Friday, December 28, 2012

အသက်ရှူနည်းဆိုင်ရာ - ကုထုံး

ကျနော်တို့နှာခေါင်းမှာ ဘယ်နဲ့ညာဆိုပြီး နှာခေါင်းပေါက်နှစ်ပေါက် ပါရှိပါတယ်။ သူတို့တွေကတူညီတဲ့ အသက်ရှုခြင်းဆိုင်ရာ နည်းလမ်းတွေဖြစ်တဲ့ ဝင်လေ (Breath in) နှင့်ထွက်လေ (Breath out) တို့ ပါရှိနေပါတယ်။
အမှန်တကယ်အားဖြင့်တော့ သူတို့တွေဟာ မတူညီကြသလို အာရုံခံစားမှုတွေဟာလဲကွဲပါးခြားနားကြပါ
တယ်။ သို့ဖြစ်သောကြောင့် ညာဘက်နှာခေါင်းပေါက်ကတော့ နေကို ကိုယ်စားပြုသလို ဘယ်ဘက်နှာခေါင်းကတော့ လကိုကိုယ်စားပြုထားပါတယ်။ နေကပူလောင်ခြင်း၊
လကတော အေးမြခြင်းပေါ့။

ခေါင်းကိုက်လာတဲ့ အခါမှာ ညာဘက်နှာခေါင်းပေါက်ကို ပိတ်လိုက်ပါ။ ထို့နောက် ဘယ်ဘက်နှာခေါင်း ပေါက်ဖြင့် ၅ မိနစ် မျှ အသက်ရူလိုက်ပါ။ ခေါင်းကိုက်နေတာ သက်သာပြီး
 ကောင်းသွားပါလိမ့်မယ်။

တကယ်လို့အရမ်းပင်ပန်းနေတယ်လို့ ခံစားနေရင် သူနဲ့ ဆန့်ကျင်ဘက်နည်းလမ်းကိုလုပ်ပေးပါ။ ဘယ်ဘက် နှာခေါင်း ပေါက်ကို ပိတ်လိုက်ပါ။ ထို့နောက် ညာဘက် နှာခေါင်းပေါက်ဖြင့် ၅ မိနစ်ခန့် အသက်ရူပေးပါ။ ပင်ပန်းမှုတွေပျောက်ပီး လန်းဆန်းသွားပါလိမ့်မယ်။

ဘာကြောင့်ဒီလို လုပ်ရသလဲဆိုရင်တော့ ညဘက် နှာခေါင်းက အပူကိုပိုင်ဆိုင်ထားပြီး၊ ပူလောင်တာ လွယ်ကူစွာရရှိစေပါတယ်။ဘယ်ဘယ်နှာခေါင်းကတော့အအေးဓာတ်ကို ပိုင်ဆိုင်ထားတဲ့အတွက်
 အေးလွယ်စေပါတယ်။

အမျိုးသမီးတွေဟာ ဘယ်ဘက်နှာခေါင်းပေါက်ကပဲ အဓီကအားပြုပြီးအသက်ရူကြပါတယ်၊ ဒါကြောင့် သူတို့တွေကအလွယ်တကူပဲစိတ်ညစ်လွယ်၊စိတ်ဓာတ်ကျ လွယ်တတ်ကြပါတယ်။ အမျိုးသားများကတော့ အများအားဖြင့်ညာဘက်နှာခေါင်းပေါက်ကို အဓိကအားပြုပြီး အသက်ရှုကြတဲ့ အတွက် စိတ်ဆိုး၊ဒေါသထွက် လွယ်တတ်ကြပါတယ်။

ကျနော်တို့တွေ အိပ်ရာထထခြင်းမှာ ဘယ်နှာခေါင်းပေါက်ကအရင် အသက်မြန်မြန် ရူတာလဲဆိုတာလဲ သတိထားမိကြ ပါလား? ဘယ်ဘက်လား ဒါမှမဟုတ် ဘာဘက်လား ?

တကယ်လို့များ မင်းဟာ ဘယ်ဘက်နှာခေါင်းပေါက်နဲ့ အသက်မြန်မြန်ရှုခဲ့ မိမယ်ဆိုရင် မင်းက အဲဒီနေ့မှာ အရမ်းပင်ပန်း မှုကို ခံစားရလိမ့်မယ်။ ဒါဆို ဘယ်ဘက်နှာခေါင်းကို ပိတ်ပြီး ညာဘက်နှာခေါင်း ပေါက်နဲ့ အသက်ရူပေးပါ ၊လန်းဆန်းမှု တွေ ပြန်လည်ရရှိပါလိမ့်မယ်။

မင်းရဲ့ ကလေးတွေကို ဒီလို အသက်ရူပေးပုံတွေကိုသင်ပေးပါ။ အသက်အရွယ်ရလာတဲ့အခါ ဒီအသက် ရှုသွင်းပုံ ကို သူတို့တွေ ကောင်းမွန်စွာ အသုံးချနိုင်ပါလိမ့်မယ်။

ကျနော် ခေါင်းကိုက်ခြင်းဝေဒနာကို သေလုမတတ်ခံစားခဲ့ရပါတယ်။ဒေါက်တာကို ပြတဲ့အခါမှာ သူက ကျမ ဟာသအနေနဲ့ပြောပါတယ် (ယောကျာ်း ယူလိုက်ပါတဲ့ အဲဒီရောဂါ သက်သာသွားလိမ့်မယ်တဲ့) သ့ူူကိုကျမမကျိန်းဆဲမိပါဘူး သူကလဲ သူရဲ့ အတွေ့အကြုံတေ၊သူစမ်းသပ်မှုတွေ အရသူ နည်းလမ်းတွေ နဲ့အကြံညဏ်ပေးတာပဲ ဆိုလို့ ယူဆမိပါတယ်။ အဲဒီ အတောအတွင်းကာလ မှာတော့ ကျမဟာ ညတိုင်း ခေါင်းကိုက်တဲ့ဝေဒနာကိုခံစားနေရပြီး ကျောင်းစာတွေကိုလဲ ကောင်းကောင်းမလုပ်နိုင်ခဲ့ပါဘူး၊
ကျမ ဆေးတွေသောက်ခဲ့ပေမယ့် ၊ဆေးကုသမှု ကိုတော့ မခံယူခဲ့ပါဘူး။

တည မှာတော့ ကျမဟာ တရားထိုင်ပြီး စိတ်ကိုတည်ငြိမ်မှုရအောင်အရင် ကြိုးပမ်းလိုက်ပါတယ်။ ထို့ နောက် ကျမ ညာဘက်နှာခေါင်းကို ပိတ်လိုက်ပါတယ် ပြီးတော့ဘယ်ဘက်နှာခေါင်းဖြင့် အသက်ရူ တာကိုလုပ်မိပါတယ်။ အဲဒီလို ကျမ တစ်ပတ်လောက် လုပ်ပြီးတဲ့အခါမှာ ကျမ ခေါင်းကိုက်ခြင်း ဝေဒနာ တွေ က လုံးဝပျောက်ကင်းသွားပါတယ်။ အဲဒါနဲ့ ကျမလဲ တလလောက်ကြာအောင် ဆက်တိုက်လုပ် နေမိတာ ကျမ နောက်တစ်ကြိမ် အဲဒီဝေဒနာ ထပ်ပြီးမခံစား
ရတော့ပါဘူး။

ဒါဟာ ကျမကိုယ်တိုင် လုပ်ခဲ့တဲ့ ကိုယ်တိုင် လေ့ကျင့်ခန်း အတွေ့အကြုံပါ။ဒါကြောင့် တခြားသူတွေ ခေါင်းကိုက်ခြင်း ဝေဒနာ ခံစားနေရလျှင် ဤနည်းလမ်းကို အသုံးပြုပါလို့ ပြောချင်ပါတယ်။နောက် မောပန်းမှုကိုခံစားရသူတွေ အတွက် လဲ ဤနည်းလမ်းကို အသုံးချပြီး လန်းဆန်းမှုကို ရရှိစေချင်ပါတယ်

ဆေးဝါးတွေ ကြာရှည်စွာသောက်သုံးခြင်းဟာ ဘေးထွက်ဆိုးကျိူးအန္တရယ်ေတွေ များပြားစေပါတယ်။
ဒါကတကယ် သဘာဝနည်းလမ်းလေး တစ်ခုပါ ..ဘာကြောင့် ခင်ဗျားတို့တွေ မလုပ်နိုင်မှာလဲ ?

အသက်ရှုခြင်းဆိုင်ရာရောဂါကုထုံး(breath in and breath out)လေ့ကျင့်ခန်းဟာ ကျွနု်ုပ်တို့အတွက် မှန်ကန်သင့်လျော် သောနည်းလမ်းတစ်ခု ဖြစ်တဲ့အလျှောက် ဒါကို ပြုလုပ်ပေးနိုင်မယ်ဆိုရင် ဖြင့်ကျနော်တို့ ကိုယ်ခန္ဓာဟာ တကယ်ပဲ လန်းဆန်း တက်ကြွနေမှာပါ ။.......


အသံတိတ် ကျောက်ကပ်ပြဿနာ စစ်ဆေးပါ

ထိုင်ဝမ်၊ ကာအိုဟီစယမ်မှ အသက် ၂၅-နှစ်အရွယ် အရောင်းစာရေးမလေး လင်လီချန်သည်
တောင်တက်အဖွဲ့ဝင် တယောက် ဖြစ်သလို အားကစားနှင့် ပြင်ပလှုပ်ရှားမှုများ၌ စိတ်ဝင်တစားရှိသောကြောင့် လွန်စွာကျန်းမာ သန်စွမ်းသော အမျိုးသမီးလေးဖြစ်ပေသည်။
သို့ရှိရာမှ တနေ့သ၌ ခေါင်းများကိုက်ခဲပြီး ချောင်းဆိုးလာ၍ သူမ၏မိသားစု ဆရာဝန်ထံ ပြသလေသည်။ ဆရာဝန်က “တုပ်ကွေး”ရောဂါဟု အမည်တပ်ကာ ကုသပေးသော်လည်း သက်သာမလာသည့်အပြင် အားအင်များပါ နည်းပါးကာ မောပန်းသကဲ့သို့ ခံစားလာရသည်။ ထိုအခါ တိုင်းရင်းဆေးဖက်ဝင် သစ်ခေါက်၊ သစ်မြစ်များ၊ ကျွမ်းကျင်သော ဆေးဆရာများနှင့် ကုသခဲ့သေးသည်။ သို့သော် နွမ်းနယ်ခြင်းကား မသက်သာ။

သို့ဖြင့် ဒုတိယအကြိမ် သူမ၏မိသားစု ဆရာဝန်ထံ ထပ်မံတိုင်ပင် အကုသခံရာ ဆရာဝန်က စမ်းသပ်စစ်ဆေးပြီးနောက် ကျောက်ကပ်အထူးကုသမားတော်ထံ ထပ်မံလွှဲအပ်ပေးခဲ့၏။
ထိုအခါ ကျောက်ကပ်အထူးကုဆရာဝန်က လိုအပ်သော စစ်ဆေးခြင်းများ ပြုလုပ်ရာမှ သူမ၏ဆီးအတွင်း၌ အသားဓာတ် (Checking The Protein in Urine) စစ်ဆေးချက်အရ ရောဂါကို ရှာဖွေတွေ့ရှိခဲ့လေသည်။

“ခင်ဗျားရဲ့ ကျောက်ကပ်တွေဟာ ရာခိုင်နှုန်း ၂၀-ပဲ ပုံမှန်ကောင်းမွန်ပြီး ကျန် ၈၀-ရာခိုင်နှုန်းက အလုပ်မလုပ်တော့ဘူး”ဟု အထူးကုသမားတော်ကြီးက လင်လီချန်ကို ပြောလာချိန်တွင်မူ “လင်”တယောက် လွန်စွာ ထိတ်လန့်ချောက်ချားသွားရပေသည်။
“ဟင် ဒါပေမယ့် ကျွန်မဘာမှ မနာပါလား”
“ကျောက်ကပ်ရောဂါအတော်များများဟာ နောက်ဆုံးအဆင့်ရောက်သည့်တိုင်အောင် လက္ခဏာတစုံတရာ မပြကြတာများတယ်...ဘာနာကျင်ခြင်းမှ မရှိတတ်ကြဘူး”
သမားတော်၏ ရှင်းပြချက်များအပြီးမှာ လင်တယောက် မယုံကြည်နိုင်စွာဖြင့် ရှိခဲ့သည်။ သို့သော် ခြောက်လခန့်အကြာ၌ ရောဂါလက္ခဏာများပြကာ ကျောက်ကပ်ဆေးစက်ဖြင့် ကုသခြင်း (Renal Dialysis) ခံယူခဲ့ရလေသည်။ လေးလခန့်အတွင်း တပတ်လျှင် သုံးကြိမ်၊ တကြိမ်လျှင် လေးနာရီကြာ ကုသခံခဲ့ရ၏။

၁၉၉၀-ပြည့်နှစ် ဇူလိုင်လ (ရောဂါသိရှိပြီးချိန်မှ ၁၀-လအကြာ)တွင် လင်တယောက် ကျောက်ကပ်အစားထိုး ကုသခြင်း ခံခဲ့ရလေသည်။ ထိုခွဲစိတ်မှုပြီးသည်မှ ယနေ့အထိ လင်သည် ကျန်းမာစွာ ရှိနေလေပြီ။
အသံတိတ် ကြောက်မက်ဖွယ် ကျောက်ကပ်ရောဂါကို စောစီးစွာ စစ်ဆေးသိရှိနိုင်းခြင်းက သူ့အား ဘဝသစ်ရှင်သန်ခွင့် ပေးခဲ့လေသည်။

အလားတူစွာ တိုင်ပေကွန်ပျူတာ ကုမ္ပဏီတခုမှ ချောင်ဝမ်ချိုင်ဆိုသူသည်လည်း ၁၉၉၇-ခုနှစ်တွင် စီးပွားရေး ကိစ္စတခုဖြင့် တရုတ်ပြည်ရောက်ခိုက် ကျန်းမာရေးစစ်ဆေးချက်များ ပြုလုပ်ရာမှ ဆရာဝန်က
သွေးတိုးကြောင်း ပြောကြားခဲ့သည်။ သို့သော် သူသိပ်သတိမထားခဲ့ပေ။ နောက်ခြောက်လအကြာ၌ သူ့ခြေထောက်များ ရောင်ရမ်းနာကျင်လာလေသည်။ တိုင်ပေမှ ဆရာဝန်က သူ့တွင် Chronic Renal Failure နာတာရှည်ကျောက်ကပ် ချို့ယွင်းခြင်း ရောဂါရှိနေကြောင်း ပြောလေသည်။

“ကျွန်တော် မယုံနိုင်လောက်အောင် အံ့သြသွားခဲ့ရတယ်...ကျွန်တော့်မှာ ကျောက်ကပ်လုပ်ဆောင်ချက် ချို့ယွင်းသွားကြောင်း လက်ခံဖို့ အတော်ခဲယဉ်းခဲ့ပါတယ်”
သို့ရာတွင် ဆေးဝါးဓာတ်စာများဖြင့် ကုသအပြီးမှာ ချောင်တယောက် သက်သာလာခဲ့သည်။ ယခုတိုင် ကျောက်ကပ်စစ်ဆေးချက်များဖြင့် အကုသခံနေဆဲ ဖြစ်သည်။ သူ့မှာဝေဒနာ အကြီးအကျယ် မပြခင်ကတည်းက ကျောက်ကပ်တွင် ထိခိုက်ပြီးသားဖြစ်ခဲ့သည် ဆိုခြင်းကို ယခု သူလက်ခံပေပြီ။

နောက်တဖန် ဟောင်ကောင်မှ ဗင်းဆင့်ဟန် ဆိုသူလေးမှာကား လေးနှစ်သားအရွယ်ကပင် မိဘများ၏ ကျန်းမာရေး စစ်ဆေးပေးချက်အရ ကျောက်ကပ်ချို့ယွင်းကြောင်း သိရှိနိုင်ခဲ့လေသည်။ အနောက်တိုင်း သမားတော်များနှင့် တရုတ်သမားတော်များ၏ ကုသပုံမတူညီမှုကြောင့် ၁၄-နှစ်သား အရွယ်မှ ကျောက်ကပ်အစားထိုး ခံခြင်းဖြင့် အကုသခံခဲ့ရလေသည်။

ဤဖြစ်ရပ်များအရ ကျောက်ကပ်ရောဂါ၏ အသံတိတ်ဒုက္ခပေးပုံ (Silent Menace)ကို သိရှိနိုင်လေသည်။ သာမန်လူတိုင်းတွင် အသံတိတ်ဖြစ်နေနိုင်သော ကျောက်ကပ်ပြဿနာသည် အောက်ပါလူများအတွက် ပိုမို၍ လက်သီးပုန်းထိုးနှက်နိုင်ပေသည်။
၁။ ဆီးချိုရောဂါရှင်များ
၂။ သွေးတိုးရောဂါရှိသူများ
၃။ မိသားစုမျိုးရိုးတွင် ကျောက်ကပ်၊ နှလုံးရောဂါရှိသူများ
၄။ အဝလွန်သူများ (အထူးသဖြင့် ခန္ဓာကိုယ်အလယ်ပိုင်း ဝလွန်းသောသူများ)
၅။ အကိုက်အခဲ ပျောက်ဆေးကို ကြာရှည်စွာ စားသုံးသူများ။
ထို့ကြောင့် ကျောက်ကပ်စစ်ဆေးချက် မှန်စွာခံယူဖို့ အလွန်အရေးကြီးပေသည်။

မည်သည့်ရောဂါမဆို စဖြစ်ကာစတွင် စောစီးစွာအချိန်မီ သိရှိနိုင်ပါမှ အချိန်မီ ကုသခြင်း ခံယူနိုင်ပေမည်။
သို့အတွက် အသံတိတ်နှိပ်စက်တတ်သော ကျောက်ကပ်ပြဿနာများကို စောစီးစွာကြိုတင်သိရှိနိုင်ရန်
ကျောက်ကပ်၏ ပုံမှန်လုပ်ဆောင်ချက်များနှင့် စစ်ဆေးတွေ့ရှိနိုင်ပုံများကို သိထားရန် အရေးကြီးပေသည်။
ကျောက်ကပ်ဆိုတာ ဘာလဲ---
ကျောက်ကပ်ဆိုသည်မှာ အရိုးဆုံးပြောရလျှင် ခန္ဓာကိုယ်တွင်းမှ မလိုလားအပ်သည့် အဆိပ်အတောက်များကို
ပြင်ပသို့ ဆီးမှတဆင့် စွန့်ထုတ်ပေးပြီး လိုအပ်အသုံးဝင်သော ဓာတ်ပစ္စည်းများကို ပြင်ပသို့ထွက်မသွားစေရန် စစ်ယူပေးထားသော ဆန်ခါတမျိုးဟုသာ အကြမ်းဖျင်း ဆိုနိုင်ပါသည်။

၎င်းသည် လူ့ခန္ဓာကိုယ်တွင် ဝမ်းဗိုက်၌ ကျောနောက်ကပ်လျက် တဖက်တချက်တည်ရှိသော လက်သီးဆုပ် အရွယ် ပဲစေ့ပုံအင်္ဂါလေးနှစ်ခုဖြစ်ပါသည်။
ကျောက်ကပ်သည် လီတာ ၂၀၀-မျှရှိသော သွေးများကို နေ့စဉ် ၎င်းအတွင်း၌ စီးဝင်ဖြတ်သန်းစေပြီး စစ်ထုတ်ပေး၏။ ထိုသွေးများအနက် နှစ်လီတာခန့်မှာ အညစ်အကြေး ဆီးအဖြစ် စွန့်ထုတ်ရန် ဆီးအိမ်သို့
ရောက်သွားလေ့ရှိ၏။
ကျောက်ကပ်က ဘာလုပ်ပေးသလဲ---
အညစ်အကြေးစစ်ထုတ်သော လုပ်ငန်းသည် ကျောက်ကပ်၏အရေးအကြီးဆုံးသော လုပ်ငန်းဖြစ်သည့် အလျောက် ကျောက်ကပ်ရောဂါ အတော်များများမှာလည်း ထိုစစ်ပေးသောစနစ်ကြီး ပျက်ယွင်းသွားသောကြောင့် ဖြစ်ကြရပေသည်။

ကျောက်ကပ်ထိခိုက်ပါက ဆီးများကို ပုံမှန်ဆက်လက်ထုတ်ပေးသွားနိုင်သော်လည်း ခန္ဓာကိုယ်တွင်းမှ အဆိပ်အတောက်များ၊ ခန္ဓာကိုယ်အတွက် မလိုလားအပ်သော ဓာတ်များ စွန့်ထုတ်မှုမှာမူ နည်းပါးသွားပေသည်။ ထိုစွန့်ထုတ်မှုနည်းသွားသော ပစ္စည်းများမှာ ခန္ဓာကိုယ်အတွက် အဆိပ်အတောက်ဖြစ်ကျန်ခဲ့ကာ လူကိုဒုက္ခပေးတော့သည်။
ကျောက်ကပ်ပျက်တာ ဘယ်လိုသိနိုင်မလဲ---
ကျောက်ကပ်များ တစုံတရာ ပျက်စီးနေခြင်းကို ညွှန်ပြသည့်အချက်တချက်မှာ “ဆီးအတွင်း အသားဓာတ်များ (Protein) အလွန်အကျွဲပါနေမှု”ပင် ဖြစ်သည်။
ဆီးအတွင်း အသားဓာတ်များပြားနေခြင်းသည် ခန္ဓာကိုယ်အတွက် ကျောက်ကပ်လုပ်ငန်း ချို့ယွင်းသွားမှုကို စောစီးစွာနှင့် ထင်ရှားစွာဖော်ပြနိုင်သော အခြေခံအချက်တချက် ဖြစ်ပေသည်။
အဘယ်ကြောင့်နည်း---
ပုံမှန်ကျန်းမာသော ကျောက်ကပ်၏တာဝန်မှာ ပရိုတင်း (Protein) ခေါ် အသားဓာတ်များကို ခန္ဓာကိုယ်အတွက် သိမ်းဆည်းစစ်ယူထားရန်ဖြစ်ပြီး မလိုလားအပ်သော အညစ်အကြေးများကို စစ်ထုတ်ပေးရန်ဖြစ်သည်။
ထို့ကြောင့် ကျောက်ကပ်အလုပ် ချို့ယွင်းစပြုချိန်မှာ (Protein) များကို ပြည့်ဝစွာ သိမ်းဆည်းစစ်ယူမပေးနိုင်ပဲ ဆီးတွင်း၌ (Protein) များ ပါဝင်သွားနိုင်ပေသည်။ ထိုမျှမက ကျောက်ကပ်သည် ခန္ဓာကိုယ်၏ အရေးကြီး သက်စောင့်လုပ်ငန်းအဝဝကိုပါ လုပ်ဆောင်ရသဖြင့် ကျောက်ကပ်ပျက်စီးထိခိုက်ပါက တကိုယ်လုံး၏ လုပ်ငန်းဆောင်တာများပါ ယိုယွင်းစပြုလာနိုင်သည်။

ဥပမာအားဖြင့်-သွေးကြောများ ကျဉ်းမြောင်းလာသဖြင့် သွေးတိုးရှိလာခြင်းမှအစ အခြားသော ဦးနှောက်ကြွက်သားများပါ ထိခိုက်လာကာ သွေးတိတ်နိုင်စွမ်းရည်ပါ ကျလာလေ့ရှိပါသည်။ ထို့ပြင် ပြင်းထန်သော သွေးနီဥ နည်းပါးသောရောဂါ (Severe Anaemia) လည်း အတွေ့ရများပေသည်။
မလေးရှားနိုင်ငံ (Metro Specialist Hospital) မက်ထရို အထူးကုဆေးရုံမှ အတိုင်ပင်ခံသမားတော်ကြီး
ဒေါက်တာ ကောဘီလင်း (Dr. Khaw Bee Ling) က ကျောက်ကပ်ထိခိုက်ချို့ယွင်းခြင်းကြောင့် အရိုးများချည့်နဲ့အားပျော့လာခြင်း ဖြစ်နိုင်ကြောင်း ရှင်းပြခဲ့သည်။

အရိုးများ ခိုင်မာတောင့်တင်းမှုအတွက် (Calcium) မှာ မရှိမဖြစ် လိုအပ်ပေသည်။ Calcium များ သွေးအတွင်း လုံလောက်စွာ ရှိနေရန်အတွက် ဖော့စဖရပ် (Phosphorus) များကို လိုအပ်သည်ထက် ပိုမလာအောင် စစ်ထုတ်ရန်မှာ ကျောက်ကပ်၏ အရေးအကြီးဆုံးတာဝန်ဖြစ်၏။ ကျောက်ကပ်၏ အညစ်အကြေးစွန့်ထုတ် လုပ်ငန်းစဉ် ချို့ယွင်းခြင်းကြောင့် ဖော့စဖရပ်များ သွေးတွင်းမြင့်မားလာခြင်းဖြင့် (Calcium)များ နည်းပါးသွားရာ ထိုမှတဆင့် အရိုးများ သန်စွမ်းစေမည့် (Calcium) နည်းပါးသွားနိုင်ပေသည်။

လူတဦးစီအတွက် ကျောက်ကပ်တခုဆိုလျှင် လုံလောက်သော်လည်း သဘာဝပေး အခြေအနေအရ
ကျောက်ကပ်နှစ်ခုရှိခြင်းအားဖြင့် တခုစီ၏ အစိတ်အပိုင်း အနည်းငယ်ပျက်ယွင်းသော်ငြား ကျန်အစိတ်အပိုင်းများက လုပ်ငန်းများကို ပုံမှန်ဖြစ်စေနိုင်ပေသည်။
မနီလာမြို့ အမျိုးသား ကျောက်ကပ်နှင့် ကျောက်ကပ်အစားထိုးခြင်းဆိုင်ရာ တက္ကသိုလ်မှ
ကျောက်ကပ်အထူးကု ဒေါက်တာ အန်တိုနီယိုပရာအစ်ဆိုက...
“ဒီနေ့ ကျွန်တော် လူနာ နှစ်ယောက်တွေ့ခဲ့ရတယ်၊ အဲဒီ နှစ်ယောက်စလုံးဟာ ဒီနေ့မှာပဲ ကျောက်ကပ်ဆေးစက်နဲ့ ဆေးဖို့ (Renal Dialysis) အရေးတကြီးလိုအပ်နေချိန် ရောက်နေလောက်အောင် သူတို့ရဲ့ ကျောက်ကပ်တွေဟာ အတော်ဆိုးဝါးစွာ ပျက်စီးနေကြပြီ။ အဲဒီလောက် ပျက်စီးနေတဲ့ ကျောက်ကပ်တွေ ဖြစ်နေပေမယ့် ကာယကံရှင်တွေဟာ ကျောက်ကပ်ဆိုင်ရာ ဘာလက္ခဏာမှ မခံစားကြရတာ တွေ့ရတယ်...”

ဤစာကိုကြည့်၍ ကျောက်ကပ်ပျက်စီးခြင်းသည် လူတို့၏ ကိုယ်ထဲ၌ အသံမပေးဘဲ အဆိပ်ဗုံးတလုံးလို တိတ်တဆိတ် ခိုဝင် ဒုက္ခပေးနိုင်သည်ဖြစ်၍ ကြောက်စရာကောင်းကြောင်း သိနိုင်ပေသည်။
ဟောင်ကောင်မှ ဒေါက်တာ လိုဝေကီက “အာရှတိုက်သား သန်းပေါင်းများစွာဟာ ဆီးထဲမှာ အသားဓာတ်လွန်ကဲစွာ ပါဝင်နေခြင်းတွေ့ရကြောင်း၊ ဟောင်ကောင်လူထုရဲ့ လူပေါင်း ၄၂၀၀ နှင့် စင်ကာပူရှိ လူပေါင်း ၃၀၀၀-ခန့်ဟာ ယခုအချိန်မှာ ကျောက်ကပ်ဆေးခြင်း ကျောက်ကပ်အစားထိုးခြင်းများ နှင့် ကုသခြင်း ခံပြီး ကျောက်ကပ်၏ လက်သီးပုန်းထိုးနှက်ထားခြင်းဒဏ်မှ အသက်ကို ပြင်းထန်စွာ ကယ်နေရကြောင်း ” အတိအလင်း အသိပေးသွားလေသည်။

ထိုနည်းတူစွာ ထိုင်ဝမ် ကျောက်ကပ်အဖွဲ့အစည်းတခုဖြစ်သည့် Emily Tsuei of the National Kidney Foundation မှ ထိုင်ဝမ်လူထု ၂၇၀၀၀-နီးပါးသည် လွန်ခဲ့သည့်နှစ်က ကျောက်ကပ်ရောဂါအတွက်
ဆေးကုသခံခဲ့ကြပြီး ၁၉၉၈-ခုနှစ်တွင် ၁၃-ဆ ပိုများလာသည်ဟု ကြေညာထားသည်။
ကျောက်ကပ်ရောဂါအတော်များများသည် ပြန်လည်၍ အဖတ်ဆယ်မရအောင် ပျက်စီးသွားကြသော်လည်း စောစောသိပါက ပျက်စီးမှုနည်းပါးအောင် ကုသပေးနိုင်သည်။

ထို့ကြောင့် ယခုအခါ ရိုးရှင်းလွယ်ကူစွာ ကုန်ကျစရိတ် သက်သာစွာ အစောဆုံးသိရှိနိုင်မည့်နည်းလမ်းတခုကို စင်ကာပူနိုင်ငံ ဘိုင်အိုနက်ဓာတ်ခွဲဌာန (Bio Net Laboratories Asia Pacific of Singapore) မှ တင်သွင်းသော ရှည်မျောမျော အချောင်းလေးများ (at-Home Test Strip) ဖြင့် ကြိုတင်စမ်းသပ်နိုင်ပေပြီ။ ဖိလစ်ပိုင်၊ မလေးရှား၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ထိုင်းနှင့် ယခုနောက်ပိုင်း ဟောကောင်တို့တွင်ပါ ရရှိစစ်ဆေးနိုင်ကြပြီ ဖြစ်၏။
စမ်းသပ်ပုံ---
ထိုအချောင်းပြားလေးများ သုံးစွဲပုံမှာလည်း ရိုးရှင်းလွယ်ကူသဖြင့် အိမ်၌ပင် မိမိဘာသာ စစ်ဆေးကြည့်နိုင်ပေသည်။ ဆီးကို ပိုးသတ်ထားသည့် သန့်ရှင်းသောခွက်တခွက်၌ ခံယူကာ ဓာတုဗေဒနည်းအရ စီမံထားသော ထိုအချောင်းပြားလေးကို ဆီးထဲနှစ်ထားကြည့်ရုံသာဖြစ်၏။ ထိုအခါ အချောင်းပြားလေး၏အရောင် ပြောင်းသွားပါက ထိုဆီးထဲ၌ အသားဓာတ် (Protein) လွန်ကဲစွာ ပါဝင်နေသည်ဟု သိနိုင်လေသည်။ သို့ဖြင့် ကျောက်ကပ်ပြဿနာကို စောစီးစွာသိပြီး လိုအပ်သမျှ ဆက်လုပ်နိုင်ပေပြီ။

အခြားခန္ဓာကိုယ်၏ အရေးတကြီး အခြေအနေများ၌လည်း ထိုအချောင်းပြားလေး အရောင်ပြောင်းနိုင်ပေသည်။ ဥပမာ-ပြင်းထန်သော လေ့ကျင့်ခန်းများလုပ်ထားခြင်း၊ အဖျားရှိခြင်းများ၌လည်း ထိုအချောင်းလေး အရောင် ပြောင်းတတ်ပေရာ ထိုအခါများ၌ သင်၏ဆရာဝန်နှင့်တိုင်ပင်ပြီး သီတင်းပတ် အနည်းငယ်အကြာ၌ ထပ်မံစမ်းသပ်နိုင်ပေသည်။ အချောင်းပြားလေး အရောင်ပြောင်းခြင်း ဆက်လက်ရှိနေပါက သင့်မှာ ကျောက်ကပ်တစုံတရာ ချို့ယွင်းနေကြောင်း စောစီးစွာသိနိုင်လေသည်။

ကျောက်ကပ်အထူးကုဆရာဝန်မှာက ထိုစစ်ဆေးချက်ကို နှစ်စဉ် လုပ်ဆောင်သွားရန် အကြံပြုထားကြသည်။
ထို့ကြောင့် လူတိုင်းအတွက် အချိန်မရွေး တိတ်တဆိတ် ဝင်ရောက်ထိုးနှက်နိုင်သော ကျောက်ကပ်ပြဿနာ များကို အထက်ပါရိုးရှင်းလွယ်ကူသော အချောင်းပြားလေးများ (Strips) သုံးကာ စစ်ဆေးခြင်းဖြင့် အသက်အန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ပေတော့မည်။
ဒေါက်တာနုနုဆွေ
Ref: Reader's Digest, 2000, July.



Thursday, December 27, 2012

အရွယ်မတိုင်ခင် ဆံပင်ဖြူရခြင်းအကြောင်းရင်းများနှင့် လွယ်ကူသောကာကွယ်ကုသနည်းများ

ဆံပင်ဖြူလာခြင်းဆိုတာ လူကြီးတွေမှာ အရွယ်ကျလာခြင်းရဲ့ ပထမဆုံးမြင်သာတဲ့ လက္ခဏာဖြစ်ပါတယ်။
ဒါပေမယ့် ယနေ့ခေတ် လူငယ်တွေမှာ ဆံပင်ဖြူခြင်းဆိုတဲ့ ပြဿနာ ရင်ဆိုင်နေရတာ
တွေ့လာရပါတယ်။ ဒီကိစ္စဟာ သဘာဝထက်စောပြီး ခန္ဓာကိုယ်ရဲ့နုပျိုမှုကျဆင်းလာခြင်း တစ်မျိုးလို့ ဆိုနိုင်မလို့ တကယ်လဲစိုးရိမ်ထိုက်ပါတယ်။
ဘာကြောင့်ဆံပင်ဖြူရတာလဲ?
ဆံပင်မွေးအိတ်တွေရဲ့ အောက်ခြေမှာရှိတဲ့ မယ်လနင်(Melanin)လို့ခေါ်တဲ့ အမည်းရောင်ခြယ်
ထုတ်ပေးနေတဲ့ ဆဲလ်တွေရဲ့ စွမ်းဆောင်ရည် ကျဆင်းပြီး မယ်လနင် ထုတ်လုပ်မှု
ရပ်ဆိုင်းသွားရင်၊ လျော့နည်းသွားရင် ဆံပင်ဖြူလာပါတယ်။
ဒါဟာ အသက်ကြီးရင်တော့ သဘာဝအလျောက်ဖြစ်လာပါတယ်။ဒါပေမယ့် လူငယ်တွေမှာ
ဆံပင်ဖြူစေရတဲ့အကြောင်းရင်းကတော့ ရုပ်ပိုင်းဆိုင်ရာနဲ့
စိတ်ပိုင်းဆိုင်ရာဖိစီးမှုတို့က အများဆုံးဖြစ်စေတဲ့အကြောင်းလို့ သိရပါတယ်။
အမြဲတမ်းပူပန်သောက ရောက်အတွေးများနေရခြင်းနဲ့ အာဟာရချို့တဲ့ခြင်းတို့ကလည်း အကြောင်းအရင်းတွေပါပဲ။ မျိုးရိုးလဲ လိုက်တတ်ပါတယ်။
အလှပြင်ဆိုင်တွေမှာ တစ်ခုခုလုပ်လို့ ရေနွေးနဲ့
ခေါင်းလျှော်ရခြင်း၊လျှပ်စစ်ဒရိုင်ယာကြာကြာသုံးခြင်းနဲ့
ဦးရေပြားသန့်ရှင်းမှုကို ဂရုမစိုက်ခြင်းတို့ကလည်း အကြောင်းရင်းတွေ
ဖြစ်ပါတယ်။ ပညာရှင်များ ပြုစုထားတဲ့ အကြောင်းရင်းများကတော့. . .
(၁) စိတ်ဖိစီးမှု၊
(၂) အလုပ်များ၍ ပင်ပန်းလွန်းခြင်း၊
(၃) နာမကျန်းဖြစ်ခြင်း(အချို့ရောဂါများသည် ဆံပင်ဖြူစေတတ်၏)၊
(၄) အာဟာရချို့တဲ့ခြင်း၊
(၅) နေရောင်နှင့်ထိတွေ့မှုများခြင်း၊
(၆) အပျော်တမ်းခဏခဏပေါင်းတင်ခြင်း၊ ဆံပင်အပေါ်ဆေးတစ်ခုခုသုံးရာတွင်
ကြိမ်ဖန်များလွန်းခြင်း၊ ကျွမ်းကျင်မှု မရှိသူနှင့်
လုပ်ခြင်း၊ဆေးကြောရာတွင်မစင်ခြင်း စတာတွေကြောင့်လူငယ်တွေမှာ ဆံပင်ဖြူရတယ်လို့ ဆိုပါတယ်။
 
ကာကွယ်ကုသရမယ့် နည်းလမ်းများ
ကာကွယ်ကုသရမယ့် နည်းလမ်းများကို ဆံကေသာအလှအပ ကျွမ်းကျင်ပညာရှင်များရဲ့ ပြောကြားချက်များအတိုင်း ဖော်ပြပေးလိုက်ပါတယ်။
အဆင့်(၁)ဆေးလိပ်စွဲနေရင်ဖြတ်ပါ။
ဆေးလိပ်သောက်ခြင်းဟာ ခန္ဓာကိုယ်တစ်ခုလုံးမှာ
အိုမင်းခြင်းရဲ့လက္ခဏာတွေအရွယ်မတိုင်ခင်ပေါ်လာခြင်းကို ဖြစ်စေကြောင်း
တွေ့ရှိအတည်ပြုပြီးဖြစ်ပါတယ်။ ဆေးလိပ်သောက်ရင် ဆံပင်ကိုအာဟာရပြုပေးတဲ့
ဆံချည်မျှင်သွေးကြောလေးတွေ ပိတ်သွားတဲ့အတွက် အမည်းရောင်ခြယ်
ပစ္စည်းထုတ်တဲ့ဆဲလ်တွေ သေဆုံးလျော့နည်းကုန်ခြင်းကြောင့် ဆံပင် ဖြူလာရခြင်း
ဖြစ်ပါတယ်။
အဆင့်(၂)စိတ်လျှော့အနားယူပါ။
စိတ်ဖိစီးမှု အမျိုးအမျိုးဟာ ငယ်ငယ်နဲ့ ဆံပင်ဖြူခြင်းကို တကယ်ဖြစ်စေပါတယ်။ ဒီတော့
သင့်ရဲ့ စိတ်လှုပ်ရှားမှုတွေကို အေးဆေးတည်ငြိမ်အောင် ထားနိုင်မည့်နည်းလမ်း
(ဥပမာ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း၊ တရားရှုမှတ်ခြင်း) စတာတွေကို
လုပ်ပေးပါ။ သောကကို ရင်ထဲမှာမွေးထားတတ်တဲ့ အကျင့်၊ လိုတာထက်ပိုပြီး
စိုးရိမ်တတ်တဲ့အကျင့်၊ အဆိုးကို ကြိုမျှော်လင့်တတ်တဲ့ အကျင့်
စတာတွေဖျောက်ပစ်ပါ။
အဆင့်(၃)အာဟာရပြည့်အောင်စားပါ။
အာဟာရပြည့်ခြင်း မပြည့်ခြင်းဆိုတာ ပိန်ခြင်းဝခြင်းနှင့် တိုက်ရိုက်မသက်ဆိုင်ပါ။
လိုအပ်တဲ့ဗိုက်တာမင် သတ္တုဓာတ်များချို့တဲ့နေရင် မပိန်နေပေမယ့်
အာဟာရချို့တဲ့နေတယ်လို့ ဆိုနိုင်ပါတယ်။ အသားဓာတ်မလုံလောက်ခြင်း၊
သံ(Iron)၊သွပ်(Zinc)၊ကြေးနီ(Copper) စတဲ့ သတ္တုဓာတ်တွေ ချို့တဲ့နေရင်
ဆံပင်ဖြူလွယ် ကျွတ်လွယ်ပြီး ဆံပင်အလုံးသေးကာ မသန်စေတော့ပါဘူး။ နောက်
ဗိုက်တာမင် ဘီအုပ်စု၊ ဗိုက်တာမင်စီနဲ့အီး တို့ချို့တဲ့တာကလဲ ဆံပင်ဖြူစေတဲ့
အကြောင်းရင်းများ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါတွေအတွက် ပုံမှန်စားသင့်တဲ့ အစားအစာတွေကတော့ အသည်းအမြစ်များ၊ အသားမျိုးစုံ၊ ပင်လယ်စာလတ်လတ်ဆတ်ဆတ်များ
(စည်သွပ်ဘူးများကျသိပ်မကောင်းလှပါ)၊ ဂျုံ၊ အခွံမာအသီးအဆံများ၊ အဝါရောင် အနီရောင် အစိမ်းရင့်ရောင်ရှိသော
အသီးအရွက်များ၊ ဥအမျိုးမျိုး၊ မြေပဲ၊ ပဲကြီး၊ ရွှေဖရုံသီးစေ့နဲ့
အစေ့အမျိုးမျိုး၊ နို့ထွက်ပစ္စည်းများ၊ ကန်စွန်းဥ၊ နာနတ်သီး
စတာတွေဖြစ်ပါတယ်။ ပုံမှန်စားပေးရင် ဖြူပြီးသားတွေ ပြန်မနက်ပေမယ့်
နောက်ထွက်မယ့်ဆံပင်တွေ မဖြူနိုင်တော့ပါဘူး။
အဆင့်(၄)သံလွင်ဆီနဲ့ ကုသပါ။
သံလွင်ဆီ ရွှဲရွှဲလိမ်းပြီး ပေါင်းထားပါ။ တစ်နာရီခန့်ထားပြီး ခေါင်းလျှော်လိုက်ပါ။
ကြက်ဆူဆီ နွေးနွေး (ကိုယ်ဝန်သည်များ သောက်ရသော ကြက်ဆူဆီကို ဆိုလိုသည်)နဲ့
သံလွင်ဆီ ရောပြီး လိမ်းရင်လဲ ကောင်းတယ်လို့ ပညာရှင်များက ညွှန်ကြားပါတယ်။
ဒီလိုလိမ်းထားတုန်း မျက်နှာသုတ်ပုဝါနဲ့ ခေါင်းကိုပေါင်းထားရင် စုပ်ယူမှုကို
ပိုကောင်းစေပါတယ်။ တစ်ပတ်၂-ကြိမ်အနည်းဆုံး လုပ်ပေးသင့်ပါတယ်။
ဦးရေပြားအနှိပ်ခံခြင်းဟာလဲ သွေးလှည့်ပတ်မှုကောင်းစေလို့ ဆံပင်ဖြူခြင်းကို
ထိရောက်စွာ ကာကွယ်နိုင်ပါတယ်။
နောက်တစ်နည်းကတော့ ခေါင်းလျှော်ပြီးလို့ ရေနဲ့ဆေးချတဲ့အခါ ပျားရည် ၂စက် ၃စက်ထည့်ထားတဲ့ ရေတစ်ဖန်ခွက်နဲ့ခေါင်းလောင်းဆေးပေးပါ။
သင့်ဆံပင်တွေကို ကျန်းမာသန်စွမ်းတောက်ပြောင်စေပြီး ဆံပင်ဖြူလာခြင်းမှကာကွယ်နိုင်တဲ့
သဘာဝပေါင်းတင် ဆေးဖော်စပ်နည်းများကို ဖော်ပြပေးလိုက်ပါတယ်။ (ဒီနည်းတွေဟာ
ကမ္ဘာ့အလှကုန် ကျွမ်းကျင် သိပ္ပံပညာရှင်များရဲ့ နည်းလမ်းများ ဖြစ်ပါတယ်)
နည်း(၁)
ကြက်ဥတစ်လုံး၊ကြက်ဆူဆီစားပွဲဇွန်း၂ဇွန်း၊ရှာလကာရည်လက်ဖက်ရည်ဇွန်း၁ဇွန်း၊အလှဆီ(ဂရစ်စလင်း)
လက်ဖက်ရည်ဇွန်းတစ်ဇွန်းတို့ကို အမြှုပ်ထလာအောင် ခေါက်ပြီးဦးရေပြားနဲ့ ဆံပင်တွေကို
သုတ်လိမ်းပေးပါ။တတ်နိုင်သမျှကြာကြာထားပြီး ပြန်ဆေးပစ်ပါ။
နည်း(၂)
ကြက်ဥတစ်လုံး၊ ပျားရည်လက်ဖက်ရည် ဇွန်းတစ်ဇွန်း၊ သံလွင်ဆီ လက်ဖက်ရည်ဇွန်း၂-ဇွန်းတို့ကို အထက်ပါအတိုင်း သုံးနိုင်ပါတယ်။
အဆင့်(၅)အထွေထွေဆောင်ရန်ရှောင်ရန်နည်းလမ်းများ
ရှေ့ကဖော်ပြခဲ့တဲ့ အစားအစာတွေကို တတ်နိုင်သမျှ မှန်မှန်လေးစားပေးပါ။ ဆံပင်အပေါ်
ဆေးတွေသုံးခြင်းကို တတ်နိုင်သမျှ အကြိမ်အနည်းဆုံး လုပ်ပါ။
ပလတ်စတစ်ဘီးတွေ မသုံးပါနဲ့။ သံ၊သစ်၊ဝါး စတာတွေနဲ့လုပ်ထားတဲ့ဘီးတွေက ဆံပင်အတွက်ပိုကောင်းပါတယ်။
ဦးရေပြားသန့်ရှင်းရေးကို ဂရုစိုက်ပါ။ ခေါင်းမှန်မှန်လျှော်ပါ။ ရေဖန်ခွက်၁၀-ခွက်ကနေ ၁၂-ခွက်လောက်ကုန်အောင် နေ့စဉ်သောက်ပါ။
အိုမင်းရင့်ရော်စေတဲ့ အတွေးများကိုရှောင်ပါ။
တီဗီကိုရီမုနဲ့ပဲ ပိတ်ပါ။ ရှေ့သွားပြီး ခလုတ်ဖိပြီး မပိတ်ပါနဲ့။ အဲလိုပိတ်လိုက်ရင
်တီဗီကX-ray နဲ့ သံလိုက်လှိုင်းတွေ ထုတ်လွှတ်လို့ နေ့စဉ်ရက်ဆက်ဆို သင့်ကို
အိုမင်း ဆံပင်ဖြူလာစေမှာ ဖြစ်ပါတယ်။ ဒီတော့ တီဗီကို ရီမုနဲ့ ၉-ပေအကွာ
လောက်ကနေ ပိတ်တဲ့အကျင့်ကိုလုပ်ပါ။ အိမ်သားတွေကိုလဲ ပြောပြပါ။
ဦးခေါင်းနှိပ်နယ်မှုကို ခံယူနိုင်ရင် ခံယူပေးပါ။ ကျန်းမာရေးကောင်းစေမယ့် လမ်းညွှန်ချက်မှန်သမျှ တတ်နိုင်သလောက်လိုက်နာပေးပါ။
ဒီနည်းတွေလောက်ပဲ လိုက်နာနိုင်ရင်ကို ဆံပင်ဖြူခြင်းကိုကာကွယ် တိုက်ဖျက်ဖို့ တကယ်လုံလောက်ပြီဖြစ်ပါတယ်။ 

အရွယ် တင်နုပျို လိုသူတိုင်း ညဘက် လုပ်သင့်သည့် အသား အရေ ထိန်းသိမ်းနည်းလေးပါ

အရွယ် တင်နုပျို လိုသူတိုင်း ညဘက် လုပ်သင့်သည့် အသား အရေ ထိန်းသိမ်းနည်းလေးပါ တစ်နေ့လုံး အလုပ်မှာ ပင်ပင် ပန်း ပန်း လုပ်ခဲ့ရ၊ ကလေး တွေကို ထိန်းခဲ့ ရ၊ ကြမ်းတမ်း
တဲ့ ပတ်ဝန်း ကျင် အခြေအနေ နဲ့ ထိတွေ့ခဲ့ရ.. ဒီလိုအချက်တွေကြောင့် ကျွန်မတို့ရဲ့ အသားအရေဟာ ထိခိုက် ညစ်နွမ်းနေနိုင်ပါတယ်။ ဒီလိုထိခိုက်ပျက် စီးတာ အချိန်ကြာလာရင် အသားအရေ အိုမင်းလာပြီး အရွယ်မတိုင်ခင် အိုမင်းမှု ကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သင့်အ သားအရေကို ထိန်းသိမ်းဖို့ အရေးကြီးပါ တယ်။ ညဘက်မှာ အသားအရေ ထိန်းသိမ်း မှုလုပ်တာကြောင့် အရေပြားရဲ့ တင်းအားနဲ့
အရောင်ကို ကောင်းမွန်စေနိုင်ပြီး အရေ ပြားအပြစ်အနာအဆာတွေကို လျော့ကျစေ ကာ အရေပြားကို စိုပြည်တင်းရင်း လှပ စေပါတယ်။ ညဘက်မှာ အသားအရေကို ကောင်းကောင်းထိန်းသိမ်းမှုလုပ်တာကြောင့် အရေပြားကို လေဝင်လေထွက်ကောင်း စေပြီး အနာကျက်စေကာ အရေပြားကို တင်းရင်းလှပစေပါတယ်။ အောက်ပါတို့က ညဘက် အသား အရေထိန်းသိမ်းနည်းအတွက် အခြေခံအ ချက်တွေ ဖြစ်ပါတယ်။
 
(၁) မိတ်ကပ်ဖျက်ဆေး
သင်က မိတ်ကပ်လိမ်းသူဖြစ်ရင် ပ ထမဆုံးအချက်က မိတ်ကပ်ဖျက်ဖို့ အမျိုး အစားကောင်းတဲ့ မိတ်ကပ်ဖျက်ဆေး (Make-up Remover) ကို သုံးပါ။ ဒီလို နည်းနဲ့ မိတ်ကပ်တွေကို ဖယ်ရှားလိုက်တဲ့ အခါ မျက်နှာသစ်ပြီးရင် သင့်မျက်နှာမှာ အညစ်အကြေးနဲ့ မိတ်ကပ်တွေ ြွကင်း ကျန်ကပ်ငြိတာမျိုးမဖြစ်ဘဲ သန့်စင်သွား ပါလိမ့်မယ်။ ပြီးရင် အရေပြားရဲ့ စံ ဓာတ်ကို ဟန်ချက်ညီအောင် ထိန်းဖို့ အယ်လ်ကိုဟောမပါတဲ့ တိုနာထဲစိမ်ထား တဲ့ ဂွမ်းစနဲ့ ပွတ်ပေးလိုက်ရင် အဆီတွေပါ ကင်းသွားပါလိမ့်မယ်။
 
(၂) မျက်နှာသစ်ဆေး
မျက်နှာနဲ့ လည်ပင်းအရေပြားကို မျက် နှာသစ်ဆေးလိမ်းပြီး ညင်ညင်သာသာ နှိပ် နယ်ပေးပါ။ ပြီးမှ ကြက်သီးနွေးရေကို သုံး ပြီး မျက်နှာနဲ့ လည်ပင်းကို သေချာ ဆေး ကြောပေးပါ။ မျက်နှာသစ်ဆေးနဲ့သစ်တာ ကြောင့် အရေပြားပေါ်က အညစ်အကြေး တွေနဲ့ ပိုးမွှားတွေကို ကင်းစင်စေပါတယ်။ ကြက်သီးနွေးရေက ချွေးပေါက်ကို ပွင့်စေ ပြီး ချွေးပေါက်ထဲက အညစ်အကြေးတွေ ကို ထွက်ရှိသွားစေပါတယ်။ ပြီးရင် မျက်နှာ ကို ခြောက်သွေ့အောင် သုတ်ပေးပါ။
 
(၃) အိုင်းခရင်မ်
မျက်ဝန်းတစ်ဝိုက်မှာ အဆီဂလင်း မရှိတဲ့အတွက် မျက်ဝန်းတစ်ဝိုက် အရေ ပြားမှာ အိုင်းခရင်မ်လိမ်းတာက အရေပြား ကို အားဖြည့်ပေးပြီး မျက်ဝန်းအိတ်ဖောင်း တာနဲ့ မျက်ကွင်းညိုတာတို့ကို လျော့ကျ စေနိုင်ပါတယ်။ ညဘက်မှာ အိုင်းခရင်မ် လိမ်းပြီးမှ အိပ်ရာဝင်ပါ။
 
(၄) နှုတ်ခမ်းထိန်းသိမ်းမှု
နှုတ်ခမ်းသားကို ကြက်သီးနွေးရေထဲ ဆွတ်ထားတဲ့၊ နူးညံ့ပျော့ပျောင်းတဲ့ အဝတ် စနဲ့ ညင်ညင်သာသာ ပွတ်တိုက်ပေးပါ။ ဒီ လိုလုပ်ပေးရင် ခြောက်သွေ့နေတဲ့ အရေ ပြားပေါ်က ဆဲလ်သေတွေကို ကင်းစင်စေ ပါတယ်။ ပြီးရင် နှုတ်ခမ်းသား စိုပြည် တင်းရင်းအောင် နှုတ်ခမ်းဆိုးဆေး အဆီ ဆိုးပေးပါ။
 
(၅) အစိုဓာတ်ထိန်းခရင်မ်
အရေပြားကို စိုပြည်စေမယ့် အစို ဓာတ်ထိန်းခရင်မ်ကို လိမ်းပါ။ အစိုဓာတ် ထိန်းခရင်မ်ကို ရွေးချယ်ရာမှာ ဓာတုပစ္စည်း မပါတာရွေးပါ။ ကောင်းမွန်တဲ့ အစိုဓာတ် ထိန်းခရင်မ်ဟာ အရေပြားဆဲလ်သေ၊ လေ ထုညစ်ညမ်းမှုနဲ့ အညစ်အကြေးတွေ ကြောင့် အရေပြားညစ်နွမ်းမှုတို့ မဖြစ် အောင် ကာကွယ်ပေးပြီး အရေပြားကို ဗီ တာမင်နဲ့ သတ္တုဓာတ်တွေရရှိအောင် ပံ့ပိုး ပေးပါတယ်။ ဒါ့အပြင် ဆဲလ်သစ်ဖြစ်ပေါ် မှုကို အားပေးပြီး အရေပြားတင်းရင်းစေတဲ့ ကော်လာဂျင်ဖြစ်ပေါ်မှုကို အားပေးပါ တယ်။ အရေပြားပေါ်က အမည်းစက်၊ အ ရေးကြောင်း၊ သက်ကြီးအစက်အပြောက် နဲ့ ပါးရေတွန့်တာတွေကိုလည်း ကင်းဝေး စေပါတယ်။
Tips
- ညဘက်မှာ အသားအရေထိန်းသိမ်း ဖို့အတွက် အချိန် ငါးမိနစ်လောက်ပဲ လို အပ်ပါတယ်။ နေ့စဉ် အချိန်ငါးမိနစ်ပေး ပြီး အသားအရေထိန်းသိမ်းတာကြောင့် နုပျိုတဲ့ အသွင်ကို ဖြစ်စေရုံသာမက အ ရေပြားကို ချောမွေ့နူးညံ့ကြည်လင်စေပါ တယ်။
- မျက်နှာမှာ မိတ်ကပ်တွေလိမ်းပြီး ဘယ်တော့မှ မအိပ်ပါနဲ့။ မိတ်ကပ်တွေ လိမ်းပြီး အိပ်တာ ကြာလာရင် အသား အရေကို နွမ်းနယ်ထိခိုက်စေနိုင်ပါတယ်။ ဝက်ခြံနဲ့ အဖုအပိမ့်တွေကိုလည်း ဖြစ်စေ နိုင်ပါတယ်။
- အစိုဓာတ်ထိန်းခရင်မ်နဲ့အတူ Serum ကိုပါ လိမ်းပေးရင် အသားအရေကို ပိုမို တင်းရင်းစေပါတယ်။ အရေးကြောင်းပါး ပါးထင်နေတဲ့ နေရာတွေကို များများလိမ်း ပြီး အိပ်စက်ပေးပါ။

အဆိပ်ပြေစေပြီး ထူးကဲတဲ့အစွမ်းများနဲ့ကန်စွန်းရွက်

မြန်မာများ ချက်ပြုတ်စားကြသည့် ကန်စွန်း ပင် ၏ တိုင်းရင်းဆေးဖက်ဝင် အသုံးဝင်ပုံ များကိုရေးသားတင်ပြရန်ရွေးချယ်ထားပါတယ်။ကုန်စိမ်းဆိုင်များတွင် ရောင်းချကြသော ကန်စွန်းကြီးရွက် (တရုတ် ကန်စွန်း)၊ ကန်စွန်းရိုးနီများသည် မြန်မာတို့ မကြာခဏ ချက်ပြုတ်စားသုံးလေ့ရှိသော ဟင်းရွက်များ ထဲတွင် ပါဝင်ပါသည်။ ယင်းတို့ကို ချက်ပြုတ် စားသောက်ခြင်းဖြင့် ငွေကုန်သက်သာစေသည့်အပြင်လူတို့အတွက် အာဟာရဓာတ် တို့လည်းဖြစ်စေပါသည်။
မြန်မာ့စားသုံးမှု
ကန်စွန်းရွက်ကို ငါး၊ ပုစွန်ဖြင့် အချို့ဟင်းတစ်ခွက် ချက်စားခြင်းပြုတ်တို့စားခြင်း၊ ကြော်လှော်စားခြင်း၊ အသုပ်အဖြစ် စားသုံးခြင်း၊ ချဉ်ဖတ်နှင့် ပြုတ်၍ သနပ်စုံထည့်စားခြင်း၊ ပဲ၊ ငါး စသည့်တို့နှင့် ငါးပေါင်းကြော် အဖြစ်လည်း ကြော်လှော်စားသုံးကြသည့်အပြင်အခြားဟင်းရွက်များနှင့်ရောနှောချက်စားလေ့ ရှိကြပါသည်။
 
အဆိပ်အတောက်ပြေစေသည့်ကန်စွန်းရွက်
မှိုဟင်းများ ချက်စားသုံးရာတွင် အဆိပ်အတောက်များကို ပြေစေရန် ကန်စွန်းရွက်ကို ရောနှောချက်ပြုတ်ကြော်စားလေ့ ရှိကြပါသည်။ ကန်စွန်းရွက်သည် ချက်ပြုတ်စားသုံး ရာတွင် ဟင်းလျာအဖြစ် စားသုံးရသကဲ့သို့ ကျန်းမာရေးကဏ္ဍတွင်လည်း ဆေးဝါး ဓာတ်စာအဖြစ်အသုံးဝင်စေပါသည်။

မြန်မာ့ဆေးကျမ်း၏အဆိုများ
ကန်စွန်းရွက်နှင့် ပတ်သက်၍ မြန်မာ့ဆေးကျမ်းများတွင် တိုင်းရင်းဆေးဖက်ဝင်ပုံများကို အကျယ်တဝင့် ဖော်ပြထားကြသည့်အနက် ဥတုသောဇနသင်္ဂဟ ကျမ်းတွင် ရေးသား ဖော်ပြချက်များကိုဆက်လက်တင်ပြထားပါသည်။
ကန်စွန်းရွက်သည် ချို၏။ နို့ရည်၊ သုက်တို့ကို ပွားများစေ၏ ရှုတော်မူဆေးကျမ်းနှင့် ရသ ဓာတုကျမ်းတွင် ကန်စွန်းရွက်သည် ဝမ်းမီးကို ဖြောင့်စေခြင်း၊ ငန်းမန်းကြေခြင်း၊ သုက်ကို ပွားများစေ၏ ရူးသောအနာ၊ သည်းခြေနှင့် ယှဉ်သောအနာ၊ အဆိပ်အတောက်အမျိုးမျိုး၊ သွေးကင်း၊ လေကင်း၊ အပုပ်ကင်း၊ အဖျားကင်း စသည်တို့ကို ကုသရာတွင် အသုံးဝင် ကြောင်းကိုဖော်ပြပါသည်။

မျက်စဉ်းဆေးရည် ကျေးလက်တိုင်းရင်းဆေးဆရာများ အသုံးပြုခဲ့သည့် ကန်စွန်းရွက်ပါဝင်သော မျက်စဉ်း ဆေးရည်မှာ သန့်စင်ဆေးကြောထားသော ကန်စွန်းရွက်ကြိတ်ညှစ်ရည်ကို လူနို့ နှင့် ဖျော်ပြီး မျက်စဉ်းဆေးရည်အဖြစ် ခတ်ပေးခြင်းဖြင့် မျက်ခမ်းစပ်နာ၊ မီးယပ်မျက်စိနာ၊ မျက်စိမှုန်ဝါးဝါးဖြစ်ပေါ်နေသောဝေဒနာတို့ကိုကုသပေးနိုင်ပါသည်။

ဆေးမှာဖြေဆေးကန်စွန်းရည်
မြန်မာ့တိုင်းရင်းဆေးဝါးများအနက် သမားတော်ကိုင် ဆေးဝါးအချို့တို့တွင် စိန်ဓာတ်ဖြင့် ဖော်စပ်ထားသော ဆေးဝါးများကို လူတို့သုံးဆောင်နေစဉ် သံပရာရည်ကို သောက်မိပါက စိန်အဆိပ်အတောက်ကို ဖြစ်ပေါ် စေနိုင်ပါသည်။ ထိုသို့ ဖြစ်လျှင် လတ်ဆက် သန့်ရှင်း စင်ကြယ်သော ကန်စွန်းရွက်ကို ထုထောင်း၍ အရည်နှင့် အဖတ်တို့ကို သောက်ပေးခြင်းဖြင့်အဆိပ်အတောက်များကိုပြေစေနိုင်ပါသည်။

ဝမ်းဗိုက်ရောဂါကုဆေးဝါးဓာတ်စာ
တစ်ခါတစ်ရံတွင် လူကြီးများ အစာမှားခြင်းကြောင့် ဝမ်းဗိုက်မအီမသာဖြစ်ခြင်း၊ မစားချင် မသောက်ချင်၊ နေရထိုင်ရအခက်တွေ့ခြင်း၊ မစားချင်မသောက်ချင်၊ နေရထိုင်ရအခက် တွေ့ခြင်းနှင့် ကိုယ်လက်ယားယံပါက ကန်စွန်းရွက်နှင့် ထန်းလျက်ကို အတူကြိတ်ပါ။ ရလာသော အရည်ကို ဟင်းစားစတီး ဇွန်းထက်ဝက်ခန့် နံနက်တစ်ကြိမ်၊ နေ့လယ်တစ်ကြိမ် သောက်သုံးပေးခြင်းဖြင့် ပကတိအတိုင်း ကျန်းမာလာစေနိုင်ပါသည်။

ရေနွေးနှင့်မီးလောင်နာ
မိသားစုဝင်များတွင် မကြာခဏ ကြုံရတတ်နေသော ကျန်းမာရေး ပြဿနာမှာ ရေနွေး ပူလောင်ခြင်းနှင့် မီးပူလောင်ခြင်းတို့ပင် ဖြစ်ကြပါသည်။ ခြေ၊ လက်တို့တွင် မီးလောင် နာထပါက ကန်စွန်းရွက်ကြိတ်ရည်ကို လိမ်းပေးပါ။ ကန်စွန်းရွက်ကြိတ်ညှစ်ရည်နှင့် သကြားကို ထည့်ဖျော်လျက်လိမ်းပေးခြင်းဖြင့်လည်း အဖုများကို ဖြစ်ပေါ်စေခြင်းမှ ကင်းဝေးစေပါသည်။

အကြောတက်ခြင်းနှင့်ကန်စွန်းရွက်
မကြာခဏ ဇက်ကြောတက်ကြသူများ၊ ဇက်တောင့်တင်းခြင်း၊ ကိုယ်ငွေ့နွေးနွေးနှင့် ဖျားချင်သကဲ့သို့ ဖြစ်ပြီး ကိုယ်လက်များ လေးလံခြင်း၊ ချွေးငုပ် ခြင်းများ ခံစားရပါက သိန္ဓောဆားအနည်းငယ်မျှကိုကန်စွန်းရွက်ကြိတ်ညှစ်ရည်စပ်ပေးပါ။ထိုဆေးရည်ကို လူကြီးဆေးတစ်ခွက်စာအတွက် ဟင်းစာစတီးဇွန်းနှင့် တစ်ခွန်းကို နံနက် တစ်ကြိမ်၊ နေ့လယ်တစ်ကြိမ်၊ ညတစ်ကြိမ် တစ်နေ့သုံးကြိမ်တိုက်ကျွေးပေးပါ။ အဆိုပါ လက္ခာဏာများအတွက် ဤဆေးရည်တစ်စက်ကို သန့်ရှင်းသောရေ ဆယ်စက်နှင့် ရောစပ်၍မျက်စဉ်းဆေးရည်အဖြစ်ခပ်ပေးနိုင်ပါသည်။

ဟင်းလျာတစ်ခွက်ကျန်းမာရေးအတွက်
လတ်ဆက်သည့် ကန်စွန်းရိုးနီ၊ ရွက်ကျပန်းလိန်ရွက်ကို ရေးနွေးနှင့်ဖျောပါ။ ထို့နောက် ပါးပါးလှီး ဖြတ်တောက်၍ ငါးကျည်းခြောက်၊ ငရုတ်၊ ကြက်သွန်နီ၊ ဆီ၊ ဆား ထည့်၍ သံပရာရည်ဆမ်းကာ အသုပ်အဖြစ် စားသုံးပေးခြင်းဖြင့် အူလမ်းကြောင်းတွင် ဖြစ်ပေါ် နိုင်သော ဝမ်းကိုက်ရောဂါ၊ သွေးဝမ်းကိုက်ရောဂါ၊ အမျိုးသမီးတို့တွင် ဖြစ်ပေါ်တတ်သော မီးယပ်သွေးပုပ် ကျန်သောရောဂါ၊ မီးယပ်သွေးမမှန်သောရောဂါ၊ သားအိမ်လျှောကျသော ရောဂါ၊ သားမြတ်နာ (နို့အုံနာ)၊ နို့ထွက်နည်းခြင်း၊ ဇက်ကြောထိုးခြင်း၊ ဇက်ကြောတက်ခြင်း၊ ချောင်းဆိုးခြင်း၊ အသားအရေနှင့် ပတ်သက်သော အရေပြားရောဂါများ၊ အသံဝင် အသံ ပျက်ရောဂါအပြင် ဆီးအိမ်နှင့် ပတ်သက်သော ရောဂါတို့တွင်ကုသရာ၌အသုံးဝင်စေပါသည်။

ကျန်းမားရေး
မကြာခဏ ကန်စွန်းရွက်ကို စားသုံးပေးခြင်းဖြင့် ကျန်းမာမှုကို မြှင့်တင်ပေးနိုင်ပြီး ခွန်အား ဗလရှိခြင်း၊ ဝမ်းတွင်းရောဂါကို သန့်စင်ပေးခြင်း၊ အပူဒဏ်၊ အအေးဒဏ်ကို ခံနိုင်ရည် ရှိ စေခြင်း၊ ရောဂါတစ်စုံတစ်ရာ လွယ်ကူစွာ ဝင်ရောက်မှုကို တားဆီးကာကွယ်စေနိုင်ပါ သည်။ ထိုကဲ့သို့ အသုံးဝင်သော ကန်စွန်းရွက်နှင့် တိုင်းရင်းဆေးခေါင်းစဉ်ဖြင့် စာဖတ် ပရိသတ်များထံသို့ ရေးသားတင်ပြလိုက်ရပါသည်။

အစာကို ဆေးဝါးအဖြစ် အသုံးချပြီး ပိုမိုကျန်းမာလာစေရန်

အစားအသောက်ဆိုတာ နေ့စဉ် သင့်ကျန်းမာရေးအတွက် ဆေးတစ်လက်ပါ။ ကျန်းမာဖို့ရာအတွက် တစ်နေ့ သုံးကြိမ်စားလေ့ရှိတဲ့ အစားအသောက်ထဲမှာ ဘယ်လို အာဟာရကို များများ ထည့်စားသင့်ပြီး ဘယ်လို အစားအသောက်တွေကို လျှော့စားသင့်တယ်၊ ရှောင်သင့်တယ်ဆိုတာ သိစေဖို့ ရေးသားလိုက်ရပါတယ်။
(၁) ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ
တစ်နေ့တာမှာ မပါမဖြစ် ထည့်စားသင့်တဲ့အရာက ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေ ဖြစ်ပါတယ်။ ဥပမာအားဖြင့် တစ်နေ့ကို ထမင်းသုံးကြိမ်စားရင် သုံးကြိမ်စလုံးမှာ ဟင်းသီးဟင်းရွက် ပါဝင်သင့်ပါတယ်။ သစ်သီးတွေကိုတော့ သရေစာအနေနဲ့ ထည့်စားပေးပါ။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေက အရောင်ရင့်လေ အာဟာရတန်ဖိုး ပိုရှိလေဖြစ်ပါတယ်။ ဒေသထွက်ဖြစ်ရင်၊ သြဂဲနစ် အမျိုးအစားဖြစ်ရင်၊ သင့်လက်နဲ့ ကိုယ်တိုင်စိုက်ပျိုးထားတဲ့ အပင်ထွက်ပစ္စည်းဖြစ်ရင် သင့်ကျန်းမာရေးအတွက် အာနိသင် ပိုရှိပါတယ်။

(၂) အသားနှင့် ငါး
လေ့လာမှုတစ်ရပ်အရ ပြုပြင်ထားမှု မရှိတဲ့ အနီရောင်အသားကို နေ့စဉ်စားတာကြောင့် အရွယ်မတိုင်ခင် သေဆုံးနိုင်ခြေ ၁၃ ရာခိုင်နှုန်း မြင့်တက်ပြီး ပြုပြင်ထားတဲ့ အနီရောင်အသား (ဝက်ပေါင်ခြောက်၊ ဝက်အူချောင်း၊ အမဲခြောက်) ကို စားတာကြောင့် အရွယ်မတိုင်ခင် သေဆုံးနိုင်ခြေ ၂၀ ရာခိုင်နှုန်း မြင့်တက်မှု ရှိကြောင်း သိရပါတယ်။ အနီရောင် အသားအစား ငါးကို အစားထိုးစားတာကြောင့် အရွယ်မတိုင်ခင် သေဆုံးနိုင်ခြေကို ၇ ရာခိုင်နှုန်း လျော့ကျစေကြောင်း၊ အနီရောင်အသားအစား အခွံမာတဲ့ အစေ့အဆန်ကို အစားထိုး စားပေးမယ်ဆိုရင် အရွယ်မတိုင်ခင် သေဆုံးနိုင်ခြေကို ၁၉ ရာခိုင်နှုန်း လျော့ကျစေကြောင်းနဲ့ ပဲအမျိုးမျိုးကို အစားထိုး စားပေးမယ်ဆိုပါမူ အရွယ်မတိုင်ခင် သေဆုံးနိုင်ခြေကို ၁၀ ရာခိုင်နှုန်း လျော့ကျစေကြောင်း သိရပါတယ်။

(၃) ကဖင်း
ကော်ဖီကို အသင့်အတင့် သောက်ရင် ကျန်းမာရေးအတွက် ကောင်းပါတယ်။ ကော်ဖီစေ့ဟာ အပင်ထွက် အစာဖြစ်လို့ ရောဂါကာကွယ်နိုင်တဲ့ ဖိုင်တိုကမ်မီကယ်လ် ဒြပ်ပေါင်းများစွာ ပါဝင်ပါတယ်။ ကဖင်းဓာတ်များများ သောက်ရင် ရေဓာတ် ခန်းခြောက်စေပြီး ပူပင်သောက များတာနဲ့ စိတ်ဖိစီးမှုတို့ကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့မှာ ကော်ဖီ တစ်ခွက်-နှစ်ခွက်ထက် ပိုမသောက်သင့်ပါ။

(၄) ကောက်နှံစာ
အခွံချွတ်ထားတဲ့ ကောက်နှံစာကိုတော့ လျှော့စားသင့်ပါတယ်။ အခွံချွတ်မထားတဲ့ ကောက်နှံစာ (ဆန်လုံးညို၊ အညိုရောင် ခေါက်ဆွဲ၊ ပေါင်မုန့်ညို) စတာတွေကို အစားထိုးစားပေးရင် သင့်ကျန်းမာရေးကို ပိုမို ကောင်းမွန်စေပါတယ်။

(၅) အဆီဓာတ်
အဆီဓာတ်ဟာ ဦးနှောက်ကို အလုပ်လုပ်ဖြစ်စေပြီး စွမ်းအင်ကို ကြာကြာပေးနိုင်ပါတယ်။ ဒါပေမဲ့ ကျန်းမာရေးအကျိုးပြုတဲ့ အဆီကို ရွေးချယ်တတ်ဖို့တော့ အရေးကြီးပါတယ်။ အမဲဆီ၊ ဝက်ဆီစတဲ့ တိရစ္ဆာန်ထွက် အဆီတွေနဲ့ စားအုန်းဆီတွေလို အခန်းအပူချိန်မှာ ခဲသွားတဲ့ အဆီတွေကို ရှောင်ရပါမယ်။ ထောပတ်သီးအဆီမှာ အမျှင်ဓာတ်၊ ပိုတက်စီယမ်၊ ဗီတာမင်အီး၊ ဗီတာမင်ဘီနဲ့ ဖောလစ်အက်စစ်တို့လို မရှိမဖြစ် အာဟာရဓာတ် ၂၀ နီးပါး ပါဝင်တာကြောင့် စားသင့်တဲ့အဆီပါ။ သံလွင်ဆီမှာလည်း အိုလစ်အက်စစ်ပါဝင်မှု များတာကြောင့် ရင်သားကင်ဆာ မဖြစ်အောင် ကာကွယ်နိုင်ကြောင်း လေ့လာမှု အများအပြားအရ သိရပါတယ်။

(၆) သကြား
အခွံချွတ်ထားတဲ့ သကြားဖြူတွေက သွေးတွင်း သကြားဓာတ်ကို မြင့်တက်စေနိုင်ပါတယ်။ သကြားဖြူကို များများစားရင် အဒီနယ်ဂလင်းကို လှုံ့ဆော်မှု ဖြစ်စေတဲ့အတွက် ဟော်မုန်းမမျှတမှုဖြစ်ကာ စိတ်ပိုင်းဆိုင်ရာ လှုပ်ရှားမှု ဖြစ်စေနိုင်ပါတယ်။

(၇) အယ်လ်ကိုဟော
တစ်နေ့မှာ အမျိုးသမီးတစ်ဦးက ဝိုင်တစ်ဖန်ခွက်၊ အမျိုးသားတစ်ဦးက ဝိုင်နှစ်ဖန်ခွက် သောက်တာက အန္တရာယ်ကင်းပါတယ်။ ခန္ဓာကိုယ်က ဒီအယ်လ်ကိုဟော ပမာဏကို ချေဖျက်နိုင်လို့ပါ။ ဒါပေမဲ့ ဒီထက်ပိုပြီး သောက်ရင် ကျန်းမာရေးအတွက် မကောင်းတော့ပါဘူး။ ဝိုင်နီမှာပါတဲ့ အင်တီအောက်ဆီးဒင့်မှာ ရောင်ရမ်းမှုကို လျော့ကျစေတဲ့ အစွမ်းရှိတာကြောင့် အသင့်အတင့်သောက်ရင် နှလုံးကျန်းမာစေပါတယ်။

(၈) နို့နှင့် နို့ထွက်ပစ္စည်း
ကယ်လ်စီယမ်ဓာတ် ရရှိစေမယ့် နို့နဲ့ နို့ထွက်ပစ္စည်းတွေကိုလည်း နေ့စဉ် မှီဝဲသင့်ပါတယ်။ အဆီနည်းတဲ့ ဒါမှမဟုတ် အဆီမပါတဲ့ နွားနို့၊ ဒိန်ချဉ်၊ ဒိန်ခဲ စတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို သောက်ပါ။

(၉) အိုမီဂါ ၃ ဖက်တီးအက်စစ်
လူ့ခန္ဓာကိုယ်ဟာ အိုမီဂါ ၃ ဖက်တီးအက်စစ်ကို မထုတ်နိုင်ပါဘူး။ ဒါကြောင့် ဒီအကျိုးပြုအဆီကို စားတဲ့အစာက ရယူဖို့ လိုပါတယ်။ အရွယ်ရောက် လူကြီးတစ်ဦးက အိုမီဂါ ၃ တစ်နေ့ ၁ ဒသမ ၄ - ၄ ဒသမ ၆ ဂရမ် လိုအပ်ပြီး အိုမီဂါ ၆ကို တစ်နေ့ ၈ - ၁၄ ဂရမ် လိုအပ်ပါတယ်။ ဒါတွေက ပိုလီမပြည့်ဝဆီတွေဖြစ်လို့ ကျန်းမာရေးအတွက် ကောင်းကျိုးပေးပါတယ်။

(၁၀) မာလ်တီဗီတာမင်
တစ်နေ့တာအတွက် လိုအပ်တဲ့ အာဟာရဓာတ်ကို မရရင် အရည်အသွေးမြင့် ဖြည့်စွက်ဆေးတစ်လုံးကို သောက်သင့်ပါတယ်။ သင့်ကျန်းမာရေးအတွက် သင့်တော်တဲ့ မာလ်တီဗီတာမင် ဖြည့်စွက်ဆေးကို ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ သောက်ပေးပါ။

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)Ref: Good Health
Source: http://news.yatanarpon.com.mm/news/article-69338
http://www.facebook.com/myatsunhealtharticles
shared by>>>http://natureenergycare.blogspot.com/2012/10/blog-post_17.html#more

အစွမ်းထက်သည့်မြင်းခွါပင်

မြင်းခွါပင်ဆိုလျှင် မြန်မာလူမျိုးတိုင်း သိကြပါတယ်။ မြင်းခွါပင်ဟာအပင်ငယ်လေးဖြစ်တယ်။
 မြေကြီးမှာကပ်ပြီး ပေါက်ပွားတယ်။ အဆစ်ကလေးတွေက အမြစ်များထွက်လာတယ်။ အဲဒီအဆစ်ကလေးများက အညွန့်နှာမောင်း ထွက်လာပြီး မျိုးဆက်များကို ပွားလေ့ရှိတယ်။ သူ့အရွက်ကလေးဟာ မြင်းသတ္တဝါရဲ့ခွါနဲ့တူလို့ သူ့ကို မြင်းခွါပင် လို့ခေါ်ခြင်းဖြစ်တယ်။
မြင်းခွါပင်လေးများဟာ ရေစပ်စပ်ရှိတဲ့နေရာမှာ ပိုပြီးပေါက်ပွားတယ်။ တဆောင်းလုံး၊ တမိုးလုံးမှာ
မြင်းခွါပင်ကလေးများဟာ မြန်မာပြည်အနှံ့မှာ အလေ့ကျပေါက်တယ်။ မြန်မာပြည်ဟာ စွတ်စိုထိုင်းမှိုင်းတဲ့ ရာသီဥတုရှိတယ်။ ဒီလိုရာသီဥတုမျိုးရှိတဲ့ ရေ,မြေမှာ မြင်းခွါပင်လေးဟာ သိပ်ကြိုက်တာပေါ့။ သူ့အပွင့်လေးက ဖြူဖြူလေး၊ သူ့အသီးငယ်ထဲက အစေ့က အပြား အလျားလိုက် သေးငယ်တဲ့အမြှောင်း ကိုးမြှောင်းပါတယ်။

မျိုးသုံးမျိုး---
မြင်းခွါပင်ကလေးတွေဟာ အများအားဖြင့် အလေ့ကျပေါက်လေ့ရှိတယ်။ ဒါပေမဲ့ စိုက်ပျိုးရေးသမားများက မြောင်းပေါင်ကလေးတွေလုပ်ပြီး စိုက်ကြ၊ မြေသြဇာကျွေးကြတော့ သန်လိုက်တဲ့ဖြစ်ခြင်း။
အဲဒီလိုစိုက်ပျိုးရေးက ထုတ်လုပ်တဲ့ မြင်းခွါပင်ကလေးတွေကို နုတ်ယူပြီး နှီးနှင့်စည်းကာ ရောင်းချကြတယ်။ ဘယ်ဈေးမှာဖြစ်ဖြစ် ကုန်စိမ်းသည်တွေထံမှာ ဝယ်လို့ရတယ်။ အလွယ်တကူ စားသုံးနိုင်တယ်။
မြင်းခါွပင်ကလေးများဟာ မျိုးသုံးမျိုး ရှိတယ်

ပထမမျိုးက---အရိုင်းမျိုး၊ အဲဒီအရိုင်းမျိုးရဲ့အရွက်တွေက စုတ်ဖွားဖွားနှင့်၊ သူ့ကို လူတွေက မစားသုံးကြပါဘူး။

ဒုတိယမျိုးကတော့---မြင်းခွါရွက်
အဖြူမျိုးပဲ၊ အဲဒီမြင်းခွါပင်ရဲ့ အရိုးလေးတွေဟာ ဖြူနေတယ်။ ဒါကြောင့် သူ့ကို အဖြူမျိုးလို့ ခေါ်ခြင်းဖြစ်တယ်။

တတိယမျိုးကတော့---အနီမျိုးပဲ။ သူ့အရိုးမှာ အနီရောင်သန်းနေတယ်။ အဖြူမျိုးထက် အနီမျိုးက ပိုပြီးအစွမ်းထက်မြက်တယ်။ တနည်းအားဖြင့်---ဆေးဝါးအာနိသင် ပိုပြီးပြည့်ဝတယ်။
မြင်းခွါပင်ဟာ သေးလည်းသေး၊ တွေ့ဖူး မြင်ဖူးနေကြလို့ အထင်အမြင်သေးကြတယ်။ အထင်အမြင်မသေးလိုက်ပါနဲ့။ အစွမ်းအလွန်ထက်တဲ့ ဆေးပင်ကလေးပါ။ ဒါပေမဲ့ လူအများက သူ့ကို အထင်မကြီးဘူး။ ငွေများများပေးပြီး ဝယ်သောက်ရတဲ့ဆေးကိုမှ အထင်ကြီးကြတယ်။ အလွယ်တကူ ကိုယ့်နိုင်ငံမှာရှိတဲ့ မြင်းခွါပင်ကို အထင်သေးကြတယ်။
မြင်းခွါပင်ကလေးကို စားသုံးခြင်းဖြင့် လူကို ကောင်းသောအကျိုးကျေးဇူးသာပြုတယ်။ တိုင်းတပါးဆေးလို ဘေးထွက်ဆိုးကျိုး မပေးဘူး။ အဲဒီလို သစ္စာရှိရှိ၊ တာဝန်သိသိ အကျိုးကျေးဇူးပြုတဲ့ မြင်းခွါပင်ကလေးပါ။

အရသာ---
မြင်းခွါပင် ပဉ္စငါးပါးဟာ ချို, ခါး, အေး အရသာရှိပါတယ်။
 
ဂုဏ်နှင့်စွမ်းရည်---
မြင်းခွါပင်ကလေးဟာ ဆီးပူ၊ ဆီးနည်း၊ ဆီးအောင့်၊ ဆီးသွေးပါ၊ ဆီးကျင်၊
သွေးဝမ်းသွားခြင်းရောဂါများအတွက်ဆေးအသုံးဝင်လှတယ်။မြင်းခွါပင်ဟာ ဆီးကို အထူးရွှင်တယ်။ ပြီးတော့ လူ့ခွန်အားကိုလည်း တိုးပွားစေတယ်။ ပြီးတော့ နေ့စဉ်မှန်မှန်
မြင်းခွါရွက်ကိုစားပေးခြင်းဖြင့် အမောအပန်းခံနိုင်တယ်။ သက်လုံကောင်းတယ်၊ ပြီးတော့ မြင်းခွါရွက်ကို မှန်မှန်စားပေးခြင်းကြောင့် သွေးတိုးရောဂါ၊ အဆုတ်ရောဂါ၊ ချောင်းဆိုးရောဂါတွေကို သက်သာပျောက်ကင်းစေတယ်။ နောက် ရေငတ်ရောဂါကို ပျောက်ပြီး အပူကိုငြိမ်းစေတယ်။ အသက်ကို ရှည်စေတယ်။ ဦးနှောက်ကို ကြည်လင်စေတယ်။ မှတ်ဉာဏ်ကောင်းလာစေတယ်။ ဖြူနေတဲ့ဆံပင်ကို
မြင်းခွါရွက်ကို နေ့စဉ်ဆက်ပြီးစားပေးခြင်းဖြင့် ပိတုန်းရောင်ကေသာလို ပြန်လည်နက်မှောင်လာစေတယ်။
ဒါကြောင့် မြင်းခွါပင်ကလေးဟာ အနေစုတ်ပေမယ့် ရွှေထုပ်တဲ့မြပဝါလိုပါလို့ တင်စားချင်တယ်။

မြင်းခွါပင်နှင့် ဆေးအသုံးများ---

ဆီးရောဂါအမျိုးမျိုးအတွက်---
(၁) ဆီးနည်း၊ ဆီးကျင်၊ ဆီးအောင့်ရောဂါမျာအးတွက် မြင်းခွါပင် သုံးလေးစည်းကို ရေစင်အောင်ဆေးပြီး သန့်ပြန့်တဲ့ ကျောက်ဆုံနှင့်ထောင်းပြီး အရည်ညှစ်ယူပါ။ အဲဒီအရွက်စိမ်းညှစ်ရေကို ရှေးက သတ္ထုရည်လို့ ခေါ်တယ်။ အဲဒီရွက်စိမ်းရည်ထဲကို သကြားသင့်ရုံထည့်ပြီး လူကြီး လက်ဖက်ရည်အကြမ်း တပုဂံကို ည-မနက် တိုက်ပေးရတယ်။
ကလေးကြီးဆိုလျှင် လက်ဖက်ရည်အကြမ်းပုဂံ တဝက်၊
နို့စို့ကလေးဆိုရင် လက်ဖက်ရည်ဇွန်း တဇွန်း တိုက်ရမယ်။
သတိထားရမှာက လူကြီးတွေမှာ သွေးချို၊ ဆီးချိုရှိနေရင် သကြားမထည့်ရဘူး။ ဒီအတိုင်းပှု တိုက်ရမယ်။
 
သက်လုံကောင်းအောင်--- (၂) မြင်းခွါပင် ပဉ္စငါးပါးကို သန့်စင်ပြီး ညက်အောင်ထောာင်းကာ အရည်ညှစ်ယူပြီး ပျားရည်အနည်းငယ်ဖြင့် ရောစပ်ကာ လက်ဖက်ရည်အကြမ်းပုဂံတလုံးကို နေ့စဉ်မှီဝဲသွားမယ်ဆိုရင် အမောအပန်းပြေစေပြီး အားခွန်ဗလ တိုးမယ်။ အမောအပန်းကို ခံနိုင်ပြီး သက်လုံကောင်းတယ်။
 
မျက်စဉ်း---
(၃) မျက်စိနာ၊ မျက်ရည်ယို၊ မျက်စိကျိန်းစပ်သော ရောဂါဖြစ်လျှင် မြင်းခါွရွက် ရွက်စိမ်းရည်ကို အရည်ကြည် စစ်ယူပြီး အဲဒီအရည်ကြည်ကို ဝါဂွမ်းစနှင့်တို့ပြီး ည-မနက် မျက်စဉ်းခတ်ပေးလျှင် သက်သာပျောက်ကင်းစေ နိုင်တယ်။
 
သွေးစုနာနှင့် အနာစိမ်း---
(၄) သွေးစုနာနှင့် အနာစိမ်းများ လူ့ခန္ဓာကိုယ်မှာ ပေါက်လာရင် မြင်းခွါရွက်နှင့် စပါးလင် ဆတူရောကြိတ်ကာ အုံပေးထားရမယ်။ ပတ်တီးစည်းလို့ရရင်လည်း ပတ်တီးစည်းထားပေါ့။ အဲဒီလို ပတ်တီးစည်းပေး၊ အုံပေးထားရင် သွေးစုနာနှင့် အနာစိမ်းများ အပျောက်မြန်ပြီး အနာရဲ့အမြစ်ပါ ကျွတ်ထွက်သွားတာကိုတွေ့ရမယ်။

အဆစ်များ ကိုက်ခဲလျှင်---
(၅) မြင်းခွါပင်ကလေးများကို ရေနှင့်သန့်ပြီး အရည်ညှစ်ယူပါ။ ပြီးလျှင် ရေနံဆီနှင့် ဆတူရောရတယ်။ ပြီး အဆစ်အမြစ် ကိုက်ခဲခြင်း၊ အကြောတက်ခြင်း စသည့်နေရာတွေမှာ နာနာပွတ်လိမ်းပေးပါ။ (မနက်တကြိမ်၊ ညတကြိမ်) အဲဒီလိုပြုလုပ်ပေးရင် အဆစ်အမြစ်ကိုက်ခဲခြင်းနှင့် အကြောတက်ခြင်းတို့မှ သက်သာပျောက်ကင်း ပါတယ်။

ဆီပူလောင်ခြင်း ရေနွေးပူလောင်ခြင်း---
(၆) အမှတ်တမဲ့ ရေနွေးပူလောင်ခြင်း၊ ဆီပူလောင်ခြင်းဖြစ်လျှင် ချက်ချင်း မြင်းခွါရွက်ကို ထုထောင်းပြီး အရည်ညှစ်ယူကာ သကြားဖြင့် ရောစပ်ပြီး ဒဏ်ရာကို ဝါဂွမ်းဖြင့် မကြာခဏလိမ်းပေးရမယ်။ အဖုပေါက်ခြင်း၊ ပူလောင်ခြင်း ဝေဒနာမှ သက်သာပျောက်ကင်းသွားမည် ဖြစ်ပါတယ်။

မှတ်ဉာဏ်နှင့် အားတိုးဆေး---
(၇) မြင်းခွါရွက်စိမ်းရည် တကျပ်ခွဲသားနှင့် သကြား တကျပ်သားတို့ကို နွားနို့စစ်စစ် ပူပူဖြင့် နေ့စဉ် မှန်မှန် သောက်ပေးသွားပါက ကာမအားကို တိုးပွားစေပြီး မှတ်ဉာဏ်ကောင်းလာမယ်။ ဉာဏ်ပညာလည်း ထက်မြက်စေပါတယ်။အထက်ပါ မြင်းခွါပင်ကလေးနဲ့ပတ်သက်ပြီး တင်ပြချက်များဟာ အလွယ်တကူပြုလုပ်နိုင်သော နည်းနာများသာ ဖြစ်ပါတယ်။ ခက်ခက်ခဲခဲများ မပါပါ။
နေ့စဉ်မြင်တွေ့နေရတဲ့မြင်းခွါပင်ကလေးကို အထင်တော့ မသေးလိုက်ပါနဲ့။ အနောက်တိုင်းဆေးသုတေသန ပညာရှင်များက အောက်ပါအတိုင်း ဓာတ်ခွဲစမ်းသပ်ချက်များကိုပါ ပူးတွဲတင်ပြလိုက်ပါတယ်။

--- THE GREAT POWER OF VILLARI အမည်ဖြင့် မြင်းခွါပင်၏ တန်ခိုးသတ္တိထူးများကို ရေးသားထားသည့် အိန္ဒိယဆေးကျမ်းကြီးတစောင် ရှိခဲ့ပါတယ်။ အဲဒီဆေးကျမ်းကြီးဟာ မြတ်ဗုဒ္ဓမပွင့်မီက ပေါ်သော မန္ဂန္တရီ ဆရာကြီး၏ မန္ဂန္တရီဆေးကျမ်းကြီးပင် ဖြစ်ပါတယ်။ အဲဒီဆေးကျမ်းကြီးထဲမှာ မြင်းခွါပင်ကလေးများ၏ စွမ်းပကားကို တခမ်းတနား ဖော်ပြထားတာကိုလည်း တွေ့ရှိရပါတယ်။
တဖန် အယ်လ်ဂျီးရီးယားနိုင်ငံမှ သုတေသနပညာရှင်များက သုတေသနပြုကြရာမှာ မြင်းခွါပင်ကလေးများ၌
ပြိုင်ဘက်ကင်းသော Vitamin ခေါ် နေရောင်ခြည်ဓာတ်တမျိုးကို တွေ့ခဲ့ရပါတယ်။ ထို့အပြင် မြင်းခွါပင်ကလေးမှာ ဗီတာမင် အေ၊ ဘီ၊ စီ၊ ဒီ၊ အီး၊ အက်ဖ်အထိ တွေ့ရှိရကြောင်း ကမ္ဘာကို ဖော်ထုတ်ခဲ့ပါတယ်။ နောက်ထပ် မြင်းခွါပင်၌ တွေ့ရှိရသော ဗီတာမင်ကို ဂျီဟုအမည်တပ်လိုက်ပါတယ်။ မြင်းခွါပင်ကလေးဟာ ငယ်ပင်ငယ်သော်ငြားလည်း ဆေးဝါးအာနိသင် ထက်မြက်စူးရှမှု အပြည့်ရှိကြောင်း တင်ပြလိုက်ရပါတယ်။
မဝေဝေနွယ် (တိုင်းရင်းဆေး)


အံသြဖွယ်ရာ သခွားသီး အစွမ်းများ

၁။ သခွားသီးဟာ နေ့တိုင်း လိုအပ်နေတဲ့ ဗိတာမင်တွေ အားလုံးကို ပေးစွမ်း နိုင်ပါတယ်။ သခွားသီး တစ်လုံးမှာ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဘီသရီး၊ ဘီဖိုက်၊ ဘီဆစ်၊ ဖော်လစ် အက်ဆစ်၊ ဗီတာမင် စီ၊ ကယ်လ်ဆီယမ်၊ သံဓါတ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖရပ်၊ ပိုတက်စီယမ်နဲ့ ဇင့်ဓါတ်တွေ ပါဝင် ပါတယ်။
၂။ နေ့လည် နေ့ခင်း မောပန်း နွမ်းနယ်နေရင် ကဖင်းဓါတ် ပါတဲ့၊ ဆိုဒါပါတဲ့ အရည်တွေ မသောက်ပါနဲ့။ သခွားသီးဟာ ဘီတာမင် ဘီနဲ့ ကစီဓါတ်များစွာ ပါဝင်တာကြောင့် မြန်မြန် လန်းဆန်းမှုကို ရစေပါတယ်။

၃။ ရေချိုးခန်းထဲက ကြည့်မှန်ဟာ မကြည်လင်၊ ဖုန်တင်နေပါသလား။ သခွားသီးကို ပါးပါးလှီးပြီး ကြည့်မှန် ပေါ်မှာ သုတ်ပေးပါ။ ဖုန်မှုန့်တွေ ကင်းစင် သွားတဲ့အပြင် ကြည်လင်ပြီး မွှေးပျံ့တဲ့ ရနံ့တစ်မျိုးကို ခံစားရစေမှာ ဖြစ်ပါတယ်။

၄။ ပိုးကောင်ပိုးမွှား၊ ပက်ကျိတွေ ပန်းခင်းထဲမှာ လျှောက်ဖျက်ဆီး နေပါသလား။ ဒါဆိုရင်တော့ သခွားသီး စိတ်လေး တွေကို သံဘူးထဲ ထည့်ပြီး ပန်းခြံထဲမှာ ထားလိုက်ပါ။ သခွားသီးမှာပါတဲ့ ဓါတ်ပစ္စည်းဟာ သံဘူးထဲမှာ ပါတဲ့ အလူမီနီယံနဲ့ ဓါတ်ပြုပြီး လူသားတို့ ခံစားသိရှိခြင်း မရှိနိုင်ပဲ ပိုးမွှားများအား ထွက်ပြေးစေသည့် ရနံ့အား ထုတ်လွှတ် ပေးခြင်းကြောင့် ဖြစ်ပါသည်။

၅။ အရေပြား မှာရှိတဲ့ အဆီတွေကို ဖယ်ရှားဖို့ အလွယ်ကူဆုံးနဲ့ အမြန်နည်းကို လိုချင်ပါသလား။ သခွားသီး ကွင်းနဲ့ အဆီများတဲ့ နေရာတွေကို မိနစ် အနည်းငယ်လောက် ကြာကြာ ပွတ်သပ်ပေးပါ။ သခွားသီးမှာ ပါတဲ့ phyto ဓါတ်တုပစ္စည်းဟာ အရည်ပြားကို တင်းရင်းစေပြီး အပေါ်ယံလွှာကို ကျစ်လစ်စေကာ အဆီတွေကို လျော့ပါး စေပါတယ်။ ပါးရည် တွန့်ခြင်းကိုလည်း ထိရောက်စွာ ကုသပေးနိုင် ပါတယ်။

၆။ ဆိုးဝါးသော ခေါင်းကိုက် ဝေဒနာကို သက်သာ လိုရင်တော့ အိပ်ယာဝင်ခါနီးမှာ သခွားသီး အနည်းငယ်ကို စားပြီးမှ အိပ်ယာဝင်ပါ။ အိပ်ယာထလာတဲ့ အခါမှာ ခေါင်းကိုက် သက်သာပြီး လန်းဆန်းမှုကို ခံစားရနေမှာ ဖြစ်ပါတယ်။ သခွားသီးမှာ သကြားဓါတ်၊ ဗီတာမင် ဘီ၊ လျှပ်လိုက်ရည် စတာတွေ ပေါကြွယ်ဝစွာ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်မှာ ဆုံးရှုံးသွားတဲ့ အဟာရ ဓါတ်တွေကို ပြန်လည် ဖြည့်တင်းပေးကာ အားလုံးကို သမမျှတ နေစေပြီး ခေါင်းကိုက်ခြင်းကို သက်သာ စေပါတယ်။

၇။ တံခါး ပတ္တာက အသံ တကျွိကျွိ မြည်နေပါသလား ဒါဆိုရင်တော့ သခွားသီးကို ကွင်းပြီး အသံမြည်နေတဲ့ ပတ္တာကို ပွတ်ပေးပါ။ တကျွိကျွိမြည်သံ ပျောက်သွား ပါလိမ့်မယ်။

၈။ သခွားသီးကို လှီးပြီး ရေနွေး ဆူဆူထဲ ထည့်လိုက်ပါ။ သခွားသီးမှာပါတဲ့ ဓါတုပစ္စည်းတွေ၊ အဟာရတွေဟာ ရေနွေးနဲ့ ဓါတ်ပြုပြီး ထွက်လာတဲ့ ရေနွေးငွေ့ဟာ ပင်ပန်းမှုကို ပျောက်စေတဲ့ ရနံ့ဖြစ်ပြီး မီးဖွားပြီးစ မိခင်တွေနဲ့ အတန်းတင် စာမေးပွဲကို ဖြေရမယ့် ကောလိပ် ကျောင်းသားတွေကို စိတ်ပင်ပန်း ဖိစီးမှု လျှော့ကျ စေပါတယ်။

၉။ အစားအစာ စားပြီးလို့ ခံတွင်းန့ံ့ပျောက်အောင် ဝါးစရာ ပီကေ ဒါမှမဟုတ် အခြားအရာတွေ မရှိဘူး ဆိုရင်တော့ သခွားသီးကို ပါးပါးလှီးပြီး အာခေါင်မှာ လျှာနဲ့ဖိပြီး စက္ကန့် ၃ဝ လောက် ကပ်ထားလိုက်ပါ။ ပါးစပ်ထဲက ခံတွင်းနံ့ဆိုးခြင်းကို ဖြစ်ပွားစေသော ဘက်တီးရီးယားတွေကို သေဆုံး သွားစေပါတယ်။

၁၀။ ဘုံပိုင်ခေါင်း၊ ရေဇလုံ၊ စတီးပစ္စည်း စတာတွေကို သန့်ရှင်းရေးလုပ်ဖို့ အစိမ်းရောင် နည်းလမ်းကို ရှာဖွေ နေပါသလား။ သခွားသီးနဲ့ ပွတ်သပ် ပေးလိုက်ပါ။ သန့်ရှင်း တောက်ပြောင်စေနိုင်ပါသည်။ အစင်းရာတွေလည်း မကျန်ခဲ့စေပါ။ လက်နဲ့ လက်သည်း တွေကိုလည်း မထိခိုက်စေပါ။

၁၁။ ဖောင်တိန်သုံးပြီး အမှားရေးခြစ် မိပါသလား။ သခွားသီး အသားလေး အနည်းငယ်နဲ့ ဖြည်းဖြည်းလေး ပွတ်တိုက်ပေးပါ။ ဖောင်တိန်မှင်တွေကို ဖျက်ပေးပါလိမ့်မယ်။ ရောင်စုံခဲတံ၊ မာဂါ စတာတွေကိုလည်း ဖျက်လို့ ရပါတယ်။

အံ့ဖွယ်ရာအစွမ်း ရှိတဲ့ ဂေါ်ရခါးသီး ခေါ် ဆူကာသီး

ဂေါ်ရခါးသီး ကို မြန်မာနိုင်ငံမှာ ဈေးသက်သက်သာသာနဲ့ အလွယ်တကူ ဝယ်ယူရရှိနိုင်ပါတယ်…..။ ရှမ်းပြည်မှာဆိုရင်ဆောင်းရာသီမှာ မမြင်ချင်မှ အဆုံး တောင်ပုံရာပုံနဲ့ ပေါများလှပါတယ်…။ ရှမ်းပြည်မှာတော့ (sugar ) ဆူကာသီးလို့ခေါ်ပါတယ်…။ အိမ်တိုင်းမှာ လိုလို စင်တင်ပြီး စိုက်ထားကြပါတယ်…။ စားချင်တဲ့ အချိန်မှ သွားခူးစားကြမျိုးပါ…။
ဒါကြောင့် ပိုလတ်ဆတ်ပြီး ပိုအာဟာရပြည့်တဲ့ ဆူကာသီးတွေကို စားရတာပေ့ါ…။
ဒါပေမယ့် အဲဒီ ဂေါ်ရခါးသီးက ကျန်းမာရေးကို ဘယ်လောက်အထောက်အကူ ဖြစ်လဲဆိုတာတော့ သတိထားမိတဲ့ သူ ရှားပါတယ်…။
ဒါကြောင့် ဂေါ်ရခါးသီးနဲ့ လူသားတွေရဲ့ ကျန်းမာရေး ပတ်သက်တဲ့ အချက်တွေကို ပြောပြချင်ပါတယ်…။
ဂေါ်ရခါးသီးမှာ လူသားတွေရဲ့ ကျန်းမာရေးကို အထောက်အကူဖြစ်စေတတ်တဲ့ သဘာ၀ ကစီဓါတ် ၊ ဗီတာမင်စီ၊ အမိုင်နိုအက်ဆစ်နဲ့ ဗီတာမင် ဘီ အုပ်စုတို့ ကြွယ်ဝစွာ ပါရှိပါတယ်။ ကိုလက်စထရောနဲ့ ဆိုဒီယမ်တို့ လုံးဝမပါရှိပါဘူး ။ ဒါ့အပြင် ဂေါ်ရခါးသီးဟာ ကယ်လိုရီနည်းပါးပြီး အမျှင်ဓါတ်တို့ စုဝေးရာ အရင်းအမြစ်လည်းဖြစ်ပါသေးတယ်။

(၁) ဂေါ်ရခါးသီးမှာ ပါရှိတဲ့ ဖောလစ်ဓါတ်ဟာ သွေးထဲရှိ ဆဲလ်များနဲ့ DNA ဖွဲ့စည်းတည်ဆောက်မှုတို့ကို အကျိုးဖြစ်ထွန်းစေနိုင်ပါတယ် ။ ဒါကြောင့် ကိုယ်ဝန်ဆောင် မိခင်လောင်းတွေနဲ့ ကိုယ်ဝန်ရှိခါစ မိခင်လောင်းများဟာဂေါ်ရခါးသီးကို အလုံအလောက်စားပေးခြင်းဖြင့် မွေးဖွားလာမယ့် ရင်သွေးငယ်များအတွက် အာရုံကြောနဲ့ပတ်သက် တဲ့ ရောဂါဝေဒနာများကို ကြိုတင်ကာကွယ်ပေးနိုင်ပါတယ် ။

(၂) ဂေါ်ရခါးသီးဟာ ကိုလက်စထရောပါဝင်မှုနည်းပါးသဖြင့် ကိုယ်ခန္ဓာအလေးချိန်ထိန်းသိမ်းလိုသူများအတွက်အထူးပင် သင့်လျော်ပါတယ် ။

(၃) ဂေါ်ရခါးသီးမှာ Poly-phenolic ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်တဲ့အတွက် ကင်ဆာရောဂါများကို
ဟန့်တားကာကွယ် ပေးနိုင်ခြင်းနဲ့ အိုမင်းရင့်ရော်မှုကိုလည်း ထိန်းသိမ်းပေးတာကိုတွေ့ရပါတယ် ။

(၄) ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပရိုတင်းနဲ့ ခွန်အားများကို လုံလောက်စွာရရှိစေနိုင်ဖို့ အတွက်လည်း
မဂ္ဂနိစ်ဓါတ် ကြွယ်ဝသော ဂေါ်ရခါးသီးကို စားပေးသင့်ပါတယ် ။

(၅) ဂေါ်ရခါးသီးမှာ အမျှင်ဓါတ်ပေါကြွယ်ဝလို့ အူသိမ် ၊ အူမတို့စွမ်းရည်ကို မြှင့်တင်ပေးတာကြောင့် ဝမ်းချုပ်ခြင်းဘေးမှလည်း ကင်းဝေးစေနိုင်ပါလိမ့်မယ် ။

(၆) ဂေါ်ရခါးသီးကိုမှန်မှန် စားသုံးပေးခြင်းအားဖြင့် အရိုးပါးရောဂါ ၊ အယ်လ်ဇိုင်းမားရောဂါ ၊ စိတ်ကျရောဂါ
ဝေဒနာများကို ကာကွယ်တားဆီးပေးပါတယ် ။

(၇) နာတာရှည် အိပ်မပျော်သူများအတွက် အထူးပင်သင့်လျော်ပြီး ပင်ပန်းနွမ်းနယ်မှုများကိုလည်း လျော့ပါး
သက်သာစေပါတယ် ။

(၈) ဂေါ်ရခါးသီးမှာ ဗီတာမင် B6 ပါဝင်တဲ့ အတွက် မှတ်ဉာဏ်စွမ်းရည်ကိုလည်း တိုးတက်မြင့်မားလာ
စေပါတယ် ။

(၉) ဂေါ်ရခါးသီးဟာ ဆဲလ်များ ထိခိုက်ပျက်စီးမှုကို ကြိုတင်ကာကွယ်ပေးနိုင်ပါတယ် ။

(၁၀) သွားဖုံးကျန်းမာရေး ၊ သွားကျန်းမာရေး၊ ခံတွင်းအပူလောင်ခြင်း ၊ အဆုတ်ကျန်းမာရေးနဲ့ ကျောရိုး
ကျန်းမာရေးတို့ကိုလည်း တိုးတက်ကောင်းမွန်စေပါတယ် ။

(၁၁) ဂေါ်ရခါးသီးဟာ ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးနိုင်တဲ့ အတွက် မကြာခဏ ဖြစ်တတ်တဲ့ အပူဖျား ၊အအေးမိဖျားရောဂါများကို ကြိုတင်ကာကွယ်ပေးနိုင်ပါတယ် ။

(၁၂) ဂေါ်ရခါးသီးထဲမှာ ကော့ပါးဓါတ် ပါဝင်တဲ့ အတွက် သိုင်းရွိုက်ရောဂါဝေဒနာသည်များ စားသုံးပေးသင့်ပါတယ် ။

(၁၃) ဂေါ်ရခါးသီးထဲမှာ ပါဝင်တဲ့ ဇင့်ဓါတ်ဟာ ခန္ဓာကိုယ် အရေပြားထဲမှ အဆီထွက်ခြင်းကို ထိန်းချုပ်ပေးနိုင်တဲ့အတွက် မျက်နှာနဲ့ ခန္ဓာကိုယ်ပေါ်ရှိ ဝက်ခြံများကို ပျောက်ကင်းသက်သာစေနိုင်ပါတယ်

(၁၄) ဂေါ်ရခါးသီးထဲမှာ မဂ္ဂနီဆီယမ်ဓါတ်လည်းပါရှိခြင်းကြောင့် မှန်မှန်စားသုံးပေးခြင်းဖြင့် ခြေသလုံး ကြွက်သားများကြွက်တက်ခြင်းမှ ကာကွယ်ပေးနိုင်တာလည်းတွေ့ရပါတယ် ။

ဂေါ်ရခါးသီးသာမက ဂေါ်ရခါးရွက် ၊ ဂေါ်ရခါးညွန့်တို့ဟာလည်း အလွန်ဆေးဘက်ဝင်လှပါတယ် ။ ဂေါ်ရခါးရွက် ၊ဂေါ်ရခါးညွန့်တို့ကို အရွက်စိမ်းဖြစ်စေ ၊ အခြောက်ခံပြီး ဖြစ်စေ ရေနွေးကြမ်း ( အခါးရည် ) အဖြစ်မှန်မှန်သောက်သုံးသွားပါက သွေးတိုး ကျစေခြင်း ၊ သွေးကြောမကြီးများ ပိတ်ဆို့ တင်းမာမှုကို ဖြေလျော့စေနိုင်ခြင်း ၊ ဆီးရွှင်စေခြင်း ၊ ကျောက်ကပ်ထဲရှိ ဆီးကျောက်များကို ကျစေခြင်း စသဖြင့် ဆေးစွမ်းထက်လှတာကို တွေ့ရပါတယ် ။

ဒါကြောင့် ဈေးနှုန်းသက်သာ ၊ ကျန်းမာရေး ကိုလည်း အထောက်အကူပြု ပြီး ဘေးထွက်ဆိုးကျိုးလည်း ကင်းလှတဲ့ဂေါ်ရခါးသီးကို အရွယ်သုံးပါးမရွေး စားသုံးသင့်တဲ့ အကြောင်း အားလုံး သက်ရှည်ကျန်းမာစေဖို့ ဆုတောင်းရင်းနဲ့
Health Magazine တစ်စောင်ထဲက ဆောင်းပါးတစ်ပုဒ်ကို ဘာသာ ပြန်ဆိုပြီး ဗဟုသုတ မျှဝေလိုက်ပါတယ် ။

သစ်သီးဝလံတို့၏ အစေ့ကို စားသင့်မစားသင့်

သစ်သီးဝလံအချို့ရဲ့အစေ့ကို စားလု့ိရတယ်လို့ ထင်နေသူများ ရှိနေပါတယ်။ ပြီးတော့ ယင်းအစေ့ဟာ ကျန်းမာရေးအတွက် အထောက်အကူ ပြုတယ်။ ဝမ်းနဲ့ ပက်သက်တဲ့ ရောဂါ ပျောက်တယ်၊ မျက်စိ အားတိုးတယ်လို့ ထင်သူများလည်း ရှိနေပါတယ်။ အမှန်တော့ ယင်းအစေ့များကို မစားသင့်ပါဘူး။ (သာမန်- အပြင်အသားစားရသော သစ်သီးဝလံများကို ဆိုလိုသည်၊ အစေ့စားရသော မြေပဲ၊ ပဲသီး တို့ကဲ့သို့ အသီးများကို မဆိုလိုပါ။)
ဆေးပညာရှင်များ ရှာဖွေတွေ့ရှိထားချက် ဖြစ်ပါတယ်။ အထူးသဖြင့် သရက်သီး၊ ပန်းသီး၊ ဇီးသီး၊ မက်မုံသီး၊ သလဲသီး၊ ချယ်ရီသီးတို့ရဲ့ အစေ့ များ ဖြစ်ပါတယ်။ အကြောင်းကတော့ ယင်း အသီးတွေရဲ့အစေ့တွေ ထဲမှာ ဆိုင်ယာနိုက်လို့ ခေါ်တဲ့ အဆိပ်တစ်မျိုး ရှိနေလို့ ဖြစ်ပါတယ်။ ယင်းအဆိပ်က သကြားဓာတ်ပါတဲ့ အသီး အတော်များများမှာ ရှိနေတတ် ပါတယ်။
ဆိုင်ယာနိုက်အမည်ရအဆိပ်ဆိုတာ ဓာတုဗေဒအခေါ်အရ ပရပ်စစ် အက်ဆစ် (HCN) ဖြစ်ပါတယ်။ ဂျပိုးသတ်ဆေး၊ ခြင်ယင်တားဆေး နှင့် အခြား ဘက်တီးရီးယား နှိပ်နှင်ရေးဆေးတို့မှာ ပါဝင်ပါတယ်။ ရွှေကိုလည်း အရည်ပျော်စေနိုင်ပြီး ရွှေသန့်လုပ်ငန်းတွေမှာ အသုံးပြုပါတယ်။ အခြားသော သတ္တုတွင်းထွက်လုပ်ငန်းတွေမှာလည်း အသုံးပြုပါတယ်။ ဓာတ်ခွဲခန်းမှ ထုတ်ယူရတဲ့ ဓာတုဆေးဖြစ်ပါတယ်။
သဘာဝအလျောက်လည်း ရှိတတ်ပါတယ်။ သစ်သီးဝလံ၊ မှိုပင်အချို့တွေမှာ ရှိနေတတ်ပါတယ်။ သကြားဓာတ် (Sugar) မှာ မော်လီကျူးအနေနဲ့ ဓာတ်ဖွဲ့ နေတတ်ပါတယ်။ ဒါကြောင့် သစ်သီးတွေရဲ့အစေ့တွေထဲမှာ ရှိနေရခြင်း ဖြစ်ပါတယ်။
ကလေးငယ်များ ဇီးသီးအချဉ်၊ သရက်သီး၊ ပန်းသီး၊ မက်မုံသီး အစရှိသဖြင့်တို့ စားသုံးရာမှာ အစေ့မစားမိစေဖို့ အထူးသတိပေးထားရန် လိုအပ်ပါတယ်။ ယင်းအစေ့များဟာ ပါဝင်တဲ့အချိုးအစား အလိုက် လူကို အန္တရာယ်ပြုတတ်တဲ့ အဆိပ်တစ်မျိုး ဖြစ်တယ်လို့ သိရပါတယ်။

သင်က နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေ မြင့်မားသူလား

အောက်ပါ အချက်အလက်တွေထဲက တစ်ခုမဟုတ် တစ်ခု ရှိနေပါက နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါတွေကို လက္ခဏာ မရှိသူတွေထက် ပိုမိုဖြစ်ပွား နိုင်ခြေ ရှိပါတယ်။
၁။ သွေးတိုးရောဂါရှိခြင်း
သင့်မှာ သွေးတိုးရှိတာက နှလုံးကို ထိခိုက်မှု ဖြစ်စေပြီး သွေးကြောတွေကို ပျက်စီးကာ သွေးကြောပိတ်ဆို့မှုတွေ ဖြစ်နိုင်ပါတယ်။

၂။ အမျိုးသားဖြစ်ခြင်း
အမျိုးသားတွေက အမျိုးသမီးတွေထက် နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေ ပိုများ ပါတယ်။ ဒါပေမဲ့ သွေးဆုံးပြီး အမျိုးသမီးတွေကတော့ အမျိုးသားတွေထက် နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေ ပိုများပါတယ်။

၃။ မျိုးရိုးရှိခြင်း
မိဘမျိုးရိုးမှာ နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါ တစ်ခုခု ရှိသူတွေဟာ တခြားသူတွေထက် နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါတွေ ဖြစ်ပွားနိုင်ခြေ ပိုမိုများပါတယ်။

၄။ အသက် ၄၀ ကျော်ခြင်း
အသက် ၄၀ ကျော်လာသူတွေဟာ အသက် ၄၀ အောက် အရွယ်တွေထက် နှလုံးနဲ့ သွေးကြောရောဂါတွေ ဖြစ်ပွားနိုင်ခြေ ပိုမိုများပါတယ်။

၅။ သွေးတွင်း ကိုလက်စထရော များခြင်း
သွေးတွင်းကို လက်စထရောများပါက သွေးကြောအတွင်းမှာ အဆီခဲတွေကို ဖြစ်စေပြီး သွေးကြောတွေ တဖြည်းဖြည်း ကျဉ်းစေပါတယ်။ သွေးကြောတွေ ကျဉ်းသွားတာကြောင့် နှလုံးဆီကို သွေးစီးဆင်းမှု နည်းသွားစေပြီး နှလုံး ရောဂါကို ဖြစ်စေပါတယ်။

၆။ ဆေးလိပ်သောက်ခြင်း
ဆေးလိပ်မှာ ပါဝင်တဲ့ နစ်ကိုတင်းက နှလုံးခုန်မြန်စေပြီး သွေးကြောတွေကို ကျဉ်းစေတာကြောင့် နှလုံးဆီ သွေးစီးဆင်းမှုကို လျော့နည်းစေပါတယ်။

၇။ ဆီးချိုသွေးချို ရောဂါရှိခြင်း
ဆီးချိုသွေးချို ရောဂါရှိသူတွေရဲ့ လေးပုံသုံးပုံလောက်က နောက်ဆက်တွဲ ဖြစ်ပွားတဲ့ နှလုံးနဲ့ ေ
သွးကြောရောဂါတွေကြောင့် သေဆုံးခဲ့ကြပါတယ်။ ဆီးချိုသွေးချိုရောဂါ ဝေဒနာရှင်တွေဟာ သွေးချိုကို ထိန်းထားနိုင်တယ် ဆိုရင်တောင် နှလုံးနဲ့ သွေးကြောရောဂါတွေ ဖြစ်ပွားနိုင်ခြေ မြင့်မားပါတယ်။ သွေးချိုကို ထိန်းမထားနိုင်ခဲ့ရင်တော့ နှလုံးနဲ့ သွေးကြောတွေကို ဆိုးဆိုးရွားရွား ထိခိုက်နိုင်ပါတယ်။

၈။ အဝလွန်ခြင်း
အဝလွန်သူတွေဟာ အထူးသဖြင့် ခါးတစ်ဝိုက်မှာ အဆီများသူတွေဟာ နှလုံးနဲ့ သွေးကြောရောဂါတွေ ဖြစ်ပွားနိုင်ခြေ များပါတယ်။

၉။ အရက်သောက်ခြင်း
အရက်သောက်သုံးသူ အများစုဟာ သင့်တင့်တဲ့ ပမာဏကိုသာ သောက်သုံး သူ အလွန်နည်းပါတယ်။ အလွန်အကျွံ သောက်သုံးတာတွေကြောင့် နှလုံးနဲ့ သွေးကြောရောဂါ ဖြစ်နိုင်ခြေ များရတာပါ။

၁ဝ။ စိတ်ဖိစီးမှုများခြင်း
စိတ်ဖိစီးမှုများတာကြောင့် ခန္ဓာကိုယ်တွင်းမှ ထွက်လာတဲ့ ဟော်မုန်းတွေက နှလုံးနဲ့ သွေးကြောတွေကို ထိခိုက်စေပါတယ်။

၁၁။ လှုပ်ရှားမှုမရှိခြင်း
ပုံမှန်လေ့ကျင့်ခန်း လုပ်တာက နှလုံးနဲ့ သွေးကြောရောဂါတွေ ဖြစ်ပွားနိုင်ခြေ ကို လျှော့ချပေးပါတယ်။ ပုံမှန် လေ့ကျင့်ခန်း မလုပ်တာ၊ လှုပ်ရှားမှု မရှိတာ တွေက နှလုံးနဲ့ သွေးကြောရောဂါ ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေပါတယ်။ လေ့ကျင့်ခန်း လုပ်တာက သွေးတွင်းကို လက်စထရော ပမာဏနဲ့ သွေးပေါင် ကို လျှော့ချပေးပါတယ်။ ဒါ့အပြင် ဆီးချိုသွေးချို ရောဂါနဲ့ အဝလွန် ဖြစ်နိုင်ခြေ ကိုလည်း လျှော့ချပေးပါတယ်။
ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)


လူတိုင်းကြိုက်တဲ့ပြောင်းဖူး ၏ အာနိသင်များ

ပြောင်းဖူးမှာ အာဟာရ ဓာတ် များစွာ ပါဝင် တာကြောင့် ကျန်းမာရေး အကျိုး ကျေးဇူး
များစွာ ရရှိနိုင်ပါတယ်။ ပြောင်းဖူးမှာ ဗီတာမင် B1 ပါဝင်တာကြောင့် ကာဗို ဟိုက်ဒရိတ်တည်ဆောက်ဖြိုခွဲမှုမှာ အသုံးပြုနိုင်သလို ဗီတာမင် B5 ပါဝင်မှုကြောင့် ဇီဝကမ္မဆိုင်ရာ လုပ်ငန်းဆောင်တာတွေမှာ ကူညီနိုင်ပါတယ်။ ဖောလိတ် ပါဝင်တာ ကြောင့် ဆဲလ်သစ်တွေ ဖြစ်ပေါ်စေသလို ဗီတာမင်စီပါဝင်မှုကြောင့် ရောဂါတွေကို တွန်းလှန်ပေးနိုင်ပါတယ်။
နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်
ပြောင်းဖူးမှာ ဗီတာမင် B9 လို့ခေါ် တဲ့ ဖော လိတ်ပါဝင်မှုကြောင့် နှလုံးကျန်း မာရေးကို တိုးတက်ကောင်း မွန်စေပါ တယ်။ ဖောလိတ်ဓာတ်ပါတဲ့ အစားအ စာကို များများစားတာကြောင့် နှလုံး သွေးကြော ဆိုင်ရာ ရောဂါ၊ လေဖြတ်တာနဲ့ နှလုံးရောဂါထ တာတွေရဲ့ ဖြစ်နိုင် ခြေကို လျော့ကျစေပါတယ်။

ကင်ဆာရောဂါကို ကာကွယ်ပေးပါတယ်
ပြောင်းဖူးရဲ့ နောက်ထပ် ကျန်းမာ ရေးအကျိုးကျေးဇူးတစ်ရပ်က အဆုတ် ကင်ဆာကို ကာကွယ်ပေးတာပါ။
ပြောင်း ဖူးမှာ Beta Cryptoxanthin ပါဝင်တာ ကြောင့် အဆုတ်ကင်ဆာဖြစ်နိုင်ခြေ ကို လျော့ကျစေပါ တယ်။ ဆေးလိပ်သောက် တဲ့သူတွေဟာ ပြောင်းဖူးကို ပုံမှန်စားပေး ရင် အဆုတ်ကင်ဆာဖြစ်နှုန်း ၃၇ ရာခိုင် နှုန်း လျော့ကျစေပါတယ်။

မှတ်ဉာဏ်ကို အားကောင်းစေပါတယ်
ပြောင်းဖူးမှာ သိုင်ယာမင်း ဒါမှမ ဟုတ် ဗီတာမင် B1 ပါဝင်တာကြောင့် မှတ်ဉာဏ်အစွမ်းကို ကောင်းမွန်စေပါ တယ်။ ဒီအာဟာရဟာ ဦးနှောက်ဆဲလ် တွေကို အားကောင်းစေပြီး တွေးခေါ်နိုင် တဲ့ လုပ်ငန်းဆောင်တာကို တိုးတက်စေ ပါတယ်။ ပြောင်းဖူးဟာ အယ်လ်ဇိုင်းမား ရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

အမြင်အာရုံကို ကာကွယ်ပေးပါတယ်
ပြောင်းဖူးမှာ ဘီတာကယ်ရိုတင်း၊ ဖောလိတ်နဲ့ အင်တီအောက်ဆီးဒင့် ဇီဇန် သင်းတို့ များစွာ ပါဝင်ပါတယ်။ ဒီအာဟာရဓာတ်တွေက မက်ကူလာယိုယွင်း ပျက်စီးမှုလိုမျိုး မျက်စိရောဂါတွေ မဖြစ် အောင် ကာကွယ်ပေးပါတယ်။

ရောင်ရမ်းမှုကို လျော့ကျစေပါတယ်
ပြောင်းဖူးမှာFerulic Acid များစွာ ပါဝင်ပါတယ်။ ဒါက အင်တီအောက်ဆီး ဒင့်တစ်မျိုးဖြစ်တာကြောင့် ခန္ဓာကိုယ် တွင်း ရောင်ရမ်းမှု၊ အိုမင်းမှုနဲ့ ကင်ဆာ ရောဂါတချို့အမျိုးအစားတွေကို မဖြစ် အောင် ကာကွယ်ပေးပါတယ်။

သွေးတွင်း ကိုလက်စထရောကို လျော့ ကျစေပါတယ်
ပြောင်းဖူးတစ်ခွက်စာ ပမာဏမှာ တစ်နေ့တာ လိုအပ်တဲ့ အမျှင်ဓာတ် ၁၈ ဒသမ ၄ ရာခိုင်နှုန်း ပါဝင်နေပါတယ်။ အမျှင်ဓာတ် ပါဝင်မှု မြင့်မားတာက ပြောင်းဖူးရဲ့ အကြီးမားဆုံး အကျိုးကျေး ဇူးတစ်ရပ်ဖြစ်ပါတယ်။ အမျှင်ဓာတ်က သွေးတွင်း ကိုလက်စထရောအဆင့်ကို လျော့ကျစေပြီး အူမကြီးကင်ဆာ ဖြစ်နိုင် ခြေကို လျော့ကျစေပါတယ်။ အမျှင် ဓာတ်ဟာ ဆီးချိုသွေးချိုရောဂါရှိသူတွေ မှာ သွေးတွင်းသကြားဓာတ် ပမာဏကို လျော့ကျစေပါတယ်။

ဂရုစိုက်ရန်
လေ့လာမှုအရ ပြောင်းဖူးဟာ သစ် သီးတွေနဲ့ ဟင်းသီးဟင်းရွက်အများစု ထက် အာဟာရဓာတ် ပိုမိုပါဝင်ပါတယ်။ လူအများစုဟာ ပြောင်းဖူးထဲကို အဆီ၊ ဆားနဲ့ သကြားတွေ ထည့်ပြီး ချက်ပြုတ် စားသောက်ကြပါတယ်။ ပြောင်းဖုူးကို ပြုတ်ပြီး သုပ်စားတာ ဒါမှမဟုတ် စွပ် ပြုတ် ပြုတ်သောက်တာတွေက ကျန်းမာ ရေးနဲ့ ပိုညီညွတ်ပါတယ်။

ရုံးပတီသီးကပေးတဲ့ သူမတူတဲ့ အစွမ်းများ

 ရုံးပတီသီးမှာ စားလို့ လည်းကောင်းပြီး ပေးစွမ်းနိူင်တဲ့ အကျိုးကျေးဇူးတွေကတော့
- အရိုးကိုသန်မာစေသည်။
- နှလုံးကိုကာကွယ်ပေးသည်။
- အဆစ်အမျက်ရောင်ရမ်းခြင်းကို သက်သာလျော့ပါးစေသည်။
- သွေးပေါင်ချိန်ကိုထိန်းပေးသည်။
- သွေးစီးဆင်းမှုကို ပိုကောင်းစေသည်။
ရုံးပတီသီးကပေးတဲ့ ကျန်းမာရေး ၃မျိုး

(၁) နှလုံးရောဂါကာကွယ်သည် ရုံးပတီသီးမှာ Antioxidants ပါဝင်သဖြင့် သွေးကြောနံရံများ မာတောင့်ခြင်းကို ကာကွယ်သည်။
သွေးကြောနံရံများမာလာရင် သွေးစီးနှုန်းနှေးပြီး စေးပျစ်ကာ သွေးခဲစေသဖြင့် အန္တရာယ် ရှိသည်။ ရုံးပတီသီးရှိ Vitamin C သည် ထိပ်တန်း အင်တီအောက်စီးဒင့်ဖြစ်ကာ နှလုံးရောဂါဖြစ်နိုင်ခြေ အန္တရာယ်ကို လျော့ပါးစေသည်။

ရုံးပတီသီး လက်ဖက်ရည်တစ်ပန်းကန်စာသည် ခရမ်းချဉ်သီး လက်ဖက်ရည်တစ်ပန်းကန်စာထက် ဗီတာမင်စီဓာတ်ပမာဏပိုများသည်။ထို့ပြင် Folateဓာတ်သည်လည်း ထိုလက်ဖက်ရည်တစ်ပန်းကန်စာတွင် သင်နေ့စဉ်လိုအပ်ချက်၏ ၄၀ရာခိုင်နှုန်းပါ ဝင်ပြန်သည်။

ဖောလိတ်ဟုခေါ်သော ဗီတာမင်ဘီ တစ်မျိုးချို့တဲ့ပါက သင့်ခန္ဓာကိုယ်တွင် ဟိုမိုစစ်စတင်းခေါ် Amino Acid များထွက်လာပြီး သွေးထဲမှာ ဟိုမိုစစ်စတင်းတွေ သိပ်များလာပါက သွေးကြောများကျဉ်းစေသည်။
နှလုံးသွေး ကြောကျဉ်းရောဂါနှင့် လေဖြတ်ရောဂါဖြစ်စေသည်။
ဒါကြောင့် ရုံးပတီသီးစားပေးလျှင် နှလုံးနှင့်သွေးကြောများကို ကာ ကွယ်နိုင်သည်။

ထို့အတူ Potassium၊ Magnesium တို့ကြွယ်ဝသဖြင့် သွေးပေါင်ချိန်ကိုနည်းစေသည်။ ဤရုံးပတီသီးကိုစားခြင်းဖြင့် သွေးတိုးရောဂါရှိလျှင် လျှော့ချကာကွယ်နိုင်ပြီး ကိုယ်အလေးချိန်လျှော့လိုသူတွေအတွက်လည်းကောင်းသည်။ မဂ္ဂနီဆီယမ်သည် ကိုလက်စထရောနှင့် သွေးတိုးရောဂါကို ထိန်းချုပ်ပေးသည်။

နှလုံးခုန်စီးချက်နရီမှန်စေခြင်းဖြင့် နှလုံးရောဂါနှင့် နှလုံးတိုက်ခိုက်ခံရခြင်းမှ ကာကွယ်ပေးသည်။

(၂) အရိုးပါးရောဂါ ကာကွယ်ရန်

အမျိုးသမီးတွေ သွေးဆုံးလျှင် အရိုးပါးရောဂါအဖြစ်များတတ်တာမို အသက်၄၀ကျော်တာနဲ့ ရုံးပတီသီးနေ့စဉ်စားဖို့ပြင်ထား ပါ။ ရုံးပတီသီးမှာ အရိုးပါးရောဂါတိုက်ထုတ်ပေးမယ့်ဖိုက်တာ ၄မျိုးတောင်ပါသည်။ (၁) ပိုတက်စီယမ်၊ (၂) ဗီတာမင်စီ၊ (၃) မဂ္ဂနီစီယမ်နှင့် (၄) ဘီတာကာရိုတင်းတို့ ဖြစ်သည်။
ဤဓာတ်၄မျိုးမြင့်မားစွာပါအောင် စားနိုင်တဲ့လူတွေမှာ အရိုးထိခိုက်ပျက် စီးမှုနှေးသွားသည်ဟု ယူကေသုတေသနတွေအရတွေ့ရှိခဲ့သည်။ ကယ်လလ်စီယမ်ဓာတ်ပြီးလျှင် အရိုးတည်ဆောက်ရာ တွင် အရေးကြီးဆုံးသော သတ္ထုဓာတ်ဆားအားလုံးရဲ့ နေ့စဉ်လိုအပ်ချက်၏ ၁၀ရာခိုင်နှုန်းရုံးပတီသီးမှာပါသည်ဟုဆို၏။

(၃) အရိုးကျီးပေါင်းတက်ခြင်းကို သက်သာလျော့ပါးစေသည်

အသက်ရလာတာနဲ့အမျှ ဖြစ်ပွားလေ့ရှိသော အရိုးကျီးပေါင်းတက်ရောဂါကို သက်သာစေသည်ဟုဆိုသည်။ အဆစ် အမျက်များတွင် အဖြစ်များလေ့ရှိသည်။ ရုံးပတီသီးမှာပါတဲ့ အဟာရဓာတ်များက အဆစ်အမျက်နှင့် အရိုးနုပွန်းစား ခြင်းများကို သက်သာလျော့ပါးစေသည်။ အထူးသဖြင့် အရိုးနုတွင် မရှိမဖြစ်လိုအပ်သောအစိတ်အပိုင်း မဂ္ဂနီးကြောင့် ဟုဆို၏။

ချက်ပြုတ်စားသောက်နည်း

ရုံးပတီသီးလတ်လတ်ဆတ်ဆတ် စိမ်းစိမ်းစိုစိုများကို ဈေးမှဝယ်ပြီး နေ့ချင်းချက်ပြုတ်စားနိုင်လျှင် ပို၍အဟာရဓာတ်ကောင်း စေသည်။ ကြေး၊သံ၊ကြေးနီဖြင့် ပြုလုပ်ထားတဲ့ အိုးနှင့်ချက်လျှင် မဲသွားတတ်ပါသည်။ ဒန်ဖြင့် ပြုလုပ်ထားတဲ့ အိုးမှာ ရေပွက် ပွက်ဆူအောင်တည်ပြီး ရုံးပတီသီးကို ထိပ်ဖြတ်၍ ရေစင်စင်ဆေးပြီးထည့်ပါ။ ထည့်ပြီး ၁မိနစ်အတွင်း ပြန်ဆယ်ယူ၍ အတုံး လေးများပိုင်းကာ ခရမ်းချဉ်သီးချက်ဖြင့် တွဲစားပါ။ ရုံးပတီသီးကို ခပ်ပါးပါးလှီး၍ ကြော်စားနိုင်သည်။
ခရမ်းချဉ်သီးမှည့်ဖြင့် လည်း ချက်စားနိုင်သည်။ ပဲချဉ်ဟင်းတွင်ကုလားပဲခြမ်းပြုတ် သို့မဟုတ် ပဲစင်းငုံပြုတ်ပြီးနှင့် ရုံးပတီသီး၊ ခရမ်း၊ ဘူးသီး၊ ရွှေဖရုံသီး၊မုန်လာဥ၊ ပျဉ်းတော်သိမ်ရွက် စသည်တို့နှင့် ဆီသပ်ပြီး မန်ကျည်းမှည့်ထည့်ခပ် ချက်စားနိုင်သည်။

လက်ဖက်စိမ်း လက်ဖက်ရည်က ကင်ဆာကို ကာကွယ်နိုင်ပါသလား



လက်ဖက်စိမ်း လက်ဖက်ရည် (Green Tea) က ဆေးဖက်ဝင် ဖျော်ရည် တစ်မျိုးအဖြစ် အလွန် ရေပန်းစားနေပါတယ်။ အာရှ နိုင်ငံတွေက စတင်ပြီး ကင်ဆာဆန့်ကျင်တဲ့ ဂုဏ်သတ္တိရှိတယ်လို့ ဖော်ပြခဲ့တာပါ။ တရုတ်နိုင်ငံက လေ့လာမှုတစ်ချို့အရ နေ့စဉ် လက်ဖက်စိမ်း လက်ဖက်ရည် တစ်ခွက်ပုံမှန်သောက်တဲ့ အမျိုးသားတွေမှာ မသောက်တဲ့ သူတွေထက်
ဆီးကျိတ်ကင်ဆာ ဖြစ်နှုန်းနည်းပါးခြင်းနဲ့ နေ့စဉ်အဆိုပါလက်ဖက်ရည်တစ်ခွက် ပုံမှန်သောက်တဲ့ အမျိုးသမီးတွေမှာလည်း မသောက်တဲ့သူတွေနဲ့ ယှဉ်ရင် မမျိုးဥအိမ် ကင်ဆာဖြစ်နှုန်း လျော့နည်းခြင်းတို့ကို တွေ့ရှိခဲ့ရကြောင်း သိရပါတယ်။ ဒါပေမဲ့ တခြား လေ့လာမှုတွေကတော့ လက်ဖက်စိမ်း လက်ဖက်ရည်ဟာ ကင်ဆာကို ကာကွယ်နိုင်သလားဆိုတာနဲ့ ပတ်သက်ပြီး သေချာ အတည်မပြုနိုင်သေးပါဘူး။

ဓာတ်ခွဲခန်း လေ့လာမှုတွေနဲ့ တိရစ္ဆာန် လေ့လာမှု တစ်ချို့အရ လက်ဖက်စိမ်း လက်ဖက်ရည်ဟာ အကျိတ် ကြီးထွားခြင်း မဖြစ်အောင် ကာကွယ်ပေးနိုင်ကြောင်း ဆိုပါတယ်။ ဒါဟာ ကင်ဆာဆဲလ်တချို့ သတ်တဲ့ အခါ ကင်ဆာဆေးသွင်း ကုသမှုရဲ့ လုပ်ငန်းဆောင်တာကို အားကောင်းစေတာနဲ့ ဆက်စပ်မှုရှိကြောင်း သိရပါတယ်။ ဒါပေမဲ့ ကင်ဆာ ရောဂါသည်တွေကို လက်ဖက်စိမ်း လက်ဖက်ရည် အားဖြည့်ဆေးပေးတဲ့အခါ သိသာတဲ့ တိုးတတ်မှုမရဘဲ ဘေးထွက် ဆိုးကျိုးသာ ရရှိခဲ့တာကို တွေ့ရပါတယ်။

ဘေးထွက် ဆိုးကျိုးတွေအနေနဲ့ ပျို့အန်ချင်ခြင်း၊ ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်း၊ အိမ်မပျော်ခြင်းတွေ ရရှိခဲ့တဲ့အတွက် အားဖြည့်ဆေးကို ဆက်လက် မပေးကြတော့ပါဘူး။ ဒါပေမဲ့ တစ်နေ့မှာ လက်ဖက်စိမ်း လက်ဖက်ရည် တစ်ခွက် သောက်တာကတော့ ဘေးအန္တရာယ်မရှိတဲ့ အတွက် ကင်ဆာ ကာကွယ်နိုင်စွမ်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သောက်နိုင်တယ်လို့ ကျွန်းကျင်သူတွေက သုံးသပ် ပြောဆိုထားပါတယ်။

မြန်မာပြည်တွင် သွေးကင်ဆာရောဂါကို(၁၀)ရက်အတွင်းပပျောက်သွားအောင်ကုသပေးနိင်

မြန်မာပြည့်ရဲ့ကျက်သရေအရှိဆုံးသတင်းလေးတစ်ခုကိုပြောပြချင်ပါတယ်
..အဲ့ဒါကတော့သွေးကင်ဆာရောဂါကို(၁၀)ရက်အတွင်းပပျောက်သွားအောင်ကုသပေးနိင်ခဲ့တဲ့
ဆရာမလေးနှစ်ယောက်ရဲ့လိပ်စာကိုပြောပြချင်ပါတယ်♣♣ဆရာဝန်မလေးနှစ်ယောက်ရဲ့ပြောပြချက်အရ
ဒီရောဂါကိုကုသနိင်အောင်ကိုရီးယားနိင်ငံတောတောင်ထဲမှာရရှိထားတဲ့တိုင်းရင်းဆေးနဲ့ကုသနိင်ခဲ့တာ
ဖြစ်ပါတယ်၊ဒီသတင်းလေးကိုအားလုံးရှယ်ပေးကြပါနော်...
အခုကုသပေးတဲ့ဆရာဝန်မလေးနှစ်ဦးကတော့ ဆင်းရဲရှာပါတယ်ဒါပေမဲ့သူတို့ရဲ့ကြိုးစားမှုက..ယနေ့ကမ္ဘာပေါ်မှာဘယ်သူမှမကုသနိင်သေးတဲ့ပညာရပ်တစ်ခုပါ.
..သွေးကင်ဆာရောဂါကိုသွေးလုံးဝသွင်းစရာမလိုပဲဆေးကုသချိန်..၁၀ရက်အတွင်းပပျောက်အောင်
ကုသပေးနေပြီးဖြစ်ကြောင်းနှင့်ဆရာမလေးနှစ်ဦးရဲ့မေတ္တာဖြင့်သာကုသပေးနိင်ကြောင်းကို
အသိပေးအပ်ပါသည်ခင်ဗျာ..စုံစမ်းရန်လိပ်စာကတော့..09421102672(ဆရာမဒေါ်လှလှဝင်း).
.ဆရာမလေးထားထားမေ(မြန်မာနိင်ငံရေကြောင်းတက္ကသိုလ်ဒေး(သန်လျှင်မြို့ကျိုက်ခေါက်ဘုရား
ရဲ့နောက်လမ်းရေကြောင်းလမ်းဆုံ)လူမျိုးဘာသာမရွေးကုသပေးနေပြီဖြစ်ကြောင်းကြော်ငြာအပ်ပါသည်.
.ဒီသတင်းလေးကိုဖြန့်ဝေပေးကြပါသူငယ်ချင်းများခင်ဗျာ..ရန်ကုန်မြို့(သန်လျှင်)မြန်မာနိင်ငံရေးကြောင်း တက္ကသိုလ်အနီး..အာမခံဖြင့်ကုသပေးနိင်ပြီးဖြစ်ကြောင်း.

မာလကာသီးနှင့်ကျန်းမာရေး

မာလကာသီးဟာ မြန်မာလူမျိုးများ နှစ်ခြိုက်စားသုံးကြတဲ့ သစ်သီးတစ်မျိုး ဖြစ်ပေမယ့် မာလကာသီးနဲ့ အလှပြင်တာ ကတော့ ရှားပါ လိမ့်မယ်။ မာလကာသီးဟာ ပျိုမေများအတွက် ကရိကထိများကာ ကမကထ စီစဉ်ဝယ်ယူရမယ့် သစ်သီး တစ်မျိုး မဟုတ်တဲ့ အပြင် ဈေး လည်းချို အလွယ်လည်း ဝယ်ယူနိုင်တဲ့ အပြင် အလှအပအတွက်ပါ ထည့်သွင်း အသုံးပြု နိုင်တာမို့ မာလကာသီးနဲ့ အလှအပ ရေးရာ အဖြစ် ဖော်ပြလိုက် ရပါတယ်။
မာလကာသီးဟာ ဗီတာမင်စီ ပေါကြွယ်ဝတဲ့ သစ်သီးတစ်မျိုး ဖြစ်ပြီး ရောဂါအတော် များများနဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို ထိန်းပေး ထား နိုင်စွမ်းရှိတဲ့ သတ္ထုဓာတ်များ ပါဝင်တဲ့ သစ်သီးလည်း ဖြစ်ပါတယ်။ မာလကာသီး အရွက်နဲ့ အခေါက်တို့မှာ ရောဂါပိုးမွှားတွေ တုံ့ပြန် တိုက်ဖျက် ပေးနိုင်တဲ့ သဘာဝပစ္စည်းတွေ ပါဝင်ပါတယ်။
ဒါ့အပြင် မာလကာသီးဟာ သွေးအားနည်းခြင်းကို ကာကွယ်ပေးခြင်း၊ နှုတ်ခမ်း ရောင်ယမ်းခြင်း၊ သွားဖုံး သွေးယိုခြင်းစတဲ့ ရောဂါတွေကိုလည်း ပျောက်ကင်း စေနိုင်တဲ့ သတ္တိ ရှိပါတယ်။ သွေးလည်ပတ် စီးဆင်းမှုကိုလည်း ကောင်းမွန်စေပြီး ကူးစက်ရောဂါ အတော်များ များ ကိုလည်း ကာကွယ် ပေးပါတယ်။ အစာအိမ်ရောဂါ၊ သွေးဝမ်းပါရောဂါနဲ့ ဆီးချိုရောဂါ တို့ကိုလည်း သက်သာ ပျောက်ကင်းစေတဲ့ သစ်သီး တစ်မျိုး ဖြစ်ပါတယ်။

ဆီးချိုနဲ့ မာလကာ
ဆီးချိုရောဂါရှင်များ အတွက် မာလကာသီး (မမှည့်တမှည့်) တစ်လုံးကိုယူပါ။ လေးစိတ်ခွဲစိတ်ကာ ရေ ၁ လီတာခန့်ဖြင့် ထည့်ပြုတ ်ပေးပါ။ ဆူပွက်လာမှ ဇကာဖြင့် စစ်ချကာ ယင်းရေအား တစ်နေ့ နှစ်ကြိမ်ခန့် သောက်သုံးပေးပါ။ မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် သောက် သုံး ပေးရမည် ဖြစ်သည်။

ဝမ်းဗိုက်အောင့်နေခြင်း အတွက်
မာလကာရွက် ငါးရွက်ခန့်နှင့် အမြစ်တစ်ခု၊ အခေါက်နှင့်ပင်စည် အစိတ်အပိုင်း တချို့တို့ကို ယူပါ။ ရေ ၁ လီတာခွဲဖြင့် ထည့်ပြုတ်ပေး ပါ။ ဆူပွက်လာမှချကာ တစ်နေ့ ၂ ကြိမ် သောက်သုံး ပေးရမည် ဖြစ်သည်။

ဆီးလွယ်ခြင်း
ညဘက်ဆီးလွယ်တဲ့ သူတွေ အတွက် ထထအိမ်သာ ပြေးနေရတဲ့ ဒုက္ခဟာ မလွယ်ပါဘူး။ ကြုံဖူးမှ ကိုယ်ချင်းစာ နိုင်ပါလိမ့်မယ်။ ယင်း အတွက် ဖြေဆေးတစ်မျိုး ကတော့ မာလကာသီး အရွက် လက်တစ်ဆုပ်စာခန့်ကို ယူပါ။ လတ်လတ်ဆတ်ဆတ် အရွက်များ ဖြစ်ရပါမည်။ ယင်းအရွက်တို့အား ထောင်းထားသည့် ဆန်မှုန့်တို့ဖြင့် ရောစပ်ပေးပါ။ ပြီးသော် ရေ ၂ခွက်ခွဲခန့်ဖြင့် ပြုတ်ပေးရပါမည်။ ရေတစ်ခွက်စာကျန် ်ရှိတော့သည့် အချိန်ကျမှ ချကာရေစစ်ဖြင့် စစ်ကာ ပုလင်းတစ်လုံးထဲတွင် သိမ်းထားရပါမည်။ ယင်းအရည်အား သုံးနာရီခြားတစ်ခါ တစ် ဇွန်း စီသောက်သုံး ပေးရပါမည်။

အရေပြားနာကျင် ကိုက်ခဲနေခြင်း အတွက်
မာလကာသီး အရွက်လက်ဆစ်ဆုပ်စာ (လတ်လတ်ဆတ်ဆတ်)ခန့်ကိုယူကာ လက်ဝါးဖြင့် ချေနှယ်ကာ ရောင်ရမ်းကိုက်ခဲ နာကျင်နေ သော နေရာသို့ လိမ်းကျံပေးနိုင်ပါသည်။

မာလကာသီးနဲ့ အလှအပ အကျိုးကျေးဇူးများ
မာလကာသီးဟာ အရေပြား အလှအပအတွက် ပေးစွမ်းနိုင်တဲ့ သစ်သီးတစ်မျိုးပဲ ဖြစ်ပါတယ်။ မာလကာသီးနဲ့ မျက်နှာပေါင်းတင်တဲ့ နည်းရှိပါတယ်။

လိုအပ်သည့် ပစ္စည်းများနှင့် ပြုလုပ်ပုံ
ရင့်မှည့်သည့် မာလကာသီး တစ်လုံးရှာပါ။ မာလကာသီးအခွံအား မခွာပစ်လိုက်ပါနဲ့။ ယင်းမာလကာသီးအား နှစ်ခြမ်းခွဲပါ။ အစေ့တွေကို ထုတ်ပစ်ပါ။ အစိတ်လေးများအဖြစ် ထပ်မံခွဲစိတ်ပေးပါ။ မာလကာသီး အရွက်(နူးနူးညံ့ညံ့) နှစ်ရွက်၊ သုံးရွက်ခန့် ထပ်ယူပါ။ အဆင့် (၄) ရှိ မာလကာသီး အစိတ်လေးများနှင့် မာလကာသီး အရွက်တို့ ပေါင်းပြီး ဖျော်စက်ဖြင့် မွှေပစ်ပါ။ ရရှိလာသည့် အရည်များထဲမှ တစ်ဇွန်းခန့် (ဟင်းချိုသောက်ဇွန်း) အား ပန်းကန်ခွက် တစ်လုံးထဲတွင် ထည့်ပါ။
ကျန်ရှိသည့် အရည်များထဲသို့ နို့မှုန့် ၂ ဇွန်းခန့် ထပ်မံရောပေးပါ။ သမအောင် မွှေပေးပါ။ ပြုလုပ်အသုံးပြုမည့် ပျိုမေများ အနေဖြင့် အ ဆီပြန်သည့် အသားအရေ ပိုင်ရှင်မျိုးဖြစ်ပါက ဆား ၂ ဇွန်းခန့် ထပ်မံရောပေးပါ။ ရောနှောရရှိလာသည့် ယင်းအရည်များအား မျက်နှာ ပေါင်း တင် အဖြစ် အသုံးပြုပေးပါ။

ရရှိလာမည့် အကျိုးကျေးဇူးများ
မျက်နှာပြင်ပေါ်ရှိ ဝက်ခြံများအတွက် အထူးကောင်းမွန်စေသည်။
မာလကာသီးဖြင့် နောက်ထပ်ပေါင်းတင်နည်း တစ်မျိုးရှိသေးသည်။ ယင်းနည်းအား အသုံးမပြုခင် မျက်နှာကို Cleanser ဖြင့် စင်ကြယ်စွာ ဆေးကြောထားရသည်။ Cleanser အစား လိမ္မော်သီးဖြင့် အစားထိုး အသုံးပြုုနိုင်သေးသည်။ နည်းမှာ လတ်ဆတ်သန့်ရှင်းသည့် လိမ္မော်သီး တစ်လုံးအား အဝိုင်းပုံစံ နှစ်ခြမ်းခွဲစိတ်ကာ မျက်နှာပြင်အား စက် ်ဝိုင်းပုံစံ (နာရီလက်တံ လှည့်ပတ်သည့် အတိုင်း) ဖြင့် ပွတ်သပ် လိမ်းကျံပေးခြင်းပင် ဖြစ်သည်။
မျက်နှာအား လိမ်းကျံပေးပြီးသွားပါက အဝတ်စတစ်ခုအား ရေစွတ်လျက် သန့်စင်ပေးရမည် ဖြစ်သည်။ မျက်နှာဆေးကြောပြီးသော် မာလကာသီးအရည် (အစေ့ထုတ်ကာ ဖျော်စက်ဖြင့် ဖျော်ထားသည့် အရည်) အား ခွက်တစ်ခွက်ထဲတွင် ထည့်ထားပါ။ ပြီးမှ မာလကာသီး အရည်အနှစ်အား လက်ဖြင့် အနည်းငယ်ယူကာ မျက်နှာပြင်အား လိမ်းကျံပေးပါ။ လိမ်းကျံရာတွင် လက်ချောင်း ကလေးများဖြင့် နှိပ်နယ် လိမ်းကျံ ပေးရမည်။ ထို့ပြင် စက်ဝိုင်းပုံစံ လှည့်ပတ်နှိပ်နယ်ပေးရန်လည်း မမေ့ပါနှင့်။
ယင်းမှသာ မျက်နှာပြင်အောက်ရှိ သွေးကြောများ သွေးလည်ပတ် စီးဆင်းမှု ကောင်းကာ အရေပြားသည် အစွမ်းအာနိသင် စုတ်ယူနိုင်မှု ပိုလာကာ အကျိုးအာနိသင်အား ထိထိ ရောက်ရောက် ခံစားရရှိမည် ဖြစ်သည်။ မျက်နှာပြင် တစ်ခုလုံး နှံ့စပ်အောင် လိမ်းကျံ နှိပ်နှယ် ်ပေးပါ။ ခန့်မှန်းခြေ အားဖြင့် ၁၀ မိနစ်ခန့် လိမ်းကျံနှိပ်နယ် ပေးရန်လိုအပ်သည်။ ပြီးမှ မျက်နှာအား ရေစိုအဝတ်စဖြင့် သန့်စင်ပေးပါ။ သန့် စင်ပြီးသွားပါက မျက်နှာအား မာလကာသီး အရည်ဖြင့် ထပ်မံပြီး ထူထူပိန်းပိန်းလေး လိမ်းကျံပြီးသော် ၁၀-၁၅ မိနစ်ခန့် စောင့်ဆိုင်းပေးပါ။
ရရှိလာမည့် အကျိုးကျေးဇူးများမှာ
မျက်နှာအား သန့်ရှင်းသထက် သန့်ရှင်းစင်ကြယ်လာစေခြင်း၊ မျက်နှာ အသားအရေအား နီမြန်းရွှန်းစိုလာစေခြင်း၊ ဝက်ခြံ၊ တင်းတိပ်တို့ ဖယ်ရှား ရှင်းလင်းပေးခြင်း စသည့် အကျိုး ကျေးဇူးများ ခံစားရမည် ဖြစ်သည်။
8DAY ဂျာနယ်မှာဖော်ပြထားတာကိုမျှဝေပါသည်....
***( သူငယ်ချင်းပေးမယ့်ကော်မန့်လေးက နောက်ထပ်ရေးမယ့်ပို့စ်အတွက် အင်အားတခုဖြစ်စေပါတယ်။)
ချောချော

မန်ကျည်းသီး၏ ကျန်းမာရေး စွမ်းပကား

         မန်ကျည်းရွက်မှာပါတဲ့ ဖလေဗိုးနွိုက်တွေက ရောင်ရမ်းမှုကို လျော့ကျစေပြီး နာကျင်ကိုက်ခဲမှုကို သက်သာစေတဲ့အစွမ်း ရှိပါတယ်။ မန်ကျည်းရွက်ဟာ ကိုယ်တွင်း အပူကို လျော့ကျစေပြီး အစာစားချင်စိတ်ကို တိုးစေတယ်လို့ အင်ဒိုနီးရှား ဆေးဖက်ဝင် အပင်တွေကို လေ့လာသူတွေက ဆိုပါတယ်။ မန်ကျည်းသီးမှာ အင်တီအောက်ဆီးဒင့် ပါဝင်မှု များသလို ဗီတာမင်နဲ့ သတ္တုဓာတ်တွေလည်း များစွာ ပါဝင်နေပါတယ်။ မန်ကျည်းသီးမှာ ကျန်းမာရေးကောင်းဖို့ လိုအပ်တဲ့ ဗီတာမင်စီ၊ ဗီတာမင်ဘီနဲ့ တခြား အာဟာရဓာတ်တွေလည်း ပါဝင်ပါတယ်။ အမျှင်ဓာတ်၊ ပိုတက်စီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေလည်း များစွာ ပါဝင်တာကြောင့် အအေးမိရောဂါကို ကာကွယ်ပေးနိုင်တာ၊ အဖျားကျစေတာ၊ အစာကြေစေတာ၊ သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော လျော့ကျစေတာ၊နှလုံးကျန်းမာရေးကောင်းစေတာ စတဲ့ ကောင်းကျိုးတွေအပြင် ဝမ်းမှန်စေတဲ့ အစွမ်းလည်း ရှိပါတယ်။
(၁) ကိုယ်ခံစွမ်းအား ကောင်းစေပါတယ်
မန်ကျည်းသီးမှာ ဗီတာမင်စီ များစွာ ပါဝင်တာကြောင့် နေ့စဉ် စားသုံးနေကျ အစားအသောက်ထဲ မန်ကျည်းသီးကို ထည့်စားပေးရင် ဗီတာမင်စီ ချို့တဲ့မှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်စီ များစွာ ပါဝင်တာကြောင့် ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါတယ်။

(၂) ကင်ဆာရောဂါကို တွန်းလှန်ပေးနိုင်ပါတယ်
မန်ကျည်းသီးမှာ အင်တီအောက်ဆီးဒင့်တွေက များစွာ ပါဝင်တဲ့အတွက် ခန္ဓာကိုယ်ထဲမှာ ဖရီးရယ်ဒီကယ်တွေကြောင့် ထိခိုက်မှုကို လျော့ကျစေပြီး ကင်ဆာလို ရောဂါတွေကို တွန်းလှန်ပေးနိုင်ပါတယ်။

(၃) ဝမ်းပျော့ပျော့သွားစေပါတယ်
မန်ကျည်းသီးမှာ ပါဝင်တဲ့ အက်စစ်ဓာတ်ကြောင့် ဝမ်းချုပ်တတ်သူတွေ အနေနဲ့ ဝမ်းပျော့ပျော့ သွားစေတယ်လို့ ဆိုကြပါတယ်။ မန်ကျည်းသီးမှာ အမျှင်ဓာတ်လည်း များစွာ ပါဝင်တာကြောင့် ဝမ်းမချုပ်အောင် ကာကွယ်ပေးနိုင်တာပါ။

(၄) သည်းခြေလုပ်ငန်းဆောင်တာ ကောင်းစေတယ်
မန်ကျည်းသီးဟာ သည်းခြေလုပ်ငန်းဆောင်တာ ဝေဒနာတွေကို ကုသပေးနိုင်ပါတယ်။

(၅) အစာကြေညက်စေပါတယ်
မန်ကျည်းသီးဟာ အစာကြေညက်စေပြီး အူလှုပ်ရှားမှုကို ကောင်းမွန်စေပါတယ်။ အစာခြေလမ်းကြောင်း ဝေဒနာတွေ ကုသရာမှာ မန်ကျည်းသီးကို သုံးလေ့ရှိကြပါတယ်။

(၆) နှလုံးကျန်းမာစေပါတယ်
မန်ကျည်းသီးဟာ သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောတွေကို လျော့ကျစေပြီး နှလုံးကို ကျန်းမာစေပါတယ်။

(၇) သွေးသန့်စင်စေပါတယ်
မန်ကျည်းသီးဟာ ခန္ဓာကိုယ်တွင်း လှည့်ပတ် စီးဆင်းနေတဲ့ သွေးတွေကို သန့်စင်စေပါတယ်။

(၈) အရေပြားကို အနာကျက်စေပါတယ်
မန်ကျည်းသီးဟာ အရေပြား ရောင်ရမ်းမှု ဖြစ်စဉ်ကို အမြန်သက်သာစေပြီး အနာကျက်မြန်စေပါတယ်။

(၉) လည်ချောင်းနာတာကို သက်သာစေပါတယ်
မန်ကျည်းသီးကို ရေနဲ့ အရည်ဖျော်ပြီး အာလုတ်ကျင်းပေးတာက လည်ချောင်းနာတာကို သက်သာစေပါတယ်။

(၁၀) သွေးဖိအားကို ပုံမှန်ဖြစ်စေပါတယ်
မန်ကျည်းသီးမှာ ပိုတက်စီယမ်ဓာတ် များစွာ ပါဝင်ပါတယ်။ ပိုတက်စီယမ်ဟာ နှလုံးခုန်နှုန်းကို ဟန်ချက်ညီအောင် ထိန်းပေးပြီး ဆိုဒီယမ်ရဲ့ အာနိသင်ကို ထိန်းချုပ်ပေးကာ သွေးတိုးကို ကျစေပါတယ်။