အသက်ကြီးသူတွေမှာဖြစ်တတ်တဲ့ ရိုးဆစ်ရောင်ရမ်းနာ သို့မဟုတ် ဒူးကျီး ပေါင်းတက်ရောဂါ (Osteroarthritis) ကို ဗီတာမင် D နှစ်ဆတိုး စားခြင်းဖြင့် ထိန်းချုပ်နိုင်ပါတယ်လို့ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ သုတေသနက ရည်ညွှန်း ပြောဆိုပါတယ်။ ဒါက ဗီတာမင် D တစ်နေ့လျှင် ၂၀ဝ ယူနစ်စားသုံး သင့်တယ်လို့ ထောက်ခံထားတဲ့ ပမာဏကို တိုးမြှင့်ပြီး တစ်နေ့ ၄၀ဝ ယူနစ်အထိ စားသုံးဖို့ဖြစ်တယ်။ ဗီတာမင် D က ဒူးဆစ်မှာရှိတဲ့ အရိုးနုနှင့် အရိုးများ ယိုယွင်းပျက်စီး ခြင်းကို ကာကွယ်ရာမှာ မရှိမဖြစ် လိုအပ်တယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ကြတယ်။ သင့်မှာ ရိုးဆစ် ရောင်ရမ်းနာ ရှိနေမှန်းသိရင် ဗီတာမင် D ပိုမိုပါဝင်တဲ့ အစားအစာများကို ပိုစားသုံးပေးပါ။ ဗီတာမင် D ကြွယ်ဝ စွာပါဝင်တဲ့ အစားအစာများထဲမှာ နို့၊ ဥများ၊ အားဖြည့် ဆီရီယယ်များ (Fortified Cereals) နှင့် အဆီများ တဲ့ ငါးများပါဝင်ပါတယ်။ ဒါမှ မဟုတ် ဗီတာမင် D ဖြည့်စွက်စာ စားသင့်/ မသင့် သင့်ဆရာဝန်ကို မေးကြည့်ပါ။ ခန္ဓာကိုယ်ကို နေရောင်နှင့် ထိတွေ့စေဖို့လည်း အသေအချာလုပ်ဆောင်ပါ။ လူ့ခန္ဓာကိုယ်က နေရောင်ခြည် အကူအညီနှင့် ခန္ဓာကိုယ်တွင်း (အရေ ပြားမှာ) ဗီတာမင် D ကို ထုတ်လုပ် ပေးလို့ဖြစ်ပါတယ်။
ဦးလှမြင့်(ဂန္ဓမာ)

No comments:
Post a Comment