Tuesday, January 8, 2013

ကုလားမျက်စိ


အသုံးပြုပုံ-
ပဉ္စငါးပါး
၁။ကုလားမျက်စိပင်သည် အသက်ရှည်ဆေးအဖြစ် အလွန် ထင်ရှား၏။ ကုလားမျက်စိအညွန်များကို ပြုတ်တို့ခြင်းဖြင့် ဆီးရွှင် ဆီးကောင်းစေသည်။
 
၂။ ပဉ္စငါးပါးကို သုံးခွက်တစ်ခွက်တင် ကျို၍ အအေးခံပြီး သကြားထည့်သောက်ပါက ဆီးပူ ၊ ဆီးအောင့် ၊ ဆီးနည်း ၊ အသံဝင် ၊ အဖျား ၊ အညောင်းအကိုက် ရောဂါတို့ကို ပျောက်စေ၏။

၃။ ပဉ္စငါးပါးကို ထန်းလျက်နှင့်ကျို၍ အအေးခံထားသောရေတွင် စမုန်မျိုးငါးပါးမှုန့် အဝတ်နှင့်ထုပ်စိမ်ထားပြီး ယင်းစိမ်ရေတွင် ဆားပုပ်အမှုန့်ထည့်၍ တစ်နေ့ ၃ ကြိမ်သောက်သော် ဆီးရောဂါအမျိုးမျိုး ၊ လေအောင့် အစာမကြေ ၊ မျက်စိရောဂါအမျိုးမျိုး ၊ နှလုံးရောဂါ ၊ သားအိမ်ရောဂါ ၊ဖောရောင် ညောင်းကိုက် ၊ မြင်းသရိုက်ရောဂါတို့ကို ပျောက်စေ၍ အားတိုးစေသည်။

ကိုရံကြီး


အသုံးပြုပုံ-
အရွက်
၁ ။ အရွက်ကို ပြုတ်၍ ရေချိုးခြင်း ၊ အရည်ပျစ်ပျစ်သွေး၍ လိမ်းခြင်းပြုက အဖောအရောင်ရောဂါပျောက်၏ ။
 
၂ ။ ခါးနာခြင်း ၊ ဒူးရောင်ခြင်း ရောဂါများအတွက် အရွက်ကို နွမ်းအောင် မီးခဲနှင့်ကပ်၍ အပူဓာတ်မကုန်မီ နာသော နေရာနှင် ရောင်သော နေရာများတွင် တစ်နာရီခန့် စည်းပေးက ပျောက်၏ ။

၁ ။ ဥကို သွေးလိမ်းပါက အနာမီး ၊ အနာလျှံ ပျောက်၏ ။ သို့သော် ယား၏ ။
 
၂ ။ အဆိပ်သင့်ပါက လျှာကို ပွတ်ရုံနှင့် ပျောက်ကင်းစေသည့် နန်းတွင်း လျှာပွတ်ဆေးတွင် ကိုယ်ရံကြီးဂမုန်းကို အထူးထည့်သွင်း အသုံးပြုကြ၏ ။

ကရမက်


အသုံးပြုပုံ-
အမြစ် ၊ အသား
၁။ သွေး၍ လိမ်းခြင်းဖြင့်လည်းကောင်း ၊ သောက်ခြင်းဖြင့်လည်းကောင်း ၊ သလိပ်ကြေစေပြီး နှလုံးရောဂါ ၊ ဆီးရောဂါ ၊ ညောင်းကျရောဂါများ ပျောက်ကင်း၏။
 
၂။ သွေးလိမ်းခြင်းဖြင့် ကိုယ်သားကိုယ်ရေကို အေးမြစေပြီး ယားယံခြင်း ပျောက်၏ ။

ကပ်စေးနဲ(နွားမြီးကပ်)


အသုံးပြုပုံ-
အရွက်
၁ ။ အရွက်ကို ငရုတ်ကောင်း နှင့် ကြိတ်၍ ည နံနက် တစ်ကြိမ်ကျ သောက်သော် ညောင်းကျရောဂါပျောက်၏။
 
၂ ။ အရွက်နှင့် နှမ်းနက်ကို ဆတူကြိတ်၍ မီးနွေးနွေးဖြင့် ချက်ပြီး ဖောရောင် သည့်နေရာများကို လိမ်းပေးသော် ပျောက်၏ ။

အမြစ်
၁ ။ အမြစ်အလေးချိန်တစ်ဆ ရေဆယ်ဆထည့်၍ ထက်ဝက်ခန်း ကျိုပြီး အဖျားပြင်းထန်သူများအား တစ်နေ့ ၂ -၃ ကြိမ် တိုက်သော် အဖျားသက်သာပျောက်ကင်း၏ ။
 
၂ ။ အမြစ်ခေါက်မှုန့်နှင့် သကြားခဲ ဆတူရော၍ နွားနို့နှင့် တစ်နေ့ ၂ ကြိမ် သောက်သော် သုတ်ဓာတ်နည်းခြင်း ပျောက်၍ ကာမသတ္တိ တိုးစေ၏။
 
၃ ။ အမြစ်ကို ရေနှင့်သွေး၍ တစ်နေ့ ၂ ကြိမ်ကျ လိမ်းပေးသော် နို့ပျဉ်းကျခြင်း ပျောက်၏ ။
 
၄ ။ အမြစ်မှုန့်ကို နွားနို့များများနှင့် အမြှပ်ထအောင် မွှေ၍ တစ်နေ့ ၂ ကြိမ်သောက်သော် ပန်းနာ ချောင်းဆိုးရောဂါပျောက်၏ ။

ကန်စွန်းရိုးနီ


အသုံးပြုပုံ-
အရွက်
၁ ။ ကန်စွန်းရွက်ရည်ကို မီးလောင်နာ ၊ ရေငတ်နာ ၊ ဆီးနှင့် ပတ်သက်သည့် အဖျားရောဂါများပျောက်ရန်အတွက်လည်းကောင်း၊ အဆိပ်အတောက် ပြေစေရန်အတွက်လည်းကောင်း သုံး၏။
 
၂ ။ အရွက်ကို ဟင်းချက် စားသော် သွေးဝမ်းရောဂါ ပျောက်၏ ။
 
၃ ။ ဆီးအိမ်တွင် ဆီးရှိပါလျက် ဆီးမထွက်ခြင်းနှင့် ဓမ္မတာလွန်ခြင်း ရောဂါအတွက် ကန်စွန်းရွက်ကို ဘူးရွက် မန်ကျည်းရွက်တို့နှင့် အမျှကြိတ်၍ ဆန်မှုန့်ညက်နှင် ဖျော်ပြီး ဆီးခုံပေါ်တင်ထားပါက ၁၅ မိနစ်အတွင်း ဆီးကျဆင်း၏ ။ ဓမ္မတာလွန်ခြင်းလည်း ရပ်တန့်စေ၏ ။

၄ ။ ကန်စွန်းရွက်ကို ပြုတ်သောက်ပါက ရင်ပြည့်ဝမ်းကျ ရောဂါ ပျောက်၏ ။
 
၅ ။ ကန်စွန်းရွက်ကို ထန်းလျက် မန်ကျည်းမှည့်နှင့် ဆားထည့်၍ ကျိုသောက်က ဆီးကျောက်တည်ခြင်းနှင်တကွ ဆီးရောဂါ ဟူသမျှ ပျောက်၏ ။
 
၆ ။ ငန်းမန်းရှိသောအနာကို ဘူးရွက်များနှင့် ရောစပ်၍ ရေစိမ်ပြီး အနာကို ဆွတ်လိမ်းခြင်းအားဖြင့် ငန်းမန်းကျစေနိုင်၏ ။

ကန့်ချုပ်ဖြူ


အသုံးပြုပုံ-
အပင်
၁ ။ အပင်ကို ဝမ်းသွားရောဂါ ၊ ပင်လယ်အူလျှောက်ရောဂါ ၊ အစာအိမ်ရောဂါပျောက်ဆေးများ ဖော်စပ်ရာတွင် သုံးသည်။
 
အမြစ်
၁ ။ အမြစ်ကို သန်ချဆေး ၊ သွေးသန့်ဆေးအဖြစ် သုံးသည်။ အမြစ်သည် ဝမ်းကိုက်ရောဂါ၊ ခရုသင်းရောဂါ ၊ အဆုတ်ရောဂါ ၊ ရေဖျဉ်းရောဂါ ၊ အဆစ်အမျက်ကိုက်ရောဂါနှင့် ပွေး ၊ ဝဲနာများကို ပျောက်ကင်းစေသည်။
၂ ။ အမြစ်ကိုကြိတ်၍ နွားနို့ ၊ ရှာလကာရည် သို့မဟုတ် ဆားရည်နှင့် နယ်ပြီး ကုဋ္ဌနူနာနှင့် အခြားအရေပြားရောဂါများကို လိမ်းကျံပေးခြင်းဖြင့် ပျောက်ကင်းစေ၏ ။
 

၃ ။ အမြစ်အရည်ကို ချွေးထုတ်ဆေးအဖြစ် အသုံးပြုသည်။
 

၎ ။ အမြစ်ကို အခြားဆေးများနှင့် ရောစပ်၍ အနာစားဆေးအဖြစ် အသုံးပြုသည်။
 

အစေး
၁ ။နို့နှင့် တူသော အစေးကို ၀ဲခြောက်နှင့် ပြည်တည်နာများ သုတ်လိမ်းလျှင် ပျောက်ကင်းစေသည်။

ကန့်ချုပ်နီ


အသုံးပြုပုံ-
ပဉ္စငါးပါး
၁ ။ ကန့်ချုပ်နီပင်သည် အရွယ်တင်စေ၍ အသက်ကို ရှည်စေသည်။ အပင်ကို အရည်ရအောင် ကြိတ်ပြီး မျက်စိနာအတွက်သုံးသည်။ ဝဲနာများနှင့် ခရုသင်းနာများကို သုတ်လိမ်းက ပျောက်ကင်းသည်။
 
အမြစ်
၁ ။ လူပျိုနာ ၊ ကုဋ္ဌနူနာ ရောဂါနှင့် မီးယပ်ရောဂါများအတွက် သုံးသည်။
 
၂ ။ ၎င်းကိုကြိတ်၍ နူးညံ့သောဆီနှင့် ရောနယ်ပြီး လိမ်းက အဆစ်အမျက် ကိုက်ခြင်းနှင့် လေငန်းရောဂါ ပျောက်၏။

၃ ။ အစာမကြေရောဂါ ၊ ဒူလာ မြင်းသရိုက်ရောဂါ ၊ အစိမ်း ဖောရောဂါ ၊ အရေပြား ရောဂါများ ကုသရာ တွင်လည်း ထည့်သွင်း အသုံးပြုသည်။

ကင်ပိမ့်


အသုံးပြုပုံ-
အရွက်
၁ ။ အရွက်မှ ထုတ်၍ ရသော အဆီသည် အပူနာ ၊ ယားနာ ၊ နှင်းခူတို့ကို ပျောက်ကင်းစေသည်။
 
၂ ။အရွက်ကို ကြိတ်၍ အနာပေါ်၌ သုတ်လိမ်းပေးလျှင် အနာပူလောင်ခြင်း နည်းပါး၍ ကျက်သွား၏
 
၃ ။ အရွက်ကို ကြိတ်၍ ရသောအရည်ကို သောက်ပါက ဆီးပူ ညောင်းကျရောဂါ ပျောက်ကင်း၏။
 
၄ ။ အရွက်ကို နှာစေး ချောင်းဆိုးနာများနှင့် ကိုယ်ဝန်ဆောင် မိန်းမများ ဝမ်းချုပ်ခြင်း အတွက် အသုံးပြုသည်။
 အမြစ်
၁ ။ အမြစ်ပြုတ်ရည်သည် သည်းခြေနှင့် စပ်လျဉ်းသော အော့အန်ခြင်းကို ပျောက်ကင်း စေသည်။

ကင်ပွန်းချဉ်


အသုံးပြုပုံ-
အသီး
၁။ အသီးသည် လေအောင့်ရောဂါ ၊ သွေးနှင့်ဆိုင်သော ရောဂါ ၊ အဖြူကွက်ပေါ်သောရောဂါ ၊ အစာအိမ်ရောဂါနှင့် ဝမ်းချုပ်ခြင်းကို ပျောက်စေသည်။
 
၂။ အသီးနှင့် အရွက်ပြုတ်ရည်ကို ဝမ်းပျော့ ဆေးရည်အဖြစ် သုံးသည်။
 
၃။ အသီးပြုတ်ရည်နှင့် ခေါင်းလျှော်ပေးခြင်းဖြင့် ဆံပင်သန်စေသည်။
 ၄။ အသီးကိုကြိတ်၍ အရေပြားရောဂါကို လိမ်းပေးလျှင် ပျောက်၏။
 
၅။ အသီးများကို မြွေဆိပ်ကုဆေး ဖော်စပ်ရာ၌လည်း သုံးသည်။
 
၆။ စိန်နှင့်သံပရာ စားမိသူအား ကင်ပွန်းသီးကို ကျိုပြီးလက်ဖက်ရည် ပန်းကန်တစ်လုံးခန့် တိုက်ပေးသော် စားထားသော စိန်နှင့် သံပရာများ ပြန်အန်ထွက်စေ၏။
 
အရွက်
၁။ အရွက် ရေနွေးဖျောရည်ကို ငှက်ဖျားရောဂါ အတွက် သုံးသည်။ ဝမ်းဗိုက် လေပွခြင်းအတွက် ၎င်းအရည်ကိုသောက်ခြင်းဖြင့် ဝမ်းပျော့ပျော့သွား၍ ပျောက်စေသည်။
 
၂။ အရွက်နုကလေးများကို ငရုတ်ကောင်းရည်တွင် စိမ်၍ ဆား ၊ မန်ကျည်းသီး ၊ ငရုတ်သီး နှင့် ရောထောင်းပြီး အသည်းရောင် အသားဝါရောဂါ ၊ သည်းခြေရောဂါ စသည်တို့အတွက် တိုက်ကျွေးက သက်သာစေသည်။
 
၃။ အရွက်နုများကို ညဉ့်သိပ်စိမ်ပြီး သောက်သော် အဖျဉ်းရောဂါ ပျောက်၏။
 
၄။ အရွက်နုများကို ကြိတ်၍ အသည်းရောင်သော နေရာ၌ လိမ်းကျံပေးက သက်သာစေ၏ ။

ကြက်သွန်းနီ


အသုံးပြုပုံ-
၁ ။ကြက်သွန်နီဥကို အစိမ်းစားခြင်းဖြင့် ဆီးချုပ်ရောဂါ ပျောက်ကင်း၍ ဆီးရွှင်စေ၏။
 
၂ ။ ကြက်သွန်နီစေ့ကို ထောင်းစားက အားတိုးစေ၏။
 
၃ ။ မီးဖုတ်ထားသော ကြက်သွန်နီကို ခွဲ၍ ဆီးအိမ်ပေါ်၌ ပူပူနွေးနွေးကပ်ပေးသော် ကလေးဆီးချုပ်ရောဂါ ပျောက်၏ ။

၄ ။ ကြက်သွန်နီရည် အနည်းငယ်ကို တိုက်ကျွေးလျှင် ကလေးများ ဝမ်းဗိုက်နာရောဂါ ပျောက်၏ ။
 
၅ ။ သကြားနှင့် ကြက်သွန်နီ အရည်ညှစ်၍ ရှာလပတ်ရည်လုပ်သောက်သော် ဆီးပူရောဂါ ၊ ဝမ်းရောဂါ ပျောက်၏ ။
 
၆ ။ ကြက်သွန်နီ လတ်လတ်ဆတ်ဆတ် ညှစ်၍ ကြွေဇွန်း ထက်ဝက် သကြားအနည်ငယ် ထည့်ပြီး တစ်နေ့တစ်ကြိမ် သောက်သော် သွေးပါက လိပ်ခေါင်းရောဂါသက်သာ၏ ။
 
၇ ။ ညအခါ မျက်စိမမြင်ရသည့် ကြက်မျက်သင့်သောရောဂါ အတွက် ကြက်သွန်နီအရည်တွင် ဆားအနည်းငယ်ထည့် ၍ မျက်စဉ်း ခတ်ပေးသော် ပျောက်၏။
 
၈ ။ ကြက်သွန်နီမီးဖုတ်အရည် နွေးနွေးကို နားထဲထည့်သော် နားကိုက်ရောဂါ ပျောက်၏ ။
 
၉ ။ ကြက်သွန်နီအရည်ညှစ်၍ နားထဲ တစ်နေ့ သုံးကြိမ်ထည့်သော် နားပြည်ယိုရောဂါ ပျောက်၏။
 
၁၀ ။ ကြက်သွန်နီကို ဓားနှင့် လှီး၍ အစေးထွက်လာလျှင် ထိပ်ဝကို ကွမ်းစားထုံးသုတ်၍ ကင်းမြီးကောက် စသော အဆိပ်ရှိသတ္တဝါ ကိုက်သည့်နေရာ၌ ၎င်းထိပ်ဝဖြင့် ပွတ်ခြင်း၊ အရည်ညှစ်၍ သုတ်လိမ်း ခြင်း ဖြင့် အဆိပ်မတက်နိုင်တော့ချေ။
 
၁၁ ။ ကြက်သွန်နီကို ဒူလာပါဒရက် ၊ မီးယပ်ပိန်ခြောက် ၊ ရင်နာ လေနာ ရောဂါများအတွက် ဖော်စပ်သောဆေးများတွင်လည်း ထည့်သွင်း အသုံးပြုနိုင်၏။

ကံ့ကော်



အသုံးပြုပုံ-
အပွင့်
၁ ။ အပွင့်များကို ထောပတ် ၊ သကြား ရောစပ်၍ ကြိတ်ပြီး စားပါက ပူလောင်ခြင်း နှင့်ဒူလာသွေးကျရောဂါ ပျောက်ကင်း၏။
 
၂ ။ အဆိပ်ကို ပြယ်စေသဖြင့် အဆိပ်သင့်သော ရောဂါကုဆေးများ၌ ထည့်သွင်းသုံး၏ ။
 
၃ ။ အပွင့်ခြောက်များကို အစာအိမ်မကောင်းခြင်း ၊ ချွေးထွက်လွန်ခြင်း ၊ ချောင်းဆိုး ၊သလိပ်များ ခြင်း စသော ရောဂါများအတွက် အသုံးပြုသည်။

ဝတ်ဆံ
၁ ။ ကံ့ကော်ဝတ်ဆံကို အလွန်ပြင်းသော အဖျား ၊ဦးခေါင်း သို့ သွေးဝင်သောအနာ ၊ မီးယပ်သွေးလျှံသောအနာ၊ ထိတ်လန့်ရူးသွပ်သော အနာတို့ကို ကုသသော ဆေးဖော်စပ်ရာ၌ သုံးသည်။
 
၂ ။ သကြားခဲနှင့် ကံ့ကော်ဝတ်ဆံ ရောကြိတ်၍ ဆီဦးနှင့် တေပြီးသုံးဆောင်ပါက ခြေပူခြေကွဲ ၊ ဒူလာသွေးကျရောဂါ ပျောက်၏။
 
၃ ။ မီးယပ်သွေးဆေးဖော်စပ်ရာတွင်လည်း ထည့်သွင်း အသုံးပြု၏ ။
 
၄ ။ အရေပြားပေါ်တွင်ပေါက်သော အပူဖုများ၊ ယားနာများကို သနပ်ခါးနှင့် ကြိတ်၍ သွေးလိမ်းပါက အနာများကို ပျောက်၏ ။
 
အမြစ်နှင့် အခေါက်
၁ ။အမြစ်နှင့် အခေါက်ကို အားဆေးအဖြစ် အသုံးပြု၏။
 
အစေ့ဆီ
၁ ။ အစေ့မှရသော အဆီကို အဆစ်အမျက်ရောင် ရောဂါ၊ ဝဲ ၊ ယားနာ စသောရောဂါများ ပျောက်ကင်း စေရန် လိမ်းဆေးအဖြစ် အသုံးပြု၏ ။
 
၂ ။ အနာများ ပုပ်ညှီက ၎င်းအဆီကို လိမ်းပေးရ၏ ။

ဝါပင်


အသုံးပြုပုံ-
အစေ့--
၁။ ဝါစေ့ အဆံကို ကြိတ်၍ မီးလောင်နာ များကို လိမ်းပေးက ပူလောင်ခြင်း ပျောက်၏။
 
၂။ ဝါစေ့ အတွင်းသား အဆံကို နွားနို့နှင့် ကျိုစားက ဦးနှောက် အားနည်းခြင်း ပျောက်၏။
 
၃။ ဝါစေ့ နှင့် ချင်းခြောက် ကို ရေနှင့် သွေးလိမ်းသော် လိင်ဥ ရောင်ခြင်း ပျောက်၏။
 
၄။ ဝါစေ့ကို ပြုတ်ငုံသော် သွားနာ သွားကိုက် ပျောက်၏။

၅။ ဝါစေ့ကို ကြိတ်၍ မီးကင်ပြီး အပြားလေး များပြုကာ အသမာ နှင့် သွေးစုနာ များကို အုံပေး၊ ကပ်ပေး ပါက အနာများ ပျောက်၏။
 
အမြစ်--
၁။ ဝါမြစ်ကို ကျက်ကျက် ပြုတ်သောက်က ဆီးပူရောဂါ နှင့် ဆီးသွားသော အခါ နာကျင်ခြင်း ပျောက်၏။
 
၂။ ဝါမြစ်ခေါက် ကို ပြုတ်သောက်သော် မီးယပ် လာစဉ် သွေးလွန်သော ရောဂါ ပျောက်၏။
 
၃။ ဝါမြစ်ကို ဆန်ဆေးရည် နှင့် သွေးသောက် သော် မီးယပ်ဖြူဆင်း သောရောဂါ ပျောက်၏။
 
အပွင့်--
၁။ ဝါပွင့်ကို ရှာလပတ် ရည်လုပ် သောက်သော် စိတ်နောက်ခြင်း၊ ရူးသွပ်ခြင်း ပျောက်၍ စိတ်ကို ရွှင်လန်း စေသည်။
 
၂။ ဝါပွင့်ကို ပြာချ၍ သိပ်ပေး ပါက အနာစိမ်း အနာစက် များ အသားနု တက်၍ ပျောက်၏။
 
အရွက်--
၁။ ဝါရွက်ကို ကြိတ်ညှစ်၍ သောက်သော် အစာ မကြေ ဝမ်းသွား ရောဂါ ပျောက်၏။

ပန်းသေ၊ ပန်းညှိုး

  • ၁။ ပန်းသေ၊ ပန်းညှိုး၊ ဝမ်းပျက်= ပင်စိမ်းရွက်ကို ငါးခူ၊ ငါးကျည်းနှင့်ဖြစ်စေ ဆိတ်သား၊ ခိုသားနှင့်ဖြစ်စေကြော်စားပေးပါ။(သို့) ငါးပနော်နှင့် ကြော်စားပါ။
  • ၂။ ပရန္နဝါ ရွက်ရည်ကို နို့နှင့် ရောသောက်က ဆီးအောင့် ရောဂါ ၊ ဆီးပူ ညောင်းကျ ရောဂါ ၊ ပန်းသေ ရောဂါ နှင့် အဖျား ရောဂါ တို့ကို ပျောက်ကင်း စေရုံမျှ မက အသက် ကို ရှည်စေ၍ လူကို နုပျို အားတိုး စေနိုင်၏ ။
  • ၃။ ဗုဒ္ဓသရဏပင် အပွင့်နု အသီးနု ကို ဆိတ်သား နှင့် စွပ်ပြုတ် လုပ်၍ သောက်ပါက ပန်းညှိုးသူများ လျင်မြန်စွာ ပန်းကို လန်းစေသည်။ ဝက်သား ၊ နွားသား တို့နှင့် စွပ်ပြုတ် လုပ် သောက်ပါက ကုန်ဆုံးသွား သော အားကို ပြန်လည် ရစေပြီး ကိုယ် နှုတ် နှလုံး ရွှင်လန်းစေ သည်။
  • ၄။ သစ်ဆိမ့်သီးမှုန့် နှင့် ကြံသကာ ဆတူရော၍ နေ့စဉ် သုံးဆောင် သော် ပန်းသေရောဂါ ပျောက်၏ ။
  • ၅။ ပေါက်ပန်းဖြူ ရွက်ရည်နှင့် ကျီးနီသီး ဆံကို ရောစားပါက ပန်းသေရောဂါ ပျောက်၏ ။

လေငန်း၊ လေဖြတ်

  • ၁။ လေငန်း၊ လေဖြတ်၊ အဆစ်ရောင်= ပင်စိမ်းပဉ္စငါးပါးကို ရေနွေးဖျော၍ အငွေ့ကိုရှူပေးပါ။

  • ၂။ လင်းလေမှုန့် နှင့် ချင်းခြောက်မှုန့် ကို ဆတူ ယူ၍ ပျားရည်နှင့် ရောသောက်သော် နှုတ်ခမ်း၊ မေး၊ ပါးစောင်းရွဲ့ ခြင်း ပျောက်၏။

အမျိုးသား အားဆေး

  • ၁။ အမျိုးသားများ ပင်စိမ်းရွက်ဆယ်ရွက်ကို နေ့စဉ်စားပေးပါ။ ကျန်းမာရေးကို လုံးဝမထိခိုက်စေဘဲ ပိုမို၍ သွက်လက်ထက်မြက်စေကြောင်း အိန္ဒိယဆေးသုတေသနမှ ထုတ်နုတ်ဖော်ပြခဲ့၏။
  • ၂ ။ ကြက်သွန်နီစေ့ကို ထောင်းစားက အားတိုးစေ၏။
  • ၃။ ကပ်စေးနဲ(နွားမြီးကပ်)အမြစ်ခေါက်မှုန့်နှင့် သကြားခဲ ဆတူရော၍ နွားနို့နှင့် တစ်နေ့ ၂ကြိမ်သောက်သော် သုတ်ဓာတ်နည်းခြင်း ပျောက်၍ ကာမသတ္တိ တိုးစေ၏။
  • ၄။ ကညွတ်အမြစ်ကိုချက်ပြုတ်စားသောက်၍လည်းကောင်း၊ နွားနို့နှင့်အတူ နို့ထမင်းပြုလုပ်၍ လည်းကောင်း စားပါက အားကိုဖြစ်စေသည်။
  • ၅။ ဗုဒ္ဓသရဏပင် အပွင့်နု အသီးနု ကို ဆိတ်သား နှင့် စွပ်ပြုတ် လုပ်၍ သောက်ပါက ပန်းညှိုးသူများ လျင်မြန်စွာ ပန်းကို လန်းစေသည်။ ဝက်သား ၊ နွားသား တို့နှင့် စွပ်ပြုတ် လုပ် သောက်ပါက ကုန်ဆုံးသွား သော အားကို ပြန်လည် ရစေပြီး ကိုယ် နှုတ် နှလုံး ရွှင်လန်းစေ သည်။
  • ၆။ မင်းကိုကာ အမြစ်ဥ အမှုန့်ကို ရှဉ့်မတက် ဥ ကြိတ်ညှစ်ရည် တွင် စိမ်၍ နေလှန်းခြင်း ၇ ကြိမ် ပြုပြီးနောက် အမှုန့် ထောင်း ကာ ယင်းအမှုန့် ၈ ပဲသား ခန့်ကို ထောပတ်နှင့် နေ့စဉ် သုံးဆောင် က သုက်ဓာတ်ပွား များ၍ ကာမစွမ်းအင် တိုးတက် စေ၏ ။
  • ၇။ မန်ကျည်းသီး မှည့်ကို ထန်းလျက် ၊ ဆားတို့နှင့် ဖျော်ရည်စိမ် ၍ သောက်သော် ကိုယ်တွင်း အေး၏၊ အားကို ဖြစ်စေသည်။
  • ၈။ မြင်းခွာရွက် ကို အရည်ညှစ် ၍ သကြား ၊ ပျားရည်တို့ နှင့် ရောစပ်ပြီး နေ့စဉ် သောက်ခဲ့သော် ခွန်အား တိုးတက် စေ၏ ။
  • ၉။ ရှဉ့်မတက်ဥ ကို ချက်ပြုတ် စားခြင်း၊ နွားနို့ နှင့် နို့ထမင်း ကဲ့သို့ ပြုလုပ် စားခြင်းဖြင့် အားတိုး စေသည်။
  • ၁၀။ ရှဉ့်မတက်ဥ ကို အခြောက် ပြုလုပ်၍ အမှုန့်ကြိတ် ပြီး ပျားရည်၊ ငရုတ်ကောင်း အနည်းငယ် ရော၍ သောက်သုံးပါက ခွန်အား တက်ကြွ စေသည်။
  • ၁၁။ သင်္ဘောမဲဇလီအရွက်မှုန့်ကို ပျားရည်နှင့် တေ၍ လျက်သော် သွေးသား စင်ကြယ်၍ အသား အရေ ဝဖြိုးပြီး အားအင် တိုးစေ၏။
  • ၁၂။ အလိုကျူ ရွက်ခြောက်ကို လက်ဖက်ခြောက် ရော၍ သောက်ပါက ကာမအားကို ဖြစ်စေ၏။ သွေးအန် သွေးကျ ရောဂါနှင့် အညောင်း အညာ အကိုက်အခဲ များကိုလည်း ပျောက်ကင်းစေပြီး နှုတ်ကို မြိန်စေ၏။
  • ၁၃။ ခွေးတောက်ရွက်ကို ဘဲဥနှင့် ကြော်စားပါက ခွန်အားတိုးပွားစေ၏ ။
  • ၁၄။ ခွေးလှေယားစေ့ကို ထောပတ်နှင့် ကြော်ချက်စားသော် လူကို ဝစေ၍ အားကို တိုးစေသည်။
  • ၁၅။ ပေါက်ပင်ဥမှုန့် ကို ပျားရည်နှင့် တေ၍ စားသော် အားအင် ပြည့်ဖြိုး၍ အသက်ရှည် စေသည်။
  • ၁၆။ ရေသကျည်း အရွက်ခြောက်ကို အမှုန့်ပြု၍ ပျားရည် သို့မဟုတ် အရက်ချို များဖြင့် ရောစပ် သောက်သုံးသော် အင်အားကို ပြည့်ဖြိုး စေ၏။

နှာခေါင်းရောဂါ

  • ၁။ နှာခေါင်းနှာပိတ်၊ နှာခေါင်းအတွင်းမြှေးရောင်လျှင် ပင်စိမ်းရွက်ကို အခြောက်လှန်းပြီး ညက်နေအောင် အမှုန့်ထောင်းပါ။ နှာဆေးအဖြစ် အသုံးပြုပါ။

ငှက်ဖျား

  • ၁။ ငှက်ဖျားဖြစ်လျှင် ပင်စိမ်း လတ်လတ်ဆတ်ဆတ် လေး-ငါးရွက်မျှကို ငရုတ်ကောင်းစေ့အနက် သုံးစေ့၊ တပတ်လျှင်နှစ်ကြိမ် မှန်မှန်သောက်ပေးပါ။
  • ၂။ ငှက်ဖျားတုန်ချမ်း= ပင်စိမ်းအမြစ်ကို ရေသုံးခွက်တခွက်တင်ကျိုပြီး သောက်ပေးပါ။ချွေးထွက်လာပြီးအဖျားကျသွားပါမည်။
  • ၃။ခန်းတောက်မြစ်ကို တောအရက်နှင့် စိမ်သောက်သော်ငှက်ဖျားရောဂါပျောက်၏။
  • ၄ ။ စပါးလင်ခေါင်းအား ငရုတ်ကောင်း စေ့နှင့် ပေါင်းကြိတ်ပြီး ငရုတ်ကောင်း စေ့ခန့် လုံး၍ နေ့စဉ်သောက်လျှင်ရိုးရိုးဖျားနှင့် ငှက်ဖျားပျောက်၏ ။
  • ၅ ။ ဆိတ်ဖလူးအရွက်ကို လတ်ဆတ်သော ချင်းအနည်းငယ်နှင့် ရောစပ်သောက်ပါက ငှက်ဖျားရောဂါ ပျောက်ကင်း၏ ။
  • ၆။ငှက်ဖျား ၊ တုန်ဖျား၊ တုပ်ကွေးဖျား စသော ရောဂါ များ အတွက် ပိတ်ချင်းသီး တောင့်ကို ထန်းလျက်၊ ချင်းတို့ နှင့် ရောကျို သောက်ခြင်းဖြင့် အဖျားကျ ပြီး အညောင်း အညာ အကိုက် အခဲ ပြေစေသည်။
  • ၇။ အကြောတစ်ထောင်ပင် ကြိတ်ညှစ်ရည်ကို ရက်ရှည်စွဲ သောက်သော် ငှက်ဖျား ရောဂါ အမြစ်ပြတ်၏။
  • ၈။ ကြောင်ပန်းရွက် ပြုတ်သောက်သော် ညောင်းကျရောဂါ ၊ ငှက်ဖျား နှင့် မီးတွင်းဖျားရောဂါများ ပျောက်ကင်း၏ ။
  • ၉။ ကြက်ဟင်းခါးရွက်ကို ဆား၊ ထန်းလျက်ထည့်၍ ၃ ခွက် တစ်ခွက်တင် ကျိုသောက်က တုန်ဖျား ၊ ချမ်းဖျား ပျောက်၏ ။

သားသမီး ဝေးလိုသော်

  • ၁။ သားသမီး ဝေးလိုသော် ပင်စိမ်းရွက် လက်တဆုပ် ပြုတ်ရည်တပန်းကန်ကိုဥတုသွေးလာပြီးသည့်နောက်
           သုံးရက်ဆက်တိုက် သောက်ပေးပါ။

Sunday, January 6, 2013

မူးဝေ ထိုင်းမှိုင်း

  • ၁။ ပရုတ်အေး ရွက်နု ကိုကြိတ် ရှူသော် တွေေ၀ မူးမိုက်ခြင်း ပျောက်၍ ဦးနှောက် ကို ကြည်လင် စေ၏။
  • ၂။ သံပုရာဖျော်ရည်ကို နေ့စဉ်သောက်ပေးပါက အထိုင်အထ လုပ်စဉ် ဖြစ်တတ်သော မူးဝေခြင်း၊ မိုက်ကနဲ ဖြစ်ခြင်း များကို ပျောက်ကင်းစေသည်။
  • ၃။ ရှောက်သီး အမြွှာနှင့် သလဲ အချဉ် အစေးကို ရောစား က မူးေ၀ ထိုင်းမှိုင်း သော ရောဂါ ပျောက်ကင်း၏ ။
  • ၄။ အထိုင် အထတို့ ၌ မူး၍ မျက်စိ မူးမိုက် သော် လေးညှင်း ကို ရေအေးနှင့် သွေးပြီး မျက်စဉ်းခတ် ပေးက ပျောက်၏။

အစာအိမ်ရောဂါ

  • ၁။ နနွင်းဥ ကို ပါးပါးလှီး၍ နေရိပ်တွင် လှန်းပြီး ပျားရည်နှင့် တစ်ကြိမ် ၃ ပြား၊ တစ်နေ့ တစ်ကြိမ်သောက်သော် အစာအိမ် ရောဂါ ပျောက်၏။
  • ၂။အစာအိမ်အချဉ်ပေါက်လေနာ=ပင်စိမ်းရွက်ခြောက်ကို ရေနွေးစိမ်၍   ရေနွေးကြမ်းသောက်သလိုသောက်ပေးပါ၊ ကလေးများ လေထိုး၊ လေအောင့်ရောဂါပါ ပျောက်ကင်းစေနိုင်ပါသည်။
  • ၃။ အစာအိမ်လေနာ၊ ဝမ်းနာ၊ မစားချင်၊ မသောက်ချင်=ပင်စိမ်းရွက် သတ္ထုရည်ပြု၍ သောက်ပေးပါ။
  • ၄။စံကားဝါအပွင့်ပြုတ်ရည်ကို သောက်သော်အစာအိမ်နာကျင်သောရောဂါ၊
  • လေရောဂါ၊ကျောက်ကပ်ရောဂါ၊ ညောင်းကျရောဂါများပျောက်၏။
  • ၅။ ပင်စိမ်း ရွက်ကို ကြိတ်ညှစ်၍ ရသော အရည်သည် ချောင်းဆိုး ရောဂါ ၊ အရေပြား ရောဂါ ၊ မစားချင် မသောက်ချင် ဖြစ်ခြင်း နှင့် အစာအိမ် ရောဂါ ကြောင့် ဗိုက်နာသော ဝေဒနာ တို့အား ပျောက်ကင်းစေသည်။
  • ၆။ နွားမြေရင်းခေါင်း ကို သွေးသောက် ခြင်းဖြင့် အစာအိမ် ရောဂါ၊ အစာအိမ် အချဉ်ပေါက် ရောဂါ များ ပျောက်၏။
  • ၇။ ကြစုသီးမှုန့်ကို ပျားရည်နှင့် လျက်လျှင်လည်းကောင်း ၊ ထန်းလျက်နှင့်တေ၍ အလုံးပြု စားလျှင်လည်းကောင်း ၊ အစာအိမ်အချဉ်ပေါက်ရောဂါ ပျောက်၏။