Saturday, January 5, 2013

ခေါင်းကိုက်ခြင်း

  • ၁။ ပြင်းပြင်း ထန်ထန် ခေါင်းကိုက်နေ သူတွေမှာ ခေါင်းကိုက် တဲ့ နေရာပေါ် ကွမ်းရွက်အုပ်ပေးပါ။
  • ၂။ ခေါင်းကိုက်နေရင်ဖရဲသီး ဖျော်ရည်ကိုမနက်ပိုင်းဘာမှမစားရသေးခင် သောက်ပေးပါ။
  • ၃။ ပြင်းပြင်းထန်ထန် ခေါင်းကိုက်ဖူးကြမှာပေါ့..။ အဲလိုမျိုး ဖြစ်တဲ့အခါမှာတော့ ချင်းတက်ကို ထုထောင်းပါ...။ ရလာတဲ့အရည်ကို လက်ဘက်ရည်ဇွန်းရဲ့ သုံးပုံတစ်ပုံခန့်စားတဲ့အခါမှာ သက်သာပျောက်ကင်းစေပါတယ်...။
  • ၄။ ခေါင်းကိုက်နေပါသလား၊သံပုရာသီးကို ထက်ခြမ်းခြမ်းပြီး နဖူး တလျှောက် ပွတ်တိုက်ပေးပါ။တဆစ်ဆစ် ကိုက်နေတာတွေသက်သာသွားပါလိမ့်မယ်။
  • ၅။ ဒန့်သလွန် အစေ့ သည် အဆိပ် သင့်ခြင်းနှင့် ခေါင်းကိုက် ရောဂါ ဖြစ်ခြင်း ကို ပျောက်ကင်းစေ တတ်၏။
  • ၆။ ခေါင်းတစ်ခြမ်းကိုက်လျှင် ပင်စိမ်းရွက်သတ္ထုရည် လတ်လတ်ဆတ်ဆတ် ညှစ်ရည်ကိုယူ၍ နားထင်နှင့် နဖူးတွင် လိမ်းပေးပါ။
  • ၇။ နံနံစေ့အား ဆီးဖြူသီး နှင့် ညဦးမှ နေ၍ စိမ်းထားပြီး နံနက်တွင် စစ်၍ သကြားခဲ နှင့် ရောသောက်သော် ခေါင်းကိုက်ရောဂါ ပျောက်၏ ။
  • ၈။ ပင့်ကူထိပ်ပိတ် ပဉ္စငါးပါး ကြိတ်ညှစ် ရည်တွင် ငရုတ် ကောင်းမှုန့် အနည်းငယ် ရောစပ်၍ နဖူး ကို သုတ်လိမ်း ပေး သော် ခေါင်းကိုက် ရောဂါ ပျောက်၏။
  • ၉။ ဖာလာစေ့ ကို အနည်းငယ် ည နံနက် အချိန်မှန် စားပါက ခေါင်းကိုက် ရောဂါ ပျောက်၏။
  • ၁၀။ မရိုးကိုင်း ခြောက် ကို မီးရှို့၍ အခိုးကို နှာခေါင်း ဖြင့် ရှူပေးပါက ခေါင်းကိုက် ၊ အကြော တက်ရောဂါ ပျောက်၏ ။
  • ၁၁။ ဟင်းလျာတွေထဲမှာ ဟင်းခတ်အမွှေးအကြိုင်အဖြစ် သုံးကြတဲ့ နနွင်း၊ ဇီရာ စေ့၊ အရောင်တင်မှုန့်(ငရုတ်မှုန့်)တွေမှာ ဆလီးစလစ်အက်စစ် ပါဝင်ပါတယ်။ ဒါ က အက်စပရင်ထဲမှာပါတဲ့ ပါဝင်ပစ္စည်း တစ်မျိုး ဖြစ်ပါတယ်။ ဟင်းခတ်အမွှေးအကြိုင်ပါတဲ့ ဟင်းလျာတစ်ခွက်စားပေးရင် ခေါင်းကိုက်ဝေဒနာကို သက်သာစေပါတယ်။
  • ၁၂။ ခေါင်း ကိုက် ခေါင်း အုံ လျှင် ဦးခေါင်းတွင် မုန်ညင်းဆီ ထည့်လိမ်း ပေးခြင်းဖြင့် ပျောက်ကင်း၏။
  • ၁၃။ လက်ဖက်ရည် ကျကျ (အင်္ဂလိပ်+မြန်မာ) ကျိုပြီး သံပရာ ရည် ညှစ်သောက် က ခေါင်း ကိုက် ရောဂါ ပျောက်၏။
  • ၁၄။ သံပရာ စေ့ကို ကြိတ်ပြီး နားသယ် တွင် လိမ်းပါက ခေါင်း တစ်ခြမ်း ကိုက်ရောဂါ ပျောက်၏။
  • ၁၅။ ရွေးကလေးအစေ့ကို အမှုန့် ပြုလုပ်၍ ရှူသော် အလွန် ပြင်းထန်သော ခေါင်းကိုက် ရောဂါ ပျောက်၏။
  • မှတ်ချက်။ ။ ရွေးကလေးပင်သည် အဆိပ် ရှိသော ဆေးပင် ဖြစ်၍ လိုသည်ထက် ပို ၍ သုံးဆောင် သော် ဝမ်းလျှောခြင်း ၊ အန်ခြင်း ၊ အင်အား ဆုတ်ယုတ်ခြင်း ဖြစ်တတ်၏။ တစ်ရွေး ခွဲမှ ၃ ရွေး အထိသာ သုံးနိုင်၏
  • ၁၆။ မျက်နှာ နဖူး၏ အထက်ပိုင်းသို့ လေးညှင်းဆီကို လိမ်းပေးသော် ခေါင်းကိုက် ရောဂါ ပျောက်၏။
  • ၁၇။ နွယ်သာကီ အမြစ်မှုန့် ဖြင့် ခေါင်းကို ပွတ်ပေး ပါက ခေါင်းကိုက် ရောဂါ ပျောက်၏။
  • ၁၈။ ကြက်သွန်ဖြူရည်ကို ဆားနှင့် ရောသောက်ခြင်း ၊ ကြက်သွန်ဖြူကို ကြိတ်၍ နားထင်တွင် လိမ်းပေး ခြင်းဖြင့် ခေါင်းကိုက်ပျောက်၏ ။

အဖျားရောဂါ

  • ၁။ ကွမ်းရွက်ကို နနွင်း နှင့် ကျိုပြီး ဆားအနည်းငယ် ခတ်သောက် က ဖျားနာရောဂါ ပျောက်၏ ။
  • ၂ ။ ကင်းပုံရွက်နှင့် နံနံစေ့ ဆတူကို ပြုတ်၍ အဖျားကျဆေး ၊ ဝမ်းပျော့ဆေးအဖြစ် အသုံးပြုသည်။
  • ၃။ ဖျားနေရင်ဖရဲသီး ကိုဒီအတိုင်းသော်လည်းကောင်း၊ အရည်သော်လည်းကောင်း၊သောက်သုံးပေးပါ။
  • ၄။ ကွမ်းရွက်ကို ထန်းလျက် ၊ ချင်း ၊ ဆားထည့်ပြုတ်သောက်သော် အပူလွန်၍ ဖျားသော ရောဂါပျောက်၏
  • ၅။ တမာခေါက်ကို သွေး၍ ဆားနှင့် သောက်သော် အဖျားပျောက်၏ ။
  • ၆ ။ အလွန် ပြင်းထန် စွာ ဖျားနာ လျက် ဝမ်းသွားသော အခါ ထားဝယ်မှိုင်း အစေ့ကို ကြိတ်၍ စားခြင်း ဖြင့် ပျောက်ကင်း စေ၏ ။
  • ၇။ ဒန္တသုခ အမြစ်ကို ဆန်ဆေးရည် နှင့် သွေး၍ ဆားထည့် သောက်က အနာဝင် ဖျားခြင်း ပျောက်၏။
  • ၈။ ဖျား၍ အပူရှိန် အားကြီးလျှင် နံ့သာဖြူ ကို သွေး၍ ဦးခေါင်းခွံ ၌ လိမ်းပေးခြင်း ဖြင့် အပူအခိုး များ ထွက်၍ ရောဂါ ပျောက်ကင်းစေသည်။
  • ၉ ။ ဖျားနာလျှင် သော်လည်းကောင်း ၊ အညှော်မိလျှင် လည်းကောင်း ၊ အနာဝင်လျှင် လည်းကောင်း ၊ ငန်းမန်း အားကြီးလျှင် လည်းကောင်း နလင်ကျော်ကို သွေး၍ သောက်ခြင်း ၊လိမ်းခြင်းဖြင့် ပျောက်ကင်းစေ နိုင်သည်။
  • မှတ်ချက်။ ။ နလင်ကျော် မှုန့်စားသုံး စဉ် အတွင်း ထန်းလျက် မစားရ။ စားလျှင် သေတတ် ၏ ။ (အချိုဟူ သမျှ ရှောင်က ပိုကောင်း ၏ ။)
  • ၁၀။ အအေး ဖျား ဖျားသော် ပရုတ်အေး အရွက် ကို ချင်းခြောက်နှင့် ပြုတ်သောက် ရ၏။
  • ၁၁။ အဖျားနာတာရှည်လျှင်နံနက်စောစောပင်စိမ်းရွက်သတ္ထုရည်ကြွေဇွန်း တဇွန်းကျ သောက်ပေးပါ၊အဖျားကျသွားပါမည်။
  • ၁၂။ ကပ်စေးနဲ(နွားမြီးကပ်)အမြစ်အလေးချိန်တစ်ဆ ရေဆယ်ဆထည့်၍ ထက်ဝက်ခန်း ကျိုပြီး အဖျားပြင်းထန်သူများအား တစ်နေ့ ၂ -၃ ကြိမ် တိုက်သော် အဖျားသက်သာပျောက်ကင်း၏ ။
  • ၁၃။ ချင်းစိမ်း ၊ ထန်းလျက် နှင့် ကွမ်းရွက်တို့ကို ပြုတ်သောက်သော် တုပ်ကွေးဖျား ပျောက်၏ ။ အစာကြေစေ၏ ။ သားဖွား မိခင်များအတွက် သွေးသားစင်ကြယ်စေသည်။
  • ၁၄။ အဖျားကြီး ၊ အပူကြီး သော် စမုန်စပါးကို ညဦးက စိမ်၍ နံနက် တိုက်ပေးခြင်းဖြင့် အပူရှိန် လျော့၍ အဖျားကျသွားမည်။
  • ၁၅။ ပင့်ကူထိပ်ပိတ် အပင် ပြုတ်ရည်၌ လေးညှင်း ၁ ပွင့် ၂ ပွင့် ထည့်သောက် သော် အဖျား ပျောက်၏။
  • ၁၆။ အဖျား ရောဂါ များ အတွက် အဖျားကို နိုင်စေ သော ငန်းဆေးနှင့် ပတဲကောကြီး ပြုတ်ရည် တိုက်ပါက လျင်မြန်စွာ ပျောက်ကင်း၏။
  • ၁၇။ ဗုဒ္ဓသရဏပင်အမြစ် ပြုတ်ကျို၍ လက်ဖက်ရည် အကြမ်း ပန်းကန် တစ်ဝက်ခန့် တွင် ဆားပုပ်မှုန့် အနည်းငယ် ခတ်၍ သောက်က အဖျား ရောဂါ ပျောက်ကင်းသည့် အပြင် လည်ချောင်းနာ၊ လည်ချောင်းပူ၊ ချွဲသလိပ် ကပ် ရောဂါ များ ပျောက်၏။
  • ၁၈။ ရင်းပြားနီအမြစ်ကို ထုထောင်း၍ ရေနှင့် ကျိုချက် သောက်သော် အဖျား နှင့် နှာစေးခြင်း ပျောက်၏။
  • ၁၉။ လက်ထုတ်ကြီး အမြစ်ခေါက်ကို အမှုန့်ပြု၍ ရေနှင့် မွှေပြီး အဝတ်နှင့် စစ်၍ သောက်သော် အဖျား ပျောက်၏။
  • ၂၀။ လင်းလေ အမြစ်ကို ကျိုသောက်ပါက အဖျားရောဂါ၊ ချောင်းဆိုး ရောဂါ နှင့် အဆိပ် ဖြစ်ခြင်း များ ပျောက်၏။
  • ၂၁။ လိပ်ဆူးရွှေအရွက်ရည် ကို လူကြီးများ သောက်လျှင် ချွေးကောင်းစွာ ထွက်၍ အဖျားနှင့် တကွ ချောင်းဆိုး အအေးမိခြင်းပါ ပျောက်ကင်း၏။
  • ၂၂။ သံပရာ ခေါက်ကို ရေနှင့် ထက်ဝက်ခန်း ကျို၍ ညနံနက်တစ်ကြိမ် ကျ သောက်ကအဖျားပျောက် ၏ ။
  • ၂၃။ သံပုရာခေါက် ၅ ကျပ်သား၊ ရေ ၇၅ ကျပ်သားနှင့် ထက်ဝက်ခန့် ကျို၍ တခွက်စာ (၂ ကျပ်သားခန့်မျှ) တနေ့ ၂ ကြိမ် သောက်ပေးပါက မပြတ်နိုင်သော အဖျားရောဂါများ ပြတ်သွားနိုင်သည်။
  • ၂၄။ ဖျားနာခြင်း နှင့် ကလေးများ အညှော် မိ၍ ငန်းမန်း လိုက်ခြင်း များ အတွက် သနပ်ပစ္စည်းအရွက်ကို ကြိတ်၍ နှမ်းဆီ နှင့် ရောပြီး ငယ်ထိပ်ပေါ် တွင် လိမ်းပေးခြင်း ၊ အုပ်ပေးခြင်း ပြုရ၏ ။
  • ၂၅။ နာတာရှည် အဖျား ၊ ရက်ခြား ဖျား ရောဂါများအတွက် အကြောတစ်ထောင်ပင် အရွက် နှင့်အမြစ်ကို ပြုတ်သောက်သော် အဖျားပျောက်၏။
  • ၂၆။ ဥသျှစ်ရွက် ညှစ်ရည်ကို နံနက် ည သောက်ပေးပါက ဖျားခြင်း၊ မျက်ရည်ပူ ယိုခြင်း၊ ချောင်းဆိုး ခြင်းများ ပျောက်၏။
  • ၂၇။ ရေသကျည်း ရွက်ကြိတ်ညှစ်ရည် ကို မျက်စိ၌ ခတ်ပေးသော် အဖျားပျောက်၏။
  • ၂၈။ လေးညှင်းပွင့် ကို ဆေးခါးကြီး နှင့် ရောကြိတ်ပြီး ရေနွေး ပူပူနှင့် သောက်သော် အဖျားရောဂါ နှင့် အားအင် ကုန်ခန်းခြင်း များကို ပျောက်ကင်းစေ၏။
  • ၂၉။ ကလေးများ အညှော်မိခြင်း ၊ အဖျားကြီးခြင်း အတွက် ကြောင်ပန်းမြစ်ကို သွေး၍ တိုက်ကျွေးခြင်း ၊ နှာရှူစေခြင်းဖြင့် ပျောက်ကင်းစေနိုင်၏ ။
  • ၃၀။ နွယ်သာကီ အမြစ်ကိုသွေးပြီး ဖျားသော သူကို နားတွင် လိမ်းပေးပါက အဖျား ပျောက်ကင်း၏။

နှာစေးရောဂါ

  • ၁။ ကွမ်းရွက်ကို မီးကင်၍ ကလေးများငယ်ထိပ်တွင် အုန်းသီး နှင့်ဆွတ်ပြီး ကပ်ပေးထားပါက နှာစေးရောဂါ ပျောက်ကင်း၏ ။
  • ၂။ ဆူနေသော ရေနွေးတွင် ယူကလစ်အရွက်ထည့် ပြီး ချွေးအောင်း ပေါင်းခံ ခြင်းဖြင့် နှာစေး ခေါင်းကိုက် ချောင်းဆိုး ပျောက်၏။
  • ၃။ လောက်သေရွက် ကို ကိုယ်ပူ ချွဲထ ၊ အညှော်ဝင် ၊ ချောင်းဆိုး နှာစေး ၊ နှာပိတ် ရောဂါ အတွက် လည်း ဆေးဖော် စပ်သုံးနိုင် ၏ ။

Friday, January 4, 2013

ကွမ်းရွက်


အသုံးပြုပုံ-
အရွက်
၁။ ကွမ်းရွက် ညှစ်ရည်ကို ပျားရည်နှင့် တိုက်က ကလေးများ လေပွခြင်း ၊ အစာမကြေခြင်း ၊ ဝမ်းသွားခြင်း ၊ ဖျားနာခြင်းများ ပျောက်၏ ။
 
၂။ ကွမ်းရွက် ညှစ်ရည်ကို နွားနို့နှင့် သောက်က မီးယပ်ကြောင့် ဖြစ်သော စိတ္တဇ ရောဂါ ပျောက်၏ ။

၃။ ကွမ်းရွက် ညှစ်ရည်တွင် ချင်းပြုတ်ရည် နှင့် သိန္ဓောဆား အနည်းငယ်ထည့်သောက်က ပန်းနာရင်ကျပ် ၊ ရင်အောင့် ရင်ကယ် ၊ ကြက်ညှာချောင်းဆိုးများ ပျောက်၏ ။
 
၄။ ကွမ်းရွက်ညှစ်ရည်အား မျက်စဉ်းခတ်ပေးခြင်းဖြင့် ကြက်မျက်သင့်နာ ၊ မျက်စိနာ ၊ မျက်စိရောင်ခြင်း ၊ ကိုက်ခြင်း စသည့်မျက်စိနှင့်ဆိုင်သော ရောဂါများ ပျောက်ကင်း၏ ။
 
၅။ကွမ်းရွက်ကို နနွင်း နှင့် ကျိုပြီး ဆားအနည်းငယ် ခတ်သောက် က ဖျားနာရောဂါ ပျောက်၏ ။
 
၆။ ကွမ်းရွက်ကို မီးကင်၍ ကလေးများငယ်ထိပ်တွင် အုန်းသီး နှင့်ဆွတ်ပြီး ကပ်ပေးထားပါက နှာစေးရောဂါ ပျောက်ကင်း၏ ။
 
၇။ ကွမ်းရွက်ကို ထန်းလျက် ၊ ချင်း ၊ ဆားထည့်ပြုတ်သောက်သော် အပူလွန်၍ ဖျားသောရောဂါ ပျောက်၏ ။

Thursday, January 3, 2013

ကနဖော့ပင်


အသုံးဝင်ပုံ-
အရွက်
၁။ အရွက်ကိုကြိတ်၍ ဦးခေါင်းတွင် အုံပေးခြင်းဖြင့် ဦးနှောက် ပူခြင်းကို အေးစေသည်။ အရေပြားနှင့် အကြောရောဂါများ အတွက်လည်း သုံးသည်။
 
၂။ အရွက်ရည်ကို နွားနို့နှင့် ဖြစ်စေ ၊ ဆိတ်နို့နှင့် ဖြစ်စေ သောက်သုံးခြင်းဖြင့် ဆီးပူညောင်းကျနာကို ပျောက်စေသည်။

ပဉ္စငါးပါး
၁။ ကနဖော့ကို ပြုတ်၍ တို့စားခဲ့သော်လည်းကောင်း ၊ ပြုတ်ရည်ဖြင့် ချွေးအောင်းခဲ့သော်လည်းကောင်း ဖောရောင်ခြင်း ပျောက်၏။
 
၂။ ကနဖော့ ပဉ္စငါးပါးရည် အနည်းငယ်မျှ သောက်သော် ကျောက်ဖြူပေါက်သောရောဂါ ၊ အရေပြားရောဂါ ၊ ခြင်ဆီကို တိုးသောရောဂါများ ပျောက်ကင်း၏။
 
၃။ကနဖော့ရည်ကို ပျားရည်နှင့် ရောသောက်သော် ကျောက်ရောဂါ ပျောက်ကင်း၏။
 
၄။ ကနဖော့ တစ်ပင်လုံးအား ဆန်ဆေးရည် ၊ မုန်ညင်းဆီထည့်၍ပြုတ်ပြီး ဆားအနည်းငယ် ထည့်သောက်ခြင်းဖြင့် အသည်း အားနည်း သောရောဂါကို ပျောက်ကင်းစေ၏။

မြင်းခွာပင်


အသုံးပြုပုံ-
ပဉ္စငါးပါး
၁ ။ မြင်းခွာရွက် ကို အရည်ညှစ် ၍ သကြား ၊ ပျားရည်တို့ နှင့် ရောစပ်ပြီး နေ့စဉ် သောက်ခဲ့သော် ခွန်အား တိုးတက် စေ၏ ။
 
၂ ။ မြင်းခွာရွက် အမှုန့် ကို အနည်းငယ် ပူအောင် ပြု၍ ရင်ဘတ်၌ လိမ်းကျံ ပေးသော် ကလေးများ ချောင်းဆိုး ရောဂါ ၊ အဆုတ်နာ ရောဂါ ပျောက်၏။

၃ ။ မြင်းခွာရွက် ကို အရည်ညှစ် ၍ ရေနံဆီ ဖြင့် ဆတူ ရောစပ်ပြီး နှိပ်နယ် လိမ်းကျံပေး ခြင်းဖြင့် အဆစ်အဆက် တို့၌ ဖြစ်သော လေ အဖု အကျိတ်များ ပျောက်၏။
 
၄ ။ မြင်းခွာရွက် ကို အရည်ညှစ် ၍ လက်ဖက် ဇွန်းငယ် တစ်ဇွန်း ခန့် တိုက်ပါက ကလေးငယ် များ အအေးမိခြင်း ၊ လေပြွန် ချောင်းပူ ခြင်း ပျောက်၏ ၊ ဝမ်းသက် ၍ သလိပ် ကို လည်း ပျောက်၏။
 
၅ ။ အရေပြား ရောဂါများ အတွက် ၎င်း၏ အရွက် ညှစ်ရည် ဖြင့် လိမ်းကျံ ခြင်း စားသောက် ခြင်းဖြင့် ပျောက်ကင်း စေနိုင်၏ ။
 
၆ ။ ကိုယ်တွင် ရုတ်တရက် ထိခိုက် ရှနာ ဒဏ်ဖြစ်ပြီး ရောင်ရမ်း ခြင်း ၌ ၎င်း၏ အရွက်ကို ကြိတ်၍ ရသော အရည်ဖြင့် လိမ်းကျံ ပေးက ပျောက်ကင်း၏။
 
၇ ။ သွေးဝမ်း သွားခြင်း ၊ ဆီးချုပ်ခြင်း ၊ နာကျင်ကိုက် ခဲခြင်း၊ ဆီး၌ သွေးပါခြင်း တို့ အတွက် မြင်းခွာ ရွက် ဖျော်ရည် ပြုလုပ် သောက်က ပျောက်၏ ။
 
၈ ။မြင်းခွာရွက် ကို ငရုတ်ကောင်း ၊ ပျားရည်တို့ နှင့် စပ်၍ သုံးဆောင် က အသက်ရှည် ၏ ။ အနာရောဂါ ကင်း၏ ။
 
၉။ မြင်းခွာရွက် ကို အားတိုးဆေး ၊ အဆိပ်ပြေဆေး ၊ အနာပေါက် ကုဆေး ၊ မျက်စိနာ ပျောက်ဆေး အဖြစ်လည်း ဖော်စပ် သုံးနိုင်၏။
 
၁၀။ မြင်းခွာရွက် ကို အခြောက် ပြုလုပ်၍ လက်ဖက်ရည် ခါး သဖွယ် သောက်သုံး ခြင်း ဖြင့် သွေးတိုး ရောဂါ ကို သက်သာ စေ၏ ။
 
၁၁ ။ မြင်းခွာ ရွက် အစိမ်းကို ကြိတ်၍ အဝတ်ပါးပါး တွင် ထည့်ပြီး မျက်စိပေါ် တွင် အုံပေးခြင်း ၊ သို့မဟုတ် အရည်ညှစ် ၍ မျက်စိ တွင် ခတ်ပေး ခြင်းဖြင့် ပြင်းထန်စွာ မျက်စိနာ ခြင်း ၊ မျက်စိကျိန်း ခြင်း များကို ပျောက်ကင်း စေ၏ ။
 
၁၂ ။ မြင်းခွာရွက် ကို အရိပ်ထဲ တွင် အခြောက်ခံပြီး အမှုန့်ကြိတ် ၍ ပျားရည်နှင့် ဆတူ စပ်ပြီး ညအိပ်ရာ ဝင် ချိန် တွင် လျက်သော် နှစ်ခြိုက် စွာ အိပ်ပျော် စေ၏ ။

ကျီးအာပင်


အသုံးဝင်ပုံ-
အသီး
၁ ။ ကျီးအာသီးကိုကြိတ်၍ အုန်းဆီနှင့် ရောကျိုပြီး ခပ်နွေးနွေး ထည့်ပေးက နားကိုက်နာနှင့် နှာခေါင်းတွင် ဖြစ်သောအနာများကို ပျောက်စေသည်။ နှာပုပ်ရောဂါတွင်နှာခေါင်း ထဲသို့ ယင်းဆီကိုအစက်လိုက် ထည့်ပေးရ၏ ။
 
၂ ။ ၎င်းအသီးခြောက်ကို ချေး၍ ဆေးလိပ် ၊ ဆေးတံတွင် ထည့်သောက်ခဲ့သော် ပန်းနာ၊ ရင်ကျပ်ရောဂါပျောက်ကင်း၏ ။

၃ ။ အသီးကို လည်ချောင်းရောဂါ ၊ အစာမကြေရောဂါ ၊ ချောင်းဆိုးရောဂါ ၊ ကုဋ္ဌနူနာရောဂါ ၊ နာတာရှည် ရောဂါ ၊ အစာအိမ်နှင့် စပ်လျဉ်းသောရောဂါများ အတွက် အသုံးပြုသည်။
 
အမြစ်
၁ ။ ကျီးအာမြစ်ကို သွေး၍ လျှာတွင် ပွတ်ပေးလျှင်တစ်ခဏချင်းပင် သလိပ်ကို ကြေစေ၏ ။ အမြစ်သက်သက် အမှုန့်ကို ထိပ်ကပ်နာ ရောဂါ၌ ရှူရ၏ ။
 
၂ ။ အမြစ်ဥကိုပြုတ်၍ ပျားရည်နှင့် သောက်က ဆီးအောင့် နာ ပျောက်၏ ။

ကျွန်းပင်


အသုံးပြုပုံ-
အခေါက်
၁ ။ ကျွန်းခေါက် တစ်ညလုံး စိမ်ထားသော စိမ်ရည်ကို သောက်သော် မီးယပ်ဖြူဆင်းသောရောဂါ ပျောက်၏။
 
၂ ။ကျွန်းခေါက်မှုန့်ကို ရေနွေးနှင့် အတန်ကြာ စိမ်သောက်သော် အဆက်မပြတ်သွားသော ဝမ်းသွားရောဂါပျောက်၏ ။

အသား
၁ ။ ကျွန်းသားကို သွေးလူးသော် သည်း ခြေကြောင့်ဖြစ်သော အဖောအရောင် ပျောက်၏ ။
 
၂ ။ ကျွန်းသားကို သီဟိုဠ် သရက်စေ့အခွံ ဆီနှင့် သွေးလိမ်း သော် အပူနှင့် ယှဉ်၍ ဖြစ်သော ရောင်ရမ်းခြင်းများ ပျောက်၏ ။
 
၃ ။ ကျွန်းသား မီးသွေးကို ထမင်းရည်နှင့် သွေး၍ မကြာခဏ လိမ်းပေးသော် ရေယုန်နာပျောက်၏ ။
 
အသီး
၁ ။ အသီးကို ဆီနှင့် သွေးလိမ်းသော် ယားနာ ပျောက်၏ ။
 
၂ ။ အသီးကို ညက်အောင် ကြိတ်၍ အနာအုံဆေးကဲ့သို့ ချက်၌ အုံ၍ စည်းထားသော် ဆီးချုပ်ရောဂါ ပျောက်၏ ။
 
၃ ။ အသီးကို ဆန်ဆေးရည်နှင့် သွေးလိမ်းသော် နို့ချောင်း ပိတ်ရောဂါပျောက်၏။

ကြံဟင်းပင်


အသုံးပြုပုံ-
အပင်
၁ ။ အညွန့်ကို ကြက်ရိုးနှင့်သော် လည်းကောင်း ၊ တင်ကျီးရိုးနှင့် သော် လည်းကောင်း ဟင်းချိုချက်သောက်ပါက ဆီးအောင့် ဆီးချုပ်ရောဂါနှင့် အခြား ဆီးနှင့် ပတ်သက်သောရောဂါများ ပျောက်၏ ။ အေးအောင်ပြုသော ဆေးဘက်တွင် အကောင်းဆုံးဖြစ်သည်။
 
၂ ။ ကျောက်တည် ရောဂါ အတွက် ယင်းကြိတ်ညှစ်ရည် ကို နွားနို့ သကြားနှင့်ရော၍ သောက်ရ၏။ 

၃ ။ မျက်စိရောဂါနှင့် လေနာ ၊ ရင်ဘတ်နာရောဂါအတွက် လည်း ဆေးအဖြစ် ဖော်စပ်အသုံးပြုနိုင်သည်။
 
