Saturday, January 5, 2013

အဖျားရောဂါ

  • ၁။ ကွမ်းရွက်ကို နနွင်း နှင့် ကျိုပြီး ဆားအနည်းငယ် ခတ်သောက် က ဖျားနာရောဂါ ပျောက်၏ ။
  • ၂ ။ ကင်းပုံရွက်နှင့် နံနံစေ့ ဆတူကို ပြုတ်၍ အဖျားကျဆေး ၊ ဝမ်းပျော့ဆေးအဖြစ် အသုံးပြုသည်။
  • ၃။ ဖျားနေရင်ဖရဲသီး ကိုဒီအတိုင်းသော်လည်းကောင်း၊ အရည်သော်လည်းကောင်း၊သောက်သုံးပေးပါ။
  • ၄။ ကွမ်းရွက်ကို ထန်းလျက် ၊ ချင်း ၊ ဆားထည့်ပြုတ်သောက်သော် အပူလွန်၍ ဖျားသော ရောဂါပျောက်၏
  • ၅။ တမာခေါက်ကို သွေး၍ ဆားနှင့် သောက်သော် အဖျားပျောက်၏ ။
  • ၆ ။ အလွန် ပြင်းထန် စွာ ဖျားနာ လျက် ဝမ်းသွားသော အခါ ထားဝယ်မှိုင်း အစေ့ကို ကြိတ်၍ စားခြင်း ဖြင့် ပျောက်ကင်း စေ၏ ။
  • ၇။ ဒန္တသုခ အမြစ်ကို ဆန်ဆေးရည် နှင့် သွေး၍ ဆားထည့် သောက်က အနာဝင် ဖျားခြင်း ပျောက်၏။
  • ၈။ ဖျား၍ အပူရှိန် အားကြီးလျှင် နံ့သာဖြူ ကို သွေး၍ ဦးခေါင်းခွံ ၌ လိမ်းပေးခြင်း ဖြင့် အပူအခိုး များ ထွက်၍ ရောဂါ ပျောက်ကင်းစေသည်။
  • ၉ ။ ဖျားနာလျှင် သော်လည်းကောင်း ၊ အညှော်မိလျှင် လည်းကောင်း ၊ အနာဝင်လျှင် လည်းကောင်း ၊ ငန်းမန်း အားကြီးလျှင် လည်းကောင်း နလင်ကျော်ကို သွေး၍ သောက်ခြင်း ၊လိမ်းခြင်းဖြင့် ပျောက်ကင်းစေ နိုင်သည်။
  • မှတ်ချက်။ ။ နလင်ကျော် မှုန့်စားသုံး စဉ် အတွင်း ထန်းလျက် မစားရ။ စားလျှင် သေတတ် ၏ ။ (အချိုဟူ သမျှ ရှောင်က ပိုကောင်း ၏ ။)
  • ၁၀။ အအေး ဖျား ဖျားသော် ပရုတ်အေး အရွက် ကို ချင်းခြောက်နှင့် ပြုတ်သောက် ရ၏။
  • ၁၁။ အဖျားနာတာရှည်လျှင်နံနက်စောစောပင်စိမ်းရွက်သတ္ထုရည်ကြွေဇွန်း တဇွန်းကျ သောက်ပေးပါ၊အဖျားကျသွားပါမည်။
  • ၁၂။ ကပ်စေးနဲ(နွားမြီးကပ်)အမြစ်အလေးချိန်တစ်ဆ ရေဆယ်ဆထည့်၍ ထက်ဝက်ခန်း ကျိုပြီး အဖျားပြင်းထန်သူများအား တစ်နေ့ ၂ -၃ ကြိမ် တိုက်သော် အဖျားသက်သာပျောက်ကင်း၏ ။
  • ၁၃။ ချင်းစိမ်း ၊ ထန်းလျက် နှင့် ကွမ်းရွက်တို့ကို ပြုတ်သောက်သော် တုပ်ကွေးဖျား ပျောက်၏ ။ အစာကြေစေ၏ ။ သားဖွား မိခင်များအတွက် သွေးသားစင်ကြယ်စေသည်။
  • ၁၄။ အဖျားကြီး ၊ အပူကြီး သော် စမုန်စပါးကို ညဦးက စိမ်၍ နံနက် တိုက်ပေးခြင်းဖြင့် အပူရှိန် လျော့၍ အဖျားကျသွားမည်။
  • ၁၅။ ပင့်ကူထိပ်ပိတ် အပင် ပြုတ်ရည်၌ လေးညှင်း ၁ ပွင့် ၂ ပွင့် ထည့်သောက် သော် အဖျား ပျောက်၏။
  • ၁၆။ အဖျား ရောဂါ များ အတွက် အဖျားကို နိုင်စေ သော ငန်းဆေးနှင့် ပတဲကောကြီး ပြုတ်ရည် တိုက်ပါက လျင်မြန်စွာ ပျောက်ကင်း၏။
  • ၁၇။ ဗုဒ္ဓသရဏပင်အမြစ် ပြုတ်ကျို၍ လက်ဖက်ရည် အကြမ်း ပန်းကန် တစ်ဝက်ခန့် တွင် ဆားပုပ်မှုန့် အနည်းငယ် ခတ်၍ သောက်က အဖျား ရောဂါ ပျောက်ကင်းသည့် အပြင် လည်ချောင်းနာ၊ လည်ချောင်းပူ၊ ချွဲသလိပ် ကပ် ရောဂါ များ ပျောက်၏။
  • ၁၈။ ရင်းပြားနီအမြစ်ကို ထုထောင်း၍ ရေနှင့် ကျိုချက် သောက်သော် အဖျား နှင့် နှာစေးခြင်း ပျောက်၏။
  • ၁၉။ လက်ထုတ်ကြီး အမြစ်ခေါက်ကို အမှုန့်ပြု၍ ရေနှင့် မွှေပြီး အဝတ်နှင့် စစ်၍ သောက်သော် အဖျား ပျောက်၏။
  • ၂၀။ လင်းလေ အမြစ်ကို ကျိုသောက်ပါက အဖျားရောဂါ၊ ချောင်းဆိုး ရောဂါ နှင့် အဆိပ် ဖြစ်ခြင်း များ ပျောက်၏။
  • ၂၁။ လိပ်ဆူးရွှေအရွက်ရည် ကို လူကြီးများ သောက်လျှင် ချွေးကောင်းစွာ ထွက်၍ အဖျားနှင့် တကွ ချောင်းဆိုး အအေးမိခြင်းပါ ပျောက်ကင်း၏။
  • ၂၂။ သံပရာ ခေါက်ကို ရေနှင့် ထက်ဝက်ခန်း ကျို၍ ညနံနက်တစ်ကြိမ် ကျ သောက်ကအဖျားပျောက် ၏ ။
  • ၂၃။ သံပုရာခေါက် ၅ ကျပ်သား၊ ရေ ၇၅ ကျပ်သားနှင့် ထက်ဝက်ခန့် ကျို၍ တခွက်စာ (၂ ကျပ်သားခန့်မျှ) တနေ့ ၂ ကြိမ် သောက်ပေးပါက မပြတ်နိုင်သော အဖျားရောဂါများ ပြတ်သွားနိုင်သည်။
  • ၂၄။ ဖျားနာခြင်း နှင့် ကလေးများ အညှော် မိ၍ ငန်းမန်း လိုက်ခြင်း များ အတွက် သနပ်ပစ္စည်းအရွက်ကို ကြိတ်၍ နှမ်းဆီ နှင့် ရောပြီး ငယ်ထိပ်ပေါ် တွင် လိမ်းပေးခြင်း ၊ အုပ်ပေးခြင်း ပြုရ၏ ။
  • ၂၅။ နာတာရှည် အဖျား ၊ ရက်ခြား ဖျား ရောဂါများအတွက် အကြောတစ်ထောင်ပင် အရွက် နှင့်အမြစ်ကို ပြုတ်သောက်သော် အဖျားပျောက်၏။
  • ၂၆။ ဥသျှစ်ရွက် ညှစ်ရည်ကို နံနက် ည သောက်ပေးပါက ဖျားခြင်း၊ မျက်ရည်ပူ ယိုခြင်း၊ ချောင်းဆိုး ခြင်းများ ပျောက်၏။
  • ၂၇။ ရေသကျည်း ရွက်ကြိတ်ညှစ်ရည် ကို မျက်စိ၌ ခတ်ပေးသော် အဖျားပျောက်၏။
  • ၂၈။ လေးညှင်းပွင့် ကို ဆေးခါးကြီး နှင့် ရောကြိတ်ပြီး ရေနွေး ပူပူနှင့် သောက်သော် အဖျားရောဂါ နှင့် အားအင် ကုန်ခန်းခြင်း များကို ပျောက်ကင်းစေ၏။
  • ၂၉။ ကလေးများ အညှော်မိခြင်း ၊ အဖျားကြီးခြင်း အတွက် ကြောင်ပန်းမြစ်ကို သွေး၍ တိုက်ကျွေးခြင်း ၊ နှာရှူစေခြင်းဖြင့် ပျောက်ကင်းစေနိုင်၏ ။
  • ၃၀။ နွယ်သာကီ အမြစ်ကိုသွေးပြီး ဖျားသော သူကို နားတွင် လိမ်းပေးပါက အဖျား ပျောက်ကင်း၏။

No comments: