အုန်းဆီဟာ အမျိုးမျိုးသော ဘက်တီးရီးယားများ၊ ဗိုင်းရပ်စ်ပိုးမွှားများ၊ ယားနာများကို ပျောက်ကင်းစေနိုင်ပြီး ဝမ်းချုပ်ခြင်းမှလည်းကင်းဝေးစေပါတယ်။ကျောရိုးမကြီးကင်ဆာ၊အနောက်တိုင်းကအမျိုးသမီးတွေအဖြစ်များ တဲ့ ရင်သား ကင်ဆာနဲ့ တခြားသော ကင်ဆာ အမျိုးအစားတို့ကိုလည်း ကာကွယ်ပေး ပါတယ်။ အုန်းဆီဆိုတာမြန်မာလူမျိုးတိုင်း ရင်းနှီးကျွမ်းဝင်တဲ့ အဆီတစ်မျိုးဖြစ်ပါတယ်။ များသောအားဖြင့် အုန်းဆီကို ခေါင်းလိမ်းဆီအဖြစ်နဲ့သာ အသုံးများကြပါတယ်။ တချို့သော ပျိုမေများကတော့ အုန်းဆီကိုကြိုက်နှစ်သက်ခြင်းမရှိကြပါဘူး။ ခေတ်ပေါ် Hair Coat စတဲ့ကေသာသုံးအလှကုန် နိုင်ငံခြားမိတ် ပစ္စည်းများကိုသာ စွဲလမ်းအားပေး တတ်ကြပါတယ်။ ဒီဆောင်းပါးလေးဟာ အုန်းဆီပရိုမိုးရှင်း မဟုတ်ကြောင်း အာမဘန္တေခံရင်း ရွှေမျက်လွှာကို တစ်ချက်မျှ ဝင့်ပေးပါလို့ မေတ္တာရပ်ခံရင်း………။
အုန်းဆီ အမျိုးအစား အုန်းဆီကို ဘယ်လိုသုံးလဲဆိုတာနဲ့ပတ်သက်ပြီး ကမ္ဘာ့ဟောင်း (၁၉ ရာစုမတိုင်မီ) နဲ့ ကမ္ဘာသစ်ကို ခွဲခြားလိုက်မယ်ဆိုရင် ဘိုးတော်ဘုရား လက်ထက်တုန်းက အုန်းဆီကို မြန်မာတွေဟာ ကေသာအတွက် အဓိကထားအသုံးပြုခဲ့ကြပါတယ်။ ကျန်းမာရေးအတွက် ထိပ်ကပ်နာပေါက်တာတို့မှာ အသုံးပြုကြပါတယ်။
တခြားနိုင်ငံတွေမှာတော့ အလှအပအတွက်သာမက ထိပ်ပြောင်ခြင်း၊ ပွန်းပဲ့ခြင်း၊ မီးလောင်ဒဏ်ရာ၊ ပန်းနာ၊ အအေးမိဖျားနာ၊ ချောင်းဆိုးခြင်း၊ နားကိုက်ခြင်း၊ ဖျားနာခြင်း စတဲ့နေရာတွေအတွက် အသုံးပြုကြပါတယ်။ ခေတ်သစ်မှာတော့ ယားနာ၊ ရေယုန်၊ ဝက်သက်၊ ဒက်နဲ့ အရိုးပွရောဂါတွေမှာပါ အသုံးပြုနိုင်တဲ့အထိ ထွန်းကား တိုးတက် ခဲ့ပါတယ်။ ကျောက်ကပ်နဲ့ အသည်းရောဂါတွေအတွက်လည်း ကာကွယ်ပေးပါတယ်။ အုန်းဆီမှာ Lauricacid ပေါတယ်။
ဒီအက်ဆစ်ကို မိခင်နို့မှာလည်း တွေ့ရှိနိုင်တယ်။ မွေးကင်းစကလေးငယ်ရဲ့ ကိုယ်တွင်း အင်္ဂါများကို သန်မာကြံ့ခိုင်စေတယ်။ ခန္ဓာကိုယ်က အလွယ်တကူ ချေဖျက်နိုင်တဲ့ ဖက်တီး အက်ဆစ် ပါဝင်တဲ့အတွက် အားအင်အဖြစ် အလွယ်တကူ ပြောင်းလဲနိုင်တယ်။ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ သတ္တိထူးရှိတယ်။ တစ်ခါတစ်လေမှာ တစ်ကိုယ်လုံး အေးစက်ပြီး ချမ်းစိမ့်စိမ့် ဖြစ်နေလေ့ရှိပါတယ်။
အဲ့ဒီလိုအခါမျိုးမှာ မီးလှုံမယ့်အစား အုန်းဆီလေးကိုသာ စမ်းသုံးကြည့်ပါလို့ အကြံပြု ချင်ပါတယ်။ အုန်းဆီဟာ ကိုယ်တွင်းအပူချိန် (သွေးဖိအား) ကို ကောင်းမွန်စေပြီး အုန်းဆီထဲမှာပါရှိတဲ့ ဖက်တီး အက်ဆစ်တွေကို လောင်ကျွမ်းစေတဲ့အတွက် ကိုယ်တွင်း အင်္ဂါများကို တိုးတက်ကောင်းမွန်စေပါတယ်။
ခံတွင်း ကျန်းမာရေး
အုန်းဆီဟာခံတွင်းရှိအနံ့အသက်ဆိုးများကိုဖယ်ရှားပေးပြီးသွားပျက်စီးခြင်း၊သွားဖုံးရောဂါများအတွက်လည်း ကာကွယ်ပေးပါတယ်။ သွားကို အုန်းဆီနဲ့ ရောပြီး တိုက်ပေးပါက ခံတွင်းအနံ့ ကောင်းမွန်ပြီး သွားတွေ ကျန်းမာသန်မာလာစေမှာ ဖြစ်ပါတယ်။
ဟင်းသီးဟင်းရွက် ဆီများထက် ပိုထူး
အုန်းဆီဟာ တခြားသော ဟင်းသီး ဟင်းရွက်ဆီများထက် ပိုပြီး ထူးခြားများပြားတဲ့ သတ္တိတွေ ရှိပါတယ်။ အမျိုးမျိုးသော ဘတ်တီးရီးယားများ၊ ဗိုင်းရပ်စ်ပိုးမွှားများ၊ ယားနာများကို သေစေနိုင်ပြီး ဝမ်းချုပ်ခြင်းမှလည်း ကင်းဝေးစေပါတယ်။ ကျောရိုးမကြီး ကင်ဆာ၊ အနောက်တိုင်းက အမျိုးသမီးတွေ အဖြစ်များတဲ့ ရင်သားကင်ဆာနဲ့ တခြားသော ကင်ဆာ အမျိုးအစားတို့ကိုလည်း ကာကွယ်ပေးပါတယ်။
ကေသာကို အကျိုးပြု
အုန်းဆီဟာ ကေသာတွင်းမှာ ရှိတဲ့ ပရိုတင်းဓာတ်တွေကို ပိတ်ဆို့ထားနိုင်တဲ့အတွက် ကေသာတွင်း ပရိုတင်းဓာတ် ဆုံးရှုံးမှု မဖြစ်တော့ပါဘူး။ ပိုးသားလေးလို ရွှန်းစိုသန်စွမ်း တောက်ပြောင်စေပြီး ဒက်ပေါက်ခြင်းမှလည်း ကင်းဝေးစေပါတယ်။
အရေပြား
အုန်းဆီဟာ အသားရေကိုလည်း ရွှန်းစိုစေပြီး ဝက်ခြံကိုလည်း အမြန်ဆုံး ကုသပေးနိုင် ပါတယ်။ အရေပြားထဲကို ဖောက်ဝင်နိုင်စွမ်းရှိပြီး အညစ်အကြေးတွေကို ဖယ်ရှားသန့်စင် ပေးနိုင်ပါတယ်။ ဝက်ခြံအတွက် အုန်းဆီပါးပါးလေးကို မနက်တိုင်း လိမ်းပေးပါ။ ပထမမှာ ဝက်ခြံဟာ ပိုပြီးဆိုးရွားလာတဲ့ ပုံစံရှိလာနိုင်ပါတယ်။ မကြောက်ပါနဲ့။ မကြာခင် လျော့ပါး ပျောက်ကွယ်သွားမှာဖြစ်ပါတယ်။ ဆက်တိုက်လေးသာ အသုံးပြု ပေးပါ။ အုန်းဆီကို အရေပြားအတွက် ပုံမှန်အသုံးပြုပေးမယ် ဆိုရင် အရေးပြားအတွက်ပြဿနာတွေဟာနောက်နောင်ဖြစ်ပေါ်လာမှာမဟုတ်တော့ပါဘူး။ တောင်ပစိဖိတ်ကျွန်းက ကျွန်းသား၊ ကျွန်းသူတွေဟာ အုန်းဆီကို နေ့စဉ်ပုံမှန် အသုံးပြုကြပါတယ်။
နေရောင်ထဲ အပြင်မသွားခင် အုန်းဆီလိမ်းပြီးမှ သွားလေ့ရှိကြပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အုန်းဆီဟာ အကောင်းဆုံး နေရောင်ကာခရင်မ် တစ်မျိုးပဲ ဖြစ်ပါတယ်။ အုန်းဆီကို နေလောင်ဒဏ် အသားရေများအတွက်လည်း အသုံးပြုနိုင်ပါသေးတယ်။ အမာရွတ်၊ မှဲ့ခြောက်များ၊ ကြွက်နို့များကိုလည်း အုန်းဆီဟာ ဖယ်ရှားနိုင်ပါတယ်။ အုန်းဆီကို အပူပေးပြီး နွေးတေးတေး အဆင့်မှာ လိမ်းပေးရမှာ ဖြစ်ပါတယ်။ ပူနွေးတဲ့ အုန်းဆီ အနေအထားကို အရေပြားဟာ ကောင်းစွာ စုပ်ယူနိုင်မှာ ဖြစ်ပြီး အဲဒီ့လိမ်ထားတဲ့ နေရာကို ပတ်တီးနဲ့ ထပ်ပြီး စည်းပေးရမှာ ဖြစ်ပါတယ်။
ဆောင်းဦးရွက်ကြွေ ကွဲမျက်ခြေ
ဟေမာန်ဆောင်းရဲ့ တံခါးပေါက်ကို ရောက်လာတဲ့အခါ ပျိုတို့ရဲ့ ခြေဖဝါးဟာ ဘယ်အမာခံ မျက်နှာပြင်မှ မနင်းရဘဲ ကွဲအက်ပြတ်ရွေ့လာပါတယ်။ အဲဒီ့လို အခါမျိုးမှာ အုန်းဆီနဲ့ခြေဖနောင့်ကို လိမ်းပေးလိုက်ပါ။ခြေဖဝါးကွဲတာ အပြင်ခြေထောက်မှာ ယားနာတွေ ပေါက်ရင်လည်း အုန်းဆီကို အသုံးပြုနိုင်ပါသေးတယ်။
ဝိတ်ကျစေ
အုန်းဆီဟာ ဝိတ်ကျစေမယ်ဆိုရင် ပျိုတို့ မျက်ခုံးလေးတော့ နည်းနည်း ပင့်ချင်မယ် ထင်တယ်။ ဒီလိုရှိပါတယ်။ အုန်းဆီဟာ ကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်တွေကို ကောင်းမွန် ဖြောင့်ဖြူးသွက်လက်စေတာမို့ ကိုယ်တွင်းရှိ အဆီပိုများကို ဖယ်ရှားပေးသွားပြီး အားအင်ကြွက်သား အဖြစ်သို့ ဖန်တီးလိုက်ပါတယ်။ ဒီလိုနဲ့ ကိုယ်အလေးချိန်တိုးခြင်းမှ တစ်ခါတည်း ကာကွယ်ပေးပြီးသားဖြစ်သွားပါတော့တယ်။ အဆုံးသတ်ပြောရရင် တစ်ချို့ပျိုမေတွေမျက်နှာလွဲခဲပစ်၊မျက်စောင်းထိုးလုပ်ထားတဲ့အုန်းဆီဟာဆားရောဂါ၊ အေအိုင်ဒီအက်စ်
ရောဂါများကိုပါပျောက်ကင်းနိုင်တဲ့သတ္တိရှိကြောင်းတချို့သုတေသနပညာရှင်တွေက ပြောကြားထားပါတယ်။
Ref: 8 Days
source>>> http://myanmarnewszone.com/fashion/
shared by>>>http://natureenergycare.blogspot.com/2012/11/blog-post_7003.html

No comments:
Post a Comment