Thursday, January 3, 2013

ပရုတ်အေး



အသုံးပြုပုံ-
ပဉ္စငါးပါး
၁။ လေဆေး၊ ဝမ်ဖော ဝမ်းရောင် ပျောက်ဆေး၊ အစာအိမ် အားတိုးဆေး၊ အဖျားကျ ဆေး နှင့် အကြောဆွဲ ရောဂါ အတွက် ဖော်စပ် သော ဆေးများ တွင် ပရုတ်အေး ကို ထည့်သွင်း အသုံးပြု ၏။
 
၂။ပရုတ်အေး ပင်ကို ပြုတ်သောက် သော် ဝမ်းဗိုက်နာ ပျောက်ကင်း၏။

အရွက်
၁။ အရွက်ရည်ကို ပျားရည်နှင့် ရောလျက် သော် ဝမ်းသက် ရောဂါ ပျောက်၏။
 
၂။ပြုတ်သောက် သော် အကြော အဆစ် ရောင်ခြင်း၊ ကိုက်ခြင်း၊ လည်ချောင်း နာခြင်း၊ ချောင်းဆိုး ခြင်း ပျောက်၏။
 
၃။အအေး ဖျား ဖျားသော် အရွက် ကို ချင်းခြောက်နှင့် ပြုတ်သောက် ရ၏။
 
၄။ရွက်နု ကိုကြိတ် ရှူသော် တွေေ၀ မူးမိုက်ခြင်း ပျောက်၍ ဦးနှောက် ကို ကြည်လင် စေ၏
 
၅။အရွက်ရည် ကို လိမ်းကျံ ပေးသော် နဖူး၊ မျက်ရိုး ကိုက်ခြင်း ပျောက်၏။
 
၆။အရွက်ကို ပေါင်းချွေး ပြုလုပ်၍ တိုက်သော် ကလေးများ ဝမ်းဗိုက်နာ ခြင်း ပျောက်၏။
 
၇။အရွက် ချွေးပြန်ရည် သောက်သော် သွေးတိုး ရောဂါ ပျောက်၏။
 
၈။အရွက်ကို ဝါး၍ ကြောင်ကိုက်သော နေရာသို့ လိမ်းပေးသော် ကြောင်ဆိပ် ပြယ်၏။
 
၉။ပျို့အန်ခြင်း ပျောက်ကင်း စေတတ်သော ဆေးတွင် ပရုတ်အေး ကို ထည့်သောက်သော် ပိုမို လျင်မြန်စွာ ပျောက်ကင်း စေနိုင်၏။
 
၁၀။ပရုတ်အေးမှ ပရုတ်ဆီ ထုတ်၍ ပရုတ်ခဲ ပြုလုပ်ပြီး သွားတိုက်ဆေး၊ ချိုချဉ် ၊ဆပ်ပြာ၊ ဆပ်ပြာမွှေး၊အမွှေးအကြိုင် နှင့် အဖျော် ယမကာ များတွင် အားအင် ဖြည့်ဆေး အဖြစ် ထည့်သွင်း အသုံးပြုသည်။

ဆူးပန်းပင်



အသုံးပြုပုံ-
အရွက်
၁။အရွက်ကို ချဉ်ရည်ဟင်း ချက်စားခြင်းဖြင့် ဆီးကိုရွှင်စေပြီး ခွန်အားကို တိုးပွားစေ၏။
 
အပွင့်
၁။အပွင့်ကို ကြိတ်၍ သောက်ပါက မြွေဆိပ်၊ ကင်းဆိပ်ကို ပြယ်စေ၏။

၂။အပွင့်ခြောက်ကို အမှုန့်ပြုစားသုံးပါက အသားဝါရောဂါ ပျောက်၏။
 
၃။အပွင့်ကိုကြိတ်၍ သကြားနှင့် ရောသောက်ပါက လိပ်ခေါင်းနှင့် ကျောက်တည်ရောဂါ ပျောက်သည်။
 
၄။အပွင့်ပြုတ်ရည်ကို နှာရောင်၊ ကြွက်သားရောင်ခြင်း၊ အဆစ်နာခြင်း အတွက် သုံးသည်။
 
၅။အပွင့်ကို ဒန်းကြီးရွက်နှင့် ရောကြိတ်ပြီး ခြေ၊ လက်ဖဝါးတို့၌ လိမ်းက ကျောက်ရောဂါ ပျောက်၏။အမြစ် 

၆။ဆီးရွှင်ဆေး အဖြစ် အသုံးပြုသည်။
 
အစေ့
 ၁။ဆူးပန်းစေ့နှင့် ဆူးဖြူခေါက်တို့ကို အညီအမျှစီယူ၍ မီးရှို့ပြာချ ပြီးနောက် ယင်းပြာကို စပယ်ဆီနှင့်ရော၍ ဆံပင်၌ လိမ်းလျှင် ဆံပင်များ နူးညံ့ပျော့ပျောင်း၍ ဆံပင်အလွန် ကောင်းလာစေသည်။
 
၂။အစေ့ကို အမှုန့်ပြု၍ နွားနို့နှင့်သောက်ပါက အရူးရောဂါ ၊ လေဖောက်ပြန်သောရောဂါ ၊ ယားနာ ပျောက်၏။

ဆေးဂန္ဓမာ


အသုံးပြုပုံ-
အရွက်--
၁။အရွက်ကို ငရုတ်ကောင်းနှင့် ရောကြိတ်သောက်သော် ဆီးအောင့်ရောဂါ ပျောက်၏။ ၂။ ပါးစပ်ကွဲ၊ ညောင်းကျ၊ သွေးအန် သွေးကျရောဂါ တို့ကို ကုသရာ၌ အသုံးပြု၏။
 
အပွင့်နှင့် ပဉ္စငါးပါး--
၁။ခြင်ဆေး၊ ပိုးသတ်ဆေး အဖြစ် အသုံးပြု၏။

၂။ အပွင့်မှ ထုတ်ယူရရှိသော ဆေးရည်သည် သွေးလွန်တုပ်ကွေး ရောဂါကို ဖြစ်စေတတ်သည့် ခြင်များကို အထိရောက်ဆုံး နှိမ်နင်းနိုင်ကြောင်း သိရသည်။

ရေသကျည်း


အသုံးပြုပုံ-
အမြစ်--
၁။ အမြစ်ကို အကျိတ် ရောဂါ၊ အဖျားရောဂါ၊ အနာပေါက် ရောဂါ၊ဆီးချိုရောဂါ၊ သွေးမကောင်း ၍ကိုယ်ပေါ်တွင် အဖြူ အနီ ကွက်များ ပေါ်ခြင်းနှင့် လည်ချောင်း ရောဂါ တို့အတွက် ဆေးဖော်စပ် အသုံးပြု၏။
 
၂။ကင်းဆိပ် ဖြေဆေး အဖြစ်လည်း သုံး၏။ အခေါက်--၁။ အခေါက် ကြိတ်ညှစ်ရည် ကို အရေပြား ရောဂါ ရှိသူများအား တိုက်ကျွေးခြင်း၊ အစေ့ ကို သွေး၍ လိမ်းကျံပေး ခြင်းပြုရ၏။

အစေ့--
၁။ အနာဟောင်း၊ အနာဆွေး များပေါ်တွင် အစေ့ကို သွေးလိမ်းပေး ခြင်းဖြင့် အသားနု တက်၍ ပျောက်ကင်း စေသည်။
 
၂။ အစေ့ကို မီးယပ်သွေး မှန်ဆေး၊အသည်းရောင်၊အဆုတ်ရောင် ရောဂါ ကုဆေး အဖြစ်လည်း ဖော်စပ် သုံး၏။
 
အရွက်--
၁။ အရွက်ကို အဆိပ်သင့် ခြင်းနှင့် ကိုယ်လက် ဖောရောင်သော အနာ၊ မျက်စိနာ များအတွက် အသုံးပြု ရ၏။
 
၂။ ရွက်နု များကို ဟင်းချို ချက်သောက်ခြင်း၊ ရေနွေး ဖြော၍ တို့မြှုပ်စားခြင်း၊ အချဉ် တည်၍ စားခြင်း၊ သုပ်စား ၊ကြော်စား ခြင်းဖြင့် သားသည် အမေများ နို့ရည်ကို များစေ၍ နို့ချောင်း ပိတ်ခြင်းကို ကာကွယ်ပေး ပြီး နို့ရည်ကို အထူး သန့်စင် စေ၏။
 
၃။ အဆစ်ရောင် ရောဂါ၊ ကိုယ်လက် ကိုက်ခဲသော ရောဂါ များအတွက် အရွက်ကို ပြုတ်သောက် ရ၏။
 
၄။ အရွက်ခြောက်ကို အမှုန့်ပြု၍ ပျားရည် သို့မဟုတ် အရက်ချို များဖြင့် ရောစပ် သောက်သုံးသော် အင်အားကို ပြည့်ဖြိုး စေ၏။
 
၅။ ရေသကျည်း ရွက်ကြိတ်ညှစ်ရည် ကို မျက်စိ၌ ခတ်ပေးသော် အဖျားပျောက်၏။

လက်ထုတ်ကြီး


အသုံးပြုပုံ-
အခေါက်
၁။ လက်ထုတ်ခေါက် ကို အတွင်းလိပ်ခေါင်း နှင့်စပ်လျဉ်း သည့် သွေးယို သွေးကျ ရောဂါပျောက်ဆေး အဖြစ် ဖော်စပ် အသုံးပြု၏။
 
၂။ လက်ထုတ်ကြီး အခါးခေါက်ကို ဒိန်ချဉ်ရည် နှင့် သွေးသောက်သော် ကျောက်တည် ရောဂါ ပျောက်၏။
 
၃။ အမြစ်ခေါက်ကို အမှုန့်ပြု၍ ရေနှင့် မွှေပြီး အဝတ်နှင့် စစ်၍ သောက်သော် အဖျား ပျောက်၏။
 
၄။ အခေါက် ပြုတ်ရည်တွင် ဆားနှင့် ရှိန်းခို အနည်းငယ် ထည့်သောက်ပါက လေထိုး လေအောင့် ပျောက်၏။ 

၅။ အခေါက်ကို နွားနို့ နှင့်ကြိတ်သောက် ပါက ဆီးချုပ် ဆီးအောင့် ရောဂါ ပျောက်၏။
 
၆။ အခေါက်ကို အမှုန့်ပြု၍ နားတွင်းသို့ အနည်းငယ် ထည့်ပြီး နောက် အရွက်ကြိတ်ညှစ် ရည်ကို နားတွင်းသို့ ခတ်ပေးက နားကိုက် နားပြည်ယို သောရောဂါ ပျောက်၏။
 
၇။ အခေါက် ကို လှော်၍ အမှုန့်ပြုပြီး ပျားရည် ထောပတ်တို့ နှင့် ရော၍ သုံးဆောင်ပါက အကြော ရောင်ရောဂါ ပျောက်၏။
 
၈။ အခေါက်ကို အမှုန့်ပြုလုပ်၍ ပျားရည်နှင့် ရောသောက်သော် ဝမ်းကိုက်ရောဂါ၊ သွေးဝမ်းသွား ရောဂါနှင့် ကာလဝမ်း ရောဂါ များ ပျောက်၏။
 
အမြစ်
၁။ လက်ထုတ်မြစ်ဖြင့် ဖော်စပ်သော လျက်ဆားကို မီးယပ် ရောဂါ၊ ဝမ်းရောဂါ၊ ဝမ်းကိုက်၊ သွေးအန် သွေးကျ ရောဂါ ပျောက်ဆေး အဖြစ် အသုံးပြု၏။
 
၂။ လက်ထုတ်ကြီး မြစ်ကို ရေနွေးနှင့် သွေး၍ တစ်နေ့ ၂ ကြိမ်ကျ သောက်သော် ဝမ်းဗိုက် ဖောရောင်ခြင်း ပျောက်၏။
 
၃။ ကျောက်သွေး ဝမ်းကျလျှင် လက်ထုတ်ကြီး မြစ်ကို အရက်နှင့် သွေး၍ ဆားအနည်းငယ် ခတ်သောက်လျှင် ပျောက်၏။ ကျောက်ပေါက်၍ လည်ချောင်းနာ လျှင် လက်ထုတ်ကြီး အမြစ်ခေါက် ကို ဆားနှင့် ကြိတ်၍ ငုံရ၏။
 
၄။ အမြစ်ကို သွေး၍ သိန္ဓောဆား အနည်းငယ် ထည့်ပြီး နွားကျင်ငယ် ရေဖြင့် လိမ်းပေးသော် အနာ မီးလျှံ အနာစက် များ ပျောက်၏။
 
၅။ လက်ထုတ်ကြီး မြစ်နှင့် ဇဝက်သာကို အမှုန့်ပြု၍ နွားနို့ သို့မဟုတ် ဆန်ဆေးရည် နှင့် သောက်သော် ကျောက်တည် ရောဂါ ပျောက်၏။
 
၆။ အမြစ်ကို ရေနှင့် သွေးပြီး အိပ်မွေ့သီး အနည်းငယ် ထည့်သောက်သော် သန်ကျ၏။

ဖန်ခါးသီး



အသုံးပြုပုံ-
အသီး
၁။ ဖန်ခါးသီး ပြုတ်ရည်ကို နို့နှင့် ရောတိုက် ပါက အရက်မူး ခြင်း ပျောက်၏။
 
၂။ဖန်ခါးသီး အခြောက်မှုန့် နှင့် အုန်းဆီ ရော၍ မီးလောင် ဖု များကို လိမ်းပေး သော် အနာ သက်သာ စေသည်။

၃။ဖန်ခါးသီး ကို ထု၍ တစ်ည ရေစိမ် ပြီး ထို ရေကြည် ဖြင့် မျက်စိ ကို ဆေးပေး ပါက မျက်စိ နာကျင် ကိုက်ခဲ ခြင်း ပျောက်၏။
 
၄။ဖန်ခါးသီး ကို အမှုန့် ကြိတ်ပြီး နို့နှင့် သောက်ပါက အနာ ရောဂါ ကင်း၍ အသက် ရှည်စေသည်။ အမြဲ တမ်း မမှီဝဲ သော်မှ ၇ ရက် တစ်ကြိမ် မှီဝဲ နိုင်ပါသည်။
 
၅။အသီး ကို ဝမ်းနုတ်ဆေး ဖော်စပ် ရာတွင် ထည့်သွင်း အသုံးပြု၏။
 
အစေ့
၁။ ဝက်ခြံ အမြစ် မထွက် သော် ဖန်ခါးသီး စေ့ကို ဆန်ဆေး ရည် နှင့် သွေးလိမ်း ရ၏။
 
အရွက်
၁။ ဖန်ခါး ရွက်ရှိ အသီး ကဲ့သို့ ဖုဖောင်း နေသော ကတြ သင်္ချေကို ဝမ်းနုတ်ဆေး ၊ သွေးဆေး၊ လေဆေး၊ မျက်စိ နာ ပျောက်ဆေး စသည်တို့ ဖော်စပ် အသုံး ပြု သည်။
 
၂။မီးယပ်ဆေး၊ ဒူလာဆေး၊ လိပ်ခေါင်းဆေး များ ဖော်စပ် ရာတွင်လည်း ထည့်သွင်း အသုံး ပြုသည်။
 
အခေါက်
၁။ အခေါက် ကို ပြုတ်သောက် သော် ဝမ်းလျှော ဝမ်းကိုက် ရောဂါ များကို ပျောက်ကင်း စေသည်။
 
၂။ရုတ်တရက် ရရှိသော ထိခိုက် ဒဏ်ရာ များ ပေါ်တွင် အခေါက်ကို ကြိတ်၍ အုံပေး သော် သွေးထွက် လွန်ခြင်း ကို ရပ်တန့် စေသည်။

ထားဝယ်မှိုင်း


အသုံးပြုပုံ-
အစေ့
၁ ။ ၎င်းအစေ့ ၂-၃ စေ့ကို ကြိတ်၍ ပျားရည်နှင့် ရောပြီး စားသုံးပါက သန်ကောင်များ သေကြေ ကျဆင်း လာမည်။
 
၂ ။ အလွန် ပြင်းထန် စွာ ဖျားနာ လျက် ဝမ်းသွားသော အခါ အစေ့ကို ကြိတ်၍ စားခြင်း ဖြင့် ပျောက်ကင်း စေ၏ ။

အရွက်
၁ ။ ဝမ်းကိုက် သော အခါ (ချွဲသက်သက် ဖြစ်စေ ၊ သွေးစ သွေးန များဖြင့် ရောပြွမ်း ၍ ဖြစ်စေ) ၎င်း အရွက်ကို ရေနွေး ဖြော၍ သုပ်စား ပါက ရက် အနည်းငယ် အတွင်း ပျောက်ကင်း၏ ။
 
၂ ။ လေထိုး ခြင်း ၊အစာ မကြေခြင်း အတွက် ၎င်း အရွက် ကို ပြုတ်သောက် က ပျောက်ကင်း ၏ ။

ဒန့်သလွန်ပင်



အသုံးပြုပုံ-
အရွက်
၁။ ဒန့်သလွန်ရွက်၊ ကြက်သွန်ဖြူ၊ ပတဲ ကောမြစ်၊ မိဿလင် ဟင်းခါး ချက်သောက် သော် ရာသီထိမ် ခြင်း ပျောက်၏။
 
၂။ ဒန့်သလွန် ရွက်ကို ၃ ခွက် တစ်ခွက်တင် ဟင်းချို အဖြစ် ပြုတ်သောက်သော် သွေးတိုး ကျ၏။

အမြစ်
၁။ ဒန့်သလွန် မြစ်ကို ထုထောင်း ကြိတ်ခြေ၍ အရည်ကို ညှစ်ကာ စားပွဲဇွန်း နှင့် တစ်ဇွန်း ခန့် သောက်က အသံဝင် အသံကပ် လည်ချောင်းနာ ပျောက်၏။
 
၂။ ဒန့်သလွန် မြစ်နှင့် မုန်ညင်းစေ့ အမျှ ပေါင်းစပ်၍ ရောကြိတ်ပြီး ရေတွင် ၂ နာရီ ကျော်မျှ စိမ်ကာ တစ်ခါသောက် စားပွဲဇွန်း တစ်ဇွန်း တစ်နေ့ ၃ ကြိမ်သောက် က အစာ မကြေ ဝမ်းဖော ဝမ်းရောင် ပျောက်၏။
 
၃။ ဒန့်သလွန် မြစ်ကို သုံးခွက် တစ်ခွက်တင် ကျို၍ စားပွဲဇွန်း တစ်ဇွန်း မှန်မှန် သောက်သော် ဝမ်းတွင်း သက်တန့် ပျောက်၏။
 
၄။ ပန်းနာ ရောဂါ အတွက် ဒန့်သလွန် မြစ်ကို ကြိတ်၍ ရသော အရည်ကို ချင်းရေနှင့် ရောသောက် ရ၏။
 
၅။ ဒန့်သလွန် မြစ်မှုန့်နှင့် ပရန္နဝါ မြစ်မှုန့် ဆတူကို အုန်းနို့ ပျားရည် တို့နှင့် ရောစပ် ချက်ပြီး နံနက် ည တစ်ဇွန်း စီ သောက်သော် အားအင် ပြည့်ဖြိုး ခွန်အား တိုး၍ အသက် ရှည်စေ၏။
 
၆။ အမြစ် ကိုကြိတ်၍ စည်းပေးသော် ရောင်တင်းခြင်း ပျောက်၏။ အမြစ် ကြိတ်ညှစ် ရည်ကို နို့နှင့် ရောသောက်သော် ဆီးချို ရောဂါ ပျောက်၏။
 
အသီး
၁။ဒန့်သလွန်သီး ကို ဟင်းချက် ကျွေးက ကလေး များ သန်ကောင်၊ တုတ်ကောင် ကင်းရှင်း စေ၏။
 
၂။ အသီး ကို အမှုန့် ပြု သကြားနှင့် ရောသောက်သော် ဆီးများခြင်း ပျောက်၏။
 
အစေ့
၁။ အစေ့ သည် အဆိပ် သင့်ခြင်းနှင့် ခေါင်းကိုက် ရောဂါ ဖြစ်ခြင်း ကို ပျောက်ကင်းစေ တတ်၏။ အစေ့ ကို အမှုန့် ပြု၍ နား၌ ထည့်ပေးသော် နားကိုက်ခြင်း၊ နားပြည်ယို ခြင်း ပျောက်၏။
 
၂။ အစေ့ဆီကို အနာပေါက် နှင့် ယားနာ အမျိုးမျိုး တို့၌ သုံး၏။
 
အစေး
၁။ အစေးကို ပါးစပ်၌ ငုံပေး သော် သွားပုပ်ခြင်း ပျောက်၏။
 
အပွင့်
၁။အပွင့်ကို ဖောရောင် ခြင်း၊ အဖျဉ်း ကြီးခြင်း နှင့် အကြော ရောဂါ ၊ သက်တန့် ရောဂါ၊သလိပ် ရောဂါ၊ လေဖောက် ပြန်သော ရောဂါ များအတွက် ဆေးဖော်စပ် သုံးရ၏။
 
အခေါက်
၁။လတ်ဆတ် သော အခေါက်ရည် ကို နား၌ ထည့်ပေး သော် နား နာကျင် ကိုက်ခဲခြင်း၊ နား ပြည်ယို ခြင်း များကို ပျောက်ကင်း စေတတ်၏။

ချင်းတက်

ချင်းလို့ ဆိုလိုက်တာနဲ့ ကလေးလူကြီးအားလုံး သိကြပါမယ်လို့ မျှော်လင့်မိပါတယ်...။ချင်း တက်လေး
ကို သဲထဲမှာ မြှုပ်ထားရင် အလိုလို အပင်ပေါက်လာပါတယ်...။ ချင်းတက် က ဈေးသက်သာသလော
က် လူကိုတော့ တော်တော်လေး အကျိုးပြုပါတယ်..။ ကြားဖူးကြမှာပေါ့ အစာလည်းဆေး၊ ဆေးလည်း
အစာ ဆိုတာလေ...။

ချင်းကို ဟင်းချက်ရာမှာ အဓိက ထားပြီး သုံးစွဲကြပါတယ်...။ ချင်းထည့်ချက်တဲ့ ဟင်းလျာက မွှေးလွ
န်းလှပါတယ်..။ နောက်တစ်ခုကတော့ ချင်းကို သုပ်စားတာပါပဲ...။ ချင်းသုပ်က စားလို့ကောင်းသလို
ဆေးဖက်လည်း ဝင်တယ်လေ...။

အသံဝင်၊ လည်ချောင်းနာ ဖြစ်တဲ့အခါတွေမှာတော့ ချင်း နဲ့ ထန်းလျက်ကို သုံးခွက် တစ်ခွက်တင်ရော
ကျိုပြီး သောက်သုံးပါက ပျောက်ကင်းစေပါတယ်...။ ရာသီဥတု အပြောင်းအလဲကြောင့် ဖြစ်ပေါ်တတ်
တဲ့ တုတ်ကွေး၊ ချောင်းဆိုး၊ ချမ်းစိမ့်စိမ့် ဖျားတဲ့အခါမျိုးဆိုရင်တော့ ချင်းနဲ့ ထန်းလျက်ကို သုံးခွက်တစ်
ခွက်တင် ရောကျိုပြီး သောက်သုံးပါက ပျောက်ကင်းစေပါတယ်...။ ကျွန်တော်တို့ အိမ်မှာ တုတ်ကွေး
ဖြစ်ရင်တော့ ချင်းကို တော်တော်လေး အသုံးပြုပါတယ်...။

ပြင်းပြင်းထန်ထန် ခေါင်းကိုက်ဖူးကြမှာပေါ့..။ အဲလိုမျိုး ဖြစ်တဲ့အခါမှာတော့ ချင်းတက်ကို ထုထောင်း
ပါ...။ ရလာတဲ့အရည်ကို လက်ဘက်ရည်ဇွန်းရဲ့ သုံးပုံတစ်ပုံခန့်စားတဲ့အခါမှာ သက်သာပျောက်ကင်း
စေပါတယ်...။ နားကိုက်တဲ့ အခါမျိုးမှာတော့ ချင်းတက်ရဲ့ သတ္ထုရည်ကို နားထဲ ခတ်ပေးလျှင် သက်
သာစေပါတယ်...။ ကားမူး တတ်တဲ့သူများအတွက်တော့ ခရီးမသွားခင် ချင်းတက် အနည်းငယ်ကိုဝါး
စားခြင်းဖြင့် ကားမူးတာ သက်သာစေပါတယ်..။ ဇက်ကြော တက် တဲ့သူတွေ အတွက်တော့ ချင်းေ
လးကို ပါးပါးလှီး မီးကင်ပြီး ဇက်ကြောတက် တဲ့ နေရာမှာ ကပ်ပေးရင် သက်သာစေပါတယ်...။

ဆင်တုံးမနွယ်

အသုံးပြုပုံ-
ပဉ္စငါးပါး
၁။ ဆင်တုံးမနွယ်ကို သုံးခွက်တစ်ခွက်တင် ပြုတ်၍ သောက်ပါက အဆိပ်များ ပြေပျောက်၏ ။
 
၂။ ဆင်တုံးမနွယ်ကို မြင်းခွာရွက်နှင့်ရော၍ ပြုတ်ပြီး သောက်သော် နှလုံးတုန်ခြင်း ၊ စိတ်ခြောက်ခြား ခြင်းပျောက်၏ ။ 

၃ ။ ဆင်တုံးမနွယ် လက်လေးသစ်ကို ပါးပါးလှီး၍ မကြာခဏ စားသုံးပါက သွေးအန်ရောဂါ ပျောက်၏ ။

၄။ ဆင်တုံးမနွယ်ရွက်ကို လောက်သေရွက် ၊ အုန်းနှဲရွက် ၊ သင်္ဘော မဲဇလီရွက် ၊ ကုန်းထိကရုံးရွက်တို့နှင့် အမျှစပ်၍ လက်ဖက်ရည် အဖန်ကဲ့သို့ သောက်က အသက်ရှည်၍ အနာရောဂါ ကင်းစေနိုင်သည်။
 
၅။ ဆင်တုံးမနွယ် လေးခွက်တစ်ခွက်တင် ပြုတ်ရည်ကို သောက်ခြင်းဖြင့် နာတာရှည် အဆစ်ရောင်ရောဂါတို့အတွက်လည်း ဆေးအဖြစ်ဖော်စပ်သုံး၏ ။
 
၆။ ဆင်တုံးမနွယ်ကို လေရောဂါ ၊ သည်းခြေရောဂါ ၊ ဆီးရောဂါ ၊ မီးယပ်ရောဂါ ၊ နားကိုက် ်၊သလိပ်နာ၊ နာတာရှည် အဆစ်ရောင် ရောဂါတို့ အတွက်လည်း ဆေးအဖြစ် ဖော်စပ် သုံး၏။
 
၇။ ဆင်တုံးမနွယ်ကို အရည်ညှစ်၍ ကြက်သီးနွေးမျှ ပြုတ်ပြီး နား ၌ ဆေးကြောပေးပါက နားကိုက်နာဟူသမျှ ပျောက်၏ ။
 
၈။ ကျွဲ ၊နွား ၊ဆင်၊ မြင်းတို့တွင် ရောဂါဘယကင်းဝေးစေရန် အတွက် ဆင်တုံးမနွယ်ကို စင်း၍ အစာတွင် ထည့်ကျွေးပါက ဝမ်း လေကောင်း၍ ရောဂါကင်းဝေးပြီး ဝဖြိုးစေသည်။

ရဲယိုပင်



အသုံးပြုပုံ-
အရွက်
၁။ ရဲယိုရွက် ကိုပြုတ်၍ တို့စားလျှင် လေချုပ် ရောဂါ၊ ဝမ်းဗိုက်နာ ရောဂါ၊ အာခေါင် ပူလောင် သောရောဂါ၊ သည်းခြေ ဖောက်ပြန်သော ရောဂါနှင့် သွေးတိုး ရောဂါ ပျောက်ကင်း၏။
 
၂။ ရဲယိုရွက် ကို ငါးမြွေထိုး အသားနှင့် ပြုတ်၍ သုပ်စားလျှင် ပင်လယ် အူနာ ပျောက်သည်။

၃။ ရဲယိုရွက် ကို သုပ်စားပါက နို့ချောင်းပိတ် ရောဂါ၊နို့ရေ ခန်းရောဂါ၊သကျည်း ကိုက်ရောဂါ၊ဝမ်းရစ်နာ ခြင်းနှင့် နှာခေါင်း သွေးလျှံ ခြင်းတို့ကို ပျောက်စေ၏။
 
၄။ နှလုံး ရောဂါ၊ သွေးသွန် ရောဂါနှင့် ဆီးချို ရောဂါများ အတွက် ဒန့်သလွန်ရွက် နှင့် ဟင်းချို ချက်သောက်က ပျောက်စေ၏။
 
အသီး
၁။ ပျားရည်နှင့် ခေါက်စားလျှင် ချောင်းဆိုး ရောဂါနှင့် ပန်းနာ ကို ပျောက်စေသည်။
 
၂။ ရဲယိုသီး မှည့်ကို ထန်းလျက်နှင့် စားသော် အစာမကြေ ရောဂါ ပျောက်၏။ ၃။ အသီးနုကို ပြုတ်၍ သုပ်စားက လေထိုး လေအောင့် နှင့် သွေးတက်ရောဂါ ပျောက်၏။

သနပ်ပစ္စည်း



အသုံးပြုပုံ-
အရွက်
၁ ။ ဆီး၌ သွေးပါခဲ့သော် အရွက်ရည်ကို ဆေးခြောက် အနည်းငယ် နှင့် ရောသောက် ရ၏။
 
၂ ။ ဖျားနာခြင်း နှင့် ကလေးများ အညှော် မိ၍ ငန်းမန်း လိုက်ခြင်း များ အတွက် အရွက်ကို ကြိတ်၍ နှမ်းဆီ နှင့် ရောပြီး ငယ်ထိပ်ပေါ် တွင် လိမ်းပေးခြင်း ၊ အုပ်ပေးခြင်း ပြုရ၏ ။

၃ ။ မီးယပ်လာစဉ် ကိုက်ခဲခြင်း အတွက် အရွက်ရည်ကို အတွင်းဆေးအဖြစ် သုံး၏။
 
၄ ။ ဆီးရွှင်ဆေး လေထိုး လေအောင့် ရောဂါပျောက်ဆေး ဖော်စပ်ရာ တွင်လည်း ထည့်သွင်း အသုံးပြု ၏။

ညောင်ဗောဓိဟေ ၊ ဗောဓိညောင်


အသုံးပြုပုံ-
အခေါက်
၁။ အခေါက်ကို ရေနှင့် ထက်ဝက်ခန်းအောင် ကျို၍ လည်းကောင်း ၊ ပြုတ်၍ လည်းကောင်း သောက်သော် အရေပြားရောဂါအမျိုးမျိုးနှင့် ယားနာ ပျောက်၏ ။
 
၂။ အမြစ်ခေါက် ကို ရေနှင့် ထက်ဝက်ခန့် ကျိုသောက်သော် ရေယုန်ကြီးနာရောဂါ ပျောက်၏။

၃။ အနာဟောင်း ၊ အနာပျက်တို့၌ အခေါက်နုကို ပြာချ၍ ၎င်းပြာကို အဝတ်နုဖြင့် စစ်ပြီး အနာများ ပေါ် လိမ်းပေးက လျင်မြန်စွာ ပျောက်စေ၏ ။
 
၄။ ညောင်ဗုဒ္ဓဟေ အတွင်းသားခေါက်ကို အခြောက်လှန်း အမှုန့်ပြုပြီး ဂရင်ဂျီနာ ပေါ်သို့ ပြွန်ချောင်း ဖြင့် မှုတ်ထည့်ပေးသော် ရက်အနည်းငယ်အတွင်း အသားနုတက်၍ အနာကျက်လာ၏ ။
 
၅။ အခေါက်ကို ပြုတ်၍ အရည်ကို ငုံပေးသော် သွား ရောဂါ ပျောက်၏ ။
 
၆။ ညောင်ခေါက်ကို ပြာချ၍ ကာလသားရောဂါ ကြောင့်ဖြစ်သော လိင်နိမိတ်နာပေါ်၌ ဖြူးပေးသော် အနာများခြောက်၍ ပျောက်သွားမည်။
 
၇။ ညောင်ခေါက်ကို မီးလောင်နာ၊ နို့နာ ၊ မေးခိုင်နာ ၊ တိရစ္ဆာန်များ၌ ပိုးကျသောအနာများ ကုသသော ဆေးဖော်စပ်သုံး၏ ။
 
အသီး
၁။ အသီးခြောကို ကြိတ်၍ ရေနှင့် ရောပြီး အနည်းငယ်ခန့် သောက်သော် ပန်းနာ ၊ ရင်ကျပ်ရောဂါ ပျောက်၏ ။
 
အရွက်
၁။ ယင်းအရွက်ကြိတ်ညှစ်ရည်နှင့် အစေးကို ခြေကွဲနာ ပေါ်၌ လိမ်းပေးသော် ပျောက်၏ ။
 
၂။ အရွက်ကို ပေါင်ရင်းသွေးစုနာ ၊ သွေးလျှံသွေးကျနာ ၊ လျှာပါးစပ်ကွဲရောဂါတို့၌ သုံး၏ ။
 
၃။ အရွက်ကို ထန်းလျက်နှင့် ပြုတ်သောက်က မောပန်းခြင်း ပျောက်၍ ကိုယ်ခန္ဓာအားအင် ပြည့်ဖြိုးစေသည်။
 
အစေး
၁။ ညောင်စေးကို မီးယပ်ရောဂါ၌ သုံး၏ ။
 
အမြစ်
၁။ ညောင်ဗုဒ္ဓဟေမြစ်ကို သွေး၍နူနာနှင့် အခြားအနာပေါက်တို့ကို လိမ်းပေးက ပျောက်၏ ။
 
၂။ အမြစ်ကို သိန္ဓောဆားထည့်ပြုတ်ပြီး ပြုတ်ရည် အနည်းငယ်ကို သောက်ပေးက ပန်းနာရောဂါ ပျောက်၏ ။ ချွဲကို လည်း ကျစေသည်။
 
၃။ အမြစ်မှုန့် နှင့် ချင်းမှုန့်ရောစားက လေနှင့် ပန်းနာ ၊ ချောင်းဆိုး ၊ ထိုးအောင့်ခြင်း ၊ အော့အန်ခြင်း နှင့် ဆင်ခြေထောက်ရောဂါများ ပျောက်၏ ။

နွယ်သာကီ





အသုံးပြုပုံ-
(သောက်ဆေး အဖြစ် လုံး၀ မသုံး ရပေ။ ပြင်ပ လိမ်းဆေး အဖြစ်သာ သုံးနိုင်၏။ အဆိပ်ပင် ဖြစ်သည်။)
 
အမြစ်
၁။အမြစ်မှုန့် ကို ရေနှင့် ဖျော်၍ လိမ်းပါက ကင်ဆာနာ၊ ပြည်တည် အနာများ နှင့် နူနာ ရောဂါ များ ပျောက်ကင်း ၏။
 
၂။ဖျားသော သူကို နားတွင် လိမ်းပေးပါက အဖျား ပျောက်ကင်း၏။

၃။အဆိပ် ကို ပြယ်စေ သဖြင့် ကင်းကိုက်၊ မြွေကိုက် သော နေရာ များတွင် အမှုန့် ပြု လိမ်းပေး ပါက ပျောက်ကင်း၏။
 
၄။အမြစ်မှုန့် ဖြင့် ခေါင်းကို ပွတ်ပေး ပါက ခေါင်းကိုက် ရောဂါ ပျောက်၏။ ၅။အမြစ်ခေါက် မှုန့်ကို ပွေးနာနှင့် အခြား အရေပြား ပေါ်ဖြစ်သော ယားနာများ တွင် အသုံးပြု နိုင်သည်။
 
အရွက်
၁။အရွက် ကို အမှုန့်ပြု၍ ယားနာ၊ ပွေးနာ များတွင် လည်းကောင်း၊ ပြုတ်ရည် ကို အရောင် ကျ စေရန် လည်းကောင်း လိမ်းပေးလျှင် ပျောက်ကင်း၏။
 
၂။အရွက် ကို အရည်ညှစ် ၍ မြွေကိုက်ရာ တွင် အနည်းငယ် လိမ်းပေး ပါက မြွေဆိပ် ပျောက်ကင်း ၏။ အခြား အဆိပ် ပြင်းသော အကောင်များ ကိုက်ရာတွင် လည်း အသုံးပြု နိုင်၏။

ဟင်းနုနယ်ဆူးပေါက်



အသုံးပြုပုံ-
ပဉ္စငါးပါး
၁ ။ ပဉ္စငါးပါး ကြိတ်ညှစ်ရည်ကို သောက်ခြင်းဖြင့် မြွေဆိပ် ကို ပြေစေနိုင်သည်။
 
၂ ။ ပဉ္စငါးပါး ပြုတ်၍ သောက်သော် ကိုယ်ဝန် ပျက်ခြင်း မှ ကင်းဝေး၏။
 
အရွက်
၁ ။အရွက် ကို ညက်ညက်ကြိတ်၍ နှာခေါင်း မှ စပြီး မျက်နှာ အထက်ပိုင်း သို့ လိမ်းကျံ ပေးသော် နှာခေါင်း သွေးလျှံသွေးကျ ပျောက်၏ ။

၂ ။ အရွက်ကို ဟင်းချက်စား က ဆီးအောင့် ကျောက်တည်ရောဂါ ပျောက်၏။
 
၃ ။ အရွက်ညှစ်ရည်ကို ပျားရည်နှင့် ရောလျက် သော် သွေးအန် သွေးကျ ရောဂါ ၊ မီးယပ် သွေးလွန် ခြင်း ၊ မီးယပ်ဖြူ ဆင်း ခြင်း၊ ညောင်းကျခြင်း နှင့် အနာ အဖု အပိမ့် များ ပေါက်ခြင်း ပျောက်၏။
 
အမြစ်
၁ ။ အမြစ်ကို ရေနှင့် သွေး၍ ကင်းကိုက်ရာသို့ လိမ်းပေးသော် ကင်းဆိပ် ပြေ၏ ။ သွေးစုနာ ပေါ်သို့ လိမ်းပေးလျှင် လည်း ပျောက်ကင်း ၏ ။
 
၂ ။ အမြစ်ကို သွေး၍ လိမ်းခြင်း ၊ ကြိတ်၍ အုံပေးခြင်းဖြင့် အကြောတက်ရောဂါ ပျောက်၏ ။
 
၃ ။ အမြစ်ကို ရေနှင့်သွေး ၍ စစ်ပြီး နံနက်တစ်ကြိမ် ၊ ညတစ်ကြိမ် သောက်က မီးယပ် လွန်ခြင်း ပျောက်၏။

ငုပင်


အသုံးပြုပုံ-
ပဉ္စငါးပါး
၁။ပဉ္စငါးပါး(အမြစ်၊ အခေါက်၊အသီး၊အပွင့်၊အရွက်) ကို ရေနှင့် သွေးလိမ်းသော် ပွေးနာ၊ဝဲခြောက်နှင့် သွေးဆိုးခြင်းကြောင့်ဖြစ်သော အရေပြားရောဂါတို့ကို ပျောက်၏။
 
အရွက်
၁။အရွက်ကိုကြိတ်၍ ရသော အရည်နှင့် လိမ်းကျံပေးပါက ရေယုန်ကြီးနာပျောက်၏။

၂။အဆစ်ရောင်ရာ၌ အရွက်ကို ပူအောင်လုပ်၍ ကြပ်ထုပ်ထိုးပေးက ပျောက်၏။
 
၃။အရွက်ကို ရှာလကာရည်နှင့် ကျောက်ပြင်တွင် ကြိတ်ပြီး ထိုကြိတ်ရည်ဖြင့်လူးသော် နူနာနှင့် အခြားအရေပြားရောဂါများ ပျောက်၏။
 
၄။ဝမ်းချုပ်လျှင် အရွက်နုကို ဟင်းချိုချက်သောက်ရ၏။
 
အသီးအနှစ်
၁။အသီးအနှစ်ကို သွေး၍ နေ့ဘက်တွင် ချက်၌ လိမ်းပေးသော် ဆီးအောင့်ဆီးချုပ်နှင့် ဆီး၌ သွေးပါသော ရောဂါပျောက်၏။
 
၂။မန်ကျည်းနှင့် ငုနှစ်တို့ကို အညီအမျှယူ၍ ညဦးတွင်ရေစိမ်ပြီး ညအိပ်ရာဝင်စစ်သောက်သော် နံနက်၌ ဝမ်းကောင်းစွာ သက်ပြီးဝမ်းချုပ်ရောဂါပျောက်၏။
 
၃။ငုနှစ်ပြုတ်ရည်ကို နား၌ ခတ်ပေးသော် နားနှင့်ပတ်သက်သော ရောဂါပျောက်၏။
 
၄။ကလေးများ ဝမ်းဖောဝမ်းရောင်ခြင်း၊ လေထိုးခြင်းဖြစ်လျှင် ငုနှစ်ကိုသွေး၍ ကလေးချက်ပတ်လည်၌ လူးပေးပါက ပျောက်၏။
 
အမြစ်
၁။အမြစ်ကို နွားနို့နှင့်ပြုတ်သောက် လေရောဂါ ပျောက်၏။

မီးကွင်းဂမုံး


အသုံးပြုပုံ-
အရိုး အရွက်
၁ ။ အရိုး အရွက် တို့ကို ထုထောင်း ၍ သုံးခွက် တစ်ခွက် တင် ကျို ချက်ပြီး ရရှိသော အရည်ကို ဒိုပါလာ သကြား အနည်းငယ် ခတ်သောက်သော် သွေးအန် ရောဂါ ပျောက်၏ ။ တစ်ကြိမ်လျှင် ကြွေဇွန်း တစ်ဇွန်း ခန့် တစ်နေ့ သုံးကြိမ် သောက်ရ၏။
 
၂ ။ နားပြည်ယို ရောဂါ များအတွက် အရွက်ကို မီးကင် ပြီး နားတွင်း သို့ အရည်ညှစ် ထည့်ပေး ခြင်းဖြင့် ပျောက်ကင်း၏။

၃ ။ အရွက်ကို သင့်ရုံ သုပ်စား ခြင်း ၊ တို့စား ခြင်း တို့ဖြင့် ဝမ်းကိုက်ရောဂါ ပျောက်၏ ။
 
၄ ။ သွေး ဝမ်း ဆင်းလျှင် အရွက်ရည် ကိုညှစ် ၍ ကြွေဇွန်း တစ်ဇွန်း ခန့် သောက်ပေး ခြင်းဖြင့် ပျောက်ကင်း ၏ ။
 
၅ ။ မီးလောင် အပူလောင် ခြင်း ဖြစ်သော် မီးကွင်း ဂမုန်း အရွက်နုကို သကြား အနည်းငယ် ရောပြီး ထုထောင်း ကြိတ် ခြေ၍ လိမ်းပေး ရ၏ ။
 
၆ ။ မီးကွင်း ဂမုန်းကို ထောင်း၍ ရသော အရည်နှင့် သကြား အနည်းငယ် ရောပြီး ဇွန်းသေး တစ်ဇွန်းခန့် တစ်နေ့ သုံးကြိမ် သောက်သော် သလိပ်ကပ် ချောင်းဆိုး ရောဂါ ပျောက်၏ ။

ကနခို


အသုံးပြုပုံ-
အစေ့
၁။ ကနခိုစေ့ကို ဝမ်းနုတ်ဆေး အပုပ်ချဆေးများတွင်ထည့်သွင်း အသုံးပြုသည်။
 
၂။ ကင်းမြီးကောက်ကိုက်သောဒဏ်ရာတွင် ကနခိုစေ့သွေးလိမ်းပေးသော် ကင်းမြီးကောက်အဆိပ် ပျောက်ကင်း၏။

