Thursday, January 3, 2013

မီးကွင်းဂမုံး


အသုံးပြုပုံ-
အရိုး အရွက်
၁ ။ အရိုး အရွက် တို့ကို ထုထောင်း ၍ သုံးခွက် တစ်ခွက် တင် ကျို ချက်ပြီး ရရှိသော အရည်ကို ဒိုပါလာ သကြား အနည်းငယ် ခတ်သောက်သော် သွေးအန် ရောဂါ ပျောက်၏ ။ တစ်ကြိမ်လျှင် ကြွေဇွန်း တစ်ဇွန်း ခန့် တစ်နေ့ သုံးကြိမ် သောက်ရ၏။
 
၂ ။ နားပြည်ယို ရောဂါ များအတွက် အရွက်ကို မီးကင် ပြီး နားတွင်း သို့ အရည်ညှစ် ထည့်ပေး ခြင်းဖြင့် ပျောက်ကင်း၏။

၃ ။ အရွက်ကို သင့်ရုံ သုပ်စား ခြင်း ၊ တို့စား ခြင်း တို့ဖြင့် ဝမ်းကိုက်ရောဂါ ပျောက်၏ ။
 
၄ ။ သွေး ဝမ်း ဆင်းလျှင် အရွက်ရည် ကိုညှစ် ၍ ကြွေဇွန်း တစ်ဇွန်း ခန့် သောက်ပေး ခြင်းဖြင့် ပျောက်ကင်း ၏ ။
 
၅ ။ မီးလောင် အပူလောင် ခြင်း ဖြစ်သော် မီးကွင်း ဂမုန်း အရွက်နုကို သကြား အနည်းငယ် ရောပြီး ထုထောင်း ကြိတ် ခြေ၍ လိမ်းပေး ရ၏ ။
 
၆ ။ မီးကွင်း ဂမုန်းကို ထောင်း၍ ရသော အရည်နှင့် သကြား အနည်းငယ် ရောပြီး ဇွန်းသေး တစ်ဇွန်းခန့် တစ်နေ့ သုံးကြိမ် သောက်သော် သလိပ်ကပ် ချောင်းဆိုး ရောဂါ ပျောက်၏ ။

ကနခို


အသုံးပြုပုံ-
အစေ့
၁။ ကနခိုစေ့ကို ဝမ်းနုတ်ဆေး အပုပ်ချဆေးများတွင်ထည့်သွင်း အသုံးပြုသည်။
 
၂။ ကင်းမြီးကောက်ကိုက်သောဒဏ်ရာတွင် ကနခိုစေ့သွေးလိမ်းပေးသော် ကင်းမြီးကောက်အဆိပ် ပျောက်ကင်း၏။

အစေ့ဆီ
၁။ အစေ့ဆီကို ချင်းစိမ်းရေနှင့် ရော၍ ကလေးကြက်ညှာချောင်းဆိုးရောဂါ ကု ဆေးအဖြစ်သုံးသည်။
 
၂။ ကနခိုဆီ ၁ ဆ နှင့် အုန်းဆီ ၈ ဆ ရောစပ်၍ အဆစ်အမျက်ကိုက်ရောဂါကို လိမ်းပေးက ပျောက်၏ ။
 
၃။ ဝမ်းဗိုက်နှင့် စပ်လျဉ်းသောရောဂါ ၊ အကြောတက်ရောဂါ ၊ အဖျားရောဂါ ၊ရောင်နာ ၊ ရင်းနာ ၊ လည်ချောင်း ၊ နားနှင့်ပတ်သက်သော ရောဂါများ အတွက်လည်း အသုံးပြုနိုင်၏။

သင်္ဘောမဲဇလီ


အသုံးပြုပုံ-
အမြစ်
၁။ လက်ချားမှုန့် နှင့် ဖန်ခါးသီးမှုန့် ကို မဲဇလီမြစ် သွေးရည်နှင့် ဖျော်လိမ်းက ပွေးနာ ပျောက်၏။
 
အပွင့်
၁။ အပွင့်ကို ညက်ညက် ကြိတ်၍ လိမ်းသော် အရေပြား ရောဂါ ပျောက်၏။

အရွက်
၁။ အရွက်မှုန့်ကို ပျားရည်နှင့် တေ၍ လျက်သော် သွေးသား စင်ကြယ်၍ အသား အရေ ဝဖြိုးပြီး အားအင် တိုးစေ၏။
 
၂။ အရွက်ဖြင့် ပွေး၊ ဝဲ၊ နှင်းခူ စသော အရေပြား ရောဂါ များကို နေ့၌ ၂ ကြိမ် မှန်မှန် ရက်အတန် ကြာ ပွတ်ပေးသော် ပျောက်၏။
 
၃။ အရွက်ကို ကြိတ်၍ အဆိပ် ရှိသော သတ္တဝါ များကိုက်သော နေရာသို့ အုံပေးသော် အဆိပ် ပြေ၏။
 
၄။ အရွက် ကြိတ်ညှစ်ရည် ဖြင့် လူပျိုနာ များပေါ်တွင် လိမ်းပေးက ပျောက်၏။
 
၅။ အရွက် ကိုကျကျ ပြုတ်၍ ခပ်နွေးနွေး အုံပေးသော် ခံတွင်း၌ အနာ အဖုများ ပေါက်ခြင်း၊ ရောင်ရမ်းခြင်း များပျောက်၏။ ၆။ ၎င်းအရွက် နှင့် မုရားကြီး ရွက်ရော၍ မြုံ့ခြင်း၊ အရည်ကို မျိုပေးခြင်းဖြင့် ချောင်းခြောက် ရောဂါ ပျောက်၏။
 
၇။ အရွက်ကို သံပရာရည်နှင့် ကြိတ်၍ လိမ်းခြင်း၊ ယင်းပြုတ်ရည် နှင့် ဖန်ရည် ဆေးပေးခြင်း ဖြင့် နှင်းခူကြီးနာ ပျောက်၏။
 
၈။ အရွက်ကို ထောင်း၍ တမာရွက်ရည် နှင့် လိမ်းကျံ ပေးသော် ဝဲနာ၊နူနာ များ ပျောက်ကင်း၏။

ရှဉ့်မတက်


အသုံးပြုပုံ-
၁။ ရှဉ့်မတက်ဥ ကို ချက်ပြုတ် စားခြင်း၊ နွားနို့ နှင့် နို့ထမင်း ကဲ့သို့ ပြုလုပ် စားခြင်းဖြင့် အားတိုး စေသည်။
 
၂။ ချောင်းခြောက် ရောဂါ အတွက် ရှဉ့်မတက်ဥ၊ မုယားကြီးရွက် သကြားခဲ ရော၍ သောက်ရ၏။

၃။ အဆစ်ရောင်ခြင်း၊ ကိုက်ခြင်း စသော တစ်ကိုယ်လုံး ဖောက်ပြန်သော လေရောဂါ အတွက် ရှဉ့်မတက်ဥ ရည်သက်သက် ဖြင့် ချက်ထားသော ဆီသက်သက် ကို လိမ်းကျံ ပေးရ၏။
 
၄။ ရှဉ့်မတက်ဥ ကို ကျို၍ ၎င်းတွင် သကြားခဲ ရောပြီး ပျားရည် ထည့်သောက် သော် ဆီးပူရောဂါ နှင့် ဆီးအောင့် ရောဂါ ပျောက်၏။
 
၅။ ရှဉ့်မတက်ဥ ရည်တွင် ပျားရည် နှင့် နွားနို့ ရော၍ နံနက်၌ သောက်သော် အပူအကိုက် နှင့် အမျိုးမျိုး သော သည်းခြေ ရောဂါ ပျောက်၏။
 
၆။ ရှဉ့်မတက်ဥ ကြိတ်ညှစ်ရည်တွင် နွားနို့ ရောသောက်သော် ကျောက်တည် ရောဂါ ပျောက်၏။
 
၇။ ရှဉ့်မတက်ဥ ကြိတ်၍ ရသော အရည် တွင် ပျားရည် ရောသောက်သော် မီးယပ် ရောဂါ ပျောက်၏။
 
၈။ ရှဉ့်မတက်ဥ မှုန့်ကို နွားနို့ နှင့် ရောသောက်သော် သားသည် မိခင်များ နို့ရည် တိုးပွားစေ၏။
 
၉။ ရှဉ့်မတက်ဥရည် တွင် နွားနို့ ရောသောက်သော် အဆိပ် သင့်ခြင်း အမျိုးမျိုး ပျောက်၏။
 
၁၀။ ရှဉ့်မတက်ဥကို အခြားသော ဆေးဖက် များနှင့် ရောစပ်၍ သွေးအန်၊ သွေးဝမ်း၊ ခေါင်းကိုက်၊ 
အသံပျက်၊ အသံဝင်၊ ဝက်ရူး၊ပန်းနာ ရောဂါပျောက် ဆေးများ အဖြစ် သုံးစွဲ နိုင်၏။

ကင်းပုံ


အသုံးပြုပုံ-
ပဉ္စငါးပါး
၁ ။ ပင်စည်ပြုတ်ရည်ကို သလိပ်ရွှင်ဆေးအဖြစ် အသုံးပြုရာ၌ အထူးထင်ရှား၏ ။
 
အရွက်
၁။ အရွက်စိမ်းကို ဆီးချိုရောဂါရှိသူများ ကြော်ချက်စားသုံးရ၏ ။

၂ ။ ကင်းပုံရွက်နှင့် နံနံစေ့ ဆတူကို ပြုတ်၍ အဖျားကျဆေး ၊ ဝမ်းပျော့ဆေးအဖြစ် အသုံးပြုသည်။
 
၃။ ကင်းပုံရွက်ကို သန်ကျဆေး ဖော်စပ်ရာ၌ သုံး၏ ။
 
၄။ ကင်းပုံရွက် အရည်ကို ရေယုန်နာပေါ်သို့ မကြာခဏတို့ပေးလျှင် ရေယုန်နာ ပျောက်ကင်းသည်။
 
၅ ။ ကင်းပုံရွက်ကို သည်းခြေပျက်ခြင်းနှင့် အဆုတ်ပြွန်ရောင် ရောဂါတို့အတွက် ဖော်စပ်သောဆေးများတွင် ထည့်သွင်း အသုံးပြုသည်။
 
အသီး
၁ ။ ကင်းပုံသီးကို သားသည် မိခင်များ နို့ထွက်စေရန် နှင့် လေရောဂါ ၊ သွေးဖောက်ပြန် သောရောဂါ ၊ ပန်းနာ ချောင်းဆိုး ရောဂါများ၌ အသုံးပြုသည်။
 