အမြစ်
၁ ။ ဝမ်းသက်ဆေးအဖြစ် အမြစ်ခေါက်ကို ကြိတ်၍ နို့နှင့် သောက်ရ၏ ။
 
၂ ။ နူနာ ၊ ဖျဉ်းစွဲနာ ၊ ဒူလာရောဂါများအတွက် ချင်း ၊ ငရုတ်ကောင်း တို့နှင့်ဆေးဖော်စပ်၍ စားသုံးရ၏။

မုရားကြီးပင်



အသုံးပြုပုံ-
အပွင့် အရွက်
၁ ။ အပွင့် နှင့် တကွ အရွက်ကို ကြွေဇွန်း ကြီး တစ်ဇွန်း ခန့် အရည်ညှစ် ၍ သကြားခဲ သို့မဟုတ် ပျားရည် သင့် တော်ရုံ ထည့်သောက် ခြင်းဖြင့် သည်းခြေဖျား နှင့် သွေးအန် ၊ သွေးကျ ရောဂါ ပျောက်၏ ။
  
၂ ။ ကြစုသီး ကို မုရားကြီး ရွက်ညှစ်ရည် နှင့် စိမ်၍ တစ်ခွက် စာ ကြွေဇွန်း ကြီး ၃ ဇွန်း မျှ သောက်က သွေးအန် သွေးကျ ရောဂါ ပျောက်၏။

၃ ။ မုရားကြီး ရွက် ကို သုံးခွက် တစ်ခွက် တင် ကျို၍ ဆေးတစ်ခွက် စာ ကြွေးဇွန်း ကြီး ၃ ဇွန်းမျှ သောက်က ဆီးအောင့် ရောဂါ ပျောက်၏ ။
 
၄ ။ မုရာကြီး ရွက်ကို အရိပ်တွင် ခြောက်စေ၍ ပြာချ ပြီး ပြာကို ညက်အောင် ပြု၍ သိပ်ပေးက သွားနာ သွားကိုက် ၊ သွားဖုံး သွေးယိုခြင်း ၊ သွားနဲ့ခြင်း များ ပျောက်၏။
 
၅ ။ မုရားကြီး ရွက်ကို မျက်စိ ရောဂါ ပျောက်ဆေး အဖြစ် ဖော်စပ် အသုံးပြု ၏ ။
 
၆ ။ အရွက်ကို ကျို၍သောက်က ဝမ်းကိုက် ရောဂါ ပျောက်သည်။
 
၇ ။ မုရားကြီး ရွက် လတ်တစ်ဆုပ် စာ ကို ရေသုံး ခွက် တစ်ခွက် တင် ပြုတ်၍ တစ်နေ့ ၃ ကြိမ် သောက်လျှင် သွေးဝမ်း ၊ သွေးဒူလာ ၊ မီးယပ် သွေးလွန် ရောဂါများ ပျောက်၏။
 
၈ ။ မုရားကြီး ရွက်နုကို ကြိတ်၍ ရသော အရည်အား ဝိုင်အရက် နှင့်သော်လည်းကောင်း ၊ ပျားရည် နှင့် သော်လည်းကောင်း သောက်သော် ကြက်ညှာ ချောင်းဆိုး ရောဂါ ပျောက်၏။
 
အမြစ်
၁ ။ မုရားကြီး အမြစ် သို့မဟုတ် အရွက် ကြိတ်၍ ရသော အရည်တွင် သကြားခဲ နှင့် သိန္ဓော သင့်ရုံ ထည့်၍ တစ်ခွက်စာ ကြွေဇွန်းကြီး တစ်ဇွန်း သောက်က ပန်းနာ ရင်ကျပ် နှင့် ချောင်းဆိုး ရောဂါ ပျောက်၏။
 
၂ ။ မုရားကြီး အနက် အမြစ်ကို ရေအေး နှင့်သွေး၍ ကင်းကိုက်သော နေရာသို့ လိမ်းပေးက ကင်းဆိပ်ပြေ ၏။
 
၃ ။ မုရားကြီး မြစ်ကို ပိုးမွှားသတ်ဆေး အဖြစ်လည်း ဖော်စပ် အသုံးပြု နိုင်၏။

စမုန်ဖြူ



အသုံးပြုပုံ-
အစေ့
၁ ။ စမုန်ဖြူ ၊ ငရုတ်ကောင်း ၊ သိန္ဓောဆားတို့ကို ကြိတ်၍ ရေနွေးပူပူနှင့် သောက်သော် ဝမ်းဗိုက်နာ၊ ဝမ်းကိုက် ၊ ဝမ်းမီးနုံ့ခြင်းတို့ ပျောက်၏ ။
 
၂ ။ စမုန်ဖြူကို မိခင်နို့ရည်နှင့် ရော၍ တိုက်သော် ကလေးများ အော့အန်ခြင်းနှင့် ဝမ်းသွားခြင်းပျောက်ကင်း၏ ။

၃ ။ စမုန်ဖြူကို ရေနှင့် ပျစ်ပျစ်ကြိတ်၍ နေ့တွင် ၂ ကြိမ် ၃ ကြိမ် လိမ်းပေးလျှင် အရေပြားရောဂါ ၊ ယားယံခြင်း ၊ ပူလောင်ခြင်းများ ပျောက်ကင်း၏။
 
၄ ။ စမုန်ဖြူမှုန့် အနည်းငယ်ကို ဒိန်ရည်နှင့် ရောသောက်သော် ဝမ်းတွင်းပိုးများ ကျဆင်းလာသည်။

ဇာတိပ္ဖိုလ်



အသုံးပြုပုံ-
အစေ့ခွံ
၁ ။ ဇာတိပ္ဖိုလ်ကို သွေး၍ ပျားရည်နှင့် စားပါက နှလုံးအားနည်းခြင်းကို ကောင်းစေပြီး ဒူလာ နှင့် အစေ့ဆံ သွေးဝမ်းရောဂါ ပျောက်စေသည်။
 
၂ ။ ရေအေးနှင့်သွေး၍ သောက်ခြင်း ၊ တဖြည်းဖြည်းလျက်ခြင်း ၊ တစ်ကိုယ်လုံး လိမ်းနယ်ပေးခြင်းဖြင့် ကာလဝမ်းရောဂါ ပျောက်၏ ။

၃ ။နားရင်းရောင်ရောဂါဖြစ်စဉ်က ရောင်တင်းသော နေရာကို ရေနှင့် သွေးလိမ်းပေးခြင်းဖြင့် ပျောက်၏ ။
 
၄ ။ ပျို့အန်သော ရောဂါဖြစ်လျှင် ရေအေးနှင့်သွေး၍ လျက်ခြင်းဖြင့် ပျောက်၏ ။
 
၅ ။တာရှည်စွာ အဆက်မပြတ်သွားသော ဝမ်းရောဂါ ၊ ဝမ်းမီးနုံ့ခြင်း ၊ အဖျဉ်ရောင်ခြင်း ၊ ထိုးအောင့်ခြင်းဖြစ်လျှင် ဇာတိပ္ဖိုလ်သီးကို စားခြင်းဖြင့် ပျောက်ကင်း၏ ။
 
