Friday, December 28, 2012

ကြံရိုးနှင့် ကြံရည်၏ ကျန်းမာရေး အာနိသင်များ

ကြံပင်ဟာ အဆစ်တွေ ပါပြီး ကြံ့ခိုင်တဲ့ အပင်ဖြစ်ပြီး အမြင့်အားဖြင့် ၂-၆ မီတာ လောက် မြင့်ပါတယ်။ ကြံရိုးက ရတဲ့ ကြံရည်ဟာ မရှိမဖြစ် အာဟာရဓာတ်တွေ ပါဝင်တာကြောင့် ကျန်းမာရေးနဲ့ အလွန်ညီညွတ်ပါတယ်။ ကြံရည်ဟာ စွမ်းအင်မြင့်မားစွာ ပါဝင်တဲ့ သဘာဝ အရည်ဖြစ်ပြီး သကြားထည့်ထားတဲ့ အရည်တွေအစား သောက်သုံးနိုင်ပါတယ်။
ကျန်းမာကြံ့ခိုင်စေပါတယ်
ကြံရိုးမှာ Glycemic Index နည်း တာကြောင့် ခန္ဓာကိုယ်ကို ကျန်းမာကြံ့ခိုင် စေပါတယ်။ ကြံရိုးမှာ ရိုးရိုးသကြားဓာတ် မပါဝင်တဲ့အတွက် ဆီးချိုရောဂါရှိသူတွေ သောက်သုံးနိုင်သော်လည်း ဆီးချိုရောဂါ ရှိသူတွေအနေနဲ့ တတ်နိုင်သမျှ ထိန်းချုပ် သောက်သုံးသင့်ပါတယ်။

အအေးမိတာနဲ့ တုပ်ကွေးတို့ မဖြစ် အောင် ကာကွယ်နိုင်ပါတယ်
ရေခဲမပါတဲ့ ကြံရည်ဟာ လည်ချောင်း နာတာ၊ အအေးမိတာနဲ့ တုပ်ကွေး ကွေး တာတို့ မဖြစ်အောင် ကာကွယ်နိုင်တယ် လို့ တချို့က ဆိုပါတယ်။

ကင်ဆာကို ကာကွယ်ပေးနိုင်ပါတယ်
ကြံရည်ဟာ အယ်လ်ကာလိုင်း ဂုဏ် သတ္တိရှိတာကြောင့် ကင်ဆာ၊ အထူးသ ဖြင့် ဆီးကျိတ်နဲ့ ရင်သားကင်ဆာတို့မဖြစ် အောင် ကာကွယ်ပေးနိုင်ပါတယ်။

စွမ်းအင်ရရှိစေပါတယ်
ကြံရိုးဟာ ခန္ဓာကိုယ်ကို ဂလူးကို့စ် ဓာတ်ရရှိစေတာကြောင့် စွမ်းအင်လိုအပ် တဲ့ နေရာတွေမှာ ဂလိုင်ကိုဂျင်အဖြစ် သို လှောင်ထားပါတယ်။

ရေဓာတ် ပြည့်ဝစေပါတယ် ပူပြင်းတဲ့ ရာသီဒဏ်ခံရရင် ဒါမှမ ဟုတ် ကိုယ်လက်လှုပ်ရှားမှုကို ကြာကြာ လုပ်ရင် ကြံရည်ကို သောက်သင့်ပါတယ်။ ဒါက ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝစေ ပါတယ်။ အထူးသဖြင့် ဆော်ဒါလို အချိုရည်တွေအစား ကြံရည်ကို သောက်သင့် ပါတယ်။

ခန္ဓာကိုယ် အစိတ်အပိုင်း တချို့ကို သန်စွမ်းစေတယ်
ကြံရိုးဟာ အစာအိမ်၊ ကျောက်ကပ်၊ နှလုံး၊ မျက်စိ၊ ဦးနှောက်နဲ့ လိင်အင်္ဂါတွေ ကိုသန်စွမ်းစေတယ်လို့ တချို့က ယုံကြည် ကြပါတယ်။

ဆီး လမ်း ကြောင်း ကျန်း မာစေပါတယ်
ကြံရိုးဟာ ဆီးလမ်းကြောင်းကို သန့်စင်စေပြီး ကျောက်ကပ်တွေကို လုပ် ငန်းဆောင်တာ ကောင်းကောင်းလုပ်နိုင်ဖို့ ကူညီပါတယ်။ ကြံရိုးဟာ ဂနိုဆီးပူ ညောင်း ကျရောဂါ၊ ဆီးကျိတ်ကြီးတာ၊ ဆီးအိတ် ရောင်တာတို့ကြောင့်ဖြစ်တဲ့ ဆီးသွားလို စိတ်များတဲ့ ဝေဒနာကို သက်သာစေပါ တယ်။

သက်လုံကောင်းစေပါတယ်
ကြံရိုးမှာ ကာဗိုဟိုက်ဒရိတ်ပါဝင်မှု များတာကြောင့် ခန္ဓာကိုယ်ကို စွမ်းအင် ဖြည့်ပေးပြီး လန်းဆန်းစေပါတယ်။ ပင် ပန်းနေတဲ့ ကြွက်သားတွေကို စွမ်းအင် ချက်ချင်းပေးနိုင်ပြီး အားကစားသမား တွေမှာ သက်လုံကောင်းစေပါတယ်။

ဝမ်းမှန်မှန်သွား စေပါတယ်
ကြံရိုးမှာ ပိုတက်စီယမ်ပါဝင်မှု မြင့်မား တာကြောင့် အစာကြေညက်စေပြီး ဝမ်း နုတ်ဆေး အပျော့စားလို ထိထိရောက် ရောက် အသုံးဝင်ပါတယ်။

ထက်မြတ်


No comments: