- ငှက်ပျောသီးမှည့်တစ်လုံးကိုယူပြီး ချေပေးပါ။ ပြီးရင်တော့ လတ်လတ်ဆတ်ဆတ် သံပုရာရည် တစ်စက်နှစ်စက်နဲ့ ချေထားတဲ့ ငှက်ပျောသီးတို့ကို ရောစပ်ပေးပါ။ ပြီးရင်တော့ မျက်နှာနဲ့ လက်ကို လိမ်းပေးရမှာ ဖြစ်ပါတယ်။ အသားအရေကို ချောမွေ့ သန့်ရှင်း စေပါတယ်။
- နောက်တစ်နည်းကတော့ ပျားရည်တစ်ဇွန်း (လက်ဖက်ရည်ဇွန်း) ကို ဟင်းသီးဟင်းရွက် ဆီနဲ့ရောပေးပါ။ ပြီးရင် သံပုရာရည်တစ်စက် လောက်နဲ့ ထပ်ရောပြီး လက်တွေ၊တံတောင်ဆစ်တွေ၊ ခြေဖနောင့်တွေနဲ့ ကြမ်းထော်နေတဲ့နေရာတွေကို လိမ်းပေးပါ။ လိမ်းပြီးရင် ဆယ်မိ နစ်လောက် စောင့်ပေးပါ။ သံပုရာသီးဟာ အရေပြားအလှအပအတွက်အကောင်းဆုံးပေးစွမ်းစေနိုင်တဲ့ သစ်သီးပဲ ဖြစ်ပါတယ်။ အထူးသ ဖြင့် ဝက်ခြံနဲ့ ယားနာတွေ ကို ပျောက်ကင်းစေတဲ့သတ္တိရှိပါတယ်။ မှဲ့ခြောက်တွေကိုလည်း ပျောက်ကင်းစေပါတယ်။ သံပုရာရည်နဲ့သာ လိမ်းပေးရမှာ ဖြစ်ပါတယ်။
Tuesday, January 22, 2013
အသားအရေခြောက်သွေ့နေလျှင်
ဦးရေပြားတွင် ဗောက်၊ ဒက် ရှိနေလျှင်
- ၁။ ကြက်ဥအကာရည်နှင့် သံပရာရည် (သံပုရာသီးတစ်လုံးစာ) တို့ရောပြီး ဆံနွယ်အမြစ်ကနေ လိမ်းပေးပါ။ တစ်နာရီခန့်ကြာမှ ရေနဲ့ ပြန်ပြီးဆေးကြောပေးပါ။တစ်လလောက် လုပ်ပေးရုံနဲ့တင် ဦးရေပြားသန့်ရှင်းပြီး ဗောက်၊ ဒက်တို့ ကင်းစင်သွားပါလိမ့်မယ်။
- ၂။ ရွှေနွယ်ပင် ဖြင့် ခေါင်း လျှော် လျှင် ခေါင်းအေး ၍ ဦးနှောက် ကြည်လင် စေပြီး ဗောက်နှင့် သန်းများကို ပျောက်စေသည်။
- ၃။ လောက်သေရွက် ၊ စံကားစိမ်း ပွင့်ခြောက် တို့ကို နှမ်းဆီ စစ်စစ်နှင့် စိမ်ပြီး ခေါင်းလိမ်းဆီ အဖြစ် သုံးပါက ခေါင်းကိုက် ၊ ခေါင်းပူ ၊ ဗောက်ထခြင်း ၊ ယားခြင်း ၊ သန်းပေါခြင်း များ ပျောက်၍ ဦးနှောက် ကို ကြည်လင် စေသည်။
Saturday, January 19, 2013
၀က်ရူးနာ
Friday, January 18, 2013
ဝမ်းဖော ဝမ်းရောင်
ဆုံဆို့နာ
ညအိပ်မပျော်လျှင်
အစာအဆိပ်သင့်ခြင်း
![]() |
| မရှော့ |
၁။ မူးယစ်စေ တတ်သော အစားအစာ ကို သော် လည်းကောင်း ၊ အစား မှား လျှင် သော် လည်းကောင်း မရှော့ အရွက်ကို စားသုံး လျှင် ချက်ချင်း အဆိပ်ပြေ စေသည်။
![]() |
| သံပုရာ |
၂။ သံပုရာရည်ကို သကြားအနည်းငယ်ထည့်ကာ များများ သောက်ပေးပါက အစာအဆိပ်သင့်ခြင်း၊ အရက်မှ ဖြစ်သော အဆိပ်၊ ဘိန်းမူးလွန်နာ စသည်များကို ပျောက်ကင်းစေသည်။
![]() |
| နွားမြေရင်း |
၃။ နွားမြေရင်း ခေါင်းကို သွေး၍ ဆားအနည်း ငယ်ထည့်သောက် ပါက အဆိပ်ရောဂါ၊ အစားမှား ဆေးမှား ရောဂါ တို့ကို ပျောက်စေ၏။
ကြက်ညှာ ချောင်းဆိုး ရောဂါ
လည်ပင်းကြီး ရောဂါ
![]() |
| ဖရဲသီး |
၁။ လည်ပင်းကြီး ရောဂါ အတွက် မုန်ညင်းဆီ တစ်ဆ ၊ နှမ်းဆီ တစ်ဆကို စပါးကြီး သည်းခြေ နှင့် ဖျော်၍ လည်ပင်း တွင် စုတ်နှင့် ထိုးပြီး ပဉ္စကာနီသီး သို့မဟုတ် ဖရဲသီး ကို အခြောက်လှန်း သွေးလိမ်းက ပျောက်၏။