အစေ့ဆီ
၁။ အစေ့ဆီကို ချင်းစိမ်းရေနှင့် ရော၍ ကလေးကြက်ညှာချောင်းဆိုးရောဂါ ကု ဆေးအဖြစ်သုံးသည်။
 
၂။ ကနခိုဆီ ၁ ဆ နှင့် အုန်းဆီ ၈ ဆ ရောစပ်၍ အဆစ်အမျက်ကိုက်ရောဂါကို လိမ်းပေးက ပျောက်၏ ။
 
၃။ ဝမ်းဗိုက်နှင့် စပ်လျဉ်းသောရောဂါ ၊ အကြောတက်ရောဂါ ၊ အဖျားရောဂါ ၊ရောင်နာ ၊ ရင်းနာ ၊ လည်ချောင်း ၊ နားနှင့်ပတ်သက်သော ရောဂါများ အတွက်လည်း အသုံးပြုနိုင်၏။

သင်္ဘောမဲဇလီ


အသုံးပြုပုံ-
အမြစ်
၁။ လက်ချားမှုန့် နှင့် ဖန်ခါးသီးမှုန့် ကို မဲဇလီမြစ် သွေးရည်နှင့် ဖျော်လိမ်းက ပွေးနာ ပျောက်၏။
 
အပွင့်
၁။ အပွင့်ကို ညက်ညက် ကြိတ်၍ လိမ်းသော် အရေပြား ရောဂါ ပျောက်၏။

အရွက်
၁။ အရွက်မှုန့်ကို ပျားရည်နှင့် တေ၍ လျက်သော် သွေးသား စင်ကြယ်၍ အသား အရေ ဝဖြိုးပြီး အားအင် တိုးစေ၏။
 
၂။ အရွက်ဖြင့် ပွေး၊ ဝဲ၊ နှင်းခူ စသော အရေပြား ရောဂါ များကို နေ့၌ ၂ ကြိမ် မှန်မှန် ရက်အတန် ကြာ ပွတ်ပေးသော် ပျောက်၏။
 
၃။ အရွက်ကို ကြိတ်၍ အဆိပ် ရှိသော သတ္တဝါ များကိုက်သော နေရာသို့ အုံပေးသော် အဆိပ် ပြေ၏။
 
၄။ အရွက် ကြိတ်ညှစ်ရည် ဖြင့် လူပျိုနာ များပေါ်တွင် လိမ်းပေးက ပျောက်၏။
 
၅။ အရွက် ကိုကျကျ ပြုတ်၍ ခပ်နွေးနွေး အုံပေးသော် ခံတွင်း၌ အနာ အဖုများ ပေါက်ခြင်း၊ ရောင်ရမ်းခြင်း များပျောက်၏။ ၆။ ၎င်းအရွက် နှင့် မုရားကြီး ရွက်ရော၍ မြုံ့ခြင်း၊ အရည်ကို မျိုပေးခြင်းဖြင့် ချောင်းခြောက် ရောဂါ ပျောက်၏။
 
၇။ အရွက်ကို သံပရာရည်နှင့် ကြိတ်၍ လိမ်းခြင်း၊ ယင်းပြုတ်ရည် နှင့် ဖန်ရည် ဆေးပေးခြင်း ဖြင့် နှင်းခူကြီးနာ ပျောက်၏။
 
၈။ အရွက်ကို ထောင်း၍ တမာရွက်ရည် နှင့် လိမ်းကျံ ပေးသော် ဝဲနာ၊နူနာ များ ပျောက်ကင်း၏။

ရှဉ့်မတက်


အသုံးပြုပုံ-
၁။ ရှဉ့်မတက်ဥ ကို ချက်ပြုတ် စားခြင်း၊ နွားနို့ နှင့် နို့ထမင်း ကဲ့သို့ ပြုလုပ် စားခြင်းဖြင့် အားတိုး စေသည်။
 
၂။ ချောင်းခြောက် ရောဂါ အတွက် ရှဉ့်မတက်ဥ၊ မုယားကြီးရွက် သကြားခဲ ရော၍ သောက်ရ၏။

၃။ အဆစ်ရောင်ခြင်း၊ ကိုက်ခြင်း စသော တစ်ကိုယ်လုံး ဖောက်ပြန်သော လေရောဂါ အတွက် ရှဉ့်မတက်ဥ ရည်သက်သက် ဖြင့် ချက်ထားသော ဆီသက်သက် ကို လိမ်းကျံ ပေးရ၏။
 
၄။ ရှဉ့်မတက်ဥ ကို ကျို၍ ၎င်းတွင် သကြားခဲ ရောပြီး ပျားရည် ထည့်သောက် သော် ဆီးပူရောဂါ နှင့် ဆီးအောင့် ရောဂါ ပျောက်၏။
 
၅။ ရှဉ့်မတက်ဥ ရည်တွင် ပျားရည် နှင့် နွားနို့ ရော၍ နံနက်၌ သောက်သော် အပူအကိုက် နှင့် အမျိုးမျိုး သော သည်းခြေ ရောဂါ ပျောက်၏။
 
၆။ ရှဉ့်မတက်ဥ ကြိတ်ညှစ်ရည်တွင် နွားနို့ ရောသောက်သော် ကျောက်တည် ရောဂါ ပျောက်၏။
 
၇။ ရှဉ့်မတက်ဥ ကြိတ်၍ ရသော အရည် တွင် ပျားရည် ရောသောက်သော် မီးယပ် ရောဂါ ပျောက်၏။
 
၈။ ရှဉ့်မတက်ဥ မှုန့်ကို နွားနို့ နှင့် ရောသောက်သော် သားသည် မိခင်များ နို့ရည် တိုးပွားစေ၏။
 
၉။ ရှဉ့်မတက်ဥရည် တွင် နွားနို့ ရောသောက်သော် အဆိပ် သင့်ခြင်း အမျိုးမျိုး ပျောက်၏။
 
၁၀။ ရှဉ့်မတက်ဥကို အခြားသော ဆေးဖက် များနှင့် ရောစပ်၍ သွေးအန်၊ သွေးဝမ်း၊ ခေါင်းကိုက်၊ 
အသံပျက်၊ အသံဝင်၊ ဝက်ရူး၊ပန်းနာ ရောဂါပျောက် ဆေးများ အဖြစ် သုံးစွဲ နိုင်၏။