Saturday, January 19, 2013

၀က်ရူးနာ

လင်းနေ

၁။ ဝက်ရူးနာ နှင့် စိတ်နောက် ရောဂါ အတွက် လင်းနေမှုန့် ကို ပျားရည်နှင့် ရော၍ လျက်ပေးရ၏။   



သပြု

၂။ သပြု အသီးကို အရည်ညှစ် ၍ သောက်သုံး ခြင်း ဖြင့် ဝက်ရူး ရောဂါ၊ ခွေးရူး ရောဂါ များ ပျောက်၏။  




ပေါက်ပန်းဖြူ

၃။ ပေါက်ပန်းဖြူ ရွက်နှင့် ငရုတ်ကောင်း ကို နွားကျင်ငယ် ရည်နှင့် ကြိတ်ရှူသော် ဝက်ရူးနာ ပျောက်၏ 




ကြောင်ပန်း

၄။ ရှောက်ရည် ၊ ကြောင်ပန်းရွက် ညှစ်ရည် အမျှရော ၍ ရှူပေးက ဝက်ရူးနာ ပျောက်၏။  





သလဲသီး


၅။ သလဲသီး အချဉ် အရည်နှင့် လေးညှင်း ရောသောက်သော် ဝက်ရူးနာ ထ၍ အန်ခြင်းနှင့် ရိုးရိုး အန်သော ရောဂါ များ ပျောက်၏။  




သြဇာ

၆။ သြဇာစေ့ အတွင်းဆံ ကို ကြိတ်၍ မီးရှို့ အခိုး မှိုင်း တိုက်ပါက ဝက်ရူးနာ ပျောက်ကင်း သည်။

No comments: