
၃။ အရွက် ပြုတ်ရည်နှင့် ရေချိုး ပေးလျှင် ကိုယ်ဖော ကိုယ်ရောင် သောရောဂါ ပျောက်၏ ။

၄။ အကြောဆွဲ ၊ ခြေသေ ၊ လက်သေ ၊ လေမလျှောက် ၊ ကိုယ်တစ်ခြမ်းလေး ၊ အခိုးမပွင့် သည့်ရောဂါ ၊ လေငန်း ဖြစ်စ ရောဂါ ၊ ကိုယ်လက် ကိုက်ခဲသည့် ရောဂါ များကို ဘုမ္မသိန် ၊ အရက် ၊ နှမ်းဆီ ၊ သံပရာ ရည်များနှင့် ဖျော်စပ် လိမ်းပေးလျှင် သက်သာ ပျောက်ကင်း၏။
 
၅။ ပန်းနာ ၊ ချောင်းဆိုးနာ ၊ ဆီးရောဂါ ပျောက်ဆေး ၊ အဆိပ် ပြေဆေး အဖြစ်လည်း ဖော်စပ် အသုံးပြု၏ ။
 
အစေး
၁။ ဘုမ္မသိန် အစေးကို သွားတွင် ထည့်ပေးသော် သွားနာ ကျင်ကိုက်ခဲ ခြင်း ၊ သွားမကောင်းခြင်း ပျောက်ကင်း၏ ။
 
အမြစ်
၁။ အပင်လုံး နှင့် အမြစ်ကို အအေး မိခြင်း ကုသရာ၌ အသုံးပြု ၏ ။
မှတ်ချက်။ ။ ဆေးပင်ပေါက် ပြီး ၁၀ လ မှ ၃ နှစ် အတွင်း (ဒုတိယ အရွယ်) သည် ဂုဏ်သတ္တိ ရသ အပြည့်ဆုံး အရွယ် ဖြစ်သဖြင့် ယင်းအရွယ် ရှိ အပင်ကို သာ ဆေး အဖြစ် သုံးရန် အလွန် သင့်လျော်သည်။

ဗုဒ္ဓသရဏပင်


အသုံးပြုပုံ-
အပွင့်နု အသီးနု 
၁။ ရေနွေး ဖြော၍ တို့စားခြင်း၊ သုပ်စား ခြင်းဖြင့် ဆီးနည်းခြင်း ချုပ်ခြင်းကို ပျောက်ကင်း စေရုံ မက အဖျား ရောဂါ ကိုပင် ပျောက်ကင်း စေ၏။
 
၂။ ဆိတ်သား နှင့် စွပ်ပြုတ် လုပ်၍ သောက်ပါက ပန်းညှိုးသူများ လျင်မြန်စွာ ပန်းကို လန်းစေသည်။ ဝက်သား ၊ နွားသား တို့နှင့် စွပ်ပြုတ် လုပ် သောက်ပါက ကုန်ဆုံးသွား သော အားကို ပြန်လည် ရစေပြီး ကိုယ် နှုတ် နှလုံး ရွှင်လန်းစေ သည်။

၃။ အပွင့် ကလေးများ ပြုတ်၍ ရသော ရေဖြင့် ငါးမြွေထိုး၊ ငါးဟင်း ချက်ရာတွင် လောင်း၍ ချက်ပြီး စားပါက မြီးညှောင့်ရိုး ကိုက်သော ရောဂါ၊ ခါးကိုက်ခဲ သောရောဂါ၊ ပိတ်ဝမ်း ရောဂါ တို့အား ပျောက်ကင်းစေ ရုံမက ဇက်ကြောတက် ရောဂါ၊ အနာ ရင်းသော ကြောင့် နာကျင် ကိုက်ခဲသော ရောဂါ ၊ ဝမ်းပျက် ၊ ခံတွင်းပျက်၊ ခြေဆစ် လက်ဆစ် ညောင်းခြင်း၊ ပါးစပ် ချွဲခြင်း စသော ရောဂါ များ ပျောက်ကင်း စေသည်။
 
အမြစ်-- 
၁။ ပြုတ်ကျို၍ လက်ဖက်ရည် အကြမ်း ပန်းကန် တစ်ဝက်ခန့် တွင် ဆားပုပ်မှုန့် အနည်းငယ် ခတ်၍ သောက်က အဖျား ရောဂါ ပျောက်ကင်းသည့် အပြင် လည်ချောင်းနာ၊ လည်ချောင်းပူ၊ ချွဲသလိပ် ကပ် ရောဂါ များ ပျောက်၏။
 
