အသုံးပြုပုံ-
ပဉ္စငါးပါး
၁။ပဉ္စငါးပါး(အမြစ်၊ အခေါက်၊အသီး၊အပွင့်၊အရွက်) ကို ရေနှင့် သွေးလိမ်းသော် ပွေးနာ၊ဝဲခြောက်နှင့် သွေးဆိုးခြင်းကြောင့်ဖြစ်သော အရေပြားရောဂါတို့ကို ပျောက်၏။
အရွက်
၁။အရွက်ကိုကြိတ်၍ ရသော အရည်နှင့် လိမ်းကျံပေးပါက ရေယုန်ကြီးနာပျောက်၏။
၂။အဆစ်ရောင်ရာ၌ အရွက်ကို ပူအောင်လုပ်၍ ကြပ်ထုပ်ထိုးပေးက ပျောက်၏။
၃။အရွက်ကို ရှာလကာရည်နှင့် ကျောက်ပြင်တွင် ကြိတ်ပြီး ထိုကြိတ်ရည်ဖြင့်လူးသော် နူနာနှင့် အခြားအရေပြားရောဂါများ ပျောက်၏။
၄။ဝမ်းချုပ်လျှင် အရွက်နုကို ဟင်းချိုချက်သောက်ရ၏။
အသီးအနှစ်
၁။အသီးအနှစ်ကို သွေး၍ နေ့ဘက်တွင် ချက်၌ လိမ်းပေးသော် ဆီးအောင့်ဆီးချုပ်နှင့် ဆီး၌ သွေးပါသော ရောဂါပျောက်၏။
၂။မန်ကျည်းနှင့် ငုနှစ်တို့ကို အညီအမျှယူ၍ ညဦးတွင်ရေစိမ်ပြီး ညအိပ်ရာဝင်စစ်သောက်သော် နံနက်၌ ဝမ်းကောင်းစွာ သက်ပြီးဝမ်းချုပ်ရောဂါပျောက်၏။
၃။ငုနှစ်ပြုတ်ရည်ကို နား၌ ခတ်ပေးသော် နားနှင့်ပတ်သက်သော ရောဂါပျောက်၏။
၄။ကလေးများ ဝမ်းဖောဝမ်းရောင်ခြင်း၊ လေထိုးခြင်းဖြစ်လျှင် ငုနှစ်ကိုသွေး၍ ကလေးချက်ပတ်လည်၌ လူးပေးပါက ပျောက်၏။
အမြစ်
၁။အမြစ်ကို နွားနို့နှင့်ပြုတ်သောက် လေရောဂါ ပျောက်၏။

No comments:
Post a Comment