Tuesday, January 15, 2013

ကြိတ်မှန်ပင်


အသုံးပြုပုံ-
ပဉ္စငါးပါး
၁ ။ ပဉ္စငါးပါးအရည်ကို အားတိုးဆေးအဖြစ် လည်းကောင်း ၊ အသည်းရောင်ရောဂါ ၊ အရေပြားရောဂါကုဆေးအဖြစ် လည်းကောင်းသုံး၏ ။
 
၂ ။ ၎င်းအရည် နှစ်စက်ခန့် ကို ပျားရည်နှင့် ရော၍ မွေးစကလေး များအား တိုက်ပါက နှာစေးချောင်းဆိုး နာကို ပျောက်ကင်းစေသည်။ ဆံပင်နက်ဆိုးဆေးအဖြစ်လည်း သုံး၏ ။

အရွက်
၁ ။ အရွက်ရည်ကို ချောင်းဆိုး ၊ ခေါင်းကိုက်ရောဂါ ၊ အသည်းရောင် ၊ အဆစ်ရောင်ရောဂါကုဆေး ၊ အနာအုံဆေး ၊ ဖန်ဆေးအဖြစ် သုံးသည်။
 
၂ ။ အရွက်ကို အမှုန့်ထောင်း၍ နွားနို့ဖြင့် နေ့စဉ်သောက်သုံးခဲ့သော် မျက်စိအမြင်သန်၏ ။ ဆွံ့အသောသူများ စကားပြောနိုင်၏ ။ နားပင်းသူများ အသံကြားနိုင်၏ ။ နဲ့သောသွား ခိုင်၏။
 
၃ ။ ကြိတ်မှန်ရွက်နှင့် နှမ်းနက်ကို ဆတူယူ၍ အမှုန့်ပြုပြီး နွားနို့နှင့် အမြဲ မှီဝဲသော် အနာရောဂါ ကင်းစင်ပြီး အသင်ရှည်ကာ ဆံပင်လည်း နက်လာမည်။
 
၄ ။ ကြိတ်မှန်ရွက်အား ခေါင်းကိုက်ရောဂါ ၊ ထိပ်ပြောင်မွေးကျွတ်ရောဂါ ၊ အကျိတ်နာ ၊ မီးယပ်ထိမ်ခြင်းနှင့် ကာလသားရောဂါတို့တွင် အသုံးပြုကြသည်။
 
၅ ။ ကြိတ်မှန်ရွက်ရည်နှင့် ပင်စိမ်းရွက်ရည်ရော၍ တစ်နေ့ ၂ကြိမ် ခန့် မီးလောင်နာပေါ်တွင် လိမ်းပေးသော် ပူလောင်ခြင်း ပျောက်၍ အမာရွတ်များလည်း ပျောက်ကင်းသည်။
 
၆ ။ ကြိတ်မှန်ရွက်၊ ခွေးသေးပန်းရွက်တို့အား ရှိန်းခိုအနည်းငယ် ထည့်ကြိတ်ပြီး ကလေးနှာပိတ်လျှင် ငယ်ထိပ်မှ နှာခေါင်း အထိဆွဲပေးက ပျောက်၏ ။ ကျောပူ ခေါင်းပူ ချွဲထဖြစ်က ငယ်ထိပ်တွင် ပါးပါးလိမ်းပေးရ၏ ။ ကလေးများ သန်ဝမ်းသွား ၊ ကျောက် ၊ ဝက်သက် ၊ ရေကျောက် ဖြစ်က မိခင်နို့ရည်နှင့်ဖျော်ပြီး တိုက်ပေးနိုင်၏ ။
 
၇ ။ မီးယပ်သွေး ငုပ်လျှင် အရွက်ကို ထန်းလျက်နှင့် သုံးခွက်တစ်ခွက်တင် ကျိုသောက်သော် သွေးပေါ်စေ၏။

No comments: