Saturday, December 29, 2012

ရှားစောင်းလက်ပက် နှင့် လူ့ကျန်းမာရေး

ရှားစောင်းလက်ပက်ဟာ အရေအပြား ကျန်းမာရေးအတွက် အကောင်းဆုံး သဘာဝဆေးတစ်မျိုး ဖြစ်ပါ တယ်။
သူ့ရဲ့အဓိက လုပ်ဆောင်ချက်ကတော့ အရေအပြားမှာ ရှိတဲ့ ဆဲလ်တွေ ကို အောက်စီဂျင် ဓာတ် ပေးစွမ်းခြင်း ဖြစ်ပါတယ်။ ယင်းသို့ ပေးစွမ်း ခြင်းဖြင့် တစ်ရှုးများကို အလိုလို ပြုပြင် သန်မာစေပါတယ်။ ဒီတော့ အရေအပြား အတွက် သူ့ရဲ့ကောင်းကျိုးများက အောက်ပါ အတိုင်း ဖြစ် ပါတယ်။
မီးလောင်နာ၊ အရည်ကြည်ဖု၊ နေလောင်ဒဏ်ကြောင့် ပျက်ဆီးသော အရည်အပြား၊ ထိခိုက်ရှနာမှ ကျန်ရှိသော အမာရွတ်၊ အပူလောင်၊ ယားနာ၊ ဓာတ်မတည့်၍ ထသော အနီဖု၊ စပ်ဖျင်းဖျင်း အနာ၊ နှင်းခူ နှင့် အခြား အရေအပြားရောဂါတွေကို ရှားစောင်းလက်ပက် အသား (အနှစ်) လိမ်းပေးခြင်းဖြင့် ပျောက်ကင်းစေပါတယ်။
မျက်နှာကို လိမ်းပေးခြင်း၊ ကပ်ပေးခြင်းကလည်း မျက်နှာ အသား အရေ ပြုပြင်ခြင်း တစ်မျိုးပဲ ဖြစ်ပါတယ်။ ဝက်ခြံ၊ တင်းတိမ့် များ ပျောက် ကင်းပြီး အသားအရေ နူးညံ့ချောမွေ့ စေပါတယ်။ ဒါကြောင့် အလှကုန် ပစ္စည်းအချို့နဲ့ ကိုယ့်သန့်စင်ဆေးရေ၊ ဆပ်ပြာတို့မှာ ရှားစောင်း လက်ပက် များ ထည့်သုံးခြင်း ဖြစ်ပါတယ်။
ယင်းကတော့ ပြင်က အသားအရေကို ကောင်းကျိုးပြုခြင်းမျှသာ ဖြစ်ပါတယ်။ အမှန်တော့ ရှားစောင်းလက်ပက်က ကိုယ်တွင်း ကျန်းမာရေးအတွက်လည်း အကျိုးထူးတဲ့ ဆေးဝါးတစ်မျိုးဖြစ်ပါတယ်။ နှလုံး၊ အဆုပ်၊ အသည်း နှင့် သက်ဆိုင်သော ရောဂါတော်တော်များများကို ပျောက်ကင်းစေပါတယ်။ အရက်နာ ကျသူများလည်း ရှားစောင်းလက်ပက် အစိမ်းလိုက် စားသုံးခြင်းဖြင့် အသည်း ကျန်းမာရေးကို ပြန်လည် ကောင်းမွန်စေတယ်လို့ သိရပါတယ်။
ကင်ဆာရောဂါအတွက် ဆေးဝါးတစ်မျိုးလည်း ဖြစ်တဲ့အတွက် ဆေးတွေမှာ လည်း ရှားစောင်းကို အသုံးပြုပါတယ်။ အဓိကကတော့ ကိုယ်တွင်းမှာ အပူ ကြောင့် ဖြစ်တဲ့ ရောဂါမှန်သမျှကို ကုသပေးခြင်း ဖြစ်ပါတယ်။ သွားကျန်းမာရေးအတွက်လည်း ကောင်းမွန်တဲ့အတွက် သွား တိုက်ဆေး တွေမှာလည်း တွေ့ရတတ်ပါသေးတယ်။
သူ အကျိုးမပြုတဲ့ နေရာက မရှိသလောက်ကို လူသားကျန်းမာရေးအတွက် တကယ်ကို အကျိုးပြုပါတယ်။ ဒါကြောင့်လည်း ရှားစောင်းလက်ပက် အချိုရေ၊ ယို၊ ဆေး၊ ကိုယ်သန့်စင် ဆေး၊ ဆပ်ပြာ အစရှိသဖြင့် ပေါ်ပေါက် လာရခြင်း ဖြစ်ပါတယ်။

ဆံပင်အတွက် ကြက်သွန်နီ


ကြက်သွန်နီကို ဆံပင်အရှည်မြန်ရန် နှင့် နက်မောင် သန်စွမ်းစေရန် အသုံးပြုနိုင်သည်။
ကြက်သွန်နီကို အပိုင်းပိုင်းလှီးပြီး ခေါင်းလျှော်ရေထဲကို စိမ်ထားရမည်။ ၁၅ ရက်ကြာပါက ယင်းခေါင်းလျှော်ရည်ဖြင့် ခေါင်းလျှော်နိုင်မည် ဖြစ်သည်။ အနောက်တိုင်းတွင် ဆံပင်အရှည်မြန်ရန်နှင့် နက်မောင် သန်စွမ်းရန် ယင်း သဘာဝ နည်းလမ်းကို အသုံးပြုသူများ ရှိကြောင်း သိရသည်။

စပျစ်သီး၏ ကျန်းမာရေးအကျိုးပြုပုံ

စပျက်သီး က ပန်းနာ၊ နှလုံးရောဂါ၊ ခေါင်းတစ်ခြမ်းကိုက်၊ အစာမကြေ၊ ပင်ပန်း၊ ကျောက်ကပ်နာ၊ ကင်ဆာ၊ အမြင်အာရုံဆုံးရှုံးခြင်း၊ မျက်စိမှုန်ခြင်း၊ ဝမ်းနှင့် ပက်သက်သော ရောဂါ တို့ကို ပျောက်ကင်းစေပါတယ်။
ပြီးတော့ စပျစ်သီးဟာ သဘာဝဖြေဆေး တစ်မျိုးလည်း ဖြစ်တယ် လို့ ဆေး ပညာ ရှင်များက ဆိုထားပါတယ်။

Friday, December 28, 2012

ကြို့ထိုးခြင်းနှင့် သိပ္ပံနည်းကျကုထုံး

နှာစေးချောင်းဆိုးရောဂါကဲ့သို့ လူတိုင်းလိုလို ဖြစ်ပွားတတ်သော ရောဂါတစ်မျိုးရှိသည်။ သာမန်အား ဖြင့် ခဏတစ်ဖြုတ်နှင့် ပျောက်သွား တတ်သောကြောင့် ရောဂါဟုပင် သတ်မှတ်လေ့မရှိကြပါ။ သို့သော် ရက်ရှည်လများ ခံစားနေရသော သူများအတွက်တော့မူ ခံရခက်သော ရောဂါဝေဒနာတစ်မျိုး ဖြစ်တော့၏။ ကြို့ထိုးခြင်းဆိုသည်မှာ ဝမ်းဗိုက် အတွင်းရှိ ဒိုင်ယာဖရမ်ခေါ်ကြွက်သား လှုပ်ရှားရာမှ ဖြစ်ပေါ်လာခြင်း ဖြစ် သည်ဟု အကြမ်းဖျင်းကြားဖူးထားပါ သည်။
ယင်းဒိုင်ယာဖရမ်ကြွက်သား သည် ပုံမှန်အားဖြင့် လှုပ်ရှားလေ့ မရှိဘဲ အကြောင်းတစ်ခုခု တိုက်ဆိုင် လာသောအခါ လှုပ်ရှားလာသဖြင့် ကြို့ထိုးခြင်းဟူသော ဝေဒနာ ဖြစ်ပေါ် လာရခြင်း ဖြစ်သည်။ ကြို့ထိုးခြင်းနှင့် ပတ်သက်၍ ဆေးနည်းတိုပေါင်းမြောက်မြားစွာ တင်ပြရေး သားကြ သည်။ ကြို့ထိုးလျှင် ရေသောက်ရမည်ကို လူတိုင်းသိကြ သည်၊ ကြို့ထိုးသူတိုင်းအားလည်း ရေသောက်ခိုင်းကြသည်။
ရေသောက် ပြီး ပျောက်သွားတာလည်း ရှိပါသည်။ မပျောက်မချင်း ရေသောက်ကြသဖြင့် ဝမ်းဗိုက်ကယ်သွားပြီး ထမင်းစားပျက် ရ၏။ နောက်ဆုံးဖတ်လိုက်ရသော မဂ္ဂဇင်းတစ်အုပ် တွင်သောက်ရေဖန်ခွက် အတွင်း ရေထည့်၊ ကြေးပြားတစ်ခု ထည့်ပြီးသောက်ရန် နည်း တစ်ခု ပေး ထားပါသည်။ ကျွန်တော်တင်ပြချင်သည်မှာ လည်း ရေသောက်နည်းပင် ဖြစ်ပါ သည်။ ဤနည်းမှာ နက္ခတ္တ ရောင်ခြည်မဂ္ဂဇင်းထဲမှ ဖတ်ရှုခဲ့ရသော နည်းပင် ဖြစ်ပါသည်။
ကြို့ထိုးသူ၏ နားရွက်နှစ်ဖက်အား အခြားသူတစ်ဦး က တင်းကျပ်စွာ လေလုံအောင် ပိတ် စေပြီး ကြို့ထိုးသူကို အသက်အောင့်ပြီး ရေသောက်စေသောနည်းပင်ဖြစ်သည်။ မိမိကြို့ထိုးနေစဉ် အနား၌ နားရွက် ပိတ်ပေးမည့်သူမရှိပါက မိမိခံတွင်း၌ ရေကို ဆံ့သရွေ့ ငုံထားပြီး မိမိဘာ သာ နားရွက်ကို လေလုံအောင် ပိတ် ပြီး အသက်အောင့်၍ ရေကို မျိုချပါ။ ရေတစ်ငုံစာနှင့်ပင် ကြို့ထိုး လက်တွေ့ ပျောက်ခဲ့ရပါသည်။ ဤနည်းသည် သိပ္ပံနည်းကျ လက်တွေ့ဆန်သော နည်းဖြစ်သည် ဟု စဉ်းစားမိပါသည်။ အသက်ရှူ အောင့်ထားခြင်းအားဖြင့် အဆုတ်တွင်း ၌ လေများဖြင့် တင်းခံထားစဉ် နား ရွက်ကို ပိတ်ထားခြင်းဖြင့် နားရွက်မှ လေမထွက်နိုင်၊ ထိုအချိန်တွင် အသက် အောင့်၍ ရေကို မျိုချလိုက်သောအခါ ဝမ်းဗိုက်အတွင်းရှိ ဒိုင်ယာဖရမ်ခေါ် ကြွက်သားပြင်အားအောက်သို့ တွန်းချ လိုက်သကဲ့သို့ ဖြစ်သွားသည်။
ဒိုင်ယာ ဖရမ်ကြွက်သားပြင်သည် အထက်သို့ ဆောင့်ဆောင့်တက်ခြင်းအားဖြင့် ကြို့ ထိုးနေရာမှ အောက်သို့ ဖိအားပြင်း စွာဖြင့် တွန်းချခြင်းခံလိုက်ရသောအခါ အပေါ်သို့ ဆောင့်ဆောင့်တက်သော အကျင့်ပျောက်သွားပြီး ကြို့ထိုးခြင်း ဝေဒနာလည်း ပျောက်ကင်းသွားရ လေသည်။ ရေတစ်ငုံမျိုချပြီး မပျောက်ကင်း ပါက ဒုတိယတစ်ငုံထပ်ပြီး အထက်ပါ နည်းအတိုင်း မျိုချပါ။ ရေတစ်ဖန်ခွက် မကုန်မီမှာပင် လက်တွေ့ပျောက်ကင်း မည် ဖြစ်ပါသည်။ လုပ်ကိုင်ရတာ လွယ်ကူ၊ ပစ္စည်း ရှာရတာမခက်ခဲ၊ အမှားအယွင်း အ္တ ရာယ်မရှိနိုင်သော သိပ္ပံနည်းကျ လက် တွေ့နည်းမို့ ကြို့ထိုးနေသောသူများ လက်တွေ့စမ်းသပ်ကြည့်ရန် ရေးသား တင်ဆက်လိုက်ရပါသည်။

ကြံရိုးနှင့် ကြံရည်၏ ကျန်းမာရေး အာနိသင်များ

ကြံပင်ဟာ အဆစ်တွေ ပါပြီး ကြံ့ခိုင်တဲ့ အပင်ဖြစ်ပြီး အမြင့်အားဖြင့် ၂-၆ မီတာ လောက် မြင့်ပါတယ်။ ကြံရိုးက ရတဲ့ ကြံရည်ဟာ မရှိမဖြစ် အာဟာရဓာတ်တွေ ပါဝင်တာကြောင့် ကျန်းမာရေးနဲ့ အလွန်ညီညွတ်ပါတယ်။ ကြံရည်ဟာ စွမ်းအင်မြင့်မားစွာ ပါဝင်တဲ့ သဘာဝ အရည်ဖြစ်ပြီး သကြားထည့်ထားတဲ့ အရည်တွေအစား သောက်သုံးနိုင်ပါတယ်။
ကျန်းမာကြံ့ခိုင်စေပါတယ်
ကြံရိုးမှာ Glycemic Index နည်း တာကြောင့် ခန္ဓာကိုယ်ကို ကျန်းမာကြံ့ခိုင် စေပါတယ်။ ကြံရိုးမှာ ရိုးရိုးသကြားဓာတ် မပါဝင်တဲ့အတွက် ဆီးချိုရောဂါရှိသူတွေ သောက်သုံးနိုင်သော်လည်း ဆီးချိုရောဂါ ရှိသူတွေအနေနဲ့ တတ်နိုင်သမျှ ထိန်းချုပ် သောက်သုံးသင့်ပါတယ်။

အအေးမိတာနဲ့ တုပ်ကွေးတို့ မဖြစ် အောင် ကာကွယ်နိုင်ပါတယ်
ရေခဲမပါတဲ့ ကြံရည်ဟာ လည်ချောင်း နာတာ၊ အအေးမိတာနဲ့ တုပ်ကွေး ကွေး တာတို့ မဖြစ်အောင် ကာကွယ်နိုင်တယ် လို့ တချို့က ဆိုပါတယ်။

ကင်ဆာကို ကာကွယ်ပေးနိုင်ပါတယ်
ကြံရည်ဟာ အယ်လ်ကာလိုင်း ဂုဏ် သတ္တိရှိတာကြောင့် ကင်ဆာ၊ အထူးသ ဖြင့် ဆီးကျိတ်နဲ့ ရင်သားကင်ဆာတို့မဖြစ် အောင် ကာကွယ်ပေးနိုင်ပါတယ်။

စွမ်းအင်ရရှိစေပါတယ်
ကြံရိုးဟာ ခန္ဓာကိုယ်ကို ဂလူးကို့စ် ဓာတ်ရရှိစေတာကြောင့် စွမ်းအင်လိုအပ် တဲ့ နေရာတွေမှာ ဂလိုင်ကိုဂျင်အဖြစ် သို လှောင်ထားပါတယ်။

ရေဓာတ် ပြည့်ဝစေပါတယ် ပူပြင်းတဲ့ ရာသီဒဏ်ခံရရင် ဒါမှမ ဟုတ် ကိုယ်လက်လှုပ်ရှားမှုကို ကြာကြာ လုပ်ရင် ကြံရည်ကို သောက်သင့်ပါတယ်။ ဒါက ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝစေ ပါတယ်။ အထူးသဖြင့် ဆော်ဒါလို အချိုရည်တွေအစား ကြံရည်ကို သောက်သင့် ပါတယ်။

ခန္ဓာကိုယ် အစိတ်အပိုင်း တချို့ကို သန်စွမ်းစေတယ်
ကြံရိုးဟာ အစာအိမ်၊ ကျောက်ကပ်၊ နှလုံး၊ မျက်စိ၊ ဦးနှောက်နဲ့ လိင်အင်္ဂါတွေ ကိုသန်စွမ်းစေတယ်လို့ တချို့က ယုံကြည် ကြပါတယ်။

ဆီး လမ်း ကြောင်း ကျန်း မာစေပါတယ်
ကြံရိုးဟာ ဆီးလမ်းကြောင်းကို သန့်စင်စေပြီး ကျောက်ကပ်တွေကို လုပ် ငန်းဆောင်တာ ကောင်းကောင်းလုပ်နိုင်ဖို့ ကူညီပါတယ်။ ကြံရိုးဟာ ဂနိုဆီးပူ ညောင်း ကျရောဂါ၊ ဆီးကျိတ်ကြီးတာ၊ ဆီးအိတ် ရောင်တာတို့ကြောင့်ဖြစ်တဲ့ ဆီးသွားလို စိတ်များတဲ့ ဝေဒနာကို သက်သာစေပါ တယ်။

သက်လုံကောင်းစေပါတယ်
ကြံရိုးမှာ ကာဗိုဟိုက်ဒရိတ်ပါဝင်မှု များတာကြောင့် ခန္ဓာကိုယ်ကို စွမ်းအင် ဖြည့်ပေးပြီး လန်းဆန်းစေပါတယ်။ ပင် ပန်းနေတဲ့ ကြွက်သားတွေကို စွမ်းအင် ချက်ချင်းပေးနိုင်ပြီး အားကစားသမား တွေမှာ သက်လုံကောင်းစေပါတယ်။

ဝမ်းမှန်မှန်သွား စေပါတယ်
ကြံရိုးမှာ ပိုတက်စီယမ်ပါဝင်မှု မြင့်မား တာကြောင့် အစာကြေညက်စေပြီး ဝမ်း နုတ်ဆေး အပျော့စားလို ထိထိရောက် ရောက် အသုံးဝင်ပါတယ်။

ထက်မြတ်


ကြက်ဥ၊ ဘဲဥ၏ ကျန်းမာရေးနှင့် အာဟာရ

ကြက်ဥ၊ ဘဲဥတွေက သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော အဆင့်ကို မြင့်တက်စေတယ်ဆိုတဲ့ အယူအဆကြောင့် စားရမှာ ခပ်လန့်လန့် ဖြစ်နေတတ်ကြပါတယ်။ တကယ်တော့ ကြက်ဥ၊ ဘဲဥတွေကို အသင့်အတင့် စားပေးမယ်ဆိုရင် အောက်ပါ အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။
မျက်စိကျန်းမာရေးကို ကောင်းစေပါတယ် ကြက်ဥ၊ ဘဲဥစတဲ့ ဥအမျိုးမျိုးမှာ လူတင်နဲ့ ဇီဇန်သင်းစတဲ့ ပရိုတင်းဓာတ်တို့များစွာ ပါဝင်တာကြောင့် အသက်ကြီးချိန်မှာ ဖြစ်တတ်တဲ့ မက်ကူလာ ယိုယွင်းပျက်စီးမှု (Macular Degeneration) နဲ့ အတွင်းတိမ် ရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

နှလုံးသွေးကြောစနစ် ကျန်းမာရေးကို ကောင်းစေပါတယ် တစ်နေ့မှာ ကြက်ဥ၊ ဘဲဥ တစ်လုံးစားပေးရင် နှလုံးအထူးကု ဆရာဝန်နဲ့ ဝေးဝေးမှာ နေနိုင်တယ်လို့ လေ့လာမှု တစ်ရပ်က ဆိုပါတယ်။ အကြောင်းကတော့ ကြက်ဥ၊ ဘဲဥကို ပုံမှန် တစ်နေ့တစ်လုံး စားတာကြောင့် သွေးခဲနှုန်း၊ နှလုံးရောဂါ ထတာနဲ့ လေဖြတ်တာတို့ ဖြစ်နိုင်ခြေကို လျော့ကျစေနိုင်လို့ပါ။

ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေက ကောင်းမွန်စေပါတယ်
ကြက်ဥ၊ ဘဲဥအနှစ်မှာ ဗီတာမင် ဘီကိုလင်းဓာတ် ပါဝင်တာကြောင့် ဥအမျိုးမျိုးကို ဦးနှောက်အတွက် အစာလို့ ဆိုကြပါတယ်။ အကြောင်းကတော့ နာ့ဗ်ကြောတွေရဲ့ လုပ်ငန်းဆောင်တာနဲ့ ဖွံ့ဖြိုးမှုကို အားကောင်းစေတာကြောင့်ပါ။ ကိုလင်းဓာတ်ဟာ ကိုယ်ဝန်ဆောင် မိခင်မှာလည်း မရှိမဖြစ် အရေးပါပါတယ်။ သန္ဓေသား ဦးနှောက် ဖွံ့ဖြိုးမှုအတွက် အရေးပါလို့ပါ။

ရင်သားကင်ဆာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်
ကြက်ဥ၊ ဘဲဥစားတာက ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျစေတယ်လို့ တခြားလေ့လာမှုတွေက ဆိုပါတယ်။ တစ်ပတ်မှာ ကြက်ဥ၊ ဘဲဥနှစ်လုံးအောက် လျော့နည်းပြီး စားတာက ရင်သားကင်ဆာ ဖြစ်နှုန်း လျော့နည်းစေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

ဆံကေသာ၊ လက်သည်းနဲ့ အသားအရေကို ကျန်းမာလှပစေပါတယ်
ကြက်ဥ၊ ဘဲဥမှာ ဆာလဖာ ပါဝင်တာကြောင့် အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းစေတာ၊ ဗီတာမင်ဘီ စုပ်ယူအား ကောင်းစေတာ စတဲ့ အာနိသင်တို့ကို ရရှိစေနိုင်ပါတယ်။ ဆာလဖာဟာ ကော်လာဂျင်နဲ့ ကီရာတင်တို့ ထုတ်လုပ်မှု ကောင်းစေတာကြောင့် အသားအရေကို လှပစေတာ၊ လက်သည်းတွေကို သန်စွမ်းစေတာနဲ့ ဆံကေသာကို တောက်ပစေတာစတဲ့ အစွမ်းသတ္တိတွေကို ပေးစွမ်းနိုင်ပါတယ်။

ကြွက်သားကို ဖွံ့ဖြိုးစေပါတယ်
ကြက်ဥ၊ ဘဲဥထဲမှာပါတဲ့ ပရိုတင်းဓာတ်ကြောင့် ခန္ဓာကိုယ်ရဲ့ ကြွက်သား တည်ဆောက်မှုကို အားကောင်းစေပါတယ်။

ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်ပါတယ်
နံနက်စာအနေနဲ့ ကြက်ဥ၊ ဘဲဥကို စားပေးတာက အဝလွန်နေသူနဲ့ ကိုယ်အလေးချိန် များနေသူတွေကို ကိုယ်အလေးချိန် ထိန်းပေးနိုင်ကြောင်း လူဝီစီးယားနား ပြည်နယ် တက္ကသိုလ်ရဲ့ လေ့လာမှုအရ သိရပါတယ်။ နံနက်စာ အနေနဲ့ ကြက်ဥ၊ ဘဲဥစားတဲ့သူတွေက ကယ်လိုရီများတဲ့ အစာတွေကို လျှော့စားဖြစ်ကာ ကြာကြာဗိုက်ပြည့်စေလို့ ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။


ကြက်ဟင်းခါးသီးကပေးတဲ့ သူမတူတဲ့ အစွမ်းများ

စားသုံးနေတဲ့ ဟင်းလျာထဲမှာ ပါဝင်တဲ့ ကြက်ဟင်းခါးသီးဟာ ဆေးဖက်ဝင်ပါတယ် ဆိုတာ စားသုံးသူတော်တော်များ များ သိကြပါတယ်. .
ဘယ်လိုရောဂါမျိုးတွေအတွက် ဆေးဖက်ဝင်တယ်ဆိုတာကို လေ့လာကြည့်တဲ့ အခါမှာ
ကြက်ဟင်းခါးသီးဟာ အဓိကအားဖြင့် ရောဂါကြီးသုံးခုကို ကာကွယ်ကုသရာမှာ အထောက်အကူပြုပါတယ်..
ကြက်ဟင်းခါးသီးကပေးတဲ့ သူမတူတဲ့ အစွမ်းများ ကတော့
၁။ ဆီးချို သွေးချိုရောဂါ
၂။ HIV ရောဂါ
၃။ ခုခံအားစနစ်နှင့် ပက်သက်သော ရောဂါများ (Immunological Diseases) များကို ကုသရာမှာ ထိရောက်တဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်. .
ဆီးချို၊သွေးချိုရောဂါအတွက် ကြက်ဟင်းခါးသီးမှာ ပါတဲ့ အခါးဓာတ်နဲ့ အဖန်ဓာတ်တွေဟာ သွေးထဲမှာရှိတဲ့ Glucose သကြားဓာတ်ကို ကျစေနိုင်တဲ့ သတ္တိရှိပါတယ်. . Glucose တွေဟာ သွေးထဲကို အများကြီးရောက်မလာလို့ ဆီးချိုသွေးချို ဝေဒနာတွေအတွက် အကျိုးရှိပါတယ်. ဒါကြောင့် ဆီးချို၊သွေးချိုသမားတွေဟာ ကြက်ဟင်းခါသီးကိုစားရင် များစွာာ အကျိုးရှိပါတယ်. . .
ကြက်ဟင်းခါးသီးကို ဆေးဖက်ဝင်အောင်စားရင် အစိမ်းအတိုင်း ပါးပါးလှီးပြီး တို့စရာလို လုပ်စားမှသာ ရမှာ ဖြစ်ပါတယ်. .အပူပေးရင်လည်း ခဏတဖြုတ် အစိမ်းကြော် ကြော်သလိုမျိုး လုပ်မှ အာနိသင်ရမှာဖြစ်ပါတယ်. .
ဆီးချိုရောဂါဝေဒနာရှင်တွေက စားမယ်ဆိုရင်တော့ တစ်နေ့ကို ကြက်ဟင်းခါးသီး အနေတော် တစ်လုံးရဲ့ လေးပုံတစ်ပုံ လောက် စားရင် လုံလောက်ပါတယ်.
HIV လူနာများကို Traditional Medicine အနေနဲ့ ကုသတဲ့ အခါမှာ ကြက်ဟင်းခါးသီးကို အဓိကအသုံးပြုနိုင်ပါတယ် ကြက်ဟင်းခါးသီးထဲမှာ ပါတဲ့ MAP 30 ဟာ HIV-1 ဗိုင်းရပ်စ်များကို မဝင်နိုင်အောင် ဟန့်တားနိုင်တဲ့ အပြင် ကူးဆက်ပြီးသား ဆဲလ်တွေမှာရှိတဲ့ ဗိုင်းရပ်စ်ပိုးပွားများ မှုကိုပါ ဟန့်တားနိုင်စွမ်းရှိပါတယ်.
ကြက်ဟင်းခါးသီးကို စားတဲ့ အခါမှာ အကြောတွေ တက်စေပတယ်. . ကြက်ဟင်းခါးသီးရဲ့ အစေ့နဲ့ အစေ့ညာတိုင်တွေကို ဖယ်ပြီး အသားချည်းပဲ စားရင်တော့ တက်တာ Blood Pressure တက်တာမျိုး မဖြစ်နိုင်ပါ. . ကိုယ်ဝန်ဆောင်တွေကတော့ကြက်ဟင်းခါးသီးကို လုံးဝမစားသင့်ပါဘူး နည်းနည်းစားရင် ပြသာနာမရှိပေမယ့် များများစားရင် ကိုယ်ဝန်ပျက်ကျတတ်ပါတယ်. . .
လူတိုင်းရဲ့ ခန္ဓာကိုယ်မှာ Immune System လို့ခေါ်တဲ့ ခုခံအားစနစ်ရှိပါတယ်. . . အပြင်ကနေ ခန္ဓာကိုယ်ကို ဒုက္ခပေးတဲ့ ပစ္စည်းတွေရှိပါတယ်. . .ခုခံအားနဲက ပတ်သက်တဲ့ ရောဂါတွေလျော့ပါးစေဖို့လည်း ကြက်ဟင်းခါးသီးကို စားသုံးသင့်ပါတယ်. . . .


နုပျိုချင်လျှင် ဒါတွေစားပါ။~

ခန္ဓာကိုယ် အိုမင်းရင့်ရော်ခြင်းကို တားဆီးရန် ပဉ္စလက်နည်းတွေ မရှိပါဘူး။ အသက်ကြီးလာတာနဲ့အမျှ စိုးရိမ်ရတဲ့ကျန်းမာရေးပြဿနာတွေ မဖြစ်အောင် ကာကွယ်ဖို့ရာ ထာဝရနုပျိုစေတယ်ဆိုတဲ့ လျှို့ဝှက်ချက်တွေကို ရှာဖွေနေခြင်းထက်မှန်ကန်တဲ့ အစားအစာကို ရွေးချယ်စားသောက်ခြင်းက ပိုပြီးကာကွယ်နိုင်ပါတယ်။
လူတွေဟာ အိုမင်းရင့်ရော်လာတဲ့ ဖြစ်စဉ်ကို တတ်နိုင်သမျှ နှေးကွေးအောင် လုပ်ချင်ကြပါတယ်။ လွန်ခဲ့တဲ့ နှစ်များစွာအတွင်းမှာ ရင့်ရော်လာတဲ့ မျက်နှာအရေးအကြောင်းတွေအတွက် အဆင့်မြင့် နည်းပညာတွေနဲ့ ထုတ်လုပ်ထားတဲ့ လိမ်းဆေးတွေအပေါ်မှာ အချိန်ရော ငွေပါ အများကြီး မြှုပ်နှံရင်းနှီးခဲ့ကြသော်လည်းပဲ ခန္ဓာကိုယ် ရင့်ရော်အိုမင်းမှုကို ထူးခြားစွာနှေးကွေးစေနိုင်မှာဖြစ်တဲ့ အစားအစာများအပေါ်မှာတော့ ငွေကြေးအနည်းငယ်မျှသာ သုံးစွဲခဲ့ကြပါတယ်။

ကိုယ်ကာယလေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းနှင့် ဆေးလိပ်မသောက်ခြင်းတို့ဟာ သင့်ကို ကျန်းမာစွာ ရှိနေစေမှာတော့သိသာထင်ရှားမှာပါပဲ။ ဒါပေမယ့်---အဲဒါဟာ အပြီးသတ်ကျရင် အိုမင်းရင့်ရော်မှုကို တိုက်ခိုက်ပေးသော အရေးကြီးအာဟာရဓာတ်များ ပါဝင်သော အစားအစာများကို စားခြင်းဖြင့်သာ ရရှိနိုင်ပါတယ်။ အများသိပြီးဖြစ်တဲ့ ဖျော်ဖြေရေးသရုပ်ဆောင် အနုပညာရှင်တွေရဲ့ ကောင်းမွန်တဲ့ စားသောက်မှုပုံစံ တခုရဲ့ အဓိက အချက်များကတော့ အဲဒီအစာထဲမှာရောဂါများကို ခုခံတိုက်ခိုက်ပေးသော သတ္တိထူးများရှိပြီး ကင်ဆာ နှလုံးရောဂါ စသည်တို့ကို ကာကွယ်ပေးနိုင်ကြောင်း
သက်သေအထောက်အထားများ ရရှိပြီးဖြစ်တဲ့ အစားအစာများ ဖြစ်ပါတယ်။ အဲဒီ အစားအစာတွေထဲက အကောင်းဆုံး၁၀မျိုးကို ရွေးချယ်ထားပါတယ်။အဲဒီအစားအစာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

➸ ခရမ်းချဉ်သီး ➸
ခရမ်းချဉ်သီးထဲမှာ ရောဂါတွေကို ခုခံတိုက်ခိုက်ပေးနိုင်တဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းဖြစ်တဲ့
လိုင်ကိုပင်း Lycopene ဆိုတဲ့ ခရမ်းချဉ်သီးကို အနီရောင်ဖြစ်စေတဲ့ ပစ္စည်းပါဝင်တာကို တွေ့ရှိရမှာဖြစ်ပါတယ်။
ဒါပေမယ့် ခရမ်းချဉ်သီး စားရမှာလား၊
“ခရမ်းချဉ်သီးဆော့စ်ကို စားရမှားလား”ဆိုတဲ့ မေးခွန်းကို ဖြေရရင် အံ့သြစရာ ကောင်းတာကတော့
ခရမ်းချဉ်သီးကို ချက်ပြုတ်ခြင်း သို့မဟုတ်-တာရှည်ခံအောင် ပြုပြင်ထုတ်လုပ်ထားခြင်းကသာလျှင်
ကျန်းမာရေးနဲ့ အညီညွတ်ဆုံး စားသောက်နည်း ဖြစ်နေတာကို တွေ့ရပါတယ်။
ခရမ်းချဉ်သီးကို အပူပေးပြီး ချက်ပြုတ်ခြင်းက လိုင်ကိုပင်းဓာတ်ကိုထွက်စေပါတယ်။
ခရမ်းချဉ်သီးဆော့စ်လို တာရှည်ခံအောင် ပြုပြင်ထားတဲ့ အစားအစာတွေထဲမှာ လိုင်ကိုပင် မြောက်များစွာပါဝင်ပါတယ်။
အဲဒီထဲကို သံလွင်ဆီ နည်းနည်းလောက် ခပ်ထည့်ပြီးစားရင် အစာလမ်းကြောင်းမှ လိုင်ကိုပင်း စုပ်ယူမှုကို
ပိုမိုများပြား စေကြောင်း တွေ့ရှိထားပါတယ်။
သူစားတဲ့အစာထဲမှာ လိုင်ကိုပင်း ပါဝင်မှုနည်းတဲ့ သက်လတ်ပိုင်း အရွယ်ရှိတဲ့ ယောကျ်ားတယောက်ဟာ
နှလုံးတိုက်ခိုက်ခံရခြင်းနဲ့ လေဖြတ်ခြင်းကို သုံးဆမျှပိုပြီး ခံစားရတတ်ပါတယ်။ ဂျာမဏီနိုင်ငံမှာ လေ့လာမှုအရလည်း
လိုင်ကိုပင်းဟာ အရေပြားရင့်ရော်မှုကို ကာကွယ်နိုင်ကြောင်း တွေ့ရှိထားရပါတယ်။
ခရမ်းချဉ်သီးအနှစ် တနေ့လျှင် ၃၃-ဂရမ်=၂-ကျပ်သားခန့် စားသုံးပေးလျှင် နေလောင်ဒဏ်ကြောင့်
အရေပြားပျက်စီးခြင်းကို ၄၀% အထိ ကာကွယ်နိုင်ကြောင်း တွေ့ရှိထားရပါတယ်။
(မြန်မာ့အစားအစာဖြစ်တဲ့ ခရမ်းချဉ်သီးချက်မှာ ဆီအနည်းငယ်မျှသာပြန်အောင် ချက်စားပါက
လိုင်ကိုပင်း စုပ်ယူမှု ပိုကောင်းစေပါတယ်)။

➸ ထောပတ်သီး ➸
ထောပတ်သီးဟာ ပိုတက်ဆီယမ်သတ္တုဓာတ် ကြွယ်ဝစွာပါဝင်သော အစားအစာများထဲမှာ တခုအပါအဝင် ဖြစ်ပါတယ်။
ဟင်းနုနွယ်ရွက်နှင့် ဟင်းသီးဟင်းရွက် အစိမ်းရင့်များ သစ်သီးခြောက်များထဲမှာလည်း ပါဝင်ပါတယ်။
ပိုတက်ဆီယမ်က သွေးပေါင်ချိန်ကို ထူးထူးခြားခြား ကျစေတဲ့အပြင်
လေဖြတ်ခြင်းအန္တရာယ်ကိုလည်း လျော့ပါးစေပါတယ်။
အမျိုးသား ၈၀၀-နဲ့ အမျိုးသမီး ၅၀-တို့ရဲ့ အစားအစာ စာရင်းကို လေ့လာချက်အရ နေ့စဉ်စားတဲ့
အစားအစာထဲမှာ ပိုတက်ဆီယမ်ဓာတ် ပါဝင်အောင် အနည်းငယ်လောက် ပိုထည့်လိုက်ခြင်းဖြင့်
လေဖြတ်ပြီး သေဆုံးတဲ့ အန္တရာယ် ၄၀ကျသွားကြောင်းတွေ့ရပါတယ်။
ထောပတ်သီးထဲမှာ ကိုလက်စထရော လျော့နည်းစေသော သတ္တိလည်းရှိတယ်။
အိုမင်းရင့်ရော်မှုကို နှေးစေသော ဗီတာမင်အီးလည်း ပါရှိတယ်။

➸ အစေ့အဆန်များ ➸
အစေ့အဆန်တွေထဲမှာ ကယ်လိုရီအများကြီးပါပြီး အဆီဓာတ်တွေ အပြည့်လည်း ဖြစ်တယ်။
သတင်းတခုတွင် ဖော်ပြချက်အရ ၂၀%-ထက် နည်းသော လူတွေဟာ ဆားမပါတဲ့ အစေ့အဆန်တွေကို
ပုံမှန်စားနေကြကြောင်း သိရပါတယ်။
ဒါတောင်မှ အဲဒီလူတွေမှာ ကျန်းမာရေး တိုးတက်ကောင်းမွန်လာကြောင်းနဲ့ အိုမင်းရင့်ရော်မှု
နှေးကွေးစေခြင်းဆိုတဲ့ အကျိုးကျေးဇူးတွေ ရရှိလာကြောင်းအထောက်အထားတွေ တွေ့နေရပါတယ်။
အမေရိကန် ဆေးပညာအသင်း ဂျာနယ်ထဲမှာ ဖော်ပြထားချက်အရ အစေ့အဆန်
နေ့စဉ်စားသုံးသူတွေမှာ ဆီးချို၊ သွေးချို၊ ရောဂါအမျိုးအစား နံပါတ် ၂-ဖြစ်ပွားမှု
အန္တရာယ်နည်းပါးခြင်းနှင့် ဆက်စပ်မှုရှိကြောင်း တွေ့ရှိရပါတယ်။
အမျိုးသမီး (၈၃၀၀၀)ကျော်ကို ၁၄-နှစ်ကြာ လေ့လာပြီးတဲ့နောက် တပတ်လျှင်
အနည်းဆုံး အစေ့အဆန် (၂၅)ဂရမ် စားသူတွေဟာ ဆီးချို သွေးချိုရောဂါအမျိုးအစား အမှတ်(၂)ဖြစ်ပွားမှု
၂၀%-လျော့နည်းကြောင်း တွေ့ရှိထားတယ်။
နှလုံးရောဂါ ကာကွယ်နိုင်ကြောင်းကိုလည်း လေ့လာမှုများစွာက ညွှန်ပြနေတယ်။
အချို့သော အစေ့အဆန်များဟာ ထူးခြားတဲ့ ကာကွယ်မှုသတ္တိရှိတယ်။
ဗန္ဓာစေ့ထဲမှာ ဗီတာမင်အီး ကြွယ်ဝစွာ ပါဝင်ပြီး အိုမင်းရင့်ရော်မှုကို နှေးကွေးစေတယ်။
အယ်လ်ဇိုင်းမားလို့ခေါ်တဲ့ သူငယ်ပြန်ရောဂါတမျိုးဟာလည်း
ဗီတာမင်အီး နေ့စဉ်စားသုံးသူတွေထဲမှာ ဖြစ်ပွားမှု နည်းပါးကြောင်း တွေ့ထားရတယ်။

➸ ဟင်းနုနွယ်ရွက် ➸
သက်ကြီးရွယ်အို အချို့ မျက်စိအမြင် ချို့ယွင်းပြီး မျက်လုံးကွယ်သည်အထိ ဖြစ်စေရတဲ့ ပြဿနာဟာ
အသက်ကြီးသူတွေ ရှောင်လွှဲလို့မရနိုင်သော ကိစ္စတရပ်အဖြစ် ထင်မှတ်ထားကြပါတယ်။
ဒါပေမယ့် ဟင်းနုနွယ် ရွက်ဟာ အဲဒီလို အဖြစ်မျိုးကို ကာကွယ်ဖို့အတွက်
အရေးပါသော နေရာမှ ပါဝင်လျက်ရှိနေပါတယ်။
ဟင်းနုနွယ် ရွက်ထဲမှ ကာရိုတင်နိုက်-လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်တယ်။
ဒီပစ္စည်းတွေဟာ မျက်လုံးရဲ့ မြင်လွှာနဲ့ မျက်လုံးမှန်ဘီလူးထဲမှာ တွေ့ရလေ့ရှိသော ပစ္စည်းများဖြစ်တယ်။
အမေရိကန်မှာ လုပ်ခဲ့တဲ့ လေ့လာမှုတခုအရ ကာရိုတင်နိုက် များစွာပါဝင်သော အစားအစာတွေကို
စားပေးခြင်းနှင့် အသက်ကြီးလို့ မြင်လွှာပျက်စီးပြီး မျက်စိကွယ်ရတဲ့ရောဂါ
AGERELATED MACULAR DEGENERATION ဖြစ်ပွားမှုနှင့် ဆက်စပ်လျက်ရှိကြောင်း တွေ့ရှိခဲ့ရပါတယ်။
ဒီရောဂါဟာ အသက် ၅၀-ကျော် လူတွေ မျက်စိကွယ်ရခြင်းရဲ့ ဦးဆောင်အကြောင်းရင်းတခု ဖြစ်ပါတယ်။
အခြားသော လေ့လာချက်များအရလည်း ကာရိုတင်နိုက်ပါတဲ့ အစားအစာများ စားပေးခြင်းဖြင့်
အတွင်းတိမ်ဖြစ်ပွားမှု အန္တရာယ်လျော့ပါးသွားကြောင်းလည်း သိရပါတယ်။
အတွင်းတိမ်ဆိုတာကတော့ အသက် ၇၅-နှစ်ကျော်လာတဲ့ သူတိုင်း ဖြစ်ပွားလေ့ရှိတဲ့ ပြဿနာတခု ဖြစ်ပါတယ်။

➸လက်ဖက်၊ လက်ဖက်ခြောက်၊ လက်ဖက်ရည်➸
မကြာသေးမီ အချိန်များကစပြီး လက်ဖက်ရည်ဟာ ကျန်းမာခြင်းနှင့် အသက်ရှည်ခြင်းတို့အတွက်
အံ့သြဖွယ်ရာ ကောင်းလောက်အောင် အထောက်အကူပေးနိုင်သော ပစ္စည်းတခုအဖြစ် ကျော်ကြားလာပါတယ်။
ဒါပေမယ့် ကျန်းမာရေးအတွက် သော့ချက်ကျတဲ့ သတင်းအချက်အလက်တခုကတော့
လူတိုင်း မသိကြသေးခြင်းပဲ ဖြစ်နေပါတယ်။
အဲဒါကတော့ လက်ဖက်ခြောက်ကို ရေနွေးပွက်ပွက်ဆူထဲမှာ ၃-မိနစ်မှ ၅-မိနစ်ခန့် နှပ်ထားပြီးမှသာ
အကောင်းဆုံးအကျိုးကျေးဇူးကို ရနိုင်တယ်ဆိုတဲ့ အချက်ပါပဲ။
လက်ဖက်ခြောက်ဟာ အစာအိမ် ကင်ဆာ၊ အစာရေမျို ကင်ဆာ၊ အဆုတ် ကင်ဆာ ဖြစ်ပွားမှု
လျော့ကျခြင်းနဲ့ ဆက်စပ်မှုရှိကြောင်းလည်း တွေ့ထားရတယ်။
ဒါ့အပြင် မကြာသေးမီကပဲ လက်ဖက်ရည်ကြမ်း သောက်တဲ့ လူတွေမှာ ကင်ဆာဖြစ်ပွားမှု အန္တရာယ်
နှေးကွေးစေတယ်ဆိုတာကိုလည်း သိထားရပါတယ်။
လက်ဖက်ခြောက် ထဲမှာပါတဲ့ ဓာတ်တို ဆန့်ကျင်ပစ္စည်းတွေက နှလုံးကို ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။
တနေ့လျှင် လက်ဖက်ရည်ကြမ်း (သို့) လက်ဖက်ရည် သောက်တဲ့အခါ သကြားနဲ့ နို့ဆီမထည့်ဘဲ
အချိုခြောက် သက်သက်နဲ့ နှပ်ထားတဲ့ လက်ဖက်ရည်ကို သုံးခွက်သောက်တယ်ဆိုရင်ပဲ
နှလုံးတိုက်ခိုက်ခံရမှု ၁၁% ကျဆင်းသွားစေကြောင်း တွေ့ထားရတယ်လို့ ဆိုတယ်။
နောက်လေ့လာမှုတခုက လက်ဖက်ခြောက်ဟာ ဆီးချို သွေးချိုရောဂါကိုလည်း ကာကွယ်နိုင်သတဲ့။
အကြောင်းကတော့ လက်ဖက်ခြောက်ထဲမှာ ပါတဲ့ ဓာတ်ပေါင်းတွေဟာ အင်ဆူလင်ရဲ့ အာနိသင်ကို
၁၅%-တိုးမြင့်ပေးစေနိုင်တယ်။
ဒါပေမယ့် နို့ထည့်သောက်ရင်တော့ အကျိုးသက်ရောက်မှု နည်းသွားပါတယ်။
ဒါ့အပြင် လက်ဖက်ခြောက်ဟာ အရိုးပါးရောဂါကိုလည်း ကာကွယ်နိုင်ကြောင်း သိရတယ်။
သက်ကြီးရွယ်အိုတွေထဲမှာ လက်ဖက်ရည်သောက်တဲ့သူတွေက မသောက်တဲ့လူတွေထက်
ကျောရိုးနဲ့ တင်ပဆုံရိုး သိပ်သည်းဆကို တိုင်းပြီးတဲ့အခါ ၅%-ပိုများတာကို တွေ့ရပါတယ်။
ဆိုလိုတာက အဲ့ဒီသူတွေဟာ အရိုးကျိုးမှု အခွင့်အလမ်း ၁၀%-မှ ၁၅%- ထိ
လျော့နည်းသွားခြင်းကြောင့် ဖြစ်တယ်။  
ဒေါက်ထွေး (ဆေး-မန်း)

သွေး အား ကောင်းစေမည့် သဘာဝရဲ့အသီးအနှံ များ

မုန်လာဥသည် သံဓာတ်ပါဝင်မှု မြင့်မားသည် ဟင်းသီးဟင်းရွက် စာရင်းဝင်ဖြစ်ပြီး အခြား သတ္တုဓာတ်များလည်း အများအပြား ပါဝင်ပါသည်. . . မုန်လာဥနီ ဖျော်ရည် ခန္ဓာကိုယ်၏ ခွန်အား၊ ကိုယ်ခံအားများ တိုးမြှင့်ပေးရုံသာမက သွေးနီဥများကိုလည်း တိုးပွားစေပါသည်. .
ထို့အပြင် ဆယ်ကျော်သက်မလေးများအတွက် အကောင်းဆုံး သွေးအားတိုးဆေးဖြစ်၍ မိန်းမငယ်လေးများ ရာသီလာစဉ် အချိန်၊ အပျိုဖော်ဝင်အချိန်တွေတွင် လက်စွဲထားသင့်သည့် သဘာ၀ ဆေးတစ်ခွက် ဖြစ်ပါတယ်. .
ဆလတ်ရွက်သည်လည်းကောင်း ၊ဟင်းနုနွယ်ရွက်တို့သည်. သွေးအားနည်းရောဂါကာကွယ် စေသော အရွက်ဖြစ်ပြီး သံဓာတ်များ အလွန်ကြွယ်ဝပါသည်. . . ၎င်းကဲ့သို့ သံဓာတ်ကြွယ်ဝသည့် အပြင် ပရိုတိတ်း ဓာတ်ပါရရှိစေနိုင်သည့် အစားအစာတစ်မျိုးမှာ ပဲပုတ်( Soya Bean) ဖြစ်ပါသည်. . ၎င်းကို ပဲနို့ရည် အသွင်ဖြင့် ထုတ် လုပ်ကြပြီး အစာကြေညက်လွယ် စေ၍ လူကြိုက်များလှပါသည်. .
မက်မွန်သီး ခုနှစ်လုံးခန့်ကို ရေတွင် နှစ်နာရီ ခန့်စိမ်၍ မှုန့်ညက်အောင် ကြိတ်ခြေပြီး သုံးလခန့် နံက်တိုင်း စားသုံးပေးလျှင် သွေးအားကောင်းစေပါတယ်.
နှမ်းနက်စေ့ လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ရေခပ်နွေးနွေးထဲတွင် နာရီ အတန်ကြာ စိမ်ထားပြီး ကြိတ်၊မွှေထားသော အရည်များ အဖတ်များ ကို နို့တစ်ခွက် (သို့) အခြားအချိုရည် တစ်ခုခုနှင့် တွဲဖက် သုံးဆောင်ပေးပါကလည်း သွေးအားနည်းရောဂါကို ပျောက်ကင်းစေပါသည်. .
. နှမ်းနက်စေ့သည် သွေးအားကောင်းစေသည့် ဆေးကောင်း အရင်းအမြစ်တစ်ခုပင်ဖြစ်ပါသည်

လေးဖက်နာ ရောဂါအကြောင်း သိကောင်းစရာ

လေးဖက်နာရောဂါ ဆိုတာကတော့ ကမ္ဘာပေါ်မှာ အမျိုးသမီးတွေကြား အဖြစ်များတဲ့ အဆစ်ရောင်ရောဂါ တစ်မျိုးဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း အမျိုးသမီးထုကြား အဖြစ်များတဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ လေးဖက်နာရောဂါဟာ လူရဲ့ အသက်ကို ချက်ချင်းမသေစေနိုင်သော်လည်း စောစောစီးစီး ကုသမှုမလုပ်ရင် နာတာရှည်ရောဂါသည်ဘဝနဲ့အိပ်ရာထဲလဲနေတာမျိုးထိ ဖြစ်နိုင်ပါတယ်။
အဲလိုမတိုင်ခင်မှာတော့ ဝေဒနာ ခံစားရသူအနေနဲ့ ရောဂါပြင်းထန်မှုပေါ် မူတည်ပြီး အဆစ်ကလေးများ နာကျင်ကိုက်ခဲ့ရမှုကြောင့် စိတ် အနှောင့်အယှက် ဖြစ်တာကစပြီး ချိနဲ့သွားကာ အလုပ်ခွင်မဝင်နိုင်တာအထိ ဆိုးရွားတတ်ပါတယ်။
ဒါကြောင့်လည်း မြန်မာလို လေးဖက်နာ လို့ခေါ်ကြတယ် ထင်ပါတယ်။ အင်္ဂလိပ်လို့တော့ Rheumatiod Arthritis (RA ) ခေါ်ပါတယ်။ မြန်မာ အမျိုးသမီးတွေကြား အဖြစ်များတဲ့ရောဂါမို သိသလောက် ရေးတာပါ။
ရောဂါ ဖြစ်နိုင်သူများ
၁။ မိသားစုဝင် ( ညီအစ်ကိုမောင်နှမများ ) များတွင်လေးဖက်နာရောဂါ ခံစားရသူရှိခြင်း၊
၂။ ဆေးလိပ်သောက်သူများ
၃။ ကလေးမီးဖွားပြီးစနှင့် နို့တိုက် မိခင်များ
၄။ အသက်လေးဆယ်ကျော် အမျိုုးသမီးများ

ရောဂါ လက္ခဏာများ
ဒီရောဂါရဲ့ ထူးခြားချက်ကတော့ ခြေဆစ် လက်ဆစ်ကလေးတွေဟာ ရောင်ရမ်းနာကျင်လာရင် ဘယ်ရော ညာပါ တစ်ပြိုင်တည်း ဖြစ်တတ်တာပါ။ လက်အဆစ်ကလေး တစ်ခုတည်းနာတာမျိုးမဟုတ်ဘဲ နှစ်ဖက်စုံနာရင် သတိထားစရာပါ။
နာကျင်တတ်တဲ့အဆစ်ကလေးတွေကတော့ လက်ချောင်း အဆစ်ကလေးများ၊ ခြေချောင်းအဆစ်ကလေးများ၊ ခြေကျင်းဝတ်အဆစ်နဲံ လက်ကောက်ဝတ် အဆစ်တွေကတော့ အဖြစ်များပါတယ်။
နောက်တစ်ချက်ကတော့ နံနက်စောစော အိပ်ယာထချိန်မှာ ခြေဆစ် လက်ဆေစ်ကလေးများ နာကျင်ပြီး တောင့်တင်နေတတ်တာပါ။ ရောဂါကို မကုသဘဲထားရင်တော့ အဆစ်ကလေးတွေရဲ့မူလ ဖွဲ့စည်းပုံ ပျက်ပြီး ပုံပျက်တတ်ပါတယ်။
 
 အခြားရောဂါ လက္ခဏာများ
လေးဖက်နာ ရောဂါဟာ ခန္ဓာကိုယ်မှ ခုခံအားစနစ်က ကိုယ့်ကိုယ်ကိုပြန်တိုက်လို့ ဖြစ်ရတာပါ။ ဒါကြောင့် body မှာရှိတဲ့ အဂါၤ အစိတ်အပိုင်းတွေကိုပါ တိုက်ခိုက်ပါတယ်။
ဒါကြောင့် ဖျားခြင်း၊ အလွယ်တကူမောပန်းခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ ကြွက်သားများ အားနည်းခြင်း၊ အရိုးပျော့ဲခင်း၊ သွေးအားနည်းခြင်း၊ သွေးယိုခြင်း၊ နှလုံးကြွက်သားများရောင်ခြင်း၊ ခြေလက်များ ထုံကျင်ခြင်း၊ သွေးကြောများရောင်ရမ်းပြီး ခြေလက်များ ပုပ်ခြင်း၊ အဆုတ်အတွင်း ရေစုခြင်းများ ဖြစ်တတ်ပါတယ်။
ဘယ်အချိန်မှာ ရောဂါရှိပြီပြောမလဲ ?
အခုဖော်ပြတဲ့ အချက်တွေထဲက အနည်းဆုံး (၄ ) ချက်ရှိရင် ရောဂါရှိနေပြီလို့ပြောနိုင်ပါတယ်။
၁။ အိပ်ယာထချိန်တွင် ၁ နာရီထက်ပိုအောင် ခြေဆစ်လက်ဆစ်ကလေးများ တောင့်တင်းနေခြင်း
၂။ ခန်ဓာကိုယ်ရှိ အဆစ် ၃ ဆစ်ထက်ပို ရောင်ခြင်း
၃။ လက်ဆစ်ကလေးများရောင်ရမ်း နာကျင်ခြင်း
၄။ အဆစ်များ ဘယ်ညာစုံရောင်ခြင်း
၅။ rheumatiod nodules ခေါ် အရေးပြားပေါ်တွင် ဖုလုံးလေးများ ထွက်လာခြင်း
၆။ သွေးထဲတွင် rheumatoid factor ရှိနေခြင်း
၇။ X- RAYS တွင် လေးဖက်နာရောဂါ လက္ခနာများတွေ့ရခြင်း
၈။ အထက်ပါ လက္ခဏာများ ၆ ပတ်ထိ ဆက်လက်ရှိနေခြင်း

ဘယ်အချိန်မှာဆေးခန်းပြသင့်လဲ?
အထက်မှာ ဖော်ပြခဲ့တဲ့ရောဂါလက္ခဏာတွေ ကိုယ့်မှာရှိနေပြီထင်ရင် နီးစပ်ရာ ဆရာဝန်နဲ့ တွေ့ပြီးပြသင့်ပါတယ် စောစော ကုသမှု ခံယူခြင်းဟာ အဆစ်ပုံပျက်ခြင်းကို ကာကွယ်နိုင်ပါတယ်။
နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ကုသခြင်းသာလျှင် အကောင်းဆုံးဖြစ်ပါတယ်။ ဆေးမြီးတိုနဲ့ ကုသခြင်းကို မလုပ်သင့်ပါဘူး။

ဘယ်လိုကုသမလဲ?
အဓိက ကုနည်းကတော့ ခန်ဓာကိုယိကို အနားပေးဖို့ပါပဲ။ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေမလုပ်သင့်ပါဘူး။
ပေါ့ပါးတဲ့လေ့ကျင့်ခန်းများသာ လုပ်ဆောင်သင့်ပါတယ်။
လိုအပ်မှသာ ဆေးရုံတတ်ရတာပါ။ များသောအားဖြင့် အိမ်မှာ အနားယူ ကုလို့ ၇တဲ့ရောဂါပါ။
prednisalone နဲံ စတီးရွိက်မဟုတ်သော အရောင်ကျဆေးများကို ဆရာဝန် ညွှန်ကြားသည့် အတိုင်းသောက် ရပါမယ်။
မိမိသဘောအတိုင်း မသောက်သင့်ပါဘူး။ ဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးကို သတိထားရပါတယ်။

လေးဖက်နာအတွက်သုံးသောဆေးဝါးများ
DMARD (disease modifying antirheumatic drugs).....တွေဟာလေးဖက်နာမှာ သုံးတဲ့နောက်ဆုံးပေါ် ဆေးတွေဖြစ်ပါတယ်။ ရောင်ရမ်းခြင်းကို ချက်ချင်းမကျစေပေမယ့်
ရောဂါတိုးဖြစ်တာကို ကာကွယ်ပေးနိုင်ပါတယ်။
1. methotrexate 5-25 mg/week
2. sulfasalazine 2-3 g/day ကို အသုံးများပါတယ်။
ဒီဆေးတွင်အပြင်prednisalone ဆေးကိုပါ တွဲသုံးရင်ပိုကောင်းတယ်ဆိုပါတယ်။ ဒီဆေးတွေန ဲ့မသက်သာရင် တခြား DMARD ဆေးတွေကိုသုံးလို့ရပါတယ်။
သတိထားရမှာက ဒီဆေးတွေဟာ အစာအိမ်နဲ့ အူလပ်းကြောင်းမှာ ဆိုးကျိုးတွေ ပိုပေးတတ်လို့ ဆေးကို ဆရာဝန် ညွှန်ကြားသည့် အတိုင်းသာ သောက်သင့်ပါတယ်။ ဒါ့အပြင် ရောဂါ တိုးတက်မှု ကိုလည်း ဆရာဝန်နဲ့ ပြပြီး ပုံမှန် စစ်ဆေးသင့်ပါတယ်။
လိုအပ်တဲ့ကုသမှုတွေကိုလည်း တိတိကျကျ လိုက်နာဖို့ လိုပါတယ်။
Mg Mandalay
Posted by www.irrawaddy.com

ရေခဲရေသောက်ခြင်း ၏ အန္တရာယ်(ဆိုးကျိုး)

ရေခဲရေကိုလျော့သောက်ပါ
လွန်ခဲ့တဲ့ ရက်ပိုင်းက မန်းလေးမြို့ကျုံးနံဘေးတွင် ညနေဘက်အပြေးလေ့ကျင့်သူတဦးကို
ရေခဲစိမ် ရေသန့်ဘူးပေးလိုက်ရာ တစ်ရှိန်ထိုးမော့ချလိုက်ပြီးနောက် သတိလစ်လဲကျပြီး ပါးစပ်မှ အမြှုပ်များ ထွက်လာသဖြင့် ဆေးရုံသို့ ပို့လိုက်ရသည်ဟု သိလိုက်ရသည်။
နေပူထဲမှပြန်လာပြီး အိမ်ရောက်သည် နှင့် ရေခဲသေတာထဲမှ ရေအေးအေးတစ်ပုလင်း
ထုတ်ယူပြီး အားရပါးရ သောက်ချလေ့ရှိသူ တစ်ဦးသည် လွန်ခဲ့သောရက်ပိုင်းက မျက်စိများ နီရဲလာပြီး ခေါင်းကိုက်လာသဖြင့် ဆေးခန်းတခု တွင် သွေးချိန်ကြည့်ရာ 200mmHg တတ်နေသဖြင့် ဦးနှောက်သွေးကြောပေါက်နိင်သောကြောင့် ဆရာဝန်းက ဆေးရုံတတ်ခိုင်းလိုက်ကြောင်းသိရသည်။
ရာသီဥတုပူပြင်းသဖြင့် ပြင်ပသို့ လုံး၀ မထွက်ဘဲ အိမ်ထဲမှာနေရင်း ရေခဲရေကို(water Cooler)
စက်မှယူပြီး တစွတ်စွတ်သောက်လေ့ရှိသော မိသားစုတစုရှိသည်။သူတို့တအိမ်လုံး မိတ်အိုင်းခေါ် မိတ်ဖုအပျဉ်လိုက်ထွက်ပြီး နီရဲနေသည်ကိုတွေ့ရသည်။ ၂နှစ်၊၃နှစ်အရွယ်ကလေးများ ရေခဲရေသောက်ပြီး ခေါင်းတွင် အပူဖုကြီးများထွက်ပြီး အချို့
အဖုကြီးများ ပြည်တည်ပြီး အပူဖုကဲ့သို့ ဖြစ်နေသည်။
ရေခဲရေကိုလေဖြင့် မှုတ်ပေးသည်. ပန်ကာတမျိူး Air Cooler ဝယ်ပြီးအသုံးပြုနေသူများမှာ
မျက်နှာများရောင်အမ်းညခင်း၊အရေပြာထူပြီး ယားနားများထွက်ခြင်းတို့ဖြစ်ကြောင်း သတိထားမိသဖြင့် လေမှုတ်ပန်ကာထဲသို့ရေခြရေ မထည့်ဝံတော့ဘဲ ရိုးရိုးရေကိုသာ
ထည့်ပြီး သုံးစွဲနေရကြောင် သဲချင်းတဦးက ပြောပြလို့ သိရသည်။
ရေခဲချောင်း၊ရေခဲထုတ်စား သည့် ကလေးများမှာ အပူကန်ခြင်း၊မျက်နှာနှင့် မျက်ခွံများပေါ်တွင်
မိတ်ဖုကြီးများ အနာဖုများ ထွက်ခြင်း၊ အစာမကြေခြင်း အာသီးရောင်ခြင်းများ အပြင် အချို့မှာ
ရေခဲမသန့်သဖြင့် ဝမ်းကိုက်ခြင်း၊ဝမ်းလျှောဝမ်းပျက်ခြင်းများ ဖြစ်ကြောင်းသိရသည်။
စိတ်ပင်ပန်းသူ။သောကများသူ၊စာမေးပွဲနီးချိန် ၌ ကျောင်းသူ၊ကျောင်းသားများတွင်လည်း
ပါးစပ်နာများတွေ့ရသည်။
ထမင်းစားပြီး ရေခဲမုန့်စားကြသူများကို စားသောက်ဆိုင်ကြီးများတွင် တွေ့ဖူးသည်။ အချို့ဆိုင်က စားသုံးသူများကို Bill ရှင်းသည့်အခါ အချိုပွဲအဖြစ်ရေခဲမုန့်များလာချပေးသည်။
အချို့အလှူ၊မင်္ဂလာဆွမ်းကပ်များတွင် ဝါးတီး သွားဆွဲ ကြသည့်အခါ ထမင်း(သို့)ဒံပေါက်
၊ကြက်ဆီထမင်း စသည်တို့ ကျွေးမွေးဧည့်ခံပြီးနောက် အချိုပွဲဝိုင်းသို့ ထပ်မံသွားရောက်ရန်
ဖိတ်ခေါ်ပြီး အချိုပွဲများနှင့် ရေခဲမုန့်ကျွေးသည်ကို တွေ့ရသည်။ရေခဲမုန့်အပြင်ရေခဲရေကို
တိုက်သည်. အလှူများလည်းရှိသည်။
ရှေးလူကြီးများပြောသည့် “ဝမ်းမီး” ဆိုသောစကားကို ကြားဖူးမယ်ထင်ပါတယ်။
လူ၏အစာအိမ်ထဲတွင် မြန်မာတိုင်ရင်းဆေးဆိုအရ ဝမ်းမီးဆိုသော အစာချေသည့်မီးရှိသည်။
ဝမ်းမီးတောက်မှအစာကြေမည်။အစာကြေမှ ဝမ်းမှန်မည်။ဝမ်းမှန်မှသာ အကြောအခြင်များ
ပေါ့ပါးပြီး နေထိုင်ကောင်းမည်။ထိုင်းမှိုင်းခြင်း၊နောက်ကြောတတ်ခြင်း၊ဇက်ထိုးခြင်းတို့မှာ ဝမ်းချုပ်သူများတွင်ဖြစ်လေ့ရှိသော ရောဂါများဖြစ်သည်။
ထိုကဲသို့ရေခဲရေ သောက်ချလိုက်သည်နှင့် အစာကြေချက်ရန် တောက်နေသောဝမ်းမီးကို
ငြိမ်းလိုက်သည်နှင့်တူသည်။မီးပုံကြီးကိုရေနှင့်လောင်းချလိုက်သော်အခါ ဝုန်းခနဲ့ အခိုးအငွေ့များနှင့် ပြာပူများ အထက်သို့ ပြန်လွင့်တက်သွားသည်ကို မြင်ရသည်ဟုတ်။ ။
ထိုအခိုးအငွေ့များသည် အစာအိမ်မှထက်သို့ တက်လျှင်လည်ချောင်းတလျှောက်နှင့်
အာခေါင်၊လျှာ၊သွားဖုံး စသည့်တို့သို့ ရောက်မည်ဖြစ်သည်။မြေသောက်ရေအိုးတွင်
ထည့်ထားသော ရေအိုးသည် သာမန်ရေအေးဖြစ်သည်။ထိုရေကိုပင် အပူထဲကပြန်လာလျင်း
ချက်ချင်းမသောက်သင့်။ချွေးသိပ်ပြီးမှ သောက်ရမည်ဟု ရှေးလူကြီးများ ကဆိုသည်။
ရေခဲသေတ္တာ မှထွက်လာသော ရေပုလင်းများ၊Water Cooler မှကျလာသောရေတို့သည် သဘာ၀ လွန်ကဲသော ရေပျက်ဖြစ်သည်။
ရေခဲရေကို အစဉ်သောက်သူများအားလေ့လာကြည့်
တဲ့အခါ ခဏတာသာ ရေငတ်ပြေ ပြီး ပြန်ပူလာခြင်း၊မကြာခဏရေငတ်ခြင်း၊အာခြောက်ခြင်း၊
အာသီးရောင်ခြင်း၊သွားနာခြင်း၊သွားဖုံးကြွခြင်း၊လျှာအရသာမတွေ့ခြင်း၊လည်ချောင်းပူခြင်း၊
နာခြင်း၊အစာရေမျိုပြွန်ရောင်ခြင်း၊ဖျားလျှင် အလွယ်တကူအူရောင်ခြင်း၊တကိုယ်လုံးညောင်း
ကိုက်ပြီးနောက်ကျောတတ်ခြင်း၊မျက်စိအမြင်မကြည်လင်ခြင်း၊အပူဖုများထွက်ခြင်းတို့
မလွဲမသွေ ဖြစ်နိင်သည် ဟု ဆေးပညာ ဂျာနယ်တစောင်က ရေးသားထားသည်။
ရတနာပုံသတင်းစာမှ……………………..
ပူသောရာသီတွင် မြေအိုး၊သဘာဝရေအိုးမှ အေးသောရေကိုသာသောက်ပါ။
ဖြစ်နိင်ရင်ကြိုချက်ပြီးသောရေကိုအအေးခံပြီး ရေကျက်အေးသောက်ပါ။
ရေနွေးကြမ်း(သို့) အဖန်ရေကို ထမင်းစားပြီးတိုင်းသောက်ပါ။
နံနက်အိပ်ယာထရေမချိုးမီ ၊ညအိပ်ယာဝင်ချိန်တို့တွင် ရေတခွက်သောက်သောအကျင့်ကိုကျင့်ပါ။
ရေခဲရေ အလွန်အေးအောင်ပြုလုပ်ထားရေကိုရှောင်ပါ။
ထမင်းစားနေစဉ် ထမင်းစားပြီး ရေခဲရေ တဆက်တည်းသောက်လျှင် အစာအိမ်ကိုဥပါတ်ဖြစ်စေသည်။
ရေကြောင့်အသက်ရှည်စေသည်။ရေခဲရေကြောင့်အသက်တိုစေသည်။ ။
ကဲ ရေခဲရေ ကို လျော့သောက်တော့နော်



ခြေဖဝါးနှင့် ကျန်းမာရေး

 







ကျန်းမာရေးအတွက် အဘယ်ကြောင့် လမ်းလျှောက်ရန် လိုသနည်း
လမ်းလျှောက်ခြင်းကြောင့် ကျန်းမာရေးနဲ့ ပက်သက်ပြီးတော့ ရရှိတဲ့ အကျိုးကျေးဇူးကတော့ ပြောမကုန်အောင်များပြားပါတယ်။ ခန္ဓာကိုယ်အင်္ဂါ အစိတ်အပိုင်းတွေရဲ့
Sensory touches တွေဟာ ခြေဖဝါးမှာ စုစည်းလို့နေ တယ်လို့ သိရပါတယ်။
ပုံမှာမြင်တွေ့ရတဲ့အတိုင်း ခြေဖဝါးရဲ့ မျက်နှာပြင်တစ်ခုလုံးမှာ ခန္ဓာကိုယ် အစိတ်အပိုင်းများ၏ ထိတွေ့မှုအာရုံများ ရှိနေပြီး ခြေဖဝါးနှိပ်နယ်ခြင်း (Foot message) လုပ်တာဟာ ခန္ဓာကိုယ်တစ်ခုလုံး နာကျင်ကိုက်ခဲမှုတွေကို ပြေပျောက်စေတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။
အာရုံကြောတွေဟာ တစ်ခုခြင်းစီရဲ့အင်္ဂါအစိတ်အပိုင်းအားလုံးကို ဆက်သွယ် ထားပါတယ်။
ဒါကြောင့်မို့ လမ်းလျှောက်ခြင်းဟာ ခန္ဓာကိုယ်အစိတ်အပိုင်း အားလုံးနဲ့ တိုက်ရိုက်ဆက်သွယ် အကျိုးပေးမှုတယ်လို့ လေ့လာသိရှိနိုင်မှာ ဖြစ်ပါတယ်။
(ဥပမာ-လမ်းလျှောက်ခြင်းဖြင့် သွေးလည်ပတ်မှုအား ကောင်းစေခြင်း စသည်ဖြင့်......)
ယင်းနှင့်ပက်သက်ပြီး အကျယ်တစ်ပွင့်ရှင်းလင်းချက်ကို Acupressure studies / textbooks တို့အပြင် အခြားအခြားသော ဆေးပညာစာအုပ်တွေမှာ ပါ လေ့လာဖတ်ရှုနိုင်ပါ တယ်။
Via: General Knowledge
(ခြေဖဝါး ကျန်းမာရေးနဲ့ ပက်သက်ပြီး သိထားတဲ့ ဗဟုသုတလေးများရှိရင် စာဖတ်သူတို့ Share ပေးစေလိုပါတယ်)
ရှေးရှေးက ဘိုး၊ဘွား တွေ အုန်းမုတ်ခွက် ၂ ခုကိုမှောက်ပြီး တက်နင်းပေးရင်း ကျန်းမာရေးအထူးကောင်မွန်ကြောင်း မြန်မာ့နည်းလေးတစ်ခု ကျွန်တော်ကြားဖူးပါတယ်။
လေးစားစွာဖြင့် .... မောင်မြင့်

ခြေဖဝါးရိုက်ပုတ်ခြင်းဖြင့် ကျန်းမာ သက်ရှည်နည်း

အများအားဖြင့် လူတို့သည် မိမိတို့၏ ခြေနှစ်ဖက်အားအရေးထားလေ့မရှိဘဲလျစ်လျူရှုထားတတ်ကြပါသည်။
ခန္ဓာကိုယ်အပေါ်ပိုင်းတွင် ရှိသော ဦးနှောက်၊ နှလုံး၊ အဆုတ် စသော ကိုယ်အင်္ဂါ အစိတ်အပိုင်းကိုသာ အလေးထားတတ်ပါသည်။
ထိုကိုယ်အင်္ဂါ အစိတ်အပိုင်းများကသာ လူတို့၏ ကျန်းမာရေး၊ အသက်ရှင်ရေးနှင့် တိုက်ရိုက်ဆက်နွယ် ပတ်သက်ကြသည်ဟု ယူဆကြပါသည်။အမှန်မှာ ထိုသို့ မဟုတ်ပါ။ ခန္ဓာကိုယ် အောက်ပိုင်းတွင်ရှိသော ခြေနှစ်ချောင်းသည်လည်း လူတို့၏ ကျန်းမာရေး၊ အသက်ရှင်ရေးနှင့် အလွန်ပင် နီးကပ်စွာ ဆက်နွယ်နေပါသည်။