![]() |
| ကြောင်လျှာ |
မက္ခရု ပေါက်လျှင်
![]() |
| ဟင်းနုနယ် |
၁။ သံဓာတ်ပမာဏ လျော့နည်းတာက နာတာရှည်မက္ခရုဖြစ်စေတဲ့ အခြေခံ အကြောင်းရင်းတစ်ခုပါ။ ရောဂါပိုးကို တွန်းလှန်ပေးတဲ့ သွေးဖြူဥတွေက သံဓာတ်လို အပ်ပါတယ်။ ဒါမှသာ မှိုပိုးတွေကို ဖျက်ဆီးပစ်မယ့် ဓာတ်တွေကို ထုတ်ပေးနိုင်မှာ ဖြစ်လို့ပါ။ သံဓာတ်အဆင့်က သွေးအားနည်းရောဂါ ဖြစ်လောက်အောင် လျော့နည်းလွန်းနေရင် အသားနဲ့ အရွက်ကို များများစားပေးဖို့ လိုအပ်နေပါပြီ။ သံဓာတ်ပါဝင်မှု အများဆုံးအစာက အနီရောင်အသားပါ။ ဒါ့အပြင် ဟင်းနုနယ်လို အစိမ်းရောင် ဟင်းရွက်တွေမှာလည်း သံဓာတ်များများ ပါဝင် ပါတယ်။ ဒီအစာတွေကို လိမ္မော်ရည်လို ဗီတာမင် စီများတဲ့ အရည်နဲ့ တွဲဖက်စားသောက်ပေးရင် ခန္ဓာကိုယ်က သံဓာတ်ကို ကောင်းကောင်း စုပ်ယူနိုင်ပါလိမ့်မယ်။
၂ ။ ကလေးများ မက္ခရုနာ ပေါက်လျှင် မုန်ညင်းဆီ ဖြင့် သုံးခါမျှ လိမ်းပေးရုံနှင့် မက္ခရု များ ကြွေကျ ပျောက်ကင်း၏။
နှင်းခူ ရောဂါ
- ၁။ နှင်းခူပေါက်နေသူတွေရဲ့ အရေပြား အပေါ်ယံ အဆီလွှာက ကွာကျ တတ်ပါတယ်။ ဂျုံမှုန့်အကြမ်းမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပြည့်ဝဆီနဲ့ ဗီတာမင်အီးတို့ ပါဝင်တာကြောင့် ဆုံးရှုံးသွားတဲ့ အဆီတွေကို ပြန် လည်ဖြည့်တင်းပေးကာ အစိုဓာတ်ထိန်း ပေးပါတယ်။ ဂျုံမှုန့်အကြမ်းမှာ ဗီတာမင် ဘီနဲ့ ကြေးနီ၊ ဇင့်၊ သံဓာတ်စတဲ့ သတ္တုဓာတ်တွေ ပါဝင် တာကြောင့် အရေပြား ကို ကျန်းမာစေပါတယ်။လက်တစ်ဆုပ်စာ ဂျုံမှုန့်ကို ညက်အောင် ကြိတ်ချေပြီး စေးပျစ်အောင် အရည်ဖျော်ကာ ပိတ်စပါးပါးထဲ ထည့်ပြီး ရေဘုံပိုင်အောက်မှာ ထားကာ ရေစီးကျ ပါစေ။ ဒီပိတ်စအိတ်ကို ရေမြှုပ်တစ်ခုလို အသုံးပြုကာ ရေချိုးတဲ့အခါ အရေပြားကို ပွတ်တိုက်ပေးပါ။
![]() |
| သင်္ဘောမဲဇလီ |
၂။ သင်္ဘောမဲဇလီအရွက်ကို သံပရာရည်နှင့် ကြိတ်၍ လိမ်းခြင်း၊ ယင်းပြုတ်ရည် နှင့် ဖန်ရည် ဆေးပေးခြင်း ဖြင့် နှင်းခူကြီးနာ ပျောက်၏။
Thursday, January 17, 2013
အရိုးကျိုး ခြင်း ၊ အဆစ်လွှဲ ခြင်း
ချွေးထွက် လွန်ခြင်း ၊ ချွေးနံ့ မကောင်းခြင်း
လေချဉ် တက်ခြင်း အန်ခြင်း
သွေးလုံး လေလုံး
![]() |
| မန်ကျည်း |
၁ ။ မန်ကျည်းပင် ပဉ္စငါးပါးကို ပြာ ချဆား ချက်ပြီး ညနံနက် အနည်းငယ်မျှစီ သောက်ပေးပါကသွေးလုံး လေလုံး ပျောက်၏။
![]() |
| ရှားစောင်း လက်ပပ် |
၂။ ရှားစောင်း လက်ပပ်သည် လိမ်းဆေး အဖြစ်နှင့် လည်းကောင်း အလွန် စွမ်းရည် ရှိသော ဆေးပင် ဖြစ်၍ ၎င်း ၏ အတွင်း သားကို ဝမ်းဗိုက် ကပ်၍ အုံပေး ပါက သွေးလုံး လေလုံး များကို ပြင်ပသို့ ထုတ်ဆောင် နိုင်၏ ။
ဆင်ခြေထောက်ရောဂါ
Subscribe to:
Comments (Atom)
.jpg)
















-%E1%80%81.jpg)