၆ ။ ဇာတိပ္ဖိုလ်ကို သုက်ထိန်းဆေး ၊ လိပ်ခေါင်းဆေး ဖော်စပ်ရာတွင် အသုံးပြု၏ ။
 
၇ ။ ဇာတိပ္ဖိုလ်သီးကို သွေး၍ ဝက်ခြံပေါက်သည့်နေရာ၌ လိမ်းပေးက နုလျှင် ပိန်၍ ရင့်လျှင် အမြန်မှည့်ပြီး ပျောက်၏ ။
 
ဇာပွင့်
၁ ။ ဇာပွင့် ကို ရှူဆေး သွေးဆေးများ ဖော်စပ်ရာတွင် ထည့်သွင်း အသုံးပြု၏ ။
 
၂ ။ သွေးဆေး ၊ ဒူလာဆေး ၊ မီးယပ်ဆေး ၊ အားတိုးဆေး စသည့် ဆေးများဖော်စပ်ရာတွင် အရေးကြီးသော ဆေးမယ်အဖြစ် ထည့်သွင်း အသုံးပြုသည်။

ကြက်သွန်နီ


အသုံးပြုပုံ-
၁ ။ကြက်သွန်နီဥကို အစိမ်းစားခြင်းဖြင့် ဆီးချုပ်ရောဂါ ပျောက်ကင်း၍ ဆီးရွှင်စေ၏။
 
၂ ။ ကြက်သွန်နီစေ့ကို ထောင်းစားက အားတိုးစေ၏။

၃ ။ မီးဖုတ်ထားသော ကြက်သွန်နီကို ခွဲ၍ ဆီးအိမ်ပေါ်၌ ပူပူနွေးနွေးကပ်ပေးသော် ကလေးဆီးချုပ်ရောဂါ ပျောက်၏ ။
 
၄ ။ ကြက်သွန်နီရည် အနည်းငယ်ကို တိုက်ကျွေးလျှင် ကလေးများ ဝမ်းဗိုက်နာရောဂါ ပျောက်၏ ။
 
၅ ။ သကြားနှင့် ကြက်သွန်နီ အရည်ညှစ်၍ ရှာလပတ်ရည်လုပ်သောက်သော် ဆီးပူရောဂါ ၊ ဝမ်းရောဂါ ပျောက်၏ ။
 
၆ ။ ကြက်သွန်နီ လတ်လတ်ဆတ်ဆတ် ညှစ်၍ ကြွေဇွန်း ထက်ဝက် သကြားအနည်ငယ် ထည့်ပြီး တစ်နေ့တစ်ကြိမ် သောက်သော် သွေးပါက လိပ်ခေါင်းရောဂါသက်သာ၏ ။
 
၇ ။ ညအခါ မျက်စိမမြင်ရသည့် ကြက်မျက်သင့်သောရောဂါ အတွက် ကြက်သွန်နီအရည်တွင် ဆားအနည်းငယ်ထည့် ၍ မျက်စဉ်း ခတ်ပေးသော် ပျောက်၏။
 
၈ ။ ကြက်သွန်နီမီးဖုတ်အရည် နွေးနွေးကို နားထဲထည့်သော် နားကိုက်ရောဂါ ပျောက်၏ ။
 
၉ ။ ကြက်သွန်နီအရည်ညှစ်၍ နားထဲ တစ်နေ့ သုံးကြိမ်ထည့်သော် နားပြည်ယိုရောဂါ ပျောက်၏။
 
၁၀ ။ ကြက်သွန်နီကို ဓားနှင့် လှီး၍ အစေးထွက်လာလျှင် ထိပ်ဝကို ကွမ်းစားထုံးသုတ်၍ ကင်းမြီးကောက် စသော အဆိပ်ရှိသတ္တဝါ ကိုက်သည့်နေရာ၌ ၎င်းထိပ်ဝဖြင့် ပွတ်ခြင်း၊ အရည်ညှစ်၍ သုတ်လိမ်း ခြင်း ဖြင့် အဆိပ်မတက်နိုင်တော့ချေ။
 
၁၁ ။ ကြက်သွန်နီကို ဒူလာပါဒရက် ၊ မီးယပ်ပိန်ခြောက် ၊ ရင်နာ လေနာ ရောဂါများအတွက် ဖော်စပ်သောဆေးများတွင်လည်း ထည့်သွင်း အသုံးပြုနိုင်၏။

တမာပင်


အသုံးပြုပုံ-
အပွင့်
၁ ။ အပွင့်ကို ရှူရှိုက်လျှင် အမူးအမော် ပြေစေသည်။
 
အစေး 
၁ ။ တမာစေးကို အားဆေး ၊ အစာကြေဆေး ဖော်စပ်ရာတွင် ထည့်သွင်း အသုံးပြုသည်။

အဆီ
၁ ။ အသီးဆီကို ယားယံသော အနာများ ပျောက်ကင်းရန် လည်းကောင်း ၊ သန်ချဆေးအဖြစ် လည်းကောင်း သုံးနိုင်သည်။
 
အခေါက်
၁ ။ တမာခေါက်ကို သွေး၍ ဆားနှင့် သောက်သော် အဖျားပျောက်၏ ။
 
၂ ။ တမာရွက်ပြုတ်၍ ရေချိုးက အယားအယံ ပျောက်၏ ။
 
၃ ။ တမာရွက် ရည်ကို မျက်စိ ၌ ခတ်ပေး ခြင်းဖြင့် မျက်စိ ယားယံခြင်း ၊ ပူခြင်း၊ မျက်ရည် ပူကျခြင်း ပျောက်၏ ။
 
၄ ။ တမာရွက် ကို ကျွမ်းအောင် လှော် အမှုန့် ပြုပြီး ဆားအနည်းငယ် ထည့်၍ နေ့စဉ် သွားတိုက် ပေးသော် သွားကိုက် သွားနာ ရောဂါ ကင်းဝေး၍ သွားများကို ဖြူစင် ခိုင်မာ စေ၏။
 
အသီး
၁ ။ တမာသီးကို နေ့စဉ် စားပေးလျှင် ဆီးရောဂါ ပျောက်ကင်း ၏ ။
 
အခက်အရိုး
၁ ။ တမာ အရိုး တံကို သွားကြား ထိုးတံ အဖြစ် အသုံး ပြုခြင်းဖြင့် သွားရောဂါ ကင်းစင် စေသည်။

တရုတ်စံကားပင်


အသုံးပြုပုံ-
အစေး
၁ ။ တရုတ် စံကား ပင်၏ အခေါက် နှင့် အကိုင်း မှ ထွက်သော နို့နှစ် ရောင် အစေးကို ဝမ်းနုတ် ဆေး အဖြစ် သုံးသည်။
 
၂။ တရုတ် စံကား ပင်မှ ထွက်သော နို့နှစ် ရောင် အစေး သည် ဝမ်းဗိုက် ရောင် ရောဂါ ၊ ဝမ်းဗိုက် ထိုးအောင့် ရောဂါ ကို ပျောက်ကင်း စေ၏ ။

အပွင့်
၁ ။ တရုတ် စံကား ရွက်ကို စားခြင်း ဖြင့် လည်းကောင်း ၊ အပွင့် ကို ပြုတ်တို့ ခြင်းဖြင့် လည်းကောင်း ၊ မန်ကျည်း ရည်နှင့် ပြုတ်၍ သနပ် လက်သုပ် လုပ်စား ခြင်းဖြင့် လည်းကောင်း ဆီးဝမ်းကို ရွှင်စေ၍ သလိပ် လေကို ကြေစေသည်။

မဉ္ဇူပန်းပင်


အသုံးပြုပုံ-
၁ ။ ဥကို ပန်းသေ ၊ ပန်းညှိုးရောဂါ အတွက် ဆေးဖော်စပ် ရာတွင်လည်း ထည့်သွင်း အသုံးပြု ၏ ။
 
၂ ။ မဉ္ဇူပန်းဥ ၊ ချင်းခြောက် ၊ ငရုတ်ကောင်း ၊ ပိတ်ချင်း သီး တို့ကို အမှုန့် ပြု၍ ပျားရည်နှင့် လျက်သော် ညောင်းကျ ရောဂါ ပျောက်၏။

အရွက်
၁ ။ မဉ္ဇူ ရွက်စိမ်း ကြိတ်ရည် ညှစ်ရည်နှင့် လိမ်းပေးသော် အရေ ပြား ပေါ် တွင် ယားဖု ကလေးများ ပေါက်၍ မနေနိုင် အောင် ယားယံခြင်း ပျောက်၏။
 
၂ ။ အရိုးကျိုး ခြင်း ၊ အဆစ်လွှဲ ခြင်း ၊ အကြောထုံး ဖွဲ့ခြင်း များအတွက် အရွက်ကို ရေအေးနှင့် ကြိတ်၍ အုံပေး ခြင်းဖြင့် ပျောက်ကင်း စေနိုင်သည်။
 
ပဉ္စငါးပါး
၁ ။ အပင် ၏ ပဉ္စငါးပါးကို သကြားနှင့် သုံးခွက် တစ်ခွက် တင် ကျို သောက်လျှင် ဆီးပူ ၊ ဆီးကိုက် ၊ ဆီးကျင် ၊ ဆီးပိတ် ၊ ဆီးကျောက် တည်သော ရောဂါ ပျောက်၏ ။

ပေါက်ပန်းဖြူ


အသုံးပြုပုံ-
အပွင့်
၁ ။ ပေါက်ပန်းဖြူ ပွင့်ကို အရည်ညှစ် ၍ မျက်စိ၌ ခတ်ပေးသော် မျက်စိမှုန်ခြင်း ၊ မျက်စိဝေခြင်း ပျောက်၏ ။
 
၂ ။ ပေါက်ပန်းဖြူ မြစ်ကို ရေနှင့်ကြိတ်၍ မီးဖြင့် နွှေးပြီး အဆစ်အဆက် ရောင်သော နေရာများတွင် လိမ်းပေးသော်ပျောက်၏ ။

၃ ။ အပွင့် သို့မဟုတ် အရွက် ကို အရည်ညှစ်ယူ၍ ခေါင်း မကိုက်သော တစ်ဖက်ရှိ နှာခေါင်း မှ ရှူပါက ခေါင်း တစ်ခြမ်း ကိုက်ရောဂါ ပျောက်၏ ။
 
၄ ။ ပေါက်ပန်းဖြူ ပွင့်ကို ပြုတ်၍ စားပါက ကြက်မျက်စိ သင့် ရောဂါ ပျောက်၏ ။
 
အရွက်
၁ ။ အရွက်ကို အရည်ညှစ်၍ ချင်းခြောက် ၊ ပိတ်ချင်း ကြံသကာ တို့နှင့် ဆတူရော၍ ရှူပေးပါက စိတ်ဖောက် ပြန် ပျံ့လွင့်သော ရောဂါ ပျောက်၏ ။
 
၂ ။ တုပ်ကွေးဖျား သို့မဟုတ် အဖျား ရိုးရိုးဖြစ် လျှင် ပေါက်ပန်းဖြူ ရွက်ကို ကြက်သွန်နီနိုင်နိုင် နှင့် ကြော်စားပါက ပျောက်၏ ။
 
၃ ။ ပေါက်ပန်းဖြူ ရွက်ရည်နှင့် ကျီးနီသီး ဆံကို ရောစားပါက ပန်းသေရောဂါ ပျောက်၏ ။
 
၄ ။ ပေါက်ပန်းဖြူ ရွက်နှင့် ငရုတ်ကောင်း ကို နွားကျင်ငယ် ရည်နှင့် ကြိတ်ရှူသော် ဝက်ရူးနာ ပျောက်၏ ။

နလင်ကျော်



အသုံးပြုပုံ-
အသားခေါက်
၁ ။ ကင်း ၊ ပင့်ကူကိုက်ခြင်း ၊ ကိုယ်လက် ကိုက်ခဲခြင်း ၊ အသားကွက်၍ ယားယံခြင်း ၊ ရောင်ခြင်း များအတွက် နလင်ကျော် ကို ဆားနှင့် သွေး၍ လိမ်းလျှင် အခိုးရ ၍ ပျောက်ကင်းသည်။
 
၂ ။ ဖျားနာလျှင် သော်လည်းကောင်း ၊ အညှော်မိလျှင် လည်းကောင်း ၊ အနာဝင်လျှင် လည်းကောင်း ၊ ငန်းမန်း အားကြီးလျှင် လည်းကောင်း နလင်ကျော်ကို သွေး၍ သောက်ခြင်း ၊ လိမ်းခြင်းဖြင့် ပျောက်ကင်းစေ နိုင်သည်။ ဝမ်းချုပ်က ဆားထည့်၍ သောက်နိုင်သည်။

၃ ။ ဝမ်းဖော ၊ ဝမ်းရောင် နှင့် ရေငတ် ဝမ်းကျဖြစ် လျှင် ထမင်း ဆုပ် မီးဖုတ်စိမ် ရည်နှင့် နလင်ကျော် သွေးသောက်က ပျောက်၏ ။
 
၄။ ဆုံဆို့နာ ၊ သွေးလွန်တုပ် ကွေးအဖျား ရောဂါ ၊ ပင်လယ်အူနာ ရောဂါ ၊ အမျိုးသ မီးများတ ကျည်းကိုက်ရော ဂါများအ တွက် ရေနှင့်သွေး သောက်ကပျောက် ၏ ။
 
၅ ။ အသက်၅၀ ကျော်အရွယ် ကိုယ်လက်လေး ခြင်း ၊ နာကျင်ခြင်း ဖြစ်၍ သွားလာရာ တွင် ဒူးဆစ်များ ကျဉ်ခြင်း၊ထိုင် ပါများလျှင် ကျဉ်ခြင်း၊ အမြင့်တက် ရာတွင် မောခြင်း ဖြစ်လျှင် နလင်ကျော် ကို ပရုတ်ဆီ နှင့်သွေး ၍လိမ်းခြင်း ၊ သောက်ခြင်းဖြင့် ပျောက်၏ ။
 
၆ ။ အမျိုး သမီးတို့ ယောနိတွင် တုတ်ကောင်တွယ် ၍ အနာ ဖြစ်ပြီး ပျောက်ခဲ့လျှင် အခေါက်ကို ပြုတ်၍ ဆေးပေး ပါက လျင်မြန်စွာ ပျောက်၏ ။
 
၇ ။ မျက်စိနာ မျက်စိမှုန် ရောဂါ အတွက် နလင်ကျော် သွေးပြီး မျက်လုံးကို ဝိုင်း ၍ လိမ်းပေးရ ၏။
 
၈။ နို့နာဖြစ် က နလင်ကျော် မှုန့်ကို ရော ၍လိမ်းရ ၏ ။ အသည်း အဆုတ်အူ တွင် ဖြစ်သော အ နာများအ တွက်လည်း သောက်သုံးက ပျောက်၏ ။
 
၉ ။ နှာပိတ်၊ နှာပုပ်၊ ထိပ်ကပ်နာ ဖြစ်က နလင်ကျော်မှုန့် ရှူလျှင်ပျောက် ၏ ။ ကလေးချက် ကြိုးနာပေါ် တွင် လည်း အမှုန့်ဖြူး ပေး နိုင်၏ ။
 
၁၀ ။ အမှုန့်ကို ဆန်ဆေးရည် ဖြင့် သောက်သော် ညောင်းကျရောဂါ ၊ဝမ်းတွင်းပုပ် ၊ ဆီးပုပ် ၊ နှလုံးမငြိမ်၊ နှုတ်ခမ်း အာခေါင်ခြောက် ်ရောဂါများ ပျောက် ၏ ။
မှတ်ချက်။ ။ နလင်ကျော် မှုန့်စားသုံး စဉ် အတွင်း ထန်းလျက် မစားရ။ စားလျှင် သေတတ် ၏ ။ (အချိုဟူ သမျှ ရှောင်က ပိုကောင်း ၏ ။)

သင်္ဘောပင်


အသုံးပြုပုံ--
အသီး--
၁။ သင်္ဘောသီး ၌လူကို ကျန်းမာ စေကာ အသက် ရှည်၍ ရောဂါ ကင်းဝေး စေနိုင်သော သတ္တိထူး ရှိ၏။ သင်္ဘောသီး စိမ်းအရည်တွင် သကြားရော၍ တစ်နေ့ ၃ ကြိမ်မျှ သောက်က သရက်ရွက် ကြီးခြင်း ပျောက်၏။
 
၂။ သင်္ဘောသီး အမှည့် စားသော် သရက်ရွက် ကြီးခြင်း၊ အသည်း ကြီးခြင်းနှင့် မြင်းသရိုက် ရောဂါ ပျောက်၏။

၃။ သင်္ဘောသီး ဝမ်းပျဉ်းကို ဟင်းချက် စားခြင်း၊ သနပ် လုပ်စားခြင်းဖြင့် ဆီးဝမ်းကို ရွှင်စေသည်။
 
၄။ သင်္ဘောသီး နုနုကို အခြောက်လှန်း အမှုန့်ပြုပြီး အနည်းငယ်မျှ စားသော် အဆက်မပြတ် သွားသော ဝမ်းပျက် ရောဂါ ပျောက်၏။
 
၅။ သင်္ဘောသီး စိမ်းကို လှီးဖြတ်၍ ထွက်လာသော အရည်ကို ကင်းကိုက်သော ဒဏ်ရာသို့ လိမ်းပေးသော် အဆိပ် ပြေ၏။
 
၆။ သင်္ဘောသီး နုနုကို ဆားနှင့် တို့စားက ဆုံဆို့နာ ပျောက်၏။
 
အစေ့--
၁။ သင်္ဘောသီး အစေ့ အရေအတွက်ကို အရွယ်နှင့် ချင့်၍ စားသော် ဝမ်းတွင်းရှိ သန်များ ကျ၏။
 
အစေး--
၁။ သင်္ဘောသီး စိမ်းမှ ထွက်သော အစေးဖြင့် ယားနာ၊ ပွေးနာနှင့် အရေပြား ရောဂါများ ကို လိမ်းပေးက ပျောက်၏။
 
၂။ အနာ အဖုများနှင့် လူပျိုနာ ကြောင့်ဖြစ်သော အနာများကို သင်္ဘောသီးစေး လိမ်းပေးက ပျောက်၏။
 
၃။ လူလတ် အရွယ်များ အစေး အနည်းငယ်မျှကို နွားနို့၊ သကြားခဲ ရရာနှင့် စားသော် အစာ မကြေ ရောဂါ ပျောက်၏။
 
၄။ အစေးကို ထန်းလျက်နှင့် နယ်စားသော် သန်ကျ၏။
 
၅။ အစေးကို ခန္ဓာကိုယ် အရပ်ရပ်ရှိ အရိုး အခြင် ကြွက်သား စသည့် အစိတ် အပိုင်းများကို ပြုပြင် ရန်နှင့် အစာအိမ် အူသိမ် တို့၏ အတွင်းဆုံး အသားမျှင်များ ပျက်စီး ချွတ်ယွင်းသည့် အနာ အဆာကြောင့် ဖြစ်သော ဗိုက်နာ၊ အူနာ စသော ရောဂါများ ပျောက်ကင်း စေရန် အကောင်းဆုံး ဆေးအဖြစ် သုံးနိုင်သည်။
 
အရွက်--
၁။ သင်္ဘောရွက် ကြိတ်ညှစ်ရည်တွင် ဘိန်းအနည်းငယ် ရောလိမ်းသော် အကြောတက်ခြင်း ပျောက်၏။
 
၂။ သကျည်း ကိုက်သော် သင်္ဘောရွက်ကို ရေနွေးဖြော၍ သို့မဟုတ် မီးကင်၍ ကပ်ပေးသော် ပျောက်၏။
 
၃။အရွက်ကို မီးအုံ၍ တို့စားခြင်း၊ လက်ဖက်ထဲ ထည့်စားခြင်း ဖြင့် နားအူ လေထွက် ရောဂါ ပျောက်၏။

ကစော့ခါး


အသုံးပြုပုံ-
ပဉ္စငါးပါး
၁။ ပဉ္စငါးပါးရည်ကို ညှစ်သောက်ခြင်း ၊ကြိတ်ဖတ်ဖြင့် အုံပေးခြင်းဖြင့် မြွေဆိပ် ၊ ကင်းဆိပ်ပြေပျောက်စေ၏။
 
၂။ သွားကိုက် ၊ နာကျင်ခြင်းနှင့် သွားပိုး ထသောအခါ အမြစ်ကို သွေး၍ သွား၌ သိပ်ပေးခြင်းဖြင့် ၊ အမြစ်မှုန့် ကိုမှိုင်းတိုက်၍ အခိုးရှူပေးခြင်းဖြင့် သွားနှင့်ပတ်သက်သောရောဂါများ ပျောက်၏။

၃။ အမြစ်ကို ဆန်ဆေးရည်နှင့် သွေ၍ သောက်ပါက နှာခေါင်းသွေးလျှံခြင်း ပျောက်၏။
 
၄။ နား၌ ပိုးကောင်ဝင်လျှင် ကစော့ခါးသီးကို မီးရှို့ပြီး အခိုးခံပါက ပိုးထွက်၏။
 
၅။ ကစော့ခါး မြစ်ကိုအမှုန့််ပြုပြီး ကွမ်းရွက်ပြုတ်ရည်နှင့် သောက်ခြင်းဖြင့် အညှော်ခံ ငန်းဆေးကြီးအဖြစ် အသုံးပြု၏။
 
၆။ ပဉ္စငါးပါး နုပ်နုပ်စဉ်း၍ ရေထက်ဝက် ခန်းအောင် ကျိုပြီး ပိတ်သန့်သန့်ဖြင့် စစ်၍ အေးလျှင် ပျားရည်တစ်ဆယ်သားခန့် ထည့်ပါ။ လက်ဖက်ရည်ပန်းကန်ဖြင့် ထက်ဝက်ခန့် တစ်နေ့ နှစ်ကြိမ် သောက်ပါက မီးယပ်ဖြူဆင်းသည့်ရောဂါ ပျောက်၏။