
တကယ်လို့များသင်ဟာပင်လယ်ကမ်းခြေကိုရောက်ဖူးသူဆိုလျှင်အုန်းသီးစိမ်းထဲကအုန်းရည်ကို သောက်ခဲ့ ဖူးမယ်ထင်ပါတယ်နော်။ပင်လယ်ကမ်းခြေမရောက်ဖြစ်တောင်မိမိတို့နထိုင်တဲ့မြို့ရှိဆိုင်တွေမှာအုန်းရည်ကို
သောက်သုံးလို့ရပါသေးတယ်။အုန်းရည်ဟာ ချိုမြမြ ရှရှတ အရသာရှိတယ်ဆိုတာ လူတိုင်းသါကြပေမဲ့ အုန်းရည်ရဲ့အသုံးဝင်ပုံလျှို့ဝှက်ချက်ကိုလေးကိုတော့လူသိနည်းမယ်ထင်ပါတယ်။အုန်းသီးတလုံးထဲမှာသဘာ ဝအတိုင်းဖြစ်ပေါ်နေတဲ့ အုန်းရည် အကြောင်းနဲ့အတူ အုန်းသီးရဲ့ အသုံးဝင်ပုံလေးကို ဖတ်မိထားသလောက် ပြန်လည်ဝေမျှပါဦးမယ်ဗျာ။
အုန်းသီးလေးရဲ့ လျှို့ဝှက်ချက်
အုန်းသီးဟာလူတွေအတွက်ကောင်းမွန်ထူးခြားတဲ့အစာတစ်မျိုးဖြစ်ပါတယ်။အထူးခြားဆုံးကလူ့အသက် ကိုတောင်ကယ်တင်နိုင်စွမ်းရှိတဲ့အသီးဖြစ်ပါတယ်။အုန်းသီးဟာ သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးနိုင် ခြင်း၊ကိုလက်စထရောကိုလျှော့ချပေးနိုင်ခြင်း၊ရေဓာတ်ကိုထိန်းသိမ်းပေးနိုင်ခြင်းနဲ့အရေးပေါ်သွေးရေကြည် သွင်းဖိုလိုအပ်နေသူများကိုတောင်မှ အုန်းရည်ဖြင့် အစားသွင်းကုသပေးနိုင်ခြင်း စတဲ့ အုန်းသီးရဲ့ အရေးပါ အသုံးဝင်ပုံကို သိရှိသူမှာ လူနည်းစုလောက်သာရှိပါတယ်။ခေတ်ပေါ် ဆေးသုတေသနပြုသူများကလည်း အုန်းသီးဟာ ကျန်းမာရေးအတွက် အလွန်အကျိုးပြုနိုင်သောအသီးဖြစ်ကြောင်း လေ့လာသိရှိရပါတယ်။
အုန်းရည်အုန်းသီးထဲမှ အုန်းရည်ဟာ လူ့အသက်ကို ကယ်တင်ပေးနိုင်စွမ်းရှိပုံနဲ့ပက်သက်ပြီး အကောင်းဆုံးသက်သေတစ်ခုကိုပြောရမယ်ဆိုရင် ဒုတိယကမ္ဘာစစ်အတွင်းက ပစိဖိတ်ဒေသစစ်ပွဲတွေမှာ စစ်သားတွေအများအပြားဒဏ်ရာရကြတဲ့အခါအရေးပေါ်သွေးသွင်းဖို့လိုအပ်နေပေမဲ့စစ်မြေပြင်ဖြစ်နေတာ
ကြောင့် သွေးရည်ကြည်ပုလင်းတွေကို အချိန်မှီရရှိဖို့အခက်အခဲဖြစ်နေချိန်မှာ ဆရာဝန်တွေက အုန်းသီးနုနုထဲက သန့်စင်တဲ့ အုန်းရည်ကို သွေးရည်ကြည်အစားထိုးသွင်းကုသပြီး အသက်ကယ်ခဲ့ရတဲ့ ဖြစ်ရပ်တွေရှိခဲ့ပါတယ်။အုန်းရည်ဟာလူခန္ဓာကိုယ်ရှိ သွေးရည်ကြည်နဲ့ထပ်တူနီးပါးတူညီပြီးသွေးအမျိုးအစား အားလုံးနဲ့ သင့်တော်တယ်လို့သိရပါတယ်။
