- ၁ ။ ကံ့ကော် အပွင့်များကို ထောပတ် ၊ သကြား ရောစပ်၍ ကြိတ်ပြီး စားပါက ပူလောင်ခြင်း နှင့်ဒူလာသွေးကျရောဂါ ပျောက်ကင်း၏။
- ၂ ။ သကြားခဲနှင့် ကံ့ကော်ဝတ်ဆံ ရောကြိတ်၍ ဆီဦးနှင့် တေပြီးသုံးဆောင်ပါက ခြေပူခြေကွဲ ၊ ဒူလာသွေးကျရောဂါ ပျောက်၏။
- ၃။ ကပ်စေးနဲ(နွားမြီးကပ်)အရွက်ကို ငရုတ်ကောင်း နှင့် ကြိတ်၍ ည နံနက် တစ်ကြိမ်ကျ သောက်သော် ညောင်းကျရောဂါပျောက်၏။
- ၄။ ဂမုန်းကြက်သွန်ဖြူ(မချစ်ဥ)ခြောက်အမှုန့်ကို ပျားရည်ပုလင်းကြီး တစ်ဝက်ခန့်နှင့်စိမ်ထားပြီး နေ့စဉ်နံနက် ည လက်ဖက်ရည်ဇွန်းတစ်ဇွန်းကျ စားသုံးပေးပါက ဒူလာရောဂါ ပျောက်ကင်း၍ အိပ်ပျော်စားဝင် အသက်ရှည်စေသည်။
- ၅။ဆီးဖြူသီးခြောက်ကို ငါးရှဉ့်သားနှင့် ချက်စားက ဒူလာ သွေးဝမ်းကျ ရောဂါ ပျောက်၏။
- ၆။ ဗုဒ္ဓသရဏပင် ဥကို ဓားနှင့် ပါးပါး လှီးပြီး အခြောက် လှန်း၍ ထန်းလျက် နှင့် ယိုထိုး ကာ စမုန်မျိုး ငါးပါး အမှုန့် ပြု၍ ထည့်ပြီး ဖန်ဘူးတွင် ထည့်၍ နံနက် တစ်ခါ၊ ညအိပ်ရာ ဝင်တစ်ခါ ကွမ်းသီးလုံး ခန့် စားပါက ယောကျ်ား မိန်းမ ဒူလာ မီးယပ်ရောဂါ၊ သွေးသား မညီညွတ်ခြင်း၊ မီးယပ် ဝမ်းပျက်၊ သွေးဆုံး ၊ ကိုယ်လက် တို့၌ သွေးလေ မလျှောက်ခြင်း၊လိပ်ခေါင်း၊ ပန်းညှိုး၊ အသား အရေ ခြောက်ကပ်၊ အားအင် ကုန်ခန်းခြင်း၊ အသားအရ စေးထန်းထန်း ဖြစ်ခြင်း၊ ခါးနာ ၊ ထုံကျင် ကိုက်ခဲခြင်း နှင့် အသားဝါ ရောဂါ များ ပျောက်ကင်း စေသည်။
- ၇။ ဘောစကိုင်း အရွက် နုကလေးများ နှင့် အသီးခွံ ကို ပြုတ်၍ တို့စားခြင်းဖြင့် ဝမ်းမှန် စေသည်။ ဒူလာ ကိုက်ခဲခြင်း ကိုလည်း ပျောက်စေသည်။
- ၈။ ရွေးကလေး မြစ် ကို ရေနှင့် ကြတ်၍ ပေါင်းတိုက်ရေ ယူပြီး သကြား အနည်းငယ် ဖြင့် သောက် သော် ဒူလာ ဖြစ် မြင်းသရိုက် ရောဂါ ပျောက်၏။
- မှတ်ချက်။ ။ ရွေးကလေးပင်သည် အဆိပ် ရှိသော ဆေးပင် ဖြစ်၍ လိုသည်ထက် ပို ၍ သုံးဆောင် သော် ဝမ်းလျှောခြင်း ၊ အန်ခြင်း ၊ အင်အား ဆုတ်ယုတ်ခြင်း ဖြစ်တတ်၏။ တစ်ရွေး ခွဲမှ ၃ ရွေး အထိသာ သုံးနိုင်၏
- ၉။ ကြောင်လျှာအသီးကို ငါးမြွေထိုးနှင့် ချက်စားက ဒူလာသွေးဝမ်း မီးယပ်သွေးဝမ်း နှင့် မြင်းသရိုက် ရောဂါတို့ကို ပျောက်ကင်းစေ၏။
Thursday, January 10, 2013
ဒူလာသွေးကျရောဂါ
Labels:
ရောဂါအမျိုးအစား
Subscribe to:
Post Comments (Atom)
No comments:
Post a Comment