၂။ထန်းလျက် နှင့် ပြုတ်ကျို၍ အကြမ်း ပန်းကန် တစ်လုံးခန့် နံနက်တိုင်း သောက် ပါက အဖျဉ်းရောဂါ ပျောက်စေ သည့်အပြင် ကိုယ်လက် နာကျင် ကိုက်ခဲခြင်း နှင့် ဝမ်းထဲ ရစ်၍ နာကျင် ခြင်း၊ အသားအရေ နာကျင်ခြင်း၊ ပူလွန်း၊ အေးလွန်းခြင်း တို့ မြန်မကြာ ပျောက်စေသည်။
 
ဥတက်-- 
၁။ ဓားနှင့် ပါးပါး လှီးပြီး အခြောက် လှန်း၍ ထန်းလျက် နှင့် ယိုထိုး ကာ စမုန်မျိုး ငါးပါး အမှုန့် ပြု၍ ထည့်ပြီး ဖန်ဘူးတွင် ထည့်၍ နံနက် တစ်ခါ၊ ညအိပ်ရာ ဝင်တစ်ခါ ကွမ်းသီးလုံး ခန့် စားပါက ယောကျ်ား မိန်းမ ဒူလာ မီးယပ်ရောဂါ၊ သွေးသား မညီညွတ်ခြင်း၊ မီးယပ် ဝမ်းပျက်၊ သွေးဆုံး ၊ ကိုယ်လက် တို့၌ သွေးလေ မလျှောက်ခြင်း၊လိပ်ခေါင်း၊ ပန်းညှိုး၊ အသား အရေ ခြောက်ကပ်၊ အားအင် ကုန်ခန်းခြင်း၊ အသားအရ စေးထန်းထန်း ဖြစ်ခြင်း၊ ခါးနာ ၊ ထုံကျင် ကိုက်ခဲခြင်း နှင့် အသားဝါ ရောဂါ များ ပျောက်ကင်း စေသည်။
 
၂။ဥပြုတ်ရည် ကို ဒိုပါလာ သကြားနှင့် ဖျော်ပြီး နံနက် ည လက်ဖက်ရည် အကြမ်း ပန်းကန်လုံး တစ်လုံးကျ သောက်ပေးက အမျိုးသမီးများ အဖြူ အနီ ဆင်းခြင်း၊ မစားချင် မသောက်ချင် ဖြစ်ပြီး ပိန်ချုံးကာ ကိုယ်သား ကိုယ်ရေ နံစော်လာခြင်း၊ တစ်ကိုယ်လုံး ကျိန်းပြီး နာခြင်း၊ အသားအရေ ပူ၍ ပြာနှမ်းနှမ်း ဖြစ်ခြင်း၊ ခေါင်း ဦးရေ ကျိန်းခြင်း၊ အကြော အခြင် တင်းခြင်း၊ဝမ်းဖော ဝမ်းရောင် ခြင်း၊ သွေးပုပ် ဆန်ခြင်း နှင့် ဆီးရောဂါ ဖြစ်ခြင်း များကို ပျောက်ကင်း စေသည်။

ဖာလာဖြူ


အသုံးပြုပုံ-
အစေ့--
၁။ ဖာလာစေ့ ကို အနည်းငယ် ည နံနက် အချိန်မှန် စားပါက ခေါင်းကိုက် ရောဂါ ပျောက်၏။
 
၂။ဖာလာစေ့ ကို လှော်၍ မုတ္ထကျီးဆေး နှင့် စားသော် ဆီးပူ ရောဂါ ပျောက်၏။
 
၃။ဖာလာစေ့ နှင့် ပိတ်ချင်းမြစ် တို့ကို အမှုန့်ပြု၍ ထောပတ်နှင့် ရောလျက်သော် နှလုံးရောဂါ ပျောက်၏။

၄။မီးယပ် ငုပ်ခြင်း၊ ထိမ်ချန်ခြင်း နှင့် မီးယပ်သွေး ဆုံးနာများ အတွက် ဖော်စပ်သော မီးယပ်ဆေး တွင် ဖာလာကို ထည့်သွင်း အသုံးပြု၏။
 
၅။ကျောက်ငန်း ကျောက်ရူး ရောဂါ အတွက် ဖော်စပ်သော ကျောက်ဆေး များတွင်လည်း ဖာလာကို သုံး၏။
 
၆။ချောင်းဆိုးခြင်း၊ ရင်ကျပ်ခြင်း၊ လည်ချောင်း နာခြင်း စသော ရောဂါ များအတွက် ဖာလာစေ့ ကို ကြိတ်၍ ပျားရည် သို့မဟုတ် သကာနှင့် ရောလျက် ပေးရသည်။