၁။ကိုလက်စထရောကို ကျဆင်းစေခြင်း
၂။အစာခြေနိုင်စွမ်း မြင့်မားစေခြင်း
၃။အရေပြားတွန့်ခြင်းကို ကာကွယ်ပေးနိုင်ခြင်း
၄။သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း
၅။ဗိုင်းရပ်စ်ပိုးများကို ကာကွယ်တိုက်ဖျက်ပေးခြင်း
၆။ဆဲလ်အသစ်များကို တိုးပွားစေခြင်း
၇။ဟော်မုန်းကို ထိန်းချုပ်ပေးခြင်း
၈။ကိုယ်အလေးချိန်ကို လျှော့ချပေးနိုင်ခြင်း
၉။အာဟာရဓာတ်နှင့် အောက်ဆီဂျင်ကို ဆဲလ်များအတွင်း ပို့ဆောင်ပေးနိုင်ခြင်း
၁၀။ဇီဝရုပ်ဖြစ်ပျက်ခြင်းကို တိုးတက်စေခြင်း
၁၁။ရောဂါများကို ခုခံကာကွယ်ပေးခြင်း
၁၂။မှတ်ဉာဏ်ချို့ယွင်းမှုကို ကာကွယ်ပေးခြင်း
၁၃။ဘက်တီးရီးယားများကို သေစေနိုင်ခြင်း စတဲ့ အကျိုးဆက်များစွာကို ပေးနိုင်တဲ့အတွက်ကြောင့် ကျန်းမာရေးအတွက်အဖိုးတန်တဲ့ အုန်းသီးဖြစ်ပါတယ်။အုန်းသီးအနုတွင် သန့်စင်ကောင်းမွန်သော မပြည့်ဝဆီများ ပါဝင်တဲ့အတွက် အုန်းသီးအရင့်ထက်စာရင် အဆီပါဝင်မှု နှုန်း နည်းပါတယ်။ဒါကြောင့် ကျန်းမာရေးအတွက် စဉ်းစားပြီးအုန်းသီးတစ်လုံးကို ဝယ်ယူတော့မယ်ဆိုရင် အုန်းသီးအနုကို ရှာဖွေဝယ်ယူသင့်တယ်လို့သိရပါတယ်။အုန်းသီးအနုအရင့်ရွေးချယ်ပုံမှာအုန်းသီးအနုသည်ခပ်စိမ်းစိမ်း အရောင်ရှိပြီး အုန်းသီးအရင့်မှာ အစိမ်းရောင် နည်းပါးပြီးအညိုခပ်ဖျော့ဖျော့အရောင် ရှိတတ်ပါတယ်။
အုန်းဆီ
အုန်းသီးကနေရရှိတဲ့အုန်းဆီကလည်းအလွန်အကျိုးများတဲ့ ဆေးကုသမှုဆိုင်ရာပစ္စည်းအဖြစ်သုံးစွဲနိုင်ပါသေး
တယ်။ အုန်းဆီဟာ အားလုံး သိကြတဲ့အတိုင်း ဆံပင်သန်စွမ်းနက်မှောင်ဖို့အလွန်ကောင်းမွန်တဲ့ သဘာသ
အားဖြည့်ဆေးဖြစ်ပါတယ်။အုန်းဆီဖြင့် ဦးခေါင်းကို မှန်မှန် နှိပ်နယ်ပေးပါက ဦးရေပြားတွင် ဖြစ်တတ်သော
ဘောက်နှင့် ဦးရေပြားခြောက်သွေ့ခြင်းတို့ကို ကာကွယ်နိုင်ပါတယ်။နောက်ထပ် အသုံးဝင်သော အချက်မှာ
အုန်းဆီသည် သွားပိုးစားခြင်း၊သွားရောဂါဖြစ်ခြင်းကို ကာကွယ်ပေးနိုင်တယ်လို့သိရပါတယ်။
အုန်းဆီအနည်းငယ်ကို သွားဖုံးနှင့် သွားတို့တွင် အမြဲတမ်းပွတ်တိုက်ပေးပါက သွားများကို ပိုမိုခိုင်မာစေတယ်လို့ဆိုပါတယ်။အုန်းဆီရဲ့ အခြားအသုံးဝင်ပုံမှာ ခြောက်သွေ့သောအရေပြားများအတွက် အကောင်းဆုံး moisturizerဖြစ်ပါတယ်။အုန်းဆီကို အရေပြား ပေါ်တွင်လိမ်းပြီး နှိပ်နယ်ပေးပါက အသားပတ်ခြင်း၊ခြောက်သွေ့ခြင်း၊အက်ကွဲခြင်းများ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အရေပြားတွန့်ခြင်းကိုလည်း နှောင့်နှေးစေတယ်လို့ သိရပါတယ်။
အုန်းဆီပါဝင်တဲ့ အရေပြားစောင့်ရှောက်ပစ္စည်းများဖြစ်တဲ့ ဆပ်ပြာ၊အသားလှဆေး၊လိမ်းဆေးကရင်မ် စသဖြင့်အများအပြားကိုထုတ်လုပ်ကြပါတယ်။ထိခိုက်ရှနာများအတွက်လည်းအုန်းဆီဟာ ဆေးဝါးတစ်လက် အဖြစ် အထောက်အကူပြုနိုင်ပါသေးတယ်။ဒဏ်ရာပေါ်မှာအုန်းဆီကို လိမ်းပေးခြင်းဖြင့် ပြင်ပမှ ဖုန်များ၊ဘက်တီးရီးယားများနဲ့ဗိုင်းရပ်စ်များ မဝင်ရောက်နိုင်အောင်အလွှာပါးလေးအဖြစ် ဖုံးအုပ်ထားစေပါတယ်။အုန်းဆီဟာ ဒဏ်ရာပေါ်မှ ပျက်စီးသွားသော တစ်ရှုးများကို အမြန်ဆုံးပြန်လည်ကောင်းမွန်စေကြောင်း သိရပါတယ်။
အုန်းသီးထွက်ပစ္စည်းများ
အုန်းသီးကနေ ထုတ်လုပ်တဲ့ အုန်းနို့၊အုန်းမှုန့်၊ အုန်းသီးဖတ် စသည်တို့ကိုလည်း အစားအသောက်များ ၊မုန့်များ၊ဟင်းလျာများ ချက်ပြုတ်ရာတွင် အသုံးပြုကြပါတယ်။အချို့သော နိုင်ငံများတွင် အုန်းနို့မှာ ဟင်းလျာများချက်ပြုတ်ရာတွင်မပါမပြီးအသုံးပြုကြတဲ့အရသာထူးကဲကောင်းမွန်စေသောဟင်းချက်ဖွယ်တစ် မျိုးဖြစ်ပါတယ်။မြန်မာနိုင်ငံမှာတော့ဟင်းချက်ရာတွင်အသုံးပြုမှုနည်းပါးသော်လည်းမြန်မာမုန့်တော်တော်များ များမှာအုန်းနို့ပါဝင်တတ်ပါတယ်။အုန်းရည်မှာကျန်းမာရေးအတွက်အထောက်အကူများစွာဖြစ်စေနိုင်သော် လည်းအုန်းနို့နင့်ပြုလုပ်သောအစားအသောက်များကိုအလွန်အကျွံစားသုံးပါက သွေးတိုးရောဂါသမားများ အတွက်အလွန်အန္တာရယ်ကြီးပါတယ်။ဒါကြောင့်ကျန်းမာရေးအတွက်အုန်းရည်များများသောက်ပြီးအုန်းဆီ များ များလိမ်းလို့ အုန်းနို့ကိုတော့ သင့်တင့်ရုံသာ စားကြပါစို့နော်။
No comments:
Post a Comment