ဂေါ်ရခါးသီး ကို မြန်မာနိုင်ငံမှာ ဈေးသက်သက်သာသာနဲ့ အလွယ်တကူ ဝယ်ယူရရှိနိုင်ပါတယ်…..။ ရှမ်းပြည်မှာဆိုရင်ဆောင်းရာသီမှာ မမြင်ချင်မှ အဆုံး တောင်ပုံရာပုံနဲ့ ပေါများလှပါတယ်…။ ရှမ်းပြည်မှာတော့ (sugar ) ဆူကာသီးလို့ခေါ်ပါတယ်…။ အိမ်တိုင်းမှာ လိုလို စင်တင်ပြီး စိုက်ထားကြပါတယ်…။ စားချင်တဲ့ အချိန်မှ သွားခူးစားကြမျိုးပါ…။
ဒါကြောင့် ပိုလတ်ဆတ်ပြီး ပိုအာဟာရပြည့်တဲ့ ဆူကာသီးတွေကို စားရတာပေ့ါ…။
ဒါပေမယ့် အဲဒီ ဂေါ်ရခါးသီးက ကျန်းမာရေးကို ဘယ်လောက်အထောက်အကူ ဖြစ်လဲဆိုတာတော့ သတိထားမိတဲ့ သူ ရှားပါတယ်…။
ဒါကြောင့် ဂေါ်ရခါးသီးနဲ့ လူသားတွေရဲ့ ကျန်းမာရေး ပတ်သက်တဲ့ အချက်တွေကို ပြောပြချင်ပါတယ်…။
ဂေါ်ရခါးသီးမှာ လူသားတွေရဲ့ ကျန်းမာရေးကို အထောက်အကူဖြစ်စေတတ်တဲ့ သဘာ၀ ကစီဓါတ် ၊ ဗီတာမင်စီ၊ အမိုင်နိုအက်ဆစ်နဲ့ ဗီတာမင် ဘီ အုပ်စုတို့ ကြွယ်ဝစွာ ပါရှိပါတယ်။ ကိုလက်စထရောနဲ့ ဆိုဒီယမ်တို့ လုံးဝမပါရှိပါဘူး ။ ဒါ့အပြင် ဂေါ်ရခါးသီးဟာ ကယ်လိုရီနည်းပါးပြီး အမျှင်ဓါတ်တို့ စုဝေးရာ အရင်းအမြစ်လည်းဖြစ်ပါသေးတယ်။
(၁) ဂေါ်ရခါးသီးမှာ ပါရှိတဲ့ ဖောလစ်ဓါတ်ဟာ သွေးထဲရှိ ဆဲလ်များနဲ့ DNA ဖွဲ့စည်းတည်ဆောက်မှုတို့ကို အကျိုးဖြစ်ထွန်းစေနိုင်ပါတယ် ။ ဒါကြောင့် ကိုယ်ဝန်ဆောင် မိခင်လောင်းတွေနဲ့ ကိုယ်ဝန်ရှိခါစ မိခင်လောင်းများဟာဂေါ်ရခါးသီးကို အလုံအလောက်စားပေးခြင်းဖြင့် မွေးဖွားလာမယ့် ရင်သွေးငယ်များအတွက် အာရုံကြောနဲ့ပတ်သက် တဲ့ ရောဂါဝေဒနာများကို ကြိုတင်ကာကွယ်ပေးနိုင်ပါတယ် ။
(၂) ဂေါ်ရခါးသီးဟာ ကိုလက်စထရောပါဝင်မှုနည်းပါးသဖြင့် ကိုယ်ခန္ဓာအလေးချိန်ထိန်းသိမ်းလိုသူများအတွက်အထူးပင် သင့်လျော်ပါတယ် ။
(၃) ဂေါ်ရခါးသီးမှာ Poly-phenolic ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်တဲ့အတွက် ကင်ဆာရောဂါများကို
ဟန့်တားကာကွယ် ပေးနိုင်ခြင်းနဲ့ အိုမင်းရင့်ရော်မှုကိုလည်း ထိန်းသိမ်းပေးတာကိုတွေ့ရပါတယ် ။
(၄) ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပရိုတင်းနဲ့ ခွန်အားများကို လုံလောက်စွာရရှိစေနိုင်ဖို့ အတွက်လည်း
မဂ္ဂနိစ်ဓါတ် ကြွယ်ဝသော ဂေါ်ရခါးသီးကို စားပေးသင့်ပါတယ် ။
(၅) ဂေါ်ရခါးသီးမှာ အမျှင်ဓါတ်ပေါကြွယ်ဝလို့ အူသိမ် ၊ အူမတို့စွမ်းရည်ကို မြှင့်တင်ပေးတာကြောင့် ဝမ်းချုပ်ခြင်းဘေးမှလည်း ကင်းဝေးစေနိုင်ပါလိမ့်မယ် ။
(၆) ဂေါ်ရခါးသီးကိုမှန်မှန် စားသုံးပေးခြင်းအားဖြင့် အရိုးပါးရောဂါ ၊ အယ်လ်ဇိုင်းမားရောဂါ ၊ စိတ်ကျရောဂါ
ဝေဒနာများကို ကာကွယ်တားဆီးပေးပါတယ် ။
(၇) နာတာရှည် အိပ်မပျော်သူများအတွက် အထူးပင်သင့်လျော်ပြီး ပင်ပန်းနွမ်းနယ်မှုများကိုလည်း လျော့ပါး
သက်သာစေပါတယ် ။
(၈) ဂေါ်ရခါးသီးမှာ ဗီတာမင် B6 ပါဝင်တဲ့ အတွက် မှတ်ဉာဏ်စွမ်းရည်ကိုလည်း တိုးတက်မြင့်မားလာ
စေပါတယ် ။
(၉) ဂေါ်ရခါးသီးဟာ ဆဲလ်များ ထိခိုက်ပျက်စီးမှုကို ကြိုတင်ကာကွယ်ပေးနိုင်ပါတယ် ။
(၁၀) သွားဖုံးကျန်းမာရေး ၊ သွားကျန်းမာရေး၊ ခံတွင်းအပူလောင်ခြင်း ၊ အဆုတ်ကျန်းမာရေးနဲ့ ကျောရိုး
ကျန်းမာရေးတို့ကိုလည်း တိုးတက်ကောင်းမွန်စေပါတယ် ။
(၁၁) ဂေါ်ရခါးသီးဟာ ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးနိုင်တဲ့ အတွက် မကြာခဏ ဖြစ်တတ်တဲ့ အပူဖျား ၊အအေးမိဖျားရောဂါများကို ကြိုတင်ကာကွယ်ပေးနိုင်ပါတယ် ။
(၁၂) ဂေါ်ရခါးသီးထဲမှာ ကော့ပါးဓါတ် ပါဝင်တဲ့ အတွက် သိုင်းရွိုက်ရောဂါဝေဒနာသည်များ စားသုံးပေးသင့်ပါတယ် ။
(၁၃) ဂေါ်ရခါးသီးထဲမှာ ပါဝင်တဲ့ ဇင့်ဓါတ်ဟာ ခန္ဓာကိုယ် အရေပြားထဲမှ အဆီထွက်ခြင်းကို ထိန်းချုပ်ပေးနိုင်တဲ့အတွက် မျက်နှာနဲ့ ခန္ဓာကိုယ်ပေါ်ရှိ ဝက်ခြံများကို ပျောက်ကင်းသက်သာစေနိုင်ပါတယ်
(၁၄) ဂေါ်ရခါးသီးထဲမှာ မဂ္ဂနီဆီယမ်ဓါတ်လည်းပါရှိခြင်းကြောင့် မှန်မှန်စားသုံးပေးခြင်းဖြင့် ခြေသလုံး ကြွက်သားများကြွက်တက်ခြင်းမှ ကာကွယ်ပေးနိုင်တာလည်းတွေ့ရပါတယ် ။
ဂေါ်ရခါးသီးသာမက ဂေါ်ရခါးရွက် ၊ ဂေါ်ရခါးညွန့်တို့ဟာလည်း အလွန်ဆေးဘက်ဝင်လှပါတယ် ။ ဂေါ်ရခါးရွက် ၊ဂေါ်ရခါးညွန့်တို့ကို အရွက်စိမ်းဖြစ်စေ ၊ အခြောက်ခံပြီး ဖြစ်စေ ရေနွေးကြမ်း ( အခါးရည် ) အဖြစ်မှန်မှန်သောက်သုံးသွားပါက သွေးတိုး ကျစေခြင်း ၊ သွေးကြောမကြီးများ ပိတ်ဆို့ တင်းမာမှုကို ဖြေလျော့စေနိုင်ခြင်း ၊ ဆီးရွှင်စေခြင်း ၊ ကျောက်ကပ်ထဲရှိ ဆီးကျောက်များကို ကျစေခြင်း စသဖြင့် ဆေးစွမ်းထက်လှတာကို တွေ့ရပါတယ် ။
ဒါကြောင့် ဈေးနှုန်းသက်သာ ၊ ကျန်းမာရေး ကိုလည်း အထောက်အကူပြု ပြီး ဘေးထွက်ဆိုးကျိုးလည်း ကင်းလှတဲ့ဂေါ်ရခါးသီးကို အရွယ်သုံးပါးမရွေး စားသုံးသင့်တဲ့ အကြောင်း အားလုံး သက်ရှည်ကျန်းမာစေဖို့ ဆုတောင်းရင်းနဲ့
Health Magazine တစ်စောင်ထဲက ဆောင်းပါးတစ်ပုဒ်ကို ဘာသာ ပြန်ဆိုပြီး ဗဟုသုတ မျှဝေလိုက်ပါတယ် ။

No comments:
Post a Comment