- ၁။ ကြက်သွန်နီရည် အနည်းငယ်ကို တိုက်ကျွေးလျှင် ကလေးများ ဝမ်းဗိုက်နာရောဂါ ပျောက်၏ ။
- ၂။ ကလေးများ အစာမကြေရောဂါ အတွက် စမုန်စပါးကို ရေနွေးဖြော၍ တိုက်သော် အစာမကြေ ဝမ်းဗိုက်ရောင် ရောဂါ ပျောက်ကင်း၏ ။
- ၃။ ကလေးငယ်များ ဝမ်းသက် ၊ ဝမ်းသွားပါက ဆိတ်ဖလူးအရွက်ကို ညှစ်၍ တိုက်ပါက ပျောက်ကင်း၏ ။
- ၄။ မုန်ညင်းဆီ ကို ပရုတ်နှင့် ချက်၍ ကလေးများ ဗိုက်နာ ခြင်း ၊ အဆုတ်အအေး မိခြင်း ၊ နှာစေး ချောင်းဆိုး ခြင်းများ အတွက် လိမ်းဆေး သို့မဟုတ် အုပ်ဆေး အဖြစ် အသုံးပြု ရ၏။
- ၅။ မြင်းခွာရွက် ကို အရည်ညှစ် ၍ လက်ဖက် ဇွန်းငယ် တစ်ဇွန်း ခန့် တိုက်ပါက ကလေးငယ် များ အအေးမိခြင်း ၊ လေပြွန် ချောင်းပူ ခြင်း ပျောက်၏ ၊ ဝမ်းသက် ၍ သလိပ် ကို လည်း ပျောက်၏။
- ၆။ လင်းလေကို ကျွမ်းအောင် ဖုတ်၍ ဆီဖြင့် ရောလိမ်းက ကလေးများ ဝမ်းနာ၊ ဝမ်းရောင် ပျောက်၏။
- ၇။ သံမနိုင်၊ ကျောက်မနိုင် အရွက်ကို အရည်ညှစ်၍ နို့နှင့် ရောသောက် ပါက ကလေး သူငယ်များ ဝမ်းဗိုက် အောင့်ခြင်းကို သက်သာစေ ၏ ။
- ၈။ ကလေးသူငယ်များ သူငယ်နာ ဝမ်းပျက်၍ အဖျား ဝင်လာသော် ဣဿရမူလီအရွက် သို့မဟုတ် အမြစ်ကို သွေး၍ လျှာကို အနည်းငယ်မျှ ပွတ်ပေးသော် ပျောက်၏။
- ၉။ ဥသျှစ်ရွက် ပေါင်းတိုက်ရည်ကို ကြွေဇွန်းငယ် တစ်ဇွန်းခန့် တိုက်ပေးက ကလေးများ ဝမ်းပျက် ရောဂါနှင့် ချွဲသလိပ် ကျပ်ရောဂါ ပျောက်ကင်း၏။
- ၁၀။ ကြက်သွန်ဖြူ ဥတစ်လုံးကို မီးဖုတ်ကျွေးခြင်းအားဖြင့် ကလေးများ လေဆန်နာပျောက်၏။
Thursday, January 10, 2013
ကလေး ဝမ်းဗိုက်နာ
Labels:
ရောဂါအမျိုးအစား
Subscribe to:
Post Comments (Atom)
No comments:
Post a Comment