ခြေနှစ်ဖက်ကို လူတို့သည် လမ်းလျှောက်ရာ၌၎င်း၊ ရပ်တည်ရာ၌၎င်း၊ ပြေးခုန်ရာ၌၎င်း အသုံးပြုကြသော်လည်း ခြေနှစ်ဖက်ကို တယုတယ ထိန်းထိန်းသိမ်းသိမ်း ပြုစုပျိုးထောင်ပေးသူ အလွန်ရှားပါသည်။
တရုတ်ရှေးဟောင်း ဆေးပညာအလိုအရ လူတို့၏ တစ်ကိုယ်လုံးတွင် မျက်စိဖြင့် မမြင်နိုင်သော “ကျင်းလို့” ဟုခေါ်သည့် အကြောကလေးများ ပျံ့နှံ့နေပါသည်။
ထိုအကြောကလေးများသည် လူတို့ အသက်ရှင်နေထိုင်နိုင်အောင် စားသောက်သော အစားအစာ, ရှူသွင်းလိုက်သော လေတို့မှ အာဟာရဓာတ်များကို “ချီ” ဓာတ်အဖြစ်သို့ ပြောင်းလဲပေးပြီး တစ်ကိုယ်လုံးသို့ ပျံ့နှံ့အောင် ပို့ဆောင်ပေးပါသည်။
ထိုအကြောကလေးများ အတွင်း၌ အကြောင်းတစ်စုံတစ်ရာကြောင့် ဟန့်တားနှောင့်ယှက်မှု တစ်ခုခု ကြုံတွေ့ရလျှင် “ခီ”ဓာတ် စီးဆင်းမှုလည်း ရပ်တန့်သွားတတ်ပါသည်။
ထိုအခါ သက်ဆိုင်ရာ နေရာများတွင် “ချီ”ဓာတ်များ ရေအိုင်များကဲ့သို့ အိုင်ထွန်းလာပြီး ရှေ့ဆက်မစီးဆင်းတော့ပေ။
ထိုနေရာတွင်ရှိသော ခန္ဓာကိုယ် အစိတ်အပိုင်းများသည်လည်း နာကျင်ကိုက်ခဲခြင်း၊ ရောင်ရမ်းခြင်း၊ အလုံးအကျိတ်များ ဖြစ်ပေါ်လာခြင်း စသည်များ ခံစားလာရတတ်ပါသည်။
ထိုအင်္ဂါအစိတ်အပိုင်း၏ လုပ်ဆောင်ချက်သည်လည်း မှန်ကန်မှု မရှိတော့ပေ။ ထိုအခါ လူတို့သည် ရောဂါဘယ အမျိုးမျိုး ရရှိခံစားလာရပါတော့သည်။
ထို့ကြောင့် “ခီ”ဓာတ်များ စီးဆင်းမှု မှန်ကန်စေရန် “ကျင်းလို့” အကြောများကို ဖွင့်ပေးရပါသည်။ ဟန့်တား နှောင့်ယှက်မှု မှန်သမျှကို ဖယ်ရှားပေးရပါသည်။
ထိုအခါ “ချီ”ဓာတ်သည် တစ်ကိုယ်လုံးသို့ ကောင်းမွန်စွာ စီးဆင်းခွင့်ရသောကြောင့် လူတို့သည် ရောဂါပျောက်ကင်းပြီး ကျန်းမာလာပါတော့သည်။
လူတို့သည် အသက်အရွယ် ကြီးရင့်လာသောအခါ ကျန်းမာရေး တဖြည်းဖြည်း ကျဆင်းလာတတ်ပါသည်။ ထိုသို့ ဖြစ်ရခြင်းမှာ ခန္ဓာကိုယ်တွင်းရှိ “ချီ”ဓာတ်များ လျော့နည်းလာ၍ ဖြစ်ကြောင်း “ချီ”ဓာတ်များ လျော့နည်း လာရခြင်းသည် လူတို့၏ မျိုးပွားအင်္ဂါစွမ်းအင် (သို့) လိင်စွမ်းအင်နှင့် အစာခြေစွမ်းအင် နှစ်ရပ် ကျဆင်း၍ ဖြစ်ရကြောင်း ရှေးဟောင်း တရုတ်ဆေးပညာက ဆိုပါသည်။
ခြေဖဝါးအလည်တွင်ရှိသော “ယုံချွမ်”သွေးပေါက် ပုံ(၁)သည် တစ်ကိုယ်လုံးသို့ မျိုးပွားအင်္ဂါစွမ်းအင် (သို့) လိင်စွမ်းအင် “ချီ”ဓာတ်များ စတင်ထုတ်လွှတ် စီးဆင်းရာ ဗဟိုချက်မတစ်ခု ဖြစ်ပါသည်။
ထိုနေရာသည် တစ်ကိုယ်လုံးတွင်ရှိသော “ချီ”ဓာတ် စီးဆင်းရာ “ကျင်းလို့”များ စုဝေးရာ နေရာ တစ်ခုလည်းဖြစ်သောကြောင့် လူတို့အတွက် လွန်စွာမှ အရေးကြီးပါသည်။
“ယုံချွမ်”သွေးပေါက်အား နှိုးဆွပေးခြင်း၊ နှိပ်နယ်ပေးခြင်းသည် လူတို့ ကျန်းမာသက်ရှည်ရေးအတွက် လွန်စွာမှ အထောက်အကူပြုကြောင်း ရှေးဟောင်း တရုတ်ဆေးကျမ်းများက လွန်ခဲ့သောနှစ် ထောင်ပေါင်းများစွာ ကတည်းက မှတ်တမ်းတင်ထားခဲ့ပါသည်။
ယခုတင်ပြလိုသော “ခြေဖဝါးရိုက်ပုတ်ခြင်းဖြင့် ကျန်းမာသက်ရှည်နည်း”သည် တရုတ်ရှေးဟောင်း “ကျင်းလို့” ပညာကို အခြေခံထားပြီး လူတိုင်း အချိန်တိုအတွင်း လွယ်ကူစွာ သင်ယူတတ်မြောက်နိုင်ပါသည်။
ထို့ပြင် လွယ်ကူသော်လည်း ကျန်းမာရေးအတွက် ထိရောက်သော အကျိုးကို ပေးမည်ဖြစ်ပါသည်။
ရှေးဦးစွာ ထိုင်ခုံတစ်လုံးတွင် တည့်မတ်စွာ ထိုင်ပါ။ မိမိ၏ ပေါင်သည် ကြမ်းပြင်နှင့် တပြေးညီ ဖြစ်စေရန် ထိုင်ခုံ မနိမ့်မမြင့် ဖြစ်စေရပါမည်။ ထို့နောက် မျက်စိနှစ်ဖက်ကို မှိတ်ပြီး (၁၅)မိနစ်ခန့် ငြိမ်သက်စွာ နေရပါမည်။ ပြီးလျှင် မျက်စိပြန်ဖွင့်ပြီး ညာခြေကို ဘယ်ဒူးပေါ် ကန့်လန့်တင်လိုက်ပါ။ ညာလက်ဖြင့် မိမိ၏ ညာခြေ
ခြေချင်းဝတ်နားတွင် ထိန်းကိုင်ထားပါ။
ထို့နောက် ဘယ်လက်ဖဝါးကို အသုံးပြုပြီး ညာခြေဖဝါးရှိ “ယုံချွမ်”သွေးပေါက်အား ရိုက်လိုက်ပါ။ ရိုက်သည့်အခါ အားအနည်းငယ် စိုက်ထုတ်ရပါမည်။
(မှတ်ချက် “ယုံချွမ်” သွေးပေါက်သည် ခြေဖဝါးအလယ် တည့်တည့်တွင် တည်ရှိခြင်းမဟုတ်၊ အလယ်ဗဟိုမှ ခြေဖျားဘက်သို့ (၁)လက်မခန့် အကွာအဝေးနေရာတွင် တည်ရှိပါသည်။
ဤသို့ သတ်မှတ် အရေအတွက်ပြည့်မီအောင် ရိုက်ပြီးပါက ဘယ်ခြေဖဝါးကို ညာလက်ဖြင့် ပြောင်း၍ အထက်ပါနည်းအတိုင်း ရိုက်နှက်ပေးရပါမည်။
ဂရုပြုရမည့်အချက်မှာ ပထမနေ့တွင် ခြေဖဝါးတစ်ဖက်လျှင် အချက်(၁၀၀)စီ၊ ဒုတိယနေ့တွင် အချက်(၂၀၀)စီနှင့် တတိယနေ့တွင် အချက်(၃၀၀)စီအထိ ရိုက်နှက်ရပါမည်။
ကျန်းမာရေး ပိုမိုကောင်းမွန်လိုသူများ မိမိအခြေအနေကို ချင့်ချိန်ပြီး တဖြည်းဖြည်း တစ်ဖက်လျှင် (၉၀၀) ချက်စီထိ တိုး၍ ရိုက်နှက်နိုင်ပါသည်။
မနက်တစ်ကြိမ်၊ ညတစ်ကြိမ် ခွဲ၍လည်း ရိုက်နှက်နိုင်ပါသည်။
ရိုက်နှက်ခြင်းပြီးလျှင် ခြေဖဝါးကို ပြန်ချပြီး မျက်စိမှိတ်ကာ (၁၅)မိနစ်ခန့် ငြိမ်သက်စွာ ထိုင်နေရပါမည်။ ထိုစဉ် တစ်ကိုယ်လုံးရှိ အကြောအခြင်များကို လျှော့ထားရပါမည်။ ပြီးမှ ကျင့်စဉ်ကို အဆုံးသတ်ကာ နေရာမှ ထနိုင်ပါသည်။
သက်သာပျောက်ကင်းနိုင်သော ရောဂါများ---
ဤ“ခြေဖဝါးရိုက်နည်း” ကျင့်စဉ်သည် တစ်ကိုယ်လုံးရှိ “ကျင်းလို့” အကြောများကို ပွင့်သွားအောင် လုပ်ဆောင်ပေးနိုင်သောကြောင့် ခန္ဓာကိုယ်တွင်း “ချီ”ဓာတ်များ စီးဆင်းမှု မမှန်ခြင်းကြောင့် ဖြစ်ပွားခံစား ရသော ရောဂါအမျိုးမျိုးကို သက်သာပျောက်ကင်းစေပါသည်။
ခန္ဓာကိုယ် ခုခံအားကို တိုးပွားစေပြီး စားဝင် အိပ်ပျော်စေပါသည်။ စိတ်ကို ရွှင်လန်းတက်ကြွစေပါသည်။
ခေါင်းမူး ခေါင်းကိုက်ခြင်း၊ နားအူ လေထွက်ခြင်း၊ အိပ်မပျော်ခြင်း၊ မှတ်ဉာဏ်လျော့နည်းလာခြင်း၊ နှလုံး၊
သွေးတိုးနှင့် ဆီးချိုရောဂါဖြစ်ခြင်း၊ သွေးဖိအားနှင့် သွေးတွင်း အချိုဓာတ် ကျဆင်းခြင်း၊ အသည်းနှင့် သည်းခြေရောဂါ၊ ကျောက်ကပ်ရောင်ခြင်း၊ သွေးအားနည်းရောဂါ၊ အဆုတ်ရောဂါ၊ အဆစ်အမြစ် ကိုက်ခဲရောင်ရမ်းခြင်း၊ လေဖြတ်ပြီး ခြေလက်အကြောသေခြင်း၊ ရာသီသွေး မမှန်ခြင်း၊ ဆီးကျိတ်ရောင်ခြင်း၊ ကာမဆန္ဒ အားနည်းခြင်း စသည့် ရောဂါများ သက်သာပျောက်ကင်းနိုင်ပါသည်။
နေ့စဉ် အနည်းဆုံး (၁)ကြိမ် ဝီရိယရှိစွာဖြင့် မပျက်မကွက် ရိုက်နှက်ပေးရပါမည်။ ညဘက် ရိုက်ပြီးလျှင်
ခြေဖဝါးနှစ်ဖက်ကို ရေနွေးခပ်ပူပူတွင် (၁၅)မိနစ်ခန့် စိမ်ပြီးနောက် အဝတ်ဖြင့် ခြောက်အောင်သုတ်ပါ။ ပြီးလျှင် အိပ်ရာသို့ တန်းဝင်ပါက ချက်ချင်း အိပ်ပျော်ပါမည်။
ဤသို့ ရေနွေးဖြင့် ခြေဖဝါးကို စိမ်ပေးခြင်းသည် ကျင့်စဉ်ကို ပိုမို အကျိုးထိရောက်စေမည်ဖြစ်ကြောင်း စေတနာကောင်းဖြင့် ရေးသား တင်ပြအပ်ပါသည်။

ဆေးဖက်ဝင် ဒန့်သလွန်သီး ၊ ဒန့်သလွန်ရွက်

ဒန့်သလွန် ဒန့်သလွန်သီး ၊ ဒန့်သလွန်ရွက်ကို မြန်မာလူမျိုးများက နှစ်သက်စွာ ချက်ပြုတ်စားသောက်လေ့ရှိကြပါသည်။ ဒန့်သလွန်သီးကို ချဉ်ရည်ဟင်း ချက်ပြုတ်လေ့ရှိပြီး ဒန့်သလွန်ရွက်ကို ကြော်လို့ တစ်ဖုံ၊ ဟင်းခါးရည် ချက်လို့ တစ်မျိုး စားကြပါသည်။ ကဝိလက္ခဏာ သတ်ပုံကျမ်း၌ “ဒန့်သလွန်”ဟု ရေးသားပါသည်။ ဒန့်သလွန်၏ ရုက္ခဗေဒအမည်သည် Moringa Oleifera ဖြစ်ပြီး horseradish tree, drumstick tree, Ben Oil tree ဟု အရပ်အမည် ခေါ်တွင်ပါသည်။ ဒန့်သလွန်၏ ဇာတိနေရာမှာ အိန္ဒိယနိုင်ငံ ဖြစ်ပြီး အပူပိုင်းဒေသနိုင်ငံများကို ပျံ့နှံ့ပေါက်ရောက်နေပါသည်။ ယနေ့တွင် အာဖရိကနိုင်ငံများ ၊ တောင်အမေရိက ၊ သီရိလင်္ကာ ၊ မက်ဆီကို ၊ မလေးရှား ၊ ဖိလစ်ပိုင်နိုင်ငံများတွင် အများအပြား စိုက်ပျိုးကြပါသည်။ ဒန့်သလွန်ကို နိုင်ငံအလိုက် သက်ဆိုင်ရာ ဘာသာစကားနှင့် အမည်တွင်ပေမယ့် အသီး ပုံသဏ္ဍာန်ကြောင့် drumstick tree လို့ လူသိများပါသည်။
ဒန့်သလွန်ပင်တစ်ပင်လုံးဟာလွှင့်ပစ်စရာမရှိအောင်ကိုအဖိုးတန်လှပါတယ်။ ရှေးနှစ်ပေါင်းများစွာကတည်း ကပင် ဆေးဖက်ဝင်အပင် အဖြစ် ဒန့်သလွန်ဟာ ယနေ့ထက်တိုင် အကျိုးပြုနေဆဲ ဖြစ်ပါတယ်။ ဒန့်သလွန်ရွက်မှာ ပိုတက်ဆီယမ်၊ သံဓာတ်၊ ပရိုတိန်း ၊ ဗီတာမင်စီ ဓာတ်များ ပါရှိနေပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံမှာတော့ ဒန့်သလွန်ရွက်ဟင်းရည်ကို သွေးတိုးရောဂါရှင်များအတွက် ချက်ပြုတ်ပေးလေ့ရှိကြပါတယ်။ အခြား နိုင်ငံများတွင်မှာတော့ အရွက်ခြောက်ကို အမှုန့်ပြုလုပ်ကာ ဟင်းရည်များတွင် ထည့်ကာ ချက်ပြုတ်လေ့ရှိကြပါတယ်။ ဒန့်သလွန်သီး အသီးနုများကို ဟင်းချက်စားကြပြီး ရင့်သောအသီးမှ အစေ့များကို မြေပဲကဲ့သို့ စားကြပါတယ်။

ဒန့်သလွန်သီး အစေ့မှ ဆီ ထုတ်ယူပြီး စားသုံးဆီ ၊ စက်သုံးဆီ အဖြစ် အသုံးပြုကြပါတယ်။ ဒန့်သလွန်အပွင့်များကိုလည်း ချက်ပြုတ်စားကြပါတယ်။ ဒန့်သလွန်ပွင့်မှာ လည်းပဲ ကယ်လစီယမ်၊ သံဓာတ် ၊ ဗီတာမင် အေ ၊ ဗီတာမင် ဘီ ၊ ဗီတာမင် စီ နှင့် ပရိုတိန်းဓာတ်များ ကြွယ်ဝနေပါတယ်။ ဒန့်သလွန်ပွင့်ကို ဟင်းချက်လျှင် အရသာမှာ မှိုနှင့်ဆင်တူပါတယ်။ ဒန့်သလွန်ပင်ရဲ့ အခေါက်၊ အမြစ် ၊ အရွက် ၊ အသီး ၊ အပွင့် အားလုံးတို့ဟာ ရိုးရာတိုင်းရင်းဆေးအဖြစ် နိုင်ငံ အတော်များများမှာ အသုံးဝင်ပါတယ်။ ဒန့်သလွန်ပင်ဟာ ၁၀ မီတာခန့် မြင့်ပြီး ကိုင်းများက ကျွတ်ဆတ်ပါတယ်။ အိန္ဒိယနိုင်ငံမှာတော့ ကိုင်းဖြတ် မျိုးပွားယူကြပါတယ်။ ဇွန်လ ၊ ဇူလိုင်လ ၊ သြဂုတ်လများတွင် ဒန့်သလွန်ကိုင်းကို ကိုင်းအရှည် ၁ မီတာမှ ၂ မီတာ အတွင်း ဖြတ်ပြီး အပင်အသစ်အဖြစ် ပြန်လည် စိုက်ပျိူးကြပါတယ်။ စိုက်ပျိုးပြီး ၆ လမှ ၈ လ အကြာမှာတော့ အသီး စတင် သီးပါပြီ။ အပင်တစ်ပင်လုံး အသုံးဝင်သော ဒန့်သလွန်ပင်မှာ အသီး ၊ အရွက် ၊ အပွင့်တို့က အရသာလည်း ရှိတာကြောင့် အမျိုးမျိုး စီမံချက်ပြုတ် စားသောက်ခြင်းဖြင့် အစာလည်းဆေး ၊ ဆေးလည်းအစာ ဖြစ်နေပါတယ်။ သွေးတိုးရောဂါအတွက် ဒန်.သလွန် ဒန်.သလွန်ပင်ဟာ ဆေးဖက်ဝင်တဲ. အပင်ဖြစ်ပြီး သွေးပေါင်ချိန်(BP)ကျစေတဲ. အာနိသင်တွေ ပါဝင်ပါတယ်။ အထူးသဖြင်. အရွက်မှာ အများဆုံးပါ ပါတယ်။

ဒန်.သလွန်ရွက်မှာ သွေးပေါင်ချိန်ကိုကျစေနိုင်တဲ. အဓိကဒြပ်ပေါင်း (၅)မျိုးရှိတယ်လို.ဆိုပါတယ်။ Niazinin A Niazinin B Niaziminin A Niaziminin B Niazimicin တို.ဖြစ်ပါတယ်။ ဒီဒြပ်ပေါင်းတွေအားလုံးဟာ အခြားအသီးအနှံတွေမှာ ပါဝင်မှုနည်းပြီး ရှားလည်းရှားပါတယ်။ ဒန်.သလွန်အရွက်နဲ. အသီးမှာသာ အများဆုံးတွေ.ရပါတယ်။ ဖေါ်ပြပါ ဒြပ်ပေါင်းတွေဟာ ကြွက်သားလေးတွေ တင်းမာမှုကို လျောပါးစေပါတယ်။ သွေးတိုးရောဂါဖြစ်ပြီဆိုရင် သွေးကြောလေးတွေတင်းမာပြီး ကျဉ်းကုန်ပါတယ်။ ဒန်.သလွန်အရွက်နဲ. အသီးမှာပါတဲ. ဓာတုပစ္စည်းတွေဟာ သွေးကြောနံရံမှာရှိတဲ. ကြွက်သားလေးတွေကို လျော.ပေးတဲ.အတွက် သွေးကြောလေးတွေ ကျယ်လာပြီး သွေးပေါင်ကျသွားပါတယ်။ သွေးတိုးကြောင်.ဖြစ်တဲ. ဇက်ကြောတက်တာ၊ ခေါင်းကိုက်တာတွေပါ ပျောက်ပါတယ်။ နောက်တစ်မျိုး သွေးပေါင်ချိန်ကျစေနိုင်တာကတော. ဒန်.သလွန်သီးအစေ.မှာ ဆီးသွားစေနိုင်တဲ.သတ္တိ (Diuretic action) ရှိတယ်လို.ဆိုပါတယ်။ ဒါကြောင်. သွေးတိုးရောဂါရှိသူတွေဟာ ဆီးဆေးသောက်စရာမလိုပဲ ဒန်.သလွန်သီးရဲ.အစေ.ကို စားရုံနဲ. ဆီးသွားပြီး သွေးပေါင်ကျစေဖို. အထောက်အကူပြုပါတယ်။

ဖောနေတဲ.သူတွေအတွက် ပိုပြီး အကျိုးရှိပါတယ်။ သွေးတိုးရောဂါဝေဒနာရှင်အတွက် ဓာတုဗေဒဆေးဝါးတွေကတော. သွေးပေါင်ကို စနစ်တကျတိုင်းတာပြီး ဆရာဝန်ညွှန်ကြားတဲ.အတိုင်း ဆေးအချိန်အဆကို တိတိကျကျ သောက်ဖို.လိုပါတယ်။ အဲဒီလို မသောက်နိုင်ရင် သွေးပေါင်ချိန် ထိုးပြီးကျဆင်းသွားနိုင်တဲ. ဘေးထွက်ဆိုးကျိုးဖြစ်တတ်ပါတယ်။ ဒန်.သလွန်အရွက်၊ အသီးစားလို. သွေးပေါင်ချိန်ထိုးပြီးကျသွာတာမျိုး ဖြစ်လေ.မရှိဘူးလို.ဆိုပါတယ်။ ဒါကြောင်. သွေးတိုးရောဂါဝေဒနာ ခံစားနေရသူတွေအတွက် ဒန်.သလွန်ရွက်၊ ဒန်.သလွန်သီးဟာ အလွန်ပဲ တန်ဖိုးရှိတဲ. အစားအစာတစ်ခုဖြစ်ပါတယ်။ ဒန်.သလွန်ရဲ.အာဟာရဓာတ်နဲ. ပဋိဇီဝဓာတ် ဒန်.သလွန်ဟာ ခန္ဓာကိုယ်အတွက် အာဟာရဓာတ်တွေပေးစွမ်းနိုင်ပါတယ်။ ဒန်.သလွန်သီးအခြောက်မှာ Protein ၂၉%၊ Carbohydrate ၂၈%နဲ. အဆီဓာတ် ၄% ပါဝင်ပါတယ်။ ပါဝင်တဲ.အဆီဓာတ်ကလည်း မပြည်.ဝဆီ (Unsaturated fat) ဖြစ်လို. လူရဲ. ကျန်းမာရေးကို များစွာ အထောက်အကူပြုပါတယ်။ ဗီတာမင်တွေအနေနဲ. Vitamin A, C, E, Niacin, B6 နဲ. Folic acid တို.ပါ ပါတယ်။ သတ္တုဓာတ်တွေအနေနဲ. Mg++, Ca++, Iron, Phosphorus, Selenium, Zinc စသဖြင်. အရေးပါသော သတ္တုဓာတ်တွေ အများကြီးပါ ပါတယ်။ Zinc ဆိုရင် 100g (၆ ကျပ် တစ်မတ်သား)မှာ 25mg အထိပါတဲ.အတွက် အပင်တွေထဲမှာ အများဆုံး ပါဝင်မှုဖြစ်တယ်လို. ဆိုပါတယ်။

ဒီအာဟာရဓာတ်တွေဟာ ကျန်းမာရေးကို အသီးသီး အထောက်အကူပြုပါတယ်။ နောက်တစ်ချက်ကတော. ဒန်.သလွန်သီးမှာပါတဲ. Pterygospermin ဆိုတဲ. ဓာတ်ပစ္စည်းဟာ သဘာဝပဋိဇီဝဆေး (Natural Antibiotic) တစ်ခုဖြစ်တယ်လို.ဆိုပါတယ်။ ဗက်တီးရီးယား အတော်များများကို သေစေနိုင်ပါတယ်။ ဒါ.အပြင် မှို (Fungi) တွေကိုပါ သေစေနိုင်တာဖြစ်တဲ.အတွက် အရေပြားမှိုစွဲနာဖြစ်ရင် ဒန်.သလွန်များများ စားပေးဖို.တိုက်တွန်းထားပါတယ်။ အဲဒီဓာတ်ပစ္စည်းဟာ ဒန်.သလွန်သီးရဲ.အစေ.မှာ အများဆုံးပါဝင်တယ်လို.သိရပါတယ်။ ရေကိုသန်.စင်စေခြင်း ဒန်.သလွန်ကို ချက်ပြုတ်စားသောက်တာအပြင် သူ.မှာ ထူးခြားတဲ. ဂုဏ်သတ္တိတစ်ခု ရှိနေပါသေးတယ်။ အဲဒါကတော. ရေကိုသန်.စင်ပေးနိုင်တာပဲ ဖြစ်ပါတယ်။ ဒန်.သလွန်သီးရဲ.အစေ.မှာပါတဲ. Coagulant တွေဟာ နောက်ကျိနေတဲ. ရေထဲကပစ္စည်းတွေကို စုစည်းပြီး အနယ်ကျစေနိုင်ပါတယ်။ ဥပမာ - မြစ်ရေတင်ပြီးသုံးရတဲ. ဒေသတွေမှာ ဒန်.သလွန်စေ.ကို အခြောက်လှန်း၊ အမှုန်.ဖြစ်အောင်လုပ်ပြီး အဲဒီမြစ်ရေထဲကို ထည်.လိုက်ရင် ပါလာတဲ. အနယ်တွေဟာ အောက်ကိုဆင်းသွားပြီး ရေ ကြည်လာတာ တွေ.ရပါမယ်။ အခုနောက်ပိုင်းမှာ စက်ရုံတွေက စွန်.ပစ်တဲ. ရေဆိုးတွေကို ပြန်လည်သန်.စင်တဲ. နေရာမှာတောင် စတင်အသုံးပြုနေကြပြီလို. ဆိုပါတယ်။

ဒန်.သလွန်သီးရဲ.အစေ.မှာပါဝင်တဲ့သဘာဝပဋိဇီဝပစ္စည်းတွေကြောင်. ရေထဲမှာရှိတဲ.
ရောဂါပိုးတွေကိုပါ သေစေနိုင်တဲ.အတွက် အလွန် အသုံးဝင်ပါတယ်။ ဒန်.သလွန်ရဲ. တခြားအာနိသင် ကင်ဆာရောဂါကို ကာကွယ်နိုင်ခြင်း အသည်းပျက်စီးခြင်းမှ ကာကွယ်နိုင်ခြင်း ဓာတ်ရောင်ခြည်သင်.မှုကနေ ကာကွယ်နိုင်ခြင်း အာဆင်းနစ်၊ ကက်ဒမီယမ် စတဲ. အဆိပ်သင်.မှုတွေကနေ သက်သာစေနိုင်ခြင်းတို.ပဲ ဖြစ်ပါတယ်။ သတိပြုရန် ဒန်.သလွန်သီးကို ချက်ပြုတ်စားသောက်မယ်ဆိုရင် အချိုမှုန်. လုံးဝ မသုံးသင်.ပါဘူး။ ဘာကြောင်.လည်းဆိုရင် အချိုမှုန်.မှာပါတဲ. Glutamic acid ဟာ ဒန်.သလွန်သီးရဲ. ဆေးဖက်ဝင်အာနိသင်တွေကို အူနံရံက စုပ်ယူမှုကို ဟန်.တားနိုင်လို.ပဲ ဖြစ်ပါတယ်။ သွေးတိုးရောဂါဝေဒနာရှင်တွေဟာ ဒန်.သလွန်.ရွက်ကို ကြော်မစားပဲ ဟင်းချိုအဖြစ် သောက်သုံးသင်.ပါတယ်။ ဒန်.သလွန်ရွက်မှာ ပါတဲ. ဒြပ်ပေါင်းတွေဟာ ရေမှာပျော်ဝင်တဲ.အတွက် ကြော်စားခြင်းထက် ဟင်းချိုအဖြစ်သောက်ခြင်းက ပိုပြီး အကျိုးရှိပါတယ်။
ကိုးကား ဟနစံ ဒေါက်တာခင်မောင်လွင်(FAME)၏ ကျန်းမာသုတ အစီအစဉ်။

ခေါင်းကိုက်တာပျောက်ချင်ရင်

မကြာခဏ ခေါင်းကိုက်တတ်ပါသလား။
ဒါဆိုရင်တော့ ခန္ဓာကိုယ်ကို ဗီတာမင်၊ သတ္တုဓါတ်တွေ များများပေးစွမ်းနိုင်တဲ့ လတ်ဆတ်တဲ့ သစ်သီးသစ်နှံ၊ ဟင်းသီးဟင်းရွက်တွေကို ပိုမိုစားသုံးပေးပါ။ ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။ ရာသီဥတု အေးလို့ပဲဖြစ်ဖြစ်၊ စိတ်ဖိစီးမှုများလို့ပဲဖြစ်ဖြစ်၊ အိပ်ရေးမဝလို့ပဲဖြစ်ဖြစ် ခေါင်းကိုက်ဝေဒနာကို ခံစားရတယ်ဆိုရင်တော့ သက်သာစေနိုင်တဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်ခေါင်းကိုက်ဝေဒနာခံစားရတယ်ဆိုရင်
- တရေးတမောအိပ်လိုက်ပါ။
အချိန်အကြာကြီးမအိပ်လိုက်ပါနဲ့။ အချိန်အကြာကြီး အိပ်စက်လိုက်ရင် ခေါင်းကိုက်ခြင်းဟာ ပိုမိုဆိုးဝါးလာနိုင်ပါတယ်။

- အသက်ပြင်းပြင်းရှုပါ။
အသက်ဝအောင် ရှုသွင်းပြီး ဖြည်းဖြည်းချင်း ရှုထုတ်လိုက်ပါ။ ဒီလိုလုပ်ပေးခြင်းဟာ ခေါင်းကိုက်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ မအီမသာဖြစ်ခြင်းကို သက်သာစေပါတယ်။

- ညင်သာစွာ နှိပ်ပေးပါ။
နှိပ်နယ်ပေးခြင်းဟာလည်း နာမည်ကျော်တဲ့ နည်းတစ်ခုပါပဲ။ နားထင်ကို လက်ချောင်းလေးတွေနဲ့ စက်ဝိုင်းပုံလှည့်ပြီး ညင်သာစွာ နှိပ်ပေးပါ။ နဖူးကိုလည်း လက်ချောင်းလေးတွေနဲ့ ဖိနှိပ်ပေးပါ။

- မွှေးပျံ့တဲ့ ရနံ့တွေကို ရှုရှိုက်ပါ။
မွှေးပျံ့တဲ့ ရနံ့တွေကို ရှုရှိုက်ခြင်းဟာလည်း ခေါင်းကိုက်ခြင်းကို သက်သာစေပါတယ်။ စိတ်ဓါတ်ကိုလည်း ကြည်လင်တက်ကြွစေပါတယ်။ လာဗင်ဒါပန်း၊ ဆန္ဒကူးပန်း၊ သစ်ခွစတာတွေကနေ ထုတ်ယူထားတဲ့ အမွှေးဆီဟာ စိတ်ဖိစီးမှုတွေကို ဖယ်ထုတ်ပေးနိုင်တဲ့ အစွမ်းရှိပါတယ်။


ကျောက်ကပ်ဝေဒနာရှင်တွေအတွက်(ဝမ်းသာစရာ)

ကျောက်ကပ်ဝေဒနာရှင်တွေအတွက်အထောက်အကူဖြစ်စေရန်(သို့)ဝမ်းသာစေရန် ကျောက်ကပ်ဝေဒနာ ခံစားနေရသူများမှာ လူလည်းပင်ပန်း ၊ငွေကြေးကုန်ကျမှု့ များပြားသော ရောဂါတစ်ခုဖြစ်ပါသည်။ သိန်းထောင်ချီ၍ ချမ်းသာသောသူပင် ဒေဝါလီ ခံ ရသော ရောဂါ ပါ ။ ကျောက်ကပ်ဆေးနေရသူများမှာ လူလည်းနာ ငွေလဲကုန်လှပါသည်။အချိန်အခိုက်အတန့်တခုသာထိန်းထားနိုင်ပြီး မရဏမင်းထံ သွားရသည်သာများပါသည်။ လဲလှယ်နိုင်မှသာ အသက်ဆက်နိုင်ပါသည်။ လဲဖို့စားရိတ်ကလည်း သိန်းထောင်ကျော် ကုန်ကျပါသည်။
ထို့ကြောင့်ကျောက်ကပ် ဝေဒနာသည်များ အောက်ပါအတိုင်း ဆောင်ရွက်ကြည့်ပါ။ ဖြစ်ခါစတွင်ပျောက်ကင်း ၍နာတာရှည်ခံစားနေရသူများသက်သာပြီးကျောက်ကပ်ဆေးနေရသူများအကြိမ်ရေ လျော့ပါးလာစေရပါမည် ဟုလုံးဝအာမခံပါသည်။ကျွန်တော်ကိုယ်တိုင်လွန်ခဲ့သောသုံးနှစ်ကခံစားခဲ့ဖူးပါသည်။သိသိခြင်း ဆောင်ရွက်ခဲ့ သဖြင့် သုံးလအတွင်း ပျောက်ကင်းခဲ့ပါသည်။
စရိတ်သက်သာ အကုန်အကျနည်း၍ လုံးဝအထင်မသေးပါနှင့်။ ကမ္ဘာပေါ်တွင် နံမည်ကြီးနေပြီဖြစ်သည့် HERBAL MEDICINE ကုသနည်းပါ။အနောက် နိုင်ငံများတွင်ပင် ဘေးထွက်ဆိုးကျိုးများပြားလာသည့် အနောက်တိုင်းဆေးများကို သောက်သုံးရန် ချင့်ချိန်လာကြပြီး သစ်ဥသစ်ဖု သဘာဝအပင်များမှ ထုတ်ယူသောဆေးများကို ပြောင်းလဲသုံးစွဲနေပါပြီ။
မြန်မာပြည်တွင် ဒေါက်တာခင်မောင်လွင် ထုတ်လုပ်သည့် fame ဆေးတိုက်မှဆေးများ ကမ္ဘာတွင် နံမည်ရနေပါပြီ။ယခုတင်ပြသောဆေးနည်းမှာကျွန်တော်တို့မိသားစုဘိုးစဉ်ဘောင်ဆက်သုံးစွဲခဲ့သောနည်းပါ။
 
၁။ကျောက်ဖရုံသီးဟင်းချိုကိုနေ့စဉ်သောက်ပေးပါ။(အသား၊ငါးမရောပါနှင့်၊ရောဂါမရှိသေးသူများသောက်ပါ ကဆီးကောင်းစေပြီး၊ယောက်ျားများအတွက်၊ယောက်ျား ပီသစေပါသည်)
 
၂။တရုပ်နံနံပင်ငါးရွက်ကိုရေနွေးဖြူထဲတွင်ထည့်စိမ်ပါ။လဖက်ခြောက်ခပ်၍ရေနွေးသောက်သလိုသောက်ပါ။ အဖတ်ဝါးစားပါ။ညနေစာစားပြီးနာရီဝက်ခန့်ခြားပြီးမှသောက်ပါ။အိပ်ချိန်နှင့်ဝေးပါစေ။သွေးတိုးပါကျစေသဖြင့် မျက်လုံးကြောင်တတ်ပါသည်။ည ခုနစ်နာရီဆိုလျင် သင့်ပါသည်။
 
၃။ကျောက်ကပ်ကြောင့်အသည်းအသန်အောင့်နေသူများကျောက်ဖရုံသီးကိုခွဲအူတိုင်ထုတ်ပြီး ကျောက်ကပ်  
နေရာသို့ အတွင်းသားဖြင့်ကပ်၍ စည်းထားပါ။ ဖြေးဖြေးသက်သာလာပါမည်။
 
၄။ရေပူစမ်းနှင့်နီးပါကတပါတ်တစ်ကြိမ်ချိုးပါ၊မနီးပါကရေနွေးနှင့်ချိုးပြီးချွေးအောင်းပါသုံးလအနည်းဆုံးထားပြီး 
ဆောင်ရွက်ပါ။ကျောက်ကပ်ဆေးနေရသူများပင် အကြိမ်ရေ လျော့လာသည်ကိုတွေ့ရပါမည်။




အုန်းသီးလေးရဲ့ လျို့ဝှက်ချက်

တကယ်လို့များသင်ဟာပင်လယ်ကမ်းခြေကိုရောက်ဖူးသူဆိုလျှင်အုန်းသီးစိမ်းထဲကအုန်းရည်ကို သောက်ခဲ့ ဖူးမယ်ထင်ပါတယ်နော်။ပင်လယ်ကမ်းခြေမရောက်ဖြစ်တောင်မိမိတို့နထိုင်တဲ့မြို့ရှိဆိုင်တွေမှာအုန်းရည်ကို 
သောက်သုံးလို့ရပါသေးတယ်။အုန်းရည်ဟာ ချိုမြမြ ရှရှတ အရသာရှိတယ်ဆိုတာ လူတိုင်းသါကြပေမဲ့ အုန်းရည်ရဲ့အသုံးဝင်ပုံလျှို့ဝှက်ချက်ကိုလေးကိုတော့လူသိနည်းမယ်ထင်ပါတယ်။အုန်းသီးတလုံးထဲမှာသဘာ ဝအတိုင်းဖြစ်ပေါ်နေတဲ့ အုန်းရည် အကြောင်းနဲ့အတူ အုန်းသီးရဲ့ အသုံးဝင်ပုံလေးကို ဖတ်မိထားသလောက် ပြန်လည်ဝေမျှပါဦးမယ်ဗျာ။
အုန်းသီးလေးရဲ့ လျှို့ဝှက်ချက်
အုန်းသီးဟာလူတွေအတွက်ကောင်းမွန်ထူးခြားတဲ့အစာတစ်မျိုးဖြစ်ပါတယ်။အထူးခြားဆုံးကလူ့အသက် ကိုတောင်ကယ်တင်နိုင်စွမ်းရှိတဲ့အသီးဖြစ်ပါတယ်။အုန်းသီးဟာ သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးနိုင် ခြင်း၊ကိုလက်စထရောကိုလျှော့ချပေးနိုင်ခြင်း၊ရေဓာတ်ကိုထိန်းသိမ်းပေးနိုင်ခြင်းနဲ့အရေးပေါ်သွေးရေကြည် သွင်းဖိုလိုအပ်နေသူများကိုတောင်မှ အုန်းရည်ဖြင့် အစားသွင်းကုသပေးနိုင်ခြင်း စတဲ့ အုန်းသီးရဲ့ အရေးပါ အသုံးဝင်ပုံကို သိရှိသူမှာ လူနည်းစုလောက်သာရှိပါတယ်။ခေတ်ပေါ် ဆေးသုတေသနပြုသူများကလည်း အုန်းသီးဟာ ကျန်းမာရေးအတွက် အလွန်အကျိုးပြုနိုင်သောအသီးဖြစ်ကြောင်း လေ့လာသိရှိရပါတယ်။
အုန်းရည်အုန်းသီးထဲမှ အုန်းရည်ဟာ လူ့အသက်ကို ကယ်တင်ပေးနိုင်စွမ်းရှိပုံနဲ့ပက်သက်ပြီး အကောင်းဆုံးသက်သေတစ်ခုကိုပြောရမယ်ဆိုရင် ဒုတိယကမ္ဘာစစ်အတွင်းက ပစိဖိတ်ဒေသစစ်ပွဲတွေမှာ စစ်သားတွေအများအပြားဒဏ်ရာရကြတဲ့အခါအရေးပေါ်သွေးသွင်းဖို့လိုအပ်နေပေမဲ့စစ်မြေပြင်ဖြစ်နေတာ 
ကြောင့် သွေးရည်ကြည်ပုလင်းတွေကို အချိန်မှီရရှိဖို့အခက်အခဲဖြစ်နေချိန်မှာ ဆရာဝန်တွေက အုန်းသီးနုနုထဲက သန့်စင်တဲ့ အုန်းရည်ကို သွေးရည်ကြည်အစားထိုးသွင်းကုသပြီး အသက်ကယ်ခဲ့ရတဲ့ ဖြစ်ရပ်တွေရှိခဲ့ပါတယ်။အုန်းရည်ဟာလူခန္ဓာကိုယ်ရှိ သွေးရည်ကြည်နဲ့ထပ်တူနီးပါးတူညီပြီးသွေးအမျိုးအစား အားလုံးနဲ့ သင့်တော်တယ်လို့သိရပါတယ်။
၁။ကိုလက်စထရောကို ကျဆင်းစေခြင်း
၂။အစာခြေနိုင်စွမ်း မြင့်မားစေခြင်း
၃။အရေပြားတွန့်ခြင်းကို ကာကွယ်ပေးနိုင်ခြင်း
၄။သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း
၅။ဗိုင်းရပ်စ်ပိုးများကို ကာကွယ်တိုက်ဖျက်ပေးခြင်း
၆။ဆဲလ်အသစ်များကို တိုးပွားစေခြင်း
၇။ဟော်မုန်းကို ထိန်းချုပ်ပေးခြင်း
၈။ကိုယ်အလေးချိန်ကို လျှော့ချပေးနိုင်ခြင်း
၉။အာဟာရဓာတ်နှင့် အောက်ဆီဂျင်ကို ဆဲလ်များအတွင်း ပို့ဆောင်ပေးနိုင်ခြင်း
၁၀။ဇီဝရုပ်ဖြစ်ပျက်ခြင်းကို တိုးတက်စေခြင်း
၁၁။ရောဂါများကို ခုခံကာကွယ်ပေးခြင်း
၁၂။မှတ်ဉာဏ်ချို့ယွင်းမှုကို ကာကွယ်ပေးခြင်း
၁၃။ဘက်တီးရီးယားများကို သေစေနိုင်ခြင်း စတဲ့ အကျိုးဆက်များစွာကို ပေးနိုင်တဲ့အတွက်ကြောင့် ကျန်းမာရေးအတွက်အဖိုးတန်တဲ့ အုန်းသီးဖြစ်ပါတယ်။အုန်းသီးအနုတွင် သန့်စင်ကောင်းမွန်သော မပြည့်ဝဆီများ ပါဝင်တဲ့အတွက် အုန်းသီးအရင့်ထက်စာရင် အဆီပါဝင်မှု နှုန်း နည်းပါတယ်။ဒါကြောင့် ကျန်းမာရေးအတွက် စဉ်းစားပြီးအုန်းသီးတစ်လုံးကို ဝယ်ယူတော့မယ်ဆိုရင် အုန်းသီးအနုကို ရှာဖွေဝယ်ယူသင့်တယ်လို့သိရပါတယ်။အုန်းသီးအနုအရင့်ရွေးချယ်ပုံမှာအုန်းသီးအနုသည်ခပ်စိမ်းစိမ်း အရောင်ရှိပြီး အုန်းသီးအရင့်မှာ အစိမ်းရောင် နည်းပါးပြီးအညိုခပ်ဖျော့ဖျော့အရောင် ရှိတတ်ပါတယ်။
အုန်းဆီ
အုန်းသီးကနေရရှိတဲ့အုန်းဆီကလည်းအလွန်အကျိုးများတဲ့ ဆေးကုသမှုဆိုင်ရာပစ္စည်းအဖြစ်သုံးစွဲနိုင်ပါသေး
တယ်။ အုန်းဆီဟာ အားလုံး သိကြတဲ့အတိုင်း ဆံပင်သန်စွမ်းနက်မှောင်ဖို့အလွန်ကောင်းမွန်တဲ့ သဘာသ
အားဖြည့်ဆေးဖြစ်ပါတယ်။အုန်းဆီဖြင့် ဦးခေါင်းကို မှန်မှန် နှိပ်နယ်ပေးပါက ဦးရေပြားတွင် ဖြစ်တတ်သော
ဘောက်နှင့် ဦးရေပြားခြောက်သွေ့ခြင်းတို့ကို ကာကွယ်နိုင်ပါတယ်။နောက်ထပ် အသုံးဝင်သော အချက်မှာ
အုန်းဆီသည် သွားပိုးစားခြင်း၊သွားရောဂါဖြစ်ခြင်းကို ကာကွယ်ပေးနိုင်တယ်လို့သိရပါတယ်။
အုန်းဆီအနည်းငယ်ကို သွားဖုံးနှင့် သွားတို့တွင် အမြဲတမ်းပွတ်တိုက်ပေးပါက သွားများကို ပိုမိုခိုင်မာစေတယ်လို့ဆိုပါတယ်။အုန်းဆီရဲ့ အခြားအသုံးဝင်ပုံမှာ ခြောက်သွေ့သောအရေပြားများအတွက် အကောင်းဆုံး moisturizerဖြစ်ပါတယ်။အုန်းဆီကို အရေပြား ပေါ်တွင်လိမ်းပြီး နှိပ်နယ်ပေးပါက အသားပတ်ခြင်း၊ခြောက်သွေ့ခြင်း၊အက်ကွဲခြင်းများ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အရေပြားတွန့်ခြင်းကိုလည်း နှောင့်နှေးစေတယ်လို့ သိရပါတယ်။
အုန်းဆီပါဝင်တဲ့ အရေပြားစောင့်ရှောက်ပစ္စည်းများဖြစ်တဲ့ ဆပ်ပြာ၊အသားလှဆေး၊လိမ်းဆေးကရင်မ် စသဖြင့်အများအပြားကိုထုတ်လုပ်ကြပါတယ်။ထိခိုက်ရှနာများအတွက်လည်းအုန်းဆီဟာ ဆေးဝါးတစ်လက် အဖြစ် အထောက်အကူပြုနိုင်ပါသေးတယ်။ဒဏ်ရာပေါ်မှာအုန်းဆီကို လိမ်းပေးခြင်းဖြင့် ပြင်ပမှ ဖုန်များ၊ဘက်တီးရီးယားများနဲ့ဗိုင်းရပ်စ်များ မဝင်ရောက်နိုင်အောင်အလွှာပါးလေးအဖြစ် ဖုံးအုပ်ထားစေပါတယ်။အုန်းဆီဟာ ဒဏ်ရာပေါ်မှ ပျက်စီးသွားသော တစ်ရှုးများကို အမြန်ဆုံးပြန်လည်ကောင်းမွန်စေကြောင်း သိရပါတယ်။
အုန်းသီးထွက်ပစ္စည်းများ
အုန်းသီးကနေ ထုတ်လုပ်တဲ့ အုန်းနို့၊အုန်းမှုန့်၊ အုန်းသီးဖတ် စသည်တို့ကိုလည်း အစားအသောက်များ ၊မုန့်များ၊ဟင်းလျာများ ချက်ပြုတ်ရာတွင် အသုံးပြုကြပါတယ်။အချို့သော နိုင်ငံများတွင် အုန်းနို့မှာ ဟင်းလျာများချက်ပြုတ်ရာတွင်မပါမပြီးအသုံးပြုကြတဲ့အရသာထူးကဲကောင်းမွန်စေသောဟင်းချက်ဖွယ်တစ် မျိုးဖြစ်ပါတယ်။မြန်မာနိုင်ငံမှာတော့ဟင်းချက်ရာတွင်အသုံးပြုမှုနည်းပါးသော်လည်းမြန်မာမုန့်တော်တော်များ များမှာအုန်းနို့ပါဝင်တတ်ပါတယ်။အုန်းရည်မှာကျန်းမာရေးအတွက်အထောက်အကူများစွာဖြစ်စေနိုင်သော် လည်းအုန်းနို့နင့်ပြုလုပ်သောအစားအသောက်များကိုအလွန်အကျွံစားသုံးပါက သွေးတိုးရောဂါသမားများ အတွက်အလွန်အန္တာရယ်ကြီးပါတယ်။ဒါကြောင့်ကျန်းမာရေးအတွက်အုန်းရည်များများသောက်ပြီးအုန်းဆီ များ များလိမ်းလို့ အုန်းနို့ကိုတော့ သင့်တင့်ရုံသာ စားကြပါစို့နော်။


အုန်းဆီနဲ့ အလှပြင်ကြမယ်


အုန်းဆီဟာ အမျိုးမျိုးသော ဘက်တီးရီးယားများ၊ ဗိုင်းရပ်စ်ပိုးမွှားများ၊ ယားနာများကို ပျောက်ကင်းစေနိုင်ပြီး ဝမ်းချုပ်ခြင်းမှလည်းကင်းဝေးစေပါတယ်။ကျောရိုးမကြီးကင်ဆာ၊အနောက်တိုင်းကအမျိုးသမီးတွေအဖြစ်များ တဲ့ ရင်သား ကင်ဆာနဲ့ တခြားသော ကင်ဆာ အမျိုးအစားတို့ကိုလည်း ကာကွယ်ပေး ပါတယ်။ အုန်းဆီဆိုတာမြန်မာလူမျိုးတိုင်း ရင်းနှီးကျွမ်းဝင်တဲ့ အဆီတစ်မျိုးဖြစ်ပါတယ်။ များသောအားဖြင့် အုန်းဆီကို ခေါင်းလိမ်းဆီအဖြစ်နဲ့သာ အသုံးများကြပါတယ်။ တချို့သော ပျိုမေများကတော့ အုန်းဆီကိုကြိုက်နှစ်သက်ခြင်းမရှိကြပါဘူး။ ခေတ်ပေါ် Hair Coat စတဲ့ကေသာသုံးအလှကုန် နိုင်ငံခြားမိတ် ပစ္စည်းများကိုသာ စွဲလမ်းအားပေး တတ်ကြပါတယ်။ ဒီဆောင်းပါးလေးဟာ အုန်းဆီပရိုမိုးရှင်း မဟုတ်ကြောင်း အာမဘန္တေခံရင်း ရွှေမျက်လွှာကို တစ်ချက်မျှ ဝင့်ပေးပါလို့ မေတ္တာရပ်ခံရင်း………။
အုန်းဆီ အမျိုးအစား အုန်းဆီကို ဘယ်လိုသုံးလဲဆိုတာနဲ့ပတ်သက်ပြီး ကမ္ဘာ့ဟောင်း (၁၉ ရာစုမတိုင်မီ) နဲ့ ကမ္ဘာသစ်ကို ခွဲခြားလိုက်မယ်ဆိုရင် ဘိုးတော်ဘုရား လက်ထက်တုန်းက အုန်းဆီကို မြန်မာတွေဟာ ကေသာအတွက် အဓိကထားအသုံးပြုခဲ့ကြပါတယ်။ ကျန်းမာရေးအတွက် ထိပ်ကပ်နာပေါက်တာတို့မှာ အသုံးပြုကြပါတယ်။
တခြားနိုင်ငံတွေမှာတော့ အလှအပအတွက်သာမက ထိပ်ပြောင်ခြင်း၊ ပွန်းပဲ့ခြင်း၊ မီးလောင်ဒဏ်ရာ၊ ပန်းနာ၊ အအေးမိဖျားနာ၊ ချောင်းဆိုးခြင်း၊ နားကိုက်ခြင်း၊ ဖျားနာခြင်း စတဲ့နေရာတွေအတွက် အသုံးပြုကြပါတယ်။ ခေတ်သစ်မှာတော့ ယားနာ၊ ရေယုန်၊ ဝက်သက်၊ ဒက်နဲ့ အရိုးပွရောဂါတွေမှာပါ အသုံးပြုနိုင်တဲ့အထိ ထွန်းကား တိုးတက် ခဲ့ပါတယ်။ ကျောက်ကပ်နဲ့ အသည်းရောဂါတွေအတွက်လည်း ကာကွယ်ပေးပါတယ်။ အုန်းဆီမှာ Lauricacid ပေါတယ်။

ဒီအက်ဆစ်ကို မိခင်နို့မှာလည်း တွေ့ရှိနိုင်တယ်။ မွေးကင်းစကလေးငယ်ရဲ့ ကိုယ်တွင်း အင်္ဂါများကို သန်မာကြံ့ခိုင်စေတယ်။ ခန္ဓာကိုယ်က အလွယ်တကူ ချေဖျက်နိုင်တဲ့ ဖက်တီး အက်ဆစ် ပါဝင်တဲ့အတွက် အားအင်အဖြစ် အလွယ်တကူ ပြောင်းလဲနိုင်တယ်။ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ သတ္တိထူးရှိတယ်။ တစ်ခါတစ်လေမှာ တစ်ကိုယ်လုံး အေးစက်ပြီး ချမ်းစိမ့်စိမ့် ဖြစ်နေလေ့ရှိပါတယ်။
အဲ့ဒီလိုအခါမျိုးမှာ မီးလှုံမယ့်အစား အုန်းဆီလေးကိုသာ စမ်းသုံးကြည့်ပါလို့ အကြံပြု ချင်ပါတယ်။ အုန်းဆီဟာ ကိုယ်တွင်းအပူချိန် (သွေးဖိအား) ကို ကောင်းမွန်စေပြီး အုန်းဆီထဲမှာပါရှိတဲ့ ဖက်တီး အက်ဆစ်တွေကို လောင်ကျွမ်းစေတဲ့အတွက် ကိုယ်တွင်း အင်္ဂါများကို တိုးတက်ကောင်းမွန်စေပါတယ်။

ခံတွင်း ကျန်းမာရေး
အုန်းဆီဟာခံတွင်းရှိအနံ့အသက်ဆိုးများကိုဖယ်ရှားပေးပြီးသွားပျက်စီးခြင်း၊သွားဖုံးရောဂါများအတွက်လည်း ကာကွယ်ပေးပါတယ်။ သွားကို အုန်းဆီနဲ့ ရောပြီး တိုက်ပေးပါက ခံတွင်းအနံ့ ကောင်းမွန်ပြီး သွားတွေ ကျန်းမာသန်မာလာစေမှာ ဖြစ်ပါတယ်။

ဟင်းသီးဟင်းရွက် ဆီများထက် ပိုထူး
အုန်းဆီဟာ တခြားသော ဟင်းသီး ဟင်းရွက်ဆီများထက် ပိုပြီး ထူးခြားများပြားတဲ့ သတ္တိတွေ ရှိပါတယ်။ အမျိုးမျိုးသော ဘတ်တီးရီးယားများ၊ ဗိုင်းရပ်စ်ပိုးမွှားများ၊ ယားနာများကို သေစေနိုင်ပြီး ဝမ်းချုပ်ခြင်းမှလည်း ကင်းဝေးစေပါတယ်။ ကျောရိုးမကြီး ကင်ဆာ၊ အနောက်တိုင်းက အမျိုးသမီးတွေ အဖြစ်များတဲ့ ရင်သားကင်ဆာနဲ့ တခြားသော ကင်ဆာ အမျိုးအစားတို့ကိုလည်း ကာကွယ်ပေးပါတယ်။

ကေသာကို အကျိုးပြု
အုန်းဆီဟာ ကေသာတွင်းမှာ ရှိတဲ့ ပရိုတင်းဓာတ်တွေကို ပိတ်ဆို့ထားနိုင်တဲ့အတွက် ကေသာတွင်း ပရိုတင်းဓာတ် ဆုံးရှုံးမှု မဖြစ်တော့ပါဘူး။ ပိုးသားလေးလို ရွှန်းစိုသန်စွမ်း တောက်ပြောင်စေပြီး ဒက်ပေါက်ခြင်းမှလည်း ကင်းဝေးစေပါတယ်။

အရေပြား
အုန်းဆီဟာ အသားရေကိုလည်း ရွှန်းစိုစေပြီး ဝက်ခြံကိုလည်း အမြန်ဆုံး ကုသပေးနိုင် ပါတယ်။ အရေပြားထဲကို ဖောက်ဝင်နိုင်စွမ်းရှိပြီး အညစ်အကြေးတွေကို ဖယ်ရှားသန့်စင် ပေးနိုင်ပါတယ်။ ဝက်ခြံအတွက် အုန်းဆီပါးပါးလေးကို မနက်တိုင်း လိမ်းပေးပါ။ ပထမမှာ ဝက်ခြံဟာ ပိုပြီးဆိုးရွားလာတဲ့ ပုံစံရှိလာနိုင်ပါတယ်။ မကြောက်ပါနဲ့။ မကြာခင် လျော့ပါး ပျောက်ကွယ်သွားမှာဖြစ်ပါတယ်။ ဆက်တိုက်လေးသာ အသုံးပြု ပေးပါ။ အုန်းဆီကို အရေပြားအတွက် ပုံမှန်အသုံးပြုပေးမယ် ဆိုရင် အရေးပြားအတွက်ပြဿနာတွေဟာနောက်နောင်ဖြစ်ပေါ်လာမှာမဟုတ်တော့ပါဘူး။ တောင်ပစိဖိတ်ကျွန်းက ကျွန်းသား၊ ကျွန်းသူတွေဟာ အုန်းဆီကို နေ့စဉ်ပုံမှန် အသုံးပြုကြပါတယ်။

နေရောင်ထဲ အပြင်မသွားခင် အုန်းဆီလိမ်းပြီးမှ သွားလေ့ရှိကြပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အုန်းဆီဟာ အကောင်းဆုံး နေရောင်ကာခရင်မ် တစ်မျိုးပဲ ဖြစ်ပါတယ်။ အုန်းဆီကို နေလောင်ဒဏ် အသားရေများအတွက်လည်း အသုံးပြုနိုင်ပါသေးတယ်။ အမာရွတ်၊ မှဲ့ခြောက်များ၊ ကြွက်နို့များကိုလည်း အုန်းဆီဟာ ဖယ်ရှားနိုင်ပါတယ်။ အုန်းဆီကို အပူပေးပြီး နွေးတေးတေး အဆင့်မှာ လိမ်းပေးရမှာ ဖြစ်ပါတယ်။ ပူနွေးတဲ့ အုန်းဆီ အနေအထားကို အရေပြားဟာ ကောင်းစွာ စုပ်ယူနိုင်မှာ ဖြစ်ပြီး အဲဒီ့လိမ်ထားတဲ့ နေရာကို ပတ်တီးနဲ့ ထပ်ပြီး စည်းပေးရမှာ ဖြစ်ပါတယ်။

