Wednesday, January 16, 2013

ရင်ဘတ်အောင့်ခြင်း

စံကားဝါ

၁။ စံကားဝါအရွက်ကို ရေညှစ်၍ ပျားရည်နှင့်ရောသောက်သော် ရင်ဘတ်အောင့်နာကိုပျောက်ကင်းစေ၏။ ဝမ်းတွင်းရှိ တုတ်ပိုး ၊ သန်ပိုးများကိုလည်း ကျဆင်းစေနိုင်၏။



ပိတ်ချင်း

၂။ ပိတ်ချင်းသီး အမှုန့် ကို ရေနွေး နှင့် သောက်ပါက သန်ကျ၏။ ရင်နာ ၊ ရင်အောင့် ခြင်းလည်း ပျောက်၏။ ပျားရည် နှင့် ရော၍ လျက်ပါက သွေးလွန် သွေးကျ ရောဂါ ပျောက်ကင်း ပြီး အားအင် ပြည့်ဖြိုးစေ၏။

ခွေးရူးရာဂါ

ငရုတ်ကောင်း

၁။ ငရုတ်ကောင်းစေ့နှင့် အညာခရာစေ့ ၂ မျိုးကို အသင့်အတင့် ရော၍ အမှုန့်ပြုပြီး စားသုံးပါက ခွေးရူးဆိပ် ပြေစေသည်။




ပဒိုင်း

၂။ခွေးရူးပြန် ရောဂါအတွက် ပဒိုင်းမြစ် ကို ဆန်ဆေးရည် နှင့် သွေး၍ တိုက်ပြီး အမဲခြောက် ဖုတ် ကျွေးက ပျောက်၏။

သွေးမြင်းသရိုက် ရောဂါ

ခပေါင်းရေကြည်

၁။ ခပေါင်းရေကြည်အစေ့ကို ပြာချ၍ သကြားနှင့် ရောပြီးအနည်းငယ်မျှ သောက်သော်
 သွေးမြင်းသရိုက် ရောဂါ ပျောက်၏ ။

အဆုပ်ရောဂါ

ခန်းတောက်

၁။ ခန်းတောက်မြစ် တစ်ရွေးသား လေးညှင်းတစ်ပွင့် ငရုတ်ကောင်း တစ်စေ့တို့ကိုမိခင်နို့နှင့် သွေးတိုက် သော် ကလေးများအဆုပ်ရောင်ရောဂါ ပျောက်၏။



ငရံ့ပတူ

၂။ငရံ့ပတူအမြစ်ကိုသွေး၍ ချင်းခြောက်မှုန့်နှင့်ရောပြီး ရေနွေးနှင့်သောက်ပါက အဆုတ်နာပျောက်၏။



ပရန္နဝါ
 ၃။ ပရန္နဝါ ရွက်ကို ငါးပနော်နှင့် ကြော်ချက် စားခြင်း ၊ ဟင်းချိုသောက် ခြင်းဖြင့် နှလုံးရောဂါ ၊ အဆုတ်ရောင် ၊ အူရောင် ရောဂါ ၊ ကိုယ်ဖော ကိုယ်ရောင် ရောဂါ ၊ ရေဖျဉ်း ၊ မြင်းသရိုက် ၊ လေနာ သလိပ်နာ ၊ အစာ မကြေ ရောဂါများ ပျောက်၏ ။  



အကြောတစ်ထောင်

၄။ အဆုတ်ရောဂါ အတွက် အကြောတစ်ထောင်ပင် ပဉ္စငါးပါး ကြိတ်ညှစ် ရည်ကို နံနက် မှန်မှန် သောက်သော် ပျောက်၏။ 

 
 


ကျောက်ဖရုံပင်

၅။ ကျောက်ဖရုံအသီးသည် အဆုတ်ရောဂါကြောင့် အားအင်ကုန်ခန်းခြင်းအတွက် အာဟာရ ဖြစ်စေသည်။အသီးရည်ကို သောက်ခြင်းဖြင့် သွေးယိုစီးခြင်းနှင့် သွေးအန်
 သွေးကျ ရောဂါ ပျောက်၏ ။  



၆။လက်ပံခါးအခေါက် ကို သုံးခွက် တစ်ခွက် တင် ကျိုသောက် သော် အဆုတ် ရောဂါ ၊ အစာ အိမ် အချဉ်ပေါက် ၊ အနာပေါက် ရောဂါ ၊ လေငန်း ဖြစ်စ ရောဂါ ၊ အကြောဆွဲ ရောဂါ၊ နှလုံး ရောဂါ၊ ပန်းနာ ၊ အဖျား ၊ လေထိုး ၊ လေအောင့် ရောဂါများ ပျောက်၏ ။ 


ကြောင်ရိုသေပင်
၇။ ကြောင်ရိုသေပင်အရွက်ပြုတ်ရည် ကို အန်ဆေးအဖြစ် တိုက်ပေးခြင်း ဖြင့် အဆုတ်ရောင်ခြင်း တို့ကို ပျောက်၏ ။

၈။ ကြောင်ရိုသေပင်အရွက်ကို ပြုတ်၍ သုပ်စားပါက အဆုတ်ရောဂါ ၊ ဦးနှောက်ရောဂါ ၊ နားအူ ၊ နားကိုက်ရောဂါ ၊ ဗိုက်အောင့် ရောဂါ ၊ ဗိုက်နာရောဂါတို့ကို ပျောက်စေသည်။ 



ဇော်ဂျီတောင်ဝှေး
 ၉။ ဇော်ဂျီတောင်ဝှေးရွက်ကို လူနို့နှင့် ပြုတ်သောက်ပါက အဆုတ်ရောင်ခြင်း ၊ အသည်းရောင်ခြင်း နှင့် ကျောက်ကပ်တွင်ဖြစ်သော ရောဂါများ ပျောက်၏ ။
 
၁၀။ ဇော်ဂျီတောင်ဝှေး့ပဉ္စငါးပါးပြုတ်ရည်ကို သကြား ။ ကန်စွန်းရွက်ပြုတ်ရည်နှင့် ဖျော်စပ်၍ နေ့စဉ်သောက်သော် အဆုတ်နာ ပျောက်၏။

    ခါးနာ၊ ဒူးနာ

    ၁။ ခါးနာခြင်း ၊ ဒူးရောင်ခြင်း ရောဂါများအတွက် ကိုရံကြီးအရွက်ကို နွမ်းအောင် မီးခဲနှင့်ကပ်၍ အပူဓာတ်မကုန်မီ နာသော နေရာနှင် ရောင်သော နေရာများတွင် တစ်နာရီခန့် စည်းပေးက ပျောက်၏ ။
    ၂။ ဗုဒ္ဓသရဏပင် အပွင့် ကလေးများ ပြုတ်၍ ရသော ရေဖြင့် ငါးမြွေထိုး၊ ငါးဟင်း ချက်ရာတွင် လောင်း၍ ချက်ပြီး စားပါက မြီးညှောင့်ရိုး ကိုက်သော ရောဂါ၊ ခါးကိုက်ခဲ သောရောဂါ၊ ပိတ်ဝမ်း ရောဂါ တို့အား ပျောက်ကင်းစေ ရုံမက ဇက်ကြောတက် ရောဂါ၊ အနာ ရင်းသော ကြောင့် နာကျင် ကိုက်ခဲသော ရောဂါ ၊ ဝမ်းပျက် ၊ ခံတွင်းပျက်၊ ခြေဆစ် လက်ဆစ် ညောင်းခြင်း၊ ပါးစပ် ချွဲခြင်း စသော ရောဂါ များ ပျောက်ကင်း စေသည်။

    ၃။ ဒူးခေါင်း ကိုက်ခဲခြင်း ၊ ကွေးဆန့်၍ မရခြင်း အတွက် မရိုးဆေး နှင့် လိမ်းနယ်ပေး ရ၏ ။
    ၄။ အသက်ကြီး သောသူ များတွင် ဖြစ်ပေါ် တတ်သည့် ဒူးခေါင်း ရောင်ခြင်း၊ အဆစ် အမျက် ရောင်ခြင်း၊ ခြေမျက်စိ ရောင်ခြင်း များအတွက် မိဿလင် မြစ်ဥ ကို ထုထောင်း ၍ ကြပ်စည်း ပေးလျှင် ပျောက်၏။

    နို့ပျဉ်းကျခြင်း

    ၁။ ကပ်စေးနဲ(နွားမြီးကပ်)အမြစ်ကို ရေနှင့်သွေး၍ တစ်နေ့ ၂ ကြိမ်ကျ လိမ်းပေးသော် နို့ပျဉ်းကျခြင်း ပျောက်၏ ။

    သွေးဝမ်းသွားခြင်း

    • ၁ ။ ကန်စွန်းရိုးနီအရွက်ကို ဟင်းချက် စားသော် သွေးဝမ်းရောဂါ ပျောက်၏ ။
    • ၂။သွေးဝမ်းသွားလျှင် ဆီးဖြူသီးအစိမ်းကို ထောင်း၍ အရည်ညှစ် ယူပြီး သံပရာရည်နှင့် သောက်လျှင် ချက်ချင်းသက်သာ ပျောက်ကင်းစေသည်။
    • ၃။ သွေး ဝမ်း ဆင်းလျှင် မီးကွင်းဂမုန်းအရွက်ရည် ကိုညှစ် ၍ ကြွေဇွန်း တစ်ဇွန်း ခန့် သောက်ပေး ခြင်းဖြင့် ပျောက်ကင်း ၏ ။
    • ၄။ သွေးဝမ်း သွားခြင်း ၊ ဆီးချုပ်ခြင်း ၊ နာကျင်ကိုက် ခဲခြင်း၊ ဆီး၌ သွေးပါခြင်း တို့ အတွက် မြင်းခွာ ရွက် ဖျော်ရည် ပြုလုပ် သောက်က ပျောက်၏ ။
    • ၅။ သွေးဝမ်းသွားခြင်း၊ အစာ မကြေ လေရောဂါ နှင့် ဝမ်းကြောများ တင်းရောင်ခြင်း တို့အတွက် ဣဿရမူလီအမြစ်မှုန့် ၂ ဆကို ချင်းခြောက်မှုန့် ၁ ဆ နှင့် တစ်နေ့ ၂ ကြိမ်ကျ သောက်သော် ပျောက်၏။
    • ၆။ ခွေးလှေးယားမြစ်မှုန့် အနည်းငယ်ကို ရေနှင့်ရောသောက်သော် သွေးဝမ်းကျရောဂါ ပျောက်၏။

    Tuesday, January 15, 2013

    သည်းခြေရောဂါ

    • ၁။ ကင်ပိမ့်အမြစ်ပြုတ်ရည်သည် သည်းခြေနှင့် စပ်လျဉ်းသော အော့အန်ခြင်းကို ပျောက်ကင်း စေသည်။
    • ၂။ ဆိတ်ဖလူးအရွက်ကို ကြိတ်၍ ရသော အရည်ကို ပျားရည် သို့မဟုတ် သကြားနှင့် ရောစပ်သောက်ပါက သည်းခြေရောဂါ ၊ နာတာရှည်ရောဂါ အဖျား ရောဂါများ ပျောက်ကင်း၏။
    • ၃။ မန်ကျည်းသီးဟာ သည်းခြေလုပ်ငန်းဆောင်တာ ဝေဒနာတွေကို ကုသပေးနိုင်ပါတယ်။
    • ၄။ ရှဉ့်မတက်ဥ ရည်တွင် ပျားရည် နှင့် နွားနို့ ရော၍ နံနက်၌ သောက်သော် အပူအကိုက် နှင့် အမျိုးမျိုး သော သည်းခြေ ရောဂါ ပျောက်၏။

    ဒူးနာသက်သာစေတဲ့ ဗီတာမင် - D


    အသက်ကြီးသူတွေမှာဖြစ်တတ်တဲ့ ရိုးဆစ်ရောင်ရမ်းနာ သို့မဟုတ် ဒူးကျီး ပေါင်းတက်ရောဂါ (Osteroarthritis) ကို ဗီတာမင် D နှစ်ဆတိုး စားခြင်းဖြင့် ထိန်းချုပ်နိုင်ပါတယ်လို့ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ သုတေသနက ရည်ညွှန်း ပြောဆိုပါတယ်။ ဒါက ဗီတာမင် D တစ်နေ့လျှင် ၂၀ဝ ယူနစ်စားသုံး သင့်တယ်လို့ ထောက်ခံထားတဲ့ ပမာဏကို တိုးမြှင့်ပြီး တစ်နေ့ ၄၀ဝ ယူနစ်အထိ စားသုံးဖို့ဖြစ်တယ်။ ဗီတာမင် D က ဒူးဆစ်မှာရှိတဲ့ အရိုးနုနှင့် အရိုးများ ယိုယွင်းပျက်စီး ခြင်းကို ကာကွယ်ရာမှာ မရှိမဖြစ် လိုအပ်တယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ကြတယ်။ သင့်မှာ ရိုးဆစ် ရောင်ရမ်းနာ ရှိနေမှန်းသိရင် ဗီတာမင် D ပိုမိုပါဝင်တဲ့ အစားအစာများကို ပိုစားသုံးပေးပါ။ ဗီတာမင် D ကြွယ်ဝ စွာပါဝင်တဲ့ အစားအစာများထဲမှာ နို့၊ ဥများ၊ အားဖြည့် ဆီရီယယ်များ (Fortified Cereals) နှင့် အဆီများ တဲ့ ငါးများပါဝင်ပါတယ်။ ဒါမှ မဟုတ် ဗီတာမင် D ဖြည့်စွက်စာ စားသင့်/ မသင့် သင့်ဆရာဝန်ကို မေးကြည့်ပါ။ ခန္ဓာကိုယ်ကို နေရောင်နှင့် ထိတွေ့စေဖို့လည်း အသေအချာလုပ်ဆောင်ပါ။ လူ့ခန္ဓာကိုယ်က နေရောင်ခြည် အကူအညီနှင့် ခန္ဓာကိုယ်တွင်း (အရေ ပြားမှာ) ဗီတာမင် D ကို ထုတ်လုပ် ပေးလို့ဖြစ်ပါတယ်။
    ဦးလှမြင့်(ဂန္ဓမာ)

    ကြိတ်မှန်ပင်


    အသုံးပြုပုံ-
    ပဉ္စငါးပါး
    ၁ ။ ပဉ္စငါးပါးအရည်ကို အားတိုးဆေးအဖြစ် လည်းကောင်း ၊ အသည်းရောင်ရောဂါ ၊ အရေပြားရောဂါကုဆေးအဖြစ် လည်းကောင်းသုံး၏ ။
     
    ၂ ။ ၎င်းအရည် နှစ်စက်ခန့် ကို ပျားရည်နှင့် ရော၍ မွေးစကလေး များအား တိုက်ပါက နှာစေးချောင်းဆိုး နာကို ပျောက်ကင်းစေသည်။ ဆံပင်နက်ဆိုးဆေးအဖြစ်လည်း သုံး၏ ။

    အရွက်
    ၁ ။ အရွက်ရည်ကို ချောင်းဆိုး ၊ ခေါင်းကိုက်ရောဂါ ၊ အသည်းရောင် ၊ အဆစ်ရောင်ရောဂါကုဆေး ၊ အနာအုံဆေး ၊ ဖန်ဆေးအဖြစ် သုံးသည်။
     
    ၂ ။ အရွက်ကို အမှုန့်ထောင်း၍ နွားနို့ဖြင့် နေ့စဉ်သောက်သုံးခဲ့သော် မျက်စိအမြင်သန်၏ ။ ဆွံ့အသောသူများ စကားပြောနိုင်၏ ။ နားပင်းသူများ အသံကြားနိုင်၏ ။ နဲ့သောသွား ခိုင်၏။
     
    ၃ ။ ကြိတ်မှန်ရွက်နှင့် နှမ်းနက်ကို ဆတူယူ၍ အမှုန့်ပြုပြီး နွားနို့နှင့် အမြဲ မှီဝဲသော် အနာရောဂါ ကင်းစင်ပြီး အသင်ရှည်ကာ ဆံပင်လည်း နက်လာမည်။
     
    ၄ ။ ကြိတ်မှန်ရွက်အား ခေါင်းကိုက်ရောဂါ ၊ ထိပ်ပြောင်မွေးကျွတ်ရောဂါ ၊ အကျိတ်နာ ၊ မီးယပ်ထိမ်ခြင်းနှင့် ကာလသားရောဂါတို့တွင် အသုံးပြုကြသည်။
     
    ၅ ။ ကြိတ်မှန်ရွက်ရည်နှင့် ပင်စိမ်းရွက်ရည်ရော၍ တစ်နေ့ ၂ကြိမ် ခန့် မီးလောင်နာပေါ်တွင် လိမ်းပေးသော် ပူလောင်ခြင်း ပျောက်၍ အမာရွတ်များလည်း ပျောက်ကင်းသည်။
     
    ၆ ။ ကြိတ်မှန်ရွက်၊ ခွေးသေးပန်းရွက်တို့အား ရှိန်းခိုအနည်းငယ် ထည့်ကြိတ်ပြီး ကလေးနှာပိတ်လျှင် ငယ်ထိပ်မှ နှာခေါင်း အထိဆွဲပေးက ပျောက်၏ ။ ကျောပူ ခေါင်းပူ ချွဲထဖြစ်က ငယ်ထိပ်တွင် ပါးပါးလိမ်းပေးရ၏ ။ ကလေးများ သန်ဝမ်းသွား ၊ ကျောက် ၊ ဝက်သက် ၊ ရေကျောက် ဖြစ်က မိခင်နို့ရည်နှင့်ဖျော်ပြီး တိုက်ပေးနိုင်၏ ။
     
    ၇ ။ မီးယပ်သွေး ငုပ်လျှင် အရွက်ကို ထန်းလျက်နှင့် သုံးခွက်တစ်ခွက်တင် ကျိုသောက်သော် သွေးပေါ်စေ၏။

    ကြံဟင်း


    အသုံးပြုပုံ-
    အပင်
    ၁ ။ အညွန့်ကို ကြက်ရိုးနှင့်သော် လည်းကောင်း ၊ တင်ကျီးရိုးနှင့် သော် လည်းကောင်း ဟင်းချိုချက်သောက်ပါက ဆီးအောင့် ဆီးချုပ်ရောဂါနှင့် အခြား ဆီးနှင့် ပတ်သက်သောရောဂါများ ပျောက်၏ ။ အေးအောင်ပြုသော ဆေးဘက်တွင် အကောင်းဆုံးဖြစ်သည်။
     
    ၂ ။ ကျောက်တည် ရောဂါ အတွက် ယင်းကြိတ်ညှစ်ရည် ကို နွားနို့ သကြားနှင့်ရော၍ သောက်ရ၏။ ၃ ။ မျက်စိရောဂါနှင့် လေနာ ၊ ရင်ဘတ်နာရောဂါအတွက် လည်း ဆေးအဖြစ် ဖော်စပ်အသုံးပြုနိုင်သည်။

    အမြစ်
    ၁ ။ ဝမ်းသက်ဆေးအဖြစ် အမြစ်ခေါက်ကို ကြိတ်၍ နို့နှင့် သောက်ရ၏ ။
     
    ၂ ။ နူနာ ၊ ဖျဉ်းစွဲနာ ၊ ဒူလာရောဂါများအတွက် ချင်း ၊ ငရုတ်ကောင်း တို့နှင့်ဆေးဖော်စပ်၍ စားသုံးရ၏။

    သြဇာပင်


    အသုံးပြုပုံ-
    အရွက်
    ၁ ။ သန်ကျ စေသည်။တုတ်ကောင်ကြီး များလည်း ကျစေသည်။ အရွက်ကို ကြိတ်၍ စားခြင်း ဖြင့် ပျောက်ကင်း စေသည်။ ကြိတ်၍ အုံကပ်ပေး ပါက အကြောငုပ် ခြင်း ၊ တက်ခြင်းများ ပျောက်၏ ။
     
    ၂ ။ အရွက်ကို ချေ၍ ရှူပေးသော် အမူးအမော် နှင့် ထိပ်ကပ်နာ ပျောက်၏။

    အသီး
    ၁ ။ အသီးစိမ်း သည် ချုပ်သော သတ္တိ ရှိသဖြင့် ဝမ်းသွား ခြင်း ၊ ဝမ်းသက်ခြင်း များ အတွက် ကောင်း၏ ။ ဝမ်းကိုက်ရောဂါ ၊ လေနာရောဂါ နှင့် အစာအိမ် မကောင်းခြင်း တို့ကိုလည်း ပျောက်ကင်းစေသည်။
     
    အစေ့
    ၁ ။ အမှုန့်ပြု ၍ အနာများကို ဖြူးပေးပါက ပိုးများကို ပျောက်ကင်းစေ သည်။ သြဇာစေ့ အတွင်းဆံ ကို ကြိတ်၍ မီးရှို့ အခိုး မှိုင်း တိုက်ပါက ဝက်ရူးနာ ပျောက်ကင်း သည်။
     
    အမြစ်
    ၁ ။ အမြစ်ကို သွေး ၍ သောက်ပါက ဆီးချုပ် ရောဂါ ပျောက်ကင်း၏။အခေါက် ၁ ။ အခေါက်ကို အားဆေး ဖော်စပ်ရာ တွင် အသုံး ပြု ၏။

    ကြစု ၊ ဖန်ခါးငယ်


    အသုံးပြုပုံ-
    အသီး
    ၁ ။ ပျားရည်နှင့် ကြစုသီးမှုန့်ကို လျက်ပေးသော် လေရောဂါ ပျောက်၏ ။

    ၂ ။ ကြစုသီးကို ထုခြေ၍ ဆေးတံတွင်ထည့်သောက်သော် ပန်းနာရောဂါ ပျောက်၏။
     
    ၃ ။ ကြစုသီးကို မုန့်ကျွဲသည်းကဲ့သို့ ကျိုစားသော် ဝမ်းတစစ်စစ် သက်သော ရောဂါ ၊ အစာမကြေ ဝမ်းသက်ရောဂါ ပျောက်၏ ။

    ၄ ။အသားကျယ်ပြန့်စွာ စားတတ်သော အနာကို ကြစုသီးငါးခွက်တစ်ခွက်တင်ပြုတ်၍ ဖန်ရေဆေးပေးရ၏ ။
     
    ၅ ။ ကြစုသီးကို ရေနှင့်သွေး၍ ပျားရည်၊ နှမ်းဆီတို့နှင့် ရောပြီး မီးလောင်သောနေရာ ၊ ရေနွေးပူလောင်သော နေရာတို့၌ လိမ်းကျံပေးရ၏။
     
    ၆ ။ ကြစုသီးမှုန့်ဖြင့် သွားတိုက်သော် သွားဖြူ၏ ။ သွားရောဂါပျောက်၏ ။ အသီးကို ရှားစေးနှင့် ပြုတ်ငုံသော် သွားခိုင်၏။ ကြစုသီးကို ငါးခွက်တစ်ခွက်တင် ကျို၍ ပျားရည်နှင့်ရောသောက်သော် အမျိုးမျိုးသော ခံတွင်း ရောဂါများပျောက်၏။
     
    ၇ ။ ကြစုသီးနှစ်ကို ကြိတ်၍ ခေါင်းတွင် လိမ်းပေးသော် ခေါင်းတစ်ခြမ်းကိုက်ရောဂါ ပျောက်ကင်း၏။
     
    ၈ ။ ကြစုသီးကို တစ်ညလုံး ရေနှင့် စိမ်ပြီး နံနက်တွင် ယင်းစိမ်ရည်နှင့် မျက်စိကို ဆေးကြောပေးသော် မျက်စိအေး၍ အမြင်သန်၏ ။
     
    ၉ ။ ကြစုသီးမှုန့်ကို မုရားကြီးရွက်ညှစ်ရည်ဖြင့် ၇ ကြိမ်တေ၍ ၇ ကြိမ် နေလှန်းပြီး ပျားရည်နှင့် တေ၍လျက်သော်သွေးအန် ၊ သွေးလျှံရောဂါ ပျောက်၏ ။
     
    ၁၀ ။ ကြစုသီးမှုန့်ကို ပျားရည်နှင့် လျက်လျှင်လည်းကောင်း ၊ ထန်းလျက်နှင့်တေ၍ အလုံးပြု စားလျှင်လည်းကောင်း ၊ အစာအိမ်အချဉ်ပေါက်ရောဂါ ပျောက်၏။
     
    ၁၁ ။ ကြစုသီးကို နွားကျင်ငယ်ရေနှင့် ပြုတ်၍ သောက်သော် သွေးအားနည်းရောဂါ၊ အချိ ၊ အဖောရောဂါ ပျောက်၏ ။

    ကြက်ဟင်းခါး


    အသုံးပြုပုံ-
    အရွက်
    ၁။ ကြက်ဟင်းခါးရွက်ကို ဆား၊ ထန်းလျက်ထည့်၍ ၃ ခွက် တစ်ခွက်တင် ကျိုသောက်က တုန်ဖျား ၊ ချမ်းဖျား ပျောက်၏ ။
     
    ၂။ အရွက်ကြိတ်ညှစ်ရည်ကို သောက်လျှင် အူတွင်းရှိ ရောဂါပိုးများကို သေကြေပျက်စီး၏ ။
     
    ၃။ ကြက်ဟင်းခါးရွက်ရည်ကို ဖန်ခါးသီးနှင့် သွေးသောက်သော် အသည်းရောင်၍ အသားဝါသောရောဂါ ပျောက်ကင်း၏။

    ၄။ မူးမော်ခြင်းလည်း ပျောက်ရန်လည်းကောင်း ၊ညှော်ခံဆေးအဖြစ်လည်းကောင်း ၊ ကြက်ဟင်းခါးရွက်ကိုချေ၍ ရှူပေးရ၏။
     
    ၅။ အဖျားကို နိုင်သော သတ္တိရှိသဖြင့် အရွက်ကို ကြိတ်၍ ရသော အရည်ကို တိုက်ပေးခြင်းဖြင့် သွေးလွန်တုပ်ကွေးရောဂါပျောက်၏။
     
    ၆။ ခွေးရူးကိုက်သောနေရာများတွင် အရွက်ကိုကြိတ်၍ အုံပေးခြင်း၊ အရည်ညှစ်ထည့်ပေးခြင်း ၊ သောက်ပေးခြင်းဖြင့် ပျောက်ကင်း၏။
     
    အသီး
    ၁။ ကြက်ဟင်းခါးသီးအခြောက်ကို ကျောက်ပျဉ်တွင် သွေးလူးသော် လည်ချောင်းရောင်သောရောဂါ ပျောက်ကင်း၏ ။
     
    ၂။ ကြက်ဟင်းခါးသီးရည်ကို ဆီနှင့် ရောသောက်က ကာလဝမ်းရောဂါ ပျောက်ကင်း ၏ ။ ၎င်းအရည်တွင် ပျားရည် အနည်းငယ် ရောသောက်လျှင် ရေဖျဉ်းရောဂါ ပျောက်ကင်း၏။
     
    ၃။ အသီးနုအရည်ကို မီးပေါ်၌ နွေး၍ လိမ်းပေးလျှင် အဆစ်ရောင်ရောဂါ ပျောက်၏ ။

    ကြက်ဆူပင်


    အသုံးပြုပုံ-
    အရွက် 
    ၁ ။ အရွက်ကို ခေါင်း ကိုက်ပျောက်ဆေး၊ အနာအုံဆေး အဖြစ် အသုံးပြုသည်။
     
    ၂ ။ အရွက်ကို ရေဖြင့် သုံးခွက်တစ်ခွက်တင် ကျို၍ သောက်လျှင် လေသလိပ်အားကြီးခြင်း ၊ ဝှေးစေ့ကြီးခြင်း ၊ ဆီးအိမ်၌ ထုံကျင်ကိုက်ခဲခြင်းနှင့် လည်ချောင်းနာ ၊ သည်းခြေနာတို့ကို ပျောက်စေ၏။
     
    အစေ့ 
    ၁ ။ ကင်းဆိပ်ဖြေဆေးအဖြစ် အစေ့ကို သွေး၍ လိမ်းပေးရ၏ ။

    ၂ ။ လေချုပ်၊ အဖျား ၊ ချောင်းဆိုး၊ ဝမ်းဗိုက် ဖောရောင် ၊ ထိုးအောင့်ခြင်း ၊ ခါး ၊ ဆီးအိမ် ၊ ခေါင်းကိုက်ခဲခြင်း နှင့် ပန်းနာ ၊ နူနာ ၊ ဖျဉ်းဒူလာ ၊ အသည်း ရောဂါ၊ ဝမ်းကိုက်ရောဂါတို့အတွက် ဖော်စပ်သောဆေးများတွင် ထည့်သွင်းအသုံးပြု၏ ။
     
    အစေ့ဆီ 
    ၁ ။ အစေ့ဆီကိုပြုပြင်၍ ဝမ်းနုတ်ဆေးဖော်စပ်ရာတွင် သုံးသည်။
     
    ၂ ။ ကလေး လွယ်ကူစွာ ဖွားမြင်နိုင်ရန်အတွက် ကြက်ဆူဆီကို သုံး၏ ။
     
    ၃ ။ ကြက်ဆူဆီကို ဆံပင်သန်ဆေးအဖြစ်လည်း သုံး၏ ။
    မှတ်ချက် ။ ။ အစေ့မှ တိုက်ရိုက်ထုတ်၍ ရသော အဆီကို စားသုံးဆေးအဖြစ် တိုက်ရိုက် သုံးစွဲ၍မရပါ။ ၎င်းအဆီမှ အဆိပ်ဖြစ်စေတတ်သော ဓာတ်များ ကို ထုတ်ပြီးမှ သောက်ဆေးအဖြစ် အသုံးပြုနိုင်သည်။ ကြက်ဆူစေ့ကို စားလျှင် သေနိုင်သည်။

    နွားမြေရင်း


    အသုံးပြုပုံ
    ဥမြစ်ခေါင်း
    ၁။ နွားမြေရင်း ခေါင်းကို သလိပ်ပုပ် ရောဂါ၊ ဆီးပုပ် ရောဂါ တို့၌ သုံး၏။
     
    ၂။ နွားမြေရင်း ခေါင်းကို သွေး၍ လျှာကို ပွတ်ပေး ပါက လျှာရင်းတွင် ရှိသော အဖု အပိမ့် များပျောက် ၏။
     
    ၃။ နွားမြေရင်း ကို လျှာပွတ်ဆေး အဖြစ် လည်းကောင်း ၊ သူငယ်နာ ဆေး အဖြစ် လည်းကောင်း သုံး၏။

    ၄။ နွားမြေရင်း ခေါင်းကို သွေးလိမ်းက ကိုယ်လက် ရောင်ရမ်းခြင်း၊ ယားယံခြင်း နှင့် နူနာ ဖြစ်စရောဂါ ရေယုန်၊ ဝဲစို ဝဲခြောက် ရောဂါ တို့ ပျောက်၏။
     
    ၅။ နွားမြေရင်း ခေါင်းကို သွေး၍ ဆားအနည်း ငယ်ထည့်သောက် ပါက အဆိပ်ရောဂါ၊ အစားမှား ဆေးမှား ရောဂါ တို့ကို ပျောက်စေ၏။
     
    ၆။ မြွေနှင့် ဂျက်ကိုက်ခြင်း အတွက် နွားမြေရင်း ခေါင်းကို သွေး၍ တိုက်ခြင်း လိမ်းခြင်းဖြင့် ပျောက်ကင်း စေနိုင်၏။
     
    ၇။ နွားမြေရင်းခေါင်း ကို သွေးသောက် ခြင်းဖြင့် အစာအိမ် ရောဂါ၊ အစာအိမ် အချဉ်ပေါက် ရောဂါ များ ပျောက်၏။
     
    ၈။ နွားမြေရင်းခေါင်း ကို သွေးကာ သူငယ်စာ ငှက်ပျောသီး တွင် သုတ်လိမ်း၍ မီးကင်ပြီး ကလေးများ အား ကျွေးပါက သူငယ်နာ တက်ခြင်း၊ မျက်ဖြူလန်ခြင်း နှင့် မြွေကင်းကိုက်၍ အဆိပ်တက်ခြင်း များ ပျောက်၏။
     
    ၉။ နွားမြေရင်း ကို ပြုတ်သောက် ပါက ညောင်းကျ ရောဂါ ပျောက်၏။
     
    ၁၀။ ဥပသကာ နှင့် ပြုတ်သောက် ပါက ဆစ်ဖလစ် ရောဂါ ပျောက်၏။
     
    ၁၁။ နွားမြေရင်း ကို သွေးသောက် ပါက အော့အန် ခြင်း ပျောက်၏။ အမှုန့် ကို သောက်က ကင်းဆိပ် ကျဆင်း စေ၏။
     
    ၁၂။ အချွဲ အကျိ များကို ကျဆင်း၍ ဝမ်းကိုက်ခြင်း၊ သွေးစ သွေးနနှင့် ဝမ်းသွား ခြင်းတို့ အတွက် နွားနို့၊ ရေနှင့် နွားမြေရင်း တို့ကို ထည့်ကျို၍ နို့သက် သက် ကျန်သော အခါ မှ သောက်ပါက ရောဂါ ပျောက်၏။

    ကြောင်လျှာပင်


    အသုံးပြုပုံ-
    အခေါက်
    ၁ ။ ကြောင်လျှာအခေါက်မှုန့်ကို ချင်းရည် ၊ ပျားရည်တို့နှင့် ရောစပ်လျက် သောက်သော် ပန်းနာ ချောင်းဆိုးရောဂါ ပျောက်၏ ။
     
    ၂ ။ အခေါက်မှုန့်ကို ရေနွေးတွင် ၂ နာရီခန့်စိမ်၍ စစ်ပြီး နံနက် ည သောက်သော် အစာမကြေရောဂါ ပျောက်၏ ။
     
    ၃ ။ ကြောင်လျှာခေါက် ကို ရေစိမ်၍ ၎င်းရေနှင့် ပလုတ်ကျင်း ပေးသော် ခံတွင်း ခြောက် ကွဲနာ ပျောက်၏ ။

    ၄ ။ သားဖွားပြီး နာကျင်ကိုက်ခဲသည့်ရောဂါ ၊ ခေါင်းတစ်ခြမ်း ကိုက်ရောဂါများအတွက်လည်း ကြောင်လျှာခေါက်ကို သုံး၏ ။
     
    ၅ ။ အမြစ်ခေါက်ကို အဆစ်အမျက်ရောဂါဖျားရောဂါ ၊ ဝမ်းဖော ၊ ဝမ်းရောင် ၊ ဝမ်းကိုက်ရောဂါများအတွက် အသုံးပြု၏ ။
     
    အရွက်
    ၁ ။ ကြောင်လျှာရွက်ညှစ်ရေကို သောက်သော် ဘိန်းဆိပ်သင့် ခြင်း ပျောက်၏ ။
     
    ၂ ။ ကြောင်လျှာရွက်ပြုတ်တို့စားက ဝမ်းမီးကောင်း၏ ။
     
    အသီး
    ၁ ။ အသီးကို ပြုတ်၍ လည်းကောင်း ၊ ဖုတ်၍ လည်းကောင်းစားခြင်းဖြင့် အစာမကြေရောဂါ ၊ လည်ပင်းကြီးရောဂါ ၊ သရိုက်ရောဂါ ပျောက်၏။ သုပ်စားခြင်းဖြင့် လည်ချောင်းတွင်း အပူဖုပေါက်သောရောဂါ ပျောက်သည်။
     
    ၂ ။ ကြက်သားနှင့် ချက်စားပါက ပန်းနာရောဂါ ပျောက်၏ ။
     
    ၃ ။ ငါးရံ့ဖြင့်ချက်စားပါက ကာလဝမ်းရောဂါပျောက်၏ ။ အားကို ဖြစ်စေပြီး အစာမကြေရောဂါ ဝမ်းပျက်ရောဂါပျောက်၏။
     
    ၄ ။ ပုစွန်ဖြင့် ချက်စားက နှလုံးလေရိုက်ရောဂါ ၊ နှလုံးတုန် ၊ ရင်တုန်ရောဂါ ပျောက်၏
     
    ၅ ။ ငါးသလောက်ဖြင့် ချက်စားက အဖောရောဂါကို ကျစေ၍ လူကို ဝဖြိုးစေပြီး နှလုံးအားနည်းခြင်း ကို ပျောက်စေသည်။
     
    ၆ ။ ငါးမြွေထိုးနှင့် ချက်စားက ဒူလာသွေးဝမ်း မီးယပ်သွေးဝမ်း နှင့် မြင်းသရိုက် ရောဂါတို့ကို ပျောက်ကင်းစေ၏။
     
    အမြစ်
    ၁ ။ အမြစ်ကိုသွေး၍ လိမ်းပေးခြင်းဖြင့် အနာဝင် မန်းလိုက်ခြင်း ပျောက်ကင်းသည်။

    ကြောင်ရိုသေပင်


    အသုံးပြုပုံ-
    အရွက်
    ၁ ။ ကြောင်ရိုသေပင်၏ အရွက်ရည်ကို ကလေးသူငယ်နာ ချွဲကျပ်ရောဂါအတွက် တမာရွက်ရည် နှင့် ရောစပ်တိုက်ပါက ဝမ်းသွားခြင်း ၊ အော့အန်ခြင်းကို သက်သာစေသည်။ ချွဲကျစေသည်။
     
    ၂ ။ အရွက်ပြုတ်ရည် ကို အန်ဆေးအဖြစ် တိုက်ပေးခြင်း ဖြင့် အဆုတ်ရောင်ခြင်း တို့ကို ပျောက်၏ ။
     
    ၃ ။ အရွက်ခြောက်ပြုတ်ရည်ကို တိုက်လျှင် အသက်ရှူလမ်းကြောင်း တစ်လျှောက်၌ ရှိသော အညစ်အကြေးပိတ်ဆို့ခြင်းကို ရှင်းလင်း စေပြီး အသက်ရှူပြွန်တံ ရောင်ခြင်းကို သက်သာစေ၏ ။ ပန်းနာရောဂါ ၊ မီးယပ်ကွက်ပေါ်သောရောဂါ ၊ သွေးတိုးရောဂါတို့ကို လည်း ပျောက်စေ၏။

    ၄ ။ အရွက်ကို ကြိတ်၍ အနာပေါ်၌ အုံပေးသော် အနာများပျောက်ကင်းစေ၏ ။
     
    ၅ ။ အရွက်ရည် သည် ဝဲခြောက် ၊ ပွေး ၊ ယားနာ စသော အရေပြား ရောဂါ တို့ကို ပျောက်ကင်းစေသည်။ တမာဆီနှင့် ရောလိမ်းသော် အမျိုးမျိုးသော ယားနာကို ပျောက်ကင်းစေ၏ ။
     
    ၆ ။ အရွက်ရည်ကို ကြက်ဆူဆီနှင့် ရော၍ အဆစ်အမျက်ကိုက်ရာတွင် လိမ်းပေးသော် ပျောက်ကင်းစေ၏။
     
    ၇ ။ ၎င်းအရည်ကို နားထဲသို့ ထည့်ပေးသော် နားပြည်ယိုခြင်း ၊ နားကိုက်ခြင်း ၊ နားလေထွက်ခြင်း ၊ နားအူခြင်း ပျောက်၏ ။
     
    ၈ ။ အရွက်ကို ငါးမြွေထိုးခြောက်နှင့် ကြော်စားက ဝမ်းထဲတွင် အူအတက် ရောင်စေသော ရောဂါကို ကာကွယ်သည်။ ဦးနှောက်ရောဂါနှင့် ဝမ်းမကောင်းခြင်း ၊ ဝမ်းပျက်ရောဂါဖြစ်ခြင်း ၊ ဝမ်းထဲ၌ ရစ်၍နာခြင်း များကိုလည်း ပျောက်ကင်းစေသည်။
     
    ၉ ။ အရွက်ကို ပြုတ်၍ သုပ်စားပါက အဆုတ်ရောဂါ ၊ ဦးနှောက်ရောဂါ ၊ နားအူ ၊ နားကိုက်ရောဂါ ၊ ဗိုက်အောင့် ရောဂါ ၊ ဗိုက်နာရောဂါတို့ကို ပျောက်စေသည်။
     
    ၁၀ ။ အရွက်ကို ချက်ပြုတ်စားသောက်ပါက ပန်းနာရောဂါ ၊ မီးယပ်ကွက် ပေါ်သောရောဂါ ၊ သူငယ်နာရောဂါ ၊ သွေးတိုးရောဂါများ ပျောက်ကင်းစေသည်။
     
    ၁၁ ။ အရွက်ကို ပုစွန်ထုပ်နှင့် ကြော်စားပါက နွမ်းလျပင်ပန်းခြင်း ပျောက်သည်။

    ကြောင်ပန်းပင်


    အသုံးပြုပုံ-
    အရွက်
    ၁ ။ အရွက်ကို အရည်ညှစ်သောက်ခြင်းဖြင့် လည်းကောင်း ၊ ကြော်စားခြင်းဖြင့်လည်းကောင်း အကြော ရောဂါများ ပျောက်ကင်း၏ ။
     
    ၂ ။ ကြောင်ပန်းရွက်ရည်တွင် နှမ်းဆီနှင့် ပျားရည် အနည်းငယ် ထည့်ပြီး နားကြပ်ပေးသော် နားပြည်ယို ၊ နားကိုက်ခြင်း ပျောက်သည်။
     
    ၃ ။ ကြောင်ပန်းရွက်ကို အရည်ညှစ်သောက်ခြင်းဖြင့် အရေပြားရောဂါကို လည်းကောင်း ၊ သက်ရင်းကြီးမြစ် သွေးရည်နှင့် ရောသောက်ခြင်းဖြင့် ဖောရောင်ရောဂါကိုလည်းကောင်း ပျောက်စေသည်။

    ၄ ။ ကြောင်ပန်းရွက် ပြုတ်သောက်သော် ညောင်းကျရောဂါ ၊ ငှက်ဖျား နှင့် မီးတွင်းဖျားရောဂါများ ပျောက်ကင်း၏ ။
     
    ၅ ။ ကလေးသူငယ် နှာစေးချောင်းဆိုးနာ ပျောက်စေ၏ ။
     
    ၆ ။ ကြောင်ပန်းရွက်ကို ကြိတ်ညှစ်ရည်ဖြင့် အနာပေါက်များကို လိမ်းပေးသော် ပျောက်၏ ။
     
    ၇။ ကြောင်ပန်းရွက်ကို ကြက်သွန်ဖြူနိုင်နိုင်ဖြင့် သုပ်စားပါက လေနာရောဂါ၊ ဝမ်းဖောဝမ်းရောင် ၊ ဝမ်းကိုက်ရောဂါများ ပျောက်၏ ။
     
    ၈ ။ အိမ်မပျော်သောရောဂါနှင့် ဦးနှောက်တွင် ဖြစ်သောရောဂါအတွက် ကြောင်ပန်းရွက် အခြောက်ကို ခေါက်းအုံးပြုလုပ်၍ အိပ်ခြင်းအားဖြင့် ပျောက်ကင်းစေ၏ ။
     
    ၉ ။ ကလေးများ အညှော်မိခြင်း ၊ အဖျားကြီးခြင်း အတွက် ကြောင်ပန်းမြစ်ကို သွေး၍ တိုက်ကျွေးခြင်း ၊ နှာရှူစေခြင်းဖြင့် ပျောက်ကင်းစေနိုင်၏ ။

    အောင်မဲဖြူ


    အသုံးပြုပုံ-
    ပဉ္စငါးပါး
    ၁။ အောင်မဲဖြူသည် မြွေဆိပ် ဖြေဆေး အဖြစ် ထင်ရှား၏။ အောင်မဲဖြူမှုန့်နှင့် ဣဿရ မူလီမြစ်မှုန့် ရောစပ် သောက်သော် မြွေဆိပ် ပြေ၏။
     
    ၂။ အောင်မဲဖြူရွက် ကိုကြိတ်၍ ခူနာများ၌ စည်းပေးပြီး စည်းထားသော နေရာ၌ ရေမကြာ ခဏ ဆွတ်ပေးပါက ခူနာ ပျောက်၏။
     
    ၃။ အောင်မဲဖြူ မြစ်ကို အခြားသော ဆေးမြစ်များနှင့် ရောစပ်၍ ရေဖျဉ်း ရောဂါ ပျောက်ဆေး အဖြစ် အသုံးပြု၏။

    ၄။ အောင်မဲဖြူ မြစ်ကို လှော်၍ အမှုန့်ပြုပြီး ရေနွေးနှင့် သော်သော် အသည်းကြီး ရောဂါ၊ သရက်ရွက် ကြီးသော ရောဂါ၊ ရေဖျဉ်း ရောဂါ ပျောက်၏။
     
    ၅။ အောင်မဲဖြူ မြစ်၏ အခေါက်ကို ရေနှင့် စိမ်သောက်သော် ကိုယ်လက် ရောင်ရမ်းသော ရောဂါ ပျောက်၏။
     
    ၆။ အောင်မဲဖြူ အဖိုမြစ်၏ ကြိတ်ညှစ်ရည်ကို နွားနို့အေး နှင့် ရောသောက်သော် နာတာရှည် ချောင်းဆိုး ရောဂါ ပျောက်၏။
     
    ၇။ အောင်မဲဖြူ အသီးစိမ်း အစေ့ ကြိတ်ညှစ်ရည်ကို နှာခေါင်းတွင် ခတ်ပေးက ခေါင်းတစ်ခြမ်း ကိုက်ခြင်း ပျောက်၏။
     
    ၈။ အောင်မဲဖြူ မြစ်ကို ကိုယ်ဝန် မလျှောကျ စေရန်လည်းကောင်း၊ လည်ပင်း၌ အကျိတ် အဖု ပေါက်သော ရောဂါ၊ သွေးအန် သွေးလျှံနာ၊ခရုသင်း၊ မျက်စိ တိမ်ကျခြင်း ရောဂါ များအတွက် ဆေးအဖြစ် ဖော်စပ် အသုံးပြု၏။
     
    ၉။ အပွင့်ကို နွားနို့နှင့် ကြိတ်၍ မျက်စိကို ကွင်းပေးခြင်း၊ ခတ်ပေးခြင်း ပြုက သူငယ်နာ မျက်စိနာ ပျောက်၏။
     
    ၁၀။ အစေ့ကို လိင်ဥ ရောင်ခြင်း ၊ ကြို့ထိုးခြင်း ရောဂါ များအတွက် သုံး၏။
    မှတ်ချက်။ ။ အောင်မဲဖြူနှင့် အောင်မဲညို ဂုဏ်သတ္တိ စွမ်းရည် များစွာ ကွာခြားခြင်း မရှိသဖြင့် အောင်မဲညိုကို လည်း အောင်မဲဖြူ ကဲ့သို့ပင် အသုံးပြုနိုင်၏။