အမြစ်
၁။ အမြစ်ကို အဖျားကျဆေး၊ ဝမ်းသက်ဆေး အဖြစ်သုံးသည်။ (ကင်းပုံတွင် အခါး၊ အချို နှစ်မျိုးရှိသည့် အနက် ဆေးဖက်တွင် အခါးကို အသုံးများသည်။)

ခံတက်


အသုံးပြုပုံ-
အခေါက်
၁။ သက်တန့်နှင့် အနာပေါက်နာတို့၌ အခေါက်ကို ပရန္နဝါ မြစ်နှင့် သွေးသောက်သော် လျင်မြန်စွာ ပျောက်၏။
 
အရွက်
၁။ အရွက်ကိုကြိတ်၍ ရေနှင့်ဖျော်ပြီး မီးဖြင့် နွေးအောင်ပြု၍ ကိုက်ခဲနာကျင်ရာ၌ လိမ်းသော် အကိုက်အခဲများ ပျောက်၏။

၂။ ရွက်ကြိတ်ညှစ်ရေနှင့် ကွမ်းရွက်ကြိတ်ညှစ်ရေ ဆတူယူ၍ ထောပတ်နှင့်ရောသောက်သော် အဆစ်ရောင်ရောဂါ ပျောက်၏။
 
၃။ ခံတက်ချဉ်ထည့်စားခြင်း ၊ သုပ်စားခြင်းဖြင့် လေထိုးလေအောင့် ရောဂါပျောက်၏။
 
အမြစ်
၁။ အမြစ်ခေါက်ကို ၄ ခွက် တစ်ခွက်တင် ပြုတ်သောက်သော် ဆီးချို ၊ ကျောက်တည်ရောဂါ ပျောက်၏။ ယင်းပြုတ်ရည်တွင် ကြံသကာ ရောသောက်သော် ဆီးအိမ်ရောင်ရောဂါနှင့် ကျောက်တည်ရောဂါ ပျောက်၏။
 
၂။ အမြစ်ကို အပြင်းဖျား ရောဂါကုဆေး၌လည်း ထည့်သွင်းအသုံးပြု၏။

Wednesday, January 2, 2013

ခရေပင် (ချရားပင်)


အသုံးပြုပုံ-
အပွင့်
၁။ခရေပွင့်ကို တစ်ညလုံးရေစိမ်၍ နံနက်တွင်ထို စိမ်ရည်ကိုစစ်ပြီး ကလေးအားတိုက်လျှင်ချောင်းဆိုးရောဂါပျောက်၏။
 
၂။ခရေပွင့်အစိုကို မီးယပ်ဖြူရောဂါနှင့် သွားရောဂါ အတွက် အသုံးပြု၏။

၃။ခရေပွင့်အခြောက်ကို သနပ်ခါးဖြင့် ရောသွေးလိမ်းက အပူကြောင့်ဖြစ်သောမိတ်နာ၊ ယားနာများ အမြန်ပျောက်ကင်း၏။
 
အခေါက်
၁။အခေါက်ပြုတ်ရည်ကို သောက်ခြင်းဖြင့် လည်းကောင်း၊ အပွင့်ကိုရှူခြင်းဖြင့်လည်းကောင်း၊ အသီးကိုစားခြင်းဖြင့်လည်းကောင်း နှလုံးရောဂါကို ပျောက်စေ၏။
 
၂။ခရေခေါက်၊ဆီးဖြူခေါက်၊ရှားခေါက် ၃ မျိုးပြုတ်၍ငုံပေးခြင်းဖြင့် ပါးစပ်၌ မက်ခရုပေါက်ခြင်း၊ သွားဖုံး ရောင်ခြင်း၊ ပါးစပ်၌အပူလောင်ခြင်း၊ ရေစီးကမ်းပြို ဖြစ်ခြင်းစသော ခံတွင်းနာအားလုံး ပျောက်ကင်း စေသည်။
 
၃။အခေါက်ကိုပြုတ်၍ ဖန်ဆေးရည်အဖြစ် အသုံးပြုနိုင်သည်။
 
အစေ့
၁။အဆက်မပြတ်သွားသော ဝမ်းရောဂါအတွက် အစေ့ကို ရေအေးနှင့် သွေးသောက်ခြင်း၊ ခရေသီးအမှည့်၏ အသားကိုစားပေးခြင်းဖြင့် ပျောက်ကင်း စေနိုင်သည်။

ထိကရုံးပင်


အသုံးပြုပုံ-
အရွက်
၁။ အရွက်ကိုကြိတ်၍ ဆီးခုံ၌ အုံပေးလျှင် ဆီးလွန်ရောဂါ ပျောက်၏။
 
၂။ မြင်းသရိုက် လိပ်ခေါင်းရောဂါ အတွက် အရွက်ကို အမှုန့်ပြု၍ နို့နှင့်သောက်လျှင် ပျောက်၏။

အမြစ်
၁။ အမြစ်ကို သွေး၍ လိမ်းသော် အနာမှ အမြစ်များ ထွက်လာစေသည်။
 
၂။ အမြစ်ကို ပြုတ်သောက်သော် ဆီးအိမ်၌ တည်သော ကျောက်ကို ပျော်၍ ကွဲကျစေပြီး ဆီးကောင်းစေသည်။
 
ပဉ္စငါးပါး
၁။ ပဉ္စငါးပါး ကို ကြိတ်၍ ရေနှင့် ဖျော်လူးပါက ဖောရောင်ခြင်း ကို ကျစေသည်။
 
၂။ ရောင်အမ်းသော အနာ ဖြစ်က ထိကရုံး ပဉ္စငါးပါး ကြိတ်၍ ရသော အရည်ကို ရောင်အမ်းသော နေရာတွင် ကြက်တောင်နှင့် သုတ်လိမ်းသော် ပျောက်၏။
 
၃။ သွေးအန်၊ သွေးကျ၊ ဝမ်းရောဂါ ပျောက်ဆေး၊ ပန်းနာ ကာကွယ်ဆေး၊ အားတိုးဆေး အဖြစ် ဖော်စပ် အသုံးပြု၏။

နံ့သာဖြူ (စန္ဒကူးဖြူ)


အသုံးပြုပုံ-
အနှစ်သား
၁။ ဖျား၍ အပူရှိန် အားကြီးခြင်း ၊ ကိုယ်သားကိုယ်ရေ ပရုတ်ကို သွေး၍ ဦးခေါင်းခွံ ၌ လိမ်းပေးခြင်း ဖြင့် အပူအခိုး များ ထွက်၍ ရောဂါ ပျောက်ကင်းစေသည်။
 
၂။ နံ့သာဖြူ နှင့် သံပရာရည် ဖျော်လူးပါက ယားယံခြင်း ပျောက်၏ ။

၃။ ဆန်ဆေးရည်နှင့် နံ့သာဖြူ သွေး၍ ပျားရည် ၊ သကြားတို့ နှင့် အနေတော် ရော၍ သောက်သော် ဆီးအောင့် ရောဂါ နှင့် ဝမ်းသွားရောဂါ ပျောက်၏ ။
 
၄။ ဒက်ပေါက်ခြင်း ၊ အနာစက် ပေါက်ခြင်း ဖြစ်သော် နံ့သာဖြူ ကို နှင်းဆီရည်နှင့် သွေး၍ နံနံစေ့ မြက်မွေး အနည်းငယ် ရောထည့် လိမ်းသော် ပျောက်၏ ။ နံ့သာဖြူ တစ်မျိုးတည်း လည်း လိမ်းပေး နိုင်၏ ။
 
၅။ ဆန်ဆေးရည်နှင့် နံ့သာဖြူ သွေး၍ သကြားခဲ နှင့် ရောသောက်သော် အပူလွန် ရောဂါ ၊ ကြို့ထိုးနာ တို့ ပျောက်၏ ။
 
၆။ ညောင်းညာ ကိုက်ခဲခြင်း ဖြစ်လျှင် နံ့သာဖြူ ၊ သွေးလိမ်းက ပျောက်၏ ။

နနွင်း


အသုံးပြုပုံ-
ဥတက်--
၁။ နနွင်း သည် ရောဂါ အမျိုးမျိုးတို့ ကို ပယ်နိုင်၍ အသက်ရှည် စေသော ဆေးအဖြစ် ထင်ရှား၏။ နနွင်းကို ငန်းဆေး အမျိုးမျိုး၊ မျက်စိ ဆေး အမျိုးမျိုး၊ ဒူလာ ဝမ်းရပ်ဆေး အမျိုးမျိုး၊ လိမ်းဆေး အမျိုးမျိုး၊ မှိုင်းဆေး အမျိုးမျိုး ဖော်စပ် ရာတွင် အသုံးပြု၏။

၂။ ကိုယ်ဝန်ဆောင် စဉ် အတွင်း ဖျားခြင်း၊ သားဖွားပြီး သွေးတက်ခြင်း၊ သွေးပုပ် ကျန်ခြင်း၊ သွေးမသန့် ခြင်း၊ မီးဖွားပြီး နောက် ချိနဲ့ခြင်း၊ အသား အေးခြင်း၊ သားမြတ် ကိုက်ခြင်း၊ ရောင်ခြင်း၊ မီးယပ် သွေးဖော ဖြစ်ခြင်း ၊ ယားယံ ခြင်း တို့အတွက် နနွင်းကို အမှုန့်ပြုကာ ရေနှင့်ဖျော်၍ လိမ်းပေးခြင်း၊ သောက်ပေး ခြင်း၊ မှိုင်းရှူပေးခြင်း၊ ရေနွေး နှင့် ပြုတ်၍ ရေချိုးပေး ခြင်း၊ ကြပ်ထုပ် ထိုးပေး ခြင်း တို့ဖြင့် ပျောက်ကင်းစေနိုင်၏။
 
၃။ သားအိမ် မသန့် သော ရောဂါ၊ မျက်စိကိုက်၊ နှာစေး အဖျား ရောဂါတို့ အတွက်လည်း နနွင်း ကို ဆေးဖက် အဖြစ် အသုံး ပြုရ၏။
 
၄။နနွင်း ကို လက်ထုပ် ခေါက်မှုန့် နှင့် ရော၍ ရျေနှင့် ကျိုပြီး ပျားရည် သင့်ရုံ စပ်၍ သောက်ပါက သွေးအန်၊ သွေးလျှံ၊ သွေးဝမ်း ရောဂါ များ ပျောက်၏။
 
၅။ သွားဖုံး ရောင်ခြင်း၊ သွားနာခြင်း၊ ကိုက်ခဲ ခြင်းတို့အတွက် နနွင်းမှုန့်ကို ရေနွေးနှင့် ဖျော်၍ ငုံပေးခြင်း၊ ဆားနိုင် နိုင် ထည့်သောက်ခြင်း၊ သွားရင်းတွင် သိပ်ပေး ခြင်းဖြင့် ပျောက်ကင်း စေ၏။
 
၆။ နနွင်း သည် ချောင်းဆိုး၊ ပန်းနာ ရင်ကျပ်၊ ဝမ်းလျှော ရောဂါ တို့ကို ပျောက်ကင်း စေ၏။
 
၇။ နနွင်း ကို ဆားအနည်းငယ် ခတ်၍ တစ်နေ့ ၃ ကြိမ် သောက် သော် လေထိုး လေအောင့် ရောဂါ ပျောက်၏။
 
၈။ အကျိတ်နာ၊ ထိခိုက် ရှနာခြင်း၊ အတွင်းကြေ ဒဏ်ရာ ရခြင်းတို့ အတွက် နနွင်းနှင့် ထုံးကို ရောစပ် လိမ်းပေးခြင်း၊ ဒဏ်ရာ မှ သွေးထွက် လွန်ခြင်းတို့ အတွက် နနွင်းမှုန့် သိပ်ပေးခြင်း တို့ဖြင့် ပျောက်ကင်း စေနိုင်၏။
 
၉။ နနွင်းကို သကြားနီ ခဲနှင့် ရောစပ်၍ ဆန်ဆေးရည် နှင့် သောက်သုံးပါက သားအိမ်တွင် ကျောက်တည်ခြင်း ပျောက်၏။
 
၁၀။ နနွင်းမှုန့်၊ ဆီးဖြူသီးရည်၊ ပျားရည် သုံးမျိုး ရောသောက် သော် ဆီးပူ၊ ဆီးအောင့် မှစ၍ ဆီးရောဂါ အမျိုးမျိုး ပျောက်၏။
 
၁၁။ နနွင်းဥ ကို ပါးပါးလှီး၍ နေရိပ်တွင် လှန်းပြီး ပျားရည်နှင့် တစ်ကြိမ် ၃ ပြား၊ တစ်နေ့ တစ်ကြိမ် သောက်သော် အစာအိမ် ရောဂါ ပျောက်၏။

ဆေးခါးကြီး(ငရုတ်ခါး)


အသုံးပြုပုံ-
အရွက်
၁။ အရွက်ကို အဖျားဖြတ်ဆေး၊ အဆိပ်ဖြေဆေး၊ သည်းခြေဆေး၊ လျှာပွတ်ဆေး တို့တွင် ထည့်သွင်းအသုံးပြုသည်။

ပျဉ်းတော်သိမ်


အသုံးပြုပုံ-
အရွက်
၁။ ပျဉ်းတော်သိမ် ရွက်ကို ဟင်းခတ် အမွှေးအကြိုင် အဖြစ် သုံးသည်။
 
၂။၎င်း အရွက်ကို များစွာ စားခြင်းဖြင့် ဝမ်းကို သက်စေသည်။

၃။နို့ရည် ထဲတွင် ၎င်း အရွက် ကို ထည့်ကျို သောက်ပါက အဆိပ်ကို ပြယ်စေ သည်။
 
၄။ပျဉ်းတော်သိမ် ရွက်ကို သွေးဆေး၊ လေဆေးများ ဖော်စပ်ရာတွင် အသုံးပြု၏။

ပရုတ်ပင်


အသုံးပြုပုံ-
အဆီ-- 
၁။ ပရုတ်နှင့် ရှိန်းခိုကို ရောလုံး၍ ပန်းနာ ထချိန်တွင် တိုက်ကျွေးသော် ပန်းနာထခြင်း ရပ်သွား၏။
 
၂။သွားတွင် ပရုတ် ထည့်ပေးခဲ့သော် သွားနာကျင် ကိုက်ခဲခြင်း နှင့် သွားမကောင်းခြင်း ပျောက်ကင်း၏။

၃။ ပရုတ်ရည်ကို တိုက်ပေး ခြင်းဖြင့် ကာလ ဝမ်းရောဂါ ဖြစ်၍ လက်ခြေများ အေးလာခြင်း ပျောက်၏။
 
၄။ကင်းမြီးကောက် ကိုက်ခံရသော နေရာ၌ ပရုတ်ကို ရေနှင့် ကြိတ်၍ လိမ်းပေးက ပျောက်ကင်း၏။
 
၅။ပရုတ်ကို နှင်းဆီရည် နှင့် စိမ်၍ တိုက်က စိန် အဆိပ်သင့် ခြင်း

ဘုမ္မရာဇာ


အသုံးပြုပုံ-
အမြစ်
၁။ ဘုမ္မရာဇာ မြစ်သည် သွေးတိုး ကျဆေး အဖြစ် အထူး ထင်ရှားသည်။ အထူး သဖြင့် စိုးရိမ် ကြောင့်ကြ ခြင်း နှလုံး တုန် မြန်ခြင်း တို့ နှင့် ယှဉ်သော သွေးတိုး ရောဂါ ရှိသည့် လူရွယ် များ အတွက် သင့်တော် ၏ ။
၂။ ဘုမ္မရာဇာ မြစ်သည် အားတိုးဆေး ၊ အိပ်ဆေး ၊ အဖျားဖြတ်ဆေး ၊ လေဆေး နှင့် အဆိပ်ဖြေ ဆေး များ တွင် ထည့်သွင်း အသုံးပြုသည်။

၃။ စိတ်ထကြွခြင်း ၊ ရန်ပြုလိုခြင်း ၊ စိုးရိမ်ကြောင့်ကြ ဖြစ်ခြင်း ၊ စိတ်ကြောတင်းခြင်း များကို ပြေပျောက် စေသည့် အတွက် စိတ်ဝေဒနာ ရှင်အချို့ စိတ်ငြိမ်ဆေး အဖြစ် အသုံးပြု ကြသည်။
၄။ ဘုမ္မရာဇာ ၊ ရှိန်းခို ၊ ဣသရမူလီ ၊ ဆေးဒန်း တို့ကို ဆတူ အမှုန့် ပြု၍ ကလေး သူငယ်များ ၊ အသား အရေ အေး၍ တက်ခြင်း ၊ ပူ၍ တက်ခြင်း ၊ အညှော်မိခြင်း ၊ ချွဲကျပ်ခြင်း ၊ လေပူ ကျပ်ခြင်း ဖြစ်ပါက လက်ဖဝါး ခြေဖဝါး တို့ကို ချန် လှပ် ၍ တစ်ကိုယ်လုံး ကို နှမ်းဆီနှင့် ဖျော်၍ လိမ်းပေးခြင်း ၊ ၎င်း ဆေးမှုန့် နှင့် ကွမ်းရွက် တစ်ရွက် ရောခြေ ၍ အနံ့ ရှူပေးခြင်း ၊ လက်ကို အပူကင်း ၍ ရင်ကို အုပ်ပြီး သက်ချခြင်းဖြင့် ပျောက်ကင်း စေနိုင်သည်။
အရွက်
၁။ လတ်ဆတ်သော အရွက်ကို အရည်ကို မျက်စိ အတွက် ဆေးအဖြစ် ဖော်စပ် အသုံးပြု နိုင်၏ ။
မှတ်ချက် ။ ။ (ဘုမ္မရာဇာ ဆေးကို စားသုံးပြီးနောက် ပွင့်သော အစာကို စားရ၏။ ရေမှန်မှန် ချိုးပေးရ၏ ။)

Tuesday, January 1, 2013

မိဿလင်


အသုံးပြုပုံ-
ပဉ္စငါးပါး
၁။ ချောင်းဆိုး၊ ပန်းနာ၊ သန်ချဆေး၊ အနာကြီး နှင့် အရေပြား ရောဂါ ပျောက်ဆေး အဖြစ် ဖော်စပ် အသုံးပြု၏။
 
၂။မိဿလင် ကို အရည်ညှစ် ၍ ဆားအနည်းငယ် ထည့်သောက် သော် မီးယပ် ချုပ်ခြင်း ပျောက်၏။

၃။မိဿလင် ကို အရည်ညှစ် ၍ ငရုတ်ကောင်း မှုန့် ထည့်လိမ်း သော် တစ်ကိုယ်လုံး သို့မဟုတ် ကိုယ်အင်္ဂါ အစိတ်အပိုင်း များတွင် အအေးပပ်ခြင်း၊ ကိုက်ခဲ နာကျင်ခြင်း၊ လေမလျှောက် ၍ လေးလံ ထိုင်းမှိုင်း ခြင်းတို့ကို ပျောက်ကင်း စေ၏။
 
၄။မိဿလင် ကို ရေသင့်ရုံ နှင့် ကျို၍ သောက်သော် ပင်လယ် အူလျှောက်နာ ဖြစ်ခြင်း၊ ဝမ်းဗိုက် ထိုးအောင့်၍ ဝမ်းသွားခြင်း များ ပျောက်၏။
 
၅။မိဿလင် ကို နံနံစေ့ နှင့် ရေထည့် ကျိုပြီး တစ်ဝက်မျှ အကျန်တွင် တစ်ခွက်စာ ကြွေဇွန်းကြီး ၂ ဇွန်းမျှ သောက်သော် ဝမ်းလျှော ရောဂါ ပျောက်ကင်း၏။
 
၆။မိဿလင် အစိုကို ထုခြေ၍ အိုးသစ်တွင် ထည့်ကာ ပေါင်းတိုက်ရေ ယူပြီး နံနက်ည ကြွေဇွန်းကြီး ၂ ဇွန်းကျ မှန်မှန် သောက်က အတွင်း လိပ်ခေါင်း ပျောက်ကင်း စေနိုင်၏။
 
၇။မြွေကိုက်သော် ၎င်းအရည်ကို မကြာခဏ တိုက်ပေး၍ ကိုက်သော ဒဏ်ရာကို လိမ်းပေးရ၏။
 
၈။ ထိခိုက် ဒဏ်ရာ နှင့် အကိုက်အခဲ အကြော ထုံးနာ တို့အတွက် မိဿလင်ဥ ကို ကြိတ်၍ ကြပ်စည်း ရ၏။
 
၉။ အသက်ကြီး သောသူ များတွင် ဖြစ်ပေါ် တတ်သည့် ဒူးခေါင်း ရောင်ခြင်း၊ အဆစ် အမျက် ရောင်ခြင်း၊ ခြေမျက်စိ ရောင်ခြင်း များအတွက် မိဿလင် မြစ်ဥ ကို ထုထောင်း ၍ ကြပ်စည်း ပေးလျှင် ပျောက်၏။

ရင်းပြားနီ


အသုံးပြုပုံ-
အမြစ်
၁။ အမြစ်ကို ထုထောင်း၍ ရေနှင့် ကျိုချက် သောက်သော် အဖျား နှင့် နှာစေးခြင်း ပျောက်၏။
 
၂။ အမြစ်ကို နှမ်းဆီ နှင့်ချက်ပြီး အမြှုပ် သေလျှင် စစ်ယူ၍ မျက်လုံးအိမ်၌ ကွင်းပေး၊ လိမ်းပေးသော် မျက်လုံးအိမ် ရောင်ခြင်း၊ ယားယံခြင်း နှင့် မျက်ချေး ထွက်ခြင်း များ ပျောက်၏။

၃။ ရင်းပြားမြစ်၊ ချင်းခြောက် နှင့် နံနံစေ့ တို့ကို အညီစု၍ ရေထက်ဝက်ခန်း ကျိုပြီး အနည်းငယ် မျှစီ ည နံနက် သောက်သုံးပေး သော် ရင်ပြည့် ရင်ကယ် ပျို့အန်ခြင်း များ ပျောက်၏။
 
၄။ အမြစ်မှုန့် ၁ ဆ၊ ဒိန် ၁၂ ဆ ရောပြီး ထက်ဝက် ခန်းကျို၍ အနည်းငယ်မျှစီ ည နံနက် သောက်သော် ရေဖျဉ်း ရောဂါ ပျောက်၏။
 
၅။ ရင်းပြားနီမြစ်မှုန့် ၁ ဆ၊ ချင်းခြောက်မှုန့် ၁ ဆ ကို ချင်းစိမ်းရည် နှင့် ရောလျက် သောက်သော် ချောင်းရိုးရိုး ဆိုးခြင်း၊ ပန်းနာ၊ ကြက်ညှာ၊ ရင်ကျပ် ချောင်းဆိုး ရောဂါ များ ပျောက်၏။
 
၆။ လည်ချောင်းတွင်း၌ ဆုံဆို့နာ စသော အကျိတ် အနာများ ပေါက်သော် အမြစ်ကို ဆန်ဆေးရည် နှင့် သွေး၍ မကြာခဏ လူးပေးသော် ပျောက်၏။
 
မှတ်ချက်
၎င်းဆေးပင်၏ အမြစ်မှုန့်ကို ၆ ပြားသားမှ ၃ ပဲသားထိ စားသုံးနိုင်သည်။
 
အရွက်
၁။ အရွက်ကို ရေနွေးဖြော၍ သုပ်စား ခြင်းဖြင့် မီးယပ် ရောဂါ ပျောက်ကင်း စေ၏။ မီးဖွား ပြီးစ မိခင်များ စားသုံးလျှင် ဒဏ်ကြေ၍ အင်အားတိုးပြီး နို့ထွက် ကောင်းစေ၏။

ဧကရာဇ်


အသုံးပြုပုံ-
အရွက်--
၁။ အရွက်ကို ပြုတ်၍ သုပ်စားလျှင် လည်းကောင်း၊ ကြော်စား လျှင်လည်းကောင်း မီးယပ် ငုပ်ခြင်းနှင့် သွေးတိုး ရောဂါ ပျောက်၏။
 
အပွင့် အညွန့်--
၁။ အပွင့်ကို ဟင်းချို အဖြစ် ချက်သောက်ခြင်း၊ အညွန့်ကို တို့စရာ အဖြစ် တို့စားခြင်းဖြင့် သွေးတိုး၊ နှလုံးတုန် ရောဂါ တို့ကို ပျောက်ကင်းစေနိုင်၏။

အမြစ်--
၁။ အမြစ်ကို ဆန်ဆေးရည် နှင့် သွေးပြီး သကြား ဆားပါ ထည့်သောက်က နှလုံးတုန်၊ ရင်ခုန်၊ ခေါင်းမူး ပျောက်သည်။
 
၂။ အမြစ် နှင့် အခေါက်ကို သွေး၍ မျက်စိတွင် ကွင်းပေးလျှင် မျက်စိနာ ပျောက်၏။
 
၃။ ဝမ်းကြော၊ ရင်ကြောများ တင်းမာခြင်း အတွက် အမြစ်ကို ဆန်ဆေးရည် နှင့် သွေးလိမ်းက ပျောက်၏။
 
၄။အမြစ် အစိုကို ထန်းလျက်နှင့် ကျိုသောက်ခြင်းဖြင့် ခရုသင်း ရောဂါ ပျောက်ကင်း စေနိုင်သည်။
 
၅။ အမြစ် သို့မဟုတ် အခေါက်ကို သွေး၍ လျှာကို ပွတ်ပေး ပါက အရက်မူး လွန်ခြင်းကို ပြေစေ၏။

ကျောက်ဖရုံ


အသုံးပြုပုံ-
အပွင့်
၁ ။ ကျောက်ဖရုံပွင့်ကို ကြိတ်စားသော် ကာလဝမ်းရောဂါပျောက်၏။
 
အသီး
၁ ။ အသီးသည် အဆုတ်ရောဂါကြောင့် အားအင်ကုန်ခန်းခြင်းအတွက် အာဟာရ ဖြစ်စေ သည်။အသီးရည်ကို သောက်ခြင်းဖြင့် သွေးယိုစီးခြင်းနှင့် သွေးအန် သွေးကျ ရောဂါ ပျောက်၏ ။

၂ ။ အသီးရည်တွင် ရှိန်းခိုနှင်ဂျုံပြာဆား အနည်းငယ်ထည့်သောက်သော် ဆီးအိမ်ရောင်ခြင်း ပျောက်၍ ကျောက်ကပ် တွင်တည်သော ကျောက်ကို အရည်ပျော်၍ ကျစေ၏ ။
၃ ။ ကျောက်ဖရုံရည် ကို ဝက်ရူးနာ ၊ လေနာ ၊ အရူးရောဂါတို့ အတွက်လည်း သုံး၏။
 
အစေ့
၁ ။ အစေ့ကို သန်ကျဆေးအဖြစ် သုံးသည်။
 
အမြစ်
၁ ။ ကျောက်ဖရုံမြစ်မှုန့်ကို ရေနွေးနှင့် သောက်လျှင်ချောင်းဆိုးရောဂါနှင့် ပန်းနာရင်ကျပ် ရောဂါ ပျောက်၏။

ကြက်ဟင်းခါး


အသုံးပြုပုံ-
အရွက်
၁။ ကြက်ဟင်းခါးရွက်ကို ဆား၊ ထန်းလျက်ထည့်၍ ၃ ခွက် တစ်ခွက်တင် ကျိုသောက်က တုန်ဖျား ၊ ချမ်းဖျား ပျောက်၏ ။
 
၂။ အရွက်ကြိတ်ညှစ်ရည်ကို သောက်လျှင် အူတွင်းရှိ ရောဂါပိုးများကို သေကြေပျက်စီး၏ ။

၃။ ကြက်ဟင်းခါးရွက်ရည်ကို ဖန်ခါးသီးနှင့် သွေးသောက်သော် အသည်းရောင်၍ အသားဝါသောရောဂါ ပျောက်ကင်း၏။
 
၄။ မူးမော်ခြင်းလည်း ပျောက်ရန်လည်းကောင်း ၊ညှော်ခံဆေးအဖြစ်လည်းကောင်း ၊ ကြက်ဟင်းခါးရွက်ကိုချေ၍ ရှူပေးရ၏။
 
၅။ အဖျားကို နိုင်သော သတ္တိရှိသဖြင့် အရွက်ကို ကြိတ်၍ ရသော အရည်ကို တိုက်ပေးခြင်းဖြင့် သွေးလွန်တုပ်ကွေးရောဂါပျောက်၏။
 
၆။ ခွေးရူးကိုက်သောနေရာများတွင် အရွက်ကိုကြိတ်၍ အုံပေးခြင်း၊ အရည်ညှစ်ထည့်ပေးခြင်း ၊ သောက်ပေးခြင်းဖြင့် ပျောက်ကင်း၏။
 
အသီး
၁။ ကြက်ဟင်းခါးသီးအခြောက်ကို ကျောက်ပျဉ်တွင် သွေးလူးသော် လည်ချောင်းရောင်သောရောဂါ ပျောက်ကင်း၏ ။
 
၂။ ကြက်ဟင်းခါးသီးရည်ကို ဆီနှင့် ရောသောက်က ကာလဝမ်းရောဂါ ပျောက်ကင်း ၏ ။ ၎င်းအရည်တွင် ပျားရည် အနည်းငယ် ရောသောက်လျှင် ရေဖျဉ်းရောဂါ ပျောက်ကင်း၏။
 
၃။ အသီးနုအရည်ကို မီးပေါ်၌ နွေး၍ လိမ်းပေးလျှင် အဆစ်ရောင်ရောဂါ ပျောက်၏ ။

ဒန္တသုခ


အသုံးပြုပုံ-
ပဉ္စငါးပါး
၁။ ဒန္တ သုခ ပြုတ်ရည်နှင့် အမြစ်သည် သွားကိုက် ရောဂါ အတွက် အလွန်ကောင်း သောဆေး ဖြစ်၏။
 
၂။ ပဉ္စ ငါးပါး ပြုတ်ရည်ကို ငုံပေးခြင်း ဖြင့် လည်းကောင်း ၊ အမြစ်ကို အစိမ်း လိုက် ကြိတ်၍ သိပ်ပေးခြင်း ဖြင့် လည်းကောင်း ၊ ပဉ္စ ငါးပါး ကို ပြာချ၍ သွားဖုံး နှင့် သွားကြား ကို သိပ်ပေး ခြင်းဖြင့် လည်းကောင်း သွားကိုက် သွားနာ ပျောက်၏။

၃။ ပဉ္စ ငါးပါး ကြိတ်ရည် တွင် ဆားထည့် ၍ အနာ ပေါ်လိမ်း ပေးခြင်း ဖြင့်အနာ အသားနု တက်ပြီး ပျောက်ကင်း စေ၏။
 
၄။ ဆီးပူ ခြင်း၊ နည်းခြင်း၊ သွေးပါ ခြင်းတို့ အတွက် ပဉ္စ ငါးပါး အခြောက် လှန်းပြီး လက်ဖက်ခြောက် ကဲ့သို့ ခပ်သောက် က ပျောက်၏။
 
၅။ ပဉ္စ ငါးပါး ပြုတ်ရည် တွင် သကြား ထည့်သောက် က ချောင်းဆိုး သွေးပါ ရောဂါ ပျောက်၏၊
 
အရွက်
၁။ အရွက်ကို အဖျား ရောဂါ ပျောက်ဆေး ၊ အော့အန် သော ရောဂါ ပျောက်ဆေး၊ ဖြေဆေး အဖြစ် ဖော်စပ် အသုံးပြုရ၏။
 
အမြစ်
၁။ အမြစ် ကို ပြုတ်၍ ရာသီသွေး လွန်ခြင်း၊ ညောင်းကျ ခြင်းတို့ ၌ တိုက်ရ၏။
 
၂။အမြစ်ကို ဆန်ဆေးရည် နှင့် သွေး၍ ဆားထည့် သောက်က အနာဝင် ဖျားခြင်း ပျောက်၏။