ဆောင်းဦးရွက်ကြွေ ကွဲမျက်ခြေ
ဟေမာန်ဆောင်းရဲ့ တံခါးပေါက်ကို ရောက်လာတဲ့အခါ ပျိုတို့ရဲ့ ခြေဖဝါးဟာ ဘယ်အမာခံ မျက်နှာပြင်မှ မနင်းရဘဲ ကွဲအက်ပြတ်ရွေ့လာပါတယ်။ အဲဒီ့လို အခါမျိုးမှာ အုန်းဆီနဲ့ခြေဖနောင့်ကို လိမ်းပေးလိုက်ပါ။ခြေဖဝါးကွဲတာ အပြင်ခြေထောက်မှာ ယားနာတွေ ပေါက်ရင်လည်း အုန်းဆီကို အသုံးပြုနိုင်ပါသေးတယ်။

ဝိတ်ကျစေ
အုန်းဆီဟာ ဝိတ်ကျစေမယ်ဆိုရင် ပျိုတို့ မျက်ခုံးလေးတော့ နည်းနည်း ပင့်ချင်မယ် ထင်တယ်။ ဒီလိုရှိပါတယ်။ အုန်းဆီဟာ ကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်တွေကို ကောင်းမွန် ဖြောင့်ဖြူးသွက်လက်စေတာမို့ ကိုယ်တွင်းရှိ အဆီပိုများကို ဖယ်ရှားပေးသွားပြီး အားအင်ကြွက်သား အဖြစ်သို့ ဖန်တီးလိုက်ပါတယ်။ ဒီလိုနဲ့ ကိုယ်အလေးချိန်တိုးခြင်းမှ တစ်ခါတည်း ကာကွယ်ပေးပြီးသားဖြစ်သွားပါတော့တယ်။ အဆုံးသတ်ပြောရရင် တစ်ချို့ပျိုမေတွေမျက်နှာလွဲခဲပစ်၊မျက်စောင်းထိုးလုပ်ထားတဲ့အုန်းဆီဟာဆားရောဂါ၊ အေအိုင်ဒီအက်စ် 
ရောဂါများကိုပါပျောက်ကင်းနိုင်တဲ့သတ္တိရှိကြောင်းတချို့သုတေသနပညာရှင်တွေက  ပြောကြားထားပါတယ်။
Ref: 8 Days
source>>> http://myanmarnewszone.com/fashion/
shared by>>>http://natureenergycare.blogspot.com/2012/11/blog-post_7003.html

အာနိသင် ထက်တဲ့ ခရမ်းချဉ် ဒီလိုဝယ်ပြီး ဒီလိုသိမ်း


ခရမ်းချဉ်သီးမှာ ဗီတာမင်စီ၊ အမျှင်ဓာတ်၊ ဖောလိတ်ဓာတ်၊ ဗီတာမင်ဘီနဲ့ ပိုတက်စီယမ် သတ္တုဓာတ်တွေ ပါရှိပါတယ်။ ဒီလို အာဟာရဓာတ်တွေ ပါရှိတဲ့အပြင် လူကိုလည်း မဝစေပါဘူး။ ခရမ်းချဉ်သီး တစ်လုံးမှာ ကယ်လိုရီ ၇၂ ကီလိုဂျူးလောက်သာ ပါရှိတာကြောင့်ပါ။
Antioxidant ပါရှိမှု
ခရမ်းချဉ်သီးမှာ Lycopene လို့ခေါ်တဲ့ ရောဂါ တိုက်ဖျက်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidant) ပါရှိပြီး ကင်ဆာရောဂါကို ကာကွယ် ပေးနိုင်တယ်လို့ ဆိုပါတယ်။ Lycopene ဓာတ်က ခရမ်းချဉ်သီးကို အနီရောင် ဖြစ်စေတဲ့ ဓာတ်ပါ။ ခရမ်းချဉ်သီး အရောင်ရင့်လေ Lycopene ဓာတ်များလေပါပဲ။

ရောဂါတိုက်ဖျက်မှု

ဆီးအိတ်ကင်ဆာ
လေ့လာချက်တွေအရ ခရမ်းချဉ်သီးကနေ Lycopene ဓာတ် အများဆုံး ရရှိတဲ့ အမျိုးသားတွေဟာ ဆီးအိတ်ကင်ဆာရောဂါ ဖြစ်နိုင်ခြေ လျော့နည်းတာကို တွေ့ရပါတယ်။ ခရမ်းချဉ်သီးဆော့စ် ပါရှိတဲ့ အစာ ဒါမှမဟုတ် ခရမ်းချဉ်သီးကို တစ်ပတ် နှစ်ကြိမ်လောက် စားပေးရုံနဲ့တင် ဆီးအိတ် ကင်ဆာ ဖြစ်နိုင်ခြေ ၂၅ ရာခိုင်နှုန်းထိ လျော့ကျနိုင်တာကို တွေ့ရပါတယ်။

နှလုံးရောဂါ
ခရမ်းချဉ်သီးများများစားသူတွေဟာဆီးအိတ်ကင်ဆာ ရောဂါလိုပဲ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ခြေ
လျော့နည်းတာကို လေ့လာရပါတယ်။ ဒါ့အပြင် Lycopene ဓာတ်တွေဟာ အဆုတ်၊ သားအိမ်ခေါင်းနဲ့ အူလမ်းကြောင်း ကင်ဆာရောဂါတွေ ဖြစ်နိုင်ခြေ လျော့နည်း စေတာကိုပါ တွေ့ရပါတယ်။

မျက်စိကျန်းမာရေး
လူ့မျက်လုံးတစ်သျှူးကြွက်သားတွေမှာတွေ့ရတဲ့Lycopeneဓာတ်များတာကအသက်အရွယ်ကြောင့် ဖြစ်ရတဲ့ မျက်စိတိမ်နဲ့ တခြားမျက်စိရောဂါတွေကို ကာကွယ်ပေးနိုင်တာကို လေ့လာရပါတယ်။

နေရောင်ကာကွယ်မှု နေရောင်ခြည်အောက်မှာ ခရမ်းချဉ်သီး ရင့်မှည့်လာရတဲ့အခါ လောင်ကျွမ်း မသွားအောင် Lycopene ဓာတ်က ကာကွယ်ပေးရသလို လူတွေကိုလည်း နေရောင်ခြည်ဒဏ်မှ ကာကွယ်ပေးပါတယ်။

ခရမ်းချဉ်သီးဝယ်ရာတွင်
ချက်ချင်း ချက်ပြုတ် စားသောက်ဖို့ ခရမ်းချဉ်သီး ဝယ်မယ်ဆိုရင် အနီရောင်ရဲရဲကို ရွေးဝယ်ပါ။ အနီရဲလေလေ Lycopene ဓာတ်များလေလေမို့ပါ။ ပျော့တဲ့နေရာ မရှိဘဲ ခပ်တင်းတင်းလေး ဖြစ်နေတဲ့ အလုံးကို ရွေးဝယ်ပါ။ အရောင်ဖျော့တဲ့ ခရမ်းချဉ်သီးတွေဟာ အခန်းတွင်း အပူချိန်မှာ ထားတဲ့အခါသုံးရက်ကနေ တစ်ပတ်အတွင်း ရင့်မှည့် လာတတ်ပါတယ်။ ခရမ်းချဉ်သီး တောင်းလိုက် ဝယ်မယ်ဆိုရင်လည်း တောင်းကို သေချာ ကြည့်ကာ မှည့်လွန်ပြီး ပျော့၊ ပြဲ၊ ကွဲနေတဲ့ အလုံးတွေ ပါမပါ စစ်ပါ။

ခရမ်းချဉ်သီး သိုလှောင်ခြင်း
ခရမ်းချဉ်သီးမှည့်ပါက ရေခဲသေတ္တာထဲမှာ လေးရက်လောက် အထားခံပါတယ်။ စားခါနီး တစ်နာရီလောက် အလိုမှာ ရေခဲသေတ္တာထဲက ထုတ်ပေးပါ။ မမှည့်သေးတဲ့ ခရမ်းချဉ်သီးကို ရေခဲသေတ္တာထဲ မထည့်မိ ပါစေနဲ့။ နေရောင်ခြည် တိုက်ရိုက်မကျတဲ့ အခန်းတွင်း အပူချိန်မှာ ထားပေးပါ။ တဖြည်းဖြည်းနဲ့ မှည့်လာပြီး အရသာ ကောင်းလာ ပါလိမ့်မယ်။ တကယ်တော့ ခရမ်းချဉ်သီးကို ဟင်းသီးဟင်းရွက် အုပ်စုထဲက မဟုတ်ဘဲ သစ်သီးအုပ်စုထဲမှာ ရူပဗေဒနည်းအရ အမျိုးအစား သတ်မှတ်ထားပါတယ်။ ရှေးခေတ်က ခရမ်းချဉ်သီးကိုအဆိပ်ရှိအသီးလို့သတ်မှတ် ထားကြပါတယ်။ ခရမ်းချဉ်သီးကို တောင်အမေရိကတိုက်ကနေ စတင်တွေ့ရှိခဲ့တာပါ။

ဒေါက်တာနုမြတ်
source >>> http://www.facebook.com/nangmy.nangmy
shared by >>>http://natureenergycare.blogspot.com/2012/10/blog-post_2973.html#more


အသားဖြူချင်သူများအတွက်နည်းလမ်းများ

အသားဖြူတာဟာ မိန်းမတွေအတွက် လိုလားတောင်းတအပ်တဲ့ အလှအပ တစ်ခုပဲ ဖြစ်ပါတယ်။ အသားညိုတဲ့သူတွေ အတွက်တော့ အသားဖြူဝင်း လှပဖို့ဆိုတာ ဘဝအတွက် ကြိုးစားရမယ့် ပန်းတိုင် တစ်ခုလိုပါပဲ။ အသားဖြူစေတဲ့ အလှကုန်တွေ ပေါသလို အသားဖြူစေတဲ့ သဘာဝဖြစ်နည်းတွေ လည်း ရှိပါတယ်။ အသားဖြူချင်သူများ အတွက် သိသင့်သိထိုက်စရာ အဖြာဖြာကို ဖော်ပြလိုက်ရပါတယ်။
သဘာဝဖြစ် အသားဖြူနည်းများ
သဘာဝဖြစ် ပစ္စည်းတွေနဲ့ အသားဖြူအောင် လုပ်တဲ့နည်းတွေ အရင်ဖော်ပြသွားပါမယ်။ ကရိကထလည်း မများ၊ ဈေးလည်း မကုန်တဲ့ ပစ္စည်းတွေနဲ့ အများသူငါ လက်လှမ်းမီ သုံးလို့ရတာတွေကို ဦးစားပေး တင်ပြသွားမှာ ဖြစ်ပါတယ်။

လိမ္မော်ခွံနဲ့ အသားဖြူနည်း
လိမ္မော်သီးအခွံကို နေပူထဲ လှမ်းပေးပါ။ လုံးလုံးခြောက်သွေ့သွားတဲ့ အချိန်မှာ ကြိတ်ပြီး ပေါင်ဒါလို အမုန့်ဖြစ်သွားအောင် လုပ်ပါ။ ပြီးမှ နို့အစိမ်းနဲ့ ရောပြီး ပျစ်ခဲနေအောင် ဖျော်ပါ။ အဲဒီ့အရည်ကို အရေပြားကို လိမ်းပါ။ နေ့စဉ် လိမ်းပေးပါ။ လိမ်းပြီးသွားလို့ အရေပြားပေါ် လုံးလုံးခြောက်သွေ့သွားတဲ့ အချိန်ကျရင် ရေနွေးနွေးလေးနဲ့ ဆေးကြောသန့်စင်ပေးပါ။

ခရမ်းချဉ်သီးနဲ့ အလှပြင်မယ်
ခရမ်းချဉ်သီး ၂-၃ လုံးလောက်ကို ကြိတ်ပြီး အရည်ညှစ်ချပါ။ အဲဒီ့ အရည်ထဲကို သံပရာရည် တစ်စက် နှစ်စက်ထည့်ပြီး မျက်နှာကို လိမ်းပေးပါ။ မိနစ် နှစ်ဆယ်လောက် အခြောက်ထားပြီးမှ ဆေးကြောသန့်စင်ပေးပါ။ တစ်နေ့ကို ၂ ကြိမ် လုပ်ပေးပါ။ ၁၅ ရက်ကနေ ရက် ၂၀ အတွင်း သိသာထင်ရှားလာပါလိမ့်မယ်။

အမဲကွက်နဲ့ အစက်အပြောက်တွေ ပျောက်ဆေး
အာလူးအစိမ်းတစ်လုံးကို ယူပြီး ပါးပါးလှီးပါ။ လှီးထားတဲ့ အစိတ်လေးတွေကို မျက်နှာပေါ် ကပ်ပေးပါ။ မျက်နှာပေါ်က မှဲ့ခြောက်တွေ။ တခြားအမဲကွက်တွေကို ပျောက်စေပါတယ်။

နေပူလောင်အတွက်
နေပူလောင် ခံထားရတဲ့ အသားရေများအတွက် နနွင်းမှုန့်နဲ့ သံပုရာရည် ရောပြီး လိမ်းပေးပါ။ နေလောင်ဒဏ်ခံရတဲ့ အသားရေတွေအတွက် အရမ်းကောင်းပါတယ်။ နနွင်းကို တခြားအမယ်ပစ္စည်းတွေနဲ့ ရောစပ်ပြီး အသုံးပြုနိုင်ပါသေးတယ်။ နနွင်းဟာ အသားရေ ဖြူဝင်းလှပဖို့အတွက် အကောင်းဆုံး သဘာဝပစ္စည်းတစ်မျိုးပဲ ဖြစ်ပါတယ်။ အိပ်ရာထဲ မဝင်ခင် တစ်နာရီ အလိုမှာ နွားနို့နွေးနွေး တစ်ဖန်ခွက်ထဲကို နနွင်းမှုန့် ဇွန်းဝက်ခန့်(လက်ဖက်ရည်ဇွန်း)  ရောစပ်ပေးပါ။ အချိုကြိုက်ရင် သကြား အနည်းငယ် ထည့်ပေးပါ။ ဒါပေမဲ့ သကြားနည်းလေ ပိုကောင်းလေ ဖြစ်ပါတယ်။ အဲဒါကို လအနည်းငယ်ခန့်လောက် သောက်သုံးပေးတာနဲ့ သိသာထင်ရှားလာပါလိမ့်မယ်။ ဒါပေမဲ့ ပူပြင်းတဲ့ နွေရာသီလို ကာလမျိုးမှာတော့ ဒီနည်းကို အသုံးမပြုပါနဲ့။ နနွင်းဟာ ကိုယ်တွင်းအပူချိန်ကို မြှင့်တင်ပေးတာမို့ အေးမြတဲ့ အချိန်တွေမှာ အသုံးပြုနိုင်ပါတယ်။ ကျန်တဲ့ အချိန်တွေမှာတော့ စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။

အိမ်တွင်းဖြစ် အသားဖြူ Lotion
သခွားသီးအရည် (စားပွဲတင်ဇွန်း) တစ်ဇွန်းထဲကို သံပရာရည် တစ်စက် နှစ်စက်ရောပေးပါ။ သမအောင်ရောပြီးသွားရင် အဲဒီ့အရည်ကို မျက်နှာနဲ့ လည်ပင်းကို လိမ်းပေးပါ။ နာရီဝက်လောက် အခြောက်ခံပြီးသွားရင် မပူမအေး ရေနွေးနွေးလေးနဲ့ ဆေးကြော သန့်စင်ပေးပါ။ ပျိုတို့ရဲ့ အသားရေဟာ အရင်ကထက် ပိုပြီး တောက်ပြောင ်ရွန်းလဲ့ လာပါလိမ့်မယ်။

အိမ်တွင်းဖြစ် Facial Mask
ပျားရည်တစ်ဇွန်း (စားပွဲတင်ဇွန်း)၊ သင်္ဘောသီး အရည်တစ်ဇွန်း (စားပွဲတင်ဇွန်း)တို့ရောပြီး လိမ်းပေးပါ။ ၁၅ မိနစ် ခန့်စောင့်ပြီးမှ ရေနဲ့ ပြန်ဆေးကြောပေးပါ။

ရှောင်ကြဉ်ရမည့် အချက်များ
အသားဖြူချင်တဲ့သူတွေ ရှောင်ကြဉ်ရမယ့် အချက်တွေ ရှိပါတယ်။ Whitening Product များ ဝယ်ရတာကအစ သတိထားသင့်တဲ့ အချက်တွေ ရှိပါတယ်။ ပျိုတို့အနေနဲ့ Whitening Product တွေ ဝယ်ယူသုံးစွဲတဲ့ အခါမှာ မဝယ်ခင် ကိုယ့်အသားအရေရဲ့ အမျိုးအစားကိုသိပြီးမှအသားအရေအမျိုးအစား အလိုက် ရွေးချယ်ဝယ်ယူသုံးစွဲသင့်ပါတယ်။တချို့အသားဖြူ အလှကုန်တွေဟာ အဆီပြန်တဲ့ အသားအရေ၊ ခြောက်သွေ့တဲ့ အသားအရေ အမျိုးအစားတွေနဲ့ သင့်တော်ခြင်း မရှိလို့ ဖြစ်ပါတယ်။ အဆီများတဲ့ အစားအစာတွေ၊ ပူစပ်တဲ့ အစားအစာများ၊ ဆီကြော်အစားအစာများကိုလည်း မစားပါနဲ့။ ဒီအစားအစာတွေဟာအရေပြားပေါ်ကရေဓာတ်ခြောက်ခမ်းမှုကိုဖြစ်ပေါ်စေပြီးအရေပြားကို ခြောက်သွေ့မည်း
ကွက် လာစေပါတယ်။ ဘယ်လောက်ပဲ Whitening Product သုံးသုံး၊ အသားဖြူဆေး သုံးသုံး ကိုယ်ကာယ လေ့ကျင့်ခန်းတွေ မလုပ်လို့ကတော့ အကျိုးထိရောက်မှု မရှိပါဘူး။ ကာယလေ့ကျင့်ခန်းကို နေ့စဉ်မှန်မှန် ပြုလုပ်ပေးသင့်ပါတယ်။ ဒါမှ သွေးလေလည်ပတ်မှု ကောင်းမွန်ပြီး အသားထဲ ဆေးစိမ့်ဝင်မှု ပိုမိုမြန်ဆန်နိုင်မှာ ဖြစ်ပါတယ်။
ပျိုမေ၊မောင်မယ်များအာလုံး ဖြူစင်သောအလှများပိုင်ဆိုင်နိုင်ကြပါစေ...