Tuesday, January 15, 2013

ပဒိုင်းညို


အသုံးပြုပုံ-
အရွက်
၁။အရွက် ကြိတ်ညှစ်ရည် အနည်းငယ် ကို မလိုင်ထုတ် ပြီး နွားနို့နှင့် သောက်ပါက ညောင်းကျ ရောဂါ ပျောက်၏။
 
၂။မိန်းမများ နို့တွင် ဖြစ်သော အပူကြိတ် နှင့် ရောင်ရမ်းခြင်း တို့အတွက် ပဒိုင်းရွက် နှင့် နနွင်းကို ကြိတ်အုံ ပေးသော် ပျောက်၏။
 
၃။ပဒိုင်းရွက် ကို ပါးပါး လှီး နေလှန်းပြီး ဆေးလိပ် ကဲ့သို့ လိပ်၍ သောက်ရှူ သော် လတ်တလော ပန်းနာ ရင်ကျပ် ဝေဒနာမှ သက်သာ စေ၏။

၄။အရွက် ကို မီးကင်၍ ကပ်ပေး ပါက အဆစ်ရောင် ရောဂါ နှင့် အရိုးကိုက် ရောဂါ ပျောက်၏။
 
၅။အရွက် ကို ဆေးပေါ့လိပ် တွင် ထည့်၍ သောက်ခြင်း အားဖြင့် ပန်းနာ ရောဂါကို သက်သာ စေသည်။
 
အစေ့
၁။အစေ့ကို ကြိတ်၍ သွားဖုံးရင်း တွင် အနည်းငယ် ခန့် သိပ်ပေးသော် သွားကိုက်၊ သွားနာခြင်း ရောဂါများ ပျောက်၏။
 
၂။အစေ့ သို့မဟုတ် အမြစ် ကို ကာမ အားတိုးဆေး အဖြစ် သုံး၏။
 
၃။အစေ့မှုန့် ကို နှမ်းဆီ တွင်၇ ရက် စိမ်ပြီး ယင်းဆီဖြင့် ခေါင်းကိုက်၊ မျက်ရိုးကိုက်၊ ခါးကိုက်၊ဒူလာ ခြေနာ များကို သုတ်လိမ်း၍ အဝတ်ပါးပါး စည်းထားက ပျောက်၏။ ဓမ္မတာ လာစဉ် ကိုက်ခဲခြင်း အတွက် လည်း ဆီးခုံ၌ သုတ်လိမ်း ပေးခြင်းဖြင့် ပျောက်၏။
 
အမြစ်
၁။ခွေးရူးပြန် ရောဂါအတွက် ပဒိုင်းမြစ် ကို ဆန်ဆေးရည် နှင့် သွေး၍ တိုက်ပြီး အမဲခြောက် ဖုတ် ကျွေးက ပျောက်၏။

ပဒဲကောလေး

အသုံးပြုပုံ-
အမြစ်ဥ--
၁။ပတဲကောလေး မြစ်ဥ ကို ပြုတ်၍ သောက်သော် ဆီးလွန် ရောဂါ ပျောက်ကင်း၏။
 
၂။ယင်းကို ဆီနှင့် ချက်၍ လိမ်းနယ် ပေးသော် အကြောတက်ခြင်း၊ လေးလံ ခြင်း ရောဂါ ပျောက်ကင်း၏။
 
၃။ကလေးများ စကား ပြောချိန် တန်လျက် မပြောခြင်း၊ မပီသခြင်း တို့အတွက် အမြစ်ကို သွေး၍ လျှာပွတ်ပေး ခြင်း၊အနည်းငယ် ခွံ့ပေးခြင်း ပြုပါက လျင်စွာ စကား ပြောစေ၏။

Monday, January 14, 2013

ပြည်ပန်းညို


အသုံးပြုပုံ--
အရွက်-- 
၁။ အရွက် ကြိတ်ညှစ်ရည် ကို နို့ရည် သကြားတို့နှင့် သောက်လျှင် ဆီးအောင့် ရောဂါ နှင့် ညောင်းကျ ရောဂါ ပျောက်စေ၏။
 
၂။ ပြုတ်၍ ပုစွန်ခြောက် ဖြင့် သုပ်စားက လေထိုး လေအောင့် ရောဂါ၊ လေလုံး ရောဂါ၊ အဖျား ရောဂါ ၊ဆီးချို ရောဂါ၊ ညောင်းကျ ရောဂါ ပျောက်၏။
 
၃။အမှုန့် ပြု၍ စားပါက လေရောဂါ၊ အပူရောဂါ၊ ဆီးအောင့် ရောဂါ များ ပျောက်၏။
 
၄။အရွက် ကို ဟင်းချို ချက်သောက် က ပိတ်ဝမ်း ရောဂါ၊ သွေးဝမ်း ရောဂါ၊ လေရောဂါ၊အစာ မကြေ ၊ သည်းခြေ ပျက် ရောဂါ များ ပျောက်၍ အားကို ဖြစ်စေ၏။

ပင်စိမ်းမွှေး


အသုံးပြုပုံ-
အရွက်
၁ ။ ပင်စိမ်း ရွက်ကို ကြိတ်ညှစ်၍ ရသော အရည်သည် ချောင်းဆိုး ရောဂါ ၊ အရေပြား ရောဂါ ၊ မစားချင် မသောက်ချင် ဖြစ်ခြင်း နှင့် အစာအိမ် ရောဂါ ကြောင့် ဗိုက်နာသော ဝေဒနာ တို့အား ပျောက်ကင်းစေသည်။

Sunday, January 13, 2013

ပင့်ကူထိပ်ပိတ်


အသုံးပြုပုံ--
အရွက်--
၁။ မြွေကိုက်သော အနာကို ပင့်ကူ ထိပ်ပိတ် ရွက်သည် အထူး နိုင်နင်း၏။ ပင့်ကူ ထိပ်ပိတ် ရွက်ကြိတ်၍ ရသော အရည် ကို တိုက်ခြင်း၊ နှာခေါင်း တွင်းသို့ ထည့်ပေးခြင်း ဖြင့် မြွေဆိပ်ကို ကျဆင်း ပြေပျောက် စေ၏။
 
၂။ပင့်ကူ ထိပ်ပိတ် ရွက်ကို ကြိတ်၍ ရသော အရည်၌ ပိတ်ချင်းသီး မှုန့် အနည်းငယ် ရောသောက် သော် အကြော ၊ အဆစ် ရောင်ရောဂါ ပျောက်၏။
 
၃။အရွက် ကို ကြိတ်၍ ရသော အရည်ဖြင့် လိမ်းပေး ပါက ယားယံ ခြင်းကို ပျောက်ကင်း စေ၏။

ပဉ္စငါးပါး--
၁။ ပဉ္စငါးပါး ကြိတ်ညှစ် ရည်တွင် ငရုတ် ကောင်းမှုန့် အနည်းငယ် ရောစပ်၍ နဖူး ကို သုတ်လိမ်း ပေး သော် ခေါင်းကိုက် ရောဂါ ပျောက်၏။
 
၂။ပင့်ကူ ထိပ်ပိတ် ကြိတ်ညှစ်ရည် တွင် လက်ချား မီးပေါက်မှုန့် ၊ ပျားရည် အနည်း ငယ် ရောစပ် တိုက်သော် သူငယ်နာ ချောင်းဆိုး ရောဂါ ပျောက်၏။
 
၃။အပင် ပြုတ်ရည်၌ လေးညှင်း ၁ ပွင့် ၂ ပွင့် ထည့်သောက် သော် အဖျား ပျောက်၏။
 
၄။ကိုယ်သား ကိုယ်ရေ ဝါသော ရောဂါ နှင့် သုက်ခန်းသော ရောဂါ အတွက် ပင့်ကူ ထိပ်ပိတ် ပင်ကို ပြုတ်သောက် ခြင်း ၊အရည်ညှစ် သောက်ခြင်း၊ အမြစ် ကို သွေး၍ လည်းကောင်း၊ ကြိတ်ညှစ်၍ လည်းကောင်း သောက်ခြင်း၊ အရွက်၊ အပွင့် ၊အသီး တို့ကို ပြုတ်တို့၊ သုပ်စား ၊ချက်စား ခြင်းဖြင့် လည်းကောင်း ပျောက်ကင်း စေနိုင်၏။(ဆေး အဖြစ် သုံးခြင်း၌ သကြား အနည်း ငယ် စပ်၍ သုံး ရ၏။)

Saturday, January 12, 2013

နီပါးဆေးပင်(တောရဲယို)


အသုံးပြုပုံ-
အရွက်
၁ ။ အရွက်ကို ကြိတ်၍ အနာ ပေါ်တွင် အုံပေးပါ ကအနာ နုလျှင်ပိန် ပြီးရင့်လျှင် ပြည်ပေါက်၍ ပျောက်စေ၏။
 
၂။ အရွက်ကို ပြုတ်သောက်လျှင် မုန်ညင်းစေ့ နှင့် ရောသောက် ၍ ကလေး များ သွေးဝမ်း သွားသော်တိုက် ရ၏။
 
၃ ။ အရွက်ပြုတ် ရည်ကို မုန် ညင်းစေ့ နှင့် ရော၍ကလေးများ သွေးး ဝမ်း သွားသော် တိုက်ရ၏ ။

၄ ။ အရွက်သို့မဟုတ် အခေါက်ကို ကြိတ် ၍ရသော အရည်ဖြင့် အကြောထုံး၊ အကြောတင်၊ အဆစ်အ ဆက် ရောင်ခြင်း ၊ နာကျင်ခြင်း ဖြစ်သော နေရာများ ပေါ် တွင် လိမ်းပေးပါ က ပျောက်ကင်း ၏ ။
 
အသီး
၁ ။ အသီးကို မီးဖုတ်၍ ဆားသင့်တော် ရုံထည့်ကြိတ် ပြီးသွားတိုက် ဆေးအဖြစ် သုံးပါက သွားနှင့်သွား ဖုံးများကို ခိုင်ခံ့စေ ၏။
 
၂ ။ အနာမှ သွေးစိမ်းယို သောအခါ တွင်၎င်းအ သီးခြောက်မှုန့် ကို သိပ်ပေးက ပျောက်၏ ။
 
အမြစ်
၁ ။ အမြစ်ကို ဝမ်းနုတ်ဆေး အဖြစ်ဖော် စပ်အသုံး ပြု၏ ။

နန်းလုံးကြိုင်


အသုံးပြုပုံ-
အခေါက်  
၁ ။ အခေါက်ကို ထက်ဝက်ခန်း အောင်ပြုတ်၍ ဖန်ရည် အဖြစ် ်ပလုတ် ကျင်းခြင်း၊ ငုံခြင်းပြု လုပ်ပါက သွားနာကျင် ခြင်း ၊ သွားဖုံးများ ရောင်ခြင်း ၊ သွားဖုံးများမှ ပြည်ယိုခြင်း နှင့် သွေးများ ယိုစီးခြင်း များပျောက်သည်။
 
၂ ။ အခေါက်ကို ပြုတ်၍ အနည်းငယ် မျှသောက်ပါက အလွန်အမင်း သွားသော ဝမ်းရောဂါ ပျောက်၏ ။
အရွက် ၁ ။ အရွက်ကို ကြိတ်၍ ဆီးကင်းခန့် လုံးပြီး နံနက်ည တစ်လုံးစီ သောက်က ညောင်းကျ ရောဂါ ပျောက်စေသည်။

နံနံပင်


အသုံးပြုပုံ-
အစေ့
၁။ နံနံစေ့အား ဆီးဖြူသီး နှင့် ညဦးမှ နေ၍ စိမ်းထားပြီး နံနက်တွင် စစ်၍ သကြားခဲ နှင့် ရောသောက်သော် ခေါင်းကိုက်ရောဂါ ပျောက်၏ ။
 
၂ ။နံနံစေ့ကို ချင်းခြောက်နှင့် ရောပြုတ်ပြီး အစာစား ပြီး တိုင်း သောက်ပါက ဝမ်းမီး ကောင်းလာစေသည်။
 
၃ ။နံနံစေ့ကို သကြားနှင့် ပြုတ်ပြီး အအေးခံ ၍ ဆန်ဆေး ရည်နှင့် ရောသောက်ပါက မိန်းမများ ကိုယ်ဝန်တည်စ ဖြစ်သော အန်ခြင်း ၊ပျို့ခြင်း ၊ နှလုံးနာခြင်း များ ပျောက်၏ ။

၄ ။ နံနံစေ့ မှုန့်နှင့် သကြားကို ရော၍ စားခြင်းဖြင့် အပူကြောင့် ဖြစ်သော အဆစ်အမျက် ကိုက်ခဲခြင်း များ ပျောက်ကင်းစေနိုင်၏ ။
 
၅ ။ နံနံစေ့ကို ဝါး၍ အရည်မျို ချပါက လည်ချောင်းနာ ခြင်း ပျောက်ကင်းသည်။
 
၆ ။ နံနံစေ့ကို ဆန်ဆေးရည် တွင်စိမ်၍ သကြားသင့် ရုံရောပြီး တိုက်ပါက ကလေးများ ချောင်းဆိုး ပန်းနာ ပျောက်ကင်း၏ ။

ဆူးပုပ်ကြီး


အသုံးပြုပုံ-
အရွက်
၁ ။ ဆူးပုပ်ရွက်ကို စားခြင်းဖြင့် အသားမာပေါက်ခြင်းကို ပျောက်စေသည်။
 
၂။ အရွက်ကို စားသုံးခြင်းဖြင့် အထက်သို့ ဆန်တက်သော လေကို လည်းကောင်း၊ အောက်သို့သက်သော လေကို လည်းကောင်း ကြေစေနိုင်၏။
 
၃။ အစာမကြေရောဂါ၊ သွားဖုံးမှ သွေးယိုစီးခြင်း ရောဂါများ အတွက်လည်း သုံး၏။

ဆီးဖြူပင်


အသုံးပြုပုံ-
အသီး
၁။ဆီးဖြူသီးသည် အသက်ကိုရှည်စေ၏။ ချောင်းဆိုး ၊ ပန်းနာ၊ လေနာတို့ကို ပျောက်ကင်းစေ၏။
 
၂။သွေးဝမ်းသွားလျှင် ဆီးဖြူသီးအစိမ်းကို ထောင်း၍ အရည်ညှစ် ယူပြီး သံပရာရည်နှင့် သောက်လျှင် ချက်ချင်းသက်သာ ပျောက်ကင်းစေသည်။
 
၃။ဆီးဖြူသီးအခြောက် သို့မဟုတ် အစိုကို သွေး၍ သံပရာရည် အနည်းငယ်ထည့်ပြီး အရေပြားပေါ်တွင် ဖြစ်ပေါ်တတ်သော ယားယံနာ၊ ပွေးညှင်း၊ တင်းတိပ်များကို လိမ်းပေးက ပျောက်၏။

၄။ဆီးဖြူသီးခြောက်မှုန့်ကို ထန်းလျက်၊ပျားရည်၊ သကာရည်နှင့် နယ်စားက ဆီးပုပ်ရောဂါ ပျောက်၏။
 
၅။ဆီးဖြူသီးခြောက်ကို ငါးရှဉ့်သားနှင့် ချက်စားက ဒူလာ သွေးဝမ်းကျ ရောဂါ ပျောက်၏။ ၆။ဆီးဖြူသီးကို အညက်ကြိတ်၍ ထိပ်က အုံပေးပါက နှာခေါင်းသွေးလျှံ ခြင်း ပျောက်၏။
 
၇။တောဆီးဖြူ သို့မဟုတ် တောင်ဆီးဖြူ၊ မြေဆီးဖြူ ပဉ္စငါးပါး ပြုတ်သောက်က ဆီးချိုရောဂါ ပျောက်ကင်း၏။
 
အရွက်
၁။အရွက်ကို ရေနှင့် သုံးခွက်တစ်ခွက်တင် ကျို၍ ရရှိသော အရည်ကို ပလုတ်ကျင်းပေးခဲ့သော် လျှာကွဲခြင်း၊ ပါးစပ်ကွဲခြင်း၊ ပေါက်ခြင်းနှင့် ရေစီးကမ်းပြိုဖြစ်ခြင်းများ တစ်ခဏချင်း ပျောက်ကင်း၏။
 
၂။ဆီးဖြူရွက်နုများကို ပုန်းရည်ဖြင့် ကျွေးခဲ့သော် အစာမကြေခြင်း၊ဝမ်းသက်ခြင်းများ ပျောက်ကင်း၏။
 
၃။ဆီးဖြူရွက်ကို ကျွမ်းအောင် လှော်ပြီး အုန်းဆီနှင့် ရော၍ ကလေးများ၌ ဖြစ်တတ်သော ကျဗဟုံးနာများကို လိမ်းပေးက ပျောက်၏။
 
၄။မီးလောင်၊ ရေနွေးပူလောင်သော အနာများတွင် ဆီးဖြူရွက်ကို အကျွမ်းလှော်၍ အမှုန့်ပြုပြီး ဖြူးပေးရ၏။
 
အစေ့
၁။အစေ့ကို ထုထောင်းခြေပြီးလျှင် ရေနွေးနှင့် ပြုတ်၍ မျက်စိကို ဆေးကြောပေးသော် မျက်စိ၌ ဖြစ်သောရောဂါများ ပျောက်ကင်း သက်သာစေနိုင်၏။

ဆိတ်ဖလူး


အသုံးပြုပုံ-
အရွက်
၁ ။ အရွက်ကို ကြိတ်၍ ရသော အရည်ကို ပျားရည် သို့မဟုတ် သကြားနှင့် ရောစပ်သောက်ပါက သည်းခြေရောဂါ ၊ နာတာရှည်ရောဂါ အဖျား ရောဂါများ ပျောက်ကင်း၏။
 
၂ ။ ယင်းအရွက်ကြိတ်ရည်တွင် ဆားအနည်းငယ်ခတ်၍ သောက်က သန်များကို ကျစေသည်။
 
၃ ။ အရွက်ကို ရေနွေးဖြောသောက်ပါက သူငယ်နာအဖျားနှင့် သူငယ်နာရောဂါများ ပျောက်ကင်းစေ၏ ။

၄ ။ အရွက်ကို ကြိတ်၍ လိမ်းသော် ပွေးနာပျောက်၏ ။
 
၅ ။ အရွက်ကို လတ်ဆတ်သော ချင်းအနည်းငယ်နှင့် ရောစပ်သောက်ပါက ငှက်ဖျားရောဂါ ပျောက်ကင်း၏  
၆ ။ ကလေးငယ်များ ဝမ်းသက် ၊ ဝမ်းသွားပါက ၎င်းအရွက်ကို ညှစ်၍ တိုက်ပါက ပျောက်ကင်း၏ ။
 
၇ ။ အရွက်ကို မီးအနည်းငယ်ဖြင့်ပြုတ်သောက်ပါက တင်ကြောနာသောရောဂါ ပျောက်ကင်း၏ ။ ငရုတ်ကောင်းနှင့် ရော၍ ကြိတ်စားလျှင် မီးယပ်သွေးလွန်ရောဂါပျောက်၏ ။
 
၈ ။ အရွက်ကို ညှစ်၍ သောက်ပါက မြွေဆိပ်ပြယ်စေသည်။
 
၉ ။ အရွက်ကို ရေနှင့် ထက်ဝက်ခန်းကျို၍ သောက်ပါက ဆီးလွန်ရောဂါ ပျောက်၏ ။
 
၁၀ ။ အရွက်ကို နွားနို့နှင့်ကြိတ်၍ လိမ်းသော် ယားနာ ပျောက်ကင်း၏ ။
 
အပွင့်
၁ ။ အပွင့်ကို ပြုတ်၍သောက်ပါက အဆစ်အမျက်ရောင်ရောဂါ ပျောက်ကင်း၏။
 
အခေါက်
၁ ။ အခေါက်ကို မျက်စိနာရောဂါအတွက် သုံး၏ ။
 
၂ ။ အခေါက်ကို ကွမ်းယာ၌ ထည့်စားသော် ချောင်းဆိုးပျောက်၏ ။
 
ပဉ္စငါးပါး
၁ ။ ပဉ္စငါးပါးကို ပြုတ်သောက်လျှင် အဖျဉ်းကြီးလရောဂါပျောက်၏။

ဆယ့်နှစ်ရာသီပင်


အသုံးပြုပုံ-
အပွင့် နှင့် အရွက်
၁ ။ အပွင့် သို့မဟုတ် အရွက်ကို ရေနှင့် နယ်ပြီး ၎င်းရေကို သံလွင်ဆီနှင့် ဆီသက်သက် ကျန်အောင် ချက်၍ ယားနာ ၊ အရေပြားနာများကို လိမ်းပေးက ပျောက်ကင်း၏ ။
 
၂ ။ အရွက်ကို ပြုတ်၍ ကြိတ်ပြီး ဆီနှင့် ရောလိမ်းပါက အဆစ် အမျက် ကိုက်ခဲခြင်း ပျောက်၏ ။

အမြစ်
၁ ။ အမြစ်ကို သွေး၍ မုန်ညင်းဆီနှင့် ရောချက်လိမ်းလျှင် အရေပြားနာ ပျောက်စေ၏ ။
 
၂ ။ အမြစ်ကို ရေနှင့် သွေးလိမ်းလျှင် ပွေးနာပျောက်၏ ။
 
အခေါက်
၁ ။ အဖျားကျဆေးအဖြစ် လည်းကောင်း ၊ အပူလောင်ခြင်းနှင့် ပွေး ၊ ယားနာများအတွက် လည်းကောင်း သုံး၏ ။

စရိုပင်


အသုံးပြုပုံ-
အပွင့်
၁ ။ ချောင်းဆိုး ၊ ပန်းနာရောဂါပျောက်ဆေးများတွင် ထည့်သွင်း အသုံးပြုသည်။
အသီး
 
၂ ။ အသီးကို ဝမ်းဗိုက်ရောင်ခြင်း ၊ ချောင်းဆိုးခြင်း ၊ နှာစေး ၊ အအေးမိခြင်း အစရှိသည့် ရောဂါများ အတွက်သုံးသည်။
 
၃ ။ အစာကြေဆေး ၊ အားကြွဆေး စသည်တို့ ဖော်စပ်ရာ၌လည်း ထည့်သွင်း အသုံးပြုသည်။

အမြစ်
၁ ။ အမြစ်သည် အဆိပ်ကို ပြေစေတတ်၏ ။ ချောင်းဆိုး ၊ ရင်ကျပ် ၊ ပန်းနာ ၊ ဒူလာမြင်းသရိုက်ရောဂါနှင့် လေထိုးလေအောင့်ရောဂါအတွက် သုံး၏။
 
အပင်
၁ ။ အပင်ရိုးကို မုန့်ညက်နှင့်နယ်၍ ဆားအနည်းငယ်ထည့်ပြီး ပေါင်းစားလျှင် သွေးကို သန့်ရှင်း စေ၍ သွေးအားတိုးစေပြီး ဒူလာ မီးယပ် ညောင်းညာကိုက်ခဲခြင်းများကို ပျောက်ကင်းစေသည်။ (ငှက်ဖျားပျောက်စ နာလန်ထလူနာများ စားသုံးရန် အထူးသင့်လျော်သည်။ )

စမုန်စပါး


အသုံးပြုပုံ-
အစေ့
၁ ။ စမုန်စပါးကို အဆီထုတ်၍ အနောက်နိုင်ငံ ဆေးဝါး များတွင် လေဆေးအဖြစ် အသုံးပြု၏ ။
 
၂ ။ စမုန်စပါးကို စားသုံးခြင်းဖြင့် သလိပ် ၊ လေကို ပယ်၍ ချောင်းဆိုးခြင်း ၊ အန်ခြင်းတို့ကို ပျောက်ကင်း စေနိုင်၏ ။

၃ ။ အဖျားကြီး ၊ အပူကြီး သော် စမုန်စပါးကို ညဦးက စိမ်၍ နံနက် တိုက်ပေးခြင်းဖြင့် အပူရှိန် လျော့၍ အဖျားကျသွားမည်။
 
၄ ။ ကလေးများ အစာမကြေရောဂါ အတွက် စမုန်စပါးကို ရေနွေးဖြော၍ တိုက်သော် အစာမကြေ ဝမ်းဗိုက်ရောင် ရောဂါ ပျောက်ကင်း၏ ။
 
၅ ။ ဥသျှစ်သီးကင်းနှင့် စမုန်စပါးကို ရောထောင်း၍ သောက်လျှင် အစာမကြေ ဝမ်းရောဂါပျောက်ကင်း ၏။
 
၆ ။ စမုန်စပါးနှင့် သကြားကို ဆတူရော၍ ညအိပ်ရာဝင်သောက်သော် မျက်စိကြည်လင်သည်။
 
အရွက်
၁ ။ အရွက်ကို အရည်ညှစ်၍ သောက်လျှင် ဆီးချုပ် ၊ ဆီး အောင့်ပျောက်၍ ဆီးကောင်းစေသည်။

Thursday, January 10, 2013

အဖျဉ်းရောဂါ

  • ၁။ ကင်ပွန်းချဉ်အရွက်နုများကို ညဉ့်သိပ်စိမ်ပြီး သောက်သော် အဖျဉ်းရောဂါ ပျောက်၏။
  • ၂။ခန်းတောက်မြစ်မှုန့်နှင့် ငရုတ်ကောင်းမှုန့်တို့ကို ဘောက်ခွေးရွက် ညှစ်ရည်ဖြင့် ကြိတ်၍ ငရုတ်ကောင်းစေ့ခန့်လုံးပြီ်း နံနက် ည ၂ လုံးစီသောက်သော် ရေဖျဉ်းရောဂါ၊အစာအိမ်သစ် အားနည်းသော ရောဂါနှင့် သလိပ်ကြောင့်ဖြစ်သော ဝမ်းပျက်ရောဂါ၊ ဝမ်းကိုက်ရောဂါ ပျောက်စေ၏။
  • ၃။ ဆိတ်ဖလူး ပဉ္စငါးပါးကို ပြုတ်သောက်လျှင် အဖျဉ်းကြီးရောဂါပျောက်၏။
  • ၄။ဗုဒ္ဓသရဏပင်အမြစ်ကို ထန်းလျက် နှင့် ပြုတ်ကျို၍ အကြမ်း ပန်းကန် တစ်လုံးခန့် နံနက်တိုင်း သောက် ပါက အဖျဉ်းရောဂါ ပျောက်စေ သည့်အပြင် ကိုယ်လက် နာကျင် ကိုက်ခဲခြင်း နှင့် ဝမ်းထဲ ရစ်၍ နာကျင် ခြင်း၊ အသားအရေ နာကျင်ခြင်း၊ ပူလွန်း၊ အေးလွန်းခြင်း တို့ မြန်မကြာ ပျောက်စေသည်။
  • ၅။ ဘေလုံးရောဂါ ၊ သွေးဖျဉ်း ရောဂါ ၊ မြင်းသရိုက် ရောဂါ ၊ လေထိုး လေအောင့် ရောဂါ များ အတွက် မုန်ညင်းဆီကို အနည်းငယ် သောက်ပေး ခြင်း ၊ ရောဂါ ဖြစ်ရာ နေရာတွင် ပွတ်၍ လိမ်းပေးခြင်း ဖြင့် ပျောက်ကင်း၏။
  • ၆။ ရင်းပြားနီအမြစ်မှုန့် ၁ ဆ၊ ဒိန် ၁၂ ဆ ရောပြီး ထက်ဝက် ခန်းကျို၍ အနည်းငယ်မျှစီ ည နံနက် သောက်သော် ရေဖျဉ်း ရောဂါ ပျောက်၏။
  • ၇။ ရှားစောင်း လက်ပပ် အတွင်းသား ကို လက်ချား မီးဖောက် အမှုန့် အနည်းငယ် ဖြူး၍ စားလျှင် ရေဖျဉ်း ရောဂါ ပျောက်ကင်း ၏။
  • ၈။ ဣဿရမူလီအရွက် ညှစ်ရည်ကို ဆာမီးဖုတ် အနည်းငယ်နှင့် နံနက် ည တစ်ကြိမ်စီ သောက်ပေးပါက ရေဖျဉ်း ရောဂါနှင့် ချောင်းခြောက် ရောဂါ ပျောက်၏။
  • ၉။ ခွေးလှေယားမြစ်ကို ကြိတ်၍ ရေဖျဉ်းရှိသောဗိုက်တွင် လိမ်းပေးခြင်း ၊ အတုံးငယ်ကလေးများပြု၍ ခြေဆစ်လက်ဆစ်တို့၌ ချည်နှောင်ပေးခြင်းဖြင့် ရေဖျဉ်းရောဂါပျောက်စေ၏။
  • ၁၀။ ဆေးခါးကြီးရည်တွင် ဆီးဖြူ၊ ဖန်ခါး၊ သစ်ဆိမ့် ၃ မျိုး အမှုန့်ပြု ထည့်သောက်ပါက သွေးဖျဉ်း၊ လေဖျဉ်း၊ နူနာ၊ ခေါင်းကိုက် နှင့် ဇက်ထိုး မူးဝေသော ရောဂါများ ပျောက်၏။

  • ၁၁။ ကြက်ဟင်းခါးသီးအရည်တွင် ပျားရည် အနည်းငယ် ရောသောက်လျှင် ရေဖျဉ်းရောဂါ ပျောက်ကင်း၏။

စိန်နှင့်သံပရာ စားမိသူ

၁။ စိန်နှင့်သံပရာ စားမိသူအား ကင်ပွန်းသီးကို ကျိုပြီးလက်ဖက်ရည် ပန်းကန်တစ်လုံးခန့် တိုက်ပေးသော် စားထားသော စိန်နှင့် သံပရာများ ပြန်အန်ထွက်စေ၏။
၂။ပရုတ်ကို နှင်းဆီရည် နှင့် စိမ်၍ တိုက်က စိန် အဆိပ်သင့် ခြင်း ပျောက်၏။ 

ကြက်မျက်သင့်ရောဂါ

  • ၁။ ညအခါ မျက်စိမမြင်ရသည့် ကြက်မျက်သင့်သောရောဂါ အတွက် ကြက်သွန်နီအရည်တွင် ဆားအနည်းငယ်ထည့် ၍ မျက်စဉ်း ခတ်ပေးသော် ပျောက်၏။
  • ၂။ ပေါက်ပန်းဖြူ ပွင့်ကို ပြုတ်၍ စားပါက ကြက်မျက်စိ သင့် ရောဂါ ပျောက်၏ ။

ကလေး ဝမ်းဗိုက်နာ

  • ၁။ ကြက်သွန်နီရည် အနည်းငယ်ကို တိုက်ကျွေးလျှင် ကလေးများ ဝမ်းဗိုက်နာရောဂါ ပျောက်၏ ။
  • ၂။ ကလေးများ အစာမကြေရောဂါ အတွက် စမုန်စပါးကို ရေနွေးဖြော၍ တိုက်သော် အစာမကြေ ဝမ်းဗိုက်ရောင် ရောဂါ ပျောက်ကင်း၏ ။
  • ၃။ ကလေးငယ်များ ဝမ်းသက် ၊ ဝမ်းသွားပါက ဆိတ်ဖလူးအရွက်ကို ညှစ်၍ တိုက်ပါက ပျောက်ကင်း၏ ။
  • ၄။ မုန်ညင်းဆီ ကို ပရုတ်နှင့် ချက်၍ ကလေးများ ဗိုက်နာ ခြင်း ၊ အဆုတ်အအေး မိခြင်း ၊ နှာစေး ချောင်းဆိုး ခြင်းများ အတွက် လိမ်းဆေး သို့မဟုတ် အုပ်ဆေး အဖြစ် အသုံးပြု ရ၏။
  • ၅။ မြင်းခွာရွက် ကို အရည်ညှစ် ၍ လက်ဖက် ဇွန်းငယ် တစ်ဇွန်း ခန့် တိုက်ပါက ကလေးငယ် များ အအေးမိခြင်း ၊ လေပြွန် ချောင်းပူ ခြင်း ပျောက်၏ ၊ ဝမ်းသက် ၍ သလိပ် ကို လည်း ပျောက်၏။
  • ၆။ လင်းလေကို ကျွမ်းအောင် ဖုတ်၍ ဆီဖြင့် ရောလိမ်းက ကလေးများ ဝမ်းနာ၊ ဝမ်းရောင် ပျောက်၏။
  • ၇။ သံမနိုင်၊ ကျောက်မနိုင် အရွက်ကို အရည်ညှစ်၍ နို့နှင့် ရောသောက် ပါက ကလေး သူငယ်များ ဝမ်းဗိုက် အောင့်ခြင်းကို သက်သာစေ ၏ ။
  • ၈။ ကလေးသူငယ်များ သူငယ်နာ ဝမ်းပျက်၍ အဖျား ဝင်လာသော် ဣဿရမူလီအရွက် သို့မဟုတ် အမြစ်ကို သွေး၍ လျှာကို အနည်းငယ်မျှ ပွတ်ပေးသော် ပျောက်၏။

  • ၉။ ဥသျှစ်ရွက် ပေါင်းတိုက်ရည်ကို ကြွေဇွန်းငယ် တစ်ဇွန်းခန့် တိုက်ပေးက ကလေးများ ဝမ်းပျက် ရောဂါနှင့် ချွဲသလိပ် ကျပ်ရောဂါ ပျောက်ကင်း၏။
  • ၁၀။ ကြက်သွန်ဖြူ ဥတစ်လုံးကို မီးဖုတ်ကျွေးခြင်းအားဖြင့် ကလေးများ လေဆန်နာပျောက်၏။

ဒူလာသွေးကျရောဂါ

  • ၁ ။ ကံ့ကော် အပွင့်များကို ထောပတ် ၊ သကြား ရောစပ်၍ ကြိတ်ပြီး စားပါက ပူလောင်ခြင်း နှင့်ဒူလာသွေးကျရောဂါ ပျောက်ကင်း၏။
  • ၂ ။ သကြားခဲနှင့် ကံ့ကော်ဝတ်ဆံ ရောကြိတ်၍ ဆီဦးနှင့် တေပြီးသုံးဆောင်ပါက ခြေပူခြေကွဲ ၊ ဒူလာသွေးကျရောဂါ ပျောက်၏။
  • ၃။ ကပ်စေးနဲ(နွားမြီးကပ်)အရွက်ကို ငရုတ်ကောင်း နှင့် ကြိတ်၍ ည နံနက် တစ်ကြိမ်ကျ သောက်သော် ညောင်းကျရောဂါပျောက်၏။
  • ၄။ ဂမုန်းကြက်သွန်ဖြူ(မချစ်ဥ)ခြောက်အမှုန့်ကို ပျားရည်ပုလင်းကြီး တစ်ဝက်ခန့်နှင့်စိမ်ထားပြီး နေ့စဉ်နံနက် ည လက်ဖက်ရည်ဇွန်းတစ်ဇွန်းကျ စားသုံးပေးပါက ဒူလာရောဂါ ပျောက်ကင်း၍ အိပ်ပျော်စားဝင် အသက်ရှည်စေသည်။
  • ၅။ဆီးဖြူသီးခြောက်ကို ငါးရှဉ့်သားနှင့် ချက်စားက ဒူလာ သွေးဝမ်းကျ ရောဂါ ပျောက်၏။
  • ၆။ ဗုဒ္ဓသရဏပင် ဥကို ဓားနှင့် ပါးပါး လှီးပြီး အခြောက် လှန်း၍ ထန်းလျက် နှင့် ယိုထိုး ကာ စမုန်မျိုး ငါးပါး အမှုန့် ပြု၍ ထည့်ပြီး ဖန်ဘူးတွင် ထည့်၍ နံနက် တစ်ခါ၊ ညအိပ်ရာ ဝင်တစ်ခါ ကွမ်းသီးလုံး ခန့် စားပါက ယောကျ်ား မိန်းမ ဒူလာ မီးယပ်ရောဂါ၊ သွေးသား မညီညွတ်ခြင်း၊ မီးယပ် ဝမ်းပျက်၊ သွေးဆုံး ၊ ကိုယ်လက် တို့၌ သွေးလေ မလျှောက်ခြင်း၊လိပ်ခေါင်း၊ ပန်းညှိုး၊ အသား အရေ ခြောက်ကပ်၊ အားအင် ကုန်ခန်းခြင်း၊ အသားအရ စေးထန်းထန်း ဖြစ်ခြင်း၊ ခါးနာ ၊ ထုံကျင် ကိုက်ခဲခြင်း နှင့် အသားဝါ ရောဂါ များ ပျောက်ကင်း စေသည်။
  • ၇။ ဘောစကိုင်း အရွက် နုကလေးများ နှင့် အသီးခွံ ကို ပြုတ်၍ တို့စားခြင်းဖြင့် ဝမ်းမှန် စေသည်။ ဒူလာ ကိုက်ခဲခြင်း ကိုလည်း ပျောက်စေသည်။
  • ၈။ ရွေးကလေး မြစ် ကို ရေနှင့် ကြတ်၍ ပေါင်းတိုက်ရေ ယူပြီး သကြား အနည်းငယ် ဖြင့် သောက် သော် ဒူလာ ဖြစ် မြင်းသရိုက် ရောဂါ ပျောက်၏။
  • မှတ်ချက်။ ။ ရွေးကလေးပင်သည် အဆိပ် ရှိသော ဆေးပင် ဖြစ်၍ လိုသည်ထက် ပို ၍ သုံးဆောင် သော် ဝမ်းလျှောခြင်း ၊ အန်ခြင်း ၊ အင်အား ဆုတ်ယုတ်ခြင်း ဖြစ်တတ်၏။ တစ်ရွေး ခွဲမှ ၃ ရွေး အထိသာ သုံးနိုင်၏ 


  • ၉။ ကြောင်လျှာအသီးကို ငါးမြွေထိုးနှင့် ချက်စားက ဒူလာသွေးဝမ်း မီးယပ်သွေးဝမ်း နှင့် မြင်းသရိုက် ရောဂါတို့ကို ပျောက်ကင်းစေ၏။